Tuesday, March 25, 2014

အင်တာနက် မင်းသမီး မဖြစ်စေဖို့
























(မိန်းကလေးများ ဖတ်ပေးပါရန်)

အမျိုးကောင်းသမီးများသို့ အင်တာနက် မင်းသမီး မဖြစ်ရအောင် ကာကွယ်ဆေး ဆိုတဲ့ Mg Mandalay’s facebook ရဲ့ ရေးသားတင်ပြချက်ကို ဒီတပတ်ရဲ့ ရွေးချယ်မှု ကဏ္ဍကနေ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

အခုခေတ်မှာ လူတိုင်းနဲ့ ရင်းနှီးကျွမ်းဝင် နေပြီဖြစ်တဲ့ အင်တာနက်ရဲ့ ကောင်းကျိုး တွေကတော့ ဖော်ပြလို့ မကုန်နှိုင်အောင် များတာကို တွေ့ရပါတယ်။ အင်တာနက် နည်းပညာ တိုးတက်လာတာနဲ့ အမျှ ဘေးထွက် ဆိုးကျိုးတွေလဲ မခွဲမခွာတွဲပါ လာတာကိုလဲ မြင်နေရ ပြန်ပါတယ်။

ကျွန်တော်နဲ့ အဆင့် အလှမ်းကွာနေတဲ့ spyware, mailware, virus စတာတွေကို မပြောလိုပါဘူး။ ကျွန်တော ့မျက်စိထဲ ကန့်လန့်ဝင်နေတဲ့ အကြောင်းအရာက အမျိုးကောင်းသမီး တွေရဲ့ ဘာညာကိစ္စ ဓါတ်ပုံ/ဗီဒီယို များစွာကို ကာယကံရှင် မသိပဲ အင်တာနက်ပေါ်မှာ စေတနာ ကြီးမားစွာနဲ့ ဝေငှ (share) အလုပ်ခံနေရတဲ့ ကိစ္စပါ။ ဒါကို ဒီအတိုင်း ထိုင်ကြည့် နေ လို့တော့ မဖြစ်တော့ ဘူးထင်ပါတယ်။

နာမည်ကြီးချင်လို့၊ လူသိများချင်လို့ (ဒါမှမဟုတ်) ၀ါသနာအရ ကိုယ့်ပုံကိုယ်တင် တာဆိုရင်တော့ လုပ်ပါ။ ကျွန်တော်တို့လဲ ကြည့်ရှု အားပေးပါ့မယ်။ ဒါပေမယ့် တချို့ဆို ရိုးရိုးသားသား နေတာကို ချောင်းရိုက်ခံရတာတို့၊ ကိုယ့်ချစ်ချစ်နဲ့ လွပ်လွပ် လပ်လပ် နေတာကို မှတ်တမ်းတင် ခံရတာတို့ကတော့ မဖြစ်သင့်ပါ။

အဆိုးဝါးဆုံး ကတော့ ကိုယ့်ချစ်သူကို ယုံမှတ်လို့ ပုံ အပ်မိကာမှပဲ ကျောချမှ ဓါးပြမှန်း သိရတဲ့ကိစ္စပါ။ ကိုယ့်ချစ်သူကကို ဖော်ကောင်လုပ်ပြီး အင်တာနက်ပေါ် တင်ပေးတာပါ။ ဒီကိစ္စကို အမျိုးသမီးများ ကျပ်ကျပ် သတိထား စေချင်တယ်။ တချို့ ဆို ဒီကိစ္စကြောင့် အလုပ် အကိုင်ထိခိုက်၊ ပတ်ဝန်းကျင်မှာ မျက်နှာ မပြရဲအောင် ဖြစ်ရပါတယ်။

ဒါတွေရဲ့ အရင်းခံကတော့ မသိနားမလည်မှု၊ နည်းပညာ မကျွမ်းကျင်မှု ကြောင့်ဆိုတာ တွေ့နေရပါတယ်။ အမျိုးကောင်း သမီးများ အနေနဲ့ ဒီလို အဖြစ်မျိုးတွေက ရှောင်လွဲနှိုင်အောင် နည်းလမ်းကောင်းလေးတွေ ပေးချင်တယ်။ ကျွန်တော်က ကွန်ပျူတာ သင်တန်းဆရာ တစ်ယောက်ပါ။

ပြီးတော့ ပညာရှင်အဆင့် ဓါတ်ပုံ၊ ဗီဒီယို ရိုက်ကူးသူ တစ်ယောက်ပါ။ ဒါကြောင့် ကျွန်တော်ပေးတဲ့ နည်းလမ်းတွေက အမတို့ ညီမတို့ အရှက်နဲ့ သိက္ခာကို တတ်နိုင်သလောက် ကာကွယ်ပေး နှိုင်မယ်လို့လဲ ထင်ပါတယ်။

* ၁။ ဘယ်သူ့ကိုမျှ မယုံပါနဲ့ ဘယ်လောက်ပဲ ချစ်ချစ် ၊ ဘယ်လောက်ပဲ ရင်းနှီးနှီး လွပ်လွပ် လပ်လပ် နေတာကို မှတ် တမ်းတင် မခံပါနဲ့ ။ သူကိုယ်တိုင်က စိတ်ချရသော်လဲ သူ့ကိုယ်တိုင် မသိလိုက်ပဲ သူဆီကကိုယ့် ဓါတ်ပုံကို သူများခိုး သွားတာမျိုး ခံရတတ်ပါတယ်။

* ၂။ ကိုယ်ကိုယ်တိုင်လဲ မှတ်တမ်း မတင်ပါနဲ့ကိုယ့် ကိုယ်လုံး ဘယ်လောက် လှသလဲ သိချင်ရင် မှန်ထဲမှာပဲ စိတ်တိုင်းကျ ကြည့်ပါခင်ဗျာ။ ဓါတ်ပုံရိုက် မကြည့်ပါနဲ့။ အဲဒါလဲ အွန်လိုင်း မင်းသမီးဖြစ်ဖို့ လမ်းစပါ။

* ၃။ကင်မရာထဲမှာ၊ ကွန်ပျူတာထဲမှာ ဖျက်ပစ်လိုက်ပြီ (delete) ဆိုတိုင်းလဲ စိတ်မချပါနဲ့ ကင်မရာထဲမှာ၊ ကွန်ပျူတာထဲမှာ ဖျက်လိုက်ပြီ ဆိုတိုင်းလဲ စိတ်ချရတာ မဟုတ်ပါ။ အစွမ်းထက်သော recovery software မြောက်များစွာ ရှိနေပါတယ်။

အဲဒီ့ဆော့ဝဲ တွေဟာ လွန်ခဲ့တဲ့ တစ်နှစ် နှစ်နှစ် လောက်က ဖျက်ထားတဲ့ ဓါတ်ပုံ ဗီဒီယို တွေကို အလွယ်တကူ ပြန်လည် ရှာပေး နိုင်ပါတယ်။

ကွန်ပျူတာပြင် ဆရာတိုင်း လိုလို လုပ်တတ်ပါတယ်။ ကို့ကင်မရာနဲ့ စိတ်ကြိုက် ရိုက်ကြည့်တယ်။ ပြီးတော့ ဖျက်ပစ် လိုက် တယ် ဆိုပေမယ့် သာမန် ကျွမ်းကျင်သူ တစ်ယောက်ဟာ ဒါတွေကို အလွယ်တကူ ပြန်လည် ရယူ နိုင်တာကို လုံးဝ မမေ့ ပါနဲ့။

* ၄။ အင်တာနက်ဆိုင်မှာ ကိုယ့်ကွန်ပျူတာနဲ့ သုံးရင်လဲ သတိထားပါ။ အင်တာနက်ဆိုင်မှာ ကိုယ့် လက်ပ်တော့ပ် နဲ့သုံးရင် ကိုယ့်လက်ပ်တော့ပ်ထဲက အချက်အလက်ကို အင်တာနက်ဆိုင်က အလွယ်တကူ ၀င်ရောက်ကြည့်ရှု ကော်ပီကူး ထားနိုင် တယ် ဆိုတာ သိထားပါ။

အင်တာနက် ဆိုင်တွေမှာ ဆိုင်မှာ ရှိတဲ့ ကွန်ပျူတာတွေကို ကောင်တာက အလွယ်တကူ ထိမ်းချုပ် နိုင်အောင် network စနစ် တစ်မျိုး ချိတ်ဆက် ထားတတ်ပါတယ်။ ကိုယ်က အဲဒီဆိုင်မှာ အင်တာနက် သုံးတယ်ဆိုရင် ကိုယ်ကလဲ အဲဒီစနစ်ထဲ ကို အလိုလို ရောက်သွားပါတယ်။ ဒါဆိုရင် အင်တာနက် ဆိုင်ကောင်တာကနေ ကိုယ့်ကွန်ပျူတာကို နက်ဝါ့ခ် ကနေ ၀င် ရောက် ကြည့်ရှု နိုင်ပါတယ်။ ဒါကြောင့် အင်တာနက် ဆိုင်မှာသုံးမယ့် ကိုယ့်လက်ပ်တော့ပ်မှာ အရေးကြီးတဲ့ ကိုယ့်ပုံတွေ ထည့် မထားပါနဲ့။

* ၅။ နည်းပညာကို အထင်မသေးပါနဲ့ ကိုယ့်လက်ပ်တော့ပ်ထဲမှာ ပုံတွေထည့် မထားပါနဲ့၊ မလုံခြုံပါဘူး ဆိုတော့ နည်းနည်း နားလည်တဲ့ ကိုကို၊ မမတွေက share ပေးမထားရင် ရပါတယ်လို့ ဆိုကြတယ်၊ ဟုတ်ကဲ့ နည်းပညာ ကို အထင်မသေး ပါနဲ့ ခင်ဗျား ၊ ကိုယ့်ထက် ပိုတော်တဲ့ ဆရာကြီးတွေ ရှိနေသေးတယ် ဆိုတာလဲ မေ့မထားပါနဲ့။

cracker တို့ hacker တို့ဆိုတာ အလကား ပေးထားတဲ့ နာမည်တွေ မဟုတ်ပါဘူး။ သူတို့ရဲ့ စွမ်းဆောင်ရည် ကပြောမယုံ ကြံုဖူးမှ သိလောက်အောင် မြင့်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်ဘက်က စိတ်ချရအောင် သတိရှိတာ အကောင်းဆုံးပါ။

* ၆။ အင်တာနက်မှာ တွေ့တဲ့သူကို မယုံပါနဲ့ အင်တာနက်က တော်ကီ ကိုကိုတို့ကပဲ အပြောကောင်း သလား၊ အွန်လိုင်း မမ တွေကပဲ အညှာလွယ ်သလားမသိပါ။

vzo chat လို ဟာမျိုးနဲ့ ချွတ်ပြ၊ လှန်ပြတဲ့ မမတွေ ၊ ညီမတွေ ရဲ့ပုံံများ အင်တာနက် ပေါ်မှာ တွေ့နေရပါတယ်။ (ကျွန်တော် အသုံး ရိုင်းသွားရင် ခွင့်လွှတ်ပါ) ၀မ်းနည်း စရာကောင်း တာက ပါးကွက်ကျားနဲ့ ထမီနဲ့ ဗမာမလို့ ထင်းခနဲ သိသာတဲ့ ပုံ တွေပါ အများကြီး ပါလာတာပါ။

ကြေးစား တွေပါလို့ ပြောရအောင်လဲ အိမ်မှာ ကိုယ်ပိုင် အင်တာနက် လိုင်းနဲ့ ကိုယ်ပိုင် ကွန်ပျူတာနဲ့ သုံးနိုင်တဲ့ အဆင့်က ကြေးစား မဟုတ်နိုင်ပါ။ ဖြစ်နိုင်ခြေ ရှိတာက အွန်လိုင်း ကိုကိုကလဲ အပြောကောင်း၊ ညီမလေး တိို့ကလဲ သဒ္ဒါလွန် တယ် ထင် ပါတယ်။

မယုံကြပါနဲ့ ညီမလေးတို့ရယ်။ ကိုယ့်ကို တကယ်ချစ်တဲ့ သူဆိုတာ နှစ်ယောက်ချင်း ဆိတ်ကွယ်ရာမှာ မှားချင် မှားမယ်၊ အဲဒီလို ဗြောင်ကြီးတော့ မတောင်းဆိုပါဘူး။ အဲ ….. ကိုယ့်သိက္ခာကို ရင်းရဲတယ် ဆိုရင်တော့ လုပ်ပေါ့။ (VZO က အရုပ် တွေ အသံတွေ မှတ်ထားလို့ ရတယ် ဆိုတာလဲ သတိရပါ။)

၇။ခိုးအရိုက် ခံရခြင်းမှ ကာကွယ်ဖို့ဆိုရင် ကိုယ်မရင်းနှီး မကျွမ်းဝင်တဲ့ နေရာမှာ (ဟော်တယ်၊ တည်းခိုခန်း၊ ပန်းခြံ) စတဲ့ နေရာတွေမှာ လွပ်လွပ် လပ်လပ် မနေပါနဲ့။ သတိရှိပါ။ ကင်မရာတွေ အကြောက်ဆုံး၊ အားနည်း ချက် တစ်ခုကတော့ အမှောင်ပါ။ ဘယ်လောက် ကောင်းတဲ့ ကင်မရာမဆို အလင်းရောင် အားနည်းသော နေ ရာမှာ အဆင် မပြေနိုင်ပါ။

ဒါကြောင့် စိတ်မချရသော နေရာများတွင် လွပ်လွပ် လပ်လပ် ( ဥပမာ အဝတ်အစား လဲတာ) နေရတော့ မယ် ဆိုရင် လုံးဝ မှောင်သွား အောင်လုပ်ပါ။ ဒါဆို ကင်မရာတွေ မတတ်နိုင်တော့ပါ။ အမှောင်ထဲမှာ ရိုက်နိုင် တယ် ဆိုတဲ့ (Night Shot) ဆို တဲ့ ကင်မရာ တွေတောင် အနဲဆုံး အနီရောင် ရောင်စဉ်လေး လင်းမှ အလုပ် ဖြစ် တာပါ။

* ၈။ spy camera တွေကို တတ်နိုင်သမျှ ရှာပါ အခုခေတ်မှာ သုံးသောင်း လောက်ဆို spy camera တစ်လုံး ရနိုင်ပါတယ်။ ဒါကြောင့် စိတ်မချရတဲ့ နေရာတွေမှာဆို spy camera တတ်ထားမထား တတ်နိုင် သလောက် ရှာပါ။ ဒါ ကိုကိုတွေ၊ ဦးဦး တွေ အတွက်လဲ အရေးကြီးပါတယ်။

တော်ကြာ ကိုယ်တောင် မသိပဲ နာမည်ကြီး အွန်လိုင်း မင်းသား ဖြစ်သွား နိုင်ပါတယ်။ များသော အားဖြင့် ကင်မရာတွေကို မြင်ကွင်း ကျယ်ကျယ် ရအောင် ဒေါင့်တွေမှာ တတ်ထား တတ်ပါတယ်။ သေသေ ချာချာ ရှာပါ။ အခန်း အပြင်မှာ တတ် ထားပြီး မတ်စေ့ လောက်အခန်းကို ဖောက်ထား တာမျိုးလဲ လုပ်တတ် ကြပါတယ်။ မသင်္ကာဖွယ်ရာ အပေါက်တွေကို ဒေါင့် တွေ မျက်နှာ ကျက်တွေမှာ သေချာရှာပါ။

ဘာမှမတွေ့ဘူးဆိုပြီးလဲ စိတ်ချမနေပါနဲ့၊ လိုအပ်ရင် အမှောင်ကို အကာ အကွယ် ယူပါ။ အဲ super market တွေက အဝတ် လဲခန်းတွေမှာလဲ ရှိတတ်တယ်နော်၊ လုံခြံုရေး အတွက် တတ်ရတာပါ ဆိုပဲ။

* ၉။ ဘာကြောင့်ပဲ ဖြစ်ဖြစ် အွန်လိုင်း မင်းသား မင်းသမီး ဖြစ်သွားပြီ ဆိုရင် ရောရှက်ပြီး ငြိမ်မနေပါနဲ့၊ သိပ်မပျံ့သေးမှီ တားဆီးပါ။ Sex ၀က်ဆိုက် တော်တော် များများ ဟာ User က တောင်းဆိုလို့ ရှိရင် အချက် အလက်တွေ ဖျက်ပေး ပါ တယ်။ ကိုယ့် ပုံ ပါနေတာ သေချာရင် အဲဒီ ၀က်ဆိုက်ကို အကြောင်း ကြားပြီး ဖျက်ခိုင်းပါ။ အဲဒီလို အကြောင်း ကြားလို့ ဖျက်ပေးတာ သုံးခါ လေးခါတွေ့ ဖူးပါတယ်။

* ၁၀။ ကိုယ်ချင်းစာပါ။ တွေ့ဖူးပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး တွဲရိုက်ထားတဲ့ ပုံတွေမှာ အမျိုးသား ကိုယ်တိုင်က တင် တာ ဆိုတော့ သူုမျက်နှာတော့ သူဖျက်ထား တာတွေ့ဖူးတယ်။ ဒါ ကိုယ်ချင်း မစာတာပါ။

မလုပ်ပါနဲ့ဗျာ သူတို့က ကျွန်တော််တို့ ထက်ပိုရှက် တတ်တာပေါ့။ ကိုတောင် ရှက်တတ် သေးရင် သူများ အရှက်ကွဲ အကျိုး နည်း ဖြစ်အောင် မလုပ်သင့်ပါဘူး။

ဒါ စေတနာ ဗလဗွနဲ့ မျှဝေတတ်တဲ့ ကို်ယ်ချင်း မစာတဲ့ အမျိုးသားတွေ အတွက်ပါ။ ခိုးလဲ မရိုက် ကြပါနဲ့။ ကိုယ့်ကို ချစ်လို့ အလိုလိုက်ထားတဲ့ သူကိုလဲ မျက်နှာလွဲ ခဲပစ် မလုပ်သင့်ပါ။ ဇာတ်လမ်း အသစ်တင်ချင် တယ်ဆိုရင် လဲ ကြေးစား အဆင့် ထဲ မှာ အရိုက်ခံတဲ့ သူတွေ ရှိပါတယ်။ သူတို့နဲ့ လှုပ်ရှားပေါ့။ နောက်ဆုံးအဆင့် မျက်နှာလေး ဖျက်ပေးတာပဲ ဖြစ်ဖြစ်တော့ မဖြစ်မနေ လုပ်ပေးကြပါ။

အင်တာနက်ဆိုတာဟာ လူ့ အကျိုးသယ်ပိုးဖို့ ပေါ်ပေါက်လာတာပါ။ ဒါကို အကျိုးမရှိတဲ့ နေရာမှာ သူများ အကျိုး ထိခိုက် အောင် မလုပ်ကြပါနဲ့။ (ဒါက Sex Website တွေကို မကြည့်ပါနဲ့လို့ ပြောတာ မဟုတ်ပါ။ တော်ကြာ ကိုကိုတို့က စိတ်ဆိုး နေဦးမယ်။ နာမည်ကြီး ချင်လို့တို့၊ ၀ါသနာအရတို့ ဆိုတဲ့ ရုပ်ပုံ တွေ ဗီဒီယိုတွေ ဆိုရင်တော့ ရောင်းသူ ၀ယ်သူ အသံတူရင် ပြီးတာပါပဲဗျာ။) အမျိုးကောင်း သမီးများကို ညှာတာဖို့ ပြောတာပါ။

ပျိုမေတို့သိစေဖို့ မှ ပြန်လည်မျှဝေပါသည်။

Source by irrawaddy.org
Photo by ပျိုမေတို့သိစေဖို့

သင့်မိတ်ဆွေများကိုလည်း ပြန်လည်မျှဝေပေးဖို့ မမေ့နဲ့နော်။


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )      www.htarwaiethar.blogspot.com

1 comment:

  1. I've been using AVG antivirus for a few years now, and I'd recommend this Anti virus to everybody.

    ReplyDelete