Friday, January 17, 2014

Search Engine တစ်ခု ဘယ်လိုအလုပ်လုပ်လဲ














Internet Marketing /Onlie Marketing လုပ်သူများအနေနဲ့ ပထမ လေ့လာရမှာက Internet Search Engine ပါ။ ဒီတော့ တစ်လောက Entrepreneur နဲ့က ပက်သက်ပြီး ဆောင်းပါးများ ဆက်တိုက်ရေးခဲ့ပြီး အခုတော့ Internet Marketing နဲ့ ပက်သက်လို့ ဆက်တိုက် ရေးဖို့ စိတ်ကူးရလာပါတယ်။ ပထမဆုံး အနေနဲ့ Search Engine တစ်လုံး ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ လူတိုင်းနားလည်နိုင်မယ့် အသုံးအနှုန်း၊ ရှင်းပြပုံ ရှင်းပြနည်းများဖြင့်သာ တင်ဆက်ပါ့မယ်။


Search Engine ဆိုတာ

မြန်မာလို တိုက်ရိုက်ဘာသာပြန်တော့ ရှာဖွေသော အင်ဂျင်ပေါ့။ သို့ပေမယ့် Search Engine လို့ပဲ သိထားတာ ကောင်းပါတယ်။ သူက အပြင်လောကနဲ့ ဥပမာပေးရရင် တယ်လီဖုန်း လမ်းညွန်လိုပါပဲ။ ဘာပဲလိုလို စာအုပ်လေးလှန်ပြီး လိုချင်တဲ့ ဖုန်းနံပါတ်ကို ဆက်သလိုပေါ့။ သူကျတော့ ရှာချင်တာ အရာတစ်ခုခုကို စာလေးရိုက်ထည့်ပေးလိုက်ရင် သူ့ဘာသူ ရှာဖွေပေးသွားတဲ့ စနစ်ပါ။ အခုဆို အသံနဲ့ ရှာတဲ့ Voice Search တောင် အသုံးပြုနေကြပါပြီ။ ၁၉၉၀ နောင်းပိုင်းကာလ ကမ္ဘာပေါ်မှာ ဝဘ်ဆိုဒ် ၁၀ ဂဏန်းလောက် ရှိတုန်း က ကိစ္စမရှိဘူးလေ။ ဝဘ်ဆိုဒ် အရေအတွက် ရာဂဏန်းလေးလည်း ရှိလာတော့ ဝန်ဆောင်မှုပေးတဲ့ Search Engine အသေးစားများ ပေါ်ပေါက်ခဲ့တယ်။ နောက်တော့ တစ်နှစ်ကို ဝဘ်ဆိုဒ်ပေါင်း ထောင်ချီ၊သောင်းချီ ဆထပ်တိုးလာတဲ့ ခေတ်ကာလ အခြေအနေကိုရောက်တော့ လယ်ရီပေ့နဲ့ ဆာဂျီဘင်းတို့က စူပါဟီးရိုးများ ဖြစ်သွားပါတယ်။ Google ဆိုတဲ့ Search Engine တစ်ခုကို တီထွင်အောင်မြင်ခဲ့လို့ပေါ့။ နောက်တော့ Bing, Yahoo တို့အပြင် အခြားသော Search Engine ပေါင်းစုံ ပေါ်ပေါက် လာရ ပါတယ်။


Search Engine ဘယ်လို အလုပ်လုပ်လဲ

ကဲ။ လူတိုင်းစိတ်ဝင်စားတဲ့ အပိုင်းလေး တစ်ခုကို ရောက်လာပြီ။ ဒီတော့ Systematic ကျကျလေး ဖြစ်အောင် ခေါင်းစဉ်ငယ်ခွဲလေးတွေနဲ့ တစ်ဆင့်ချင်းဆီ ရှင်းပြသွားပါမယ်။


Web Crawling

Search Engine တွေမှာ ပင့်ကူမွေးထားပါတယ်။ Google ကတော့ သူ့ပင့်ကို Spider ကို Googlebot လို့ အမည်ပေး ထားတယ်။ အခြားတော့ ဘယ်လိုအမည်ပေးလဲ မသိပါဘူး။ ပင့်ကူလို့လည်းခေါ်သလို၊ စက်ရုပ်လို့ လည်းခေါ်ပါတယ်။ အမှန်တော့ စနစ်တကျ စီမံ ရေးဆွဲထားတဲ့ ပရိုဂရမ်တစ်ခုပါ။ တစ်စက္ကန့်ကို ဝဘ် စာမျက်နှာပေါင်း တစ်ရာကို လိုက်ဖတ်ပြီး ကူးနိုင်ပါတယ်။ ၂၄ နာရီ၊ တစ်စက္ကန့်တောင် မနားပဲ ပင့်ကူတွေ ဆက်တိုက်လွတ်ထားပါတယ်။ အင်တာနက်ဆက်ကြောင်း တစ်လျှောက် လျှောက်သွားပြီး အကုန် လိုက်ကူးပါတော့တယ်။ အဲ့ အခြေအနေကို Web Crawling လုပ်တယ်လို့ ခေါ်ပါတယ်။


Web Indexing

ပင့်ကူတွေက Crawling လုပ်တာတော့ ဟုတ်ပါပြီ။ Crawling လုပ်သမျှကို ဘာပြန်လုပ်သလဲဆို မေးစရာ ရှိပါိတယ်။ ဟုတ်ကဲ့။ ပင့်ကူတိုပ Crawl လုပ်လို့ရသမျှအချက်အလက်များကို Index အဖြစ် သိမ်းပါတယ်။ အလွယ်ပြောရရင် စျေးဆိုင်က ဘောင်ချာဖြတ်တဲ့အခါ မင်စာရွက်ခံထားတာကြောင့် ကော်ပီ ကျန်သလိုပေါ့။ ရှာသမျှ အချက်အလက်များကို Index file အနေနဲ့ ဆွဲယူပြီး Search Engine ထဲမှာ သိမ်းဆည်း ပါတယ်။ ဒါကြောင့်ပဲ Google ရဲ ့ Server က ကမ္ဘာ့အကြီးဆုံး Server ဖြစ်ရတာလေ။ Index file တစ်ခုကို ကီလိုဘိုက် လောက်သာ ရှိပေမယ့် တစ်ကမ္ဘာလုံးက ဖိုင်တွေ ဖြစ်နေတော့ လက်ရှိမှာ သန်း ၁၀၀ ကျော်တဲ့ ဂီဂါဘိုက်ကို သိမ်းဆည်းထားပါတယ်။ တစ်နှစ်တိုးလေ အချက်အလက်က ပိုများလေပါ။ ဒါကြောင့် Google ကလည်း Server ကို ထပ်ချဲ ့ရအုံးမှာပါ။ တစ်ဦးတစ်ယောက်က တစ်စုံတစ်ခုကို ရှာတွေ့ပြီဆိုရင် Index file ကိုရှာတွေလိုက်တာပါ။ ပြီးတော့ URL နဲ့ Direct လုပ်ပြီး ကိုယ်ရှာတဲ့ ဆိုဒ်ဆီကို အရောက်ပို့ပေး ပါတယ်။ တစ်ခါတစ်လေကျ ဆိုဒ်က ဒေါင်းနေရင် Google ကသိမ်းထားတဲ့ Cache file ကိုပဲ ခေါ်ကြည့်လို့ ရနိုင်ပါသေးတယ်။


Algorithms

မြန်မာလို ခပ်ရှင်းရှင်းဘာသာပြန်တော့ စီမံတကျ ရွေးဆွဲထားသော ပုံသေနည်း တစ်ခုပေါ့။ အမှန်တော့ ဒီအဆင့်မှာ Google က ရှာဖွေသူတွေအတွက် အလုပ်လုပ်ပေးရတဲ့ အဆင့် တစ်ခုပါ။ Indexing မှာ ပြောဖိုကျန်ခဲ့တယ်။ စပိုက်ဒါက စာဖတ်တဲ့အခါ တစ်လုံးမှ မချန်ဘူးနော။ html တွေကို လိုက်ဖတ်တာ။ ဖူးစတောက်၊ အပေါ်စတော်ပီက အစ တစ်လုံးမှ မချန်ဘူး။ ဘယ်စာလုံးလုံး ခပ်ကြီးကြီးရေးပြီး၊ ဘယ်စာလုံးကို ခပ်သေးသေး ရေးတယ်ဆိုတာကအစ ပါတယ်။ နည်းပညာဆန်ဆန်ပြောရရင် Meta Data , Keywork, Tagging တွေကိုလည်း လိုက်စုတယ်။ ဘယ်လိုပြောရမလဲဆိုတော့ ခများက ဘုရင်ကိုဆက်သဖို့အတွက် ပျားရည် လိုက်စုတဲ့သူ၊ ကျနော်က ပျားရည်ထုတ်သူ၊ ဘုရင်က တစ်နိုင်ငံလုံးမှာ ဘယ်ပျားရည် အကောင်းဆုံး ဖြစ်မယ်ဆိုတာ ရှာနေတာလေ။ ဒီတော့ ပုလင်းတွေတိုင်းမှာ ဘယ်အိမ်နံပါတ်၊ ဘယ်သူက ဖော်ဆက်ထားပါတယ်။ အချို့ အဓွန့်တက်တဲ့သူကျ ဘယ်လိုနည်းဘယ်လိုဟန်နဲ့ ဖော်ဆက်ထားပါတယ်။ အချိုု ့အဓွန့်ပိုတက်တဲ့သူကျ ဘုရင်ဖတ်ဖို့အတွက် ကဗျာလေးတောင် ပါလိုက်သေး။ အချို ့ကျတော့လည်း ဘာမှကို တပ်မထားပဲ အလွတ်ကြီးပေးလိုက်တယ်။ အဲဒါကျတော့ ဆက်သသူက အဆင်ပြေသလို အမည်ပေးပြီး သိမ်းရတာပေ့ါ။


ဆိုလိုတာက ဒီလိုပါ။ Search Engine က စာတွေ၊ Page တွေကို Scan ဖတ်ပြီး သိမ်းတဲ့အခါ ဖန်တီးသူတွေကို အခွင့်အရေးပေးပါတယ်။ ဘယ် စာလုံးကို ရှာတဲ့အခါ မင်း ဝဘ်ဆိုဒ်ကို မြင်စေချင်လဲ။ ဘယ် အကြောင်းအရာကို ရှာတဲ့အခါ မင်းဝဘ်ဆိုဒ်ကို မြင်စေချင်လဲ။ ဘယ်စာရေးဆရာကို သိစေချင်လဲ။ အစရှိသဖြင်ပေါ့။ နည်းပညာ ဆန်ဆန် ထပ်ပြောရရင် Title ကို အရင်သိမ်းတယ်။ ပြီးရင် စာပိုဒ်မှာပါတဲ့ အကြောင်းအရာထဲမှာ ခပ်များများ အသုံးပြုတဲ့ စကားလုံးကို သိမ်းတယ်။ အဲဒါက ပအပိုဒ်ကစလို့ပေ့ါ။နောက်ဆုံးပိတ်ပြီးတော့ အဲ့ဆိုဒ်ရဲ ့ URL ကို သိမ်းတယ်။ အဲ့ဒီမှာ ဆိုဒ်ဖန်တီးသူက Search Engine အတွက် (Search Engine Optimized) ဖြစ်ဖို့အတွက် ဘယ်စကားလုံလေးကို ရှာရင် ဒီ Title ကိုဆွဲပေးပါ။ အသုံးများတဲ့ ဟော်ဒီ Keyword လေးကို ယူပေးပါ။ လူရှာများတဲ့ ဟောဒီ Meta Data လေးကို သုံးပေးပါ။ အစရှိသဖြင့်ပေါ့။ အချို့က အဓွန့်တက်ပြီး ကဗျာရေးတယ်ဆိုတာ Search Engine က အဲ့လို အခွင့်ပေးထားတာတောင် စာပိုဒ်နဲ့ မဆီမဆိုင် စာသားတွေကို Meta Data ပေးထားတာတွေဆိုရင် အလိုအလျောက် remove လုပ်တဲ့ စနစ်ပါရှိပါတယ်။ဒီတော့ မော်တော်ယာဉ်တွေလိုပဲ Auto နဲ့ Manual နှစ်မျိုး အသုံးပြုဖို့အတွက် Search Engine က သင့် ဝဘ်ဆိုဒ်ကို Chance ပေးထားတယ်။


အိုကေ ပြောချင်တာက Algorithms။ အစောက Indexing မှာလည်နေဆဲ။ အခု ပြန်စမယ်။ Algorithm က Google က ပရိုဂမ်မာတွေရဲ ့ အပိုင်းဖြစ်သွားပြီ။ လက်ရှိ အသုံးပြုတဲ့ စနစ်ကတော့ ကိုယ်က တစ်ခုခုကို ရိုက်ပြီး ရှာလိုက်ရင် ပထမဆုံး ခေါင်းစဉ်ကို ပြတယ်။ ပြီးရင် URL ကိုပြတယ်။ ပြီးရင် ကိုယ်ရှာတဲ့ စကားလုံး အသုံးများတဲ့ စာပိုဒ်ကို စုပြီးဖော်ပြပေးတယ်။ အနည်းကနေအများလိုက် အဆင်လိုက်ကို ပြသတာပေ့ါ။ စာ၊ ဓာတ်ပုံ၊ ဗီဒီယို အပြင် အခြား သူတို့ သတ်မှတ်ထားတဲ့ Calculation format တစ်ခုနဲ့ ပြသတယ်။ ဒီမှာ တော်တော်များများထင်မှားနေတာ တစ်ခုရှိပါတယ်။ ငါသာ Google ကိုပိုက်ဆံ သွင်းထားရင် င့ါဆိုဒ်ကို ထပ်ဆုံးကနေ ပြမှာပဲလို့လေ။ ကျနော်လည်း ထင်ခဲ့တာပေါ့နော်။ အဲ့လိုသာ လုပ်ကြေးဆိုရင် ခများတို့ရော၊ ကျနော်တို့ပါ ကိုယ်လိုချင်၊မြင်ချင်တဲ့ ဆိုဒ်ကို ရှာတွေဖို့ မသေချာတော့ဘူး။ အထူးသဖြင့် မြန်မာပြည်လို ဆင်းရဲ ချမ်းသာကွာဟတဲ့ နိုင်ငံတွေမှာဆိုရင်ပေါ့။ ချမ်းသာသူတွေက ငွေသွင်းထားတာမို့၊ စာကောင်းကောင်းနဲ့ ကိုယ့်ဆိုဒ်ကို ဘယ်လောက်ပဲ ရေးရေး သူတို့ဆိုဒ်ကြီးပဲ ထိပ်ဆုံး တက်နေမှာပေါ့။

ဒါကြောင့် Google က သူတို့ရဲ့ Ads Policy မှာ Customer ရှာသမျှမထိရ ဆောင်ပုဒ်သုံးတယ်။ အိုကေ။ ဒါဆိုရင် Google Search Engine က ဘယ်ကနေ ငွေရသလဲလို့ မေးကြတော့မယ်။ လွယ်လွယ်လေးပါ။ ဘေး ဘာဘက်မှာ အလွတ်ကြီးလေ။ Search Bar ရဲ့အောက်မှာလည်း ကြော်ငြာထိုးတယ်။ ရံဖံရံခါပေါ့။ ရှာဖွေသူရဲ့ keywords ပေါ်မူတည်လို့ ကြော်ငြာထိုးတဲ့ စနစ်ကို အသုံးပြုစေတာပါ။ ဒါကြောင့် ကြော်ငြာက Search Engine ၁၀ ခါ သုံးမှ တစ်ခါတွေ့ရခဲခြင်းပါ။ သူကဒီလိုလေ။ IT Engineering လို တစ်ယောက်ယောက်က ရှာလိုက်ရင် သင့်ရဲ ့ အိုင်တီသင်တန်းကျောင်းကို လူသိစေချင်တာလား။ ဒါဆိုရင် အဲ့ ကီးဝေါ့နဲ့ ကြော်ငြာတွဲထားပေးမယ်။ ဘယ်နိုင်ငံကို ရည်ရွယ်လဲ၊ ဘယ် နှစ်ကြိမ်လဲ။ ဘယ်နှစ်ရက်လဲ အစရှိသဖြင့်ပေါ့။ Google Ads ကို မြန်မာပြည်မှာလည်း အေးဂျင့်တော်တော်များများ က တွင်တွင်ကျယ်ကျယ်လုပ်နေပြီ။ မကြော်ငြာသည် ဖြစ်သေ သွားမေးလို့ ကိုယ့်ကို မဖြေသူမရှိပါဘူး။ သူတို့တွေဆီ စာပို့ပြီး Google ကြော်ငြာအကြောင်း မေးနိုင် ပါတယ်။


Fighting Spam

တစ်ခုခုကို ရှာလိုက်တာတော့ မှန်တယ်။ သို့ပေမယ့် ရလာတဲ့ Result က ဗိုင်းရက်စ်ကြီးဆို ဘယ်လို လုပ်မလဲ။ ဟုတ်ကဲ့။ ဒါကိုလည်း Search Engine တိုင်းက ဖြေရှင်းပေးတယ်။ လေ့လာမိသလောက်ကတော့ ဘီပိုး ကာကွယ်ဆေး ထိုးသလိုပါပဲ။ Search Engine ဖန်တီးသူများက Spam ပြန်မွေးပါ တယ်။ Spy ပေါ့လေ။ ဘယ်စာမျက်နှာတွေ၊ ဝဘ်ဆိုဒ်တွေ၊ URL တွေက အတုအယောင် ဖြစ်တယ်။ ဘယ်ဆိုဒ်ကတော့ အဟက်ခံထားရတယ်။ ဘယ်ဆိုဒ်ကတော့ ဗိုင်းရက်စ်တွေ အပီလွတ်နေတယ်။ ဒါကိုအမြဲ စုံစမ်းထောက် လှမ်းဖို့ အတွက် Pure Spam တွေတောက်လျှောက် လွတ်ထားတယ်။


Policies

ပေါ်လစီဆိုတဲ့ ခေါင်းစဉ်အောက်ကို ရောက်လာပြီ။ Global Policy နဲ့ Local Policy ဆိုပြီးတော့ ထပ်ခွဲတယ်။ ပြီးတော့ Company Policy , Country Policy ဆိုပြီးထပ်ကွဲသေးတယ်။ ကုမ္မဏီကတော့ ရှင်းတယ်လေ။ သူတို့ထုတ် တဲ့ Search Engine ကို အသုံးပြုနိုင်မှုနဲ့ ပက်သက်လို့ အမြင့်ဆုံးသော ဝန်ဆောင်မှု ပေးနိုင်အောင် ကြိုးစားနေတာ။ လွတ်နိုင်သလောက် လွတ်မှာပဲ။ သို့ပေမယ့် နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံမှမတူတာ။ ၁၈ နှစ်အော်က မကြည့်ရ ဆိုဒ်တွေကို ရှာမတွေ့ဖို့အတွက် အချို ့နိုင်ငံမှာ ပိတ်ပင်ထားတာမျိုး၊ ဘယ် အကြောင်းအရာ နဲ့ ပက်သက်ပြီးတော့ ရှာမတွေ့အောင် လုပ်ထားတာမျိုး၊ အဆိုးဆုံးအနေနဲ့ Search Engine တစ်ခုလုံးကို အသုံးပြုလို့မရအောင် ပိတ်ဆို့လိုက်တာမျိုး အစရှိသဖြင့်ပေါ့ ပေါ်လစီကလည်း သတ်မှတ်ရသေးတယ်။


အနှစ်ချုပ်

ဒီတော့လေ။ Search Engine တစ်ခုလုပ်ဖို့ဆိုတာ မလွယ်ကြောင်း သိ သွားရတာပေါ့။ အခု ရှင်းပြချက်က သာမန် လူတောင် သိဖို့ကောင်းတဲ့ အခြေခံ အချက်တွေပါပဲ။ အထူးသဖြင့် အွန်လိုင်းမာကဲတင်း၊ အွန်လိုင်း စျေးကွက် ချဲ ့ထွင်ရေးလုပ်လိုသူတွေ အခြေခံအားဖြင့် သိရမယ့် အရာတွေပေါ့။ ကိုယ်တွေက ဝဘ်ဆိုဒ်ထောင်ပြီ။ သို့ပေမယ့် ဒီဝဘ်ဆိုဒ် လူသိအောင်က Search Engine မှာ အလွယ်တကူ ရှာတွေဖို့ လိုပြီလေ။ ဆိုဒ်ကို လူအရောက်အပေါက်များဖို့ လိုလာပြီလေ။ အဲ့ဒီကျရင် ခေါင်းစား ရတော့မှာပေ့ါ။ SEO content တွေ ဖန်တီးရမယ်။ backlink တွေတည်ဆောက်ရမယ်။ ပြောမကုန်အောင် လုပ်ရမယ့် Step တွေက အများကြီး။ အကြမ်းပဲ ရှိသေးတာ အသေးစိတ်ရေးနေရင် ရှည်နေမှာစိုးလို့ပါ။ ဟောဒါက Search Engine တစ်လုံး အလုပ်လုပ်ပုံပဲ ရှိသေးတယ်။ ကျနော်မောင်အောင်ခမ်းရဲ့နောက်ဆက်တွဲ ဆောင်းပါးများကို စောင့်ဆိုင်း ဖတ်ရှုနိုင်ပါတယ်။

Ref: hotstuffwork, Google official

အောင်ခမ်း (TSJ Team)


<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )   www.htarwaiethar.blogspot.com

1 comment: