ကျွန်တော်တို့ မြန်မာမှာ လူအသုံးများသော လူမှုကွန်ယက်ဝက်ဆိုဒ်မှ မြန်မာဘာသာ Translation ကို Vote ဝင်ပေးကာ မြန်မာစကားလုံးများကို မှန်ကန်အောင် ဖြည့်စွက်သော Application တခုကို ထုတ်ပေးနေပါတယ်။
အဲ့မှာ မြန်မာယူနီကုဒ် အသုံးပြုသူများရော ဇော်ဂျီအသုံးပြုသူများပါ ပါဝင်ကာ မဲဆန္ဒပေးလို့ရပါတယ်။
ဥပမာဗျာ ။ ။ အင်္ဂလိပ်စကာလုံး profile ဆိုရင် မြန်မာစကားလုံး
ကိုယ်ရေးမှတ်တမ်း
ကိုယ်ပိုင်စာမျက်နှာ
ကိုယ်ရေးအကျဉ်း
ကိုယ်ရေးမှတ်တမ်း
ကိုယ်ရေးအချက်အလက်
အစရှိသလို မဲပေးလို့ရပါတယ်။
ကျွန်တော်တို့ မြန်မာများ အနေဖြင့် လုံးဝမဲပေးသင့်သော ပွဲကြီးပါပဲ ။ နောက်မို့ဆို Facebook ကနေပြီး မြန်မာဘာသာကို ဘာသာပြန်ချင်သလို ပြန်နေမှာပါ။
မဲပေးချင်သူများ အနေနဲ့ ကိုယ့် Facebook Account နဲ့ ဝင်ရောက်ပြီး http://www.facebook.com/?app=1&sk=translations
လင့်ခ်မှာ မဲပေးနိုင်ပါတယ်။
** Htar Waie Thar
0 comments:
Post a Comment