Thursday, March 28, 2013

ကွန်ပျူတာမှာ မြန်မာယူနီကုဒ် အသုံးပြုနည်း

















ကျွန်တော်တို့ ကွန်ပျူတာမှာ မြန်မာယူနီကုဒ်ဖြင့် ရေးထားသော စာများကို ဖတ်ချင်တယ် ကိုယ်ကလည်း ရေးချင်တယ်ဆိုပါတော့ဗျာ။

ကွန်ပျူတာမှာ မြန်မာယူနီကုဒ်ကို မြင်ချင်တယ်ဆိုရင်တော့ ယူနီကုဒ်ဖောင့် သွင်းထားရုံပါပဲ ။

လူအသိများသော myanmar 3 ( Myanmar Unicode Font ) ကို 

http://code.google.com/p/myanmar3source/downloads/detail?name=mm3.ttf

မှာ သွားဒေါင်းနိုင်ပါတယ် ။

အခြားသော ယူနီကုဒ်ဖောင့်များ ( Ayer , Tharlon , Thanlwin , Win Myanmar , ...)  စတာတွေ သွင်းလည်း ရပါတယ် ။

ဖောင့်က *.ttf ( True Type Font ) ပါ ။ သူ့ကို C:\Windows\Fonts Folder ထဲကို ကူးထည့်ပေးလိုက်တာနဲ့ အဆင်ပြေပါတယ် ။

သာမာန်အားဖြင့်တော့ ကွန်ပျူတာမှာ မြန်မာယူနီကုဒ်ဖြင့်ရေးသာသော စာများကို ဖောင့်ပြောင်းရုံနဲ့ မြင်နိုင်ပါပြီ ။

ကွန်ပျူတာ တခုလုံမြင်ကွင်းက အစ မြန်မာယူနီကုဒ်နဲ့ မြင်ချင်ရင်တော့

http://www.htarwaiethar.blogspot.com/2012/11/blog-post_5311.html 

ကလင့်တွင် ဇော်ဂျီဖောင့်နေရာမှာ မြန်မာယူနီကုဒ်ဖောင့်တခုခု ထည့်ပေးရုံပါပဲ ။

စာရိုက်ချင်ရင်တော့ ကျွန်တော်တို့ ကီဘုတ်တင်ပေးရမှာပါ ။

ကျွန်တော်ကတော့ အက္ခရာ ကီးဘုတ်ကို အသုံးပြုပါတယ် ။

ကီးဘုတ်ကို http://my.duniakitab.com/ThanLwinSoft/ThanLwinSoft/Downloads/  မှာ သွားရောက်ဒေါင်းနိုင်ပါတယ် ခင်ဗျား။

ကီဘုတ်တင်ပြီးရင်တော့ ကျွန်တော့်တို့ ဇော်ဂျီလိုပဲ Ctrl+Shift ဖြင့် ယူနီကုဒ်ကို အသုံးပြုနိုင်ပါပြီ ။

Myanmar 3 လက်ကွက် စာရိုက်စနစ်ကို ကျွန်တော် အောက်မှာ တခါတည်း ပေးလိုက်ပါတယ် ။


အင်တာနက် အသုံးပြု ဘလောက်ဇာတွေမှာတော့ Firefox မှာဆိုရင် ဖောင့်ကို ယူနီကုဒ်နဲ့ Text Encoding မှာ Unicode ပြောင်းရင်ရပါတယ် ။

အခြားသော Chrome , Internet Explorer တို့မှာတော့ ဖောင့်တောင်ပြောင်းစရာ မလိုပါဘူး Text Encoding မှာ ယူနီကုဒ်ကို အမှန်ခြစ်တာနဲ့တင် အဆင်ပြေပါတယ် ။


**  Htar Waie Thar

0 comments:

Post a Comment