Friday, March 28, 2014

ကိုယ်ပိုင် Email ဆိုတာ



















မေး။ ။ ဘာလဲဗျ ကိုယ်ပိုင် Email ?
ဖြေ။ ။ ဒီလိုလေဗျာ၊ ခင်ဗျား Email သုံးတယ် မဟုတ်လား။ ခင်ဗျား Email လိပ်စာရဲ့ နောက်မှာ @gmail.com ဆိုတာသိမှာပေါ့။ ကျွန်တော်ပြောတာက @companyname.com ဆိုတာမျိုးဗျ။

မေး။ ။ ခင်ဗျားကလဲ ဘာများ ကွာမှာ မို့လို့လဲ ?
ဖြေ။ ။ ကွာသပေါ့ ကိုယ့်လူ၊ စဉ်းစားကြည့်လေဗျာ။ ခင်ဗျား လူတိုင်း သုံးလို့ရနေတဲ့ email သွားစကားပြောရင် ခင်ဗျား ပြောတာ ကုမ္ပဏီကလို့ ယုံပါ့မလား။ ခင်ဗျားပဲ စဉ်းစားကြည့်လေ နိုင်ငံခြားက ကုမ္ပဏီ အကြီးကြီး တစ်ခုက ခင်ဗျားကို hp@gmail.com ဆိုတာ HP Company ကြီးပါလို့ ခင်ဗျား ရော ယုံမလား။ mr.smith@hp.com ဆိုတာမျိုးက ကြည့်လိုက်တာနဲ့ အထင်ကြီးဖို့ မကောင်းဘူးလား။

မေး။ ။ ညွှန်းတာတော့ ကောင်းသဗျ၊ gmail လဲ အလုပ်ဖြစ်နေတာပဲဗျာ။ ခင်ဗျားပြောတဲ့ ကိုယ်ပိုင် ဒိုမိန်း .com နဲ့ Email ဆိုတာကြီးက အလုပ်ရှုပ်က ရှုပ်သနဲ့ ?
ဖြေ။ ။ ကိုယ့်ဆရာရယ် အလုပ်လုပ်ပြီ ဆိုမှတော့ တကယ်လိုအပ်တယ်ဆို၊ မတတ်နိုင်ဘူးလေ အားစိုက်ရမှာပေါ့။ ဒါပေမယ့် စိတ်မပူပါနဲ့၊ ခင်ဗျား Gmail သုံးနေကျ အတိုင်းသုံးလို့ရအောင် လုပ်လို့ရတယ်ဗျ။ အရင်တုန်းကတော့ ကျုပ်တို့ ဆီမှာ email စျေးကြီးလို့၊ ပိတ်ထားလို့ Gmail သုံးနေရတယ်ဆိုတာ နိုင်ငံခြားကလူတွေက သိသဗျ၊ အခုမတူတော့ဘူးနော်။ စဉ်းစားကြည့်လေဗျာ ခင်ဗျား Travel & Tour Company နာမည်က ရွှေမြန်မာ ဆိုပါစို့။ shwemyanmar@gmail.com ဆိုပြီး ခင်ဗျားက စျေးနှုန်းနဲ့ လိပ်စာပို့လိုက်တယ်။ နောက်တစ်ယောက်က shwemyanmar01@gmail.com ဆိုပြီး သူ့ရဲ့ စျေးနှုန်းနဲ့ လိပ်စာပို့လိုက်တယ်။ ခင်ဗျားဆီက စျေးဝယ်မယ့်သူ အတွက် ခင်ဗျားအပေါ် ယုံကြည်မှု ဘယ့်လောက်များ နည်းသွားမလဲ ဆိုတာ။ စိတ်မဆိုးနဲ့နော် စေတနာနဲ့ ပြောတာ။

မေး။ ။ အေးပါ၊ ဟုတ်ပါပြီ။ ဒါလဲ ဟုတ်တော့ ဟုတ်တာပဲ။ ဒါနဲ့ မရှင်းတာက ခင်ဗျားပြောတဲ့ ကိုယ်ပိုင်ဒိုမိန်း .com နဲ့ email ဆိုတာက ဘယ်လိုမျိုးကွာလို့လဲ ?
ဖြေ။ ။ ကွာပြီလား ဆရာရယ်၊ ခင်ဗျား နာမည် မောင်မောင် ဆိုတော့ mgmag@shwemyanmar.com ဆိုပြီး ဖြစ်သွားမှာလေဗျာ။ ခင်ဗျား အမျိုးသမီး နာမည် လှလှ ဆိုတော့ hlahla@shwemyanmar.com ဆိုပြီး ရမှာလေ။ အကွာဆုံးကိစ္စ ပြောပြမယ် ခင်ဗျား မလုပ်ပေးပဲနဲ့ နောက်ထပ် myamya@shwemyanmar.com ဆိုပြီး ဘယ်သူမှ လုပ်လို့မရဘူး။ အရှင်းဆုံး ပြောရရင် ခင်ဗျားမှာ ကိုယ်ပိုင် ဒိုမိန်း .com ရှိတယ် ဆိုတာနဲ့ တခြားလူတွေ ခင်ဗျားဆီကလို့ အယောင်ဆောင်လို့ မရတော့ဘူး။ ကဲ မကွာလားဗျာ၊ မကောင်းလားဗျာ။

မေး။ ။ ခင်ဗျား အပြောကတော့ ကောင်းတယ်၊ စျေးကြီးတယ်ဗျ၊ ပြီးတော့ ကျုပ်လဲ လုပ်တတ်တာမဟုတ်ဘူး။ ရှပ်တယ်ဗျာ လုပ်ရတာ ?
ဖြေ။ ။ အရင်တုန်းကလို စျေးကြီးတယ် အောက်မေ့လို့လား။ ခင်ဗျား အတွက် ကိုယ်ပိုင် .com နဲ့ email အကောင့် သုံးချင်သလောက် သာသုံး တစ်နှစ်ကို ငါးသောင်း ကိုးထောင်ဗျာ၊ တစ်လကို လေးထောင့် ကိုးရာ၊ တစ်ရက်ကို ၁၆၃ ကျပ်။ ကဲ မတန်လားဗျာ။

မေး။ ။ ဟုတ်ပါပြီဗျာ၊ ခင်ဗျားရုံးကို ဘယ်လို ဆက်သွယ်ရမလဲ ?
ဖြေ။ ။ လိပ်စာ ပြောလိုက်မယ်ဗျာ၊ အမှတ် ၃၅ (ဒုတိယထပ်)၊ ၁၁ လမ်း (အလယ်ဘလောက်)၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့တဲ့ဗျာ။ ဖုန်းနံပါတ်က 01-1221 325 (ဒါမှမဟုတ်) 09-250000892 ဆက်လိုက်ပါဗျာ။ ဒါနဲ့ ကျွန်တော်တို့ email က sales@orgnima.com ပါဗျာ။


Credit:: Facebook


Posted By

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

0 comments:

Post a Comment