Monday, November 25, 2013

လူမှုကွန်ရက်ယဉ်ကျေးမှု၏ လားရာ

















ယနေ့ ခေတ်မျက်နှာစာတွင်ကွန်ပျူတာ အီလက်ထရောနစ် နည်းပညာသည် လူသားတို့၏နေ့စဉ် လှုပ်ရှားရုန်းကန်မှုဘဝတွင် အရေးပါသော အခန်းကဏ္ဍ တစ်ခုဖြစ်လာ သည်။ အင်တာနက်အသုံးပြုခြင်းဖြင့် လူသားတို့သည် မိမိတို့၏အလုပ်အကိုင် အခွင့်အလမ်းများကို ရှာဖွေလာကြသည်။ ဖျော်ဖြေရေး အနုပညာများ၊ ခေတ်မီနည်းပညာ များ၊သမိုင်းဝင်စာပေများစသည့် ဗဟုသုတပေါင်းစုံကို အင်တာနက်တွင် လွယ်ကူစွာ ရှာဖွေလေ့လာ ဖတ်ရှုနိုင်ပြီဖြစ်သည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ၁၉၉၈ခုနှစ်မှစ၍ အင်တာနက်အသုံးပြု၍ရ သော်လည်းတွင်ကျယ်စွာ အသုံး ပြုနိုင်ခဲ့ခြင်းမရှိခဲ့ပေ။

အရပ်သားအစိုးရသစ်တက်လာပြီးနောက်တွင်မှ လူတန်းစားမရွေး အင်တာနက် အသုံးပြုနိုင်လာကြသည်။ ယခုအခါတန်ဖိုးနည်း မိုဘိုင်းဖုန်းများဖြင့် လူကြီးလူငယ်မရွေး ” အင်တာနက်အင်တာနက်” ဟူ၍ လူထုကြားတွင် ရေပန်းစားလာပြီ ဖြစ်သည်။

လက်ဖက်ရည်ဆိုင်တွင် ဖြစ်စေ၊ကားစီးရင်းဖြစ်စေ ဖုန်း (သို့) tablet များတကိုင်ကိုင်ဖြင့် ဟိုပွတ်ဒီပွတ်လုပ်နေကြသည့် လူကြီးလူ ငယ်များကို မြန် မာ့နိုင်ငံ ရေး အပြောင်း အလဲ၊ ဖွံ့ဖြိုးတိုးတက်မှု ပြောင်းအလဲကာလတွင် အားရကျေနပ်ဖွယ်တွေ့မြင်ကြ ရမည်ဖြစ်သည်။ အင်တာနက်အသုံးပြုကြသည်ဟု ဆိုငြားသော် လည်း သတင်းကြည့်ြ ခင်း၊ ဘောလုံးပွဲဂိုးရလဒ်များ ကြည့် ခြင်း၊ သီချင်းများ Download လုပ်ခြင်းကိုအများဆုံးသုံးပြုလုပ် ကြသည်သာ ဖြစ်သည်။

၂ဝ၁ဝနောက်ပိုင်းမြန်မာနိုင်ငံ အပြောင်းအလဲကာလတွင် Social Network ဟုခေါ်သည့် လူမှုကွန်ရက်များကို ပြည်သူအတော်များများ အသုံးပြုလာခဲ့သည်။ Twitter ကိုမူ မြန်မာနိုင်ငံတွင်တွင်ကျယ်စွာ အသုံးမပြုနိုင်ကြသေးသော်လည်း Facebook သည် မြန်မာ့လူနေမှုပုံစံတွင် စနစ်တကျနေ ရာယူပြီးဖြစ်ပါသည်။ Facebook ကို ကမ္ဘာ တစ်ဝန်းတွင် ၂ဝဝ၄ခုနှစ်မှ စတင်အသုံးပြုခဲ့ကြသော်လည်း မြန်မာနိုင်ငံတွင် ၂ဝဝ၈ ခုနှစ် ပတ်ဝန်းကျင်မှ စတင်အသုံးပြု နိုင်ခဲ့သည်။ ” ကျွန်တော့် ရဲ့ ဖေ့စ်ဘုတ် စာမျ က်နှာပေါ်မှာ တွေ့နိုင်ပါတယ်” ၊ ” ကျွန်မရဲ့ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာဘယ်လိုပြောထားပါတယ်” ။ “ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ကျွန်တော့် ကို ဘယ်လိုပြော ထားပါ တယ်” ။ ” ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ကျွန်တော့်ကိုဘယ်လိုပြောထားလို့ ကျွန်တော်ကဘယ်လိုပြန် ပြောလိုက်ရတာပါ” စသည်ဖြင့် သတင်း စာရှင်းလင်း ပွဲများပြု လုပ်၍ တစ်မျိုး၊ အင်တာဗျူးဖြေဆိုရာတွင်တစ် Facebook အကြောင်းသည်မပါမဖြစ်ပါနေသကဲ့သို့ပင်တွေ့ရ သည်။

” နိုင်ငံခြားရောက်နေတော့ အိမ်နဲ့ ဆက်သွယ်ရတာမျိုး၊ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ရတာမျိုးတွေကျတော့ ဖုန်းနဲ့ဆိုရင် ပိုက်ဆံကုန်ပြီ။ စကားပြောချိန်လည်း သိပ်မရဘူး။ ဒီက Social Network တွေ ပေါ်လာတော့ အိမ်နဲ့ဆက်သွယ်ရတာ၊ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ရတာ တအားလွယ်သွားပြီ။နောက် အဆက်အသွယ် ပြတ်နေတဲ့ သူငယ်ချင်းတွေနဲ့ ပြန်ပြီး တွေ့ရတယ်။ နောက်ကျောင်းသားဘဝမှာ ကဗျာ တွေ ရေးဖြစ်ပေမယ့် ဘယ်ကိုမှ ပို့ ဖြစ်ဘူး။ အခု Facebook လို Social Network တွေပေါ် လာ တော့ ကိုယ်ရေးချင်တဲ့ အရေးအသားပုံစံကို လွတ်လွတ်လပ်လပ်ရေးလို့ရတယ်။ ကဗျာဆရာ၊ ဆရာမတွေနဲ့ ရင်းနှီးခွင့်ရလာတယ်။ နောက်ပြီး အွန်လိုင်း က နေတစ်ဆင့်ကဗျာတွေပို့ခွင့်ရလာတယ်” ဟုမလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင်အလုပ်သွားရောက် လုပ်ကိုင်နေသောလူငယ် ကဗျာဆရာ ကိုကျော်ဦး(လှိုင်) ကပြော သည်။

လူတစ်ယောက်နှင့် တစ်ယောက်ဆက်သွယ်ရာတွင် ဖုန်းဆိုတာ မလိုလောက်အောင်အထိ လုပ်ဆောင်ချက်များကို မြှင့်တင်ပေးမည်ဟု Facebook တည်ထောင်သူ မက်ဇူကာဘက် က ကြွေးကြော်ထားသည်။ လူတစ်ယောက်အကြိုက်ကို Facebook က သိသည်။ ကျွန်တော်တို့ပုံမှန် Like လုပ်လေ့ရှိသော (သို့) comment ဝင်၍ ရေးလေ့ရှိသော ပုဂ္ဂိုလ်တစ်ဦးဦး၏ Status (သို့) Photo များကို ကျွန်တော်တို့၏ News Feed တွင် အမြဲထားပေးသည်။ Facebook အသုံးပြုသူ အများစုမှာ လူငယ်များဖြစ် ရာ လူငယ်တို့၏ အသိဉာဏ်နုနယ်မှုကိုအခွင့်ကောင်းယူကာ နည်း အမျိုးမျိုးဖြင့်သွေးထိုးတတ်သည်။

လူငယ်စာရေးဆရာ သူရဿဝါက “Facebook ရဲ့အားသာချက်ကတော့ သတင်းပဲ။ ညသန်းခေါင် တစ်နေရာရာမှာ မီးလောင်တယ်ဆိုပါစို့။ ဒီလို အချိန်မျိုးမှာလျင်မြန် တဲ့သတင်းပေးပို့မှုကို သတင်းစာက မလုပ်နိုင်သလို၊ ဂျာနယ်ကလည်း မလုပ်နိုင်ဘူး။ Facebook လိုမျိုး Electronic Media တွေကသာ လုပ်နိုင်မှာလေ။ Facebook ရဲ့ အားနည်းချက်က သတင်းပါပဲ။ Print Media လို စိစစ်မှုမလုပ်နိုင်ဘူး။
 လုပ်ကြံဖန်တီးမှုတွေလည်း ပါနိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် Self Sensor လုပ်နိုင်ပါ မှ ဒါမှမဟုတ် ကိုယ့်မျက်လုံးကိုယ် Filter လုပ်ထားနိုင်မှတော် ကာကျမယ်။ ဒါတောင် သတင်းနဲ့ပတ်သက်တာပဲရှိပါသေးတယ်။ ကျန်တဲ့ အကြောင်းအရာစုံနဲ့ ပတ်သက်ပြီး Facebook လို Socia Network မျိုးမှာ အားသာချက်အားနည်းချက်ပေါင်းစုံ ရှိနိုင်ပါတယ်” ဟုပြောပြခဲ့သည်။

အနုပညာရှင်များအတွက်မူ Facebook သည် ပြည်သူနှင့် ဆက်ဆံရာတွင် ကြားခံနယ်တစ်ခု ဖြစ်သကဲ့သို့ ကြောက်စရာ ကောလာဟလ လွှင့်တတ်သည့် ပါးစပ်ေ ပါက်ကြီးနှင့်လည်း တူပါသည်။ အခြားတစ်ဖက်တွင်လည်း တက်သစ်စအနုပညာရှင်များ၏ တစ်နေ့တာ ဖြတ်သန်းပုံများ၊ အနုပညာဖန် တီးမှုအသစ်များကို ပရိသတ်နှင့် တစ်သားတည်းဖြစ်အောင် တင် ပြပေးနိုင်သည်။

ယခုနောက်ပိုင်းအနုပညာရှင်အချို့၏ ပရဟိတလုပ်ငန်းများတွင် ပရိသတ်ကပါ ပါဝင်ဆောင်ရွက်လာသည် ကို တွေ့ရ သည်။ Facebook ပေါ်မှ Fan များနှင့် တွေ့ဆုံပွဲများ၊ Facebook ပေါ်မှ သီချင်း ခွေကြော်ငြာများစသည်ဖြင့် ကဏ္ဍစုံတွင် Facebook သည် ပါဝင်ပတ်သက် လျက်ရှိသည်။
စင်ကာပူနိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်နေသော ကဗျာဆရာမလရိပ်ပြာက ” Internet ယဉ်ကျေးမှုက တခြားလူမျိုးတွေဆီမှာ အသားကျနေ ပေ မယ့် မြန်မာ လူမျိုးတွေအနေ နဲ့ နည်းပညာပိုင်းမကျွမ်းကျင်တဲ့အခါ အခက်အခဲ တချို့တွေ့ရတယ်။ ဓာတ်ပုံတွေအလွဲသုံး စားလုပ်ပြီးပေါက်ကရ Group တွေထဲထည့် တာမျိုးတွေ စင်ကာပူမှာ ခဏခဏ ကြုံရပါ တယ်။

အဝေးရောက်နေတဲ့သူတွေအတွက် Facebook က အဆင်ပြေပါတယ်။ အိမ်က လူတွေနဲ့ စကားပြောလို့ရတယ်။ နောက်ပြီး ကဗျာတွေတင်မယ်။ ကဗျာဆရာ၊ ဆရာမတွေနဲ့ ရင်းနှီးခွင့်ရတယ်။ ကိုယ်လေးစားအားကျတဲ့သူတွေကို ခင်ခင်မင်မင်ပြော လို့ဆိုလို့ရတာကောင် ပါတယ်။

ဒါပေမဲ့အမျိုးသမီးတွေ ရဲ့ ဓာတ်ပုံတွေကိုမသမာတဲ့ နည်းနဲ့ မသမာတဲ့ နေရာတွေမှာ အသုံးချတာမျိုးတွေ၊ အပြင်မှာမတွေ့ဖူး၊ မဆုံဖူးတဲ့လူတွေ ကို ငွေရေး၊ ကြေးရေး ကိစ္စတွေ၊ တခြား ကိစ္စတွေမှာ ကောက် ကြံတာမျိုးတွေကတော့သိပ် အဆင်မပြေဘူး” ဟုပြောပြခဲ့သည်။Facebook ၏ ထူးခြားသောအချက်မှာ လူတိုင်းအနုပညာရှင် ဆန် ဆန်ဖြစ်ခွင့်ရခြင်းပင်ဖြစ်သည်။ မိမိခံစားနေရသော စိတ်ခံစားမှုကိုစာကြောင်း လေးများနှင့်ရေးဖွဲ့ကာ Status တင်လိုက်လျှင် မိမိ၏ သူငယ်ချင်းများ၏ အားပေး လက်ခံမှု (Like) နှင့်မှတ်ချက် (Comment) တို့ကိုရနိုင်မည်ဖြစ်သည်။

 လူတိုင်း အနုပညာသမားဖြစ်သွားသကဲ့သို့ ခံစားရစေပါသည်။ ဖေ့စ်ဘုတ်ပေါ်တွင် ဓာတ် ပုံလေး တစ် ပုံတင်ခြင်း(သို့) စာကြောင်းလေးတစ်ကြောင်းရေးခြင်းစသည့် အပြင်မိမိဖန်တီးထားသော သီချင်း၊ကဗျာ၊ပန်းချီတို့ကို သူငယ်ချင်းများနှင့် မျှဝေခံစားခြင်း သည် ပျော် ရွှင်မှု တစ်ခုဖြစ်သလို၊ စိတ်အပန်းဖြေရာလည်း ရောက်ပါသည်။

သို့သော် မလိုလားအပ် သော ပဋိပက္ခများ ဖန်တီးပေး ခြင်း၊ နိုင်ငံရေးအမြတ်ထုတ်ခြင်း၊ အခြားသော ကိစ္စရပ်များအပေါ် တွင် အမျိုးမျိုး လိမ်လည်လှည့် ဖြားခြင်းသည် မလုပ်သင့်မလုပ် အပ်သော အရာများဖြစ်သည်။ ထို့အပြင်လူငယ်လူရွယ်များ အနေ ဖြင့်လည်း Facebook ပေါ်တွင်သာ တစ်နေကုန်အချိန်ဖြုန်း မနေဘဲ ပြင်ပ လူ့အဖွဲ့ အစည်းတွင် လည်း ဝင်ရောက်နေထိုင်ရန် လိုပေသည်။ မည်သို့ပင်ဖြစ်စေ လူမှုကွန် ရက်ယဉ်ကျေးမှုသည် မြန်မာနိုင်ငံတွင် အခန်းကဏ္ဍတစ်ခုမှ ပါဝင်ပတ် သက်လျက် ရှိ နေပြီဖြစ်သည်။


မင်းဘုန်းနိုင်
ကိုးကား- Wikipedia
Popular News

Source : http://www.winkabarkyaw.net/2013/11/blog-post_5061.html


**  ကိုကိုဇော် ( BE-EC )

0 comments:

Post a Comment