Showing posts with label (l) ကွန်ပျုတာ ပြဿနာဖြေရှင်းနည်းများနှင့် အသုံးပြုမှုနည်းများ. Show all posts
Showing posts with label (l) ကွန်ပျုတာ ပြဿနာဖြေရှင်းနည်းများနှင့် အသုံးပြုမှုနည်းများ. Show all posts

Tuesday, February 5, 2013

ကွန်ပျူတာ အသုံးပြုရင်းနှေးသွားသော ပြဿနာ
















မြန်မာမိသားစုဖိုရမ်မှ ဖယောင်းလမ်း ၏ ပို့စ် ကို ပြန်လည်မျှဝေလိုက်ပါတယ် ။

တစ်ခါတစ်ရံမှာကွန်ပြူတာသုံးနေရင်ကအလုပ်လုပ်တာနှေးကွေးသွားတာမျိုးကြုံရတတ်ပါတယ်...၊

အထူးသဖြင့် အလုပ်လုပ်တဲ့ မှတ်ဉာဏ် RAM (Rondom Access Memory) နဲနေတဲ့ကွန်ပြူတာတွေမှာပိုဖြင့်တတ်ပါတယ် RAM ရဲ့သဘာဝကအလုပ်လုပ်နေတုန်းမှာ မှတ်ဉာဏ်တွေထဲမှာခေတ္တ္တမှတ်သာထာပြီးတော့နောက်အလုပ်တစ်ခုအတွက်မှတ်ဉာဏ်သုံးဖို့လိုတဲ့အခါ ပထမ မှတ်သာထားတဲ့အရာတွေကို sytem ကဖျက်ပြစ်ရပါတယ်...၊

အဲဒီလိုဖျက်ပြစ်ဖို့အဆင်မသင့်ပဲ အမှာယွင်းများတစ်ခုခုဖြင့်သွားတဲ့အခါမျိုးမှာ အလုပ်ဆက်မလုပ်နိုင်ဘဲရပ်တန့်သွားတာမျိုးနှေးပြီးတုံ့ဆိုင်းသွားတာမျိုးတြွေဖင့်လာတတ်ပါတယ်...၊
အလုပ်ဆတ်မလုပ်တဲ့အတွက်သုံးလို့ရအောင် system ကို restart ပြန်လုပ်ရတာမျိုးတောင်းရှိပါတယ်.

နောက်ဆုံးအဖြေကတော့ စက်ပိတ်လိုက်တဲ့အခါ RAM ထဲမှာရှိတဲ့ မှတ်ဉာဏ်တွေအားလုံးကပျက်သွားတဲ့အတွက်ကြောင့်နောက်စက်ပြန်ဖွင့်တဲ့အခါမှာ လန်းဆန်းတက်ကြွတဲ့ မှတ်ဉာဏ်အသစ်ကစောင့်ကြိုနေတဲ့အတွက်သုံးလို့ပြန်ကောင်းသွားခြင်းပါ...၊

ဟော..အခုတော့ restart ပြန်လုပ်တာပဲဖြင့်စေ...
အဲဒီလိုမျိုးဖြင့်နေရင်ဘာလုပ်ရမှန်မသိဖြင့်နေရင် RAM ကိုပြန်ပြီး clean လုပ်ပေးတဲ့ short cut လုပ်နည်းလေးကိုမျှဝေပေးလိုက်ပါတယ်....၊

လုပ်ပုံးလုပ်နည်းကတော့ဒီမှာဗျ...၊

၁. Desktop ပေါ်ကနေရာလွတ်နေတဲ့နေရာမှာ right clik ထောက်ပြီး New ကိုရွေးပ်ပြီးရင် short cut လေးမှာ click လုပ်လိုက်ပါက short cut လေးတစ်ခုလုပ်ထားပါ...၊

၂. Location လေးတောင်းတဲ့အခါအောက်မှာပေးထားတဲ့ path လေးကို copy ကူးထည့်လိုက်ပြီး Next ကိုနှိပ်ပြီးဆတ်သွားပါ..%windir%\system.32\rundll32.exe advapi32.dll,ProcessIdieTasks ကူးထည့်ပြီးအပါ်ကအတိုင်းသွားပါ...။

၃. နာမည်ပေးရမည့်နေရာကိုရောက်လာပြီးမိမိကြိုက်နှစ်သက်ရာတစ်ခုခုပေးလိုက်ပါ...၊
ဥပမာ.. cleanRAM စသည်ဖြင့်ပေါ့ပြီးရင် finish ကိုနှိပ်လိုက်ပါ...။

မိမိကွန်ပြူတာကနှေးပြီးရပ်သွားသလိုဖြင့်သွားတဲ့အခါတိုင်း သူကမှတ်ဉာဏ်ကိုအသစ်ပြန်ပြီးတော့စပေးပါလိမ့်မည်.
short cut လေးမလှရင် icon ပြောင်သုံးလိုက်ပါ..

ကြိုက်ရင်ယူပါ လိုလိုမယ်မယ် icon ပြောင်းနည်းလေပါထည့်ပေးလိုက်တယ်...။
၁. မလှတဲ့ icon အဟောင်းလေးပေါ်ကို rightclick လုပ်ပြီး properties ကိုရွေပါ..။
၂. change cion ကိုနှိပ်ပါ...
၃. Browse ကိုနှိပ်ပြီးကိုယ်သိမ်းထားတဲ့ icon အသစ်လေးရှိရာနေရာကိုခေါ်သွားပါ...။
၄. icon ဖိုင်လေးမှာ click လုပ်ပြီးရင် open ကိုနှိပ်ပါ.ပြီးရင် OK နှိပ်ပါ..။
၅. မူလ properties window ရောက်သွားတဲ့အခါ apply လုပ်ပါပြီးရင် OK ပေးလိုက်ပါဗျား....။ ။

                                                 **  Htar Waie Thar  **

Monday, February 4, 2013

Format Factory and Conveter Software တွေမှာ Files များ Format ပြောင်းလို့မရသော ပြဿနာ

















င်္Format Factory Software က File Format တွေပြောင်းလဲပေးသော Software တွေထဲမှာ နာမည်ကြီးပါတယ် ။

ကျွန်တော်ကလည်း Format Factroy ကို အသုံးပြုသလို ကျွန်တော်နှင့် ခင်မင်သော သူများကို Format factory Software ကို တင်ပေးတက်ပါတယ် ။

ကျွန်တော် Format Factory Software တင်ပေးထားသော User တယောက်က သူ့ဆီမှာ ရှိသော DAT ( VCD ) File Format တွေကို AVI ပြောင်းတာပြောင်းလို့မရလို့တဲ့ ကျွန်တော်လည်း မယုံတာနဲ့ သွားကြည့်တာ တကယ်ဗျ ။

Files တွေကို ပြောင်းလိုက်တဲ့အခါ Fail ဖြစ်သွားပါတယ် ။

သေသေချာချာ စစ်တော့ Files Name တွေက မြန်မာလိုတွေဗျ ။

အဲဒါနဲ့ ကျွန်တော် Files Name တွေကို English Name တွေကို ပြောင်းတော့လည်း မရဘူးဗျ ။

Files Location က မြန်မာလို တဆင့်ပါနေလို့များလား စဉ်းစားလိုက်ပြီး Files တွေကို Desktop ပေါ်ကူးတင်ကာ ပြောင်းတော့မှ အဆင်ပြေသွားပါတယ် ။

သေသေချာချာ စဉ်းစားလိုက်တော့ ကျွန်တော်တို့ အသုံးပြုနေသော Format Conventer Software အတော်များများက Unicode ကို Support မလုပ်ပါဘူး ။

ဒါကြောင့် Files Name များကို Unicode Keyboard တခုခုကို အသုံးပြုကာ ပြောင်းထားပါက ကွန်ပျူတာမှာ မြင်နိုင်သော်လည်း Format Conveter များက အလုပ်မလုပ်ပါဘူး ။

Folder Name များ , Location တခုခုတွင် Unicode Folder တခုခုပါပါကလည်း ဖိုင်လ်များကို ပြောင်းလဲလို့မရတာကို သတိပြုကြပါ ။

Files များကို ပြောင်းပြီးမှသာ ကိုယ်ကြိုက်သလို Unicode Files Name တွေပြောင်းလဲကြပေါ့ဗျာ ။

                    **  Htar Waie Thar  **

Monday, January 28, 2013

Password ဖြည့်စွက်မှုများအတွက်


















ကွန်ပျူတာ သုံးစွဲမှုများတွင် Password ဖြည့်စွက်သော နေရာများတွင် ကိုယ်က အမှန်ရိုက်ထည့်သော်လည်း မှားသည်ဟု Error Message များပြတက်ပါသည် ။

ဖြစ်တက်သော ပုံစံများကို ကျွန်တော်သိသလောက် ရေးသားလိုက်ပါမယ် ။

**  Caps Lock ဖွင့်ပြီး Password ရိုက်ထည့်သော အခါတွင်လည်း ကိုယ်ရိုက်သော Password သည်စာလုံးအကြီးကို သာ ရိုက်သည်ဟု ကွန်ပျူတာက သတ်မှတ်သည့်အတွက် Error Message ပေါ်လာတက်ပါသည် ။

ထိုအခါမျိုးတွင် Caps Lock Key ကို တချက်နှိပ်ပေးပြီး Password ကိုပြန်ရိုက်ထည့်ရုံနှင့် အဆင်ပြေသွားပါမည် ။

** Labtop များတွင် NumLock ကိုဖွင့်ပြီး Password ရိုက်ပါက Error Message ပေါ်တက်ပါသည် ။

Labtop Keyboard အတော်များများသည် Number Keys များနှင့် Letter Keys များကို ရောထည့်ထားတာမျိုးရှိပါသည် ။

ဥပမာ I Key သည် 5 ဖြစ်တာမျိုးပါ ။ NumLock ဖွင့်ထားပါက I ကိုနှိပ်သော်လည်း 5 ကိုသာ ဖော်ပြပေးမှာ ဖြစ်သည်အတွက် တခါတရံ မေ့နေသော နေအထားမျိုးပင် ဖြစ်သည် ။

**  Zawgyi လက်ကွက် သို့ မြန်မာယူနီကိုဒ် လက်ကွက်ကို ယူသုံးပြီး Password ရိုက်သောအခါတွင် လည်း Password များကို မှားသည်ဆိုသော Error Message ပေါ်လာတက်ပါသည် ။

ကျွန်တော်တို့ Password ပေးသော အခြေနေတွင် Password ကို English Language ဖြင့်သာ ပေးတက်ပါသည် ။

သို့သော်လည်း ပြန်ဖွင့်ရသည့်အခြေနေတွင် မြန်မာလက်ကွက် ပြောင်းလဲအသုံးပြုသော အနေအထားနှင့် ကြုံတွေ့သော အခြေနေတွင် ဖြစ်တက်သော မှားယွင််းမှုတခုသာ ဖြစ်ပါသည် ။

                                                                                         **  Htar Waie Thar  **

Sunday, January 20, 2013

Labtop Battery ကို သက်တမ်းမကုန်စေချင်လျှင်
















Labtop အသုံးပြုသူတွေ အများဆုံးကြုံတွေရမည့် ပြဿနာတစ်ခုပါပဲ ။

Labtop တွေဟာ ဝယ်ခါစမှာ Battery သက်တမ်း သုံး၊လေး နာရီ အသုံးပြုလို့ ရသော်လည်း လေး၊ငါး၊ခြောက်လ တစ်နှစ်ခန့်ကြာသော အခါ တစ်နာရီလောက်သာ Battery ကို အသုံးပြုလို့ရတာရှိသလို လုံးဝ Battery ကိုအသုံးပြုလို့မရတော့လောက်အောင် ဖြစ်တက်ပါတယ် ။

Labtop Battery ပျက်သွားရခြင်းမှာ Labtop Battery အားသွင်းတဲ့ အခါ နည်းလမ်းမမှန်သောကြောင့် ဖြစ်တက်သော ပြဿနာတစ်ခုသာလျှင်ဖြစ်ပါသည် ။

တစ်ချို့သော Labtop အသုံးပြုသူများက Battery Charger ကိုအမြဲချိတ်၍သော် လည်းကောင်း တစ်ချို့က ခဏသာ အသုံးပြုပြီး ပြီးတာနှင့် အားပြန်သွင်းသော လူများရှိပါသည် ။လုံးဝမလုပ်သင့်ပါ ။

မှန်ကန်သော Labtop Battery အားသွင်းနည်း အသုံးပြုနည်းမှာ

**  Labtop Battery ကို အားကုန်သည့်အထိ Low Battery Alarm ပေါ်သည့်အထိအသုံးပြုပါ ။

**  Low Battery Alarm ပေါ်လာပါက Battery ကိုအားပြည့်သည့််တိုင်အောင် အားသွင်းပါ ။

**  အားသွင်းနေစဉ်အတော်အတွင်း Labtop ကို အသုံးပြုနိုင်ပါသည် ။

**  Battery အားပြည့်သွားပါက Charger ကို ဖြုတ်ပြီး Battery အားဖြင့်သာ Labtop ကို အားကုန်သည့်အထိ အသုံးပြုပါ ။

**  အားကုန်သွားမှသာလျှင် Charger ပြန်တပ် အားသွင်း ၊ အားပြည့်သွားပါက Charger ကိုပြန်ဖြုတ်် Battery အားဖြင့်ပြန်သုံးပါ ။

မှန်ကန်သော နည်းလမ်းဖြင့်သာ Labtop Battery ကို အသုံးပြုပါက နှစ်အတော်ကြာသည့်အထိ Battery မပျက်သွားတာကို တွေ့မြင်နိုင်ပါတယ် ။

                                                                       **  Htar Waie Thar  **

တခုခုပြောခဲ့ချင်ပါက Comment , CBox ကနေ ပြောခဲ့နိုင်ပါတယ် ။

Command Prompt ပြဿနာဖြေရှင်းနည်း









www.winkabarkyaw.blogspot.com မှ ပို့စ်ကို Share လုပ်ထားခြင်းဖြစ်သည် ။

၁). Start > Run ကိုခေါ်ပြီး ဒီအောက်က အနီရောင် နဲ့ ကုဒ်တွေ Copy ကူးပြီး Enter ခေါက်ပါ...။

REG add HKCU\Software\Policies\Microsoft\Windows\System /v DisableCMD /t REG_DWORD /d 0 /f

CMD ကိုခေါ်ကြည့်ပါ.... မရသေးရင် ...

၂). Start > Run box ထဲမှာ Regedit ကိုရိုက်ထည့်ပြီး OK (or) Enter  ခေါက်ပါ... Registry Editor Box ပေါ်လာရင်
HKEY_CURRENT_USER > Software > Policies > Microsoft > Windows > System ထိ အဆင့်ဆင့် ရောက်အောင်သွားပါ....
System ကို Click လိုက်ရင် ညာဘက်မှာ  DisableCMD  ကိုရှာပါ.. တွေ့ရင် Double Click နဲ့  Value data ကို "0" ပြောင်းပေးပြီး  Registry Editor Box ကိုပိတ်လိုက်ပါ....

CMD ကိုခေါ်ကြည့်ပါ.... မရသေးရင် ...

၃). Start  > Run မှာ gpedit.msc  ကိုရိုက်ထည့်ပြီး OK (or) Enter ခေါက်ပါ.... Group Policy Editor box တတ်လာရင်...
User Configuration > Administrative Templates > System
အပေါ်ကအတိုင်း အဆင့်ဆင့်သွားပါ  System ကို Click ပြီး
 Prevent access to the command prompt
ကို ရှာပါ... တွေ့ရင် Double-click နဲ့ Not Configured (or) Disbled ပေးလိုက်ပါ...

                                                                       **  Htar Waie Thar  **

တခုခုပြောခဲ့ချင်ပါက Comment , CBox ကနေ ပြောခဲ့နိုင်ပါတယ် ။

Wednesday, January 16, 2013

Power On Password အကြောင်း
















Power On Password ကို တချို့တချိုသော Notebook PC မှာ မြင်ဖူးကြမှာပါ ။

ကျွန်တော်တို့ ကွန်ပျူတာကို ဖွင့်လိုက်တာနဲ့ Password တောင်းတဲ့အမျိုးအစားပါ ။

Power On Password ကို ကွန်ပျူတာမှာ အသုံးပြုချင်ပါက CMOS / BIOS ထဲမှာပြုလုပ်ရမှာဖြစ်ပါတယ် ။

CMOS / BIOS ထဲမှာ Supervisor Password ပေးထားပြီး Boot On Password ( Power On Password) ကို Enable ပြုလုပ်ထားပါက ကွန်ပျူတာဖွင့်တာနှင့် Password တောင်းပါလိမ့်မည် ။

ထို Password မပေးနိုင်ပါက ကွန်ပျူတာကိုဖွင့်နိုင်မည် မဟုတ်ပါ ။

Notebook PC များအတွက် အတော်သုံးဝင်သော နည်းလမ်းတခုဖြစ်ပါသည် ။

Power On Password ကိုမေ့သွားပါက CMOS Battery ကိုဖြုတ်သည့်နည်းလမ်းနှင့် ကျော်နိုင်သော်လည်း Notebook များတွင် CMOS Battery ကို တော်ရုံ Service ပညာရှင်အဆင့်များနှင့် တွေ့နိုင်မှာ မဟုတ်ပါ ။

CD / DVD Software တခုခုနှင့် ကျော်မည့်သူများရန်ကို ရှောင်ချင်ပါက First Boot ကို Hard Disk ကိုသာ ရွေ့ထားခြင်းဖြင့် ကာကွယ်နိုင်ပါသေးသည် ။

အထက်ပါ အချက်များကြောင့် Notebook PC များ လုံခြုံရေးကောင်းချင်ပါက အသုံးပြုနိုင်ရန်အတွက် Power On Password အကြောင်း ရေးသားလိုက်ပါတယ် ။

                                                                **  Htar Waie Thar  **


တခုခုပြောခဲ့ချင်ပါက Comment , CBox ကနေ ပြောခဲ့နိုင်ပါတယ် ။

Windows 7 Genuine Problem ကိုဖြေရှင်းနည်း နောက်တမျိုး

















ကျွန်တော် Windows 7 Genuine ပြဿနာကို Windows 7 Genuine Problem ဖြေရှင်းနည်း   ထဲကနည်းအတိုင်း ဖြေရှင်းတက်ပါတယ် ...

အခုုနောက်တမျိုး ကျွန်တော်ကြုံရတာက နည်းနည်းဆန်းတယ်ဗျ ။

Command Line က Win 7 Date Crack လုပ်လို့မရသလို Windows 7 Loader ( Crack ) ကို ။
တစ်ခုတည်းလည်းသုံးလို့မရဘူးဗျ ။

Windows 7 Loader ( Crack ) ကိုသုံးလိုက်ရင် Install , Uninstall မပေါ်ပဲ ကိုယ် Windows 7 ရဲ့ Version ပဲ့ပေါ်ပါတယ် ။

အဲဒီတော့ ကျွန်တော် Internet က ရှာကြည့်လိုက်တာ နည်းလမ်းတစ်ခုကို တွေ့လို့ အားလုံးကို Share လိုက်ပါတယ် ။

MBR Regenerator  ဆိုတဲ့ Software ကိုသုံးပြီးဖြေရှင်းတဲ့ နည်းလမ်းပါပဲ ။

MBR Regenerator  ဆိုတဲ့ Software ဆိုတဲ့ Software ကို www.softpedia.com   မှာ Download ဆွဲနိုင်သလို အခြားအဆင်ပြေတဲ့ ဆိုဒ်တခုခုက Download ဆွဲနိုင်ပါတယ် ။

MBR Regenerator  ဆိုတဲ့ Software က Freeware တခုပါ ။

ကျွန်တော်ဒေါင်းထားသော MBR Regenerator v4.5  ကို http://www.solidfiles.com/d/ddffed8e4b/ မှာ ဒေါင်းနိုင်ပါတယ်။

MBR Regenerator  ဆိုတဲ့ Software ကို Run လိုက်ပြီး Regenerate  လုပ်လိုက်ပါက Computer ကို Restart ချဖို့ Instruction တစ်ခုပေးမှာဖြစ်ပြီး OK သာလုပ်လိုက်ပါက အချိန်ခဏ စောင့်ရပါမည် ။

ပြီးဆုံးသွားပါက Restart ချဖို့ OK နိုပ်လိုက်ပါက နောက်တကြိမ် Windows တက်ပါက Windows Genuine ပြဿနာရှိတော့မည် မဟုတ်ပဲ Windows 7 Trail Version ပြန်ဖြစ်သွားတာကို တွေ့ရမှာဖြစ်ပါတယ် ။

Windows 7 ကို Active ဖြစ်ချင်ပါက Windows 7 Loader (Crack) ကို ပြန်သုံးရမှာဖြစ်ပါတယ် ။

Windows Loader.exe ကို Run > Install , Restart ကျသွားပြီး ပြန်တက်လာပါက OK ပါပြီ။

နောက်တကြိမ် Windows Genuine ပြဿနာမဖြစ်ချင်ပါက


Windows Update Service ကို ပိတ်ထားမယ် ပို့စ်မှသွားကြည့်နိုင်ပါတယ် ။

Download Windows Loader 2.1.7


**  Htar Waie Thar  **

Thursday, December 20, 2012

Windows မှာပါတဲ့ Notepad တွင် မြန်မာစာများ ??? ဖြစ်သည့်ပြဿနာ















ဒီပြဿနာကို ကျွန်တော်ကိုယ်တိုင် ကြုံဖူးပါတယ် ။

အင်တာနက်က စာသားအချို့ကြိုက်လို့ Notepad ပေါ် Paste လုပ်ကြည့်တုန်းကတော့ မြန်မာစာတွေပဲ ။

နောက်တခါ ပြန်ဖွင့်မှ ကျွန်တော်ကူးထားတဲ့ စာတွေမရှိပဲ ???? တွေပဲ တွေ့ရတာ ။

ဘာဖြစ်လို့လဲ စုံစမ်းကြည့်တော့ File ကို Save လုပ်တဲ့နေရာမှာ လွဲချော်မှုလေးတွေ ရှိနေလိုဆိုတာသိရတယ် ။

။  ။ Notepad နှင့်စာရေးရန် Desktop လွတ်တဲ့နေရာမှာ Right Click > New > Text Decoument  ပေါ့ ။

Zawgyi Font နဲ့သုံးမှာမို့ Notepad ပေါ်မှာ Format ဆိုတာကို ရှာပါမယ် တွေ့ပါက Click လုပ်ပါမယ် ။

Format ကို Click လုပ်ရင် အဲ့ဒီမှာ Font ဆိုတာလေးရှိတယ် အဲ့ဒါကို Click လုပ်ရမှာပါ ။

Font ဆိုတာကို Click လုပ်လိုက်တာနဲ့ ပေါ်လာတဲ့ Box မှာ မြန်မာစာပေါ်အောင် Zawgyi-One ကို ရွေးပြီး OK လုပ်ပါက

မြန်မာစာများ Notepad ပေါ်မှာ ရေးနိုင် ကူးနိုင်ပါပြီ ။


။   ။မြန်မာစာမှာ Notepad ပေါ်မှာ ရေး၊ကူး ပြီးရင် Save လုပ်မယ်ဆိုရင် File > Save (OR ) Ctrl + S လုပ်ပါမယ် ။

Save လုပ်ရင်ပေါ်လာတာက File ကို ဘယ်မှာသိမ်းမယ်ဆိုသော File Location ဆိုတဲ့ BOX ပေါ်မလာပဲ

" ....................................................................................
This file cantains characters in Unicode format which will be lost if you save this file as an ANSI encoded text file .

To keep the Unicode infiormaion , click Cancel below and then select one of the Unicode option from the Encoding

drop down list . Continuous? "

OK   ,   Cancel


ဆိုသော Box တစ်ခုပေါ်လာပါတယ် ။

OK ဆိုပြီးနှိပ်လိုက်လို့ကတော့ ကျွန်တော့်ကဲ့သို့ ???? တွေပဲ့မြင်ရတဲ့ ပြဿနာဖြစ်လာပါမယ် ။

Cancel ဆိုတာကို Click လုပ်ရမှာပါ ။

Cancel ကို Click လုပ်ပါက Notepad File ကို သိမ်းမယ့် Location , File Name တွေမေးတဲ့ နေရာရောက်တဲ့ အခါ

Location , File Name တွေကတော့ကိုယ်ဘာသာ ကြိုက်ရာ ရွေးလို့ရပါတယ် ။

အဓိက လုပ်ရမှာက File location မေးသောနေရာရဲ့ အောက်ဆုံးမှာ Encoding : ANSI ဆိုတဲ့အရာလေးပါပဲ ။

ANSI  ကို Click လုပ်ပါက ရွေးစရာ လေးခုဖြစ်လာပါမယ် ။

ANSI , Unicode , Unicode big endian , UTF-8 တို့ လေးခုပါ ။

Unicode , Unicode big endian , UTF-8 တို့သုံးခုထဲမှ ကြိုက်ရာရွေး၍ Save လုပ်ပါမှ နောက်တခါ ထို့ Notepad File ကို ပြန်ဖွင့်လျှင်

မြန်မာစာမြင်ရပြီး ANSI နှင့် Save ပါက ??? များကိုသာတွေ့ရမှာ ဖြစ်ပါတယ် ။

ကျွန်တော်က Unicode ဆိုတာနှင့် Save လုပ်ပါတယ် ။

                                                                    **    Htar Waie Thar  **


တခုခုပြောခဲ့ချင်ပါက Comment , CBox ကနေ ပြောခဲ့နိုင်ပါတယ် ။

Friday, December 14, 2012

MEMORY STICK ကို ဖွင့်မရသောအခါ


















ကွန်ပျူတာထဲကို ဗိုင်းရပ်စ်တွေကိုက်သွားတဲ့အခါ။ ဒါမှမဟုတ် ကိုယ့် Memory Stick ကို အခြားစက်မှာ ထိုးမိပြီး

မိမိစက်ကိုပြန်ထိုးလိုက်တဲ့အခါ လျှို့ဝှက် Script တစ်ခုက မိမိကွန်ပျူတာထဲကို လျှို့ဝှက်ဝင်ရောက်သွားပါတယ်။

အဲဒီ Script ကဗိုင်းရပ်စ်လဲမဟုတ်ပြန်ပါဘူး။သူက Autorun ကနေတစ်ဆင့် ၀င်ရောက်သွားတာပါ။ ဘာဘဲဖြစ်
ဖြစ် အခြားသောအကြောင်းအမျိုးမျိုးကြောင့် USB Memory Stick ထဲကဖိုင်တွေကို ကော်ပီလုပ်မရ..ဖျက်မရ

တော့ဘဲ..Write Protect ဆိုတဲ့ Error ဖြစ်ပေါ်လာရပါတယ်။ အဲဒီလိုဖြစ်လာပြီဆိုရင် ဘာလုပ်လို့ဘာကိုင်ရမှန်း

မသိအောင် ဖြစ်ရတော့တာပါဘဲ။ ကိုယ်တိုင်လဲ..ကြုံခဲ့ရဘူးပါတယ်။ဒါကြောင့်

လွယ်လွယ်ကူကူနဲ့ ဖြေရှင်းနည်းလေးကို ရေးပြပေးလိုက်ရပါတယ်။

ပထမဆုံး..Start>Run(box) မှာ regedit လို့ရိုက်ထည့်ပါ။ Registry Editor ပေါ်လာပါမယ်။ အဲဒီထည်းမှာမှ.

HKEY_LOCAL_MACHINE>>System>>CurrentControlSet>>Control>>StorageDevicePolicies

ထိရောက်အောင် အဆင့်ဆင့်သွားပါ။ ရောက်ရင် ညာဘက်အခြမ်းမှာ WriteProtect ဆိုတဲ့ အပြာရောင်ဖိုင်လေး

တစ်ဖိုင်ကို နှစ်ချက်ကလစ်ပြီးရင် Value Data ‘1’ ဆိုတာကို ‘0’ လို့ပြန်ပြောင်းပေးလိုက်ပါ။ ပြီးရင် Registry

Editor မှအပြီးထွက်ပြီး ကွန်ပျူတာကို Restart ချလိုက်ပါ။ ပြီးရင် ပြန်စမ်းကြည့်ပါ။ Write Protect ဆိုတဲ့

Error မပေါ်တော့ပါ/

Memory Stick ပျက်စီးနေပြီဆိုရင်တော့ အထက်ပါနည်းလဲ အသုံးမဝင်တော့ပါ။

Windows 7 ပေါ်က Installer များ Run လို့မရတဲ့ပြဿနာ


















Software Install လုပ်သူတော်တော်များများ ကြုံဖူးတဲ့ ပြဿနာပါ ။

Software Installer ကို Install လုပ်ဖို့အတွက် Double Click ခေါက်ပေမယ့် ဘာမှကိုတက်မလာတဲ့ပြဿနာပါ ။

ကျွန်တော်ကတော့ အဲ့လို အလုပ်မလုပ်တဲ့ Installer ကို အောက်ပါအတိုင်းဖြေရှင်းပါတယ် ။

Installer >Right Click > Troubleshoot compatibility > ဆိုတာကို Click လုပ်ပါက
Program compatibility Process Run လာပါမည် ခဏတော့စောင့်ရပါသည် ။

ခဏစောင့်ပြီးပါက Select Troubleshoot Option ဆိုသောစာသားခေါင်းစဉ်အောက်မှာ

Try Recommended Setting , Troubleshoot Program  တို့ကိုတွေ့ရမှာပါ ။

Try Recommended Setting ကို Click လုပ်ပါက Win XP SP 2 ပုံစံနဲ့ Installer ကို Run ပေးမှာပါ ။
Installer ကို Run ရန် Start the program ဆိုတာကို Click ပေး၍ Run နိုင်ပါတယ် ။

Troubleshoot Program ကို Click လုပ်ပါက Installer ကိုဘာ့ကြောင့် Run လို့မရသလဲဆိုပြီးမေးခွန်းများကို မေးပြီး တစ်ခုခုကို Check လုပ်ပြီး Next ကိုနှိပ်ပါက Win OS Versions မျိုးစုံထဲမှာမှ ဘယ် OS Version နှင့် Run လိုသလဲလို့မေးသောနေရာရောက်သွားပြီး ကြိုက်နှစ်သက်ရာ OS Version နှင့် Run ၍ Installer ပြဿနာကို ဖြေရှင်းနိုင်ပါတယ် ။

                                                                                        **  Htar Waie Thar  **

တခုခုပြောခဲ့ချင်ပါက Comment , CBox ကနေ ပြောခဲ့နိုင်ပါတယ် ။


Thursday, December 13, 2012

Windows 7 ပေါ်က Wifi ပြဿနာကို ဖြေရှင်းနည်း


















ကျွန်တော်က Internet ကို Wifi နဲ့သုံးတဲ့အတွက် ကျွန်တော်ဆီမှာ Wifi ပြဿနာဖြစ်တဲ့အခါ ဖြေရှင်းတဲ့ နည်းလေး Share လိုက်ပါမယ် ။

Wifi ချိတ်ဆက်မိပေမယ့် Internet Access မရရင်အောက်ပါနည်းများအတိုင်း ကြိုးစားကြည့်လို့ရပါတယ် ။

၁) Task Bar က Wifi ပုံစံလေးကို Right Click > Troubleshoot Problem ဆိုတာကနေ ကြိုးစားကြည့်လို့ရပါတယ် ။

မရပါက

၂) Task Bar က Wifi ပုံစံလေးကို Left Click > Open Network and Sharing Center ဆိုတာကို Click ပေးပါ ။

Open Network and Sharing Center   စာမျက်နှာပေါ်လာပါက Change Adapter Settings ဆိုတာကို ရှာဖွေ၍ Click လုပ်ပါ ။

ကွန်ပျူတာတွင်ရှိသော Network Connection များရှိရာနေရာသို့ ရောက်လာပါမည် ။ မိမိ Wifi မိသော Wifi Network Connection ကို Right Click > Properties ဆိုတာကို Click ပါ ။

ပေါ်လာသော Network Properties Box က Internet Protocol Version 4 (TCP/IPv4) ဆိုတာကို Highlight > Properties လုပ်ပါက Internet Protocol Version 4 (TCP/IPv4) Properties Box ပေါ်လာပါမည် ။

ထို Box မှာ Use the follow DNS Sever Addresses: ဆိုသောစာကိုရှာပါ တွေ့ပါက Check လုပ််ပါ ။
Preferred DNS Sever : ဆိုသောအကွက်မှာ 208.67.222.222 ဆိုတာရိုက်ထည့်၍ OK လုပ်ပါ ။

ထို Address အလုပ်မလုပ်ပါက 208.67.222.220 ဆိုပြီးလည်းရိုက်ထည့်၍ Wifi Internet Access ကို Try ကြည့်နိုင်ပါတယ် ။


                                                                                    **  Htar Waie Thar  **


တခုခုပြောခဲ့ချင်ပါက Comment , CBox ကနေ ပြောခဲ့နိုင်ပါတယ် ။

Windows Media Player ဖွင့်လို့မရတဲ့ ပြဿနာဖြေရှင်းနည်း















Windows 7 ပေါ်က Windows Media Player က တစ်ခါတစ်လေ ဖွင့်လို့မရတော့တဲ့ ပြဿနာတစ်မျိုးကို ကျွန်တော်ကြုံဖူးပြီး ဖြေရှင်းနိုင်လို့ ပြန်လည်ဝေမျှလိုက်ပါမယ် ။

ကျွန်တော်ကြုံဖူးတဲ့ Windows Media Player ကိုဖွင့်လိုက်လို့ ဖွင့်လို့မရတော့တဲ့ ပြဿနာက Virus ကိုက်လို့လည်းမဟုတ်ဘူးဗျ ။

။   ။ဖြစ်တဲ့ Process က ရှင်းရှင်းလေးပါပဲ Task Manager ရဲ့ Process မှာ Windows Media Player Process ကျန်ခဲ့လို့ဖြစ်ရတာ ။

Windows Medial Player နဲ့ Task Manager ဆက်သွယ်တဲ့ပုံစံ :

ကွန်ပျူတာမှာ Windows Media Player ကို ဖွင့်လိုက်ပြီး Windows Task Bar > Right Click > Start Task Manager > Processes မှာကြည့်လိုက်ရင်
အောက်ကပုံအတိုင်း မြင်ရပါမယ် ။


















wmplayer.exe ဆိုတဲ့ Processes က Windows Media Player Process မို့ Windows Media Player ကို Run လိုက်ရင် Task Manager ရဲ့ Process မှာပြသပေးပါတယ် ။

Windows Media Player ကိုပိတ်လိုက်ရင်တော့ အဲ့ဒီ Process ပျောက်သွားမှာပါ ။

ကျွန်တော်တွေ့ဖူးတဲ့ ပြဿနာက Windows Media Player ကိုပိတ်လိုက်ပေမဲ့ သူ့ Process လေးကျန်နေတာပါပဲ။အဲ့လို Process လေးကျန်နေရင် ကွန်ပျူတာက Windows Media Player ကို Run နေတယ်လို့ပဲ အသိမှတ်ပြုတော့ Windows Media Player ကိုနောက်တစ်ကြိမ် ဖွင့်လို့ကို မရတော့ဘူးဗျ ။

ဘာလုပ်ရမလဲဆိုတော့ အဲ့လိုကျန်နေတဲ့ Process ကို Right Click ပေးပြီး End Task လုပ်လိုက်ပါ ။ပြီးရင် Windows Media Player ကို ပြန်ဖွင့်ကြည့်ပါ အဆင်ပြေသွားပါလိမ်မယ် ။


Task Manager အကြောင်းကို ကျွန်တော့်ဘလော့မှာ Task Manager ဘာတွေလုပ်နိုင်သလဲ ဆိုတဲ့ခေါင်စဉ်နဲ့ ရေးသားခဲ့ပါတယ် ။

                                                                                   **  Htar Waie Thar  **


တခုခုပြောခဲ့ချင်ပါက Comment , CBox ကနေ ပြောခဲ့နိုင်ပါတယ် ။  

Saturday, December 1, 2012

Memory Stick သုံးစွဲရာတွင် ရှောင်သင့်၊ဆောင်သင့်သည့် အချက်များ



















ကျနော်တို့ Memory Stick တွေကို သုံးစွဲရာမှာ ရှောင်သင့်၊ဆောင်သင့်တဲ့ အချက်နည်းငယ် ရှိတယ်ဗျ...

ကျွမ်းကျင်တဲ့သူတွေက Memory Stick တွေကို သုံးစွဲရာမှာ ဘာမြှပဿနာ မတက်သော်လည်း ကွန်ပျူတာကို စမ်းသပ်သုံးစွဲသူတွေအတွက်ကတော့ အမှတ်တမဲ့ ဖြစ်တက်တဲ့အတွက်ကြောင့် ဒီ Post လေးကို ရေးသားလိုက်ပါတယ်...

။  ။တခါတလေ ကျနော်တို့ Stick တွေကို ကွန်ပျူတာကို ထိုးလိုက်တဲ့အချိန်မှာ မူရင်းပေါ်နေကျ Auto Play Box လေးမကျလာပဲ  " Scan and Fix Problem for your disk " ကဲ့သို့သော Box အသေးလေးတခု ပေါ်လာတက်တဲ့တယ်ဗျ...

တချို့တလေက အဲဒီ Box ကို Cancel လုပ်တက်ကြတယ်...လုံးဝကို Cancel မလုပ်သင့်တဲ့အချက်ပါ...

Sitck ကို ကွန်ပျူတာနဲ့ထိုးလိုက်လို့ " Scan and Fix Problem for your disk " ကဲ့သို့သော Box လေးပေါ်လာတဲ့ အကြောင်းက ကိုယ်ရဲ့ Memory Stick မှာ ပြဿနာ တခုခုရှိလို့ သတိပေးတာပါ...

အဲ့ဒီတော့ ကျနော်တို့က Cancel မလုပ်ပဲ  " Scan and Fix Problem for your disk " ခေါင်းစဉ်လေးကို Click နှိပ်ပြီး Scan လုပ်သင့်ပါတယ်...

အကယ်၍ Cancel လုပ်လိုက်ပြီးမှ Scan Disk လုပ်မယ်ဆိုရင်လည်း ရတဲ့နည်းလမ်း ရှိပါတယ်...

အရင်ဆုံး Scan လုပ်မယ့် USB Drive ကို Right Click ထောက့် ပေါ်လာတဲ့ Box မှာ Properties ကို Click လုပ်ပါက USB Drive ရဲ့ Properties Box ကို General Tab နဲ့ ပေါ်နေတာကို တွေ့ရမှာပါ...Scan Disk လုပ်ဖို့အတွက် "Tool"  ဆိုတာလေးကို Click ပေးလိုက်ပါက အဲဒီမှာ "Check Now"  ဆိုတာလေးက Scan Disk and Check လုပ်လို့ရမယ့် Function လေးဖြစ်တဲ့အတွက် အဲ့ဒီ Function ကလည်း USB Disk လေးကို Check လုပ်လို့ ရပါတယ်ခင်ဗျာ...

။  ။နောက်တခုက Safe Remove Hardware လုပ်တဲ့ ကိစ္စပါပဲ...

ကျနော်တို့က Stick ကို ကွန်ပျူတာမှာ ကိုယ်သုံချင်တာသုံးပြီးရင် ဒီအတိုင်းကြီး Stick ကိုကွန်ပျူတာက ဆွဲမထုတ်သင့်ပါဘူး...ကွန်ပျူတာက Stick ကိုဆွဲထုတ်ချင်ပါက Safe Remove Hardware လုပ်ရပါမယ်...

 Safe Remove Hardware လုပ်လို့ရတဲ့နည်းလမ်းတွေက

၁) USB Disk ကို Right Click လုပ်ပြီးပေါ်လာတဲ့ Box က "Eject " ဆိုတာလေးကို Clcik ပေး၍ Safe Remove Hardware လုပ်လို့ရပါတယ်...

၂) Task Bar ညာဘက်ခြမ်းက USB Disk ပုံစံလေး ကို Left Click ပေး၍လည်း Safe Remove Hardware လုပ်လို့ရပါတယ်...

၃)USB Disk Eject လုပ်ပေးတဲ့ Software တခုခုကို သုံးစွဲ၍လည်း Safe Remove Hardware လုပ်လို့ရပါတယ်...

 နောက်ပြီး Stick ထဲက Files , Folder တွေကိုကွန်ပျူတာမှာ Run နေရင် Safe Remove Hardware လုပ်လို့မရဖြစ်တက်ပါတယ်...

Run နေတဲ့ File, Folder တွေကို ပထမဆုံးပိတ်ပြီးမှ Safe Remove Hardware လုပ်သင့်ပါတယ်ခင်ဗျာ...

USB Drive ကို ကွန်ပျူတာက Scan လုပ်ခိုင်းရက်သားနဲ့ Scan မလုပ်တာတို့ Safe Remove Hardware မလုပ်တာတွေက ရေရှည်မှာ ကိုယ့်ရဲ့ Memory Stick ကို ထိခိုက်လာစေနိုင်တဲ့ အကြောင်း ကျနော်သိသလောက်ကို ရေးသားလိုက်ပါတယ်...

                                                                                    **  Htar Waie Thar  **

ကျနော့်ကို တခုခုပြောခဲ့ချင်ပါက Comment , CBox ကနေ ပြောခဲ့နိုင်ပါတယ်...

Sunday, November 18, 2012

Windows 7 တွင်သာ ဖြစ်ပေါ်တတ်သည့် Error တစ်မျိုး အွန်လိုင်းမှကူးစက်
















Myanmar Internet Journal   http://myanmarinternetjournal.com/ij/local-news/5544-windows-7-error- မှ Share လုပ်ထားတာပါ...

Windows 7 တွင်သာဖြစ်ပေါ်တတ်သည့် Error တစ်မျိုး အွန်လိုင်းမှ ကူးစက်မှုရှိနေကြောင်း Mr.Htet ကွန်ပျူတာဆားဗစ်မှ ကိုထက်လင်းစိုးကပြောသည်။ အဆိုပါကူးစက်မှုမှာ Virus ဟု ခေါ်တွင်နိုင်ခြင်း မရှိသော်လည်း ကွန်ပျူတာအတွင်းရှိ EXE File များ၏လုပ်ဆောင်မှုများကို ပိတ်ဆို့ထားမည်ဖြစ်သည်။

ထို့သို့ ပိတ်ဆို့လိုက်သည့်အတွက် မည်သည့် .exe (သို့) App run လိုက်သည့်အခါတွင် Windows Media Center သာတက်လာမည်ဖြစ်သည်။ “အွန်လိုင်းကတစ်ဆင့် ကူးစက်တယ်လို့ ယူဆလို့ရပါတယ်။ သူက ကွန်ပျူတာအတွင်း Registry Editor ကိုဝင်ရောက်ပြီး ပြင်ဆင်မှာဖြစ်ပါတယ်။ ဒီလို ပြင်ဆင်တဲ့အတွက် EXE (သို့) Application တွေကိုသုံးစွဲသူမှ ဖွင့်တဲ့အခါမှာ Windows Media Center က run မှာဖြစ်ပါတယ်။ Registry ထဲဝင်ပြီး ပြန်ပြင်မယ်ဆိုရင် Registry ကလည်း Application တစ်ခုဖြစ်တဲ့အတွက် ဖွင့်လို့မရတာမျိုး ရှိပါတယ်” ဟု ၎င်းကဆက်လက်ရှင်းပြသည်။ အဆိုပါ Error ရှင်းလင်းမည်ဆိုပါက Registry ထဲမှ ပြန်ပြင်ရမည်ဖြစ်သည်။ ထိုသို့ပြုပြင်ရာတွင် windows စတက်ရာတွင် Safe mode with Common Prompt အနေဖြင့်တက်ရန်လိုအပ်ပြီး ၊Safe mode with Common Prompt  ဖြင့် windows တက်လာသည့်အခါတွင် Common Box တွင် Regedit ရိုက်ပြီး Registry Editor ကို ခေါ်ယူရမည်ဖြစ်သည်။ ထိုသို့ခေါ်ယူပြီးနောက် HKEY_CURR ENT_ USER\Software\Microsoft\ Windows\CurrentVersion\Explorer\FileExts\.exe အထဲကို တစ်ဆင့်ချင်းအလိုက် ၀င်ရောက်ရမည်ဖြစ်သည်။ ၀င်ရောက်ပြီးပါက Windows ကရေးသားထားသည့် OpenWithList နှင့် OpenWithProgids မှလွဲ၍ အခြား File ကို ဖျက်ရမည်ဖြစ်သည်။ ထိုသို့ဖျက်ပြီးပါက Windows Media Center လုပ်ဆောင်မှု ရပ်တန့်သွားမည်ဖြစ်ကြောင်း သိရသည်။ အထက်ပါ Error ဖြစ်ပေါ်နေချိန်တွင် File, Folder များ၏ လုပ်ဆောင်ချက်များမှာ ပုံမှန်လုပ်ဆောင်နေကြောင်း သိရသည်။

Friday, November 16, 2012

Drives တွေအားDouble Click နဲ့ဖွင့်လို့မရတော့ဘူးဆိုရင်















ကျွန်တော်တို့Computerတွေမှာဗိုင်းရပ်စ်ကိုက်သွားလို့drives တွေကိုdouble clickနဲ့ဖွင့်လို့မရတော့တာမျိုးကိုကြုံဖူးကြမှာပါ။right clickလုပ်ပြီးဖွင့် ကြရတာလေ။အဲဒီအခါမှာအကောင်းဆုံးကတော့updateဖြစ်တဲ့ antivirusတစ်ခုနဲ့စစ်ပြီးဖြေရှင်းလိုက်တာကတော့ အကောင်းဆုံးပေါ့။ကျွန်တော် ဖြစ်တုန်းကတော့Kaspersky anti-virus7နဲ့စစ်ပြီးရှင်းထုတ်လိုက်တာ။ အခုပြောမယ်နည်းကတော့အလွယ်ပေါ့။ သိပြီးသားလည်းဖြစ်ချင်ဖြစ်မှာပါ။ driveတွေမှာ autorunမတက်အောင်လုပ်လိုက်တာလေ။အဲဒီနည်းနဲ့ဖြေရှင်းမယ်ဆိုလည်းအဆင်တော့ပြေပါတယ်။ကြိုက်ရာပေါ့။


   1. Start MenuမှRunကိုသွားပါ။

   2. အဲဒီRunမှာgpedit.mscဆိုတာကိုရိုက်ထည့်ပြီးEnterပေါ့။

   3. အဲဒီမှာGroup Policyဆိုတာကြီးပွင့်လာပါလိမ့်မယ်။အဲဒီGroup PolicyမှUser Configuration--> Administrative Templates --> System --> Turn Off Autoplayအထိသွားပါ။Systemကိုmouseနဲ့selectလုပ်လိုက်တာနဲ့ညာဘက်မှာTurn off Autoplayဆိုတာကိုတွေ.ရပါလိမ့် မယ်။

   4. အဲဒီTurn off AutoplayမှာEnableကိုရွေးပါ။Turn off Autoplay onမှာAll drivesကိုရွေးပါ။ပြီးရင်တော့Apply နဲ့ Okပေ့ါ။


အားလုံးအဆင်ပြေသွားပါလိမ့်မယ်။

window မတက်နိုင်ဘဲ hal.dll is missing or corrupt ဖြစ်နေလား
















မိမိ computer ကို စဖွင့်တဲ့အချိန်မှာ windows တက်မလာဘဲ " windows root\system32\hal.dll is missing or corrupt, ..." ဆြိုပီးစာတမ်းဘဲတက်တယ် ဘာမှဆက်လုပ်လို ့မရတော့ရင် မစိုးရိမ်ပါနဲ ့ပြေလည်အောင် ဖြေရှင်းလို ့့ရပါတယ်
- ပထမဦးဆုံးမိမိ computer က harddisk ကို ဖြုတ်
- အခြား computer တစ်လုံးမှာ ပေါင်းပေးပြီး windows တက်လိုက်
- ပြီးရင် full scan စစ်လိုက်(KIS 7 နဲ ့စစ်ရင် ပိုကောင်းတယ်လို ့ထင်ပါတယ်)
- မူလက my computer ထဲမှာ parititon 2 ပိုင်း( C /D ) ရှိတယ်ဆိုရင်
အခု နောက် harddisk တစ်လုံးလာပေါင်းထားတာဆိုတော့ (E / F) ဆြိုပီးထပ်တိုးလာမယ် အားလုံး Partition ၄ ပိုင်း ဖြစ်နေလိမ့်မယ်
- ဒါဆိုရင် C:/Windows/ System 32/ hal.dll ဆိုတဲ့ဖိုင်ကို copy လုပ်
- ပြီးရင် E:/ Windows/ System 32 ထဲမှာ paste လုပ်
ဒါဆိုအားလုံးပြီးသွားပြီး

ဒီ့ထပ်ပိုသေချာချင်ရင် ဒီဖိုင် ကိုဒေါင်းပြီး E:/ Windows/ System 32 ထဲမှာသွားထည့်ပါပြီးရင် အဲဒီဖိုင်ကို double click လုပ်ပြီး install လုပ်ပေးခြင်းဖြင့် ပျက်စီးနေတဲ့ .dll ဖိုင်တွေကိုပါ repair လုပ်ပေးပါလိမ့်မယ်
အားလုံးပြီးသွားရင် သူ ့harddisk နဲ ့သူ ့System Unit ကို ပြန်တြွဲပီး windows တက်လိုက်ပါ
အဆင်ပြေချောမြွေကပါစေဗျာ

Window installer error ဖြေရှင်းနည်း











window install လုပ်ပြီးချိန်မှာ missing (or) damaged ဖြစ်နေကြောင်း message ပေါ်လာတဲ့
Code:

Error 1719: The Windows Installer service could not be accessed" error message when you try to add or remove a program

ဒီလို report error message မျိုးကြုံတွေ့ နေခဲ့ရင် အောက်ပါနည်းလမ်း နဲ့ဖြေရှင်းနိုင်ပါတယ်…

၁။ Start>Search>All files and folders တွင် msoexec.exe ကိုရိုက်ပြီးတော့

Search လိုက်ပါ
၂။Search Results မှ All files and folders ကိုထပ်မံရွေးချယ် ပြီတော့ All files and folders
မှာ msiexec.exe ကိုရိုက်ထည့်ပြီးတော့ Search
အထက်ပါ အဆင့်နှစ်ဆင့်ကတော့ Windows Installer Executable ဖြစ်ရဲ့လား ?
msiexec.exe C:\Windows\System32 မှာရှိရဲ့လား စစ်ဆေးလိုက်တာပါ

၃။win+R >regedit ကိုရိုက်ပြီးတော့ Registry Editor ကိုခေါ်ယူလိုက်ပါ
back လုပ်ဖို့ မမေ့ပါနဲ့
၄။ KEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\MS Iserver ထိရောက်အောင် သွားလိုက်ပါ
၅။Imagepath ကို double-click လုပ်ပြီးတော့ value data မှာ C:\WINDOWS\system32\msiexec.exe /V ကိုရိုက်ထည့်ပြီး Ok..
၆။ ကွန်ပျူတာကို Restart ပေးပြီး safe mode ထဲကိုဝင်လိုက်ပါ
Appropriate option >Start<Run မှာ C:\Windows\Syswow64\Msiexec /regserver
ကိုရိုက်ထည့်ပြီးတော့ Ok ပေးပြီး Restart ထပ်ပေးလိုက်ပါ
ဒီအဆင့်နဲ့ အများအားဖြင့် အဆင်ပြေသွားတက်ပါတယ် တကယ်လို့များ အဆင်မပြေသေးဘူး
Properly load မဖြစ်သေးဘူးဆိုရင် အောက်ပါအတိုင်း ထပ်မံလုပ်ဆောင်ရပါမယ်
၇။win+R>cmd မှာ attrib -r -s -h c:\windows\system32\dllcache
ren msi.dll msi.bak
ren msiexec.exe msiexec.bak
ren msihnd.dll msihnd.bak

Command တစ်ခုချင်းစီကို Enter တစ်ချက်စီ ဆင်းပြီး exit
ရိုက်ပြီး ထွက်လိုက်ပြီးရင် အိုကေသွားပါပြီ
=====================
- Window installer error ဖြေရှင်းနည်း
Quote:
"Error 1719. The Windows Installer Service Could Not Be Accessed" Error Message When You Add or Remove Program."

ဒီလို error မျိုးနဲ့ ကြုံတွေ့ခဲ့ရင်တော့ အောက်ပါအတိုင်း ဖြေရှင်းနိုင်ပါတယ်

1.Start>Run>cmd>command prompt ကိုဖွင့်လိုက်ပါ

2.cd %windir%\system32attrib -r -s -h dllcache ရိုက်ပြီး Enter

3.ren msi.dll msi.bak ရိုက်ပြီး Enter

4. ren msiexec.exe msiexec.bak ရိုက်ပြီး Enter

5.ren msihnd.dll msihnd.bak ရိုက်ပြီး Enter

6.exitရိုက်ပြီး Enter

7.ကွန်ပျူတာကို restart ချလိုက်ပါ

ဒါဆိုရင်တော့ ၀င်းဒိုးအင်စတော ကောင်းမွန်ချောမွေ့စွာ ပြန်လည်လုပ်ဆောင်နိုင်ပါပြီ
ရှုံးနိမ့်ခြင်းဆိုတာ ပိုမိုကြွယ်ဝလာတဲ့ ညဏ်ရည်နဲ့
နောက်တစ်ကြိမ် ကြိုးစားဖို့အတွက် တစ်ခုတည်းသော
အခွင့်အရေးသာဖြစ်တယ်
================
 Window installer error ဖြေရှင်းနည်း
Quote:
Invalid Boot.ini
Windows could not start because the following file is missing or corrupt:

Windows\System32\Hal.dll
လာပြန်ပါပြီ နောက်တစ်မျိုး ဒီအယ်ရာမျိုးကိုတော့ Boot.ini file ဖိုင်

ကျန်ခဲ့တာ၊ပျက်ဆီးသွားတာ၊မမှန်ကန်တဲ့ entries များပါ၀င်နေတဲ့ အချိန်မျိုးမှာ

ဖြစ်ပေါ်တက်ပါတယ်..ဒီလို အယ်ရာမျိုးကြုံတွေ့လာခဲ့ရင် အောက်ပါအတိုင်း

ဖြေရှင်းနိုင်ပါတယ်..

၁။ CD-ROM ထဲသို့ Windows ခွေထည့်ပြီး restart ချလိုက်ပါ

၂။"Press any key to boot from CD" ဆိုတဲ့ message တွေ့ရရင် a key ကိုနှိပ်ပါ

၃။"Welcome to Setup" ဆိုတဲ့ message တွေ့ရရင်တော့ R ကိုနှိပ်ပြီး Recovery Console ကိုခေါ်ယူလိုက်ပါမယ်

၄။administrator password ထည့်ပြီး login ၀င်လိုက်ပါ

၅။Start<Run<cmd<bootcfg /list ရိုက်ထည့်ပြီး ENTER ခေါက်ပါ
လက်ရှိ Boot.ini file ရဲ့ entries ပေါ်လာတာကို တွေ့ရမှာပါ

၆။bootcfg /rebuild ရိုက်ထည့်ပြီး ENTER ခေါက်ပါ

(၁) Total Identified Windows Installs: 1

[1] C:\Windows
Add installation to boot list? ဒီလို မက်ဆေ့ တွေ့ရရင် Y

(၂)Enter Load Identifier တွေ့ရရင် သင့်ရဲ့ os name ရိုက်ထည့်ပြီး ENTER
(ဥပမာ- Microsoft Windows XP Home Edition)

(၃)Microsoft Windows XP Home Edition ဒီလို မက်ဆေ့ တွေ့ခဲ့ရင်တော့
/fastdetect ရိုက်ပြီးတော့ ENTER

၇။ exit ပေးပြီး restart ချလိုက်ရင် အောင်မြင်ချောမွေ့စွာ ပြီးဆုံးသွားပါပြီ


window font folder is missing!




















ဖောင့်အသစ် တစ်ခု install လုပ်တဲ့ အချိန်မှာ

window font folder is missing
ဆိုပြီး folder တစ်ခု လုံးပျောက်သွားတဲ့ error မျိုး
ကြုံတွေ့ခဲ့ရင် အောက်ပါအတိုင်း ဖြေရှင်းနိုင်ပါတယ်
1.ကွန်ပျူတာကို Restart ပေးပြီး MS-DOS mode ထဲဝင်လိုက်ပါ
2.cd windows လို့ ရိုက်ထည့် Enter ခေါက်ပြီး window ကိုပြန်သွားပါ
3.attrib fonts +s လို့ command ရိုက်ပြီး ကွန်ပျူတာကို Restart ချလိုက်ပါ
Window ပြန်တက်လာတဲ့ အချိန်မှာ font folder
ရောက်ရှိနေသလား စစ်ဆေးလိုက်ပါ  မတွေ့သေးဘူးဆိုရင်
အောက်ပါအတိုင်း လုပ်ဆောင်ရပါဦးမယ်
1.    Restart ချပြီး MS-DOS mode ထဲသို့ ၀င်လိုက်ပါ
2.    cd window\system  ရိုက်ထည့်ပြီး  window system folder ကိုသွားလိုက်ပါ
3.    file တကယ်လို့ ရှိနေသေးတယ်ဆိုရင် မြင်တွေ့ရအောင် dir fontext.dll
လို့ type လိုက်ပါ
4.fontext.dll  ရှိနေတယ်ဆိုရင် ren fontext.dll fontext.old လို့ type ပြီး
Rename ပေးပြီး Restart ချလိုက်ပါ..

အထက်ပါ အဆင့်ထိ အဆင်မပြေသေးဘူးဆိုရင်

ဒီလို လုပ်ဆောင်နိုင်ပါသေးတယ်

1.Restart ချပြီး MS-DOS mode ထဲသို့ ၀င်လိုက်ပါ
2.cd window\fonts  ရိုက်ထည့်ပြီး  window Fonts  folder ကိုသွားလိုက်ပါ
3. dir desktop.ini ရိုက်ပြီး  desktop.ini ရှိမရှိ ကြည့်လိုက်ပါ
4. desktop.ini ရှိနေသေးတယ် ဆိုရင် ren desktop.ini desktop.old
ရိုက်ပြီး desktop.old လို့ rename ပေးလိုက်ပါ ဒါဆိုရင် မူရင်း
Windows disk (or) CD-Rom မှ desktop.ini အသစ်ရရှိလာမှာဖြစ်ပါတယ်
ပြီးရင်တော့ ထုံးစံအတိုင်း restart ချလိုက်ပါ  ဒါဆိုရင်တော့
အားလုံးအ    ဆင်ပြေချောမွေ့ပြီလို့ ယူဆမိပါကြောင်းဗျာ

Tuesday, November 13, 2012

Windows 7 Genuine Problem ဖြေရှင်းနည်း

















WINDOWS 7 တွင် This copy is not Genuine build xxxx ဆိုသော စာသားပေါ်လာပြီးနောက် Desktop ဟာ ဘာမှပြောင်လို့မရဖြစ်နေသော သူများအတွက်....

windows loader.exe ကို RUN ပါ...

ထို windows loader မှ uninstall ကိုနိှပ်ပါ...

restart ကျသွားပါလိမ်မည်...

windows ပြန်တက်လာသော အခါ

Windows loader.exe ကို ပြန် run ပါ install ကို နှိပ်ပါ...

OK သွားပါလိမ့်မယ်...

Windows Loader မရှိသူများ ဒေါင်းနိုင်ပါတယ် ။

Download


**  Htar Waie Thar  **


အပေါ်တွင် ပြောသော နည်းဖြင့် အဆင်မပြေပါက Genuine ပြဿနာဖြေရှင်းနည်း အပြည့်အစုံကို ဒီနေရ ဒီနေရာ မှာ ဖတ်နိုင်ပါတယ် ။