Saturday, February 1, 2014

အခြေခံ Facebook Account လုံခြုံရေး

















မင်္ဂလာပါ မိတ်ဆွေများ။ဒီပို့စ်ကိုကျနော်အကျယ်တဝင့်နှစ်ခါရေးဖူးပါတယ်။ကြာပြီဆိုတော့ပို့စ်အဟောင်းက ပြန်ရှာလို့မရတော့ဘူး။ဒီတော့ အသစ်ပဲပြန်ရေးလိုက်ပါတယ်။အကျဉ်းချုံးပေါ့။တတ်သမျှ မှတ်သမျှ နဲ့ ပညာရှင်တွေပြောပြသမျှ လေးပါ။ကျနော်ပညာရှင်မဟုတ်ပါဘူး။တတ်သမျှလက်ဆင့်ကမ်းပေးတာပါ။အခုတလော ကျနော့်မိတ်ဆွေတွေရဲ့FB အကောင့်တွေပျက်လာတာများလာတယ်။လော့ကျတာ ဟတ်ခံထိတာ များလာတယ်။အကောင့်ပျက်တာနဲ့လော့ကျတာက ရှင်းရှင်းပြောရ ရင် ကိုယ်တိုင်မသိ မတတ်တာတွေရှိလို့ပါ။Hack ခံထိတာက ယုတ်မာခံရတာပါ။ ဒီတော့ကာ ဒီပြသနာတွေကိုဖြေရှင်းဖို့ ကာကွယ်ဖို့ နည်းလမ်းလေးတွေကို လက်ဆင့်ကမ်းပေးပါမယ်

ဘယ်နည်းနဲ့ပဲပျက်ပျက် ပျောက်ပျောက် အဓိကကျတာက Fb ဖွင့်ရာမှာ သုံးတဲ့ Email ပဲ။ email ဆိုတာ ဥပမာ abcdefg123@gmail.com ဒါမှမဟုတ် gjcsryuudhnid6678@hotmail.com စသဖြင့် @email.com ပါတာကိုဆိုပါတယ်။ကနဦး Facebook user တွေသိပ်နားမ လည်ဘူးဖြစ်တတ်ကြပါတယ်။မြန်မာပြည်မှာတော့ Gmail ပဲအသုံးများပြီး hotmail နဲ့ yahoo က ဒုတိယလိုက်ပါတယ်။ကျန်တာတွေသုံးတာ သိပ်မတွေ့ရသလောက်ပါ။ထားတော့။အဲ့ဒီ Email ဟာ Fb မှာအရေးအကြီးဆုံးပဲ။Facebook မှာ အကောင့်ဖွင့်ရင် အီးမေးတစ်ခုက facebook ကိုပြရတယ်။အဲ့ဒီ email ကိုပဲ Facebook က ပြသနာရှိသမျှ စုံစမ်းလိုသမျှ မေးလိုသမျှ မေးခွန်းတွေပို့တယ်။အကောင့်တွေပျက်တာက Facebook က ကိုယ်တိုင်အကောင့်ကိုဖျက်ပစ်တာ အတော်ရှားတယ်။Report တင်ခံရတာမျိုးပေါ့။ဒါလည်းမေးပို့တာပါပဲ။ပိုင်ရှင်သိအောင်ပေါ့။အကောင့်ဆိုတာ ကိုယ်တိုင်ဖျက်မှပဲ ဖျက်တာက များပါတယ်။

၁ ။အဲ့ဒီတော့ Facebook မှာသုံးတဲ့ email address ကို ကိုယ်တစ်ယောက်သာသိပါစေ။ gtalk လို ပြောချင်ရင် အခြားEmail တစ်ခု ထပ်ဖောက်ပြီးသုံးပါ။ Fb မှာသုံးတဲ့ အီးမေးကိုတော့ ဘယ်သူ့ကိုမှပေးမသိပါနဲ့။အရေးကြီးပါတယ်။သိပြီးသွားပြီဆိုရင် Facebook မှာသုံးတဲ့ email ကိုပြန်ချိန်းပါ ။ချိန်းနည်းကို အပိုဒ်တစ်ခုနဲ့ထပ်ပြောပေး ပါမယ်။

၂ ။ Facebook password ကိုရော အခုနတင်ပြခဲ့တဲ့ fb မှာသုံးတဲ့ email ရဲ့ password ကိုရော မြန်မာလိုပဲပေးပါ မှတ်မိလွယ်တဲ့စာကြောင်း တစ်ခုနဲ့ပေးပါ။ဥပမာ ပြညါသာယာအေးချမ်းမှတိုးတက်ပါမယ် ကျနော်ကားပဲခူးသားဖြစ်၏ ကျနော့်ချစ်သူမှာကျနော်အချစ်ဆုံးသာဖြစ်၏ စသဖြင့်ပေါ့ အဲ့ဒီလိုပေး။ password ဖော်တာက keylogger နဲ့ဖော်တယ် gmail password hacker နဲ့ gmail password မှန်သမျှပေါ်တယ် အခု ၂၀၁၂ နောက်ပိုင်း keylogger တချို့ဆို စပေ့ဘားတို့ symbol တို့ ဥပမာ $&:"'/.:&'=(37'% ဒါတွေပါ ဖော်လို့ရလာတယ် ဒါပေမဲ့ မြန်မာဖောင့်ကိုဖော်နိုုင်တဲ့ keylogger သိရသလောက်မပေါ်သေးဘူး ။ပညာရှင်ကြီးတွေဆိုရင်တော့မပြောတတ်ဘူးပေါ့။ဒါပေမဲ့မြန်မာလိုပေးတာသည် လက်ရှိစိတ်အချရဆုံးပါပဲ။hack ဖို့လုံးဝ လုံးဝမလွယ်ပါ ။password မှန်ရင်မြန်မာလိုသာပေးပါ။ဒါပေမဲ့ မှတ်မိဖို့ လုံးဝမလွဲဖို့တော့အရေးကြီးတယ်။

၃ ။ Facebook မှာ ဒီနေ့ ် မြန်မာနိုင်ငံမှာ ဒီအကောင့်ကိုသုံးပြီး နောက်တနေ့စင်္ကာပူမှာသုံးပြီးဆိုရင် location ကွာခြားမှုကြောင့် မေးခွန်းတွေမေးလာတတ်ပါတယ်။ဒါလည်းနည်းသိသူအဖို့ သိပ်ပြသနာမရှိပါဘူး။fb မှာသုံးတဲ့ email ကိုပဲ မေးတွေ link တွေပို့တာမို့ ကိုယ်သုံးတဲ့email ကိုယ့်လက်ထဲရှိနေသရွေ့ မပူရပါဘူး။အဲ အီးမေး password မမှတ်မိရင်တော့ ပြသနာရှိပါတယ်။

၄ ။ password တွေသူများနောက်ပါတာ အများအားဖြင့် သူများဆိုင်မှာ သုံးတဲ့လူတွေများတယ်။ဂရုစိုက်ပါလို့ပဲ မှာနိုင်ပါမယ်။system unit ပုံးနောက်မှာ သံသယဝင်စရာ အပိုတစ်ခုခု တွေ့မြင်နေကျမဟုတ်ပဲရှိနေရင် သတိပြုပါ ။task manager ခေါ်ပြီးစစ်ကြည့်လို့ malware တွေ spyware တွေရှိနေရင်လည်း မသုံးသင့်ဘူး။ဒီsoftware တွေနဲ့ပတ်သတ်လို့ ကျနော်လည်းမကျွမ်းကျင်ပါဘူး။ဒါ့ကြောင့် အကောင်းဆုံးအကြံပြုချင်တာ ကတော့ ကိုယ့်ဖုန်းနဲ့ကိုယ် ကိုယ့်စက်နဲ့ကိုယ်က စိတ်အချရဆုံးပါ ။ဆိုင်မှာသုံးမယ်ဆိုရင်လည်း လုံးဝကိုယ်စိတ်ချရတဲ့အတွင်းသိ အစင်းသိဆိုင်မျိုးမှာပဲသုံးပါ။

၅ ။ facebook မှာ ကြော်ငြာတွေ link တွေအများကြီးပေးတတ်ပါတယ်။ link တွေ့တိုင်း လျှောက်မနှိပ်ပါနဲ့ လိုက်မဝင်ပါနဲ့ တခါတလေမှာ အဲ့ဒီlink တွေက ထောင်ချောက်တွေဖြစ်တတ်ပါတယ်။သတိပြုပါ။ username တွေ password တွေတောင်းလာရင်လည်း ကိုယ် broswer ကနေဝင်တာမှန်တယ်ဆိုရင်ထပ်မပေးပါနဲ့ အယောင်ဆောင်Facebook page တွေအများကြီးရှိတယ်။ အသာလေးကိုယ့်အကောင့်ကိုမသွားလိမ့်မယ်။ကိုယ်မသိတဲ့ မသေချာတဲ့ link ဆိုရင် လိုက်မဝင်တာ စိတိအချရဆုံးပါပဲ။ ပါသွားရင်တော့ ကျနော်ကနဦးပြောတဲ့ email ကနေပဲပြန်လိုက်ရမှာပဲ။ email ပါမရှိတော့ရင်တော့ ဘာမှမတတ်နိုင်တော့ပါဘူး။

၆ ။ ကိုယ့်အကောင့် report တင်ခံထိရင် ခင်မင်ရတဲ့သူငယ်ချင်းတွေကိုအကူအညီတောင်းပါ။တခြားကိုယ်မသိတဲ့ friend မဟုတ်တဲ့ လူတွေကို ကိုယ့်အကောင့်ဆီ add ခိုင်းပါ။add တာများလာရင် report ကို facebook ကမစဉ်းစားတော့ဘူး။အဲ post တွေ report ထိတယ်ဆိုရင် အဲ့ဒီပို့စ်ကိုဖျက်ပါ။မဖျက်ရင် အကောင့်မှာ အန္တရယ်ရှိတယ်။report တွေများလာရင်တော့ အကောင့်တော့ပျက်ဖို့နီးနေပြီမှတ်ပါ။post ကိုမဖျက်ချင်ရင်တော့ သူငယ်ချင်းတွေကို အကူအညီတောင်းပြီး like လုပ်ခိုင်း share လုပ်ခိုင်းပါ ။များလာရင် အဲ့ဒီ report တွေက ပျက်ပျယ်တယ် ။မစဉ်းစားတော့ဘူး။

၇ ။ ဒါက Nationalism fighter တွေအတွက်ပါ ။ ပြိုင်ဘက်တွေ ရန်သူတွေရဲ့ page တွေက ban တာခံရ ရင် တခြားအကောင့်သစ်တွေနဲ့like လုပ် ထပ်ဝင်ပြီးတွယ်ပါ။အရင်လူမှန်းတော့မသိစေနဲ့ပေါ့။အခုက ban ခံလိုက်ရတာနဲ့ဆက်မဖိုတ်တော့ဘူး။ တခြားအကောင့်နဲ့တွယ်ပါ။ထပ်ban ရင် တခြားအကောင့်တစ်ခုနဲ့ထပ်တွယ်ပါ ။ဒါက အကြံပေးတာပါ။

၈ ။ ကိုယ့်ဝေါကိုယ်သွားပါ။about ဆိုတဲ့အကွက်တစ်ကွက်ရှိတယ် ။နှိပ်ပြီးဝင်ပါ။အဲ့ဒီမှာ contact info ဆိုတာကို ထပ်နှိပ်ဝင်ပါ။အကောင့်ဖွင့်တုန်းက ပေးထားသမျှ ထပ်ပြီးသွင်းထားသမျှ အချက်အလက်တွေ ဥပမာ ဖုန်းနံပါတ် လိပ်စာ ကိုယ်ရေးအချက်အလက်တွေ စတာတွေတွေ့ရမယ်။ အကုန် သော့လိုက်ခတ်ပါ။သော့ခတ်နည်းက ဆိုင်ရာ box ကလေးတွေရဲ့ညာဘက် အပေါ်ဒေါင့်မှာ ကမ္ဘာလုံးပုံ(public) တွေ့လိမ့်မယ်။အဲ့ဒါကို only me (သော့ခလောက်) ပုံစံပြောင်းပါ။အဲ့ဒီတစ်မျက်နှာလုံး ခတ်နိုင်သမျှအချက်အလက်တွေလိုက်ခတ်ပါ။အဲ့ဒီအချက်တွေက သူများမသိလေကောင်းလေပဲ။

၉ ။ အဲ့ဒီ contact info စာမျက်နှာမှာဖုန်းနံပါတ် box ကလေးရှိတယ်။အဲ့ဒီထဲကိုထပ်ဝင်ပါ။Add gmail ဆိုတဲ့box ရှိပါတယ်။အဲ့ဒီbox မှာ ကိုယ်မသုံးတဲ့gmail အသစ်တစ်ခုကို ပေါင်းပါ။ တတ်နိုင်ရင် နှစ်ခုပေါင်းပါ။ ဒါဆို အကောင့်ခိုင်မာမှုအတွက်စိတ်ချရပါတယ်။ပထမသုံးထားတဲ့email အခိုးခံရ ရင်တောင် ဒုတိယမေး တတိယမေးနဲ့ပြန်လိုက်လို့ရပါတယ်။အဲ့ဒီမှာပဲ Facebook မှာသုံးတဲ့ email ကို အခြားကိုယ်ထားချင်တဲ့ email နဲ့ပြန်ချိန်းထားခဲ့ပါ။box တစ်ခုထဲမှာပဲဖြစ်ပါတယ်။

၁၀ ။ facebook မှာ friend request ပို့တိုင်းမကောင်းဘူး။ request ပို့တာများလာရင် တစ်လလောက် request အပိတ်ခံရတတ်တယ်။like လုပ်ကောင်းတိုင်းမလုပ်ပါနဲ့။တအားများသွားရင် like အပိတ်ခံရတတ်တယ်။မသုံးပဲ ပစ်မထားနဲ့။၃ လကျော်ရင် အကောင့်အဖျက်ခံရတတ်တယ်။ဆိုင်တွေမှာသုံးချိန် password ကိုမေ့မကျန်ခဲ့စေနဲ့။သေသေချာချာ sign out လုပ်။အကောင့်တစ်ခုတည်းကို နေရာနှစ်ခုက တပြိုင်နက် မသုံးမိစေနဲ့။အကောင့်သစ်ဖွင့်ရာမှာ securtiy question တွေအကုန်ဖြည့်။မေးသမျှ တတ်နိုင်သမျှဖြေ။မပျင်းနဲ့။skip မလုပ်နဲ့။အဲ့ဒီအချက်ဟာ အကောင့်ခိုင်မာမှုအတွက် အထာက်အကူပြုတယ်။

၁၁ ။ account setting မှာ security ဆိုတာရှိတယ်။sequrity question သက်မှတ်ထား။ အဲ့ဒီ မှာ trusted friend သတ်မှတ်ထား။အပြင်မှာသိတဲ့ အလွယ်ဆက်သွယ်နိုင်တဲ့သူငယ်ချင်းတွေကိုပဲထား။၃ ယောက်ကနေ ၅ ယောက်အထိထားရတယ်။အကောင့်hack ခံရ ရင် ကိုယ်က facebook ကို အကြောင်းကြားတာနဲ့ code တွေကို အဲ့ဒီ friend တွေဆီပို့ပေးလိမ့်မယ်။ပြန်တောင်းပြီးမေးလာရင်ဖြည့်ပေးရတယ်။ကိုယ်နဲ့စကားပြောဖူးတဲ့ ရင်းနှီးဖူးတဲ့လူတွေရဲ့ profile ပုံတွေတတ်နိုင်သမျှမှတ်ထား ။နာမည်တွေလည်းတတ်နိုင်သမျှမှတ်ထား။အကောင့်Hack ခံရတဲ့အခါ facebook က ပြန်ရွေးခိုင်းတတ်တယ်။ ်

ကဲ ကျနော့်ရဲ့ မိတ်ဆွေများ ကျနော်လည်းခနခနhack ခံထိဖူးလို့ ပညာရှင်တွေလိုက်မေးရင်းနဲ့သိလာတာပါ။အထက်ကဟာမှန်သမျှကို လုပ်ရင်း လုပ်ရင်း အကောင့်က မာသည်ထက်မာလာတာပါ။လုံခြံုသည်ထက်လုံခြံုလာတာပါ။ကျနော်တင်ပြသမျှကိုသာ မချွင်းမချန်လုပ်ရင် ဂရုစိုက်ရင် ၉၀ % ထိအာမခံပါတယ်။လုံခြံုပါလိမ့်မယ်။ကျန်တဲ့ ၁၀ %က ပညာရှင်စစ်စစ်တွေပေါ့။ Hack ခံထိရင်လည်း emailသာ လက်ထဲရှိပါစေ။ပြန်ယူနိုင်ပါတယ်။ ယူသွားနိုင်လည်းခနပါပဲ။
အားလုံးပဲ ကျေနပ်ပျော်ရွှင်နိုင်ကြပါစေ

ထွန်းသစ်
အသင်းတာဝန်ခံ/ရန်ကုန်
အမျိုးသားရေးမြန်မာလူငယ်များအသင်း
National Myanmar Youths


ကိုမြတ် (BE-Mechatronics)    http://www.mcmyatkyawthu.blogspot.com/

0 comments:

Post a Comment