Sunday, March 2, 2014

တစ်ကမ္ဘာလုံး အင်တာနက် အခမဲ့ သုံးနိုင်တော့မည်






















အမေရိကန်နိုင်ငံ နယူးယောက်အခြေစိုက် Media Development Investment Fund (MDIF) လုပ်ငန်း သည် အာကာသအတွင်းသို့ ရေဒီယိုလှိုင်းလွှင့်တုံးလေးများ လွှတ်တင်ရန် ကြိုးပမ်းလျက်ရှိပြီး အဆိုပါ လှိုင်း လွှင့်တုံးလေးများသည် ကမ္ဘာပတ်လမ်းကြောင်းအတွင်း လှည့်ပတ်၍ နေရာလပ် မကျန်အောင် အင်တာ နက်စနစ် ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကြံရွယ်ထားသည့် အစီအစဉ် အောင်မြင်မည်ဆိုပါက ၂၀၁၅ ဇွန်လခန့်ကစပြီး အာကာသထဲမှ ထုတ်လွှတ်သော အင်တာနက်စနစ်ကို တစ်ကမ္ဘာလုံး အသုံးပြုနိုင်ဖွယ်ရှိကြောင်း သိရသည်။ ကမ္ဘာပတ် လမ်းကြောင်းအတွင်း လွှင့်တင်ထားသော ရေဒီယိုလှိုင်းလွှင့်တုံးလေးများသည် မြေပြင်စခန်းမှ ထုတ်လွှတ် လိုက်သော အင်တာနက် သတင်းအချက်အလက်များကိုဖမ်းယူကာ လှိုင်းလွှင့်တုံးအချင်းချင်း အပြန်အလှန် ပေးပို့နိုင်သလို မြေပြင်မှ အင်တာနက် သုံးသူတိုင်းထံသို့လည်း ၀ုိင်ဖိုင်လှိုင်းဖြင့် တိုက်ရိုက် ပေးပို့နိုင်မည် ဖြစ်သည်။

Outernet စနစ်သည် ကမ္ဘာပတ်လမ်းကြောင်းမှတစ်ဆင့် တစ်ကမ္ဘာလုံးသို့ ထုတ်လွှတ်သော ၀ုိင်ဖိုင် အင်တာနက်စနစ် ဖြစ်သောကြောင့် မည်သူမဆို အသုံးပြုနိုင်မည် ဖြစ်သည်။ အင်တာနက်ကို ကန့်သတ် ပိတ်ပင်ထားသည့် တရုတ်၊ မြောက်ကိုရီးယား စသည့် နိုင်ငံများမှပင် အပိတ်အပင်မရှိဘဲ အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ အခမဲ့လည်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်အထိ ကမ္ဘာ့လူသား ၆၀ ရာခိုင်နှုန်းသာ အင်တာနက်ကို လက်လှမ်းမီသေးကြောင်းလည်း စာရင်းများအရ သိရသည်။MDIF သည်Outernet စနစ် နမူနာများကို ယခုဇွန်လ၌ ကမ္ဘာပတ်လမ်း ကြောင်းသို့ လွှတ်တင်နိုင်ရန် စီစဉ်ထားပြီး စက်တင်ဘာလတွင် နိုင်ငံတကာအာကာသစခန်း၌Outernetနည်းပညာကို စမ်းသပ်ရန် နာဆာထံက ခွင့်ပြုချက်ရလိမ့်မည်ဟု မျှော်လင့်ရသည်။

Ref : Mizzima


ကို၀င်း ဆီက မလာတာ ဖြစ်ပါတယ်။

Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )   www.htarwaiethar.blogspot.com

0 comments:

Post a Comment