Monday, April 1, 2013

Firefox မှာ ZawGyi Font and Myanmar Unicode Font နှစ်ခုလုံးမြင်ရဖို့





















ကျွန်တော်​တို့ မြန်မာ​များ အသုံး​များ​သော Zawgyi Unicode Font နဲ့ Myanmar Unicode Font ဖြင့်​ရေးသား​ထား​သော ဝက်​ဆိုဒ်​များ​ကို မြင်​နိုင်​သော ကြည့်​နိုင်​သော နည်း​လမ်း​တ​ခု​ကို တွေ့​လို့ ပြန်​မျှလိုက်​ပါ​တယ် ။

သို့သော်​လည်း အခု​တ​လောက​မှ မြန်မာ​ယူ​နီ​ကုဒ်​အကြောင်း​ကို သိ​ရ​ပြီး အဲ့​လို Site များ​ကို ကြည့်​လို့​မ​ရ​ဖြစ်​နေ​လို့ ရှာဖွေ​ရင်း Font နှစ်​ခု​လုံး အဆင်​ပြေ⁠ပြေ​ဖြင့် ကြည့်​နိုင်​သော နည်း​ကို စမ်းသပ်​တာ အဆင်​ပြေ​ပါ​တယ် ။

ကျွန်တော်​ကတော့ အရင်က Zawgyi ကို အသုံးပြု​တာ​ပါ ။ သိပ်မကြသေးခင်ကမှ မြန်မာယူနီကုဒ်ကို အသုံးပြုဖြစ်သွားတာပါ ။

Firefox Browser မှာ​တော့ Add On ကို ဒေါင်း​ပြီး အလွယ်​တ​ကူ​ဖြေ​ရှင်း​နိုင်​ပါ​တယ် ။

စက်​မှာ​တော့ Zawgyi Font ရော မြန်မာ​ယူ​နီ​ကုဒ်​ဖောင့် တ​ခု​ခု ( Myanmar 3 ,Ayer , Tharlon ,...) တ​ခု⁠ခု​ကို ဒေါင်း​ပြီး​ထည့်​ထား​ရ​ပါ​မယ် ။

Add-On ကို​တော့ https://addons.mozilla.org/en-US/firefox/addon/myanmar-converter/  မှာ သွား​ရောက်​ဒေါင်း​နိုင်​ပါ​တယ်။

ဒေါင်း​လို့​ပြီး Install ပြီး​ပါ​က Firefox Restart ကျ​သွား​ပါ​လိမ့်​မယ် ။

ပြီး​တာ​နဲ့ Firefox > Options > Contents > မှာ Default Font မှာ Unicode Font (ဥပမာ Myanmar 3 ) Advanced ကို က​လစ်​ပါ။

Font For မှာ Westen , Font တွေ​ကို Myanmar 3 ပြောင်း Character Code မှာ Unicode ( UTF 8 ) ကို ပြောင်း​ပေး​ပါ ။

Firefox မှာ Zawgyi , Unicode Code Font ဖြင့်​ရေး​သော ဆိုဒ်​များ​ကို ကြည့်​နိုင်​ပါ​တယ် ။

ထူးခြားတာက ကျွန်တော်ပြောသော Add On ကို အသုံးပြုပါက ဆိုဒ်များအားလုံးကို ယူနီကုဒ်ဖြင့်မြင်ရတာ ဖြစ်ပြီး စာများကူးယူပါကလည်း ဇော်ဂျီနဲ့မဟုတ်ပဲ ယူနီကုဒ်နဲ့သာလျှင်ရမှာ ဖြစ်ပါတယ် ။


အဲ့ဒါကြောင့်လည်း Firefox Setting မှာ ယူနီကုဒ်ပုံစံများ အားလုံးပြောင်းလိုက်ရတာပါ ။


ယူနီကုဒ်နဲ့ရေးထားသော ဆိုဒ်များကို တိုက်ရိုက်ကြည့်တာ ဖြစ်ပြီး ဇော်ဂျီဖြင့်ရေးသားထားသော ဆိုဒ်များကို Add On က မြန်မာယူနီကုဒ်ဖြစ်အောင် ပြောင်းပေးပြီး ကြည့်တဲ့ သဘောပါပဲ ။


နောက်မို့ဆို ကျွန်တော်တို့က ဇော်ဂျီကို အသုံးပြုပါက ဇော်ဂျီဖြင့်ရေးထားသော ဆိုဒ်တွေကို ဘာမှမပြောင်ပဲ ကြည့်လို့ရပြီး ယူနီကုဒ်ဆိုဒ်ကို တွေ့ပါက ဖောင့်ပြောင်းသုံးရင်တော့ နည်းနည်းကြာတာပေါ့ဗျာ။


Add On ကို အသုံးပြုလိုက်တော့ မြန်မာယူနီကုဒ်သမားတွေလည်း အဆင်ပြေသလို ဇော်ဂျီအသုံးပြုသူတွေလည်း မြန်မာယူနီကုဒ်စာသားလေးတွေ မြင်ဖူးသွားတာပေါ့ဗျာ။

**  Htar Waie Thar

1 comment: