Thursday, December 13, 2012

Windows Media Player ဖွင့်လို့မရတဲ့ ပြဿနာဖြေရှင်းနည်း















Windows 7 ပေါ်က Windows Media Player က တစ်ခါတစ်လေ ဖွင့်လို့မရတော့တဲ့ ပြဿနာတစ်မျိုးကို ကျွန်တော်ကြုံဖူးပြီး ဖြေရှင်းနိုင်လို့ ပြန်လည်ဝေမျှလိုက်ပါမယ် ။

ကျွန်တော်ကြုံဖူးတဲ့ Windows Media Player ကိုဖွင့်လိုက်လို့ ဖွင့်လို့မရတော့တဲ့ ပြဿနာက Virus ကိုက်လို့လည်းမဟုတ်ဘူးဗျ ။

။   ။ဖြစ်တဲ့ Process က ရှင်းရှင်းလေးပါပဲ Task Manager ရဲ့ Process မှာ Windows Media Player Process ကျန်ခဲ့လို့ဖြစ်ရတာ ။

Windows Medial Player နဲ့ Task Manager ဆက်သွယ်တဲ့ပုံစံ :

ကွန်ပျူတာမှာ Windows Media Player ကို ဖွင့်လိုက်ပြီး Windows Task Bar > Right Click > Start Task Manager > Processes မှာကြည့်လိုက်ရင်
အောက်ကပုံအတိုင်း မြင်ရပါမယ် ။


















wmplayer.exe ဆိုတဲ့ Processes က Windows Media Player Process မို့ Windows Media Player ကို Run လိုက်ရင် Task Manager ရဲ့ Process မှာပြသပေးပါတယ် ။

Windows Media Player ကိုပိတ်လိုက်ရင်တော့ အဲ့ဒီ Process ပျောက်သွားမှာပါ ။

ကျွန်တော်တွေ့ဖူးတဲ့ ပြဿနာက Windows Media Player ကိုပိတ်လိုက်ပေမဲ့ သူ့ Process လေးကျန်နေတာပါပဲ။အဲ့လို Process လေးကျန်နေရင် ကွန်ပျူတာက Windows Media Player ကို Run နေတယ်လို့ပဲ အသိမှတ်ပြုတော့ Windows Media Player ကိုနောက်တစ်ကြိမ် ဖွင့်လို့ကို မရတော့ဘူးဗျ ။

ဘာလုပ်ရမလဲဆိုတော့ အဲ့လိုကျန်နေတဲ့ Process ကို Right Click ပေးပြီး End Task လုပ်လိုက်ပါ ။ပြီးရင် Windows Media Player ကို ပြန်ဖွင့်ကြည့်ပါ အဆင်ပြေသွားပါလိမ်မယ် ။


Task Manager အကြောင်းကို ကျွန်တော့်ဘလော့မှာ Task Manager ဘာတွေလုပ်နိုင်သလဲ ဆိုတဲ့ခေါင်စဉ်နဲ့ ရေးသားခဲ့ပါတယ် ။

                                                                                   **  Htar Waie Thar  **


တခုခုပြောခဲ့ချင်ပါက Comment , CBox ကနေ ပြောခဲ့နိုင်ပါတယ် ။  

0 comments:

Post a Comment