Thursday, December 13, 2012

Windows 7 ပေါ်က Wifi ပြဿနာကို ဖြေရှင်းနည်း


















ကျွန်တော်က Internet ကို Wifi နဲ့သုံးတဲ့အတွက် ကျွန်တော်ဆီမှာ Wifi ပြဿနာဖြစ်တဲ့အခါ ဖြေရှင်းတဲ့ နည်းလေး Share လိုက်ပါမယ် ။

Wifi ချိတ်ဆက်မိပေမယ့် Internet Access မရရင်အောက်ပါနည်းများအတိုင်း ကြိုးစားကြည့်လို့ရပါတယ် ။

၁) Task Bar က Wifi ပုံစံလေးကို Right Click > Troubleshoot Problem ဆိုတာကနေ ကြိုးစားကြည့်လို့ရပါတယ် ။

မရပါက

၂) Task Bar က Wifi ပုံစံလေးကို Left Click > Open Network and Sharing Center ဆိုတာကို Click ပေးပါ ။

Open Network and Sharing Center   စာမျက်နှာပေါ်လာပါက Change Adapter Settings ဆိုတာကို ရှာဖွေ၍ Click လုပ်ပါ ။

ကွန်ပျူတာတွင်ရှိသော Network Connection များရှိရာနေရာသို့ ရောက်လာပါမည် ။ မိမိ Wifi မိသော Wifi Network Connection ကို Right Click > Properties ဆိုတာကို Click ပါ ။

ပေါ်လာသော Network Properties Box က Internet Protocol Version 4 (TCP/IPv4) ဆိုတာကို Highlight > Properties လုပ်ပါက Internet Protocol Version 4 (TCP/IPv4) Properties Box ပေါ်လာပါမည် ။

ထို Box မှာ Use the follow DNS Sever Addresses: ဆိုသောစာကိုရှာပါ တွေ့ပါက Check လုပ််ပါ ။
Preferred DNS Sever : ဆိုသောအကွက်မှာ 208.67.222.222 ဆိုတာရိုက်ထည့်၍ OK လုပ်ပါ ။

ထို Address အလုပ်မလုပ်ပါက 208.67.222.220 ဆိုပြီးလည်းရိုက်ထည့်၍ Wifi Internet Access ကို Try ကြည့်နိုင်ပါတယ် ။


                                                                                    **  Htar Waie Thar  **


တခုခုပြောခဲ့ချင်ပါက Comment , CBox ကနေ ပြောခဲ့နိုင်ပါတယ် ။

0 comments:

Post a Comment