Sunday, November 24, 2013

Facebook သုံးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

















ဖေ့စ်ဘွတ်ခ်က အချိန်ကို အလကားသက်သက်ကုန်စေတယ်လို့ ယူဆကြသူတွေရှိပါတယ်။ တကယ်တမ်း ကောင်းတဲ့ဘက်က ဖြည့်တွေးကြည့်ရင် ဖေ့စ်ဘွတ်ခ်ကကိုယ့်အတွက်အောက်မှာပြောပြထားတဲ့ ကောင်းကျိုးတွေ ပေးစွမ်းနိုင်ပါတယ်။
ဖေ့စ်ဘွတ်ခ်မှာ သူငယ်ချင်းများများရှိတာ ကောင်းပါတယ်။ ကိုယ်က အကြံဉာဏ်လိုအပ်တဲ့အခါမျိုး ဒါမှမဟုတ် သတင်းအချက်အလက် လိုအပ်နေတာမျိုးတို့ဆိုရင် status တင်လိုက်ရုံနဲ့ ဖေ့စ်ဘွတ်ခ်ထဲမှာရှိကြတဲ့ သူငယ်ချင်းတွေက ဝိုင်းဝန်းကူညီပြီး အဖြေရှာပေးနိုင်ကြပါတယ်။

- ဂိမ်းကစားတာဟာ ဆိုးကျိုးတွေရှိသလို ကောင်းကျိုးတွေကိုလည်း ပေးနိုင်ပါတယ်။ ဖေ့စ်ဘွတ်ခ်ဂိမ်းတွေ ဆော့ကစားရင်း ဆန်းသစ်တဲ့အတွေးတွေနဲ့ အကဲဖြတ်ဝေဖန်နိုင်တဲ့ အရည်အသွေးတွေ တိုးမြင့်လာစေ နိုင်ပါတယ်။ 

- စိတ်ဝင်စားတဲ့ အကြောင်းအရာတွေ၊ ဥပမာ - ကိုယ်မသိရသေးတဲ့ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေးအစရှိတဲ့သတင် ၊ ဗဟုသုတတွေကို ဖေ့စ်ဘွတ်မှာ ရှဲလ်လုပ်ကြသူများရှိလို့ သူတို့တွေကြောင့် အသိပညာဗဟုသုတတွေ ပိုရနိုင်ပါတယ်။ စာဖတ်ပျင်းသူတွေတောင်မှ ဖေ့စ်ဘွတ်ခ်ရဲ့ ဆွဲဆောင်မှုအားကြောင့် New feed မှာပေါ်တဲ့ စာတွေကို မလွတ်တမ်း လိုက်ဖတ်တတ်တဲ့ အကျင့် ရသွားကြပါတယ်။


- ငြင်းခုံပြောဆိုတာဟာ ဦးနှောက်ကို လေ့ကျင့်ခန်းလုပ်ပေးတာနဲ့တူပါတယ်။ ဖေ့စ်ဘွတ်ခ်က ငြင်းခုံပြောဆိုလို့ အကောင်းဆုံးနေရာတစ်ခုပါပဲ။ ဒီလို ငြင်းခုံပြောဆိုဖို့ဆိုတာ အကျိုးအကြောင်း ဆီလျော်ဖို့၊ အကြောင်းပြချက်ကောင်းဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ ဆိုရှယ်နက်ဝေါ့ခ်တွေမှာ တိကျမှန်ကန်စွာနဲ ့ ငြင်းခုံပြောဆိုတာတွေကလည်း ကိုယ်ရည်ကိုယ်သွေးမြှင့်နည်း တစ်မျိုးလို့လည်းဆိုလို ့ရပါတယ်။

- ဖေ့စ်ဘွတ်ခ်သုံးစွဲသူတချို့က လက်တွေ့ဘဝမှာ စာရေးပျင်းကြတဲ့ သူတွေဖြစ်ပြီး ဖေ့စ်ဘွတ်ခ်ပေါ် ရောက်ရင်တော့ ကဗျာဆရာ၊ စာရေးဆရာတွေလိုပဲ ရေးသားနေကြတာကိုတွေ ့ရပါတယ်။ နောက်ပြီး စကားလုံး အသစ်အဆန်းတွေကိုလည်း ဖေ့စ်ဘွတ်ခ်၊တွီတာအစရှိတဲ့ ဆိုရှယ်နက်ဝေါ့ခ်မီဒီယာတွေမှာ ကွန့် ပြီးသုံးနှုန်းရေးသားကြတာတွေကို တွေ့နိုင်ပါတယ်။

 ဆူးချိုး

Ref:GizmoCrazed

http://www.trend.com.mm/2013/10/22/internet-300

##  www.winkabarkyaw.net  မှ ပို့စ်ကို နှစ်သက်လို့ ပြန်လည်မျှဝေထားခြင်း ဖြစ်ပါသည်။


**  ကိုကိုဇော် ( BE-EC )

0 comments:

Post a Comment