Friday, April 19, 2013

Firefox ကို မြန်မာဘာသာဖြင့် အသုံးပြုနိုင်ပြီ















ကျွန်တော်တို့ ဆီမှာ လူအသုံးအတော်များသော Firefox Browser မှာ မြန်မာဘာသာကို အသုံးပြုနိုင်ပါပြီ ။

ကျွန်တော် ဒေါင်းပြီးစမ်းကြည့်တာတော့ အတော်ကို လန်းပါတယ်။

ဆော့ဝဲလ်အပြင်အဆင်များ ၊ မြင်ကွင်းများမှာပါ မြန်မာလိုများ မြင်တွေ့ရပြီး ဘလောက်ဇာမှာ Right Click များ အခြားသော Functions အတော်များများကို မြန်မာလိုတွေ မြင်တွေ့ရပါတယ် ။

ဆော့ဝဲလ်က Firefox Aurora ပါ ။

အခုလော်လော်ဆယ်တော့ ကျွန်တော်ဒေါင်းကြည့်တာ ဗားရှင်း 22 ရပါတယ် ။

လင့်က http://www.mozilla.org/en-US/firefox/all-aurora.html  ပါ။

အဲ့မှာ Firefox Aurora ကို မြန်မာဘာသာ ( Burmuse ) ကို ရွေးချယ်ကာ Windows , Iinux , Max OS ကြိုက်ရာ ဒေါင်းနိုင်ပါတယ်ခင်ဗျား။

အင်္ဂလိပ်လိုများ အသုံးပြုနေရင်း မြန်မာလိုအသုံးပြုရတာဖြစ်တဲ့ အတွက် အနည်းငယ်တော့ ကြောင်စေသောလည်း ကိုယ်ဘာသာဖြင့် အသုံးပြုရသော Feel ကတော့ အတော်ကို လန်းတယ်လိုပြောလိုက်ပါရစေ ။


**  Htar Waie Thar

0 comments:

Post a Comment