Monday, February 4, 2013

Format Factory and Conveter Software တွေမှာ Files များ Format ပြောင်းလို့မရသော ပြဿနာ

















င်္Format Factory Software က File Format တွေပြောင်းလဲပေးသော Software တွေထဲမှာ နာမည်ကြီးပါတယ် ။

ကျွန်တော်ကလည်း Format Factroy ကို အသုံးပြုသလို ကျွန်တော်နှင့် ခင်မင်သော သူများကို Format factory Software ကို တင်ပေးတက်ပါတယ် ။

ကျွန်တော် Format Factory Software တင်ပေးထားသော User တယောက်က သူ့ဆီမှာ ရှိသော DAT ( VCD ) File Format တွေကို AVI ပြောင်းတာပြောင်းလို့မရလို့တဲ့ ကျွန်တော်လည်း မယုံတာနဲ့ သွားကြည့်တာ တကယ်ဗျ ။

Files တွေကို ပြောင်းလိုက်တဲ့အခါ Fail ဖြစ်သွားပါတယ် ။

သေသေချာချာ စစ်တော့ Files Name တွေက မြန်မာလိုတွေဗျ ။

အဲဒါနဲ့ ကျွန်တော် Files Name တွေကို English Name တွေကို ပြောင်းတော့လည်း မရဘူးဗျ ။

Files Location က မြန်မာလို တဆင့်ပါနေလို့များလား စဉ်းစားလိုက်ပြီး Files တွေကို Desktop ပေါ်ကူးတင်ကာ ပြောင်းတော့မှ အဆင်ပြေသွားပါတယ် ။

သေသေချာချာ စဉ်းစားလိုက်တော့ ကျွန်တော်တို့ အသုံးပြုနေသော Format Conventer Software အတော်များများက Unicode ကို Support မလုပ်ပါဘူး ။

ဒါကြောင့် Files Name များကို Unicode Keyboard တခုခုကို အသုံးပြုကာ ပြောင်းထားပါက ကွန်ပျူတာမှာ မြင်နိုင်သော်လည်း Format Conveter များက အလုပ်မလုပ်ပါဘူး ။

Folder Name များ , Location တခုခုတွင် Unicode Folder တခုခုပါပါကလည်း ဖိုင်လ်များကို ပြောင်းလဲလို့မရတာကို သတိပြုကြပါ ။

Files များကို ပြောင်းပြီးမှသာ ကိုယ်ကြိုက်သလို Unicode Files Name တွေပြောင်းလဲကြပေါ့ဗျာ ။

                    **  Htar Waie Thar  **

0 comments:

Post a Comment