Showing posts with label (r) အင်တာနက်၊အီးမေးလ် အသုံးချနည်းဆိုင်ရာများ. Show all posts
Showing posts with label (r) အင်တာနက်၊အီးမေးလ် အသုံးချနည်းဆိုင်ရာများ. Show all posts

Friday, March 28, 2014

ကိုယ်ပိုင် Email ဆိုတာ



















မေး။ ။ ဘာလဲဗျ ကိုယ်ပိုင် Email ?
ဖြေ။ ။ ဒီလိုလေဗျာ၊ ခင်ဗျား Email သုံးတယ် မဟုတ်လား။ ခင်ဗျား Email လိပ်စာရဲ့ နောက်မှာ @gmail.com ဆိုတာသိမှာပေါ့။ ကျွန်တော်ပြောတာက @companyname.com ဆိုတာမျိုးဗျ။

မေး။ ။ ခင်ဗျားကလဲ ဘာများ ကွာမှာ မို့လို့လဲ ?
ဖြေ။ ။ ကွာသပေါ့ ကိုယ့်လူ၊ စဉ်းစားကြည့်လေဗျာ။ ခင်ဗျား လူတိုင်း သုံးလို့ရနေတဲ့ email သွားစကားပြောရင် ခင်ဗျား ပြောတာ ကုမ္ပဏီကလို့ ယုံပါ့မလား။ ခင်ဗျားပဲ စဉ်းစားကြည့်လေ နိုင်ငံခြားက ကုမ္ပဏီ အကြီးကြီး တစ်ခုက ခင်ဗျားကို hp@gmail.com ဆိုတာ HP Company ကြီးပါလို့ ခင်ဗျား ရော ယုံမလား။ mr.smith@hp.com ဆိုတာမျိုးက ကြည့်လိုက်တာနဲ့ အထင်ကြီးဖို့ မကောင်းဘူးလား။

မေး။ ။ ညွှန်းတာတော့ ကောင်းသဗျ၊ gmail လဲ အလုပ်ဖြစ်နေတာပဲဗျာ။ ခင်ဗျားပြောတဲ့ ကိုယ်ပိုင် ဒိုမိန်း .com နဲ့ Email ဆိုတာကြီးက အလုပ်ရှုပ်က ရှုပ်သနဲ့ ?
ဖြေ။ ။ ကိုယ့်ဆရာရယ် အလုပ်လုပ်ပြီ ဆိုမှတော့ တကယ်လိုအပ်တယ်ဆို၊ မတတ်နိုင်ဘူးလေ အားစိုက်ရမှာပေါ့။ ဒါပေမယ့် စိတ်မပူပါနဲ့၊ ခင်ဗျား Gmail သုံးနေကျ အတိုင်းသုံးလို့ရအောင် လုပ်လို့ရတယ်ဗျ။ အရင်တုန်းကတော့ ကျုပ်တို့ ဆီမှာ email စျေးကြီးလို့၊ ပိတ်ထားလို့ Gmail သုံးနေရတယ်ဆိုတာ နိုင်ငံခြားကလူတွေက သိသဗျ၊ အခုမတူတော့ဘူးနော်။ စဉ်းစားကြည့်လေဗျာ ခင်ဗျား Travel & Tour Company နာမည်က ရွှေမြန်မာ ဆိုပါစို့။ shwemyanmar@gmail.com ဆိုပြီး ခင်ဗျားက စျေးနှုန်းနဲ့ လိပ်စာပို့လိုက်တယ်။ နောက်တစ်ယောက်က shwemyanmar01@gmail.com ဆိုပြီး သူ့ရဲ့ စျေးနှုန်းနဲ့ လိပ်စာပို့လိုက်တယ်။ ခင်ဗျားဆီက စျေးဝယ်မယ့်သူ အတွက် ခင်ဗျားအပေါ် ယုံကြည်မှု ဘယ့်လောက်များ နည်းသွားမလဲ ဆိုတာ။ စိတ်မဆိုးနဲ့နော် စေတနာနဲ့ ပြောတာ။

မေး။ ။ အေးပါ၊ ဟုတ်ပါပြီ။ ဒါလဲ ဟုတ်တော့ ဟုတ်တာပဲ။ ဒါနဲ့ မရှင်းတာက ခင်ဗျားပြောတဲ့ ကိုယ်ပိုင်ဒိုမိန်း .com နဲ့ email ဆိုတာက ဘယ်လိုမျိုးကွာလို့လဲ ?
ဖြေ။ ။ ကွာပြီလား ဆရာရယ်၊ ခင်ဗျား နာမည် မောင်မောင် ဆိုတော့ mgmag@shwemyanmar.com ဆိုပြီး ဖြစ်သွားမှာလေဗျာ။ ခင်ဗျား အမျိုးသမီး နာမည် လှလှ ဆိုတော့ hlahla@shwemyanmar.com ဆိုပြီး ရမှာလေ။ အကွာဆုံးကိစ္စ ပြောပြမယ် ခင်ဗျား မလုပ်ပေးပဲနဲ့ နောက်ထပ် myamya@shwemyanmar.com ဆိုပြီး ဘယ်သူမှ လုပ်လို့မရဘူး။ အရှင်းဆုံး ပြောရရင် ခင်ဗျားမှာ ကိုယ်ပိုင် ဒိုမိန်း .com ရှိတယ် ဆိုတာနဲ့ တခြားလူတွေ ခင်ဗျားဆီကလို့ အယောင်ဆောင်လို့ မရတော့ဘူး။ ကဲ မကွာလားဗျာ၊ မကောင်းလားဗျာ။

မေး။ ။ ခင်ဗျား အပြောကတော့ ကောင်းတယ်၊ စျေးကြီးတယ်ဗျ၊ ပြီးတော့ ကျုပ်လဲ လုပ်တတ်တာမဟုတ်ဘူး။ ရှပ်တယ်ဗျာ လုပ်ရတာ ?
ဖြေ။ ။ အရင်တုန်းကလို စျေးကြီးတယ် အောက်မေ့လို့လား။ ခင်ဗျား အတွက် ကိုယ်ပိုင် .com နဲ့ email အကောင့် သုံးချင်သလောက် သာသုံး တစ်နှစ်ကို ငါးသောင်း ကိုးထောင်ဗျာ၊ တစ်လကို လေးထောင့် ကိုးရာ၊ တစ်ရက်ကို ၁၆၃ ကျပ်။ ကဲ မတန်လားဗျာ။

မေး။ ။ ဟုတ်ပါပြီဗျာ၊ ခင်ဗျားရုံးကို ဘယ်လို ဆက်သွယ်ရမလဲ ?
ဖြေ။ ။ လိပ်စာ ပြောလိုက်မယ်ဗျာ၊ အမှတ် ၃၅ (ဒုတိယထပ်)၊ ၁၁ လမ်း (အလယ်ဘလောက်)၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့တဲ့ဗျာ။ ဖုန်းနံပါတ်က 01-1221 325 (ဒါမှမဟုတ်) 09-250000892 ဆက်လိုက်ပါဗျာ။ ဒါနဲ့ ကျွန်တော်တို့ email က sales@orgnima.com ပါဗျာ။


Credit:: Facebook


Posted By

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

Tuesday, March 25, 2014

အင်တာနက် မင်းသမီး မဖြစ်စေဖို့
























(မိန်းကလေးများ ဖတ်ပေးပါရန်)

အမျိုးကောင်းသမီးများသို့ အင်တာနက် မင်းသမီး မဖြစ်ရအောင် ကာကွယ်ဆေး ဆိုတဲ့ Mg Mandalay’s facebook ရဲ့ ရေးသားတင်ပြချက်ကို ဒီတပတ်ရဲ့ ရွေးချယ်မှု ကဏ္ဍကနေ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

အခုခေတ်မှာ လူတိုင်းနဲ့ ရင်းနှီးကျွမ်းဝင် နေပြီဖြစ်တဲ့ အင်တာနက်ရဲ့ ကောင်းကျိုး တွေကတော့ ဖော်ပြလို့ မကုန်နှိုင်အောင် များတာကို တွေ့ရပါတယ်။ အင်တာနက် နည်းပညာ တိုးတက်လာတာနဲ့ အမျှ ဘေးထွက် ဆိုးကျိုးတွေလဲ မခွဲမခွာတွဲပါ လာတာကိုလဲ မြင်နေရ ပြန်ပါတယ်။

ကျွန်တော်နဲ့ အဆင့် အလှမ်းကွာနေတဲ့ spyware, mailware, virus စတာတွေကို မပြောလိုပါဘူး။ ကျွန်တော ့မျက်စိထဲ ကန့်လန့်ဝင်နေတဲ့ အကြောင်းအရာက အမျိုးကောင်းသမီး တွေရဲ့ ဘာညာကိစ္စ ဓါတ်ပုံ/ဗီဒီယို များစွာကို ကာယကံရှင် မသိပဲ အင်တာနက်ပေါ်မှာ စေတနာ ကြီးမားစွာနဲ့ ဝေငှ (share) အလုပ်ခံနေရတဲ့ ကိစ္စပါ။ ဒါကို ဒီအတိုင်း ထိုင်ကြည့် နေ လို့တော့ မဖြစ်တော့ ဘူးထင်ပါတယ်။

နာမည်ကြီးချင်လို့၊ လူသိများချင်လို့ (ဒါမှမဟုတ်) ၀ါသနာအရ ကိုယ့်ပုံကိုယ်တင် တာဆိုရင်တော့ လုပ်ပါ။ ကျွန်တော်တို့လဲ ကြည့်ရှု အားပေးပါ့မယ်။ ဒါပေမယ့် တချို့ဆို ရိုးရိုးသားသား နေတာကို ချောင်းရိုက်ခံရတာတို့၊ ကိုယ့်ချစ်ချစ်နဲ့ လွပ်လွပ် လပ်လပ် နေတာကို မှတ်တမ်းတင် ခံရတာတို့ကတော့ မဖြစ်သင့်ပါ။

အဆိုးဝါးဆုံး ကတော့ ကိုယ့်ချစ်သူကို ယုံမှတ်လို့ ပုံ အပ်မိကာမှပဲ ကျောချမှ ဓါးပြမှန်း သိရတဲ့ကိစ္စပါ။ ကိုယ့်ချစ်သူကကို ဖော်ကောင်လုပ်ပြီး အင်တာနက်ပေါ် တင်ပေးတာပါ။ ဒီကိစ္စကို အမျိုးသမီးများ ကျပ်ကျပ် သတိထား စေချင်တယ်။ တချို့ ဆို ဒီကိစ္စကြောင့် အလုပ် အကိုင်ထိခိုက်၊ ပတ်ဝန်းကျင်မှာ မျက်နှာ မပြရဲအောင် ဖြစ်ရပါတယ်။

ဒါတွေရဲ့ အရင်းခံကတော့ မသိနားမလည်မှု၊ နည်းပညာ မကျွမ်းကျင်မှု ကြောင့်ဆိုတာ တွေ့နေရပါတယ်။ အမျိုးကောင်း သမီးများ အနေနဲ့ ဒီလို အဖြစ်မျိုးတွေက ရှောင်လွဲနှိုင်အောင် နည်းလမ်းကောင်းလေးတွေ ပေးချင်တယ်။ ကျွန်တော်က ကွန်ပျူတာ သင်တန်းဆရာ တစ်ယောက်ပါ။

ပြီးတော့ ပညာရှင်အဆင့် ဓါတ်ပုံ၊ ဗီဒီယို ရိုက်ကူးသူ တစ်ယောက်ပါ။ ဒါကြောင့် ကျွန်တော်ပေးတဲ့ နည်းလမ်းတွေက အမတို့ ညီမတို့ အရှက်နဲ့ သိက္ခာကို တတ်နိုင်သလောက် ကာကွယ်ပေး နှိုင်မယ်လို့လဲ ထင်ပါတယ်။

* ၁။ ဘယ်သူ့ကိုမျှ မယုံပါနဲ့ ဘယ်လောက်ပဲ ချစ်ချစ် ၊ ဘယ်လောက်ပဲ ရင်းနှီးနှီး လွပ်လွပ် လပ်လပ် နေတာကို မှတ် တမ်းတင် မခံပါနဲ့ ။ သူကိုယ်တိုင်က စိတ်ချရသော်လဲ သူ့ကိုယ်တိုင် မသိလိုက်ပဲ သူဆီကကိုယ့် ဓါတ်ပုံကို သူများခိုး သွားတာမျိုး ခံရတတ်ပါတယ်။

* ၂။ ကိုယ်ကိုယ်တိုင်လဲ မှတ်တမ်း မတင်ပါနဲ့ကိုယ့် ကိုယ်လုံး ဘယ်လောက် လှသလဲ သိချင်ရင် မှန်ထဲမှာပဲ စိတ်တိုင်းကျ ကြည့်ပါခင်ဗျာ။ ဓါတ်ပုံရိုက် မကြည့်ပါနဲ့။ အဲဒါလဲ အွန်လိုင်း မင်းသမီးဖြစ်ဖို့ လမ်းစပါ။

* ၃။ကင်မရာထဲမှာ၊ ကွန်ပျူတာထဲမှာ ဖျက်ပစ်လိုက်ပြီ (delete) ဆိုတိုင်းလဲ စိတ်မချပါနဲ့ ကင်မရာထဲမှာ၊ ကွန်ပျူတာထဲမှာ ဖျက်လိုက်ပြီ ဆိုတိုင်းလဲ စိတ်ချရတာ မဟုတ်ပါ။ အစွမ်းထက်သော recovery software မြောက်များစွာ ရှိနေပါတယ်။

အဲဒီ့ဆော့ဝဲ တွေဟာ လွန်ခဲ့တဲ့ တစ်နှစ် နှစ်နှစ် လောက်က ဖျက်ထားတဲ့ ဓါတ်ပုံ ဗီဒီယို တွေကို အလွယ်တကူ ပြန်လည် ရှာပေး နိုင်ပါတယ်။

ကွန်ပျူတာပြင် ဆရာတိုင်း လိုလို လုပ်တတ်ပါတယ်။ ကို့ကင်မရာနဲ့ စိတ်ကြိုက် ရိုက်ကြည့်တယ်။ ပြီးတော့ ဖျက်ပစ် လိုက် တယ် ဆိုပေမယ့် သာမန် ကျွမ်းကျင်သူ တစ်ယောက်ဟာ ဒါတွေကို အလွယ်တကူ ပြန်လည် ရယူ နိုင်တာကို လုံးဝ မမေ့ ပါနဲ့။

* ၄။ အင်တာနက်ဆိုင်မှာ ကိုယ့်ကွန်ပျူတာနဲ့ သုံးရင်လဲ သတိထားပါ။ အင်တာနက်ဆိုင်မှာ ကိုယ့် လက်ပ်တော့ပ် နဲ့သုံးရင် ကိုယ့်လက်ပ်တော့ပ်ထဲက အချက်အလက်ကို အင်တာနက်ဆိုင်က အလွယ်တကူ ၀င်ရောက်ကြည့်ရှု ကော်ပီကူး ထားနိုင် တယ် ဆိုတာ သိထားပါ။

အင်တာနက် ဆိုင်တွေမှာ ဆိုင်မှာ ရှိတဲ့ ကွန်ပျူတာတွေကို ကောင်တာက အလွယ်တကူ ထိမ်းချုပ် နိုင်အောင် network စနစ် တစ်မျိုး ချိတ်ဆက် ထားတတ်ပါတယ်။ ကိုယ်က အဲဒီဆိုင်မှာ အင်တာနက် သုံးတယ်ဆိုရင် ကိုယ်ကလဲ အဲဒီစနစ်ထဲ ကို အလိုလို ရောက်သွားပါတယ်။ ဒါဆိုရင် အင်တာနက် ဆိုင်ကောင်တာကနေ ကိုယ့်ကွန်ပျူတာကို နက်ဝါ့ခ် ကနေ ၀င် ရောက် ကြည့်ရှု နိုင်ပါတယ်။ ဒါကြောင့် အင်တာနက် ဆိုင်မှာသုံးမယ့် ကိုယ့်လက်ပ်တော့ပ်မှာ အရေးကြီးတဲ့ ကိုယ့်ပုံတွေ ထည့် မထားပါနဲ့။

* ၅။ နည်းပညာကို အထင်မသေးပါနဲ့ ကိုယ့်လက်ပ်တော့ပ်ထဲမှာ ပုံတွေထည့် မထားပါနဲ့၊ မလုံခြုံပါဘူး ဆိုတော့ နည်းနည်း နားလည်တဲ့ ကိုကို၊ မမတွေက share ပေးမထားရင် ရပါတယ်လို့ ဆိုကြတယ်၊ ဟုတ်ကဲ့ နည်းပညာ ကို အထင်မသေး ပါနဲ့ ခင်ဗျား ၊ ကိုယ့်ထက် ပိုတော်တဲ့ ဆရာကြီးတွေ ရှိနေသေးတယ် ဆိုတာလဲ မေ့မထားပါနဲ့။

cracker တို့ hacker တို့ဆိုတာ အလကား ပေးထားတဲ့ နာမည်တွေ မဟုတ်ပါဘူး။ သူတို့ရဲ့ စွမ်းဆောင်ရည် ကပြောမယုံ ကြံုဖူးမှ သိလောက်အောင် မြင့်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်ဘက်က စိတ်ချရအောင် သတိရှိတာ အကောင်းဆုံးပါ။

* ၆။ အင်တာနက်မှာ တွေ့တဲ့သူကို မယုံပါနဲ့ အင်တာနက်က တော်ကီ ကိုကိုတို့ကပဲ အပြောကောင်း သလား၊ အွန်လိုင်း မမ တွေကပဲ အညှာလွယ ်သလားမသိပါ။

vzo chat လို ဟာမျိုးနဲ့ ချွတ်ပြ၊ လှန်ပြတဲ့ မမတွေ ၊ ညီမတွေ ရဲ့ပုံံများ အင်တာနက် ပေါ်မှာ တွေ့နေရပါတယ်။ (ကျွန်တော် အသုံး ရိုင်းသွားရင် ခွင့်လွှတ်ပါ) ၀မ်းနည်း စရာကောင်း တာက ပါးကွက်ကျားနဲ့ ထမီနဲ့ ဗမာမလို့ ထင်းခနဲ သိသာတဲ့ ပုံ တွေပါ အများကြီး ပါလာတာပါ။

ကြေးစား တွေပါလို့ ပြောရအောင်လဲ အိမ်မှာ ကိုယ်ပိုင် အင်တာနက် လိုင်းနဲ့ ကိုယ်ပိုင် ကွန်ပျူတာနဲ့ သုံးနိုင်တဲ့ အဆင့်က ကြေးစား မဟုတ်နိုင်ပါ။ ဖြစ်နိုင်ခြေ ရှိတာက အွန်လိုင်း ကိုကိုကလဲ အပြောကောင်း၊ ညီမလေး တိို့ကလဲ သဒ္ဒါလွန် တယ် ထင် ပါတယ်။

မယုံကြပါနဲ့ ညီမလေးတို့ရယ်။ ကိုယ့်ကို တကယ်ချစ်တဲ့ သူဆိုတာ နှစ်ယောက်ချင်း ဆိတ်ကွယ်ရာမှာ မှားချင် မှားမယ်၊ အဲဒီလို ဗြောင်ကြီးတော့ မတောင်းဆိုပါဘူး။ အဲ ….. ကိုယ့်သိက္ခာကို ရင်းရဲတယ် ဆိုရင်တော့ လုပ်ပေါ့။ (VZO က အရုပ် တွေ အသံတွေ မှတ်ထားလို့ ရတယ် ဆိုတာလဲ သတိရပါ။)

၇။ခိုးအရိုက် ခံရခြင်းမှ ကာကွယ်ဖို့ဆိုရင် ကိုယ်မရင်းနှီး မကျွမ်းဝင်တဲ့ နေရာမှာ (ဟော်တယ်၊ တည်းခိုခန်း၊ ပန်းခြံ) စတဲ့ နေရာတွေမှာ လွပ်လွပ် လပ်လပ် မနေပါနဲ့။ သတိရှိပါ။ ကင်မရာတွေ အကြောက်ဆုံး၊ အားနည်း ချက် တစ်ခုကတော့ အမှောင်ပါ။ ဘယ်လောက် ကောင်းတဲ့ ကင်မရာမဆို အလင်းရောင် အားနည်းသော နေ ရာမှာ အဆင် မပြေနိုင်ပါ။

ဒါကြောင့် စိတ်မချရသော နေရာများတွင် လွပ်လွပ် လပ်လပ် ( ဥပမာ အဝတ်အစား လဲတာ) နေရတော့ မယ် ဆိုရင် လုံးဝ မှောင်သွား အောင်လုပ်ပါ။ ဒါဆို ကင်မရာတွေ မတတ်နိုင်တော့ပါ။ အမှောင်ထဲမှာ ရိုက်နိုင် တယ် ဆိုတဲ့ (Night Shot) ဆို တဲ့ ကင်မရာ တွေတောင် အနဲဆုံး အနီရောင် ရောင်စဉ်လေး လင်းမှ အလုပ် ဖြစ် တာပါ။

* ၈။ spy camera တွေကို တတ်နိုင်သမျှ ရှာပါ အခုခေတ်မှာ သုံးသောင်း လောက်ဆို spy camera တစ်လုံး ရနိုင်ပါတယ်။ ဒါကြောင့် စိတ်မချရတဲ့ နေရာတွေမှာဆို spy camera တတ်ထားမထား တတ်နိုင် သလောက် ရှာပါ။ ဒါ ကိုကိုတွေ၊ ဦးဦး တွေ အတွက်လဲ အရေးကြီးပါတယ်။

တော်ကြာ ကိုယ်တောင် မသိပဲ နာမည်ကြီး အွန်လိုင်း မင်းသား ဖြစ်သွား နိုင်ပါတယ်။ များသော အားဖြင့် ကင်မရာတွေကို မြင်ကွင်း ကျယ်ကျယ် ရအောင် ဒေါင့်တွေမှာ တတ်ထား တတ်ပါတယ်။ သေသေ ချာချာ ရှာပါ။ အခန်း အပြင်မှာ တတ် ထားပြီး မတ်စေ့ လောက်အခန်းကို ဖောက်ထား တာမျိုးလဲ လုပ်တတ် ကြပါတယ်။ မသင်္ကာဖွယ်ရာ အပေါက်တွေကို ဒေါင့် တွေ မျက်နှာ ကျက်တွေမှာ သေချာရှာပါ။

ဘာမှမတွေ့ဘူးဆိုပြီးလဲ စိတ်ချမနေပါနဲ့၊ လိုအပ်ရင် အမှောင်ကို အကာ အကွယ် ယူပါ။ အဲ super market တွေက အဝတ် လဲခန်းတွေမှာလဲ ရှိတတ်တယ်နော်၊ လုံခြံုရေး အတွက် တတ်ရတာပါ ဆိုပဲ။

* ၉။ ဘာကြောင့်ပဲ ဖြစ်ဖြစ် အွန်လိုင်း မင်းသား မင်းသမီး ဖြစ်သွားပြီ ဆိုရင် ရောရှက်ပြီး ငြိမ်မနေပါနဲ့၊ သိပ်မပျံ့သေးမှီ တားဆီးပါ။ Sex ၀က်ဆိုက် တော်တော် များများ ဟာ User က တောင်းဆိုလို့ ရှိရင် အချက် အလက်တွေ ဖျက်ပေး ပါ တယ်။ ကိုယ့် ပုံ ပါနေတာ သေချာရင် အဲဒီ ၀က်ဆိုက်ကို အကြောင်း ကြားပြီး ဖျက်ခိုင်းပါ။ အဲဒီလို အကြောင်း ကြားလို့ ဖျက်ပေးတာ သုံးခါ လေးခါတွေ့ ဖူးပါတယ်။

* ၁၀။ ကိုယ်ချင်းစာပါ။ တွေ့ဖူးပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး တွဲရိုက်ထားတဲ့ ပုံတွေမှာ အမျိုးသား ကိုယ်တိုင်က တင် တာ ဆိုတော့ သူုမျက်နှာတော့ သူဖျက်ထား တာတွေ့ဖူးတယ်။ ဒါ ကိုယ်ချင်း မစာတာပါ။

မလုပ်ပါနဲ့ဗျာ သူတို့က ကျွန်တော််တို့ ထက်ပိုရှက် တတ်တာပေါ့။ ကိုတောင် ရှက်တတ် သေးရင် သူများ အရှက်ကွဲ အကျိုး နည်း ဖြစ်အောင် မလုပ်သင့်ပါဘူး။

ဒါ စေတနာ ဗလဗွနဲ့ မျှဝေတတ်တဲ့ ကို်ယ်ချင်း မစာတဲ့ အမျိုးသားတွေ အတွက်ပါ။ ခိုးလဲ မရိုက် ကြပါနဲ့။ ကိုယ့်ကို ချစ်လို့ အလိုလိုက်ထားတဲ့ သူကိုလဲ မျက်နှာလွဲ ခဲပစ် မလုပ်သင့်ပါ။ ဇာတ်လမ်း အသစ်တင်ချင် တယ်ဆိုရင် လဲ ကြေးစား အဆင့် ထဲ မှာ အရိုက်ခံတဲ့ သူတွေ ရှိပါတယ်။ သူတို့နဲ့ လှုပ်ရှားပေါ့။ နောက်ဆုံးအဆင့် မျက်နှာလေး ဖျက်ပေးတာပဲ ဖြစ်ဖြစ်တော့ မဖြစ်မနေ လုပ်ပေးကြပါ။

အင်တာနက်ဆိုတာဟာ လူ့ အကျိုးသယ်ပိုးဖို့ ပေါ်ပေါက်လာတာပါ။ ဒါကို အကျိုးမရှိတဲ့ နေရာမှာ သူများ အကျိုး ထိခိုက် အောင် မလုပ်ကြပါနဲ့။ (ဒါက Sex Website တွေကို မကြည့်ပါနဲ့လို့ ပြောတာ မဟုတ်ပါ။ တော်ကြာ ကိုကိုတို့က စိတ်ဆိုး နေဦးမယ်။ နာမည်ကြီး ချင်လို့တို့၊ ၀ါသနာအရတို့ ဆိုတဲ့ ရုပ်ပုံ တွေ ဗီဒီယိုတွေ ဆိုရင်တော့ ရောင်းသူ ၀ယ်သူ အသံတူရင် ပြီးတာပါပဲဗျာ။) အမျိုးကောင်း သမီးများကို ညှာတာဖို့ ပြောတာပါ။

ပျိုမေတို့သိစေဖို့ မှ ပြန်လည်မျှဝေပါသည်။

Source by irrawaddy.org
Photo by ပျိုမေတို့သိစေဖို့

သင့်မိတ်ဆွေများကိုလည်း ပြန်လည်မျှဝေပေးဖို့ မမေ့နဲ့နော်။


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )      www.htarwaiethar.blogspot.com

Sunday, March 2, 2014

တစ်ကမ္ဘာလုံး အင်တာနက် အခမဲ့ သုံးနိုင်တော့မည်






















အမေရိကန်နိုင်ငံ နယူးယောက်အခြေစိုက် Media Development Investment Fund (MDIF) လုပ်ငန်း သည် အာကာသအတွင်းသို့ ရေဒီယိုလှိုင်းလွှင့်တုံးလေးများ လွှတ်တင်ရန် ကြိုးပမ်းလျက်ရှိပြီး အဆိုပါ လှိုင်း လွှင့်တုံးလေးများသည် ကမ္ဘာပတ်လမ်းကြောင်းအတွင်း လှည့်ပတ်၍ နေရာလပ် မကျန်အောင် အင်တာ နက်စနစ် ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကြံရွယ်ထားသည့် အစီအစဉ် အောင်မြင်မည်ဆိုပါက ၂၀၁၅ ဇွန်လခန့်ကစပြီး အာကာသထဲမှ ထုတ်လွှတ်သော အင်တာနက်စနစ်ကို တစ်ကမ္ဘာလုံး အသုံးပြုနိုင်ဖွယ်ရှိကြောင်း သိရသည်။ ကမ္ဘာပတ် လမ်းကြောင်းအတွင်း လွှင့်တင်ထားသော ရေဒီယိုလှိုင်းလွှင့်တုံးလေးများသည် မြေပြင်စခန်းမှ ထုတ်လွှတ် လိုက်သော အင်တာနက် သတင်းအချက်အလက်များကိုဖမ်းယူကာ လှိုင်းလွှင့်တုံးအချင်းချင်း အပြန်အလှန် ပေးပို့နိုင်သလို မြေပြင်မှ အင်တာနက် သုံးသူတိုင်းထံသို့လည်း ၀ုိင်ဖိုင်လှိုင်းဖြင့် တိုက်ရိုက် ပေးပို့နိုင်မည် ဖြစ်သည်။

Outernet စနစ်သည် ကမ္ဘာပတ်လမ်းကြောင်းမှတစ်ဆင့် တစ်ကမ္ဘာလုံးသို့ ထုတ်လွှတ်သော ၀ုိင်ဖိုင် အင်တာနက်စနစ် ဖြစ်သောကြောင့် မည်သူမဆို အသုံးပြုနိုင်မည် ဖြစ်သည်။ အင်တာနက်ကို ကန့်သတ် ပိတ်ပင်ထားသည့် တရုတ်၊ မြောက်ကိုရီးယား စသည့် နိုင်ငံများမှပင် အပိတ်အပင်မရှိဘဲ အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ အခမဲ့လည်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်အထိ ကမ္ဘာ့လူသား ၆၀ ရာခိုင်နှုန်းသာ အင်တာနက်ကို လက်လှမ်းမီသေးကြောင်းလည်း စာရင်းများအရ သိရသည်။MDIF သည်Outernet စနစ် နမူနာများကို ယခုဇွန်လ၌ ကမ္ဘာပတ်လမ်း ကြောင်းသို့ လွှတ်တင်နိုင်ရန် စီစဉ်ထားပြီး စက်တင်ဘာလတွင် နိုင်ငံတကာအာကာသစခန်း၌Outernetနည်းပညာကို စမ်းသပ်ရန် နာဆာထံက ခွင့်ပြုချက်ရလိမ့်မည်ဟု မျှော်လင့်ရသည်။

Ref : Mizzima


ကို၀င်း ဆီက မလာတာ ဖြစ်ပါတယ်။

Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )   www.htarwaiethar.blogspot.com

Sunday, February 23, 2014

https and http ကွာခြားချက်



















HTTP(Hypertext Transfer Protocol)

သူကတော့ ကျွန်တော်တို. ကွန်ပြူတာတွေကနေ server လို.ခေါ်တဲ့ ဖိုင်တွေ၊data(အချက်အလက်)တွေ သိမ်းထားတဲ့ ကွန်ပြူတာစက်ကြီးတွေဆီက website (www.google.com, www.myanmarfamily.org) စတာတွေရဲ. webpage (www.google.com/default, www.myanmarfamily.org/forum) တွေကို တောင်းပေးတဲ့ protocol လို.ခေါ်တဲ့ ကွန်ပြူတာအသုံးပြုတဲ့ ဆက်သွယ်ရေး စည်းမျဉ်းစည်းကမ်းတွေ ဖြစ်ပါတယ်။
အလွယ်ပြောရရင်တော့ အင်တာနက်ပေါ်က websites တွေကို ဖတ်ရှု၊ကြည့်ရှုနိုင်ဖို.သုံးတဲ့ protocol (စည်းမျဉ်းစည်းကမ်း၊နည်းဥပဒေသ)တွေပါပဲ။
http မဟုတ်ပဲ ftp (file transfer protocol) ဆိုရင်တော့ fileတွေကိုပဲ ပြောင်းရွေ.၊ကြည့်ရှုလို.ရမှာပါ။


HTTPS (Http Secure)

HTTPS ကတော့ http နဲ. secure(လုံခြုံရေး) ကိုပေါင်းစပ်ထားတာပါ။ http ကို ဥပမာပေးရရင် သော့မပါတဲ့ သေတ္တာလိုပါပဲ ဘယ်သူမဆိုဖွင့်နိုင်တယ်။ https ကတော့ သော့နဲ. သော့ခလောက်နဲ.ရှိတော့ သော့ပိုင်ရှင်ကပဲ ဖွင့်လို.ရတော့ ပိုပြီးလုံခြုံသွားစေပါတယ်။
အဲ့ဒီ https သုံးတဲ့ သော့နဲ.သော့ခလောက်ကိုတော့ Transport Layer Security (TLS) and Secure Sockets Layer (SSL) လို. ခေါ်ပါတယ်။


HTTPS ကို ဘာကြောင့်သုံးတာလဲ?

အင်တာနက်ပေါ်မှာ ကိုယ့်ရဲ. ဘဏ်အကောင့်နံပါတ်တွေ၊အကြွေးဝယ်ကဒ်နံပါတ်တွေ ပတ်ဝက်စ်တွေကို တခြားလူ (hacker) တွေ ယူသုံးလို.မရအောင် secure (လုံခြံု)စေတဲ့အတွက် သုံးပါတယ်။


ဘာတွေပိုပြီး အဆင်ပြေသွားစေတာလဲ?

ဒါလဲ http နဲ. https ဆိုတဲ့အမည်နာမကွာခြားချက်လေးပါပဲ။ https (secure) ကတော့ ပိုမိုလုံခြုံစေတာပါပဲ။ အရာရာတိုင်းမှာ အဆိုးနဲ.အကောင်းရှိသလိုပေါ့။ https မှာလဲ အားနည်းချက်လေးရှိပါတယ်။ ဒါကတော့ သိပ်မသိသာပေမယ့်လို. https ဟာ http ထက် နည်းနည်းလေး ပိုမိုနှေးကွေးသွားတာလေးပါပဲ။

ဖြည့်စွက်ခြင်း ။ Port Number

ကျွန်တော်တို. အင်တာနက်ပေါ်မှာ ပုံတွေ၊စာတွေ၊ဖိုင်တွေ၊အီးမေးလ် စသဖြင့် ကွဲပြားခြားနားတဲ့ အချက်အလက်တွေကို ကွန်ပြူတာက လက်ခံတဲ့အခါမှာ ဘယ်ဟာကပုံဖြစ်တယ်၊ဘယ်ဟာကတော့ အီးမေလ်းဖြစ်တယ်၊ဘယ်ဟာကတော့ website ဖြစ်တယ်ဆိုတာကို ခွဲခြားသိနိုင်ဖို.အတွက် port numbers လို.ခေါ်တဲ့ လေယာဉ်ကွင်းက ဂိတ်တွေလို အမှတ်စဉ်လေးတွေကို အသုံးပြုပြီးခွဲထားပါတယ်။

http ရဲ. port number ကတော့ ၈၀ ပါ
https ရဲ. Port number က ၄၄၃ ပါ။



ကျွန်တော် မြန်မာမိသားစုဖိုရမ်  မှ မေးထားတာလေးကို ဘလော့ဂ်မှာ ပြန်မျှလိုက်ပါတယ်။

ကျွန်တော့်မေးခွန်းကို ဖြေပေးသူကတော့ ဖိုရမ်မှ အထူးသင်းဝင် Zo  ပါ။




Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Thursday, February 20, 2014

ခုရက်ပိုင်းခေတ်စားနေတဲ့ fb မှာ friendmatrix ပုံလေးတွေလုပ်နည်း





















 မင်္ဂလာပါ  ခုတလော fb ပေါ်ခေတ်စားနေတဲ့  မိမိသူငယ်ချင်းတွေကို အကုန်ပါစေတဲ့ ပုံလေး ထုတ်တဲ့နည်းလေးပါ... friendmatrix လို့ခေါ်ပါတယ် ဗျာ... လုပ်နည်းလေးကို ကျနော်လည်း ညီလေး အောင်ကျော်ခိုင် ပေးတဲ့ လိပ်စာကနေ ဝင်လုပ်ကြည့်လိုက်ရင်း သည်ပို့စ်ကို ပြန်လည်မျဝေလိုက်တာပါ  ကဲစမယ်...
ပထမဆုံးအနေနဲ့      သည်နေရာ    ကို ကလစ်သွားလိုက်ပါနော်အောက်ကပုံကိုမြင်ပါ့မယ်

 အနီပြထားတဲ့ တိုင်း ပုံကိုကြည့် ကလစ်သွားလိုက်ပါနော်

Thursday, February 6, 2014

Professional ဖြစ်လိုသူများ Internet မှ လေ့လာနည်း
















ပြီးခဲ့တဲ့ တစ်ပါတ်က ပြုလုပ်ခဲ့တဲ့ MZ 3rd Anniversary အထိမ်းအမှတ်ပွဲရဲ့ နောက်ဆုံးပိုင်းမှာ Open Discussion ဆိုတဲ့ အစီအစဉ်လေးတစ်ခု ပါခဲ့ပါတယ်... အဲ့ဒီ အစီအစဉ်မှာ အဓိကထား ဆွေးနွေးခဲ့ကြတာကတော့ "Beginner ကနေ Professional ဖြစ်အောင် ဘာတွေလုပ်ရမလဲ" ဆိုတဲ့ ခေါင်းစဉ်ဖြစ်ပါတယ်...

Professional ဆိုတာ ဘယ်လိုလူမျိုးကိုခေါ်တာလဲ ဆိုတာကနေ စတင်ဆွေးနွေးလိုက်ကြတာ အတော် စိတ်ဝင်စားဖို့ကောင်းပါတယ်... Professional ဖြစ်အောင် ဘာတွေလုပ်ရမယ်ဆိုတဲ့ အတိအကျအဖြေတစ်ခုကို မပေးနိုင်ခဲ့ပေမယ့် တက်ရောက်လာသူများအတွက် အကျိုးရှိခဲ့တဲ့ စကားဝိုင်းလေးတစ်ခုဖြစ်ခဲ့ပါတယ်...

Professional ဖြစ်အောင် လုပ်ရမယ့် အချက်တွေထဲမှာ "စဉ်ဆက်မပြတ် လေ့လာနေရမယ်" ဆိုတဲ့အချက်တစ်ချက် ပါ၀င်ပါတယ်... အမြဲမပြတ် တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာတွေကြောင့် "စဉ်ဆက်မပြတ် လေ့လာနေရမယ်" ဆိုတာဟာ Beginner တွေသာမကပါဘူး၊ မိမိကိုယ်ကို ကျွမ်းကျင်သူလို့ ယူဆထားတဲ့ Professional များအတွက်ပါ လိုအပ်တယ်ဆိုတာကို အားလုံး သိပြီးသားပါ...

ဒီ Post မှာ ထိရောက်တဲ့ "စဉ်ဆက်မပြတ်လေ့လာမှု" တွေကို ပြုလုပ်နိုင်ဖို့ Internet ကို ဘယ်လို အသုံးချရမလဲ ဆိုတာကို အဓိကထား တင်ပြသွားချင်ပါတယ်...

ကျွန်တော်တို့ ကွန်ပြူတာစတင်လေ့လာစအချိန်က လေ့လာဖို့အတွက် Resource ဆိုတာ အတော်လေးရှားပါးပါတယ်... ကိုးကားစရာရဖို့အတွက် သင်တန်းတွေမှာ ဆရာသင်သမျှတစ်လုံးမကျန် လိုက်လံမှတ်သားထားရပါတယ်... Programming နဲ့ပက်သက်တဲ့ စာအုပ်အထူကြီးတွေကိုတွေ့မိရင် လိုချင်လွန်းလို့ ရင်တွေဘာတွေတောင် တုန်ပါတယ်... ဒါပေမယ့် အဲ့လိုစာအုပ်တွေက စျေးသိပ်ကြီးလို့ အနားတောင်မကပ်နိုင်ပါဘူး... စာအုပ်တစ်အုပ်လောက် ရလိုက်ပြီဆိုရင်လည်း ရွှေမန်ကျည်းတောင့်ရသလောက်ကို ၀မ်းသာရပါတယ်... စာအုပ်က သိပ်ရှားပါးတော့ ကိုယ့်မှာရှိရင် သူများကို မပေးချင်ပါဘူး... ကိုယ်တောင်မှ ခက်ခက်ခဲခဲ ရထားရတာကိုး... သူများစာအုပ်ဆိုရင်လည်း တစ်ရက်လောက်ခဏလို့ ငှားပြီး တစ်အုပ်လုံးကို မိတ္တူကူးယူထားရတာတွေ ရှိပါတယ်... အဲ့ဒီလောက်ထိ ကိုးကားစရာ၊ လေ့လာစရာ စာအုပ် နဲ့ Resource ရှားပါးပါတယ်...

နောက်ပိုင်း အင်တာနက်ကွန်နက်ရှင် အလွယ်တစ်ကူရလာတော့ အင်တာနက်ကို လေ့လာဖို့အတွက် အသုံးပြုခဲ့ပါတယ်... အစပိုင်းမှာ လိုချင်တာတောင်မှ မရှာတက်ဆိုတော့ သိပ်မထိရောက်ပါဘူး... နောက်ပိုင်း သုံးတက်လာတဲ့အခါ အင်တာနက်ဟာ သိပ်ကောင်းတဲ့ လေ့လာစရာ Resource ဖြစ်သွားပြီး အများကြီး အထောက်အကူပြုခဲ့ပါတယ်... အခုချိန်မှာ အင်တာနက်မရှိပဲ အလုပ်လုပ်ဖို့ ဆိုတာနဲ့၊ အင်တာနက်မရှိပဲ လေ့လာဖို့ဆိုတာကို တွေးကြည့်လို့တောင် မရတော့ပါဘူး...

MZ 3rd Anniversary ပွဲနေ့က အများကို မေးခွန်းတစ်ခုမေးခဲ့ပါတယ်... "မိမိကိုယ်ကို စဉ်ဆက်မပြတ်တိုးတက်နေတယ်လို့ ထင်သလား? နေ့စဉ်တိုးတက်တာက မမြင်သာရင်တောင်မှ ပြီးခဲ့တဲ့လကထက် ဒီလ ပိုမိုတိုးတက်လာတယ်လို့ ထင်သလား?" ဆိုတဲ့ မေးခွန်းကိုမေးခဲ့ပါတယ်... "တိုးတက်နေပါတယ်" ဆိုတဲ့အဖြေကို ဖြေရဲတဲ့သူ တစ်ယောက်တောင်မှ မရှိတဲ့အတွက် အံ့အားသင့်မိပါတယ်... လူကြားထဲမှာ တိုးတက်နေပါတယ်လို့ ဖြေဖို့ မဝံ့ရဲတာဖြစ်နိုင်သလို၊ အမှန်တကယ်ကို မိမိကိုယ်ကို တိုးတက်နေတယ်လို့ "မထင်" တာလည်း ဖြစ်နိုင်ပါတယ်... အဲ့ဒီမှာ ပြန်ပြောဖြစ်တာက "ကနေ့ခေတ်လို အင်တာနက် ရှိပြီး လေ့လာဖို့ Resource မရှားပါးတဲ့ အချိန်မှာမှ မိမိကိုယ်ကို ပုံမှန်တိုးတက်နေတယ်လို့ မထင်ဘူးဆိုရင်တော့၊ ကျွန်တော်တို့ တစ်ခုခုမှားနေပါပြီ"...

"ငါ... ပုံမှန် တိုးတက်နေရဲ့လား" ဆိုတဲ့ မေးခွန်းကို လေ့လာနေသူးတိုင်း မိမိကိုယ်ကို အမြဲမေးနေသင့်ပါတယ်...

နောက်ထပ် ထပ်မေးတဲ့ "ဒါဆိုရင် အင်တာနက်မှာ လေ့လာတဲ့အချိန်နဲ့ အချိန်ဖြုန်းတဲ့အချိန် ဘယ်ဟာကများလဲ? ကိုယ့်ကိုယ့်ကို ဘယ်အပိုင်းမှာ များနေတယ်ထင်လဲ?" ကိုတော့ တစ်ညီတစ်ညွတ်တည်း "အချိန်ဖြုန်းနေတာက များနေတယ်" လို့ ဖြေတာကို တွေ့ရပါတယ်...

အင်တာနက်မှာ အချိန်ဖြုန်းတာကို လုံးဝအကျိုးမရှိတဲ့ အချိန်ဖြုန်းခြင်းလို့တော့ မပြောလိုပါဘူး... ဥပမာ Social Network တွေမှာ အချိန်ကုန်နေခြင်းဟာ တစ်နည်းအားဖြင့် အချိန်ဖြုန်းသလိုဖြစ်နေပေမယ့်၊ တစ်နည်းအားဖြင့်လည်း အပေါင်းအသင်းမိတ်ဆွေ တိုးတဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပညာရေး အခွင့်အလမ်းသစ်တွေ ရနိုင်တာပဲဖြစ်ပါတယ်...

အင်တာနက်ကို လေ့လာဖို့ချည်းသက်သက် သုံးရမယ်လို့ ဇွတ်ပြောလိုခြင်းမဟုတ်ပါဘူး... နှစ်သက်သလို သုံးလို့ရပါတယ်... ဟိုလိုပဲသုံးရမယ် ဒီလိုပဲသုံးရမယ်လို့ လိုက်ပြီး တာမြစ်ပိတ်ပင်နေလို့လည်း ဘယ်သူကမှ နားထောင်မှာ မဟုတ်ပါဘူး... ဒါပေမယ့် ကျွန်တော်တို့ရဲ့ လက်တစ်ကမ်းမှာရှိနေတဲ့ အခွင့်အရေးကို မယူတက်လို့၊ အသုံးမချတက်လို့ (လူငယ်များအတွက်) အကျိုးမရှိသလို ဖြစ်နေမှာကိုတော့ စိုးရိမ်မိပါတယ်... ဒါကြောင့် ကျွန်တော်လက်ရှိအသုံးပြုနေတဲ့ နည်းလမ်းတစ်ချို့ကို အခုလို ဝေမျှရခြင်းဖြစ်ပါတယ်...

ကျွန်တော်က Web Developer တစ်ယောက်ဖြစ်တဲ့အတွက် ကျွန်တော်ပေးတဲ့နည်းလမ်းတွေကလည်း Web Developer တွေအတွက်ပဲ အဆင်ပြေတာမျိုးလည်း ဖြစ်နိုင်ပါတယ်... တစ်ခြားနယ်ပယ်တွေကို အဓိကထားလေ့လာနေသူများအနေနဲ့ သင့်သလို ပြောင်းလဲအသုံးပြုနိုင်ပါတယ်...

၁.) နေ့စဉ်ဖတ်ရမည့်စာရင်းတစ်ခု ထားပါ
တစ်ချို့ Tutorial Web Site တွေနဲ့ နည်းပညာ Blog တွေဟာ နေ့စဉ်နဲ့အမျှ Update အသစ်တွေ တက်လေ့ရှိပါတယ်... ကိုယ့်အတွက်အကျိုးရှိတဲ့ အဲ့ဒီလို Web Site တွေကို စာရင်းတစ်ခု ပြုစုထားပြီး နေ့စဉ်ဖတ်ဖို့လိုအပ်ပါတယ်...

Web Developer တွေအတွက်ဆိုရင် Smashing Magazine လို Site မျိုးနဲ့ Sitepoint လို Site မျိုးတွေဟာ နေ့စဉ် မဖြစ်မနေ ဖတ်ရှုသင့်တဲ့ Site တွေ ဖြစ်ပါတယ်... အဲ့ဒီ Site တွေဟာ Multi Author Blog တွေဖြစ်ပြီး နေ့စဉ်နဲ့အမျှ (Web Development ကို အသားပေးတဲ့) နည်းပညာ Article တွေတင်ပေးနေတဲ့ Site တွေဖြစ်ပါတယ်... ဒီလို Site မျိုးက Article တွေဟာ အကြောင်းအရာတစ်ခုကို ထဲထဲဝင်ဝင် သိဖို့ ကူညီပေးလေ့ရှိပါတယ်... သူတို့ Article တွေက ရှည်ပြီး တစ်ခါတစ်ရံ လေးနက်တဲ့ အကြောင်းအရာတွေ ဖြစ်တက်တဲ့အတွက် စာဖတ်မပျင်းဖို့တော့ လိုပါတယ်...

Nettuts လို Site မျိုးကတော့ Tutorial Site တစ်ခုဖြစ်ပြီး နေ့စဉ်နဲ့အမျှ Free Tutorial လေးတွေ တင်ပေးလေ့ရှိပါတယ်... သူတို့တင်ပေးသမျှ Tutorial တွေက တစ်ခုမှ ပစ်ရက်စရာမရှိပါဘူး... ကိုယ့်အတွက် အသုံးဝင်တာချည်းပါပဲ...

OS News တို့ CNet တို့လို သတင်း Site တွေကလည်းပဲ နေ့စဉ် ကြည့်ရှု့နေဖို့ လိုအပ်တာပဲဖြစ်ပါတယ်... အဲ့ဒီ Site တွေက ကိုယ့်ကို ပြောင်းလဲတိုးတက်နေတဲ့ နည်းပညာတွေနဲ့ အဆက်ပြတ်မသွားစေဖို့ အကူအညီပေးပါလိမ့်မယ်...

ကိုယ့်မှာ အဲ့ဒီလို နေ့စဉ်ဖတ်သင့်ပါတယ်လို့ ယူဆတဲ့ Web Site စာရင်းတစ်ခုမရှိသေးဘူးဆိုရင်လည်း အခြားသူတွေကို အကူအညီတောင်းလို့ ရပါတယ်...

သူတို့ရေးသမျှ နေ့စဉ် တစ်လုံးမကျန် လိုက်ဖတ်နေရမယ်လို့ မဆိုလိုပါဘူး... Update တွေကိုကြည့်ပြီး ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာ၊ ကိုယ်နဲ့ ကိုက်ညီတဲ့အကြောင်းအရာဆိုရင်ဖတ်ပြီး ကိုယ့်အတွက် အလှမ်းဝေးနေတဲ့အရာ သို့မဟုတ် လုံးဝစိတ်မဝင်စားတဲ့ အကြောင်းအရာဆိုရင်တော့ ဖတ်ဖို့မလိုပါဘူး... နေ့စဉ်ဖတ်ရမယ့် Site ၁၀ခုလောက်ထားပြီး အနည်းဆုံး ခေါင်းစဉ်တွေလောက် ရွေးဖတ်ရင်ကို မဆိုးပါဘူး...

၂.) RSS Reader တစ်ခု သုံးပါ
အထက်မှာ နေ့စဉ် ဖတ်ရမယ့် Site စာရင်းထားပါလို့ ပြောခဲ့ပါတယ်... ဒါပေမယ့် တစ်ချို့ Site တွေက ဖတ်ရတာ အကျိုးရှိပေမယ့် နေ့စဉ် Update မဖြစ်ပါဘူး... ပြီးတော့ ကြည့်ချင်တဲ့ Site တွေများလာတဲ့အခါ အဲ့ဒါတွေကို နေ့တိုင်းသာ အကုန်သာလျှောက်ကြည့်ရရင် စာဖတ်တဲ့စခန်းကိုမရောက်ပဲ Web Site တွေ လိုက်ဖွင့်နေရာတာနဲ့တင် အချိန်ကုန်ပါလိမ့်မယ်...

ဖတ်ချင်သမျှ Web Site တွေအားလုံးရဲ့ Update တွေကို တစ်နေရာတည်းမှာ စုစုစည်းစည်း ဖတ်ဖို့အတွက် RSS Reader တွေကို အသုံးပြုလို့ရပါတယ်... RSS Reader သုံးခြင်းအားဖြင့် ကိုယ် Subscribe လုပ်ထားတဲ့ Web Site တွေမှာ Content Update ဖြစ်မဖြစ် တစ်ခုခြင်း လျှောက်ကြည့်နေစရာ မလိုအပ်တော့ပါဘူး... Content Update ဖြစ်တာနဲ့ Update တွေအားလုံးဟာ ကိုယ့်ရဲ့ RSS Reader ထဲမှာ တစ်စုတစ်စည်းထဲ ရောက်ရှိနေမှာဖြစ်ပါတယ်...

ကနေ့ခေတ်မှာ RSS Feed Support မလုပ်တဲ့ Web Site ဆိုတာ အတော်လေး နည်းသွားပါပြီ...

Reader အနေနဲ့ Google Reader ကို Recommend ပေးချင်ပါတယ်... လူတိုင်းနီးပါးမှာ Google Account ရှိနေတဲ့အတွက် ထပ်ပြီးတော့လည်း Register လုပ်ဖို့မလိုအပ်တော့ပါဘူး... RSS Reader မသုံးဖူးသူတွေအတွက် Feed တွေ ဘယ်လို Subscribe လုပ်ရမလဲဆိုတာ မရှင်းပြတော့ပါဘူး... Google Reader ကိုသာ ၀င်လိုက်ပါ... Google ရဲ့ Usable ဖြစ်တဲ့ အသွင်အပြင်ကြောင့် အလိုလို နားလည်သွားလိမ့်မယ်လို့ ထင်ပါတယ်... Alternate Reader အဖြစ်နဲ့ Bloglines ကိုလည်း စမ်းကြည့်လို့ရပါတယ်...

RSS Reader လက်ရှိသုံးနေပါတယ်ဆိုတဲ့သူတွေကိုလည်း အကြံပေးချင်ပါတယ်... ကိုယ်ဖတ်နိုင်သလောက်သာ Subscribe လုပ်ပါ... လောဘတစ်ကြီး Site တွေအများကြီးကို Subscribe လုပ်မထားပါနဲ့... Subscribe လုပ်ထားပြီး မဖတ်နိုင်ရင်အလကားပါပဲ... Feed Update တွေကိုလည်း နေ့စဉ် ဖတ်ဖို့လိုပါတယ်... မဖတ်ချင်တဲ့ Feed တွေ၊ မဖတ်နိုင်တဲ့ Feed ကို ထားမနေပါနဲ့ Un-Subscribe သာလုပ်ပစ်ပါ... နေ့စဉ်ဖတ်တယ်ဆိုတဲ့နေရာမှာလည်း အထက်မှာ ပြောခဲ့သလိုပဲ တစ်လုံးမကျန် လိုက်ဖတ်နေဖို့မလိုပါဘူး... အနည်းဆုံး ခေါင်းစဉ်တွေလောက် လိုက်ဖတ်သွားနိုင်ရင်တောင် မဆိုးပါဘူး... ကိုယ်တစ်ကယ်စိတ်ဝင်စားတဲ့ အကြောင်းအရာမှ အသေးစိတ်ဖတ်လို့ရပါတယ်...

၃.) တစ်နေ့ အနည်းဆုံး (၁)နာရီ စာဖတ်ပါ
ဘယ်လောက်ပဲ အလုပ်များများ တစ်နေ့ကို (၁)နာရီလောက်တော့ စာဖတ်ဖို့ အချိန်ပေးသင့်ပါတယ်... ပြီးတော့ ဘယ်အချိန်ကနေ ဘယ်အချိန်ထိ စာဖတ်မယ်ဆိုပြီး တိတိကျကျ သတ်မှတ်ထားသင့်တယ်လို့ ထင်ပါတယ်... ဒီလိုအချိန်ပေးလိုက်ခြင်းအားဖြင့် ကိုယ့်အတွက်လည်း အလေ့အကျင့်လေးတစ်ခုဖြစ်သွားပြီး စာဖတ်ရတာ ပိုမိုအဆင်ပြေလာနိုင်ပါတယ်...

ကျွန်တော်ကတော့ နေ့စဉ် အလုပ်တွေမစခင် (၉)နာရီကနေ (၁၀)နာရီအထိကု စာဖတ်ဖို့ သက်သက်ပဲ အသုံးပြုပါတယ်... အဲ့ဒီအချိန်အတွင်းမှာ RSS Reader ထဲမှာ ရောက်နေသမျှ Update တွေကုန်အောင်ဖတ်ပါတယ်... တစ်နေ့ကို Update (၁၂၀) လောက် ရလေ့ရှိပြီး (၁၀၀) လောက်ကို အကြမ်းဖျင်းသာ ဖတ်ဖြစ်ပါတယ်... (၂၀) လောက်ကိုတော့ အသေးစိတ် ဖတ်ဖြစ်ပါတယ်...

အဲ့ဒီလို နေ့စဉ် (၁)နာရီလောက်ပဲ မဖြစ်မနေ အချိန်ပေးသွားပါ... (၆) လလောက်ကြာတဲ့အချိန် ကိုယ့်ကိုယ်ကို ပြန်စမ်းစစ်ကြည့်ရင် အများကြီးတိုးတက်လာတာကို တွေ့လိမ့်မယ်လို့ အာမခံပါတယ်...

၄.) Online Forum တွေမှာ ပါ၀င်ဆွေးနွေးပါ
Online Forum တွေမှာ တက်တက်ကြွကြွ ၀င်ရောက်ဆွေးနွေးခြင်းဟာလည်း ကိုယ့်ရဲ့အရည်အချင်းကို တိုးမြှင့်တဲ့ဖို့အတွက် အများကြီးအထောက်အကူဖြစ်ပါတယ်... သိချင်တာရှိရင်လည်း မေးလို့ရသလို၊ သူများတွေ ဆွေးနွေးတိုင်ပင်တာတွေကနေ ကိုယ့်အတွက် စိတ်ဝင်စားစရာအသစ်တွေ ရနိုင်သလို မသိသေးတာတွေလည်း အများကြီး သိလာနိုင်ပါတယ်...

ကိုယ်သိထားတာတစ်ခုရှိလို့ သူများမေးတာကိုဖြေတော့မယ်ဆိုရင်လည်း စကားပြောတာမဟုတ်ပဲ စာနဲ့ရေးတာဖြစ်လို့ တိတိကျကျ ရေးသားဖို့လဲလိုအပ်လာပါတယ်... အဲ့ဒီအတွက်လည်း သိထားပြီးသားကို ဖြေပေးတာဖြစ်ပေမယ့် စာပြန်ဖတ်ဖို့ လိုအပ်တက်ပါတယ်... ပြန်ဖတ်ပြီး သေချာတော့မှ အသေးစိတ်ဖြေပေးရတာဖြစ်လို့ ကိုယ်ကိုယ်တိုင်လည်း အဲ့ဒီအကြောင်းအရာကို နဂိုကထက်ပိုပြီး အသေးစိတ် သိရှိသွားတက်ပါသေးတယ်...

ဒီလို Online Forum တွေမှာ တက်တက်ကြွကြွ ပါ၀င်ဆွေးနွေးတာဟာ အရည်အချင်းတိုးမြှင့်ရာမှာ အထောက်အကူဖြစ်ယုံမက အသိမိတ်ဆွေတိုးပွားပြီး အလုပ်အကိုင်အခွင့်အလမ်းပါတိုးပွားလာတက်ပါတယ်...

၅.) Social Bookmark Site တွေသုံးပါ
ဘယ် Site တွေကို ဖတ်ရမှန်းမသိဖြစ်နေသူတွေအနေနဲ့ Digg တို့ Reddit တို့လို Social Bookmark Site တွေကနေ စကြည့်သင့်ပါတယ်... Web Site တစ်ခု ဒါမှမဟုတ် Blog Post တစ်ခုကို ကြိုက်တယ်ဆိုရင် Link ကို Social Bookmark Site တွေမှာ တင်ပေးလို့ရပါတယ်... အဲ့ဒီလို တင်ပေးလို့ရတဲ့အတွက် ကမ္ဘာတစ်ဝှမ်းက လူတွေက Link တွေ တင်ပေးနေပါတယ်...

ဒါကြောင့် Social Bookmark Site တွေဟာ ဒီနေ့အတွက် ကမ္ဘာမှာ ဘာတွေလူကြိုက်များနေလဲဆိုတာကို စုစည်းပေးထားတဲ့ Collection ကြီးတွေလို ဖြစ်နေပါတယ်... ဘာကောင်းလဲ ကိုယ်လိုက်ရှာနေစရာမလိုပဲ အကောင်းတစ်ကာ့အကောင်းဆုံးတွေကို Social Bookmark Site တွေမှာ စုစည်းထားပြီးသား ရနိုင်ပါတယ်... Popular အဖြစ်ဆုံးနဲ့ Latest အဖြစ်ဆုံးက Home Page မှာ ရှိနေပါလိမ့်မယ်...

Link တွေက သိပ်များလွန်းလို့လည်း စိတ်ညစ်စရာမလိုပါဘူး... ကိုယ်လိုချင်တဲ့ Category ပဲရွေးပြီး ကြည့်လို့ရပါတယ်... ဒါကြောင့် Social Bookmark Site တွေဟာလည်း နေ့စဉ် ကြည့်ရမယ့် စာရင်းထဲမှာ ပါ ပါတယ်...

၆.) Google ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတက်အောင် လုပ်ပါ
Online ကို လေ့လာဖို့အတွက် အသုံးပြုလိုသူတွေအတွက် လိုအပ်တဲ့ အရည်အချင်းတစ်ရပ်ကတော့ Google ကို ထိထိရောက်ရောက် အသုံးပြုတက်ဖို့ပါပဲ...

ကနေ့ခေတ်မှာ လေ့လာစရာတွေက များလွန်းလှပါတယ်... Professional တစ်ယောက်အတွက်ဆိုရင်လည်း တစ်မျိုးတည်း တစ်ခုတည်းကို တက်နေလို့ မရတော့တဲ့ခေတ်ဖြစ်ပါတယ်... ဒီလောက်များတဲ့လေ့လာစရာတွေထဲမှာ ဘယ်သူကမှ အားလုံးကို တစ်ခုမကျန် မှတ်ထားနိုင်မှာ မဟုတ်ပါဘူး...

Web Developer တစ်ယောက်အတွက်ဆိုရင် HTML လေ့လာဖို့လိုသလို CSS လည်း ကျွမ်းကျင်ဖို့လိုပါတယ်... Javascript ကို လေ့လာဖို့လိုသလို jQuery ကိုလည်း သိထားရပါဦးမယ်... Web 2.0 တို့ Ajax တို့လို နည်းပညာတွေကို သိထားဖို့လိုအပ်သလို HTML5 မှာပါ၀င်လာတဲ့ Feature အသစ်တွေကိုလည်း သိဖို့လိုအပ်ပါတယ်... PHP လို Server Side Technology ကို သိထားဖို့လိုအပ်သလို MySql လို Database Server တွေအကြောင်းသိဖို့လည်း လိုအပ်ပါတယ်... MVC လို Pattern မျိုးကို နားလည်ထားဖို့လိုသလို Web Development Framework တွေအကြောင်းလည်း သိထားရပါဦးမယ်... ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး... နောက်ထပ် အများကြီး အများကြီး ကျန်ပါသေးတယ်... ဒီလောက်အများကြီး သိထားဖို့လိုအပ်နေတဲ့အချိန်မှာ CSS မှာ ရှိသမျှ Property တွေကို အကုန်အလွတ်ကျက်ဖို့ ကြိုးစားနေမယ်ဆိုရင် အချိန်တွေ ကုန်သွားပါလိမ့်မယ်... အလွတ်မှတ်နေဖို့မလိုပါဘူး... သဘောတရားပဲ နားလည်ထားဖို့လိုပြီး အသေးစိတ်ကို လိုအပ်လာတော့မှ လိုအပ်သလို ရှာဖွေအသုံးပြုတက်ဖို့လိုပါတယ်...

Google ဟာ ရှာဖွေတက်သူအတွက် အမှန်တစ်ကယ်အကျိုးရှိတဲ့ Tool တစ်ခုဖြစ်ပါတယ်... သိချင်တာတစ်ခုကို စာအုပ်ထဲမှာရှာရင် တစ်မျိုးပဲသိရပါတယ်... Google မှာ ရှာရင်တော့ နည်းလမ်းပေါင်းစုံနဲ့ ပုံစံစုံ ရှင်းပြထားတဲ့ အဖြေတွေကို ရနိုင်ပါတယ်...

Google မှာ ရှာတက်ဖို့ကလည်း အရေးပါတဲ့ အရည်အချင်းတစ်ရပ်ဖြစ်ပါတယ်...

ဒါတွေဟာ Professional ဖြစ်လိုသူတစ်ယောက်အတွက် အင်တာနက်ကို ထိထိရောက်ရောက် အသုံးပြုပြီး ဘယ်လို လေ့လာရမလဲဆိုတဲ့ နည်းလမ်းတွေထဲက တစ်ချို့ဖြစ်ပါတယ်... ကျွန်တော်က Web Developer တစ်ယောက်ဖြစ်လို့ ကျွန်တော်ပြောတဲ့ နည်းလမ်းတွေက Professional Web Developer ဖြစ်လိုသူတွေနဲ့သာ ကိုက်ညီတာမျိုးဖြစ်နိုင်ပါတယ်...

ဒါကြောင့် တစ်ခြားနယ်ပယ်က Professional များကိုလည်း သက်ဆိုင်ရာနယ်ပယ်အလိုက် အင်တာနက်ကို လေ့လာဖို့အတွက် ဘယ်လို ထိထိရောက်ရောက် အသုံးချရမလဲဆိုတဲ့ အချက်လေးတွေကို ဝေမျှပေးစေချင်ပါတယ်...

--
ကျေးဇူး...
[ Ei Maung ]

(Myanmar IT Pro မှ ပြန်လည်တင်ပြအပ်ပါသည်။)





Ko Ko Zaw ( BE-EC )        www.htarwaiethar.blogspot.com

Saturday, February 1, 2014

Facebook Lock ဖြစ်ရခြင်းနှင့် ဖြေရှင်းမှုများ
















ဒါကတော့ ကျွန်တော်ရဲ့ဆရာ ဆရာဦးဝေဖြိုး (ME.Mechatronics) ရဲ့ Post ကို ပြန်လည်မျှဝေလိုက်ရခြင်းပါ။
ဆရာရဲ့ ရှာဖွေမှုကတော့ Facebook Lock ဘုရင်လို့တောင် ခေါ်ဆိုနိုင်ပါတယ်။ အောက်တွင်ကြည့်ပါ။

သူငယ်ချင်း တို့ အတွေ့ အကြုံ တစ်ခုပါ။ fb က security check question တွေ က အများသား
ကျွန်တော် ကြုံဖူးတာ ၃ခုလောက် ပြောပြမယ်။ ပထမ - Phone lock ဒီကေ့ အလွယ်ဆုံးထင်တယ် ကိုယ့် ဆီမှာ virtual phone တစ်ခု ရအောင် ဖန်တီး ပြီး ဖြေရှင်း လိုက်ရင် ရတယ်။ အခုလို ကြုံရတာက ဖွင့်စဉ် က information မပြည့်စုံလို ဖြစ်တာ ။ တစ်ပတ်အတွင်း မှာ ကြုံရင်ကြုံ မကြုံရင် အိုကေသွားပြီ။ ဒုတိယ- က photo lock တဲ့ ဒီကေ့ကတော့ အကောင့် သုံးတာ အနည်းငယ် သက်တမ်း ရှိပြီး ကြုံရတဲ့ problem ပါ ။ ဒီ အဆင့် ကတော့ စိတ်ရှည် လက်ရှည်နဲ့ gmail ထဲ က notification ၀င်ကြည့် လိုအပ်ရင် screen shot သုံး ရင် အိုကေသေးတယ် ။ စိတ်တော့ အတော် ရှည်ရတယ် ။ ကိုယ်သုံး တဲ့ အကောင့်ဆိုရင် တော့ လွယ်တယ် ။ တကယ်သုံးတဲ့သူက လဲ အနားမှာ ရှိမနေရင်တော့ အတော် ရွာလယ်တယ်ဗျ။ နောက်တစ်ဆင့် က မေးပုံ က your birthday သေ ကရော ။ ဖွင့်စဉ်က မမှတ်ထားရင် သေ ကရော ။ အင်း နောက်တော့ ဘယ် လို မေးခွန်းမျိုး ကြုံ ရဦးမယ် မသိဘူးဗျာ။

Virtual Phone တစ်ခုကို Android ဖုန်းဖြင့် ရအောင်လုပ်နည်း။ Lock ဖြည့်နည်းကို အောက်တွင် Software နှင့်တကွ အသုံးပြုနည်းပါ ထည့်ပေးထားပါတယ်။ လိုအပ်သူများရယူနိုင်ပါသည်။

ဒီမှာယူပါ  

 အစဉ်လေးစားလျှက်ပါဆရာ။
 ကိုမြတ် (BE-Mechatronics)    http://www.mcmyatkyawthu.blogspot.com/

မြန်မာ Phone Number နဲ့ Facebook လော့ဖြည်နည်း
















လော့ကျပြီး ဖုန်းနံပါတ်အတောင်း ခံနေရတဲ့Facebook အကောင့်တွေကို Unlock
လုပ်ရာမှာ ပဲ ဖြစ်ဖြစ် ... ကိုယ့်ရဲ့ ကိုယ်ပိုင်Facebook အကောင့်ကို ကိုယ်ပိုင်
ဖုန်းနံပါတ်လေးနဲ့ Verify လုပ်ထားချင်ရင်ပဲ ဖြစ်ဖြစ်ဒီနည်းလေးကို သုံးနိုင်ပါတယ် ...
အနည်းငယ်တော့ ပညာသားပါတာမို့ စနစ်တကျနဲ့ ဇွဲရှိရှိ လုပ်ပေးပါလို့ ကြိုပြောထားချင်ပါတယ်
ကွန်ပျူတာနဲ့ လုပ်ဆောင်ရမှာ ဖြစ်ပြီး Chrome Browser ကို အသုံးပြုလုပ်ဆောင်ရမှာလည်း
ဖြစ်ပါတယ် ..
ကဲ .. စ လိုက်ကြစို့
------------

အရင်ဆုံး Chrome Browser ကို ဖွင့်ပြီး Facebook အကောင့်လော့ဖြည်တဲ့ အဆင့်တွေအတိုင်း
ပုံမှန်အတိုင်း လုပ်ဆောင်သွားပါ ..
ဖုန်းနံပါတ် ထည့်ရမယ့် အဆင့်ကိုရောက်တဲ့အခါ ကိုယ်သုံးမယ့် မြန်မာဖုန်းနံပါတ်တစ်ခုကို ထည့်ပါ
ဖုန်းပါတ်ထည့်ပြီးရင် Sending me a text ဆိုတဲ့ စာတမ်းပေါ်မှာ Right Click နှိပ်ပြီး ပွင့်လာတဲ့ ထဲက
အောက်နားမှာရှိတဲ့ Inspect element ကို ရွေးပါ























အောက်ကပုံအတိုင်း ကုဒ်တွေ ပွင့်လာပါမယ်













ကုဒ်တွေထဲက code_smd ဆိုစားပေါ်မှာ ကလစ်နှစ်ချက်နှိပ်ပြီး sms ကို voice လို့ ပြင်ပေးလိုက်ပါ .. code_voice လို့ ဖြစ်သွားအောင် ပြင်လိုက်တာပါ










ပြီးရင် enter နှိပ်လိုက်ရင်လည်း ရပါတယ် .. element window ရဲ့ လွတ်နေတဲ့ နေရာကို ကလစ်တစ်ချက်လောက်နှိပ်ပြီး ညာဖက် အစွန်က ကြက်ခြေခပ်လေးကို နှိပ်ပြီး element window ကို ပိတ်လိုက်ပါ
ပြီးရင် Continue ကို နှိပ်လိုက်ပါ ..
နောက်တစ်ဆင့်မှာ ကုဒ် ထည့်ရမယ့်အဆင့်ကို ရောက်သွားရင် အောင်မြင်ပါပြီ .. နည်းနည်းလောက် စောင့်လိုက်ရင် ဖုန်းဝင်လာပါလိမ့်မယ် ..
Facebook က ပြောတဲ့ စကားသံဟာ တော်တော်မြန်တဲ့အတွက် သေချာနားထောင်ဖို့တော့ လိုပါတယ် ..
ကုဒ်ကို လေးလုံး ပြောလာမှာ ဖြစ်ပါတယ် ..












တကယ်လို ကုဒ်ထည့်ရမယ့် အဆင့်ကို မရောက်ပဲ .. အောက်မှ ပြထားသလို Error Message တစ်ခုခု ကျလာခဲ့ရင် Cancel ကိုနှိပ်ပြီး ဖုန်းနံပါတ်ထည့်တဲ့ အဆင့်ကနေ ပြန်လုပ်ပါ ..













အဲဒီလို လုပ်တာမှ Error Message တက်နေတုန်းပဲ ဆိုရင်တော့ အားလုံးကို ပိတ်ပြီး နာရီဝက်လောက်စောင့်ပြီးမှ အစကနေပြန်ဝင်လုပ်ပါ ...
တစ်ခါတစ်ခါ နောက်တစ်ကြိမ် အစကနေ ပြန်လုပ်ရင်း ဖုန်းနံပါတ်ထည့်ရမယ့် အဆင့်မှာ အောက်ကပုံအတိုင်း Giving me a call ဆိုတဲ့ Function တစ်ခု တိုးလာတာကို ကြုံရတတ်ပါတယ် ..
အဲဒါဆိုရင်တော့ အဲဒီ Giving me a call ကို အမှတ်လေးတပ်ပေးပြီး ဖုန်းနံပါတ်ထည့်ပေးလိုက်တာနဲ့ ခဏလောက်အကြာမှာ ဖုန်းဝင်လာပါလိမ့်မယ် ...
တစ်ခုကြိုပြောချင်တာက စိတ်ရှည်ဖို့ ပါပဲ ...
ကျွန်တော်ဆို .. ဒီပို့စ်ကို တင်ဖို့ ဒီနည်းကို စမ်းတာ ၂ ပါတ်လောက်ကြာပြီး ညတိုင်း မိုးလင်းခဲ့ပါတယ် ..
အခုတော့ .. ၄ ကြိမ်လောက်လုပ်ရင် တစ်ကြိမ်လောက်က ကုဒ်ထည့်တဲ့အဆင့်ကို ရောကပြီး တစ်ကြိမ်လောက်က Giving me a call ဆိုတဲ့ Function ပါလာတာမျိုးကို ကြံုရပါတယ် ..
သတိထားမိတာတစ်ခုက မနက် အစောပိုင်း ( ၄ နာရီနဲ့ ရ နာရီကြား ) တွေမှာ အခုလို အောင်မြင်တာကို တွေ့ရပါတယ် ..


Credit : အိုင်တီမုဆိုး၊ သဇင်ကိုကို၊ ဘလော့ခရီးသည်

ကိုမြတ် (BE-Mechatronics)     http://www.mcmyatkyawthu.blogspot.com/

အခြေခံ Facebook Account လုံခြုံရေး

















မင်္ဂလာပါ မိတ်ဆွေများ။ဒီပို့စ်ကိုကျနော်အကျယ်တဝင့်နှစ်ခါရေးဖူးပါတယ်။ကြာပြီဆိုတော့ပို့စ်အဟောင်းက ပြန်ရှာလို့မရတော့ဘူး။ဒီတော့ အသစ်ပဲပြန်ရေးလိုက်ပါတယ်။အကျဉ်းချုံးပေါ့။တတ်သမျှ မှတ်သမျှ နဲ့ ပညာရှင်တွေပြောပြသမျှ လေးပါ။ကျနော်ပညာရှင်မဟုတ်ပါဘူး။တတ်သမျှလက်ဆင့်ကမ်းပေးတာပါ။အခုတလော ကျနော့်မိတ်ဆွေတွေရဲ့FB အကောင့်တွေပျက်လာတာများလာတယ်။လော့ကျတာ ဟတ်ခံထိတာ များလာတယ်။အကောင့်ပျက်တာနဲ့လော့ကျတာက ရှင်းရှင်းပြောရ ရင် ကိုယ်တိုင်မသိ မတတ်တာတွေရှိလို့ပါ။Hack ခံထိတာက ယုတ်မာခံရတာပါ။ ဒီတော့ကာ ဒီပြသနာတွေကိုဖြေရှင်းဖို့ ကာကွယ်ဖို့ နည်းလမ်းလေးတွေကို လက်ဆင့်ကမ်းပေးပါမယ်

ဘယ်နည်းနဲ့ပဲပျက်ပျက် ပျောက်ပျောက် အဓိကကျတာက Fb ဖွင့်ရာမှာ သုံးတဲ့ Email ပဲ။ email ဆိုတာ ဥပမာ abcdefg123@gmail.com ဒါမှမဟုတ် gjcsryuudhnid6678@hotmail.com စသဖြင့် @email.com ပါတာကိုဆိုပါတယ်။ကနဦး Facebook user တွေသိပ်နားမ လည်ဘူးဖြစ်တတ်ကြပါတယ်။မြန်မာပြည်မှာတော့ Gmail ပဲအသုံးများပြီး hotmail နဲ့ yahoo က ဒုတိယလိုက်ပါတယ်။ကျန်တာတွေသုံးတာ သိပ်မတွေ့ရသလောက်ပါ။ထားတော့။အဲ့ဒီ Email ဟာ Fb မှာအရေးအကြီးဆုံးပဲ။Facebook မှာ အကောင့်ဖွင့်ရင် အီးမေးတစ်ခုက facebook ကိုပြရတယ်။အဲ့ဒီ email ကိုပဲ Facebook က ပြသနာရှိသမျှ စုံစမ်းလိုသမျှ မေးလိုသမျှ မေးခွန်းတွေပို့တယ်။အကောင့်တွေပျက်တာက Facebook က ကိုယ်တိုင်အကောင့်ကိုဖျက်ပစ်တာ အတော်ရှားတယ်။Report တင်ခံရတာမျိုးပေါ့။ဒါလည်းမေးပို့တာပါပဲ။ပိုင်ရှင်သိအောင်ပေါ့။အကောင့်ဆိုတာ ကိုယ်တိုင်ဖျက်မှပဲ ဖျက်တာက များပါတယ်။

၁ ။အဲ့ဒီတော့ Facebook မှာသုံးတဲ့ email address ကို ကိုယ်တစ်ယောက်သာသိပါစေ။ gtalk လို ပြောချင်ရင် အခြားEmail တစ်ခု ထပ်ဖောက်ပြီးသုံးပါ။ Fb မှာသုံးတဲ့ အီးမေးကိုတော့ ဘယ်သူ့ကိုမှပေးမသိပါနဲ့။အရေးကြီးပါတယ်။သိပြီးသွားပြီဆိုရင် Facebook မှာသုံးတဲ့ email ကိုပြန်ချိန်းပါ ။ချိန်းနည်းကို အပိုဒ်တစ်ခုနဲ့ထပ်ပြောပေး ပါမယ်။

၂ ။ Facebook password ကိုရော အခုနတင်ပြခဲ့တဲ့ fb မှာသုံးတဲ့ email ရဲ့ password ကိုရော မြန်မာလိုပဲပေးပါ မှတ်မိလွယ်တဲ့စာကြောင်း တစ်ခုနဲ့ပေးပါ။ဥပမာ ပြညါသာယာအေးချမ်းမှတိုးတက်ပါမယ် ကျနော်ကားပဲခူးသားဖြစ်၏ ကျနော့်ချစ်သူမှာကျနော်အချစ်ဆုံးသာဖြစ်၏ စသဖြင့်ပေါ့ အဲ့ဒီလိုပေး။ password ဖော်တာက keylogger နဲ့ဖော်တယ် gmail password hacker နဲ့ gmail password မှန်သမျှပေါ်တယ် အခု ၂၀၁၂ နောက်ပိုင်း keylogger တချို့ဆို စပေ့ဘားတို့ symbol တို့ ဥပမာ $&:"'/.:&'=(37'% ဒါတွေပါ ဖော်လို့ရလာတယ် ဒါပေမဲ့ မြန်မာဖောင့်ကိုဖော်နိုုင်တဲ့ keylogger သိရသလောက်မပေါ်သေးဘူး ။ပညာရှင်ကြီးတွေဆိုရင်တော့မပြောတတ်ဘူးပေါ့။ဒါပေမဲ့မြန်မာလိုပေးတာသည် လက်ရှိစိတ်အချရဆုံးပါပဲ။hack ဖို့လုံးဝ လုံးဝမလွယ်ပါ ။password မှန်ရင်မြန်မာလိုသာပေးပါ။ဒါပေမဲ့ မှတ်မိဖို့ လုံးဝမလွဲဖို့တော့အရေးကြီးတယ်။

၃ ။ Facebook မှာ ဒီနေ့ ် မြန်မာနိုင်ငံမှာ ဒီအကောင့်ကိုသုံးပြီး နောက်တနေ့စင်္ကာပူမှာသုံးပြီးဆိုရင် location ကွာခြားမှုကြောင့် မေးခွန်းတွေမေးလာတတ်ပါတယ်။ဒါလည်းနည်းသိသူအဖို့ သိပ်ပြသနာမရှိပါဘူး။fb မှာသုံးတဲ့ email ကိုပဲ မေးတွေ link တွေပို့တာမို့ ကိုယ်သုံးတဲ့email ကိုယ့်လက်ထဲရှိနေသရွေ့ မပူရပါဘူး။အဲ အီးမေး password မမှတ်မိရင်တော့ ပြသနာရှိပါတယ်။

၄ ။ password တွေသူများနောက်ပါတာ အများအားဖြင့် သူများဆိုင်မှာ သုံးတဲ့လူတွေများတယ်။ဂရုစိုက်ပါလို့ပဲ မှာနိုင်ပါမယ်။system unit ပုံးနောက်မှာ သံသယဝင်စရာ အပိုတစ်ခုခု တွေ့မြင်နေကျမဟုတ်ပဲရှိနေရင် သတိပြုပါ ။task manager ခေါ်ပြီးစစ်ကြည့်လို့ malware တွေ spyware တွေရှိနေရင်လည်း မသုံးသင့်ဘူး။ဒီsoftware တွေနဲ့ပတ်သတ်လို့ ကျနော်လည်းမကျွမ်းကျင်ပါဘူး။ဒါ့ကြောင့် အကောင်းဆုံးအကြံပြုချင်တာ ကတော့ ကိုယ့်ဖုန်းနဲ့ကိုယ် ကိုယ့်စက်နဲ့ကိုယ်က စိတ်အချရဆုံးပါ ။ဆိုင်မှာသုံးမယ်ဆိုရင်လည်း လုံးဝကိုယ်စိတ်ချရတဲ့အတွင်းသိ အစင်းသိဆိုင်မျိုးမှာပဲသုံးပါ။

၅ ။ facebook မှာ ကြော်ငြာတွေ link တွေအများကြီးပေးတတ်ပါတယ်။ link တွေ့တိုင်း လျှောက်မနှိပ်ပါနဲ့ လိုက်မဝင်ပါနဲ့ တခါတလေမှာ အဲ့ဒီlink တွေက ထောင်ချောက်တွေဖြစ်တတ်ပါတယ်။သတိပြုပါ။ username တွေ password တွေတောင်းလာရင်လည်း ကိုယ် broswer ကနေဝင်တာမှန်တယ်ဆိုရင်ထပ်မပေးပါနဲ့ အယောင်ဆောင်Facebook page တွေအများကြီးရှိတယ်။ အသာလေးကိုယ့်အကောင့်ကိုမသွားလိမ့်မယ်။ကိုယ်မသိတဲ့ မသေချာတဲ့ link ဆိုရင် လိုက်မဝင်တာ စိတိအချရဆုံးပါပဲ။ ပါသွားရင်တော့ ကျနော်ကနဦးပြောတဲ့ email ကနေပဲပြန်လိုက်ရမှာပဲ။ email ပါမရှိတော့ရင်တော့ ဘာမှမတတ်နိုင်တော့ပါဘူး။

၆ ။ ကိုယ့်အကောင့် report တင်ခံထိရင် ခင်မင်ရတဲ့သူငယ်ချင်းတွေကိုအကူအညီတောင်းပါ။တခြားကိုယ်မသိတဲ့ friend မဟုတ်တဲ့ လူတွေကို ကိုယ့်အကောင့်ဆီ add ခိုင်းပါ။add တာများလာရင် report ကို facebook ကမစဉ်းစားတော့ဘူး။အဲ post တွေ report ထိတယ်ဆိုရင် အဲ့ဒီပို့စ်ကိုဖျက်ပါ။မဖျက်ရင် အကောင့်မှာ အန္တရယ်ရှိတယ်။report တွေများလာရင်တော့ အကောင့်တော့ပျက်ဖို့နီးနေပြီမှတ်ပါ။post ကိုမဖျက်ချင်ရင်တော့ သူငယ်ချင်းတွေကို အကူအညီတောင်းပြီး like လုပ်ခိုင်း share လုပ်ခိုင်းပါ ။များလာရင် အဲ့ဒီ report တွေက ပျက်ပျယ်တယ် ။မစဉ်းစားတော့ဘူး။

၇ ။ ဒါက Nationalism fighter တွေအတွက်ပါ ။ ပြိုင်ဘက်တွေ ရန်သူတွေရဲ့ page တွေက ban တာခံရ ရင် တခြားအကောင့်သစ်တွေနဲ့like လုပ် ထပ်ဝင်ပြီးတွယ်ပါ။အရင်လူမှန်းတော့မသိစေနဲ့ပေါ့။အခုက ban ခံလိုက်ရတာနဲ့ဆက်မဖိုတ်တော့ဘူး။ တခြားအကောင့်နဲ့တွယ်ပါ။ထပ်ban ရင် တခြားအကောင့်တစ်ခုနဲ့ထပ်တွယ်ပါ ။ဒါက အကြံပေးတာပါ။

၈ ။ ကိုယ့်ဝေါကိုယ်သွားပါ။about ဆိုတဲ့အကွက်တစ်ကွက်ရှိတယ် ။နှိပ်ပြီးဝင်ပါ။အဲ့ဒီမှာ contact info ဆိုတာကို ထပ်နှိပ်ဝင်ပါ။အကောင့်ဖွင့်တုန်းက ပေးထားသမျှ ထပ်ပြီးသွင်းထားသမျှ အချက်အလက်တွေ ဥပမာ ဖုန်းနံပါတ် လိပ်စာ ကိုယ်ရေးအချက်အလက်တွေ စတာတွေတွေ့ရမယ်။ အကုန် သော့လိုက်ခတ်ပါ။သော့ခတ်နည်းက ဆိုင်ရာ box ကလေးတွေရဲ့ညာဘက် အပေါ်ဒေါင့်မှာ ကမ္ဘာလုံးပုံ(public) တွေ့လိမ့်မယ်။အဲ့ဒါကို only me (သော့ခလောက်) ပုံစံပြောင်းပါ။အဲ့ဒီတစ်မျက်နှာလုံး ခတ်နိုင်သမျှအချက်အလက်တွေလိုက်ခတ်ပါ။အဲ့ဒီအချက်တွေက သူများမသိလေကောင်းလေပဲ။

၉ ။ အဲ့ဒီ contact info စာမျက်နှာမှာဖုန်းနံပါတ် box ကလေးရှိတယ်။အဲ့ဒီထဲကိုထပ်ဝင်ပါ။Add gmail ဆိုတဲ့box ရှိပါတယ်။အဲ့ဒီbox မှာ ကိုယ်မသုံးတဲ့gmail အသစ်တစ်ခုကို ပေါင်းပါ။ တတ်နိုင်ရင် နှစ်ခုပေါင်းပါ။ ဒါဆို အကောင့်ခိုင်မာမှုအတွက်စိတ်ချရပါတယ်။ပထမသုံးထားတဲ့email အခိုးခံရ ရင်တောင် ဒုတိယမေး တတိယမေးနဲ့ပြန်လိုက်လို့ရပါတယ်။အဲ့ဒီမှာပဲ Facebook မှာသုံးတဲ့ email ကို အခြားကိုယ်ထားချင်တဲ့ email နဲ့ပြန်ချိန်းထားခဲ့ပါ။box တစ်ခုထဲမှာပဲဖြစ်ပါတယ်။

၁၀ ။ facebook မှာ friend request ပို့တိုင်းမကောင်းဘူး။ request ပို့တာများလာရင် တစ်လလောက် request အပိတ်ခံရတတ်တယ်။like လုပ်ကောင်းတိုင်းမလုပ်ပါနဲ့။တအားများသွားရင် like အပိတ်ခံရတတ်တယ်။မသုံးပဲ ပစ်မထားနဲ့။၃ လကျော်ရင် အကောင့်အဖျက်ခံရတတ်တယ်။ဆိုင်တွေမှာသုံးချိန် password ကိုမေ့မကျန်ခဲ့စေနဲ့။သေသေချာချာ sign out လုပ်။အကောင့်တစ်ခုတည်းကို နေရာနှစ်ခုက တပြိုင်နက် မသုံးမိစေနဲ့။အကောင့်သစ်ဖွင့်ရာမှာ securtiy question တွေအကုန်ဖြည့်။မေးသမျှ တတ်နိုင်သမျှဖြေ။မပျင်းနဲ့။skip မလုပ်နဲ့။အဲ့ဒီအချက်ဟာ အကောင့်ခိုင်မာမှုအတွက် အထာက်အကူပြုတယ်။

၁၁ ။ account setting မှာ security ဆိုတာရှိတယ်။sequrity question သက်မှတ်ထား။ အဲ့ဒီ မှာ trusted friend သတ်မှတ်ထား။အပြင်မှာသိတဲ့ အလွယ်ဆက်သွယ်နိုင်တဲ့သူငယ်ချင်းတွေကိုပဲထား။၃ ယောက်ကနေ ၅ ယောက်အထိထားရတယ်။အကောင့်hack ခံရ ရင် ကိုယ်က facebook ကို အကြောင်းကြားတာနဲ့ code တွေကို အဲ့ဒီ friend တွေဆီပို့ပေးလိမ့်မယ်။ပြန်တောင်းပြီးမေးလာရင်ဖြည့်ပေးရတယ်။ကိုယ်နဲ့စကားပြောဖူးတဲ့ ရင်းနှီးဖူးတဲ့လူတွေရဲ့ profile ပုံတွေတတ်နိုင်သမျှမှတ်ထား ။နာမည်တွေလည်းတတ်နိုင်သမျှမှတ်ထား။အကောင့်Hack ခံရတဲ့အခါ facebook က ပြန်ရွေးခိုင်းတတ်တယ်။ ်

ကဲ ကျနော့်ရဲ့ မိတ်ဆွေများ ကျနော်လည်းခနခနhack ခံထိဖူးလို့ ပညာရှင်တွေလိုက်မေးရင်းနဲ့သိလာတာပါ။အထက်ကဟာမှန်သမျှကို လုပ်ရင်း လုပ်ရင်း အကောင့်က မာသည်ထက်မာလာတာပါ။လုံခြံုသည်ထက်လုံခြံုလာတာပါ။ကျနော်တင်ပြသမျှကိုသာ မချွင်းမချန်လုပ်ရင် ဂရုစိုက်ရင် ၉၀ % ထိအာမခံပါတယ်။လုံခြံုပါလိမ့်မယ်။ကျန်တဲ့ ၁၀ %က ပညာရှင်စစ်စစ်တွေပေါ့။ Hack ခံထိရင်လည်း emailသာ လက်ထဲရှိပါစေ။ပြန်ယူနိုင်ပါတယ်။ ယူသွားနိုင်လည်းခနပါပဲ။
အားလုံးပဲ ကျေနပ်ပျော်ရွှင်နိုင်ကြပါစေ

ထွန်းသစ်
အသင်းတာဝန်ခံ/ရန်ကုန်
အမျိုးသားရေးမြန်မာလူငယ်များအသင်း
National Myanmar Youths


ကိုမြတ် (BE-Mechatronics)    http://www.mcmyatkyawthu.blogspot.com/

Friday, January 17, 2014

Search Engine တစ်ခု ဘယ်လိုအလုပ်လုပ်လဲ














Internet Marketing /Onlie Marketing လုပ်သူများအနေနဲ့ ပထမ လေ့လာရမှာက Internet Search Engine ပါ။ ဒီတော့ တစ်လောက Entrepreneur နဲ့က ပက်သက်ပြီး ဆောင်းပါးများ ဆက်တိုက်ရေးခဲ့ပြီး အခုတော့ Internet Marketing နဲ့ ပက်သက်လို့ ဆက်တိုက် ရေးဖို့ စိတ်ကူးရလာပါတယ်။ ပထမဆုံး အနေနဲ့ Search Engine တစ်လုံး ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ လူတိုင်းနားလည်နိုင်မယ့် အသုံးအနှုန်း၊ ရှင်းပြပုံ ရှင်းပြနည်းများဖြင့်သာ တင်ဆက်ပါ့မယ်။


Search Engine ဆိုတာ

မြန်မာလို တိုက်ရိုက်ဘာသာပြန်တော့ ရှာဖွေသော အင်ဂျင်ပေါ့။ သို့ပေမယ့် Search Engine လို့ပဲ သိထားတာ ကောင်းပါတယ်။ သူက အပြင်လောကနဲ့ ဥပမာပေးရရင် တယ်လီဖုန်း လမ်းညွန်လိုပါပဲ။ ဘာပဲလိုလို စာအုပ်လေးလှန်ပြီး လိုချင်တဲ့ ဖုန်းနံပါတ်ကို ဆက်သလိုပေါ့။ သူကျတော့ ရှာချင်တာ အရာတစ်ခုခုကို စာလေးရိုက်ထည့်ပေးလိုက်ရင် သူ့ဘာသူ ရှာဖွေပေးသွားတဲ့ စနစ်ပါ။ အခုဆို အသံနဲ့ ရှာတဲ့ Voice Search တောင် အသုံးပြုနေကြပါပြီ။ ၁၉၉၀ နောင်းပိုင်းကာလ ကမ္ဘာပေါ်မှာ ဝဘ်ဆိုဒ် ၁၀ ဂဏန်းလောက် ရှိတုန်း က ကိစ္စမရှိဘူးလေ။ ဝဘ်ဆိုဒ် အရေအတွက် ရာဂဏန်းလေးလည်း ရှိလာတော့ ဝန်ဆောင်မှုပေးတဲ့ Search Engine အသေးစားများ ပေါ်ပေါက်ခဲ့တယ်။ နောက်တော့ တစ်နှစ်ကို ဝဘ်ဆိုဒ်ပေါင်း ထောင်ချီ၊သောင်းချီ ဆထပ်တိုးလာတဲ့ ခေတ်ကာလ အခြေအနေကိုရောက်တော့ လယ်ရီပေ့နဲ့ ဆာဂျီဘင်းတို့က စူပါဟီးရိုးများ ဖြစ်သွားပါတယ်။ Google ဆိုတဲ့ Search Engine တစ်ခုကို တီထွင်အောင်မြင်ခဲ့လို့ပေါ့။ နောက်တော့ Bing, Yahoo တို့အပြင် အခြားသော Search Engine ပေါင်းစုံ ပေါ်ပေါက် လာရ ပါတယ်။


Search Engine ဘယ်လို အလုပ်လုပ်လဲ

ကဲ။ လူတိုင်းစိတ်ဝင်စားတဲ့ အပိုင်းလေး တစ်ခုကို ရောက်လာပြီ။ ဒီတော့ Systematic ကျကျလေး ဖြစ်အောင် ခေါင်းစဉ်ငယ်ခွဲလေးတွေနဲ့ တစ်ဆင့်ချင်းဆီ ရှင်းပြသွားပါမယ်။


Web Crawling

Search Engine တွေမှာ ပင့်ကူမွေးထားပါတယ်။ Google ကတော့ သူ့ပင့်ကို Spider ကို Googlebot လို့ အမည်ပေး ထားတယ်။ အခြားတော့ ဘယ်လိုအမည်ပေးလဲ မသိပါဘူး။ ပင့်ကူလို့လည်းခေါ်သလို၊ စက်ရုပ်လို့ လည်းခေါ်ပါတယ်။ အမှန်တော့ စနစ်တကျ စီမံ ရေးဆွဲထားတဲ့ ပရိုဂရမ်တစ်ခုပါ။ တစ်စက္ကန့်ကို ဝဘ် စာမျက်နှာပေါင်း တစ်ရာကို လိုက်ဖတ်ပြီး ကူးနိုင်ပါတယ်။ ၂၄ နာရီ၊ တစ်စက္ကန့်တောင် မနားပဲ ပင့်ကူတွေ ဆက်တိုက်လွတ်ထားပါတယ်။ အင်တာနက်ဆက်ကြောင်း တစ်လျှောက် လျှောက်သွားပြီး အကုန် လိုက်ကူးပါတော့တယ်။ အဲ့ အခြေအနေကို Web Crawling လုပ်တယ်လို့ ခေါ်ပါတယ်။


Web Indexing

ပင့်ကူတွေက Crawling လုပ်တာတော့ ဟုတ်ပါပြီ။ Crawling လုပ်သမျှကို ဘာပြန်လုပ်သလဲဆို မေးစရာ ရှိပါိတယ်။ ဟုတ်ကဲ့။ ပင့်ကူတိုပ Crawl လုပ်လို့ရသမျှအချက်အလက်များကို Index အဖြစ် သိမ်းပါတယ်။ အလွယ်ပြောရရင် စျေးဆိုင်က ဘောင်ချာဖြတ်တဲ့အခါ မင်စာရွက်ခံထားတာကြောင့် ကော်ပီ ကျန်သလိုပေါ့။ ရှာသမျှ အချက်အလက်များကို Index file အနေနဲ့ ဆွဲယူပြီး Search Engine ထဲမှာ သိမ်းဆည်း ပါတယ်။ ဒါကြောင့်ပဲ Google ရဲ ့ Server က ကမ္ဘာ့အကြီးဆုံး Server ဖြစ်ရတာလေ။ Index file တစ်ခုကို ကီလိုဘိုက် လောက်သာ ရှိပေမယ့် တစ်ကမ္ဘာလုံးက ဖိုင်တွေ ဖြစ်နေတော့ လက်ရှိမှာ သန်း ၁၀၀ ကျော်တဲ့ ဂီဂါဘိုက်ကို သိမ်းဆည်းထားပါတယ်။ တစ်နှစ်တိုးလေ အချက်အလက်က ပိုများလေပါ။ ဒါကြောင့် Google ကလည်း Server ကို ထပ်ချဲ ့ရအုံးမှာပါ။ တစ်ဦးတစ်ယောက်က တစ်စုံတစ်ခုကို ရှာတွေ့ပြီဆိုရင် Index file ကိုရှာတွေလိုက်တာပါ။ ပြီးတော့ URL နဲ့ Direct လုပ်ပြီး ကိုယ်ရှာတဲ့ ဆိုဒ်ဆီကို အရောက်ပို့ပေး ပါတယ်။ တစ်ခါတစ်လေကျ ဆိုဒ်က ဒေါင်းနေရင် Google ကသိမ်းထားတဲ့ Cache file ကိုပဲ ခေါ်ကြည့်လို့ ရနိုင်ပါသေးတယ်။


Algorithms

မြန်မာလို ခပ်ရှင်းရှင်းဘာသာပြန်တော့ စီမံတကျ ရွေးဆွဲထားသော ပုံသေနည်း တစ်ခုပေါ့။ အမှန်တော့ ဒီအဆင့်မှာ Google က ရှာဖွေသူတွေအတွက် အလုပ်လုပ်ပေးရတဲ့ အဆင့် တစ်ခုပါ။ Indexing မှာ ပြောဖိုကျန်ခဲ့တယ်။ စပိုက်ဒါက စာဖတ်တဲ့အခါ တစ်လုံးမှ မချန်ဘူးနော။ html တွေကို လိုက်ဖတ်တာ။ ဖူးစတောက်၊ အပေါ်စတော်ပီက အစ တစ်လုံးမှ မချန်ဘူး။ ဘယ်စာလုံးလုံး ခပ်ကြီးကြီးရေးပြီး၊ ဘယ်စာလုံးကို ခပ်သေးသေး ရေးတယ်ဆိုတာကအစ ပါတယ်။ နည်းပညာဆန်ဆန်ပြောရရင် Meta Data , Keywork, Tagging တွေကိုလည်း လိုက်စုတယ်။ ဘယ်လိုပြောရမလဲဆိုတော့ ခများက ဘုရင်ကိုဆက်သဖို့အတွက် ပျားရည် လိုက်စုတဲ့သူ၊ ကျနော်က ပျားရည်ထုတ်သူ၊ ဘုရင်က တစ်နိုင်ငံလုံးမှာ ဘယ်ပျားရည် အကောင်းဆုံး ဖြစ်မယ်ဆိုတာ ရှာနေတာလေ။ ဒီတော့ ပုလင်းတွေတိုင်းမှာ ဘယ်အိမ်နံပါတ်၊ ဘယ်သူက ဖော်ဆက်ထားပါတယ်။ အချို့ အဓွန့်တက်တဲ့သူကျ ဘယ်လိုနည်းဘယ်လိုဟန်နဲ့ ဖော်ဆက်ထားပါတယ်။ အချိုု ့အဓွန့်ပိုတက်တဲ့သူကျ ဘုရင်ဖတ်ဖို့အတွက် ကဗျာလေးတောင် ပါလိုက်သေး။ အချို ့ကျတော့လည်း ဘာမှကို တပ်မထားပဲ အလွတ်ကြီးပေးလိုက်တယ်။ အဲဒါကျတော့ ဆက်သသူက အဆင်ပြေသလို အမည်ပေးပြီး သိမ်းရတာပေ့ါ။


ဆိုလိုတာက ဒီလိုပါ။ Search Engine က စာတွေ၊ Page တွေကို Scan ဖတ်ပြီး သိမ်းတဲ့အခါ ဖန်တီးသူတွေကို အခွင့်အရေးပေးပါတယ်။ ဘယ် စာလုံးကို ရှာတဲ့အခါ မင်း ဝဘ်ဆိုဒ်ကို မြင်စေချင်လဲ။ ဘယ် အကြောင်းအရာကို ရှာတဲ့အခါ မင်းဝဘ်ဆိုဒ်ကို မြင်စေချင်လဲ။ ဘယ်စာရေးဆရာကို သိစေချင်လဲ။ အစရှိသဖြင်ပေါ့။ နည်းပညာ ဆန်ဆန် ထပ်ပြောရရင် Title ကို အရင်သိမ်းတယ်။ ပြီးရင် စာပိုဒ်မှာပါတဲ့ အကြောင်းအရာထဲမှာ ခပ်များများ အသုံးပြုတဲ့ စကားလုံးကို သိမ်းတယ်။ အဲဒါက ပအပိုဒ်ကစလို့ပေ့ါ။နောက်ဆုံးပိတ်ပြီးတော့ အဲ့ဆိုဒ်ရဲ ့ URL ကို သိမ်းတယ်။ အဲ့ဒီမှာ ဆိုဒ်ဖန်တီးသူက Search Engine အတွက် (Search Engine Optimized) ဖြစ်ဖို့အတွက် ဘယ်စကားလုံလေးကို ရှာရင် ဒီ Title ကိုဆွဲပေးပါ။ အသုံးများတဲ့ ဟော်ဒီ Keyword လေးကို ယူပေးပါ။ လူရှာများတဲ့ ဟောဒီ Meta Data လေးကို သုံးပေးပါ။ အစရှိသဖြင့်ပေါ့။ အချို့က အဓွန့်တက်ပြီး ကဗျာရေးတယ်ဆိုတာ Search Engine က အဲ့လို အခွင့်ပေးထားတာတောင် စာပိုဒ်နဲ့ မဆီမဆိုင် စာသားတွေကို Meta Data ပေးထားတာတွေဆိုရင် အလိုအလျောက် remove လုပ်တဲ့ စနစ်ပါရှိပါတယ်။ဒီတော့ မော်တော်ယာဉ်တွေလိုပဲ Auto နဲ့ Manual နှစ်မျိုး အသုံးပြုဖို့အတွက် Search Engine က သင့် ဝဘ်ဆိုဒ်ကို Chance ပေးထားတယ်။


အိုကေ ပြောချင်တာက Algorithms။ အစောက Indexing မှာလည်နေဆဲ။ အခု ပြန်စမယ်။ Algorithm က Google က ပရိုဂမ်မာတွေရဲ ့ အပိုင်းဖြစ်သွားပြီ။ လက်ရှိ အသုံးပြုတဲ့ စနစ်ကတော့ ကိုယ်က တစ်ခုခုကို ရိုက်ပြီး ရှာလိုက်ရင် ပထမဆုံး ခေါင်းစဉ်ကို ပြတယ်။ ပြီးရင် URL ကိုပြတယ်။ ပြီးရင် ကိုယ်ရှာတဲ့ စကားလုံး အသုံးများတဲ့ စာပိုဒ်ကို စုပြီးဖော်ပြပေးတယ်။ အနည်းကနေအများလိုက် အဆင်လိုက်ကို ပြသတာပေ့ါ။ စာ၊ ဓာတ်ပုံ၊ ဗီဒီယို အပြင် အခြား သူတို့ သတ်မှတ်ထားတဲ့ Calculation format တစ်ခုနဲ့ ပြသတယ်။ ဒီမှာ တော်တော်များများထင်မှားနေတာ တစ်ခုရှိပါတယ်။ ငါသာ Google ကိုပိုက်ဆံ သွင်းထားရင် င့ါဆိုဒ်ကို ထပ်ဆုံးကနေ ပြမှာပဲလို့လေ။ ကျနော်လည်း ထင်ခဲ့တာပေါ့နော်။ အဲ့လိုသာ လုပ်ကြေးဆိုရင် ခများတို့ရော၊ ကျနော်တို့ပါ ကိုယ်လိုချင်၊မြင်ချင်တဲ့ ဆိုဒ်ကို ရှာတွေဖို့ မသေချာတော့ဘူး။ အထူးသဖြင့် မြန်မာပြည်လို ဆင်းရဲ ချမ်းသာကွာဟတဲ့ နိုင်ငံတွေမှာဆိုရင်ပေါ့။ ချမ်းသာသူတွေက ငွေသွင်းထားတာမို့၊ စာကောင်းကောင်းနဲ့ ကိုယ့်ဆိုဒ်ကို ဘယ်လောက်ပဲ ရေးရေး သူတို့ဆိုဒ်ကြီးပဲ ထိပ်ဆုံး တက်နေမှာပေါ့။

ဒါကြောင့် Google က သူတို့ရဲ့ Ads Policy မှာ Customer ရှာသမျှမထိရ ဆောင်ပုဒ်သုံးတယ်။ အိုကေ။ ဒါဆိုရင် Google Search Engine က ဘယ်ကနေ ငွေရသလဲလို့ မေးကြတော့မယ်။ လွယ်လွယ်လေးပါ။ ဘေး ဘာဘက်မှာ အလွတ်ကြီးလေ။ Search Bar ရဲ့အောက်မှာလည်း ကြော်ငြာထိုးတယ်။ ရံဖံရံခါပေါ့။ ရှာဖွေသူရဲ့ keywords ပေါ်မူတည်လို့ ကြော်ငြာထိုးတဲ့ စနစ်ကို အသုံးပြုစေတာပါ။ ဒါကြောင့် ကြော်ငြာက Search Engine ၁၀ ခါ သုံးမှ တစ်ခါတွေ့ရခဲခြင်းပါ။ သူကဒီလိုလေ။ IT Engineering လို တစ်ယောက်ယောက်က ရှာလိုက်ရင် သင့်ရဲ ့ အိုင်တီသင်တန်းကျောင်းကို လူသိစေချင်တာလား။ ဒါဆိုရင် အဲ့ ကီးဝေါ့နဲ့ ကြော်ငြာတွဲထားပေးမယ်။ ဘယ်နိုင်ငံကို ရည်ရွယ်လဲ၊ ဘယ် နှစ်ကြိမ်လဲ။ ဘယ်နှစ်ရက်လဲ အစရှိသဖြင့်ပေါ့။ Google Ads ကို မြန်မာပြည်မှာလည်း အေးဂျင့်တော်တော်များများ က တွင်တွင်ကျယ်ကျယ်လုပ်နေပြီ။ မကြော်ငြာသည် ဖြစ်သေ သွားမေးလို့ ကိုယ့်ကို မဖြေသူမရှိပါဘူး။ သူတို့တွေဆီ စာပို့ပြီး Google ကြော်ငြာအကြောင်း မေးနိုင် ပါတယ်။


Fighting Spam

တစ်ခုခုကို ရှာလိုက်တာတော့ မှန်တယ်။ သို့ပေမယ့် ရလာတဲ့ Result က ဗိုင်းရက်စ်ကြီးဆို ဘယ်လို လုပ်မလဲ။ ဟုတ်ကဲ့။ ဒါကိုလည်း Search Engine တိုင်းက ဖြေရှင်းပေးတယ်။ လေ့လာမိသလောက်ကတော့ ဘီပိုး ကာကွယ်ဆေး ထိုးသလိုပါပဲ။ Search Engine ဖန်တီးသူများက Spam ပြန်မွေးပါ တယ်။ Spy ပေါ့လေ။ ဘယ်စာမျက်နှာတွေ၊ ဝဘ်ဆိုဒ်တွေ၊ URL တွေက အတုအယောင် ဖြစ်တယ်။ ဘယ်ဆိုဒ်ကတော့ အဟက်ခံထားရတယ်။ ဘယ်ဆိုဒ်ကတော့ ဗိုင်းရက်စ်တွေ အပီလွတ်နေတယ်။ ဒါကိုအမြဲ စုံစမ်းထောက် လှမ်းဖို့ အတွက် Pure Spam တွေတောက်လျှောက် လွတ်ထားတယ်။


Policies

ပေါ်လစီဆိုတဲ့ ခေါင်းစဉ်အောက်ကို ရောက်လာပြီ။ Global Policy နဲ့ Local Policy ဆိုပြီးတော့ ထပ်ခွဲတယ်။ ပြီးတော့ Company Policy , Country Policy ဆိုပြီးထပ်ကွဲသေးတယ်။ ကုမ္မဏီကတော့ ရှင်းတယ်လေ။ သူတို့ထုတ် တဲ့ Search Engine ကို အသုံးပြုနိုင်မှုနဲ့ ပက်သက်လို့ အမြင့်ဆုံးသော ဝန်ဆောင်မှု ပေးနိုင်အောင် ကြိုးစားနေတာ။ လွတ်နိုင်သလောက် လွတ်မှာပဲ။ သို့ပေမယ့် နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံမှမတူတာ။ ၁၈ နှစ်အော်က မကြည့်ရ ဆိုဒ်တွေကို ရှာမတွေ့ဖို့အတွက် အချို ့နိုင်ငံမှာ ပိတ်ပင်ထားတာမျိုး၊ ဘယ် အကြောင်းအရာ နဲ့ ပက်သက်ပြီးတော့ ရှာမတွေ့အောင် လုပ်ထားတာမျိုး၊ အဆိုးဆုံးအနေနဲ့ Search Engine တစ်ခုလုံးကို အသုံးပြုလို့မရအောင် ပိတ်ဆို့လိုက်တာမျိုး အစရှိသဖြင့်ပေါ့ ပေါ်လစီကလည်း သတ်မှတ်ရသေးတယ်။


အနှစ်ချုပ်

ဒီတော့လေ။ Search Engine တစ်ခုလုပ်ဖို့ဆိုတာ မလွယ်ကြောင်း သိ သွားရတာပေါ့။ အခု ရှင်းပြချက်က သာမန် လူတောင် သိဖို့ကောင်းတဲ့ အခြေခံ အချက်တွေပါပဲ။ အထူးသဖြင့် အွန်လိုင်းမာကဲတင်း၊ အွန်လိုင်း စျေးကွက် ချဲ ့ထွင်ရေးလုပ်လိုသူတွေ အခြေခံအားဖြင့် သိရမယ့် အရာတွေပေါ့။ ကိုယ်တွေက ဝဘ်ဆိုဒ်ထောင်ပြီ။ သို့ပေမယ့် ဒီဝဘ်ဆိုဒ် လူသိအောင်က Search Engine မှာ အလွယ်တကူ ရှာတွေဖို့ လိုပြီလေ။ ဆိုဒ်ကို လူအရောက်အပေါက်များဖို့ လိုလာပြီလေ။ အဲ့ဒီကျရင် ခေါင်းစား ရတော့မှာပေ့ါ။ SEO content တွေ ဖန်တီးရမယ်။ backlink တွေတည်ဆောက်ရမယ်။ ပြောမကုန်အောင် လုပ်ရမယ့် Step တွေက အများကြီး။ အကြမ်းပဲ ရှိသေးတာ အသေးစိတ်ရေးနေရင် ရှည်နေမှာစိုးလို့ပါ။ ဟောဒါက Search Engine တစ်လုံး အလုပ်လုပ်ပုံပဲ ရှိသေးတယ်။ ကျနော်မောင်အောင်ခမ်းရဲ့နောက်ဆက်တွဲ ဆောင်းပါးများကို စောင့်ဆိုင်း ဖတ်ရှုနိုင်ပါတယ်။

Ref: hotstuffwork, Google official

အောင်ခမ်း (TSJ Team)


<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )   www.htarwaiethar.blogspot.com

အန္တရယ်ရှိသော Malicious Codes များ နှင့် Vulnerability Websites















ယခုအချိန်တွေမှာ website တွေ အဟက်ခံရတယ်။ တစ်ခုပြီးတစ်ခုပါပဲ။ ဒါတွေက website တစ်ခု အဟက်ခံရလို့ အဲ့ site တစ်ခုတည်းထိတာမဟုတ်ပါဘူး။ ဟက်ကာတော်တော်များများက site တစ်ခုကိုရသွားရင် defacement တစ်ခုလုပ်တာကလွဲရင် ကျန်တာဘာမှမလုပ်ပါဘူး။ ဒီအတွက် လာရောက်လည်ပတ်တဲ့သူကိုလည်း မထိခိုက်ပါဘူး။ ဒါပေမဲ့ အန္တရယ်ရှိတာက Mailicous Code တွေ ထည့်သွားမဲ့ Hacker တွေကိုတော့ အလွန်ကိုကြောက်စရာကောင်းတယ်ဆိုတာ သိစေချင်လို့ ဒီ Post ကို Korea Information Security Agency နဲ့ ကျွန်တော့် မိတ်ဆွေ bot hacker (တရုတ်ပြည်မှ Game Password Hacker) တစ်ယောက် တို့အား ကိုးကားပြီးရေးထားတာပါ။

Malicious Codes များ ထည့်သွင်းမှုအတွက် ဟက်ကာတွေ တိုက်ခိုက်ရာတွင်



၁. တိုက်ခိုက်ရေးသမားတွေက မိမိတို့ရဲ့ Target ကွန်ပျူတာ၊ အဖွဲ့အစည်း၊ Website တွေထဲကို SQL Injection တွေနဲ့ ၀င်ရောက်ကြပါတယ်။ SQL Injection တွေတစ်ခုတည်းလားဆိုတော့လည်း ဒီတစ်ခုတည်းတော့မဟုတ်ပါဘူး။ တစ်ခြားတိုက်ခိုက်လို့ရတဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်။ ဘယ်လိုပင် ဖြစ်ပါစေ သူတို့ လိုချင်တဲ့အပိုင်းကတော့ user တွေ အများအပြား ၀င်ရောက်လည်ပတ်တတ်တဲ့ နေရာတွေပါ။ ဒီလူတွေဆီကနေ Cookies တွေခိုးမယ်။ IP တွေယူမယ် စသည်ဖြင့်ပေါ့။

၂။ တိုက်ခိုက်ရေးသမားတွေက Vulnerability Website တွေထဲမှာ ၄င်းတို့ရဲ့ Malicious Code တွေ ထည့်သွင်းထားသော Attacker ရဲ့ Web Link တွေ ချိတ်ဆက်ပေးပါတယ်။ ဒီလိုချိတ်ဆက်တဲ့နေရာမှာ iframe ဆိုတာနဲ့သုံးကြပါတယ်။
iframe ဆိုတာ webpage element တစ်ခုဖြစ်ပြီး တစ်ခြား web page တွေကို ၄င်းရဲ့ သတ်မှတ်ထားတဲ့ ဘောင်အတွင်းမှာ အလုပ်လုပ်ရန်အတွက် အသုံးပြုကြပါတယ်။ ....


ဥပမာ . . Planet Myanmar Website မှာ Iframe ကိုထည့်သွင်းထားပုံကိုကြည့်ပါ။

ဆိုတာကိုကြည့်ပါ။

၃. အဲ့အချိန်မှာ အင်တာနက် အသုံးပြုသူတွေက Attacker (Hacker) တွေ ဟက်လုပ်ထားတဲ့ Website တွေကို ၀င်ရောက်လည်ပတ်ပါတယ်။

၄. အကယ်၍ အင်တာနက် အသုံးပြုရဲ့ ကွန်ပျူတာက လုံခြုံရေးမရှိခြင်း၊ Up to Date မဖြစ်နေတဲ့ Internet Security or Antivirus မရှိဘူးဆိုရင် ထိုကဲ့သို့သော Website မှနေ အလွယ်တကူ မိမိရဲ့ ကွန်ပျူတာကို Trojan တွေဝင်ရောက်လာပါလိမ့်မယ်။

၅. ပြီးရင် မိမိရဲ့ Information တွေ၊ user ID, Password တွေကို သတ်မှတ်ထားတဲ့ လမ်းကြောင်းလိပ်စာအတိုင်း ပြန်လည်ခိုးယူပို့ပေးပါလိမ့်မယ်။

ဒီလိုတိုက်ခိုက်မှုမျိုးက ယနေ့ခေတ်မှာတော်တော်လေးကို တွေ့ရပြီး Porn / Unsecure site တွေကို ၀င်ရောက်လည်ပတ်က Antivirus အသွင်ဝင်ရောက်လာတတ်တဲ့ Malware တွေနဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ဒီကောင်က နဲနဲအဆင့်ပိုမြင့်သွားတယ်။ ဒီလိုပုံစံတွေက Website တော်တော်များများမှာ ဖြစ်ကြပြီးတော့ ဖြစ်လိုက်တဲ့ Website တွေရဲ့ ၉၀ ရာခိုင်းနှုန်းကတော့ SQL Injection vulnerability မှနေ ဟက်ကာတွေ ၀င်ရောက်ကာ malicious codes တွေ ထည့်သွင်းသွားခြင်းဖြစ်ပါတယ်။
နောက်တစ်ခုကတော့ Upload Vulnerability ပါ.. သူကတော့ WebBoard တွေမှာ user တွေအတွက် image upload တွေပေးထားတာကနေဖြစ်တာပါ။
i. ထို Web Board က extension ဖိုင် စီစစ်မှုကိုမထားခြင်း။ ( Webmaster တွေသတိပြုရမှာက ထိုကဲ့သို့သော Upload setting မှာ extension filtering ကိုစစ်ဖို့လိုပါတယ်)
ii. Upload လုပ်ထားသော file ၏ လမ်းကြောင်းကို user နှင့် Attacker မှ အလွယ်တစ်ကူ ရယူသိရှိနိုင်ခြင်း။
iii. Upload လုပ်ထားသော file များရှိ folder အား execute လုပ်ခွင့် ခွင့်ပြုချက်ပေးထားခြင်းကြောင်းဖြစ်သည်။

ဒီတော့ Trojan File တွေနဲ့ user တွေကို ဘယ်လို တိုက်ခိုက်လဲဆိုတာကို အနည်းငယ် ထပ်ပြီးရှင်းပါမယ်..

Ice Fox Prodigal Web Trojan Generator ဒါက Website တွေကို တိုက်ခိုက်တဲ့နေရာမှာ အလွယ်တကူ အသုံးပြုနိုင်တဲ့ Virus Creator တစ်ခုပါပဲ။ (ဟက်ကာတော်တော်များများကတော့ သူတို့ကိုယ်တိုင် Code လုပ်တာများပါတယ်။)


၄င်းအထဲမှာ iframe ကို width=0 ဆိုပြီး မြှုပ်ထားပါတယ်။ ပြီးရင် icyfox.htm ဆိုတာက icyfox.js ပါတဲ့ Backdoor/Trojan ဖိုင်တွေကို ဆွဲယူသုံးတဲ့သူတွေပါ။ တစ်နည်းအားဖြင့် ၄င်း .js အထဲမှာ Hacker ရေးဆွဲထားတဲ့ လမ်းကြောင်းအတိုင်းကို လုပ်ဆောင်မယ့် Code တွေရှိပါတယ်။

Malicious Code တွေကိုထည့်တာကတော့ ဒါပဲ... ဒီအထဲမှာ Malicious Website ကို လာရောက်လည်ပတ်တဲ့သူတွေရဲ့ Computer တိုင်းလိုလိုမှာ Trojan တွေထည့်လိုက်တယ်။ ပြီးရင် ၄င်း ကွန်ပျူတာတွေထဲကနေ File / Folder တွေကို ခိုးယူလို့ရအောင် Remote Access သုံးလို့ရအောင် အသုံးပြုတဲ့ Web Base UI Program တွေနဲ့ Internet User တွေရဲ့ ကွန်ပျူတာကို လိုအပ်သလို ထိန်းချူပ်တယ်။ ဒီအတိုင်းနဲ့ 2005 လောက်က တရုတ်ပြည်မှာ oct 16 ကနေ oct 17 အထိ ၃၄ နာရီအတွင်းကို ၁၂၁၆ ယောက်လောက် ထိသွားတယ်။

Web Adminstrator တစ်ယောက်အနေနဲ့ မိမိ website ရဲ့ ReWrite Rule တွေကိုသိထားရမယ်။ Security Holes တွေကို အမြဲစစ်ကြည့်နေရမယ်။ user တွေဘက်ကနေ script uploading နဲ့ execution တွေကို block လုပ်ထားရမယ်။ Attacker တစ်ယောက် malicious script တစ်ခု run တာနဲ့ site တစ်ခုတည်းမဟုတ်ဘူး server ရဲ့ root ထဲအထိကိုရောက်နိုင်တယ်။ web board တွေမှာ image uploading module တွေကို သတိထားရတယ်။

https://chocolatemyotaw.ning.com


ကျွန်တော့်ဆီမှာရှိသော အချက်လက်လေးကို ပြန်လည်မျှဝေတာ ဖြစ်ပါတယ်ခင်ဗျား။


<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

Google Translator Add-On လေး သုံးကြည့်ရအောင်















ကျွန်တော်အခုနည်းလေးကို ဒီနေ့မှ စတင်ပြီး အသုံးပြုရတာ ကြိုက်နှစ်သက်လို့ ကျွန်တော့်ဘလော့ဂ်မှ တစ်ဆင့်ပြန်လည်းရေးပေးလိုက်ပါတယ်ခင်ဗျား။

ကျွန်တော် အင်တာနက်မှာ ဂျာမနီဝက်ဆိုက်တစ်ခုကို ရှာရင်းရှာရှင်းနဲ့ အသုံးပြုဖြစ်သွားပါတယ်။

သို့သော်လည်း ကျွန်တော်ဘယ်က စတင်ပြီး အသုံးပြုရမယ်မသိဘူးဖြစ်နေတယ်ဗျ။

အရင်ကတည်းကလည်း ကျွန်တော် အဲ့လိုမျိုး ဆိုက်ဆိုရင် ရှောင်ပါတယ်။

အခုက ကျွန်တော်က အဲ့ဒီဆိုက်ကို ကျွန်တော်က နှစ်သက်နေတော့ English Language နဲ့ အသုံးပြုလို့ရအောင် စဉ်းစားပါတယ်။

မိတ်ဆွေတို့ Google Translator ကို ကြားဖူးတယ်မို့လား။

Google ကနေပြီး ဘာသာစကားတွေကို အွန်လိုင်းမှာ ပြောင်းလို့ရအောင် လုပ်ပေးထားသော နေရာလေးပါ။

https://translate.google.com  ပါ။ အဲ့မှာ ဘာသာစကားတွေကို တစ်ခုကနေပြီး နောက်တစ်ခုကို အလွယ်တကူပြောင်းလဲနိုင်ပါတယ်။ သို့သော်လည်း အဲ့ဒီဆိုက်က စာသားတွေကိုပဲ ပြောင်းပေးပါတယ်။

ဘလော့ဂ်၊ ဆိုက်စာမျက်နှာတွေကို ပြောင်းလဲနိုင်ခြင်းမရှိပါဘူး။

လိုအပ်ရင်တော့ ကွန်ပျူတာ Google Chrome သွင်းထားရင်တော့ ကိုယ်အသုံးပြုချင်သော ဘာသာစကားကို ရွေးနိုင်ပါတယ်။

အခုက ကျွန်တော်က Firefox ကိုမှ ကြိုက်တာဆိုတော့ ခက်ပြီပေါ့ဗျာ။

ကျွန်တော် Firefox Add-On မှာ Google Translator ဆိုပြီးရှာလိုက်တာ အခု အတော်ကိုအဆင်ပြေသော Add-On လေးကို တွေ့လာပါတယ်။

နာမည်းက S3. Google Translator တဲ့ဗျ။

အသုံးပြုရတာ လွယ်ပါတယ်။

Firefox ကို ဖွင့်လိုက်။

အင်တာနက်တော့ ရှိဖို့လိုတယ်နော့်။

Firefox Menu > Add-On  ( သို့မဟုတ် )  Tools > Add-On က Search Box မှာ Google Translator ဆိုပြီး ရိုက်ထည့်လိုက်။

ခဏနေရင်ရင် ရလဒ်တွေကို ပြပေးပါတယ်။

အဲ့မှာ Google Translator For Firefox  ဆိုတာလေးကို Install လုပ်လိုက်ပေါ့နော်။

ပြီးရင် Firefox ကို Restart ချလိုက်။

ပြန်တက်လာရင်တော့ မိမိဘလော့ဇာမှာ Google Translator လေးရှိနေတာကို တွေ့နိုင်ပါတယ်။

ဘလောက်ဇာရဲ့ ဘပေါ်ဆုံးညာဘက်မှာ T  ပုံစံလေးနဲ့တွေ့နိုင်ပါတယ်။

ကိုယ်ကြိုက်တဲ့ဆိုက်ကို သွားလိုက်။ နောက် အဲ့ဒီ T  ဘေးက မြှားလေးကို ကလစ်၊ Translate the Full Page  ဆိုတာလေးကို ကလစ်လိုက်ရုံပါပဲ။

သုံးကြည့်လိုက်နော့်။

ကျွန်တော် အသုံးပြုတာတော့ အဆင်ပြေပါတယ်ခင်ဗျား။

အောက်မှာ ကျွန်တော် ဂျာမနီဆိုဒ်တစ်ခုကို အင်္ဂလိပ်ဘာသာသို့ ပြောင်းထားပုံကို ပြပေးထားပါတယ်ခင်ဗျား။







<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

Monday, January 13, 2014

အချိန်နာရီမှားယွင့်မှုနှင့် ​ဖေ့ဘုတ်
















အကောင့်၊ ပက်စ်ဝက်တွေ မှန်ရဲ့သားနဲ့ သူများ ကွန်ပျူတာမှာ မိမိအကောင့်ကိုဖွင့်လို့ရတယ်။ မိမိကွန်ပျူတာရောက့်မှာ အကောင့်ဖွင့်လို့မရဘူးပြောနေကြသူများအတွက်ပါ။

ဒီနေ့ခေတ်မှာဆိုရင် ဖေ့ဘုတ်အကောင့် သုံးစွဲမှုဟာ အတော်ကို များပြားလာတယ်လို့ဆိုရပါမယ်။

အဲ့လို အသုံးပြုမှုများလားတာနှင့် အမျှ ပြဿနာတွေကလည်း တစ်နေ့ထက် တစ်နေ့ပိုပိုများများလာပါတယ်။

အကောင့်တွေပျက်တယ်၊ လော့ခ်ကျတယ်၊ မက်ဆေ့တွေပို့မရဘူး၊ အကောင့်က ဘာတွေ ဖြစ်နေလဲ မသိသိသိသိသိသိ........................



အခု ကျွန်တော်ဖော်ပြမည့်နည်းလေးကတော့ ကွန်ပျူတာ၊ Smart Phone နှစ်ခုလုံးမှာ ပြဿနာဖြစ်နိုင်သော ဖြစ်နေသော နည်းတစ်ခုဖြစ်ပါတယ်။

ကိုယ့်ကအကောင့်က ကိုယ့်ကွန်ပျူတာ၊ Smart Phone မှာ ဖွင့်လို့မရတော့ပဲ အခြားသော ကွန်ပျူတာ၊ Smart Phone မှာ စမ်းကြည့်တော့ အကောင့်က ဝင်လို့ရတာမျိုးပဲ ဖြစ်ပါတယ်။

ဒီကိစ္စက ဘာကြောင့်လဲပေါ့။

အဖြေက သိပ်မခက်ပါဘူး။

နာရီ၊ နာရီ ၊ အချိန်နာရီတိုက်တာ လွဲနေလို့ပဲ ဖြစ်ပါတယ်။

ကျွန်တော်အခုပြောသော ပြဿနာက ကွန်ပျူတာမှာ ဆိုရင် CMOS Battery အားကုန်ပြီး ကွန်ပျူတာက နာရီမမှန်တော့ပဲ ဖြစ်နေချိန်မှာ ဖေ့ဘုတ်က ဖွင့်လိုက်ပါက မရပဲ ဖြစ်နေတက်ပါတယ်။

အဲ့ခါကျရင်တော့ CMOS Battery လေးအသစ်ဝယ်ပြီး လဲ၊ နာရီပြန်တိုက်လိုက်ရင် အဆင်ပြေပါတယ်။


Smart Phone မှာတော့ ဖုန်းဘက်ထရီအားကုန်သွားပြီး အချိန်အတော်ကြာအောင် အားမသွင်းသော အခြေနေ၊ ဖုန်းဘက်ထရီကို အကြောင်းမျိုးမျိုးကြောင့် ဖြုတ်ပြီး ပြန်မတပ်မိသော အခြေနေမှာ ဖြစ်ပါတယ်။

အဲ့လိုမျိုး အနေအထားမှာ ဖုန်းနာရီက မှန်ကန်မှု မရှိတော့ပါဘူး။ နာရီကို ပြန်မှန်အောင် ချိန်ပေးရပါမယ်။

System Setting > Date and Time မှာ သွားချိန်ရင်ရပါတယ်။


ကျွန်တော်က နာရီလို့ အလွယ်ပြောခဲ့တာပါ။ တကယ်က Date ပါ ပါဝင်ပါတယ်။

ဖုန်းပဲဖြစ်ဖြစ်၊ ကွန်ပျူတာပဲ ဖြစ်ဖြစ် ကျွန်တော်ပြောခဲ့သော အခြေနေရောက်သွားပါက စက်ကို စက်ရုံက ထုတ်လိုက်သော အချိန်သို့ပြန်ရောက်သွားပါတယ်။ ဉပမာ ၁၉၉၆ လိုမျိုးပါ။


မိတ်ဆွေတို့လည်း ကျွန်တော်လိုမျိုး ပြဿနာဖြစ်ပါက ဖြေရှင်းနိုင်အောင် အခုလိုမျိုးရေးသားလိုက်တယ်နော့်။




<<  HTAR WAIE THAR  >>

U Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

Tuesday, January 7, 2014

Phone နဲ့ကွန်ပျုတာ အင်တာနက် ချိတ်ဆက်နည်း ( Android-Java-ios)




















Android -Java- ios ဖုန်းအမျိုးအစုံမှာ အင်တာနက်လိုင်း ဖွင့်နည်းလဲပါပါတယ်


Download  


**  Myat Kyaw Thu ( BE-MC )   www.mcmyatkyawthu.blogspot.com

Sunday, December 22, 2013

အင်တာနက်လိုင်း မကောင်းလည်း Facebook မြန်မြန်သုံးရန်နည်းလမ်း


















အင်တာနက် လိုင်းမကောင်းလို့ Facebook ပေါ် တက်မရဘူးလို့ ဆိုကြ ပါတယ်။ ရပါတယ်။ ဖြစ်အောင်လုပ်ရင်ရပါတယ်။ သို့ပေမယ့် အောက်ပါ လခ့်များကို အသုံးပြုဖို့တော့ လိုအပ်ပါတယ်။

မိုဘိုင်းဗားရှင်း

မိုဘိုင်းဗားရှင်းပါ။ Facebook က မိုဘိုင်း Platform အတွက် ထုတ်ထားတဲ့ Facebook ဖြစ်ပေမယ့် Desktop PC တွေမှာလည်း အသုံးပြုလို့ ရပါတယ်။ m.facebook.com လို့ရိုက်လိုက်ရင် Width သေးသေးနဲ့ News Feed တွေကို အလွယ်တကူ မြင်တွေ့ နိုင်မှာ ဖြစ်ပါတယ်။ Status တွေ၊ ပုံတွေလည်း တင်လို့ ရပါတယ်။

https://lite.facebook.com/

https://touch.facebook.com/

touch က Tablet ဗားရှင်း ဖြစ်ပါတယ်။ သူနဲ့လည်း Facebook ကို အလွယ် တကူ ဝင်နိုင်ပြီး News Feed တွေဖတ်မယ်။ Status တွေတင်မယ်။ ပုံတွေ တင်လို့ ရပါတယ်။

https://upload.facebook.com/

ဒါကတော့ Page Admin များအတွက်ပါ။ ဒီတစ်လော အင်တာနက်လိုင်း ကျလွန်းလို့ ပုံတွေ တင်လို့ မရဘူးလို့ ဆိုကြပါတယ်။ ရပါတယ်။ upload.facebook.com ကို URL မှာ ရိုက်ပြီး ဝင်တဲ့အခါ Wall photo ပဲ ဖြစ်ဖြစ်၊ Create Album ပဲ ဖြစ်ဖြစ် အလွယ်တကူ တင်လို့ ရပါတယ်။

ပို့စ်အသစ်တင်ဖို့ နည်းလမ်းတွေရှာရင်း တွေ့ရှိထားတဲ့ အသုံးပြုနည်းလမ်း တွေမှာ အားလုံး အဆင်ပြေမယ်လို့ မျှော်လင့် ပါတယ်။


**  အောင်ခမ်း (Yoyarlay)

Monday, December 16, 2013

အင်တာနက် နှင့် Privacy & Security လုံခြုံရေး



















အခုဆိုအားလုံးသိကြတဲ့အတိုင်း မြန်မာနိုင်ငံမှာလဲ အင်တာနက်အသုံးပြုလာကြတဲ့သူတွေအများအပြားရှိကြပါတယ်။
တချို့ တွေကအင်တာနက်ကို Youtube တို့ Online ဂိမ်းဆော့ဖို့ အသုံးပြုကြသလို Facebook , Gtalk , Twitter တို့လို Social Networks တွေသုံးကြတဲ့သူတွေလည်းအများအပြားရှိကြပါတယ်။
ဒီတော့ကျွန်တော်အဓိကပြောချင်တာလေးကတော့ အင်တာနက်အသုံးပြုသူတွေအနေနဲ့မိမိကိုယ်ရေးကိုယ်တာ Privacy လုံခြုံရေးကိုပါ။

ကျွန်တော်ဆိုမြင်နေကြပါ  Facebook အကောင့်ဟက်ခံလိုက်ရပြန်ပြီ ငါ့ဘလော့လေးပါသွားပြီ
FB Fan Page လေးပါသွားပြီ ဒီလိုကိစတွေကအမြဲလိုလိုကြားနေရတယ်ပေါ့
Users တိုင်းကတော့မိမိအသုံးပြုနေတဲ့အကောင့်လေးကိုတော့ဘယ်ပာက်ခံချင်ပါမလဲ
အထူးသဖြင့် Blogger , Page သမားတွေဆိုပိုဆိုးတာပေါ့ဗျာ စဉ်းစားကြည့်လေ
မိမိ Page or Blog လေးက နာမည်ရမယ်ရှိသေးသူများလက်ထဲပါသွားတော့ဘယ်လိုနေမလဲ??
စဉ်းစားကြည့်ကြပေါ့ဗျာ
ပာက်ကင်းလေ့လာနေကြတဲ့သူတွေကိုလဲအားပေးပါတယ် လေ့လာကြပါ
သို့်ပေမယ့် ကိုယ်တတ်တဲ့ပညာရပ်တစ်ခုကို အကျိုးရှိရှိအသုံးချစေချင်တယ်
ထားပါတော့ ဟက်ကင်းအကြောင်းကအဓိကမကျပါဘူး။


ဒီတော့ Users တွေအနေနဲ့ဖြစ်နိုင်ရင် သတိထားရမယ့်အချက်လေးတွေရှိပါတယ်

- ဖြစ်နိုင်ရင်မိမိမသိတဲ့သူတစ်ယောက်ကပေးတဲ့ Link တွေကိုဆူးစမ်းချင်တဲ့စိတ်နဲ့ဖွင့်မကြည့်ကြပါနဲ့
ဥပမာဗျာ ဒီလင့်က Game ကမိုက်တယ်ဝင်ကြည့်ဘာညာဆိုတိုင်းသတိထားပါ
မက်လုံးပေးတိုင်းဝင်မကြည့်နဲ့ပေါ့ဗျာ

-ပြီးရင် Browser Add-on ထည့်မယ်ဆိုလဲသတိထားပါ
Keylogger တွေပါနေတတ်ပါတယ်
(Keylogger ဆိုတာကတော့ မိမိရိုက်သမျှ စာလုံးတွေကိုမှတ်သားထားနိုင်စွမ်းရှိပါတယ်
Software နဲ့ Hardware ဆိုပြီး ၂မျိုး၂စားရှိပါတယ်
Keylogger အကြောင်းကိုအရင်ကတင်ပေးဖူးပါတယ်)

- Social Network သုံးသူတွေအနေနဲ့ Friend Request တွေ့တိုင်း ၀မ်းသာပြီးစွတ်စက်လက်ခံသာမျိုးမလုပ်မိပါစေနဲ့။
ကိုယ့်လာအက်တဲ့သူကိုလက်မခံရင် သူ့အကောင့်ကိုတစ်ချက်ကြည့်လိုက်ပေါ့ လက်ခံသင်မခံသင့်။

- နောက်မိမိ Facebook နှင့်ချိတ်ဆက်ထားသောအကောင့်ကိုဘယ်တော့မှ Gtalk အတွက်သော်လကောင်းအသုံးမပြုစေချင်ဘူး
 ပြောလဲမပြောပြစေချင်ဘူး ဘာလို ့လဲဆိုတော့ အများနဲ့ဆက်သွယ်ဖို့သုံးတဲ့ Gtalk အကောင့်ပါသွားရင်တောင် Facebook အကောင့်မပါတော့ပါဘူး

- Facebook Profile Edit ကနေ Gmail တို ့ကို Public လုပ်ထားတာမျိုးကိုကျွန်တော့အနေနဲ ့ကျသိပ်သဘောမကျဘူး
  Facebook အကောင့်အတွက် လိုရမယ်ရ Secondary Email လေးလဲထားရင်တော့ကောင်းတာပေါ့

- Mail တိုင်းရဲ့ Password ကို ခန့်မှန်းရလွယ်တဲ့ Words မထားတာတော့အကောင်းဆုံးပါပဲ
ဥပမာဗျာ password ကို cutebunnygirl01 လို Dictionary Words တွေမထားတာတော့ကောင်းတာပေါ့
ပြီးရင် * တို ့ကိုကောင်မျိုးတွေထည့်ထားရင်ပိုကောင်းပါတယ် ပြီးတော့ Password မှာမွေးနေ့လိုမျိုးလုံးဝလုံးဝမထားပါနဲ့။

- Free Wifi တွေ့တိုင်းလဲချိတ်ဆက်အသုံးပြုတာမျိုးမလုပ်ပါနဲ့။

- မိမိစက်ထဲကသွင်းထားတဲ့ AntiVirus Database ကို Up to date ဖြစ်နေပါစေ

အဲ Privacy အနေနဲ့ဆိုရင်တော့ ပြောစရာလေးနဲနဲရှိတယ်ဗျ။

အထူးသဖြင့် Social Network တွေမှာပေါ့ ကောင်းတဲ့သူရှိသလို
မကောင်းတဲ့သူကလဲရှိစမြဲပါ
မိန်းခလေးတွေအနေနဲ့ဆိုဖြစ်နိုင်ရင် ကိုယ်လုံးမပေါ်တပေါ်ပုံတွေမတင်ကြပါနဲ့။
နှမသားချင်းလိုသဘောထားပြီးပြောတာပါ
 တော်တော်ရွနေရင်လဲ ဖာဆိုက်ထောင်စားပါလား :)
ရိုင်းသွားရင်တောင်းပန်ပါတယ်
နောက်သိထားရမှာက Online မှာ Pictures or Information တစ်ခုတင်လိုက်ပြီဆို
ဒီအရာကမိမိတစ်ယောက်ထဲပိုင်တော့တာမဟုတ်ဘူးဆိုတာမှတ်ထားပါ
ယူချင်တဲ့ယူက ဒေါင်းလုပ့် Or Save လုပ်ပြီးယူသွားလို့ရပါတယ်ဆိုတာမမေ့ပါန့် :)
ပြီးတော့ အင်တာနက်ကလူတွေကို ၁၀၀% ယုံကြည်မှုမရှိစေချင်ဘူး
လူတိုင်းကိုမဆိုလိုပါဘူး (ကျွန်တော့် Online Friend တွေထဲမှာအပြင်ကလူထက်ကောင်းတဲ့သူတွေတောင်ရှိပါတယ်)
နောက် Facebook မှာဆိုလဲ Friend Request လုပ်တိုင်းလက်မခံမိစေပါနဲ့။
 Facebook အကောင့်ကို 3 Friend Hacking နည်းလမ်းနဲ့ယူလို့ရပါတယ် ;)



ကလေးငယ်တွေကိုလဲ Social Network တွေမသုံးစေချင်ဘူးဗျ။
 နောက်ပြီး Hacking လေ့လာနေကြတဲ့ Newbie လေးတွေအနေနဲ့

 Hacker Software ဆိုတိုင်းလက်ယားလက်ယားနဲ့ဒေါင်းပြီးမသုံးမိကြပါနဲ့။
အဲ့လောက်လွယ်ကူနေရင် လူတိုင်းဟက်ကာဖြစ်နေတာကြာလှပါပြီ
 Online မှာလဲတွေ့ဖူးတယ်ဗျ Tools တွေနဲ့ Facebook ပေါ်တက်ပြီး
အာကျယ်အာကျယ်လုပ်ကြတယ် ကြည့်လိုက်ရင် Anonymous Profile Picture နဲ့။
၀င်ပြောပြရင်လဲ သူတို့ကိုယ်သူတို့ဆရာကိုက်နဲ့။
နောက်ဆုံးထိတော့မှ အဖေကယ်ပါအမေကယ်ပါနဲ့ ;)
သိထားဖို့က Anonymous ပုံတင်တိုင်း Hacker ဖြစ်တယ်လို့ဘယ်ကောင်ပြောလဲ
( ပြောတဲ့ကောင်ခေါ်ခဲ့လိုက် :P )
တကယ်လေ့လာမယ်ဆိုလဲ
MSYS (Minsoeyarsar တို့နဲ့ 4Sectors မှာတွေဆိုလဲ Totorial တွေအများကြီးရှိပါတယ်)
အချိန်ပေးဖတ်ကြပေါ့  Programming Language ကိုလဲအချိန်ရရင်ရသလိုဖတ်စေချင်တယ် တိုက်တွန်းရုံသက်သက်ပါ  :)
ကျွန်တော်လည်း Begginer လေးပါပဲ
မသိရင် Online ကကျွန်တော့်ထက်သိတဲ့သူတွေကိုမေးပါတယ်
 တတ်ယောင်ဝါးလုပ်နေရင်တော့ ဒီအဆင့်ကနေတက်မှာမပဟုတ်ပါဘူး။
(တားကြောတာမဝုတ်ပုနော် သူညားပြောတာပြန်ပြောပြတာ) :P  :P
Facebook ကအကိုတစ်ယောက်ပြောသလိုပဲ


"Tutorial ဖတ်ပါဆို ဒေါက်တာချက်ကြီးရောက်နေကြတယ်
ဒါလေ့လာဆို Porn ဆိုက်ရောက်နေကြတယ်
ဒီတော့ဘယ်လာတတ်မှာလဲ :3 "


ကဲပါလိုရင်းကိုပဲဆက်ပြောပါတော့မယ်
(ရေးနေရင်းလူကငိုက်တောင်ငိုက်လာပြီ  :3  )
Users တွေအနေနဲ့ VPN Services တွေနဲ့ IP Hider တွေအသုံးပြုစေချင်တယ်
VPN ဆော့ဝဲကိုဘလော့မှာ Android ကော PC အတွက်ပါတင်ပေးဖူးပါတယ်
ကိုယ့်ဖာသာပြန်ရှာကြည့်လိုက်တော့ဗျာ
VPN အကြောင်းသိချင်ရင်တော့ Google ပေါ်တာတက်ရှာတော့ပေါ့ဗျာ
VPN ကိုနောက်ဘယ်မှာသုံးလို့ရသေးလဲဆိုရင် Windows 8 , 8.1 က Windows Store ၀င်ဖို့ပေါ့
ရွှေမြန်မာကို Microsoft ကချစ်လို့လေ ဒီအတိုင်းဆိုဝင်လို့မရဘူး
VPN Service လေးသုံးပြီးဝင်နေရတယ် :3
Windows Store ဘာအတွက်သုံးသလဲဆိုရင် Windows 8 ဂိမ်းနဲ ့ Apps ဒေါင်းဖို ့ပေါ့
Windows Store အကောင့်လေးတော့လုပ်ထားပေါ့ဗျာ  ;)

ကြုံတာနဲ့ လုံခြုရေးနဲ့သိပ်မဆိုင်ပေမယ့်
နောက်ဆုံးအနေနဲ့ပြောချင်တာက batch ဖိုင်တစ်ခုဒေါင်းမိရင် တန်းမဖွင့်ပါတယ်
Right Click ထောက် Open With Notepad ဆိုပြီး code ကိုစစ်ပါ
ဒါက Security ဆိုတာထက် စက်ကို Format ရိုက်တဲ့ဟာမျိုးဖစ်ရင်ကွိင်မှာဆိုးလို့ပြောပြတာပါ  း)

ဒီလောက်နဲ့ပဲနိဂုံးချုပ်ပါရစေ
လူလဲတော်တော်အိပ်ချင်နေပြီဗျ
ဝါး
အမှားပါရင်တောင်းပန်ပါတယ်

Cyko Rat.404

Source ::  http://kohades.blogspot.com/2013/12/privacy-security.html


**  ကိုကိုဇော် ( BE-EC )   www.htarwaiethar.blogspot.com

Monday, November 25, 2013

လူမှုကွန်ရက်ယဉ်ကျေးမှု၏ လားရာ

















ယနေ့ ခေတ်မျက်နှာစာတွင်ကွန်ပျူတာ အီလက်ထရောနစ် နည်းပညာသည် လူသားတို့၏နေ့စဉ် လှုပ်ရှားရုန်းကန်မှုဘဝတွင် အရေးပါသော အခန်းကဏ္ဍ တစ်ခုဖြစ်လာ သည်။ အင်တာနက်အသုံးပြုခြင်းဖြင့် လူသားတို့သည် မိမိတို့၏အလုပ်အကိုင် အခွင့်အလမ်းများကို ရှာဖွေလာကြသည်။ ဖျော်ဖြေရေး အနုပညာများ၊ ခေတ်မီနည်းပညာ များ၊သမိုင်းဝင်စာပေများစသည့် ဗဟုသုတပေါင်းစုံကို အင်တာနက်တွင် လွယ်ကူစွာ ရှာဖွေလေ့လာ ဖတ်ရှုနိုင်ပြီဖြစ်သည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ၁၉၉၈ခုနှစ်မှစ၍ အင်တာနက်အသုံးပြု၍ရ သော်လည်းတွင်ကျယ်စွာ အသုံး ပြုနိုင်ခဲ့ခြင်းမရှိခဲ့ပေ။

အရပ်သားအစိုးရသစ်တက်လာပြီးနောက်တွင်မှ လူတန်းစားမရွေး အင်တာနက် အသုံးပြုနိုင်လာကြသည်။ ယခုအခါတန်ဖိုးနည်း မိုဘိုင်းဖုန်းများဖြင့် လူကြီးလူငယ်မရွေး ” အင်တာနက်အင်တာနက်” ဟူ၍ လူထုကြားတွင် ရေပန်းစားလာပြီ ဖြစ်သည်။

လက်ဖက်ရည်ဆိုင်တွင် ဖြစ်စေ၊ကားစီးရင်းဖြစ်စေ ဖုန်း (သို့) tablet များတကိုင်ကိုင်ဖြင့် ဟိုပွတ်ဒီပွတ်လုပ်နေကြသည့် လူကြီးလူ ငယ်များကို မြန် မာ့နိုင်ငံ ရေး အပြောင်း အလဲ၊ ဖွံ့ဖြိုးတိုးတက်မှု ပြောင်းအလဲကာလတွင် အားရကျေနပ်ဖွယ်တွေ့မြင်ကြ ရမည်ဖြစ်သည်။ အင်တာနက်အသုံးပြုကြသည်ဟု ဆိုငြားသော် လည်း သတင်းကြည့်ြ ခင်း၊ ဘောလုံးပွဲဂိုးရလဒ်များ ကြည့် ခြင်း၊ သီချင်းများ Download လုပ်ခြင်းကိုအများဆုံးသုံးပြုလုပ် ကြသည်သာ ဖြစ်သည်။

၂ဝ၁ဝနောက်ပိုင်းမြန်မာနိုင်ငံ အပြောင်းအလဲကာလတွင် Social Network ဟုခေါ်သည့် လူမှုကွန်ရက်များကို ပြည်သူအတော်များများ အသုံးပြုလာခဲ့သည်။ Twitter ကိုမူ မြန်မာနိုင်ငံတွင်တွင်ကျယ်စွာ အသုံးမပြုနိုင်ကြသေးသော်လည်း Facebook သည် မြန်မာ့လူနေမှုပုံစံတွင် စနစ်တကျနေ ရာယူပြီးဖြစ်ပါသည်။ Facebook ကို ကမ္ဘာ တစ်ဝန်းတွင် ၂ဝဝ၄ခုနှစ်မှ စတင်အသုံးပြုခဲ့ကြသော်လည်း မြန်မာနိုင်ငံတွင် ၂ဝဝ၈ ခုနှစ် ပတ်ဝန်းကျင်မှ စတင်အသုံးပြု နိုင်ခဲ့သည်။ ” ကျွန်တော့် ရဲ့ ဖေ့စ်ဘုတ် စာမျ က်နှာပေါ်မှာ တွေ့နိုင်ပါတယ်” ၊ ” ကျွန်မရဲ့ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာဘယ်လိုပြောထားပါတယ်” ။ “ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ကျွန်တော့် ကို ဘယ်လိုပြော ထားပါ တယ်” ။ ” ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ကျွန်တော့်ကိုဘယ်လိုပြောထားလို့ ကျွန်တော်ကဘယ်လိုပြန် ပြောလိုက်ရတာပါ” စသည်ဖြင့် သတင်း စာရှင်းလင်း ပွဲများပြု လုပ်၍ တစ်မျိုး၊ အင်တာဗျူးဖြေဆိုရာတွင်တစ် Facebook အကြောင်းသည်မပါမဖြစ်ပါနေသကဲ့သို့ပင်တွေ့ရ သည်။

” နိုင်ငံခြားရောက်နေတော့ အိမ်နဲ့ ဆက်သွယ်ရတာမျိုး၊ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ရတာမျိုးတွေကျတော့ ဖုန်းနဲ့ဆိုရင် ပိုက်ဆံကုန်ပြီ။ စကားပြောချိန်လည်း သိပ်မရဘူး။ ဒီက Social Network တွေ ပေါ်လာတော့ အိမ်နဲ့ဆက်သွယ်ရတာ၊ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ရတာ တအားလွယ်သွားပြီ။နောက် အဆက်အသွယ် ပြတ်နေတဲ့ သူငယ်ချင်းတွေနဲ့ ပြန်ပြီး တွေ့ရတယ်။ နောက်ကျောင်းသားဘဝမှာ ကဗျာ တွေ ရေးဖြစ်ပေမယ့် ဘယ်ကိုမှ ပို့ ဖြစ်ဘူး။ အခု Facebook လို Social Network တွေပေါ် လာ တော့ ကိုယ်ရေးချင်တဲ့ အရေးအသားပုံစံကို လွတ်လွတ်လပ်လပ်ရေးလို့ရတယ်။ ကဗျာဆရာ၊ ဆရာမတွေနဲ့ ရင်းနှီးခွင့်ရလာတယ်။ နောက်ပြီး အွန်လိုင်း က နေတစ်ဆင့်ကဗျာတွေပို့ခွင့်ရလာတယ်” ဟုမလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင်အလုပ်သွားရောက် လုပ်ကိုင်နေသောလူငယ် ကဗျာဆရာ ကိုကျော်ဦး(လှိုင်) ကပြော သည်။

လူတစ်ယောက်နှင့် တစ်ယောက်ဆက်သွယ်ရာတွင် ဖုန်းဆိုတာ မလိုလောက်အောင်အထိ လုပ်ဆောင်ချက်များကို မြှင့်တင်ပေးမည်ဟု Facebook တည်ထောင်သူ မက်ဇူကာဘက် က ကြွေးကြော်ထားသည်။ လူတစ်ယောက်အကြိုက်ကို Facebook က သိသည်။ ကျွန်တော်တို့ပုံမှန် Like လုပ်လေ့ရှိသော (သို့) comment ဝင်၍ ရေးလေ့ရှိသော ပုဂ္ဂိုလ်တစ်ဦးဦး၏ Status (သို့) Photo များကို ကျွန်တော်တို့၏ News Feed တွင် အမြဲထားပေးသည်။ Facebook အသုံးပြုသူ အများစုမှာ လူငယ်များဖြစ် ရာ လူငယ်တို့၏ အသိဉာဏ်နုနယ်မှုကိုအခွင့်ကောင်းယူကာ နည်း အမျိုးမျိုးဖြင့်သွေးထိုးတတ်သည်။

လူငယ်စာရေးဆရာ သူရဿဝါက “Facebook ရဲ့အားသာချက်ကတော့ သတင်းပဲ။ ညသန်းခေါင် တစ်နေရာရာမှာ မီးလောင်တယ်ဆိုပါစို့။ ဒီလို အချိန်မျိုးမှာလျင်မြန် တဲ့သတင်းပေးပို့မှုကို သတင်းစာက မလုပ်နိုင်သလို၊ ဂျာနယ်ကလည်း မလုပ်နိုင်ဘူး။ Facebook လိုမျိုး Electronic Media တွေကသာ လုပ်နိုင်မှာလေ။ Facebook ရဲ့ အားနည်းချက်က သတင်းပါပဲ။ Print Media လို စိစစ်မှုမလုပ်နိုင်ဘူး။
 လုပ်ကြံဖန်တီးမှုတွေလည်း ပါနိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် Self Sensor လုပ်နိုင်ပါ မှ ဒါမှမဟုတ် ကိုယ့်မျက်လုံးကိုယ် Filter လုပ်ထားနိုင်မှတော် ကာကျမယ်။ ဒါတောင် သတင်းနဲ့ပတ်သက်တာပဲရှိပါသေးတယ်။ ကျန်တဲ့ အကြောင်းအရာစုံနဲ့ ပတ်သက်ပြီး Facebook လို Socia Network မျိုးမှာ အားသာချက်အားနည်းချက်ပေါင်းစုံ ရှိနိုင်ပါတယ်” ဟုပြောပြခဲ့သည်။

အနုပညာရှင်များအတွက်မူ Facebook သည် ပြည်သူနှင့် ဆက်ဆံရာတွင် ကြားခံနယ်တစ်ခု ဖြစ်သကဲ့သို့ ကြောက်စရာ ကောလာဟလ လွှင့်တတ်သည့် ပါးစပ်ေ ပါက်ကြီးနှင့်လည်း တူပါသည်။ အခြားတစ်ဖက်တွင်လည်း တက်သစ်စအနုပညာရှင်များ၏ တစ်နေ့တာ ဖြတ်သန်းပုံများ၊ အနုပညာဖန် တီးမှုအသစ်များကို ပရိသတ်နှင့် တစ်သားတည်းဖြစ်အောင် တင် ပြပေးနိုင်သည်။

ယခုနောက်ပိုင်းအနုပညာရှင်အချို့၏ ပရဟိတလုပ်ငန်းများတွင် ပရိသတ်ကပါ ပါဝင်ဆောင်ရွက်လာသည် ကို တွေ့ရ သည်။ Facebook ပေါ်မှ Fan များနှင့် တွေ့ဆုံပွဲများ၊ Facebook ပေါ်မှ သီချင်း ခွေကြော်ငြာများစသည်ဖြင့် ကဏ္ဍစုံတွင် Facebook သည် ပါဝင်ပတ်သက် လျက်ရှိသည်။
စင်ကာပူနိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်နေသော ကဗျာဆရာမလရိပ်ပြာက ” Internet ယဉ်ကျေးမှုက တခြားလူမျိုးတွေဆီမှာ အသားကျနေ ပေ မယ့် မြန်မာ လူမျိုးတွေအနေ နဲ့ နည်းပညာပိုင်းမကျွမ်းကျင်တဲ့အခါ အခက်အခဲ တချို့တွေ့ရတယ်။ ဓာတ်ပုံတွေအလွဲသုံး စားလုပ်ပြီးပေါက်ကရ Group တွေထဲထည့် တာမျိုးတွေ စင်ကာပူမှာ ခဏခဏ ကြုံရပါ တယ်။

အဝေးရောက်နေတဲ့သူတွေအတွက် Facebook က အဆင်ပြေပါတယ်။ အိမ်က လူတွေနဲ့ စကားပြောလို့ရတယ်။ နောက်ပြီး ကဗျာတွေတင်မယ်။ ကဗျာဆရာ၊ ဆရာမတွေနဲ့ ရင်းနှီးခွင့်ရတယ်။ ကိုယ်လေးစားအားကျတဲ့သူတွေကို ခင်ခင်မင်မင်ပြော လို့ဆိုလို့ရတာကောင် ပါတယ်။

ဒါပေမဲ့အမျိုးသမီးတွေ ရဲ့ ဓာတ်ပုံတွေကိုမသမာတဲ့ နည်းနဲ့ မသမာတဲ့ နေရာတွေမှာ အသုံးချတာမျိုးတွေ၊ အပြင်မှာမတွေ့ဖူး၊ မဆုံဖူးတဲ့လူတွေ ကို ငွေရေး၊ ကြေးရေး ကိစ္စတွေ၊ တခြား ကိစ္စတွေမှာ ကောက် ကြံတာမျိုးတွေကတော့သိပ် အဆင်မပြေဘူး” ဟုပြောပြခဲ့သည်။Facebook ၏ ထူးခြားသောအချက်မှာ လူတိုင်းအနုပညာရှင် ဆန် ဆန်ဖြစ်ခွင့်ရခြင်းပင်ဖြစ်သည်။ မိမိခံစားနေရသော စိတ်ခံစားမှုကိုစာကြောင်း လေးများနှင့်ရေးဖွဲ့ကာ Status တင်လိုက်လျှင် မိမိ၏ သူငယ်ချင်းများ၏ အားပေး လက်ခံမှု (Like) နှင့်မှတ်ချက် (Comment) တို့ကိုရနိုင်မည်ဖြစ်သည်။

 လူတိုင်း အနုပညာသမားဖြစ်သွားသကဲ့သို့ ခံစားရစေပါသည်။ ဖေ့စ်ဘုတ်ပေါ်တွင် ဓာတ် ပုံလေး တစ် ပုံတင်ခြင်း(သို့) စာကြောင်းလေးတစ်ကြောင်းရေးခြင်းစသည့် အပြင်မိမိဖန်တီးထားသော သီချင်း၊ကဗျာ၊ပန်းချီတို့ကို သူငယ်ချင်းများနှင့် မျှဝေခံစားခြင်း သည် ပျော် ရွှင်မှု တစ်ခုဖြစ်သလို၊ စိတ်အပန်းဖြေရာလည်း ရောက်ပါသည်။

သို့သော် မလိုလားအပ် သော ပဋိပက္ခများ ဖန်တီးပေး ခြင်း၊ နိုင်ငံရေးအမြတ်ထုတ်ခြင်း၊ အခြားသော ကိစ္စရပ်များအပေါ် တွင် အမျိုးမျိုး လိမ်လည်လှည့် ဖြားခြင်းသည် မလုပ်သင့်မလုပ် အပ်သော အရာများဖြစ်သည်။ ထို့အပြင်လူငယ်လူရွယ်များ အနေ ဖြင့်လည်း Facebook ပေါ်တွင်သာ တစ်နေကုန်အချိန်ဖြုန်း မနေဘဲ ပြင်ပ လူ့အဖွဲ့ အစည်းတွင် လည်း ဝင်ရောက်နေထိုင်ရန် လိုပေသည်။ မည်သို့ပင်ဖြစ်စေ လူမှုကွန် ရက်ယဉ်ကျေးမှုသည် မြန်မာနိုင်ငံတွင် အခန်းကဏ္ဍတစ်ခုမှ ပါဝင်ပတ် သက်လျက် ရှိ နေပြီဖြစ်သည်။


မင်းဘုန်းနိုင်
ကိုးကား- Wikipedia
Popular News

Source : http://www.winkabarkyaw.net/2013/11/blog-post_5061.html


**  ကိုကိုဇော် ( BE-EC )

Sunday, November 24, 2013

Facebook သုံးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

















ဖေ့စ်ဘွတ်ခ်က အချိန်ကို အလကားသက်သက်ကုန်စေတယ်လို့ ယူဆကြသူတွေရှိပါတယ်။ တကယ်တမ်း ကောင်းတဲ့ဘက်က ဖြည့်တွေးကြည့်ရင် ဖေ့စ်ဘွတ်ခ်ကကိုယ့်အတွက်အောက်မှာပြောပြထားတဲ့ ကောင်းကျိုးတွေ ပေးစွမ်းနိုင်ပါတယ်။
ဖေ့စ်ဘွတ်ခ်မှာ သူငယ်ချင်းများများရှိတာ ကောင်းပါတယ်။ ကိုယ်က အကြံဉာဏ်လိုအပ်တဲ့အခါမျိုး ဒါမှမဟုတ် သတင်းအချက်အလက် လိုအပ်နေတာမျိုးတို့ဆိုရင် status တင်လိုက်ရုံနဲ့ ဖေ့စ်ဘွတ်ခ်ထဲမှာရှိကြတဲ့ သူငယ်ချင်းတွေက ဝိုင်းဝန်းကူညီပြီး အဖြေရှာပေးနိုင်ကြပါတယ်။

- ဂိမ်းကစားတာဟာ ဆိုးကျိုးတွေရှိသလို ကောင်းကျိုးတွေကိုလည်း ပေးနိုင်ပါတယ်။ ဖေ့စ်ဘွတ်ခ်ဂိမ်းတွေ ဆော့ကစားရင်း ဆန်းသစ်တဲ့အတွေးတွေနဲ့ အကဲဖြတ်ဝေဖန်နိုင်တဲ့ အရည်အသွေးတွေ တိုးမြင့်လာစေ နိုင်ပါတယ်။ 

- စိတ်ဝင်စားတဲ့ အကြောင်းအရာတွေ၊ ဥပမာ - ကိုယ်မသိရသေးတဲ့ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေးအစရှိတဲ့သတင် ၊ ဗဟုသုတတွေကို ဖေ့စ်ဘွတ်မှာ ရှဲလ်လုပ်ကြသူများရှိလို့ သူတို့တွေကြောင့် အသိပညာဗဟုသုတတွေ ပိုရနိုင်ပါတယ်။ စာဖတ်ပျင်းသူတွေတောင်မှ ဖေ့စ်ဘွတ်ခ်ရဲ့ ဆွဲဆောင်မှုအားကြောင့် New feed မှာပေါ်တဲ့ စာတွေကို မလွတ်တမ်း လိုက်ဖတ်တတ်တဲ့ အကျင့် ရသွားကြပါတယ်။


- ငြင်းခုံပြောဆိုတာဟာ ဦးနှောက်ကို လေ့ကျင့်ခန်းလုပ်ပေးတာနဲ့တူပါတယ်။ ဖေ့စ်ဘွတ်ခ်က ငြင်းခုံပြောဆိုလို့ အကောင်းဆုံးနေရာတစ်ခုပါပဲ။ ဒီလို ငြင်းခုံပြောဆိုဖို့ဆိုတာ အကျိုးအကြောင်း ဆီလျော်ဖို့၊ အကြောင်းပြချက်ကောင်းဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ ဆိုရှယ်နက်ဝေါ့ခ်တွေမှာ တိကျမှန်ကန်စွာနဲ ့ ငြင်းခုံပြောဆိုတာတွေကလည်း ကိုယ်ရည်ကိုယ်သွေးမြှင့်နည်း တစ်မျိုးလို့လည်းဆိုလို ့ရပါတယ်။

- ဖေ့စ်ဘွတ်ခ်သုံးစွဲသူတချို့က လက်တွေ့ဘဝမှာ စာရေးပျင်းကြတဲ့ သူတွေဖြစ်ပြီး ဖေ့စ်ဘွတ်ခ်ပေါ် ရောက်ရင်တော့ ကဗျာဆရာ၊ စာရေးဆရာတွေလိုပဲ ရေးသားနေကြတာကိုတွေ ့ရပါတယ်။ နောက်ပြီး စကားလုံး အသစ်အဆန်းတွေကိုလည်း ဖေ့စ်ဘွတ်ခ်၊တွီတာအစရှိတဲ့ ဆိုရှယ်နက်ဝေါ့ခ်မီဒီယာတွေမှာ ကွန့် ပြီးသုံးနှုန်းရေးသားကြတာတွေကို တွေ့နိုင်ပါတယ်။

 ဆူးချိုး

Ref:GizmoCrazed

http://www.trend.com.mm/2013/10/22/internet-300

##  www.winkabarkyaw.net  မှ ပို့စ်ကို နှစ်သက်လို့ ပြန်လည်မျှဝေထားခြင်း ဖြစ်ပါသည်။


**  ကိုကိုဇော် ( BE-EC )

Sunday, October 6, 2013

Proxy အကြောင်း အခြေခံ ( မြန်မာစာအုပ် )

















ကျွန်တော် nyaalinkarr@gmail.com  ရေးသားသော Proxy အကြောင်းအခြေခံစာအုပ်လေးကို ပြန်တင်ပေးလိုက်ပါတယ်ခင်ဗျား။

ကျွန်တော် ဒေါင်းလုပ်ခ်ဆွဲထားကတော့ www.mmithelper.com  ကပဲ ဖြစ်ပါတယ်။

လိုအပ်သူများ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။

ဖိုင်ဆိုဒ် 598KB.


Download 


**  ကိုကိုဇော် ( BE-EC )

Sunday, September 29, 2013

Domain Name Definition ( High Level Domain Only )
















Internet Website, Blog တွေမှာ အသုံးပြုသော ဒိုးမိန်း အမည်များကို နိုင်ငံအလိုက်၊ အဓိပ္ပါယ်ကွဲပြား ခြားနားမှုကို ကျွန်တော်ဖော်ပြလိုက်ပါတယ်။

ကျွန်တော့် ကိုယ်ပိုင်အိုင်ဒီယာတွေတော့ မဟုတ်ပါဘူး။

ကျွန်တော့်ဆီမှာ ရှိသော အချက်လက်လေးတွေကိုပဲ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

ဗဟုသုတ သက်သက်ပဲ ဖြစ်ပါတယ်ခင်ဗျား။



.arpa:A top-level domain name used for ArpaNet sites.
.com:Pronounced "dot com." A top-level domain name used for commercial Internet sites.
.edu:A top-level domain name used for educational sites .
.firm:An ending of an address for an Internet site for a business.
.gov:A top-level domain name used for a U.S. government site on the Internet.
.int:A top-level domain name used for international institutions.
.mil:A top-level domain name for a U.S. military site on the Internet.
.mobi:A top-level domain name for a sites made for mobile phones.
.nato:A top-level domain name used for NATO sites.
.net:A top-level domain name used for Internet administrative sites.
.nom:An ending of an address for a personal site on the Internet.
.org:A top-level domain name for organizational Internet sites.
.store:An ending of an address for an Internet site that is for a retail business.
.web:An ending of an address for an Internet site that is about the World Wide Web.
.ac:Top-level domain name for an educational network (same as .edu).
.ad:Andorra
.ae:United Arab Emirates
.af:Afghanistan
.ag:Antigua and Barbuda
.ai:Anguilla
.al:Albania
.am:Armenia
.an:Netherlands Antilles
.ao:Angola
.aq:Antarctica
.ar:Argentina
.as:American Samoa
.at:Austria
.au:Australia
.aw:Aruba
.az:Azerbaijan
.ba:Bosnia/Herzegovinia
.bb:Barbados
.bd:Bangladesh
.be:Belgium
.bf:Burkina Faso
.bg:Bulgaria
.bh:Bahrain
.bi:Burundi
.bj:Benin
.bm:Bermuda
.bn:Brunei Darussalam
.bo:Bolivia
.br:Brazil
.bs:Bahamas
.bt:Bhutan
.bv:Bouvet Island
.bw:Botswana
.by:1. Belarus 2. Byelorussia
.bz:Belize
.ca:Canada
.cc:Cocos Islands - Keelings
.cf:Central African Republic
.cg:Congo
.ch:Switzerland
.ci:Cote D’Ivoire, or Ivory Coast
.ck:Cook Islands
.cl:Chile
.cm:Cameroon
.cn:China
.co:Colombia
.cr:Costa Rica
.cs:Czechoslovakia (former)
.cu:Cuba
.cv:Cape Verde
.cx:Christmas Island
.cy:Cyprus
.cz:Czech Republic
.de:Germany
.dj:Djibouti
.dk:Denmark
.dm:Dominica
.do:Dominican Republic
.dz:Algeria
.ec:Ecuador
.ee:Estonia
.eg:Egypt
.eh:Western Sahara
.er:Eritrea
.es:Spain
.et:Ethiopia
.eu European Union
.fi:Finland
.fj:Fiji
.fk:Falkland Islands/Malvinas
.fm:Micronesia
.fo:Faroe Islands
.fr:France
.fx:Metropolitan France
.ga:Gabon
.gb:great Britain
.gd:Grenada
.ge:Georgia
.gf:French Guiana
.gh:Ghana
.gi:Gibraltar
.gl:Greenland
.gm:Gambia
.gn:Guinea
.gp:Guadeloupe
.gq:Equatorial Guinea
.gr:Greece
.gs:South Georgia and South Sandwich Islands
.gt:Guatemala
.gu:Guam
.gw:Guinea-Bissau
.gy:Guyana
.hk:Hong Kong
.hm:Heard and McDonald Islands
.hn:Honduras
.hr:Croatia/Hrvatska
.ht:Haiti
.hu:Hungary
.id:Indonesia
.ie:Ireland
.il:Israel
.in:India
.io:British Indian Ocean Territory
.iq:Iraq
.ir:Iran
.is:Iceland
.it:Italy
.jm:Jamaica
.jo:Jordan
.jp:Japan
.ke:Kenya
.kg:Kyrgyzstan
.kh:Cambodia
.ki:Kiribati
.km:Comoros
.kn:Saint Kitts and Nevis
.kp:North Korea
.kr:South Korea
.kw:Kuwait
.ky:Cayman Islands
.kz:Kazakhstan
.la:Laos
.lb:Lebanon
.lc:Saint Lucia
.li:Liechtenstein
.lk:Sri Lanka
.lr:Liberia
.ls:Lesotho
.lt:Lithuania
.lu:Luxembourg
.lv:Latvia
.ly:Libya
.ma:Morocco
.mc:Monaco
.md:Moldova
.mg:Madagascar
.mh:Marshall Islands
.mk:Macedonia
.ml:Mali
.mm:Myanmar
.mn:Mongolia
.mo:Macau
.mp:Northern Mariana Islands
.mq:Martinique
.mr:Mauritania
.ms:Montserrat
.mt:Malta
.mu:Mauritius
.mv:Maldives
.mw:Malawi
.mx:Mexico
.my:Malaysia
.mz:Mozambique
.na:Namibia
.nc:New Caledonia
.ne:Niger
.nf:Norfolk Island
.ng:Nigeria
.ni:Nicaragua
.nl:Netherlands
.no:Norway
.np:Nepal
.nr:Nauru
.nt:Neutral Zone
.nu:Niue
.nz:New Zealand (Aotearoa)
.om:Oman
.pa:Panama
.pe:Peru
.pf:French Polynesia
.pg:Papua New Guinea
.ph:Philippines
.pk:Pakistan
.pl:Poland
.pm:St. Pierre and Miquelon
.pn:Pitcairn
.pr:Puerto Rico
.pt:Portugal
.pw:Palau
.py:Paraguay
.qa:Qatar
.re:Reunion
.ro:Romania
.ru:Russian Federation
.rw:Rwanda
.sa:Saudi Arabia
.sb:Solomon Islands
.sc:Seychelles
.sd:Sudan
.se:Sweden
.sg:Singapore
.sh:Saint Helena
.si:Slovenia
.sj:Svalbard and Jan Mayen Islands
.sk:Slovakia
.sl:Sierra Leone
.sm:San Marino
.sn:Senegal
.so:Somalia
.sr:Suriname
.st:Sao Torme and Principe
.su:Former USSR
.sv:El Salvador
.sy:Syria
.sz:Swaziland
.tc:Turks and Caicos Islands
.td:Chad
.tf:French Southern Territory
.tg:Togo
.th:Thailand
.tj:Tajikistan
.tk:Tokelau
.tm:Turkmenistan
.tn:Tunisia
.to:Tonga
.tp:East Timor
.tr:Turkey
.tt:Trinidad and Tobago
.tv:Tuvalu
.tw:Taiwan
.tz:Tanzania
.ua:Ukraine
.ug:Uganda
.uk:United Kingdom
.um:U.S. Minor Outlying Islands
.us:United States
.uy:Uruguay
.uz:Uzbekistan
.va:Vatican City State
.vc:Saint Vincent and the Grenadines
.ve:Venezuela
.vg:British Virgin Islands
.vi:U.S. Virgin Islands
.vn:Viet Nam
.vu:Vanuatu
.wf:Wallis and Futuna Islands
.ws:Samoa
.ye:Yemen
.yt:Mayotte
.yu:Yugoslavia
.za:South Africa
.zm:Zambia
.zr:Zaire
.zw:Zimbabwe

**  ကိုကိုဇော် ( BE-EC )