Sunday, December 22, 2013

အင်တာနက်လိုင်း မကောင်းလည်း Facebook မြန်မြန်သုံးရန်နည်းလမ်း


















အင်တာနက် လိုင်းမကောင်းလို့ Facebook ပေါ် တက်မရဘူးလို့ ဆိုကြ ပါတယ်။ ရပါတယ်။ ဖြစ်အောင်လုပ်ရင်ရပါတယ်။ သို့ပေမယ့် အောက်ပါ လခ့်များကို အသုံးပြုဖို့တော့ လိုအပ်ပါတယ်။

မိုဘိုင်းဗားရှင်း

မိုဘိုင်းဗားရှင်းပါ။ Facebook က မိုဘိုင်း Platform အတွက် ထုတ်ထားတဲ့ Facebook ဖြစ်ပေမယ့် Desktop PC တွေမှာလည်း အသုံးပြုလို့ ရပါတယ်။ m.facebook.com လို့ရိုက်လိုက်ရင် Width သေးသေးနဲ့ News Feed တွေကို အလွယ်တကူ မြင်တွေ့ နိုင်မှာ ဖြစ်ပါတယ်။ Status တွေ၊ ပုံတွေလည်း တင်လို့ ရပါတယ်။

https://lite.facebook.com/

https://touch.facebook.com/

touch က Tablet ဗားရှင်း ဖြစ်ပါတယ်။ သူနဲ့လည်း Facebook ကို အလွယ် တကူ ဝင်နိုင်ပြီး News Feed တွေဖတ်မယ်။ Status တွေတင်မယ်။ ပုံတွေ တင်လို့ ရပါတယ်။

https://upload.facebook.com/

ဒါကတော့ Page Admin များအတွက်ပါ။ ဒီတစ်လော အင်တာနက်လိုင်း ကျလွန်းလို့ ပုံတွေ တင်လို့ မရဘူးလို့ ဆိုကြပါတယ်။ ရပါတယ်။ upload.facebook.com ကို URL မှာ ရိုက်ပြီး ဝင်တဲ့အခါ Wall photo ပဲ ဖြစ်ဖြစ်၊ Create Album ပဲ ဖြစ်ဖြစ် အလွယ်တကူ တင်လို့ ရပါတယ်။

ပို့စ်အသစ်တင်ဖို့ နည်းလမ်းတွေရှာရင်း တွေ့ရှိထားတဲ့ အသုံးပြုနည်းလမ်း တွေမှာ အားလုံး အဆင်ပြေမယ်လို့ မျှော်လင့် ပါတယ်။


**  အောင်ခမ်း (Yoyarlay)

0 comments:

Post a Comment