Sunday, January 20, 2013

Labtop Battery ကို သက်တမ်းမကုန်စေချင်လျှင်
















Labtop အသုံးပြုသူတွေ အများဆုံးကြုံတွေရမည့် ပြဿနာတစ်ခုပါပဲ ။

Labtop တွေဟာ ဝယ်ခါစမှာ Battery သက်တမ်း သုံး၊လေး နာရီ အသုံးပြုလို့ ရသော်လည်း လေး၊ငါး၊ခြောက်လ တစ်နှစ်ခန့်ကြာသော အခါ တစ်နာရီလောက်သာ Battery ကို အသုံးပြုလို့ရတာရှိသလို လုံးဝ Battery ကိုအသုံးပြုလို့မရတော့လောက်အောင် ဖြစ်တက်ပါတယ် ။

Labtop Battery ပျက်သွားရခြင်းမှာ Labtop Battery အားသွင်းတဲ့ အခါ နည်းလမ်းမမှန်သောကြောင့် ဖြစ်တက်သော ပြဿနာတစ်ခုသာလျှင်ဖြစ်ပါသည် ။

တစ်ချို့သော Labtop အသုံးပြုသူများက Battery Charger ကိုအမြဲချိတ်၍သော် လည်းကောင်း တစ်ချို့က ခဏသာ အသုံးပြုပြီး ပြီးတာနှင့် အားပြန်သွင်းသော လူများရှိပါသည် ။လုံးဝမလုပ်သင့်ပါ ။

မှန်ကန်သော Labtop Battery အားသွင်းနည်း အသုံးပြုနည်းမှာ

**  Labtop Battery ကို အားကုန်သည့်အထိ Low Battery Alarm ပေါ်သည့်အထိအသုံးပြုပါ ။

**  Low Battery Alarm ပေါ်လာပါက Battery ကိုအားပြည့်သည့််တိုင်အောင် အားသွင်းပါ ။

**  အားသွင်းနေစဉ်အတော်အတွင်း Labtop ကို အသုံးပြုနိုင်ပါသည် ။

**  Battery အားပြည့်သွားပါက Charger ကို ဖြုတ်ပြီး Battery အားဖြင့်သာ Labtop ကို အားကုန်သည့်အထိ အသုံးပြုပါ ။

**  အားကုန်သွားမှသာလျှင် Charger ပြန်တပ် အားသွင်း ၊ အားပြည့်သွားပါက Charger ကိုပြန်ဖြုတ်် Battery အားဖြင့်ပြန်သုံးပါ ။

မှန်ကန်သော နည်းလမ်းဖြင့်သာ Labtop Battery ကို အသုံးပြုပါက နှစ်အတော်ကြာသည့်အထိ Battery မပျက်သွားတာကို တွေ့မြင်နိုင်ပါတယ် ။

                                                                       **  Htar Waie Thar  **

တခုခုပြောခဲ့ချင်ပါက Comment , CBox ကနေ ပြောခဲ့နိုင်ပါတယ် ။

0 comments:

Post a Comment