Thursday, December 20, 2012

Windows မှာပါတဲ့ Notepad တွင် မြန်မာစာများ ??? ဖြစ်သည့်ပြဿနာ















ဒီပြဿနာကို ကျွန်တော်ကိုယ်တိုင် ကြုံဖူးပါတယ် ။

အင်တာနက်က စာသားအချို့ကြိုက်လို့ Notepad ပေါ် Paste လုပ်ကြည့်တုန်းကတော့ မြန်မာစာတွေပဲ ။

နောက်တခါ ပြန်ဖွင့်မှ ကျွန်တော်ကူးထားတဲ့ စာတွေမရှိပဲ ???? တွေပဲ တွေ့ရတာ ။

ဘာဖြစ်လို့လဲ စုံစမ်းကြည့်တော့ File ကို Save လုပ်တဲ့နေရာမှာ လွဲချော်မှုလေးတွေ ရှိနေလိုဆိုတာသိရတယ် ။

။  ။ Notepad နှင့်စာရေးရန် Desktop လွတ်တဲ့နေရာမှာ Right Click > New > Text Decoument  ပေါ့ ။

Zawgyi Font နဲ့သုံးမှာမို့ Notepad ပေါ်မှာ Format ဆိုတာကို ရှာပါမယ် တွေ့ပါက Click လုပ်ပါမယ် ။

Format ကို Click လုပ်ရင် အဲ့ဒီမှာ Font ဆိုတာလေးရှိတယ် အဲ့ဒါကို Click လုပ်ရမှာပါ ။

Font ဆိုတာကို Click လုပ်လိုက်တာနဲ့ ပေါ်လာတဲ့ Box မှာ မြန်မာစာပေါ်အောင် Zawgyi-One ကို ရွေးပြီး OK လုပ်ပါက

မြန်မာစာများ Notepad ပေါ်မှာ ရေးနိုင် ကူးနိုင်ပါပြီ ။


။   ။မြန်မာစာမှာ Notepad ပေါ်မှာ ရေး၊ကူး ပြီးရင် Save လုပ်မယ်ဆိုရင် File > Save (OR ) Ctrl + S လုပ်ပါမယ် ။

Save လုပ်ရင်ပေါ်လာတာက File ကို ဘယ်မှာသိမ်းမယ်ဆိုသော File Location ဆိုတဲ့ BOX ပေါ်မလာပဲ

" ....................................................................................
This file cantains characters in Unicode format which will be lost if you save this file as an ANSI encoded text file .

To keep the Unicode infiormaion , click Cancel below and then select one of the Unicode option from the Encoding

drop down list . Continuous? "

OK   ,   Cancel


ဆိုသော Box တစ်ခုပေါ်လာပါတယ် ။

OK ဆိုပြီးနှိပ်လိုက်လို့ကတော့ ကျွန်တော့်ကဲ့သို့ ???? တွေပဲ့မြင်ရတဲ့ ပြဿနာဖြစ်လာပါမယ် ။

Cancel ဆိုတာကို Click လုပ်ရမှာပါ ။

Cancel ကို Click လုပ်ပါက Notepad File ကို သိမ်းမယ့် Location , File Name တွေမေးတဲ့ နေရာရောက်တဲ့ အခါ

Location , File Name တွေကတော့ကိုယ်ဘာသာ ကြိုက်ရာ ရွေးလို့ရပါတယ် ။

အဓိက လုပ်ရမှာက File location မေးသောနေရာရဲ့ အောက်ဆုံးမှာ Encoding : ANSI ဆိုတဲ့အရာလေးပါပဲ ။

ANSI  ကို Click လုပ်ပါက ရွေးစရာ လေးခုဖြစ်လာပါမယ် ။

ANSI , Unicode , Unicode big endian , UTF-8 တို့ လေးခုပါ ။

Unicode , Unicode big endian , UTF-8 တို့သုံးခုထဲမှ ကြိုက်ရာရွေး၍ Save လုပ်ပါမှ နောက်တခါ ထို့ Notepad File ကို ပြန်ဖွင့်လျှင်

မြန်မာစာမြင်ရပြီး ANSI နှင့် Save ပါက ??? များကိုသာတွေ့ရမှာ ဖြစ်ပါတယ် ။

ကျွန်တော်က Unicode ဆိုတာနှင့် Save လုပ်ပါတယ် ။

                                                                    **    Htar Waie Thar  **


တခုခုပြောခဲ့ချင်ပါက Comment , CBox ကနေ ပြောခဲ့နိုင်ပါတယ် ။

0 comments:

Post a Comment