Monday, January 28, 2013

Password ဖြည့်စွက်မှုများအတွက်


















ကွန်ပျူတာ သုံးစွဲမှုများတွင် Password ဖြည့်စွက်သော နေရာများတွင် ကိုယ်က အမှန်ရိုက်ထည့်သော်လည်း မှားသည်ဟု Error Message များပြတက်ပါသည် ။

ဖြစ်တက်သော ပုံစံများကို ကျွန်တော်သိသလောက် ရေးသားလိုက်ပါမယ် ။

**  Caps Lock ဖွင့်ပြီး Password ရိုက်ထည့်သော အခါတွင်လည်း ကိုယ်ရိုက်သော Password သည်စာလုံးအကြီးကို သာ ရိုက်သည်ဟု ကွန်ပျူတာက သတ်မှတ်သည့်အတွက် Error Message ပေါ်လာတက်ပါသည် ။

ထိုအခါမျိုးတွင် Caps Lock Key ကို တချက်နှိပ်ပေးပြီး Password ကိုပြန်ရိုက်ထည့်ရုံနှင့် အဆင်ပြေသွားပါမည် ။

** Labtop များတွင် NumLock ကိုဖွင့်ပြီး Password ရိုက်ပါက Error Message ပေါ်တက်ပါသည် ။

Labtop Keyboard အတော်များများသည် Number Keys များနှင့် Letter Keys များကို ရောထည့်ထားတာမျိုးရှိပါသည် ။

ဥပမာ I Key သည် 5 ဖြစ်တာမျိုးပါ ။ NumLock ဖွင့်ထားပါက I ကိုနှိပ်သော်လည်း 5 ကိုသာ ဖော်ပြပေးမှာ ဖြစ်သည်အတွက် တခါတရံ မေ့နေသော နေအထားမျိုးပင် ဖြစ်သည် ။

**  Zawgyi လက်ကွက် သို့ မြန်မာယူနီကိုဒ် လက်ကွက်ကို ယူသုံးပြီး Password ရိုက်သောအခါတွင် လည်း Password များကို မှားသည်ဆိုသော Error Message ပေါ်လာတက်ပါသည် ။

ကျွန်တော်တို့ Password ပေးသော အခြေနေတွင် Password ကို English Language ဖြင့်သာ ပေးတက်ပါသည် ။

သို့သော်လည်း ပြန်ဖွင့်ရသည့်အခြေနေတွင် မြန်မာလက်ကွက် ပြောင်းလဲအသုံးပြုသော အနေအထားနှင့် ကြုံတွေ့သော အခြေနေတွင် ဖြစ်တက်သော မှားယွင််းမှုတခုသာ ဖြစ်ပါသည် ။

                                                                                         **  Htar Waie Thar  **

0 comments:

Post a Comment