Friday, April 19, 2013

Gmail Account အလွယ်ကူဆုံးဖွင့်နည်း



















အခုနောက်ပိုင်းတွေမှာ Gmail Account က အလွယ်တကူဖွင့်လို့ မရတော့ဘူးဗျ ။

ဖုန်းကိုင်ဆိုင်ထားသော သူများကတော့ ရရင် ရလိမ့်မယ် ။

သို့သော်လည်း Google က ဖုန်းတလုံးကို အကောင့်နှစ်ခု ပဲ ဖွင့်ပေးတာလားမသိဘူးဗျ။

ကျွန်တော်ကတော့ တောထဲရောက်နေတော့ ဖုန်းကလည်းမရှိတော့ တိုင်ပတ်နေပါတယ် ။

အကောင့်ဖွင့်တိုင်း ဖုန်းနံပါတ်ကိုပဲ တောင်းနေတော့ပါတယ် ။

Proxy ကို ကျော်ပြီး အကောင့်ဖွင့်လည်းမရပါဘူး။

အခြားသော US Phone Number ကို အင်တာနက်က ဖရီးယူပြီးဖွင့်တော့လည်း မြန်မာဖုန်းကိုပဲ တောင်းနေပါတယ်ဗျာ။

အင်တာနက်မှာ ဟိုရှာဒီရှာရင်းနဲ့ Gmail အလွယ်ဖွင့်လို့ရတဲ့ နည်းတော့တွေ့လိုက်ပါတယ်။

ဒါပေမယ့် သူက ကွန်ပျူတာကနေပြီး အကောင့်ဖွင့်တာ မဟုတ်ဘူးဗျ။

Android Phone OS အပေါ်ကနေပြီးဖွင့်ရတာပါ။

ကျွန်တော်ကတော့ Android Phone မရှိပေးမယ့် အကောင့်ကိုဖွင့်လို့ရသွားပါတယ်။

ကျွန်တော့်မှာ Blue Stack လေးကျွန်ပျူတာမှာ အရင်ကတည်းက ထည့်ထားလို့ပါ။

Blue Stack ကို ဒီ​နေရာ​မှာ သွားကြည့်နိုင်ပါတယ်။

နောက်မှသိလိုက်တယ်ဗျ။

Android Phone OS ကနေပြီး အကောင့်ဖွင့်ရင် Google ကနေပြီး ဘာဖုန်းမှကို မတောင်းပဲ အလွယ်ဖွင့်ပေးတာပါ။

ဖွင့်ရတာလွယ်ပါတယ် ။

-Phone Setting ကို သွား

-Manage Accounts ( Account and Sync Settings )

-Add account

-Google

-Next

-Create

Create မှာ First Name , Last Name , User Name တွေ ဖြည့်ပြီးရင် ကျန်သော အဆင့်များက အရင်တုန်းက အကောင့်ဖွင့်သော ပုံစံပါပဲ။

ကျန်သော အဆင့်များမှာ Security Question တွေ ဘာတွေမေးပါတယ် သို့သော်လည်း ဖုန်းကတော့ မမေးပါဘူး ခဏလေးနဲ့ အကောင့်ကို အဆင်ပြေပြေဖွင့်နိုင်ပါတယ်ခင်ဗျား ။

ဖုန်းကတော့ တလုံးနဲ့ တလုံး အနည်းငယ်ကွာတက်ပါတယ် ။

ကျွန်တော်က Blue Stack Player ( Android Phone အတု ) မှာ စမ်းသပ်ဖွင့်တာရပါတယ်။

တကယ့် Android Phone ဆိုရင်တော့ ပြောစရာမလိုပါဘူး ရကိုရမှာပါ။

Google က Android OS ဆိုတာနဲ့ ကွန်ပျူတာမှာ တင်သုံးထားသော ဆော့ဝဲလ်ကိုလည်း ဖုန်းလို့ပဲ သတ်မှတ်တာမို့ Blue Stack လိုမျိုး ဆော့ဝဲလ်မှာ အကောင့်ကို အဆင်ပြေပြေနဲ့ ဖွင့်နိုင်ပါတယ်။


**  Htar Waie Thar

0 comments:

Post a Comment