Showing posts with label (r) အင်တာနက်၊အီးမေးလ် အသုံးချနည်းဆိုင်ရာများ. Show all posts
Showing posts with label (r) အင်တာနက်၊အီးမေးလ် အသုံးချနည်းဆိုင်ရာများ. Show all posts

Sunday, September 29, 2013

Facebook Account အလွယ်ဆုံးဖွင့်နည်း ( No Lock , No Lost Email 100% Working )
















ကျွန်တော် အရင်တစ်ကြိမ်က ဖွဘုတ်အကောင့်ကို www.hushmail.com  Account လေးအသုံးပြုပြီး အကောက်ဖောက့်နည်းလေး ရေးပေးခဲ့ပြီးပါပြီ။

ပထမတစ်ခါ Gmail and Facebook Account ဖွင့်နည်း ( ဖုန်းမလို ) ကို လိုချင်ရင် http://www.solidfiles.com/d/e536d60596/   မှာ သွားရောက်ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်။

အခုနည်းကတော့ အဲ့လိုမျိုး ကြားခံနယ်အကောင့် ဘာအကောင့်မှကို မသုံးဘဲ ဖွဘုတ်ကို မရရအောင် ဖွင့်တဲ့နည်းပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ ပိုင်တဲ့ ဂူဂယ်လ်အကောင့်လည်း လုံးဝကို မပျက်စေရပါဘူး။

အခုနောက်ပိုင်း ဖွဘုတ်ကိုဖွင့်လိုက်တိုင်း Fake Name နဲ့ပဲ တိုးတာများပါတယ်။

ကျွန်တော် စဉ်းစားတာပေါ့ ဘယ်လိုဖြစ်ပြီး Fake Name နဲ့တိုးတာလဲဆိုတာ။

သူက ကျွန်တော်တို့ မြန်မာနာမည်တွေကို မသိလို့ ဖြစ်တာ။ ဒီတော့ဗျာ ကျွန်တော်တို့ နိုင်ငံခြား နာမည်နဲ့ အကောင့်ဖွင့်မည်။

နိုင်ငံခြား အမည်တွေကကော်??????

ကျွန်တော် အင်တာနက်မှာ လိုက်ရှာဖွေလိုက်တာ အတော်ကိုလန်းတဲ့ ဝက်ဆိုဒ်တစ်ခု တွေပါတယ်။ နိုင်ငံခြား အမည်တွေကို အလွယ်ရှာနိုင်တဲ့ ဆိုဒ်လန်းလန်းလေး တစ်ခုပေါ့ဗျာ။

http://www.fakenamegenerator.com  တဲ့ဗျ။ အဲ့ဒီဆိုဒ်မှာ ကြိုက်တဲ့ နိုင်ငံ ဉပမာ US , ပြီးရင်  ယောင်္ကျားလေး၊ မိန်းကလေးရွေးပြီး Generate ဆိုတာကို ကလစ်လုပ်လိုက်ရင် ဟဲဟဲ လိုအပ်တဲ့ အမည်ကို ရပါတယ်။

ကိုယ်တကယ်အသုံးပြုမယ့် အီးမေးလ်အကောင့်တစ်ခု လိုအပ်ပါတယ်။ တကယ်လို့များ Gmail ကို အသုံးပြုမယ် အကောင့်မဖွင့်တက်သေးရင် http://www.solidfiles.com/d/aaf7c07180/    မှာ ကျွန်တော် ကိုဂူဂယ်အကောင့်ကို ဖုန်းနံပါတ်မလိုပဲ ဖွင့်နည်း တင်ပေးထားပါတယ်။


အကောင့်ဖောက့်နည်း

>>>  www.facebook.com  ကိုသွား

>>> First Name , Last Name မှာ http://www.fakenamegenerator.com က ရတဲ့ အမည်ကို ရိုက်ထည့်။

>>> Email နေရာမှာ မရှိတဲ့ အီးမေးလ်တစ်ခုထည့်၊ ကျွန်တော်ကတော့ http://www.fakenamegenerator.com က ရလာတဲ့အမည်နဲ့ဆင်တာထည့်ပေးလိုက်ပါတယ်။ Yahoo Mail ဆိုရင် ပိုကောင်းပါတယ်။ ကျွန်တော်အခုစာအုပ်မှာ အသုံးပြုတဲ့ အမည်က Justin D. Llody ။ ကျွန်တော် အသုံးပြုရမှာက First Name= Justin , Last Name= Llody
D.  က သုံးစရာမလိုပါဘူး။ သူတို့နိုင်ငံတွေမှာ အမည်တစ်ခုက First Name+Middle Name+Last Name.
Email ကို ကျွန်တော် justinllody223@yahoo.com   ဆိုပြီး ကိုင်လိုက် ပါတယ်။ တကယ်က အဲ့ဒီအီးမေးလ်က ရှိစရာမလိုပါဘူး။

>>> ပြီးရင် Male , Female ရွေး၊ အသက်နေရာမှာ ၁၈ နှစ်ကျော်အောင် ရွေးပြီး Sign Up ကိုသာ ကလစ်လုပ်လိုက်။
Fake Name နဲ့ပက်တိုးနေသေးရင်တော့ နောက်အမည်တစ်ခု၊ မရှိတဲ့ အီးမေးလ်တစ်ခုကို သုံးပြီး ပြန်ဖွင့်နိုင်ပါတယ်။

နောက်ပေါ်လာသော အဆင့်တိုင်းကို Skip ကို ကလစ်လုပ်ပြီး ကျော်သွားပါ။ နောက်ဆုံးအဆင့်ရောက်ခါနီးရင် ဖေ့ဘုတ် ပက်စ်ဝက်ကို ပြန်ရိုက်ခိုင်းပါတယ်။ ပက်စ်ဝက်ဖြည့်လိုက်ပါ။ ပက်စ်ဝက် ဖြည့်ပြီးသွားရင် ကျွန်တော်တို့ အသုံးပြုခဲ့သော အီးမေးလ်အကောင့်က တကယ်မရှိတာကြောင့် တကယ်ရှိသော အီးမေးလ်ကို တောင်းပါတယ်။ အဲ့ဒီအဆင့်ရောက်မှသာ ကျွန်တော်တို့ အမှန်အသုံးပြုမယ့် အီးမေးလ်ကို ထည့်ပေးလိုက်ပါ။

အဲ့လို တကယ်ကိုယ်အသုံးပြုမယ့်အကောင့်ကို ထည့်သွင်းပြီးရင်တော့ ကိုယ့်အီးမေးလ်ကို ပြန်စစ်ပါ။ ဖေ့ဘုတ်က ပို့လိုက်သော မေးလ်တစ်စောင်ရှိနေပါမယ်။ အဲ့ဒီမေးလ်ကို ဖွင့်ပါ။ Comfirm Account ဆိုတာလေးကို ရှာပြီး ကလစ်လုပ်လိုက်ပါ။လုံးဝကို အကောင့်တစ်ခုရသွားမှာ သေချာပါတယ်။

နောက် ကိုယ်က ဖွဘုတ်အကောင့်ရသွားရင် သေးချာ ပြန်အပ်မယ် အကောင့်တစ်ခုကို အပ်လိုက်၊ အရင်က ကိုယ့်အကောင့်ပဲ ဖြစ်ဖြစ်၊ သူငယ်ချင်း အကောင့်ဖြစ်ဖြစ်ပေါ့၊ ကိုယ့်ထဲမှာ သူငယ်ချင်းတစ်ယောက် သေးချာစွာရှိအောင်လုပ်တာ ဖြစ်ပါတယ်။
နောက် သတိထားရမှာက တစ်ရက်မှာ သူငယ်ချင်းကို သုံးယောက်ထက်ပိုပြီး Friend Request မပို့သင့်ပါဘူး။
နောက် ဖွဘုတ်အသုံးပြုရင်း မသိသော လင့်များကို ကလစ်ခြင်း ရှောင်ရှားရင် ပိုကောင်းပါတယ်။

ပုံနဲ့တကွ ဖေ့ဘုတ်အကောင့်ဖွင့်နည်းကို လိုချင်ရင် အောက်မှာ ကျွန်တော် အကောင့်ဖွင့်နည်းလေးကို ရေးထားတာလေး ဒေါင်းလုပ်ခ် လုပ်လို့ရအောင် တင်ပေးထားပါတယ်။ ဖိုင်ဆိုဒ်က 900 KB လောက်ပဲရှိပါတယ်။

ဒီနည်းက ကျွန်တော်ကြိုက်ဆုံး အကောင့်ဖွင့်နည်းပဲ ဖြစ်ပါတယ်။ ဒီနေ့မနက်တောင် နောက်အကောင့်တစ်ခု ဖွင့်လိုက်သေးပါတယ်။ လုံးဝကို ရတာသေချာပါတယ်။ ကိုယ့်ဘက်က ဘာမှစိုက်စရာမလိုပဲ အကောင့်ဖွင့်နည်းလေးမို့ ကျွန်တော်ရှဲလိုက်တာ ဖြစ်ပါတယ်။


Download  


***  ကိုကိုဇော် ( BE-EC )

Tuesday, September 24, 2013

Gmail Account အလွယ်ကူဆုံး အကောင့်ဖောက့်နည်း ( ဖုန်းနံပါတ်မလို)


















ကဲ့ ဒီတစ်ကြိမ်တော့ ကျွန်တော် ကိုဂူဂယ်လ်မေးလ်အကောင့်ကို ဖုန်းတွေ ဘာတွေ မတောင်းပဲ အလွယ်ကူဆုံး ဖွင့်နည်းလေးကို ကျွန်တော် ရှဲလိုက်မယ်နော်။

ကျွန်တော်တို့ မြန်မာပြည်မှာ အသုံးများတဲ့ စက်ရုပ်ဖုန်းလေးတွေကနေပြီး ဂူဂယ်လ်အကောင့်ဖောက်ရင် ဘာဖုန်းမှကို မတောင်းပဲ လွယ်လွယ်ကူကူ အကောင့်ရပါတယ်။

ကွန်ပျူတာပေါ်ကနေပြီး အကောင့်ဖောက်ချင်ရင်ရော်??????

ကျွန်တော်က ကွန်ပျူတာ အပေါ်ကနေပြီး အကောင့်ဖောက်ထားတာဗျ။

လွယ်လွယ်လေး။ သိတယ်မို့ Blue Stacks Player အစွမ်းလေ။ ကွန်ပျူတာမှာ စက်ရုပ်အတုလေးနဲ့ ကျွန်တော် စမ်းကြည့်တာ လုံးဝကို အဆင်ပြေပါတယ်။

Blue Stacks Player ကို http://www.bluestacks.com/app-player.html  မှာ သွားမလို့ရပါတယ်။ ဆော့ဝဲလ်က ကျွန်တော်စမ်းတာတော့ အင်တာနက်ချိတ်ပြီး ဆော့ဝဲလ်ကို Install ပြုလုပ်ရတာမို့ ကျွန်တော် မူရင်းလင့်ကို ပဲ ညွန်းပေးလိုက်တာ ဖြစ်ပါတယ်။

အဲ့ အခုလိုမျိုးဘာဖြစ်လို့ အကောင့်ဖောက်တာ ခက်နေလဲလို့ မေးရင် တကယ်က ခက်တာ မဟုတ်ဘူးဗျ။  ကိုဂူဂယ်လ်က သူ့အကောင့်တွေကို လုံးခြုံရေး မြှင့်ထားလို့ ဖြစ်တာပါ။ မိုဘိုင်းလ်ဖုန်းနဲ့ ချိတ်သုံးရင် ပိုပြီး လုံခြုံစိတ်ချသော အဆင့်မြင့်အကောင့် တစ်ခုပိုင်ဆိုင်အောင် ဖန်တီးခဲ့တာပါ။ ကျွန်တော်လည်း အခုလော်လော်ဆယ် မိုဘိုင်းလ်ဖုန်း မရှိသေးလို့ အခုလိုမျိုး ဖုန်းနံပါတ်မတောင်းတဲ့ နည်းကို အသုံးပြုနေရတာ။



အကောင့်ဖောက်တာက လွယ်ပါတယ်။
လိုအပ်ချက်က >>>> Andorid OS သုံး ဖုန်း (သို့) Tablet ( သို့ ) Android OS ( For Computer )

ဖုန်း၊Tablet တွေမှာ Setting > Manage Account > Add Accounts > Google > Create  အဲလိုမျိုးနဲ့ အကောင့်ဖောက်နိုင်ပါတယ်။

တစ်ချို့သော ဖုန်းတွေက Google App မထည့်ထားရင် မရပါ။ Huawei အတော်များများမှာ Google App က ပြန်သွင်းရပါတယ်။

ကွန်ပျူတာသမားတွေကတော့ ကျွန်တော့်လိုမျိုး Blue Stacks Player ကို အသုံးပြုပြီး Blue Stacker Player > စက်သွားပုံလေးကို ကလစ်> Manage Accounts > Add Account > Google > Create ဆိုပြီး အကောင့်တစ်ခုကို လွယ်လွယ်နဲ့ ဖောက့်နိုင်ပါတယ်။

စက်တွေကလည်း အများကြီးရှိတာမို့ တစ်ခုနဲ့ တစ်ခုတော့ အနည်းငယ်ကွာခြားပါတယ်။

ဒါပေမဲ့လည်း လုပ်ဆောင်ချက်က အတူတူပဲ ဖြစ်မှာပါ။

ကျွန်တော်ကတော့ Blue Stackes Player လေးကို အသုံးပြုပြီး ဒီနေ့ပဲ အကောင့်အသစ်တစ်ခု ဖွင့်ပေးခဲ့ပါတယ်။

ကျွန်တော် အကောင့်ဖောက်တာလေးကို စာအုပ်လေး ပြန်လုပ်ပေးထားလိုက်ပါတယ်။

တကယ်လို့များ ပုံနှင့်တကွ အသေးစိတ်အကောက့်ဖောက့်တာကို သိချင်သော သူများအတွက်ပါ။

လိုချင်ရင် အောက်မှာ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။

ဖိုင်ဆိုဒ်က 1.23 MB ပါ။


Download  


***  ကိုကိုဇော် ( BE-EC )

Friday, September 20, 2013

Paypal Account ဖွင့်နည်း


















ကျွန်တော်အင်တာနက်မှာ နာမည်ကြီးနေသော Paypal Account လေးကို ဖွင့်ကြည့်ရအောင်ဗျာ။

ဒီနေခေတ်မှာတော့ Paypal Account ကို မြန်မာနိုင်ငံက အဆင်ပြေပြေဖွင့်နိုင်နေတာ ကြောင့် အကောင့်အသစ်တွေ ဖွင့်သော သူများ များပြားတာ ကြောင့် ကျွန်တော်လည်း ကျွန်တော်သိသော အကောင့်အသစ်ဖွင့်နည်းလေးကို ရေးသားလိုက်ရပါတယ်။

Paypal Account ဆိုတာကတော့ အင်တာနက်မှ ငွေတွေကို လက်ခံနိုင်၊ ပြန်ထုတ်နိုင်သော အကောင့်အမျိုးအစားတစ်ခု ဖြစ်ပါတယ်။

ဘလော့ဂ်ရေးသားသူများ၊ အင်တာနက်မှ ငွေရှာဖို့အတွက် PTC Site တွေမှာ ကလစ်လုပ်သူများ အသုံးများ အကောင့်တစ်ခုဖြစ်ပါတယ်။

နောက်ပြီး အင်တာနက်မှာ စျေးဝယ်ရာမှာ အနောက်နောက်ငံတွေမှာ နာမည်ကြီးသော ငွေပြောင်း၊ငွေလွဲ လက်ခံနိုင်သော အကောင့်အမျိုးအစား ဖြစ်ပါတယ်။

Paypal Account ကို ဖွင့်ဖို့အတွက် လိုအပ်ချက်ကတော့ အီးမေးလ်တစ်ခု လိုအပ်ပါတယ်။

Gmail , Yahoo, MSN Mail , Other အီးမေးလ်အကောင့်တစ်ခုခုရှိရင် အကောင့်ဖွင့်နိုင်ပါတယ်။


၁) အရင်ဆုံး အကောင့်အသစ်ဖွင့်ဖို့ဆိုရင် www.paypal.com သို့သွားရောက်ရပါတယ်။

၂) Sign Up ဆိုတာကို ကလစ်လုပ်ရပါတယ်။

၃) နိုင်ငံရွေးရပါတယ်။ ကျွန်တော်ကတော့ US ကိုပဲ ရွေးပါတယ်။ မြန်မာမှ လူတွေအတွက်ကတော့ US ကို ရွေးတာ အဆင်ပြေပါတယ်။ ကျန်သော နိုင်ငံတွေ အတွက်ကတော့ သက်ဆိုင်ရာ နိုင်ငံရွေးနိုင်ပါတယ်။ မြန်မာတစ်နိုင်ငံတည်းသာ ခက်နေတာပါ။

၄) နိုင်ငံရွေးပြီးရင် အကောင့်ပုံစံ Personal , Business နှစ်ခုတည်းက တစ်ခုရွေးရပါတယ်။ ကျွန်တော်ကတော့ ဘာစီးပွားရေးမှ မလုပ်တာမို့ Personal ကို ပဲ ရွေးမှာပါ။

၅) Email မှာ ကိုယ့် အီးမေးလ်၊ ပက်စ်ဝက်မှာ ကိုယ့်ကြိုက်ရာ ပက်စ်ဝက်၊ ပက်စ်ဝက်က နှစ်ကြိမ်ရိုက်ထည့်ရပါတယ်။ အတူတူထားပေးရမှာ ဖြစ်ပါတယ်။

၆) First Name , Last Name , Address 1 and 2 တို့မှာ အဆင်ပြေရာ ထည့်သွင်းနိုင်ပါတယ်။

၇) အမှန်ကန်ထည့်သွင်းရမှာတော့ City , Stage , Zip Code တို့ပါ။ ကျွန်တော်ကတော့ US နိုင်ငံက ဖွင့်မှာမို့ http://www.phaster.com/zip_code.html က အချက်လက်တွေကို ယူသုံးပါတယ်။ အဲဒီလင့်မှာ City , Stage , Zip Code တွေ တွေ့နိုင်ပါတယ်။
ကိုယ်ကြိုက်ရာကို နိုင်ပါတယ်။

၈) ဖုန်းကတော့ ဆယ်လုံးပါသော နံပါတ်ကို သုံးရမှာပါ။ ကျွန်တော်ကတော့ 206335----    ဆိုပြီးသုံးပါတယ်။ ပြီးရင်တော့ Yes I Agree … ဆိုတာလေးကို အမှန်ခြစ်၊ Create Account ကို ကလစ်လုပ်လိုက်ရင် ရပါတယ်။


အကောင့်က ရသွားပေမဲ့ Verified ဖြစ်အောင်လုပ်ရအုံးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေဆိုရင်တော့ အဲ့လိုမျိုး Paypal Account Verified ဖြစ်အောင် www.shwemoney.com ကို ဆက်သွယ်ပြီး မေးမြန်နိုင်ပါတယ်ခင်ဗျား။

အကောင့်ဖွင့်နည်း အပြည့်အစုံကို ပုံနှင့်တကွ ကြည့်ချင်ရင်တော့ ကျွန်တော့်အကောင့်တစ်ခုကို ဖွင့်တုန်းက ပုံတွေကို ဖမ်းယူထားတာလေးကို စာအုပ်လုပ်ထားတာရှိပါတယ်။ အောက်မှာ ဒေါင်းလုပ်ခ်ရယူပြီး ဖတ်ရှု့လေ့လာနိုင်ပါတယ်ခင်ဗျား။

စာအုပ်လေးက ဖိုင်ဆိုဒ် 2 MB လောက်နီးပါးရှိပါတယ်ခင်ဗျား။


Download  


**  ကိုကိုဇော် ( BE-EC )


ပိုက်ပိုက်တွေ ရှာနည်းကို သိချင်ရင်တော့  ဒီနေရာလေးကို သွားပါခင်ဗျား။

Tuesday, September 3, 2013

Gmail , Facebook Acoounts များကို မိုဘိုင်းလ်ဖုန်းမရှိဘဲ မရရအောင် ဖွင့်နည်း





















အခုလိုမျိုး အချိန်မှာတော့ အရင်တုန်းက အကောင့်ဖွင့်ရလွယ်ကူသော Google Mail , Facebook Accounts တွေကို ဖွင့်ရတာ နည်းနည်းလေးခက်ခဲသော အချိန်လိုတောင် ပြောလို့ရနိုင်ပါတယ်။

Google Mail ကလည်း အကောင့်တစ်ခုကို ဖွင့်တော့မည်ဆို မိုဘိုင်းလ်ဖုန်းတစ်ခုကို တောင်းကာ Verified Code ခြောက်လုံးထည့်ပေးရသော စနစ်ကို အသုံးပြုထားပါတယ်။

Google Mail ကို ရနိုင်သော နည်းတွေများစွာနဲ့ စမ်းသပ်ပြီးသော်လည်း အသုံးပြုသူအများစုက ဖေ့ဘုတ်ကို အသုံးပြုချင်သူများပြားသော ကြောင့်သာလျှင် Google Mail ကို ဖွင့်ကြတာကို သိကြမှာပါ။

အခုတော့ ကျွန်တော် Google Mail ကို ဖွင့်နည်း နှစ်နည်းနှင့် ဖေ့ဘုတ်ကို သေချာရနိုင်သော နည်းလမ်းကို ရေးပေးပါမယ်။


၁) Google Mail ကို ဖုန်းမရှိပဲ ဖွင့်ခြင်း

ပထမနည်းလမ်းကတော့ US Online Phone နံပါတ်ကို http://voicemail.k7.net/signup/ မှာ သွားယူပြီး ဖုန်းရရှိသွားပါက Google Mail Account ဖွင့်သော https://accounts.google.com/NewAccount?service=cl မှာ ပုံမှန်အတိုင် အမည်များ၊ အကောင့်အမည်

ကို ဖြည့်စွက်၊ ဖုန်းနံပါတ်နေရာမှာ ကိုယ်ရရှိသော US Phone Number ကို ဖြည့်စွက်ပြီး ဟိုးအောက်ဆုံးက Location မှာ မြန်မာအစား US ကို ရွေးချယ်ကာ အကောင့်ကို ဖွင့်လိုက်နိုင်ပါတယ်။

အဲ့လို အကောင့်ဖွင့်လိုက်ပါက နောက့်တစ်ဆင့်မှာ ဖုန်း Verified ပြုလုပ်နိုင်သောနေရာသို့ရောက်သွားပါမယ်။

K7 က ရလာသော ဖုန်းကထည့် ၊ Voice Mail ကို အမှန်ခြစ်၊ Continue ကို ကလစ်လိုက်ပါက ကုဒ်ခြောက်လုံးထည့်လို့ရသောနေရာသို့ ရောက်သွားပါမယ်။ ထိုနေရာမှာ K7 ကို ကိုယ့်အကောင့်နဲ့ ဝင်ရောက်ကာ Google က ပို့ထားသော အသံဖိုင်လေးကို Download ချပြီး

ကုဒ်ခြောက်လုံးကို နားထောင်ပြီး ထိုကုဒ်များကို Google Code တောင်သောနေရာမှာ ထည့်သွင်းခြင်းဖြင့် အကောင့်ကို ဖွင့်နိုင်ပါတယ်။ သို့သော်လည်း ဒီနည်းလမ်းက လိုင်းနည်းနည်းကောင်းမှ အဆင်ပြေပါတယ် ။ အချို့သော အချိန်များမှာ Google က ပို့လိုက်သော
အသံဖိုင်က ကုဒ်ခြောက်လုံးမပြည့်တာမျိုးတွေ ဖြစ်တက်တာကြောင့် အဆင်မပြေပါ။

ဒုတိယနည်းလမ်းက ပိုလွယ်သလိုရှိပါတယ်။

Android OS System ကနေပြီး အကောင့်ဖွင့်ခြင်း ဖြစ်ပါတယ်။အတော်ကို လွယ်ပါတယ်။ ဖုန်းလည်းမတောင်းပါ။ Phone Setting > Manage Account > Add Account > Google > Create ကနေပြီး အကောင့်ဖွင့်နိုင်ပါတယ်။ ကျွန်တော့်ဆီမှာတော့ ဖုန်းမရှိပါ။
Android အတု Blue Stack Player နဲ့ ဖွင့်ကြည့်တာ အဆင်ပြေပါတယ်။


၂) Facebook Account ဖွင့်ခြင်း

Facebook Account ကို Google Mail နဲ့ တိုက်ရိုက်ဖွင့်တာ အဆင်မပြေပါ။ SMS Verified ပဲ လုပ်ခိုင်းနေပါတယ်။

အခုတလော နာမည်ရလာသော Hush Mail Account https://www.hushmail.com/ ကို အသုံးပြုကာ ဖွင့်တာ အဆင်ပြေပြေနဲ့ SMS Verified ကို ကျော်ဖြတ်ကာ ဖွင့်နိုင်တာကို တွေ့ရပါတယ်။

ပထမတော့ Hush Mail နဲ့ ဖွင့်ပြီး Gmail ကို အသုံးပြုချင်ရင် Facebook Account Setting > Primary Email ကို ပြောင်းသုံးလိုက်ရင် Gmail နဲ့ Facebook ကို အဆင်ပြေပြေ သုံးနိုင်ပြီပေါ့ဗျာ။ အသေးစိတ်ကို ကျွန်တော် Print Screen ဖမ်းပြီး အကောင့်တစ်ခုကို
ဖန်တီးထားပုံလေးကို PDF File လေးဖြစ်အောင် ဖန်တီးထားပါတယ်။

ကျွန်တော့် သူငယ်ချင်း တစ်ယောက်ကို ဒီနေ့ပဲ အကောင့်လုပ်ပေးထားပုံလေးနဲ့ ဉပမာပေးထားပါတယ်။

စာအုပ်ဖိုင်ဆိုဒ်က 8 MB နီးနီးရှိပါတယ်ခင်ဗျား။

Download


ကိုကိုဇော် ( BE-EC )
powerlight02@gmail.com

Monday, June 10, 2013

အွန်လိုင်းမှာ ပိုက်ဆံရှာမယ်



















ဒါကတော့ ယုံချင်မှ ယုံပေါ့နော်။

အင်တာနက်မှာ ပိုက်ဆံရှာတာကို ပြောပြသော ဆိုဒ်လေးကို ကျွန်တော် ပြောမလို့ပါ။

ကျွန်တော် ကိုယ်တိုင်ရှာပြီးပြီးဗျ။

တကယ်လည်းရတယ်။

မိတ်တွေတို့ သိချင်တယ်ဆိုရင်တော့ သွားကြည့်လိုက်နော့်။

http://aungkyawzawmakemoneyonline.blogspot.com/   ကို သွားကြည့်ပါ။

အဲ့မှာ အွန်လိုင်းမှာ ပိုက်ဆံရှာတာကို ရေးထားပါတယ်။

ကျွန်တော်က စမ်းတာ အိုကေလို့ ညွန်းလိုက်တာပါ။

အဲ့မှာ Paypal Account ဖွင့်တာတေ့ ဘာမှာ ကျော်ခွစရာမလိုတော့ပါဘူး။

ကျွန်တော် ဒီအတိုင်းဖွင့်တာ ရပါတယ်။

မိတ်ဆွေတို့ အိုကေပါစေနော့် ။

အမှားမရှိဘူးပေါ့ဗျာ။

ရှိုးလိုက်ပါ။


**  ကိုကိုဇော် ( BE-EC )

Facebook ကို မြန်မာလို အသုံးပြုနိုင်ပြီ


















ကဲ့ ဒီတစ်ခါတော့ အလန်းဇယားလေးပါ။

မြန်မာမှာ နာမည်ကြီး လူအသုံးများသော ဖွဘုတ် အော်မှားလို့ ဖေ့ဘုတ်ကို မြန်မာလို အသုံးပြုနိုင်သွားပြီဆိုတဲ့ အကြောင်းလေးပါ။

ဘယ်လိုအသုံးပြုရမှာလဲ?

ကျွန်တော် ဒီအကြောင်းကို ရေးပြီးသား ပို့စ်တစ်ခုလို့ပဲ ပြောပါရစေ။

http://htarwaiethar.blogspot.com/2013/05/facebook.html မှာ သွားကြည့်လို့ရပါတယ်။

ဖေ့ဘုတ်မှာ မိမိမြန်မာနိုင်ငံ ဘာသာ စကားပြောင်းလဲပုံကို ရေးထားတာပါ။

ခက်တာက မြန်မာလို မြင်ဖို့ဆိုရင် အင်တာနက် ဘလောက်ဇာမှာတော့ မြန်မာယူနီကုဒ်စံကို အသုံးပြုထားသော ဖောင့်ကို အသုံးပြုမှသာလျှင် မြန်မာလို အတိအကျမြင်နိုင်မှာ ဖြစ်ပါတယ်။

သို့သော်လည်း Firefox သမားတွေကတော့ Add On တွေပေါင်းထည့်ပြီးလည်း မြန်မာလို မြင်ရအောင် ပြုလုပ်လို့ရပါတယ်ခင်ဗျား။

မြန်မာယူနီကုဒ်ကို အသုံးပြုမည်ဆိုရင်တော့ http://htarwaiethar.blogspot.com/2013/03/blog-post_9812.html နဲ့ http://htarwaiethar.blogspot.com/2013/03/firefox-zawgyi-font-and-myanmar-unicode.html က ပို့စ်တွေကို ကြည့်ပါလို့ ပြောချင်ပါတယ်။

အခုဆိုရင် မြန်မာယူနီကုဒ်က အတော်ကို နေရာရလာတာမို့ မိတ်ဆွေတို့ အနေနဲ့ မြန်မာယူနီကုဒ်ကို အသုံးပြုသင့်တယ်လို့ ကျွန်တော် အကြံပေးချင်ပါတယ်။

အနာဂတ်မှာလည်း မြန်မာယူနီကုဒ်က တွင်ကျယ်လာမှာ ဖြစ်ပြီး ကျွန်တော်တို့ကသာ အသုံးမပြုတက်ရင် တိုင်ပတ်မှာသေးချာပါတယ်။

ကျွန်တော်က အကြံပေးရုံပါနော့်။

အခုတော့ ပြောချင်တာက ဖေ့ဘုတ်မှာ မြန်မာလိုတွေ လုံးဝမြင်နေရတယ်ဆိုတာပါပဲ။ ကျွန်တော်တင်ထားသော ပုံမှာ မြင်ရမှာပါ။

**  ကိုကိုဇော် ( BE-EC )

Thursday, May 23, 2013

Facebook ကို တရားဝင် မြန်မာဘာသာပြောင်းသုံးနိုင်ပြီ





















ကဲ့ အခုပြောမယ့်အကြောင်းကတော့ သိနေလောက်ပြီး အသုံးပြုတဲ့လူတွေလည်း သုံးနေလောက်ပါပြီ။

ဖေ့ဘုတ်ကြီးမှာ ကျွန်တော်တို့ မြန်မာဘာသာကို လုံးဝတရာဝင် အသုံးပြုလို့ရပြီးဆိုတဲ့ အကြောင်းလေးပေါ့နော်။

ကျွန်တော် ဖေ့ဘုတ်မှာ မြန်မာစာ မှန်ကန်ဖို့ မဲပေးဖို့ ပို့စ်နောက်ဆက်တွဲပါပဲ။http://htarwaiethar.blogspot.com/2013/04/facebook-vote.html

အဲ့လိုမျိုးမဲတွေပေးလိုက်တာ မနေ့ကနေစတင်ကာ ဖေ့ဘုတ်မှာ မြန်မာဘာသာကို တရားဝင်ပေးသုံးလိုက်ပါပြီ။

တရားဝင်ဆိုတာတော့ အရင်ကဆိုရင် ကျွန်တော်တို့က ဖေ့ဘုတ်က ဘာသာစကားနေရာမှာ US Language ကို ရွေးချယ်ကာ အသုံးပြုရပါတယ်။

နောက် မြန်မာစာ မြင်ရဖို့ မြန်မာယူနီကုဒ်ဆို မြန်မာယူနီကုဒ်၊ ဇော်ဂျီဆို ဇော်ဂျီ ကို ကွန်ပျူတာမှာ အင်စတောလုပ်၊ အင်တာနက် ဘလောက်ဇာမှာ ဖောင့်တွေကို ပြောင်းသုံးတဲ့ ပုံစံပါ။

အခုကတော့ US Language နေရာမှာ ကျွန်တော်တို့ ကိုယ်ပိုင် မြန်မာဘာသာကို ရွေးသုံးနိုင်သွားပါတယ်။ကျန်သော ဖောင့်​တွေ ကိစ္စကတော့ အရင်တိုင်းပါပဲ။

ကျွန်တော်စမ်းကြည့်တာတော့ မြန်မာယူနီကုဒ်ကို Support လုပ်ထားပါတယ်။ မြန်မာဘာသာဆိုတာလေးကို မြန်မာယူနီကုဒ်ကို အသုံးပြုမှသာ မြန်မာဘာသာလို့ မြင်နိုင်ပြီး ဇော်ဂျီကတော့ စာလုံးပေါင်းလွဲနေတာကိုပဲ မြင်ရမှာပါ။


လုပ်ရတာက လွယ်ပါတယ်။

ကိုယ့်ဖေ့ဘုတ်အကောင့်မှာ Log Out တွေလုပ်သော နေရာအောက်လေးက Account Setting ကို ကလစ်ပါ။

အောက်ဆုံးမှာ Language ဆိုတာလေးရှိပါတယ်။ သူ့နေရာ အဆုံးမှာ Edit လေးကို ကလစ်ပါ။

Choose Primary: ဘေးက မြှားလေးကို ကလစ်ပြီး " မြန်မာဘာသာ " ဆိုတာလေးကို ရှာပါ။ မြန်မာလိုပဲ ရေးထားပါတယ်။

သူကို ရွေးပြီး Save Changes လုပ်လိုက်ရင်ရပါပြီ။







 















မြန်မာဘာသာဆိုတာလေးကို ဒီနေရာမှာတော့ ဘာဖောင့်ကို သုံးသုံးမြင်ရပါတယ်။

အဲ့လိုပြင်ပြီးလို့ Save လုပ်ပြီးမှ မြန်မာဘာသာဆိုတာလေးက ယူနီကုဒ်အသုံးပြုသူဆိုရင် အတည်မြင်ရမှာပါ။

ဘာပဲ ပြောပြောအတော်ကို အဆင်ပြေပါတယ်လို့ ပြောလို့ရပါတယ်။

ဖေ့ဘုတ်က ပေးတဲ့ မြန်မာဘာသာပါပဲ။

သို့သော်လည်း သို့သော်လည်းပေါ့နော် ... ကျွန်တော်တို့ မြန်မာကို ဖေ့ဘုတ်က လက်ခံတာကပဲ ကျေနပ်စရာကောင်းပါတယ်။ ဘာဖောင့်ကိုပဲ အတည်ပြုပြု လုံးဝ Thank You!

ဖေ့ဘုတ်မှာက မြန်မာယူနီကုဒ်ကတော့ အသုံးပြုသူမရှိသလောက်ရှားပါတယ်။ ဒါကြောင့်လည်း ဖေ့ဘုတ်က မြန်မာတွေအတွက် ဇော်ဂျီကိုပဲ ရွေးချယ်လိုက်တာနေမှာပေါ့နော်။

ကျွန်တော့် Facebook Like Page မှာ မြန်မာယူနီကုဒ်တွေ ဖြစ်နေတာကြောင့် စာဖတ်မရသူများကို ဒီနေရာကပဲ တောင်းပန်ပါတယ်။ဇော်ဂျီက အသုံးပြုသူများပြားသော်လည်း ကျွန်တော်က ဖောင့်တော့ ပြောင်းသုံးဖို့ ဆန္ဒမရှိပါဘူး။ ယူနီကုဒ်မှ ယူနီကုဒ်ကိုပဲ အသုံးပြုမှာပါ။ ဘလော့မှာတော့ စာဖတ်သူများ အဆင်ပြေအောင် ကျွန်တော် Font Embed လုပ်ထားလို့ ဘာဖောင့်ကို အသုံးပြုပြု အဆင်ပြေပြေနဲ့ ကျွန်တော်ရေးထားတာကို ဖတ်နိုင်တာကိုပဲ ကျေနပ်မိပါတယ်။


** ကိုကိုဇော် ( BE-EC )



Tuesday, May 21, 2013

အင်တာနက်မှာ US Phone No တစ်ခုရယူရအောင်



















ဒီနည်းကတော့ ကျွန်တော့် အတွက် အသုံးတည့်သော နည်းလမ်းတစ်ခုပါ။

ကျွန်တော်က အခုလောလောဆယ် GSM မရှိသော နေရာကို ရောက်နေပါတယ်။

ကျွန်တော်တို့ဆီမှာ ဖုန်းဆိုလို IP Star , CDMA တွေပဲ အသုံးပြုလို့ရပြီး ကျွန်တော်တို့ တကယ်ပြောလို့ရသော ဖုန်းကတော့ တစ်လုံးကြီးတောင်ရှိပါတယ်။

တော်သေးတာက ကုမ္ပဏီက ဝီဖီကြီး လွှင့်ထားလို့တော်သေးတာပေါ့နော်။

အခုနောက်ပိုင်းမှာ Gmail Account ဖွင့်တာ ဖုန်းတောင်းတော့ ဖုန်းမရှိသော သူများ အသုံးတည့်မယ့်နည်းလမ်း ဖြစ်ပါတယ်။

အကောင့် လျှောက်ရမည့် ဆိုဒ်က http://voicemail.k7.net/  ပါ။

အဲ့မှာ US Phone No လျှောက်လို့ရပါတယ်။ ဖုန်းနံပါတ်က +1 နဲ့ ဂဏန်း ၁၀ လုံး ဖုန်းနံပါတ် တစ်ခုရပါတယ်။

အဲဒါကို အသုံးပြုပြီး ဖုန်းတောင်းသော နေရာတွေမှာ ဖုန်းပေးလို့ရပါတယ်။

အကောင့်လျှောက်ရတာ သိပ်မခက်ပါဘူး။

ဆိုဒ်မှာ Sign Up ဆိုတာလေးကို ကလစ် ၊ Email ရယ် Security Code ရယ် ထည့်ပေးရပါတယ်။

Email က ကိုယ့် အကောင့်ကို ပေးလို့ရသလို မရှိသော အကောင့်ကို ပေးလို့လည်းရပါတယ်။ အီးမေးလ် ပုံစံဆိုရင် ရပါတယ်။ ဉပမာ 123@gmail.com လိုမျိုးပါ။ Security Code ကတော့ ကြိုက်ရာ လေးလုံးပေးရပါမယ်။

ကြိုက်တာသာ ပေးလိုက်ပါ။

အဲ့ဒါတွေ ဖြည့်ပြီးရင်တော့ အောက်က အဆင့်တွေမှာ Check လေးတွေ အော်တိုရွေးပေးထားပါတယ်။ မကြိုက်ရင်တော့ ပြန်ပြင်ပေးပေါ့နော်။ ကျွန်တော်ကတော့ အီးမေးလ်ကို မရှိသော အကောင့်ကို ပေးပြီး ဘာမှလည်း မပြင်ပါဘူး။

အောက်ဆုံးမှာတော့ စာလုံးအစောင်းလေးတွေ ရိုက်ခိုင်းပါတယ်။ မှန်အောင်ရိုက်ထည့်ပြီး Summit ကို ကလစ်လိုက်ပါက ခဏလေးစောင့်လိုက်ရုံနဲ့ ဖုန်းနံပါတ်တစ်ခု ရပါတယ်။

အဲ့ဒီဖုန်းက +1 Country Code နဲ့ ဂဏန်းဆယ်လုံးပါ။ အဲ့မှာ Security Code ပါ ပြန်ပေးပါတယ်။

ကိုယ့် အကောင့်ကို ဝင်ချင်ပါက My Account ကို ကလစ်ပြီး ဖုန်းနံပါတ်၊ Security Code ထည့်ပေးရပါတယ်။

ဖုန်းနံပါတ်က နိုင်ငံကုဒ်မပါရပါဘူး၊ ဂဏန်းကြီးသက်သက် ဆယ်လုံးရိုက်ထည့်ပေးရပါတယ်။ ကြားထဲမှာ ကွင်းစ၊ ကွင်းပိတ်တွေ ဒက်ရ်တွေ မပါရပါဘူး။

ဖုန်းနံပါတ်က အဝင် Voice Call ဆိုရင် လက်ခံပါတယ်။ အသံဖိုင်လေးရလာမှာပါ။ အဲ့မှာ ကိုယ့်ဆီကို ပို့ထားသော Message ကို ဒေါင်းပြီးနားထောင်နိုင်ပါတယ်။

ကိုယ့်ဆီကို ဖုန်းခေါ်ချင်ရင်တော့ Country Code +1 နဲ့ နောက်က ဂဏန်း ၁၀ လုံးတွဲပေးရပါတယ်။ ဥပမာ +12234568974   အဲ့လိုမျိုးပါ။

ကျွန်တော် စမ်းသပ်ထားသော Result ကို လိုချင်ရင်တော့ အောက်မှာ ဒေါင်းလိုက်နော့်။

Download  

**  ကိုကိုဇော် ( BE-EC )

Saturday, April 27, 2013

အင်တာနက် ဥပဒေ ( Online Law or Cyber Law )
















Internet law ထက် cyber law လို့ခေါ်ပါတယ်။
အခြေခံအားဖြင့်တော့ Civil Law, Criminal Law တွေပေါ်မှာ အခြေခံပြီး
လိုအပ်တာတွေကို ဖြည့်စွက်ထားတာပါ။

အသေးစိတ်ဘာတွေပါတယ်ဆိုတာကတော့ နိုင်ငံတစ်နိုင်ငံ ကွာခြားလို့ပြောရခက်ပါတယ်။
American, Singapore, UK, Australia နဲ့ Phillipine တို့ကတော့ သူတို့ law တွေကို ညီအောင် ညှိထားပါတယ်။
သဘောတူညီမှုအချို့ယူထားပါတယ်။
ဒါ့ကြောင့် Phillipine က hacker က UK server ကို hack ရင် Phillipine အစိုးရက hacker ကိုဖမ်းပြီး UK နဲ့ညီမျှတဲ့
ပြစ်ဒါဏ်ပေးနိုင်ပါတယ်။

Domain name dispute, ဥပမာ mcdonald.com ကို ကျွန်တော်ကအရင်ဝယ်ပြီး Mcdonald ကိုဒေါ်လာအများကြီးနဲ့
ပြန်ရောင်းစားရင် Mcdonal က တရားရုံးမှာတိုင်ပြီး သူတို့ရဲ့ history, goodwill စတာတွေကို ဖော်ပြသက်သေထူပြီး
ဒီ domain ကိုသူတို့ပိုင်သင့်ကြောင်း လျှောက်လဲလို့ရပါတယ်။ အဲဒီအခါမျိုးမှာ တရားမျှတအောင် ဆောင်ရွက်ပေးပါတယ်။

Hacker တစ်ယောက်က intrusion လုပ်တဲ့ အခါ၊ Authorization မရှိဘဲနဲ့ ဝင်ရောက်တဲ့အမှု၊ Authenication system ကို
exploit လုပ်ခဲ့ရင် လုပ်ခဲ့တဲ့အမှု၊ အဲသလိုမဟုတ်ဘဲ သူများ authentication ကိုခိုးယူပြီး ဝင်ရောက်ရင်၊ ခိုးယူမှု။
Computer ထဲဝင်ပြီး ဖျက်လိုဖျက်ဆီးလုပ်ရင်၊ website ကို deface လုပ်ရင် vandalism။ အဲသလိုမဟုတ်ဘဲ၊ အခွင့်မရှိတဲ့
ဖိုင်တွေကို ဝင်ခိုးရင်၊ ခိုးမှု။ စတာတွေအတွက် လိုအပ်တဲ့။ လုံလောက်တဲ့ log တွေ၊ သက်သေတွေနဲ့ တရားရုံးမှာ ဒီ hacker ဟာ
ဘယ်လို motive (ရည်ရွယ်ချက်၊ တွန်းအားနဲ့) ကြောင့် ဒီအမှုကို ကျူးလွန်ကြောင်း သက်သေပြ တရားဆွဲရပါတယ်။

ဒီနေရာမှာ motive က အလွန်အရေးကြီးပါတယ်။
motive မရှိရင်၊ မသိရင်၊ သက်သေမလုံလောက်ရင်၊ တရားရုံးက ဘယ်လိုမှလုပ်ပေးလို့မရပါဘူး။
ကျွမ်းကျင်တဲ့ hacker တွေကတော့ vandalism မလုပ်တာ၊ log တွေကိုဖျက်တတ်တာကြောင့် အဖမ်းမခံရပါဘူး။
သူတို့ကကျတော့ computer system, network ထဲဝင်ပြီးကိုယ်လိုချင်တာကိုယူတာမျိုး။
အကယ်၍ဖျက်လိုဖျက်ဆီးလုပ်မယ်ဆိုလဲ၊ ကိုယ့် trace မကျန်အောင် အမြဲဂရုပြုကြပါတယ်။

europe က computer law က american တို့၊ UK တို့က law ထက် နည်းနည်း light ဖြစ်ပါတယ်။
hacker, cracker လုပ်မယ်ဆိုရင် Law ကို နားလည်တာဟာ အနည်းနဲ့အများနားအကျိုးရှိပါတယ်။
ဒါမှ ကိုယ်လုပ်နေတာ ဘယ်အဆင့်ရောက်နေပြီ၊ ဘယ် log တွေဟာငါ့ကို သက်သေ လုပ်ကြမယ်ဆိုတာမျိုးသိဖို့
လိုပါတယ်။

Authorization မှလည်း အချိန်ဟာ အရေးကြီးပါတယ်။
Case တစ်ခုမှာ Girlfriend က သူ့ Boyfriend ကို သူ့ရဲ့ email password ကိုပေးပြီး email စစ်ခိုင်းပါတယ်။
ဒါနဲ့ သူတို့နှစ်ယောက် ကွဲသွားတဲ့အခါ Boyfriend က ကောင်မလေး email နဲ့ မဟုတ်ကဟုတ်ကတွေလျှောက်လုပ်ပါတယ်။
ကောင်မလေးက တရားစွဲတော့ ကောင်လေးက သူ့ကို authorize လုပ်ထားလို့ သူသုံးတာလို့ လျှောက်လဲပါတယ်။
ဒါပေမယ့် တရားရုံးက trust လုပ်တဲ့ period ကို သူတို့မကွဲခင် အချိန်အထိပဲ သတ်မှတ်တာမို့၊ အဲဒီကောင် ထောင်ကျပါလေရော။

ဆိုလိုချင်တာက company တစ်ခုမှာ အလုပ်လုပ်ရင်၊ အလုပ်ထွက်ပြီးနောက် ကိုယ့်မှာ ရှိတဲ့ password နဲ့ဝင်လို့ရသေးတောင်
ဝင်မိရင် တရားစွဲခံရနိုင်ပါတယ်။ trust period ကကျော်သွားပြီကိုး။

Law ကစိတ်ဝင်စားစရာကောင်းပါတယ်။ ကျွန်တော် တို့သင်ရတုန်းကတော့ case တွေကို ရှင်းရတဲ့ tutorial တွေ၊
Case ကိုဖတ်ပြီး၊ ဘာသက်သေတွေရှိတယ်၊ ဘာမှုတွေနဲ့ငြိတယ် ဆိုတာ စဉ်းစား၊ငြင်းခုန်ရတာတွေဟာ
ပျော်စရာအကောင်းဆုံးပါ။

**  Htar Waie Thar

# MYSTERY ZILLION  Forum က ကိုသားသားလေး ဖော်ပြချက်ကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါတယ်။

Wednesday, April 24, 2013

Facebook မှာ မြန်မာစာမှန်ကန်ရေးအတွက် Vote ပေးကြပါစို့




















ကျွန်တော်တို့ မြန်မာမှာ လူအသုံးများသော လူမှုကွန်ယက်ဝက်ဆိုဒ်မှ မြန်မာဘာသာ Translation ကို Vote ဝင်ပေးကာ မြန်မာစကားလုံးများကို မှန်ကန်အောင် ဖြည့်စွက်သော Application တခုကို ထုတ်ပေးနေပါတယ်။

အဲ့မှာ မြန်မာယူနီကုဒ် အသုံးပြုသူများရော ဇော်ဂျီအသုံးပြုသူများပါ ပါဝင်ကာ မဲဆန္ဒပေးလို့ရပါတယ်။

ဥပမာဗျာ ။  ။ အင်္ဂလိပ်စကာလုံး profile ဆိုရင် မြန်မာစကားလုံး

ကိုယ်​ရေးမှတ်​တမ်း
ကိုယ်​ပိုင်​စာ​မျက်နှာ
ကိုယ်​ရေး​အကျဉ်း
ကိုယ်ရေးမှတ်တမ်း
ကိုယ်​ရေး​အချက်အလက်

အစရှိသလို မဲပေးလို့ရပါတယ်။

ကျွန်တော်တို့ မြန်မာများ အနေဖြင့် လုံးဝမဲပေးသင့်သော ပွဲကြီးပါပဲ ။ နောက်မို့ဆို Facebook ကနေပြီး မြန်မာဘာသာကို ဘာသာပြန်ချင်သလို ပြန်နေမှာပါ။

မဲပေးချင်သူများ အနေနဲ့ ကိုယ့် Facebook Account နဲ့ ဝင်ရောက်ပြီး http://www.facebook.com/?app=1&sk=translations

လင့်ခ်မှာ မဲပေးနိုင်ပါတယ်။


**  Htar Waie Thar

Hack ခံ​လိုက်​ရသ​ည့် သင့်​၏ Facebook Account အား ဘယ်​လို​ပြန်ယူ​မ​လဲ




















အားလုံး သိ​ကြ​တဲ့​အတိုင်း Facebook ဆို​တဲ့ လူ​မှု​ရေး​ကွန်​ယက်​ကြီး​ကို ​၁ ဘီ​လီ​ယံ​ကျော်​သော လူအ​များ​က စွဲ​လန်း​ခုံမင်​စွာ သုံးစွဲ​နေ​ကြ​ပါ​တယ်။ အသုံးလို​လို့ သုံးစွဲ​တာ​ထက် စွဲ​လန်း​မှု​ဖြင့် သုံးစွဲ​တာ​က ပို​များ​လာ​နေ​ပါ​တယ်။ ဖုန်း ၊ တက်​ဘ​လက် ၊ ကွန်​ပြူ​တာ ၊ လက်​တော့​ပ် စ​တဲ့ အီ​လက်​ထ​ရော​နစ် ပစ္စည်း​တွေ​အားလုံး​နဲ့ နေရာ​တကာ​မှာ မျက်စိ​နောက်​လောက်​အောင် Facebook မှ Facebook ပါ​ပဲ။

ကဲ​ဒီ​လောက်​တောင် စွဲ​လန်း​နေ​ရ​တဲ့ သင့်​ရဲ့ Facebook ဟာ ဘယ်လောက်​တောင်​မှ လုံခြုံ​ပါ​သလဲ။ သင့်​အနေ​နဲ့ ကံ​အကြောင်း​မလှ​လို့ hack ခံ​လိုက်​ရ​ပြီ​ဆို​ရင် ဘယ်​လို​များ လုပ်​ကြ​မ​လဲ။ ရုပ်​ပိုင်း​ဆိုင်​ရာ မ​ထိခိုက်​ပေ​မယ့် စိတ်​ပိုင်း​ဆိုင်​ရာ​တော့ အ​တော်​လေး ထိခိုက်​ရ​မှာ သေချာ​ပါ​တယ်။ အထူးသဖြင့် Facebook ဆို​တဲ့ "ဆေး" စွဲ​နေ​သူ​များ​က ပို​ခံ​ရ​ပါ​လိမ့်​မယ်။

Facebook ကို hack အလုပ်​ခံ​ရ​တဲ့ နည်း​လမ်း​တွေ အများ​ကြီး ရှိ​ပါ​တယ်။ ဒါ​ပေ​မယ့် အဓိက အကြောင်းရင်း​ကတော့ ပေါ့​ဆ​မှု​ကြောင့်​ပဲ ဖြစ်​ပါ​တယ်။

ဘယ်​နည်း​နဲ့​ဖြစ်​ဖြစ် အကယ်၍​သာ သင့်​ရဲ့ Facebook ကို hack လုပ်​ခံ​လိုက်​ရ​ပြီ ဆို​ရင်​တော့ အောက်​ပါ​နည်း​လမ်း​များ​ကို အသုံးပြု​ပြီး ပြန်လည်​ရ​ယူ​ဖို့ ကြိုးစား​ဆောင်ရွက် ကြည့်​နိုင်​ပါ​တယ်။

နည်း​လမ်း ​၁ (မိမိ account နှင့် သက်ဆိုင်​သည့် အချက်အလက်​များ​အား မှတ်မိ​လျှင်)

အဆင့် ​၁ - www.facebook.com/hacked သို့​သွား​ပါ။
အဆင့် ​၂ - "My Account is Compromised" အား နှိပ်​ပါ။
အဆင့် ​၃ - မိမိ account နှင့် သက်ဆိုင်​သည့် ​အီး​မေး​လ် (သို့) ဖုန်း​နံပါတ် (သို့) Facebook သုံး မိမိ​အမည် (သို့) မိမိ​၏ အမည်​အ​ပြည့်​အစုံ​အား ထည့်​သွင်း​ပြီး Search လုပ်​ပါ။
အဆင့် ​၄ - ရှာ​တွေ့​သည်​ဆို​လျှင် မိမိ​၏ ရှိ​ရင်း​စွဲ password အား ထည့်​သွင်း​ပါ။
အဆင့် ​၅ - မှန်ကန်​သည်​ဆို​လျှင် Facebook မှ သင်​၏ account အား လုံခြုံ​ရေး​ဆောင်ရွက်​ရန် ပြော​ကြား​ပါ​လိမ့်​မယ်။ Continue နှိပ်​ပါ။
အဆင့် ​၆ - Password အသစ်​အား ​၂ ခါပြ​န် ရိုက်​ထည့်​ပါ။
သင်​၏ hack လုပ်​ခံထား​ရသ​ည့် account ထဲ ပြန်​ဝင်​လို့ ရ​ပါ​ပြီ။
မှတ်ချက် - ဖုန်း​တွင် SMS ရ​ယူ​ခြင်း​ဖြင့် လုံခြုံ​ရေး ​၂ ထပ် ပြုလုပ်​ထား​ပါ​က မိမိ​၏ account ပါ ဖုန်း​အား လက်​ဝယ်​ရှိ​နေ​ရန် လို​အပ်​ပါ​မည်။

နည်း​လမ်း ​၂ (မိမိ account နှင့် သက်ဆိုင်​သည့် အချက်အလက်​များ​အား မ​မှတ်မိ​လျှင်)

အဆင့် ​၁ - www.facebook.com/hacked သို့​သွား​ပါ။
အဆင့် ​၂ - "My Account is Compromised" အား နှိပ်​ပါ။
အဆင့် ​၃ - စာ​မျက်နှာ ဘယ်​ဖက်​အောက်​ထောင့်​ရှိ "I can't identify my account" အား နှိပ်​ပါ။
အဆင့် ​၄ - Facebook မှ မေးမြန်း​သည့် သင်​နှင့် သက်ဆိုင်​သည့် မေးခွန်း​များ​အား ဖြေ​ပါ။
အဆင့် ​၅ - Submit လုပ်​ပါ။

မ​ကြာ​မီ​တွင် Facebook မှ သင့်​အား ဆက်​သွယ်​လာ​မည်​ဖြစ်​ပြီး သင်​၏ account အား ပြန်လည်​ရ​ယူ​နိုင်​ရန် ကူညီ​ပါ​လိမ့်​မည်။

ဤ​ကဲ့သို့ ရှုပ်​ထွေး​ပြီး စိတ်ညစ်​ဖွယ်ရာ ဖြစ်​ရပ်​များ​အား မ​ကြုံတွေ့​လို​လျှင် မိမိ​၏ account လုံခြုံ​ရေး​အတွက် မ​ပေါ့​ဆ​ပဲ သတိထား​ပြီး နေထိုင်​သင့်​ပါ​သည်။

မိမိ account လုံခြုံ​ရေး​အတွက် ဆောင်ရွက်​နိုင်​သည့် အချက်​များ -

- အ​လွယ်​တ​ကူ မ​သိရှိ​နိုင်​မည့် password များ​ထား​ပါ။
- အလျဉ်းသင့်​သ​လို ပြောင်းလဲ​ပါ။
- လုံခြုံ​ရေး မေးခွန်း​များ ထား​ရှိ​ပါ။
- ဖုန်း SMS သုံး လုံခြုံ​ရေး ​၂ ထပ် ထား​ရှိ​ပါ။
- မ​လုံခြုံ​သည့် ကြုံကြိုက်​ရာ WiFi သုံး​ခြင်း ရှောင်​ကြဉ်​ပါ။
- မိမိ Facebook နှင့် Email အား အချိန်​ပြည့် ဖွင့်​ထား​ခြင်း ရှောင်​ကြဉ်​ပါ။
- Facebook တွင် မိမိ​၏ ကိုယ်​ရေး​ကိုယ်​တာ အချက်​များ ဖော်​ပြ​ထား​ခြင်း ရှောင်​ကြဉ်​ပါ။


**  Htar Waie Thar

# ကိုဝင်းဘလော့မှာ တွေ့လို ပြန်မျှလိုက်တာနော့်။

Tuesday, April 23, 2013

အဆင့်မြင့်အင်တာနက် အသုံးပြုနည်း စာအုပ်





















ကျွန်တော် ဆရာမျိုးသူရ ရေးသားသော အဆင့်မြင့်အင်တာနက် အသုံးပြုနည်း စာအုပ်လေးကို ပြန်လည်ဝေမျှပါမယ်။

စာအုပ်ကတော့ ကျွန်တော် မြန်မာမိသာစုဖိုရမ်က ဒေါင်းထားတာပါ။

ဘလော့ရေးနည်းတွေ အင်တာနက်မှာ အီးမေးလ်အကောင့်ဖွင့်နည်းတွေ အပြင် အခြားသော အင်တာနက် ပြဿာနာများ ဖြေရှင်းနည်းတွေ စုံလင်စာတွေ့နိုင်ပါတယ်။

လိုအပ်သူများ ဒေါင်းနိုင်ပါတယ်ခင်ဗျား။

ဖိုင်ဆိုဒ်ကတော့ 9 MB ကျော်ကျော်ရှိပါတယ်ခင်ဗျား။

Download  


**  Htar Waie Thar

Gmail အစွမ်းထက်နည်းလမ်း ၈၀















ကျွန်တော် Gmail အစွမ်းထက် နည်းလမ်း ၈၀ ဆိုသော စာအုပ်လေး တင်ပေးလိုက်ပါတယ်။

စာအုပ်ကတော့ ဖတ်လို့ကောင်းသလို ကိုယ်မသိသော အချက်တွေကိုလည်း သိသွားစေပါတယ်။

ကျွန်တော်လည်း ကြိုက်လို့ဖတ်ရင်း အခြားမရှိသေးသော သူများအတွက် ပြန်လည်မျှပါမယ့်။

စာအုပ်ဖိုင်ဆိုဒ်က 300 KB ကျော်ကျော်ပဲ ရှိပါတယ်။

စာအုပ်ရေးသားသူကတော့ ကိုဇေယျာစံပါ။

Download 


**  Htar Waie Thar

Friday, April 19, 2013

Firefox ကို မြန်မာဘာသာဖြင့် အသုံးပြုနိုင်ပြီ















ကျွန်တော်တို့ ဆီမှာ လူအသုံးအတော်များသော Firefox Browser မှာ မြန်မာဘာသာကို အသုံးပြုနိုင်ပါပြီ ။

ကျွန်တော် ဒေါင်းပြီးစမ်းကြည့်တာတော့ အတော်ကို လန်းပါတယ်။

ဆော့ဝဲလ်အပြင်အဆင်များ ၊ မြင်ကွင်းများမှာပါ မြန်မာလိုများ မြင်တွေ့ရပြီး ဘလောက်ဇာမှာ Right Click များ အခြားသော Functions အတော်များများကို မြန်မာလိုတွေ မြင်တွေ့ရပါတယ် ။

ဆော့ဝဲလ်က Firefox Aurora ပါ ။

အခုလော်လော်ဆယ်တော့ ကျွန်တော်ဒေါင်းကြည့်တာ ဗားရှင်း 22 ရပါတယ် ။

လင့်က http://www.mozilla.org/en-US/firefox/all-aurora.html  ပါ။

အဲ့မှာ Firefox Aurora ကို မြန်မာဘာသာ ( Burmuse ) ကို ရွေးချယ်ကာ Windows , Iinux , Max OS ကြိုက်ရာ ဒေါင်းနိုင်ပါတယ်ခင်ဗျား။

အင်္ဂလိပ်လိုများ အသုံးပြုနေရင်း မြန်မာလိုအသုံးပြုရတာဖြစ်တဲ့ အတွက် အနည်းငယ်တော့ ကြောင်စေသောလည်း ကိုယ်ဘာသာဖြင့် အသုံးပြုရသော Feel ကတော့ အတော်ကို လန်းတယ်လိုပြောလိုက်ပါရစေ ။


**  Htar Waie Thar

Gmail Account အလွယ်ကူဆုံးဖွင့်နည်း



















အခုနောက်ပိုင်းတွေမှာ Gmail Account က အလွယ်တကူဖွင့်လို့ မရတော့ဘူးဗျ ။

ဖုန်းကိုင်ဆိုင်ထားသော သူများကတော့ ရရင် ရလိမ့်မယ် ။

သို့သော်လည်း Google က ဖုန်းတလုံးကို အကောင့်နှစ်ခု ပဲ ဖွင့်ပေးတာလားမသိဘူးဗျ။

ကျွန်တော်ကတော့ တောထဲရောက်နေတော့ ဖုန်းကလည်းမရှိတော့ တိုင်ပတ်နေပါတယ် ။

အကောင့်ဖွင့်တိုင်း ဖုန်းနံပါတ်ကိုပဲ တောင်းနေတော့ပါတယ် ။

Proxy ကို ကျော်ပြီး အကောင့်ဖွင့်လည်းမရပါဘူး။

အခြားသော US Phone Number ကို အင်တာနက်က ဖရီးယူပြီးဖွင့်တော့လည်း မြန်မာဖုန်းကိုပဲ တောင်းနေပါတယ်ဗျာ။

အင်တာနက်မှာ ဟိုရှာဒီရှာရင်းနဲ့ Gmail အလွယ်ဖွင့်လို့ရတဲ့ နည်းတော့တွေ့လိုက်ပါတယ်။

ဒါပေမယ့် သူက ကွန်ပျူတာကနေပြီး အကောင့်ဖွင့်တာ မဟုတ်ဘူးဗျ။

Android Phone OS အပေါ်ကနေပြီးဖွင့်ရတာပါ။

ကျွန်တော်ကတော့ Android Phone မရှိပေးမယ့် အကောင့်ကိုဖွင့်လို့ရသွားပါတယ်။

ကျွန်တော့်မှာ Blue Stack လေးကျွန်ပျူတာမှာ အရင်ကတည်းက ထည့်ထားလို့ပါ။

Blue Stack ကို ဒီ​နေရာ​မှာ သွားကြည့်နိုင်ပါတယ်။

နောက်မှသိလိုက်တယ်ဗျ။

Android Phone OS ကနေပြီး အကောင့်ဖွင့်ရင် Google ကနေပြီး ဘာဖုန်းမှကို မတောင်းပဲ အလွယ်ဖွင့်ပေးတာပါ။

ဖွင့်ရတာလွယ်ပါတယ် ။

-Phone Setting ကို သွား

-Manage Accounts ( Account and Sync Settings )

-Add account

-Google

-Next

-Create

Create မှာ First Name , Last Name , User Name တွေ ဖြည့်ပြီးရင် ကျန်သော အဆင့်များက အရင်တုန်းက အကောင့်ဖွင့်သော ပုံစံပါပဲ။

ကျန်သော အဆင့်များမှာ Security Question တွေ ဘာတွေမေးပါတယ် သို့သော်လည်း ဖုန်းကတော့ မမေးပါဘူး ခဏလေးနဲ့ အကောင့်ကို အဆင်ပြေပြေဖွင့်နိုင်ပါတယ်ခင်ဗျား ။

ဖုန်းကတော့ တလုံးနဲ့ တလုံး အနည်းငယ်ကွာတက်ပါတယ် ။

ကျွန်တော်က Blue Stack Player ( Android Phone အတု ) မှာ စမ်းသပ်ဖွင့်တာရပါတယ်။

တကယ့် Android Phone ဆိုရင်တော့ ပြောစရာမလိုပါဘူး ရကိုရမှာပါ။

Google က Android OS ဆိုတာနဲ့ ကွန်ပျူတာမှာ တင်သုံးထားသော ဆော့ဝဲလ်ကိုလည်း ဖုန်းလို့ပဲ သတ်မှတ်တာမို့ Blue Stack လိုမျိုး ဆော့ဝဲလ်မှာ အကောင့်ကို အဆင်ပြေပြေနဲ့ ဖွင့်နိုင်ပါတယ်။


**  Htar Waie Thar

Thursday, April 4, 2013

You Tube အသုံးချနည်း စာအုပ်






















ကျွန်တော် ဆရာဦးသောင်းဝင်းရေးသားသော လွယ်ကူလေ့လာ You Tube သင်ခန်းစာများ စာအုပ်ကို တင်ပေးလိုက်ပါတယ် ။

ဖိုင်ဆိုဒ်က 7MB လောက်ရှိပါတယ် ။

Download 

**  Htar Waie Thar

အင်တာနက်မှာ ရှောင်သင့်တာများ


















အွန်​လိုင်း​လောက​မှာ n00b ဆို​တဲ့ အသုံးရှိ​ပါ​တယ်။ Newbie – လူ​သစ်​လေး လို့ ခေါ်​တဲ့​အသုံး​ပါ။ အင်​တာ​နက်​သုံး​ခါ​စ​မှာ အထာ​မ​နပ်​လို့ မ​သုံး​တတ်​လို့ ဟို​လူ့​မေး ဒီ​လူ့​မေး​နဲ့ စပ်​စု​စိန် လုပ်​ခဲ့​ရ​တာ​တော့ လူ​တိုင်း​မှာ အနည်း​နဲ့ အများ ရှိ​ကြ​မှာ​ပါ။ အွန်​လိုင်း​မှာ နှံ့စပ်​ပြီး​သား​လူ​တောင်​မှ ဖို​ရမ်​အသစ်​တစ်​ခု ကွန်​မျူ​န​တီ​အသစ်​တစ်​ခု​ကို ရောက်​သွား​လို့​ရှိ​ရင် n00b ပြန်​ဖြစ်​သွား​တတ်​တာ ထုံးစံ​ပါ။ ဟုတ်သော်​ရှိ မ​ဟုတ်သော်​ရှိ ဒီ​စာ​ကို အွန်​လိုင်း​ဝင်​ခါ​စ​လူ​တွေ နှပ်​ချ​ခံ​ရ​ခြင်း နည်းပါး​စေ​ဖို့ ရည်​ရွယ်​ရေး​ပါ​တယ်။

၁။ အီး​မေး လုံခြုံ​ရေး

ဒီ​နေ့​ခေတ်​မှာ အီး​မေး​ဟာ လူ​တစ်​ယောက်​ရဲ့ သင်္ကေတ ဖြစ်​ပါ​တယ်။ အထူးသဖြင့် မြန်မာ​နိုင်ငံ​လို ဂျီ​မေး​အသုံး​များ​တဲ့​နေရာ​မှာ အီး​မေး​ရဲ့ ကဏ္ဍ​ဟာ ပို​လို့​တောင် အရေး​ပါ⁠ပါ​သေး​တယ်။ ဂျီ​မေး​တစ်​ခု​ရှိ​တာ​နဲ့ ဂျီ​တော့၊ ဂူး​ဂဲ​ပလပ်၊ ဂူး​ဂဲ​စာ​ရွက်​စာ​တမ်း၊ ပီ​ကာ​ဆာ စ​တဲ့ ဝန်​ဆောင်​မှု​အများ​အပြား​ကို ဒီ​အကောင့်​တစ်​ခု​တည်း​နဲ့ သုံး​နိုင်​ပါ​တယ်။ ဂူး​ဂဲ​အကောင့် အများ​အပြား​လုပ်​ထား​တယ်​ဆို​ဦး​တော့။ အဓိက​သုံး​တဲ့ အကောင့်​တစ်​ခု​တော့ ရှိ​ကြ​မှာ​ပါ။

ဂူး​ဂဲ​အကောင့်​ရဲ့ ဆာ​ဗာ​ဘက်​ပိုင်း လုံခြုံ​ရေး​ဟာ အင်မတန် မြင့်​ပါ​တယ်။ အမေ​ရိ​ကန်​က တချို့​အစိုးရ​ပိုင်း​ဌာန​တွေ​တောင် (ဥပမာ LA ရဲ​ဌာန​ချုပ်​နှင့် ဌာန​ခွဲ​များ) ဂူး​ဂဲ​ရဲ့ ဝန်​ဆောင်​မှု​တွေ​ကို သုံး​နေ​ကြ​ပါ​တယ်။ ဒါပေမဲ့ အသုံးပြု​သူ​တွေ​ရဲ့ အီး​မေး​တွေ ဟက်​ခံ​ရ​တယ်၊ ပေါက်​ကြား​ကုန်​တယ်​ဆို​တာ မ​ကြာ​ခဏ ကြား​နေ​ရ​ပါ​တယ်။ ဘာ​ကြောင့်​လဲ။

(က) စိတ်​မ​ချ​ရ​သော ကွန်ပျူတာ​မှ သုံး​ခြင်း
တချို့ အများ​သုံး​ကွန်ပျူတာ​တွေ​မှာ ကြံရွယ်​ချက်​ရှိ⁠ရှိ​နဲ့ ကီး​လော့​ဂါ​တွေ ထည့်​ထား​တတ်​ပါ​တယ်။ ကီး​လော့​ဂါ​ဆို​တာ မိမိ​ရိုက်​ထည့်​လိုက်​တဲ့ ခလုတ်​တိုင်း​ကို မှတ်တမ်း​တင်​ထား​တာ​ပါ​ပဲ။ အဲ​ဒါ​ကြောင့် မိမိ​ရဲ့ အကောင့်​နဲ့ စကားဝှက်​ကို အလွယ်​ပဲ ရ​သွား​နိုင်​ပါ​တယ်။

ကာ​ကွယ်​နိုင်​တဲ့ နည်း​လမ်း​တွေ​ကတော့

    စိတ်ချ​ရ​တဲ့ နာမည်​ရှိ​တဲ့ အင်​တာ​နက်​ဆိုင်​တွေ​မှာ သုံး​ပါ။
    Onscreen Keyboard ကို​သုံး​ပြီး စကားဝှက်​ကို ရိုက်​ထည့်​ပါ။
    ဒီ​ထက်​ပို​ပြီး စိတ်ချ​ချင်​သေး​ရင် မိမိ​ရဲ့ စကားဝှက်​အပြင် ကြား​ထဲ​မှာ ကျ​ပန်း​အပို​အက္ခရာ သုံး​လေး​လုံး​လောက် ထည့်​ရိုက်​လိုက်​ပြီး နောက်မှ ဒ​လိ​ကီး ဘက်​စ​ပေ့ စ​တာ​တွေ​သုံး​ပြီး ပြန်​ဖျက်​ပါ။

(ခ) Remember Password
Remember Password ဆို​တာ အင်​တာ​နက် ဘ​ရောက်​ဆာ​တွေ​မှာ​ပါ​တဲ့ Feature တစ်​ခု​ပါ။ စိတ်ချ​ရ​တဲ့ အိမ်​က ကွန်ပျူတာ​မှာ မိမိ​ရဲ့ စကားဝှက်​ကို မှတ်မိ​တာ ပြဿနာ​မ​ရှိ​ပေ​မဲ့ အများ​သုံး​ကွန်ပျူတာ​တစ်​လုံး​မှာ ချန်​ခဲ့​မယ်​ဆို​ရင်​တော့ မိမိ​ရဲ့ စကားဝှက်​ကို သူ​တ​ပါး​က အလွယ်​ပဲ ယူ​သုံး​နိုင်​ပါ​ပြီ။ ဒါ​ကြောင့် “အများ​သုံး ကွန်ပျူတာ​တစ်​လုံး​က ဘ​ရောက်​ဆာ​မှာ စကားဝှက်​ကို Save လုပ်​ခြင်း​ကို လုံး​ဝ ရှောင်​ကြဉ်​ပါ“။ မိမိ​ရဲ့ ကွန်ပျူတာ​မှာ​ပါ အဲ​ဒီ feature ကို ပိတ်​ထား​နိုင်​ပါ​တယ်။

(ဂ) အကောင့် ပိတ်​ပစ်လိုက်​မယ်
တစ်​ခါ​ခါ မိမိ​ရဲ့ အကောင့်​ထဲ​ကို Google Team က ပို့​တယ်​ဆို​တဲ့ စာ​တွေ ရောက်လာ​တတ်​ပါ​တယ်။ သင့်​အကောင့်​ကို မ​ကြာ​မီ Deactivate လုပ်​တော့​မှာ​မို့ မ​လုပ်​စေ​ချင်​ရင် အောက်​က Form ကို ဖြည့်​ပြီး ပြန်​ပို့​ပေး​ပါ​ဆို​ပြီး အီး​မေး​မျိုး​တွေ​ပါ။ Form ထဲ​မှာ အမည်၊ မွေး​နေ့၊ နေထိုင်​ရာ တိုင်း​ပြည်၊ မြို့ စ​တာ​တွေ​နဲ့​အတူ အီး​မေး​လိပ်စာ၊ စကားဝှက် တို့​အတွက် ဖြည့်​ခိုင်း​ထား​ပါ​တယ်။ အဲ​ဒါ​တွေ​ကို ဖြည့်​ပြီး​ပို့​လိုက်​လို့​ကတော့ မိမိ​အကောင့်​ကို သူ​တို့​ရ​သွား​ပါ​ပြီ။ သူ​တို့​ဆို​တာ​ကတော့ အွန်​လိုင်း​မှာ လိမ်လည်​နေ​တဲ့ လူ​တွေ​ပါ။ နာရီ​ပိုင်း​အတွင်း​မှာ အကောင့်​ရဲ့ စကားဝှက်​ကို ပြောင်း​ပြီး မိမိ​ရဲ့ အီး​မေး​ထဲ​က အဆက်​အသွယ်​တွေ​ကို မိမိ​အနေ​နဲ့ ငွေ​တောင်း​တဲ့​စာ​တွေ ပို့​ပါ​တော့​တယ်။ ဥပမာ​အား​ဖြင့် မိမိ​ဟာ ဂ​ရိ​ကို မမျှော်​လင့်​ဘဲ ထွက်​သွား​ပြီး အလု​ခံ​ရ​လို့ ဒုက္ခရောက်​နေ​တဲ့ အကြောင်း၊ လတ်​တ​လော ငွေ​လို​နေ​လို့ အောက်​ပါ​လိပ်စာ​ကို ငွေ​အမြန်​ပို့​ပေး​ပါ​ဆို​တဲ့​အကြောင်း​တွေ ဖြစ်​ပါ​တယ်။ မိမိ​ရဲ့ မိသား​စု၊ သူငယ်ချင်း​တွေ​က တကယ်​မှတ်​လို့ ခြစ်​ခြုတ်​ပို့​လိုက်​ရင် အဲ​ဒီ​ငွေ ဆုံး​ပြီ​သာ မှတ်​ပါ​တော့။ မ​ဖြစ်​နိုင်​ဘူး မ​ထင်​ပါ​နဲ့။ အသိ​ထဲ​မှာ အဲ​ဒါ​မျိုး အခိုး​ခံ​ရ​တာ နှစ်​ယောက်​ရှိ​ပါ​ပြီ။ တစ်​ယောက်​က မနေ့​က​မှ ဖြစ်​တာ​ပါ။

ကာ​ကွယ်​နည်း​ကတော့ ရှင်း​ပါ​တယ်။ “မိမိ​ရဲ့ စကားဝှက်​ကို Google Team မက​လို့ ဘယ်​သူ​တောင်း​တောင်း မ​ပေး​ပါ​နဲ့”။ အများ​ကို ဝန်​ဆောင်​မှု​ပေး​နေ​တဲ့ ဘယ်​အဖွဲ့​အစည်း​မှ စကားဝှက်​တောင်း​တဲ့ အလုပ်​မျိုး မ​လုပ်​ပါ။ အဲ​လို​အီး​မေး​မျိုး​ရဲ့ အီး​မေး​လိပ်စာ​က​လည်း အလွယ်​တ​ကူ ဖန်တီး​ထား​တဲ့ အီး​မေး​အတု​တွေ ဖြစ်​ပါ​တယ်။

ကဲ အီး​မေး အခိုး​ခံ​လိုက်​ရ​ပြီ ဆို​ပါ​တော့။ ဘာ​လုပ်​မ​လဲ။ ပထမ​ဆုံး မိမိ​ရဲ့ အီး​မေး​ကို Recover လုပ်​ဖို့ (ပြန်​ရ​ဖို့) ကြိုးစား​ပါ။ ဒီ​အီး​မေး​ကို Secondary အီး​မေး (နောက်​အီး​မေး​တစ်​ခု) နဲ့ Confirm လုပ်​ထား​တာ​ရှိ​ရင်၊ ဒါ​မှ​မဟုတ် ဖုန်း​နံပါတ်​နဲ့ Confirm လုပ်​ထား​တာ ရှိ​ရင် အဲ​ဒါ​တွေ​နဲ့ ပြန်​ရအောင်​ကြိုးစား​ပါ။ အဲ​လို​မှ မ​ရှိ​ဘူး၊ မ​ရ​တော့​ဘူး​ဆို​ရင် အီး​မေး​ဝန်​ဆောင်​မှု​ပေး​နေ​တဲ့ အဖွဲ့​အစည်း​ကို (ဥပမာ Google Support) ကို တရားဝင် အကြောင်းကြား​ပါ။ မိမိ​ရဲ့ Contact အဆက်​အသွယ်​တွေ​ကို အီး​မေး​အခိုး​ခံ​လိုက်​ရ​ကြောင်း ချက်ချင်း​အသိ​ပေး​ပါ။ အခိုး​ခံ​လိုက်​ရ​ကြောင်း ချက်ချင်း​သိ​လိုက်​ပြီး တစ်ဖက်​လူ​က စကားဝှက် မ​ပြောင်း​ရ​သေး​ရင် အမြန်​ဝင်​ပြီး ပြောင်း​လိုက်​ပါ။

၂။ ဖိုး​ကံကောင်း

“သင့်​နာမည်​နှင့် ဘဏ်​ထဲ​တွင် ဒေါ်လာ​ရှစ်​သိန်း​ရောက်​နေ​သည်။ အမြန်​ဆက်​သွယ် ထုတ်ယူ​ပါ။” အဲ​လို​စာ​မျိုး အီး​မေး​အင်​ဘောက်​ထဲ​မှာ ပထမ​ဆုံး​အကြိမ် ရုတ်​တရက်​တွေ့​လိုက်​လို့​ကတော့ ရင်​ထဲ​မှာ ဒိန်း​ချပ်​ဒိန်း​ချပ်​နဲ့ ခုန်​မ​သွား​ဘူး​လား။ သူ​ပေး​ထား​တဲ့ ကွက်​လပ်​တွေ​ကို ဖြည့်​ပြီး စာပြန်​လိုက်​ပြီ​ဆို​ရင် ငွေ​လွှဲ​ဖို့ ဘဏ်​လုပ်​ငန်း အဆင့်ဆင့်​အတွက် မ​ပြောပ​လောက်​တဲ့ ကျ​သင့်​ငွေ​ကို မိမိ​ဘက်​က ကုန်ကျ​ပေး​ဖို့ စာပြန်​လာ​ပါ​လိမ့်​မယ်။ ဒေါ​လာ လေး​ငါးရာ​ဆို​တာ ဒေါ်လာ ရှစ်​သိန်း​နဲ့​စာ​ရင် မုန့်​ဖိုး​လောက်​ပဲ ရှိ​တာ​ဆို​တော့ မ​ရှိ⁠ရှိ​တာ​လေး​စုဆောင်း​ပြီး ပို့​လိုက်​မိ​ခဲ့​ရင် မိမိ​ဟာ လွန်​ခဲ့ ဆယ်​စု​နှစ်​ပေါင်း​များ​စွာ​ကတည်းက ရိုး​တာ​နေ​ပြီ​ဖြစ်​တဲ့ ရိုးရာ​လိမ်​နည်း​ကြီး​နဲ့ အလိမ်ခံ​လိုက်​ရ​ပါ​ပြီ။

အဲ​ဒီ​နည်း​နဲ့ ခပ်​ဆင်⁠ဆင်​တူ​တဲ့ တခြား​လိမ်​နည်း​တွေ​ကတော့ ထီပေါက်​တယ်၊ မဲ​ပေါက်​တယ် စ​တာ​တွေ​ပါ။ ကာ​ကွယ်​နည်း​ကတော့ ရှင်း​ပါ​တယ်။ သင်​ငွေ​အများ​ကြီး​ရ​မယ်၊ ဒါပေမဲ့ အဲ​ဒီ​ငွေ​အများ​ကြီး​အတွက် သူ​တို့​ကို ငွေ​နည်း⁠နည်း​ပေး​ရ​မယ်​ဆို​ရင် လိမ်​နေ​တာ သိ​လိုက်​ပါ​တော့။ လောက​ကြီး​မှာ အလကား​ရ​တဲ့​ငွေ​ဆို​တာ မ​ရှိ​ဘူး​လို့ စိတ်​ထဲ​မှာ မြဲ⁠မြဲ​မှတ်ထား​လိုက်​ပါ။

တစ်​နေ့​ကတောင် အီး​မေး​ထဲ​မှာ အမေ​ရိ​ကန် ဒီ​ဗွီ​ပေါက်​တယ်။ ငွေ​ရှစ်​ရာ​လွှဲ​ပါ​ဆို​ပြီး စာ​ရောက်လာ​ပါ​တယ်။ အဲ​ဒါ​မျိုး​စာ​ကို ပ​ရင့်​ထုတ်​ပြီး စီး​တီး​ဟော​မှာ လိုက်​မေး​နေ​တဲ့ အန်​ကယ်​ကြီး​တစ်​ယောက်​ကို​လည်း အတု​ဖြစ်​ကြောင်း ပြော​ပြ​ခဲ့​ဖူး​ပါ​တယ်။

ကိုယ့်​ဆီ​လာ​တဲ့ အီး​မေး​ကို ကြည့်​ပြီး အဲ​ဒီ​စာပို့​တဲ့ အဖွဲ့​အစည်း​ဟာ အတု​လား အစစ်​လား အလွယ်​မှန်း​လို့​ရ​ပါ​တယ်။ အလကား​ရ​တဲ့ အီး​မေး​ဝန်​ဆောင်​မှု​တွေ​သုံး​ထား​မယ် (ဥပမာ citibank က​လာ​တယ်​ဆို​တဲ့ အီး​မေး​မှာ @citibank မ​ပါ​ဘဲ @Gmail, @Yahoo mail)၊ အီ​မေး​လိပ်စာ​က သပ်သပ်​ရပ်⁠ရပ်​မ​ရှိ​ဘဲ ဗျောက်​သောက်​ဖြစ်​နေ​မယ် (ဥပမာ facyx2033@gmail.com) ဆို​ရင် ဒါ လူ​လိမ်​ပါ။ DV ပေါက်​လို့ အမေ​ရိ​ကန်​အစိုးရ​ဆီ​က​လာ​တယ်​ဆို​တဲ့ အီး​မေး​လိပ်စာ​မှာ .gov ဆို​တာ နောက်ဆုံး​က မ​ပါ​ရင် လူ​လိမ်​ပါ။ နောက်ဆုံး အတို​မှတ်​ရ​ရင် “ငွေ​တောင်း​ရင် လူ​လိမ်​ပါ“။

၃။ ချစ်​တော့​ချစ်တယ် ငွေ​လို​တယ်

နောက်​ပိုင်း​တွေ့​လာ​တဲ့ လိမ်​နည်း​ကတော့ Social Network တွေ ကွန်​မျူ​န​တီ​တွေ​မှာ အကောင့်​လုပ်​ပြီး မိန်း​ကလေး​တွေ​ကို မိတ်ဆွေ​လိုက်​ဖွဲ့ (အမျိုးသမီး​ဆို​ရင် ယောကျ်ား​လေး​တွေ​ကို မိတ်ဆွေ​လိုက်​ဖွဲ့​ပြီး) အချိန်​တို​အတွင်း​မှာ လက်ထပ်​ခွင့် တောင်း​တာ​ပါ။ သူ​တို့ ပ​ရို​ဖိုင်​ကို ကြည့်​လိုက်​ရင် UK US မှာ​နေ​ပြီး ဆရာဝန်၊ အင်​ဂျင်​နီ​ယာ​စ​တဲ့ အလုပ်​တွေ လုပ်​နေ​သူ ခန့်​ချော​ပုံ​တွေ ယူ​သုံး​ထား​ကြ​ပါ​တယ်။ ပို​ပြီး ယုတ္တိ​ရှိ​အောင် ဖေ့စ်​ဘုတ်​လို​မျိုး​မှာ​တောင် အကောင့်​တွေ ဖန်တီး​ထား​တတ်​ပါ​သေး​တယ်။ မိတ်ဆွေ​ဖြစ်​လို့ ဖုန်း​တွေ​ဘာ​တွေ​နဲ့ စကားပြော​ဖြစ်​သွား​ပြီ၊ အဖြူ​ကို အထင်ကြီး​ပြီး ကျ သွား​ပြီ​ဆို​ရင်​တော့ သူ​တို့​က လက်ထပ်​ခွင့်​တောင်း​ပါ​ပြီ။ ယောင်မှား​ပြီး လက်ခံ​လိုက်​မိ​ပြီ​ဆို​ရင် ကိုယ်​ကို တွေ့​ချင်​လို့ လာ​ခဲ့​မယ်​ဖြစ်​ကြောင်း ငွေ​အနည်းငယ် အရေးပေါ်​လို​ကြောင်း၊ သို့မဟုတ် တစ်​နေရာ​မှာ ဒုက္ခရောက်​နေ​လို့ ငွေ​အရေးပေါ်​လို​နေ​ကြောင်း ပြော​ပြီး ကိုယ့်​ဆီ​က ငွေ​တောင်း​ပါ​တော့​မယ်။ လက်​တောင်​ထပ်​တော့​မှာ​ဆို​တော့ ကိုယ်​က ငွေ​ပို့​လိုက်​တာ​နဲ့ အဆို​ပါ င​နဲ​သား စုပ်​စ​မြုပ်​စ​မ​ကျန်​အောင် ပျောက်​သွား​ပြီ မှတ်​ပါ​တော့။ မ​ဖြစ်​နိုင်​ဘူး မ​ထင်​ပါ​နဲ့။ ပြီး​ခဲ့​တဲ့ နှစ်⁠နှစ်​လောက်​ကတောင် မလေးရှား​က ဆရာဝန်​မ အပျိုကြီး​ကို အဲ​လို လိမ်​သွား​တာ သ​တင်း​ထဲ​မှာ ဖတ်​လိုက်​ရ​ပါ​တယ်။ ပြီး​ခဲ့​တဲ့ နှစ်​က Myanmar Network မှာ​တောင် အဲ​လို​အကောင့်​မျိုး​တစ်​ခု အမှတ်​မ​ထင်​တွေ့​လိုက်​ပါ​သေး​တယ်။ ကာ​ကွယ်​နည်း​ကတော့ အပေါ်​က အတိုင်း​ပါ​ပဲ။ “ငွေ​တောင်း​ရင် လူ​လိမ်​ပါ“။

၄။ မ​မှတ်​နိုင်​ဘူး

အွန်​လိုင်း​မှာ အီး​မေး​အကောင့်၊ ဖေ့စ်​ဘုတ်​အကောင့်၊ ဟို​အကောင့် ဒီ​အကောင့် မှတ်​ရ​တာ အလုပ်​ရှုပ်​လွန်း​လို့ အားလုံး​ကို စကားဝှက်​တစ်​မျိုး​တည်း​နဲ့ သုံး​တတ်​ကြ​ပါ​တယ်။ အဲ​ဒါ အင်မတန် အန္တရာယ်​ကြီး​ပါ​တယ်။ ဆိုက်​တစ်​ခု​မှာ စကားဝှက်​ကို တစ်​ယောက်⁠ယောက်​က ခိုး​သွား​ပြီ​ဆို​ရင် သူ​က အဲ​ဒီ​စကားဝှက်​နဲ့ ကိုယ့်​ရဲ့ အီး​မေး အပါအဝင် အခြား​အကောင့်​တွေ​ကို ဝင်​ကြည့်ပါ​တော့​မယ်။ စကားဝှက်​အားလုံး​က အတူတူ​ဆို​ရင် အကောင့်​အားလုံး ပါသွား​ပြီ​သာ မှတ်​ပါ​တော့။

    ဒီ​တော့ အကောင့်​တစ်​ခု​စီ​အတွက် စကားဝှက် တစ်​မျိုး​သုံး​ပါ။
    စကားဝှက်​ကို ရှည်⁠ရှည်​ပေး​ပါ။
    စာလုံး​အကြီး​အသေး၊ ဂဏန်း​နဲ့ သင်္ကေတ​တွေ ရော​ပေး​ပါ။
    ဖြစ်​နိုင်​ရင် စကားဝှက်​ကို တစ်​လ​တစ်​ကြိမ်​ပြောင်း​ပါ။

အကောင့်​တွေ​မှာ အီး​မေး​က တစ်​ဆင့် စကားဝှက် Reset အသစ်​ပြန်​လုပ်​တဲ့ Feature ပါ​တဲ့​အတွက် အီး​မေး​ဆုံးရှုံး​သွား​ရင် တခြား​အကောင့်​တွေ​မှာ မိမိ​ရဲ့ အီး​မေး​လိပ်စာ​ကို အသစ်​ပြန်​ပြောင်း​ပေး​ပါ။

၅။ ရှဲ​လိုက်​မယ်

Email တွေ ဖော်​ဝတ်​လုပ်​ရုံ​နဲ့ ကွန်ပျူတာ အလကား​ပေး​မယ်​လို့ သင်​နည်း⁠နည်း​ဖြစ်​ဖြစ် ယုံ​နေ​ရင်​တော့ ကိုယ့်​ခေါင်း​သာ ကိုယ်​တူ​နဲ့ ထု​လိုက်​ပါ​တော့။ ဒီ​လို Email မျိုး​ကို Hoax လို့ ခေါ်​တယ်။ လူ​တွေ​ကို မဟုတ်​တာ​ကို အဟုတ်​ထင်​စေ​တာ​မျိုး၊ ထင်​ရုံ​နဲ့ မ​ပြီး​ဘဲ လိုက်​ပြီး Forward လုပ်​ခိုင်း​တဲ့ အီး​မေး​မျိုး။ တစ်​ခု⁠ခု​ကို​အလကား​ရ​မယ်၊ ဒီ​မေး​ကို forward လုပ်​ပေး​ပါ။ ဒီ​ဗိုင်း​ရပ်စ်​ဟာ အလွန်​ပြင်းထန်​တယ်၊ ကွန်ပျူတာ​တစ်​ခု​လုံး ပေါက်ကွဲ​သွား​မယ်၊ လူ​တိုင်း​ကို အသိ​ပေး​ပါ စ​သ​ဖြင့် လာ​ရင်​တော့ ဒါ​တွေ​ဟာ Hoax ရဲ့ သွင်​ပြင်​တွေ​ပါ​ပဲ။ အဲ​ဒါ​မျိုး​ကို ကိုယ့်​အသိ​တစ်​ယောက်​က ဖြန့်​တယ်၊ ကိုယ်​က​လည်း Hoax မှန်း​သိ​နေ​တယ်​ဆို​ရင် တော်တော် စိတ်​အနှောင့်​အယှက် ဖြစ်​ရ​ပါ​တယ်။ သူငယ်ချင်း​တစ်​ယောက် ဝမ်းသာ​အားရ​နဲ့ အဲ​လို လိုက်​ဖြန့်​နေ​တာ​ကို Hoax ဖြစ်​ကြောင်း သွား​ထောက်​လို့ စိတ်ကောက်​သွား​ပြီး ခပ်​တန်း⁠တန်း​တောင် ဖြစ်​သွား​ဖူး​ပါ​တယ်။

တကယ်​လို့ Email တစ်​စောင်​ဟာ Hoax လို့ သံသယ​ရှိ​ရင် Google မှာ ရိုက်​ထည့်​ပြီး ရှာဖွေ စစ်ဆေး​ကြည့်ပါ။ Hoax မှန်​ရင် အလွယ်​တ​ကူ တွေ့​ပါ​လိမ့်​မယ်။ Hoax ရဲ့​သားကောင် အဖြစ်​မ​ခံ​ပါ​နဲ့။ တချို့​တွေ​ဆို စေတနာ ဗ​ရ​ပွ​နဲ့ မြန်မာ​လို​ပါ အကျအန ပြန်​ပေးလိုက်​ကြ​ပါ​သေး​တယ်။ စေတနာ​ကို ကျေးဇူးတင်​ပါ​တယ်။ ဒါပေမဲ့ သ​တင်း​အလွဲ​ပေး​ခြင်း​ဟာ ဝေဒနာ​ပေး​ခြင်း​ပါ​ပဲ။ များ​သော​အား​ဖြင့် ကိုယ်​ရ​လာ​တဲ့ Hoax တွေ​ဟာ အွန်​လိုင်း​မှာ ပြန့်​နေ​ပြီး​သား​ဖြစ်​တတ်​တာ​မို့ Hoax တွေ​ကို စာရင်း​ပြုစု​ထား​တဲ့ ဆိုက်​တွေ​မှာ သွား​ရောက် စစ်ဆေး​နိုင်​ပါ​တယ်။

#This post is dedicated to two of my friends who recently lost their gmail accounts from email scams.

ကျွန်တော် မြန်မာမိသားစုဖိုရမ်မှ Spam အကြောင်းမေးရင်း သိလာသော အကြောင်းများကို ပြန်မျှဝေခြင်းဖြစ်ပါသည် ။

**  Htar Waie Thar

Tuesday, April 2, 2013

နိုင်ငံများအလိုက် ဖုန်းခေါ်နိုင်သည့် ကုဒ်များ


















ကျွန်တော်တို့ အင်တာနက်ကို အသုံးပြုပြီး ဖုန်းခေါ်ချင်တာပဲ ဖြစ်ဖြစ် ကိုယ်ပိုင်ဖုန်းများ ဖြင့် အခြားနိုင်ငံများသို့ ဖုန်ခေါ်နိုင်ဖို့ သက်ဆိုင်ရာ နိုင်ငံကုဒ်များကို အသုံးပြုရတာကို သိကြမှာပါ ။

ဥပမာ ကျွန်တော်တို့ မြန်မာဆိုရင် +95 ပေါ့ဗျာ ။

နောက် စင်္ကာပူဆိုရင် +65 ပေါ့ဗျာ ။

အခြားသော နိုင်ငံကုဒ်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် ။

Argentina AR +54Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic CZ +420
Denmark DK +45
El Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
Lithuania LT +370
Luxembourg LU +352
Mexico MX +52
Netherlands NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerland CH +41
United Kingdom GB +44
United States US +1


ကျွန်တော်တို့က ကုဒ်တွေကို ဒီအတိုင်အလွတ်ကျက်ထားရင် အဆင်ပြေသော်လည်း Update ဖြစ်သော ဖုန်ကုဒ်တွေကိုတော့ အဆင်ပြေပြေ သိနိုင်မှာ မဟုတ်ပါဘူး ။

ကျွန်တော်ကတော့ နိုင်ငံဖုန်းကုဒ်တွေကို သိချင်ရင် www.countrycode.org  ဆိုသော ဆိုဒ်လေးကို အားကိုးပါတယ်ခင်ဗျား ။

အဲ့မှာ အမြဲလိုလို Update ဖြစ်သော ဖုန်ကုဒ်တွေကို ဖော်ပြပေးပါတယ် ။

နိုင်ငံရပ်ခြား ဖုန်းခေါ်ချင်သော သူများ အဆင်ပြေစေသော ဆိုဒ်ကောင်းလေးပါ ။


**  Htar Waie Thar

Thursday, March 28, 2013

မြန်မာ ဒိုးမိန်းဖြင့် Google ကို အသုံးပြုနိုင်ပြီ
















ကျွန်တော်တို့ လူသိများသော www.google.com Search Engin Website ကို မြန်မာလို ဒိုးမိန်းဖြင့် တရားဝင် အသုံးပြုနိုင်တာ တွေ့မိလို့ ပြန်မျှပါတယ်နော့် ။

အခြားနိုင်ငံများလို ကိုယ်ပိုင် ဒိုမိန်းဖြင့် မြန်မာ Google ကို စတင်ကာ အသုံးပြုနိုင်သွားပါပြီခင်ဗျား ။

Address က www.google.com.mm ပါ ။

မြန်မာစာများဖြင့် ရှာဖွေရုံသာမက အခြားသော Suppot များကိုပါ မြန်မာလို တခါတည်း မြင်တွေ့ရသော အနေအထားတခုပါ ။

ဇော်ဂျီဖောင့် အသုံးပြုသူများကတော့ မြန်မာဂိုဂယ်လ်ကို မြင်နိုင်မှာ မဟုတ်သော်လည်း မြန်မာယူနီကိုဒ် ဖောင့်များဖြစ်သော Myanmar 3, Ayer , Tharlon ,... စတာတွေ အသုံးပြုသူများကတော့ မြန်မာစာများကို သေသေချာချာမြင်နိုင် ဖတ်နိုင်မှာ ဖြစ်ပါတယ် ။

ကျွန်တော်တို့ နိုင်ငံကို ကိုဂူးဂယ်လာလည်ပြီးနောက် မြန်မာအမည်ဖြင့် ဒိုမိန်းကို ဖွင့်ပေးတာဖြစ်ပါတယ် ။

အတော်ကို အဆင်ပြေသော နည်းလမ်းတခုကို တွေ့ရတာ ဖြစ်သလို မြန်မာစာများ အင်တာနက်မှာ တရားဝင်ဖြစ်တော့ မည်ဆိုသော အနေအထားပါ ။

ကျွန်တော်တို့တွေလည်း ဇော်ဂျီသုံးနေရာကနေ မြန်မာယူနီကိုဒ်ကို ပြောင်းလဲအသုံးပြုဖို့ တိုက်တွန်းနေသလိုပါပဲ ။

ကျွန်တော်ဖွင့်ကြည့်တာတော့ အတော်ကို သဘောကျလို့ အခြားသော မိတ်ဆွေများကို သွားရောက်ချင်ပါက သွားနိုင်ဖို့ ပြန်လည်းရေးသားလိုက်ရပါတယ် ခင်ဗျား ။

**  Htar Waie Thar

Saturday, March 16, 2013

FaceBook TimeLine မှာ သူများတွေပေါက်တက်ကရာတွေ လာမရေးစေခြင်လျှင်











ကျွန်တော်တို့ အသုံးပြုနေသော Facebook Time Line Wall မှာ ကိုယ်မဟုတ်ပဲ အခြာသူများ ဘာတွေညာတွေ လာရေးလို့ ရတယ်လို့ စကြားခါစကတော့ ကျွန်တော်တွေးကြည့်တာ အဖြစ်နိုင်ဘူးပေါ့ ။

ကိုယ့် Account ကို အခြားသူများက ဝင်ရောက်မှုမရှိပဲ ဘယ်လို ဝင်မလဲပေါ့ ။

နောက် Facebook ကို အသုံးပြုရင် အချို့သော မိန်းကလေး သူငယ်ချင်း Profile Wall ကို လိုက်ကြည်မိတော့ တကယ် Wall မှာ လိုက်ရေးနိုင်ပြီး ရေးတဲ့လူတွေလည်း ရှိတာကို သိရပါတယ်။

တချို့ Profile Wall တွေမှာ ညစ်ညမ်းသော ပုံများ စာများကို တွေ့မိလို့ပါ နောက်ပြီး Account ကလည်း မိန်းကလေးသူငယ်ချင်းသေချာနေတာမို့ သူ့ဘာသာတင်တာတော့မဖြစ်နိုင်ဘူးဆိုတာသိလိုက်ပါတယ် ။

ကိုယ်လည်းဘာကြောင့်များ အဲလိုမျိုးလုပ်လုပ်ရလဲစုံစမ်းတာ Facebook Privacy ကြောင့်ဆိုတာသိရပါတယ် ။

Default Facebook Privicy က ကိုယ့် Wall မှာ သူငယ်ချင်းများ တခုခုရေးလို့ရအောင်ခွင့်ပြုထားလို့ပါ ။

သူ့ကို ပိတ်ထားရင် ဘယ်သူမှ လာရေးလို့မရတော့ပါဘူး ။

ပြုလုပ်ပုံက ကိုယ့် Facebook Account ကို Sign In ဝင်ရောက်ပါ ။




သော့ပုံလေးဘေးက Setting Logo လေးကို ကလစ်ပါ အဲဒီက Privacy ကို ထပ်ကလစ်ပါ ။

Privacy Box ကို ရောက်ပါက သူ့အောက်က Timeline and Tagging ကို ကလစ်ပါ ။



အဲမှာ Default က Time Line မှာ Friend များကို တခုခုရေးနိုင်ဖို့ခွင့်ပြုထားတာကို တွေ့မှာပါ ။

Edit ကို ကလစ်ပါ ။






 
Friend ဆိုတာလေးဘေးက မြားလေးကို ကလစ်ပါက Only Me ဆိုတာကို တွေ့မှာပါ ။ သူ့ကို ကလစ်ပါ ။

ပြီးပါက အခြား Tab တခုခုကို ကလစ်ပြီး Timeline and Tagging ကို ပြန်ကလစ်ပါ ။

Only Me ဆိုတာကို တွေ့ပါက ကိုယ့် Time Line မှာ အခြားဘယ်သူမှာ လာရေးလို့မရတော့ပါဘူး ။

**  Htar Waie Thar