Showing posts with label Android Root ၊ Myanmar Fonts ၊ Tools. Show all posts
Showing posts with label Android Root ၊ Myanmar Fonts ၊ Tools. Show all posts

Thursday, May 29, 2014

Y325 T00 ကို Official Firmware ပြန်တင်မယ်၊ Root ၊ မြန်မာစာထည့်မယ်
























ကျွန်တော့်ဆီကို Huawei Y325 T00 လေး တစ်နေ့က ရောက်လာပါတယ်။ ဖုန်းက Root လုပ်ပြီးသားဆိုတော့ ကလေးက ဆော့လိုက်ပြီး ဘာဖိုင်တွေ ဖျက်လိုက်တယ် မသိ ကျွန်တော့်ဆီရောက်တော့ ဖုန်းက Logo မှာ လည်ပတ်နေတော့တာပဲ။

ထုံးစံအတိုင်း Official တင်ရတော့မှာပေါ့။

တကယ်ဆို တစ်ရက်တည်းနဲ့ ပြတ်ရမှာကို နှစ်ရက် ကြာသွားတယ်။

ဖိုင်က ၁၆၀ လောက်ပဲ ရှိပေမဲ့ ကျွန်တော် လေးခါတိတိကို ဒေါင်းရတယ်။

လေးခါမြောက်မှပဲ ဖိုင်အကောင်းကို ရသွားတယ်။

ကဲ့ လိုအပ်သော Official File ကို အောက်မှာ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။

ကျွန်တော် တင်ပေးထားတာ မဟုတ်ပါဘူး။

http://www.thitsankhant.com  က မလာတာပါ။


Download Y325 T00 Official Firmware   


တကယ်လို့ ဖိုင်လင့်သေသွားရင် ကျွန်တော်ပြန်တင်ပေးပါမယ်။

ဖိုင်ကို ဒေါင်းလို့ရလာရင်တော့ File Extension မရှိတဲ့ ဖိုင်တစ်ခု ရလာမှာပါ။ File Extension ဖျောက်ထားတာမျိုးပါ။

Start > Control Panel > Folder Options > View Tag မှာ Hide extensions for known file types ကို အမှန်ခြစ်ဖြုတ်ပြီး Apply , OK လုပ်လိုက်ပါ။

အဲ့လိုလုပ်လိုက်ရင် မိမိတို့နှစ်သက်သော ဖိုင်ကို File Extension Edit ပြုလုပ်ပေးနိုင်မှာပါ။

အဲ့လိုမျိုးပြုလုပ်ပြီးရင် ဒေါင်းလို့ရလာသော ဖိုင်လေးကို Right Click > Rename > ဖိုင်နာမည်အနောက်မှာ .zip ကိုပေါင်းရေးပေးလိုက်ပါ။

အဲ့ခါကျရင် ကျွန်တော်တို့ ဒေါင်းလို့ရလာသော ဖိုင်လေးသည် Zip File လေးပြောင်းသွားမှာ ဖြစ်ပြီး အဲ့ဖိုင်ကို Win RAR လိုမျိုး ဆော့ဝဲလ်တစ်ခုခု အသုံးပြုပြီး ပြန်ဖြေလိုက်ပါက dload ဆိုသော အမည်ဖြင့် ဖိုဒါလ်တစ်ခု နောက် တရုတ်လိုတွေရေးထားသော pdf file တစ်ခုရရှိပါတယ်။


ကဲ့စပါပြီ။

>> 2 GB အနည်းဆုံးရှိသော SD Card တစ်ခုကို Format ( FAT32 ) ဖြင့် Format ရိုက်လိုက်ပါ။

>> ဒေါင်းလို့ရလာသော ဖိုင်ထဲမှ dload folder ကို SD Card ထဲသို့ ကူးယူပါ။

>> ဖုန်းမှာ SD Card ထည့်လိုက်ပါ။

>> ပြီးရင် ဖုန်းကို ဘက်ထရီဖြုတ်၊ ပြန်တပ်လိုက်ပါ။

>> Official ကို Recovery Mode က တင်ရမှာပါ။ ဒါပေမဲ့ Y325 T00 Recovery Mode ဝင်နည်းလေးက တစ်မျိုးဖြစ်နေပါတယ်။

>> Power ကို သုံးစက္ကန့်လောက်နှိပ်၊ ပြီးရင် ပြန်လွတ်ပြီး Vol + , Vol -  ကို ပြိုင်နှိပ်ပါမှ Recovery Mode ကို ရောက်ပါတယ်။ အဲ့နည်းက လက်ဆ မမှန်ဘူးထင်ရင် အစကတည်းက Power , Vol + , Vol - သုံးခုလုံး ပြိုင်နှိပ်လည်း Recovery Mode ကို ရောက်ပါတယ်။

>> Recovery Mode က ဒုတိယ စာကြောင်း Install Update from SD Card ကို Vol - သုံးပြုပြီးရွေ့၊ ပါဝါကို တစ်ချက်နှိပ်ပါက Official ကို သူ့ဘာသာ တင်သွားပါတယ်။ ခဏပဲ ကြာတာပါ။ တစ်မိနှစ်လောက်ပဲ ကြာမယ်ထင်တယ်ဗျ။ ဖုန်းက သူ့ဘာသာ အော်တို Restart ကျသွားပြီး ပြန်တက်လာရင်တော့ ကောင်းမွန်သော တရုတ်စာများဖြင့် ဖုန်းကို မြင်နိုင်မှာပါ။



ဖုန်းက အဆင်ပြေသွားပြီဆိုတော့ မြန်မာစာမြင်နိုင်အောင် Root လုပ်ဖို့လိုအပ်ပါတယ်။

ဒီတစ်ခါမှာတော့ ကျွန်တော် MMAS Root & Font Installer ( version 2.0 ) for Android  လေးကို စမ်းသပ်လိုက်ပါတယ်။

အောက်မှာ ဒေါင်းလုပ်ရယူနိုင်ပါတယ်။


Download MMAS Root & Font Installer ( version 2.0 )     



Root ရတာ အတော်ကို လွယ်ပါတယ်။ Framaroot နဲ့ပဲ Root လုပ်လိုက်တာပါ။

ကီးဘုတ်ကတော့ ပုဂံကီးဘုတ်ကို ထည့်သွင်းထားပါတယ်။

မြန်မာစာတော့ သိပ်အဆင်မပြေဘူးဗျ။

မြန်မာစာအတွက်ကတော့  http://www.htarwaiethar.blogspot.com/2014/01/huwwei-y-320-y-325.html   က နည်းလမ်းကိုသာ သုံးလိုက်ပါနော့်။




အားလုံးအဆင်ပြေနိုင်ပါစေဗျာ။။။။။။။။။။။။။။။။။။။။။


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )       www.htarwaiethar.blogspot.com

Sunday, May 25, 2014

Android 4.x.x အထက် မြန်မာစာမှန်စေတဲ့ Fepfz Apk Update ထွက်ရှိလို့လာပါပြီ






















 Fepfz Apk @ Update V2.0 ထွက်ရှိ ။ Android 4.x.x အထက် မြန်မာစာမှန်စေတဲ့ Fepfz Apk Update ထွက်ရှိလို့လာပါပြီ ။

""" အရင်ဗားရှင်းမှာ မရသောဖုန်းများအတွက် Updade ထွက်လာတိုင်း ထိုဖုန်းများအတွက် ထပ်ပ့ပိုးပေးသွားတာဖြစ်ပါတယ် """

မြန်မာစာရှိပြီး စာတွေမမှန်ဘူးဆိုပါက ထို Apk လေးကို အင်စတောလုပ်ပေးလိုက်ပါ 100% မြန်မာစာမှန်သွားတာကို သင်တွေ့ရပါမယ် ။

ထို Fepfz . apk ဆိုတဲ့ဆော့ဝဲကို လိုချင်သူများ ဒီလင့်မှာသွားရောက်ဒေါင်းယူပါ ဆိုဒ်က 276 KB နည်းနည်းလေးပဲရှိပါတယ်

Version 2.0 အဖြစ် Update လုပ်ပေးလိုက်ပါတယ်။ အခု update မှာ code segment တွေအပေါ်
 မမှီခိုတော့ဘဲ ELF file structure အတိုင်းလိုက်ပြီး ပြုပြင်ပေးသွားမှာဖြစ်ပါတယ်။ ဖုန်းအားလုံးနီးပါးနဲ့
အဆင်ပြေလိမ့်မယ်လို့ မျော်လင့်ပါတယ်။

Myanmar Unicode system ကို တစ်စိတ်တစ်ပိုင်း ပြုပြင်တာတင်မဟုတ်ဘဲ စနစ်တစ်ခုလုံးကို
အလုပ်မလုပ်နိုင်အောင်လုပ်လိုက်မှာဖြစ်ပါတယ်။

ဖုန်းဘောင်နောက်မှာ စာတွေကွယ်နေတဲ့ပြဿနာကိုလည်း ဖြေရှင်းနိုင်ပါပြီ။
အဲဒီပြဿနာပေါ်နေတဲ့ဖုန်းတွေလည်း update နဲ့ patch ပြန်လုပ်လို့ရပါတယ်။
အဲဒီပြဿနာမရှိတဲ့ဖုန်းတွေ
(Sony) တွေကတော့ လုပ်စရာမလိုပါဘူး။ လုပ်လိုက်ရင် တစ်ချို့နေရာတွေ ပြန်မှားသွားပါတယ်။
အပေါ်ဆုံးမှာရေးထားသလိုပဲ MORE POWERFUL and MORE RISKY ပါ။ အားလုံးမှန်ပြီးသားဖုန်းတွေ၊
လက်ရှိလောက်မှန်ရုံနဲ့တင် ကျေနပ်တယ်ဆိုတဲ့ဖုန်းတွေ ထပ်မစမ်းပါနဲ့တော့။

ကွန်တော်ပြောခဲ့သလို၊ နောက်ပြီး တစ်ချို့ comment တွေမှာ ရေးထားကြသလိုပါပဲ။
ကွန်တော့်ရဲ့နည်းလမ်းဟာ ရေတိုနည်းလမ်းပဲဖြစ်ပါတယ်။ ဆေးမြီးတိုပဲဖြစ်ပါတယ်။ ကွန်တော်တို့အားလုံး
ရည်မှန်းချက်ထားရမှာက တစ်ကမ္ဘာလုံးစံပြုထားတဲ့ Unicode System အဖြစ်
ပီပီပြင်ပြင်ပေါ်ထွက်လာဖို့ဖြစ်ပါတယ်။

- ရရစ်ဆိုတာ တစ်ခုတည်း ရှိတော့မယ့်အချိန်

- အောက်ကမြစ် တစ်ခုတည်း ရှိတော့မယ့်အချိန်

- အီလက်ထရောနစ်မျက်နှာစာတိုင်းမှာ မြန်မာစာလွယ်လွယ်ကူကူမှန်မှန်ကန်ကန်ပေါ်မယ့်အချိန်

- Click တစ်ချက်နှိပ်လိုက်ရုံနဲ့ အက္ခရာစဉ်ကို ၁၀၀ ရာခိုင်နှုန်း မှန်အောင် စဉ်ပေးနိုင်မဲ့အချိန်

- ဝလုံး 'ဝ' နဲ့ သုည '၀' မှားရိုက်မိတာနဲ့ ကွန်ပျူတာက မင်နီတားပေးမယ့်အချိန်

အဲလိုအချိန်မျိုးတွေကို ကွန်တော်တို့မျော်လင့်ရမှာဖြစ်ပါတယ်။

အဲဒီရည်မှန်းချက်အတွက် ကွန်တော့်ရဲ့ဆေးမြီးတိုက အဟန့်အတားဖြစ်မနေစေဖို့ Unpatch feature တွေ

 ထည့်သွင်းပေးထားပါတယ်။ Patch မလုပ်ခင် မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိစေနိုင်ပါတယ်။
အကိုတစ်ယောက်တောင်းထားလို့ပါ
အဆင်ပြေပါစေ..

    Download Here   

    Admin ....ရေနီသားဖြိုးလေး



Posted From

ကိုမြတ် (BE Mechatronics)

Service သမားများအတွက်အသုံးဝင်RootToolsများ




















ကိုကိုမမများအားလုံးမင်္ဂလာပါ
အခုတင်ပေးမှာကService သမားတွေအတွက်အသုံးဝင်မဲ့Root Toolsတွေပါ

Android OS စမတ်ဖုန်းအသုံးပြုသူတွေအတွက် အသုံးဝင်  Root Tools များနှင့် Recovery Tools များ....

-All-in-one Recovery v1.5 exe

-Eroot v1.2 exe

-ERoot v1.0.14 exe

-MTK Root Super Su.zip

-romaster_306

-Sansung All in One Recovery v1.0

-SRS Root Setup

-Super One-click v2.3.3

-VRoot

-Myandroid tool

-Y210 series root ( Password- MMSD)

-Huawei flash tool


ဒီမှာဒေါင်းပါနော်>>>>>Download Here     



Admin....ရေနီသားဖြိုးလေး
Gmail....yenihackerlay@gmail.com
Phone number....09428175198



Posted From

Ko Myat ( BE-MC )    www.mcmyatkyawthu.blogspot.com

Samsung Galaxy S5 Root Tool






















Samsung Galaxy S5 အတွက် Root Tool ပါ.. အထဲမှာ Odin နဲ့တွဲပြီး ထည့်ပေးထားပါတယ်..

Debugging On ပြီး Download Mode နဲ့ဝင်.. Odin ရဲ့ Pda မှာ ခု ထည့်ပေးလိုက်တဲ့ .tar.md5 ဖိုင်ကိုရွေးပြီး ကိုင်လိုက်ရုံပဲ...

မြန်မာစာက အဆင်သင့်ပါပြီးသားဆိုတော့ မြန်မာစာထည့်စရာ မလိုတော့ဘူး...


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download : 17.3 MB

Download Link 1   

Download Link 2  

Download Link 3  



Posted From

Ko Myat (BE-MC)    http://mcmyatkyawthu.blogspot.com/

Saturday, May 17, 2014

MMSD 4.3 Gapp



























ကဲသူငယ်ချင်းတို့ရေ ထွေထွေထူးထူးတော့

ပြေားစရာမလိုလောက်ဘူးထင်ပါတယ် android version 4.3 တွေမှာ

GOOGLE PLAY STORE သွင်းချင်တဲ့

သူငယ်ချင်းများအတွက် ဆရာဖြိုးချမ်းရေးတဲ့ MMSD 4.3 Gapp ဆော့ဝဲလေးပါ

အပေါ်မှာပုံလေးနဲ့ပြထားပါတယ်


အဆင်ပြေပါစေ..

ဗိုလ်လှိုင်း (ဆိပ်ဖြူသားလေး)

DOWNLOAD 1   

DOWNLOAD 2  

DOWNLOAD 3  



Posted From

ကိုမြတ် (BE Mechatronics)    http://mcmyatkyawthu.blogspot.com

Acer Iconia B1 A71 (4.1.2) ကို Root လုပ်နည်း
























ဒီပို့စ်ကို ကွန်တော် မစမ်းဘဲ တင်ပေးလိုက်တာပါ.. ရေးသားသူက ပေါ်ဉီး ဖြစ်ပါတယ်... ကွန်တော့်မှာ စမ်းစရာ Device လည်းမရှိလို့ပါ.. စမ်းပြီးရင်တော့ ထပ်တင်ပေးပါမယ်...

အောက်မှာ ပေါ်ဉီး ဆီက အကုန် ကော်ပီကူးလာတာ.. :P


Iconia b1 a71 android 4.1.2 နောက်ဆုံးဖားရှင်းကို root လုပ်ကြမယ် လိုအပ်တဲ့ ဖိုင်တွေကို အရင်ဒေါင်းကြမယ်ဗျာ

http://cloudstor.es/file/m1_MjY1/  

ဒေါင်းလို့ရလာတဲ့
tools.rar ဖိုင်ကို local disk C:\ အောက်မှာ ဖြည့်လိုက်ပါ အခုလိုရပါမယ်
extract it here c:\tools

USB driver    ကို ဒေါင်းပြီး install လုပ်လိုက်ပါ

http://www.acer.com.my/ac/en/MY/content/drivers


setting ထဲက about tablet မှာ image version ကို ကြည့်ပါ AV051.B1-A71.RV05RC05.WW.GEN1 ဖြစ်နေတယ်ဆိုရင် အောက်ကဖိုင်ကို ဒေါင်းလိုက်ပါ

http://forum.xda-developers.com/showthread.php?p=40000273

ဒေါင်းလို့ရလာတဲ့ system.img.gz ဖိုင်ကို c:\tools ဖိုဒါ  ထဲ ထည့်လိုက်ပါ


အရင်အဟောင်း image version  AV051.B1-A71.RV04RC04.WW.GEN1  ဖြစ်နေတယ်ဆိုရင် ဒီမှာ ဒေါင်းပါ http://cloudstor.es/file/m1_MjYz/   ရလာတဲ့ system.img.gz ဖိုင်ကို c:\tools ဖိုဒါ ထဲ ထည့်လိုက်ပါ

(ကျနော် အမြင်တော့ နောက်ဆုံး image version နဲ့ ပဲ လုပ်စေချင်ပါတယ် update လုပ်ရင် ၂၆ MB လောက်ပဲ ရှိတာပါ)


ဒီအဆင့်ထိရောက်ပြီဆိုရင် acer tablet  မှာ ExDialer ကို install လုပ်ပေးပါ play store မှာလဲ free ဒေါင်းနိုင်ပါတယ်

http://www.mediafire.com/download.php?2bnfxh5ucks4b43

ဒီအဆင့်ထိ အားလုံး အဆင့်သင့်ဖြစ်ပြီဆိုရင် iconia မှာ USB debug mode ကို အမှန်ခြစ်ပြီး ကွန်ပြူတာနဲ့ ချိတ်ဆက်လိုက်ပါ

ကွန်ပြူတာမှာ c:\tools ထဲက cmd.exe ကို နှစ်ချက်ကလစ်ပြီး ဖွင့်လိုက်ပါ
cmd မှာ

adb devices ရေးပြီး enter ခေါက်ပါ
အခုလို တွေ့ရပါမယ်

C:\tools>adb devices
* daemon not running. starting
* daemon started successfully
List of devices attached
0123456789ABCDEF device


cmd မှာ အောင်ကcommond ကို copy ယူပြီး paste ချရင် ပိုမြန်ပါတယ်

adb push C:\tools\busybox /data/local/tmp    (enter ခေါက်ပါ)

adb shell     (enter ခေါက်ပါ)
cmdမှာ  shell@android:/ $ အခုလိုတွေ့လာလိမ့်မယ်

chmod 777 /data/local/tmp/busybox     (enter ခေါက်ပါ)

tablet ကိုသွားပြီး exdialer ကိုဖွင့်ပြီး အောက်က ကုဒ်ကို ရိုက်ထည့်ပါ

*#*#3646633#*#*

engineermodeကို ရောက်သွားပါမယ် ပေါ်က menu itemsမှာ connectivity ဆိုတာ ပါတယ် အဲကနေ

Connectivity -> CDS Information -> Network Utility,

အပေါ်ဆုံးလိုင်းမှာ ဒီအောက်ကcommand ကိုမှန်အောင်ရေးထည့်ပါ

/data/local/tmp/busybox telnetd -l /system/bin/sh -p 1234 

ရေးပြီးပြီဆိုရင်

RUN buttonလေးကို နှိပ်ပါ နံဘေးမှာ SHELL ဆိုတာပါတယ် ဘာမှ ပြောင်းစရာမလိုပါဘူး


ကွန်ပြူတာ ပြန်သွားပြီ cmd မှာ shell@android:/ $  အခုလို ကုဒ်လေး တွေ့လာမယ်

cmdမှာအောက်ကုဒ်ကို ရိုက်ထည့်ပါ

/data/local/tmp/busybox telnet 127.0.0.1 1234 (enter ခေါက်ပါ)
အောက်ကအတိုင်းထပ်ပေါ်လာလိမ့်မယ်

Entering character mode
Escape character is '^]'.
system@android:/ $
အပေါ်ကအတိုင်းပေါ်လာရင် cmd မှာ ဆက်ရိုက်မယ်
chmod 777 /cache    (enter ခေါက်မယ်)
^D ဒီအတိုင်းပေါ်အောင် CTRL + D ရိုက်ပြီး enter ခေါက်လိုက်ပါ

Connection closed by foreign host
1|shell@android:/ $
အပေါ်ကအတိုင်း cmd မှာ ပေါ်လာရင် exit ရိုက်ပြီး enter ခေါက်ရင်
C:\tools> ဆိုတာ ထပ်ပေါ်လာမယ်
Cmdမှာ ထပ်ရိုက်မယ်

adb push system.img.gz /cache    (enter ခေါက်မယ်)
တစ်မိနစ်ခွဲလောက် စောင့်နေလိုက်ရင် စက်ပေါ် မူတည်ပြီး အောက်ကပုံစံမျိုး ပေါ်လာမယ်
4133 KB/s (357214476 bytes in 84.400s)
ထပ်ရိုက်မယ်
adb shell  (enter ခေါက်မယ်)

အောက်အတိုင်းပေါ်လာမယ်

shell@android:/ $
Cmd မှာ ထပ်ရိုက်မယ် အောက်က ကုဒ်ကို

/data/local/tmp/busybox telnet 127.0.0.1 1234  (enter ခေါက်မယ်)
ဒီအတိုင်းပေါ်မယ်နော်
system@android:/ $

နောက်ဆုံးအဆင့် အောက်က ကုဒ်လိုင်းကို copy ယူpaste ချပြီး enterခေါက်လိုက်ပါ

/data/local/tmp/busybox zcat /cache/system.img.gz | dd of=/dev/block/mmcblk0 bs=4096 seek=8424 count=156928  (enter ခေါက်ပါ)

ခဏလောက် စောင့်ပြီးရင် အောက်က ကုဒ်တွေ ပေါ်လာရင် root access ရသွားပါပြီ

cache/system.img.gz | dd of=/dev/block/mmcblk0 bs=4096 seek=8424
156928+0 records in
156928+0 records out
642777088 bytes transferred in 69.046 secs (9309403 bytes/sec)
system@android:/ $

USB ကြိုးဖြုတ်ပြီး  ပင်အပ်နဲ့ ပါဝါ ခလုတ်နားက အပေါက်လေးမှာ ထိုးထည့်ပြီး reset လုပ်လိုက်ပါ

စက်ကို ပါဝါ ဖွင့် ပြီး restart တစ်ခါ ထပ်ချပါ

Superuser ရယ် root checher ရယ်ဒေါင်းပြီး install လုပ်လိုက်ပါ

http://www.mediafire.com/?yp491pe603e813d

တကယ်လို့ အဆင်မပြေခဲ့ရင် firmware ကို ဒေါင်းပြီး recovery mode ဝင်ပြီး apply update from sd card ကနေ install လုပ်ရင် အရင်အတိုင်း အဆင်ပြေသွားပါတယ်

frimware dowmload

http://www.acer.com.my/ac/en/MY/content/drivers



Posted From

Ko Myat (BE-MC)    http://mcmyatkyawthu.blogspot.com/

Acer Iconia A1, B1 တွေကို Root ဖို့ Acer Iconia Toolkit v0.7.0























Acer Iconia Toolkit 0.7.0 ဆိုတဲ့ Root Toolkit က Acer Iconia အုပ်စုဝင် A1-810, B1-A71, B1-710 အမျိုးအစားတွေကို Root နိုင်တယ်လို့ဆိုပါတယ်..

ကွန်တော် မသုံးဖူးပေးမယ့် သုံးတတ်သူတွေ၊ သုံးလိုတဲ့သူတွေရအောင် တင်ပေးလိုက်ပါတယ်..

Windows နဲ့ Unix တွေကို Support ပေးထားပါတယ်..

Driver မှန်ကန်အောင်သွင်းထားပြီး မိမိရဲ့ Device ကို USB Debugging on ထားပေးဖို့လိုပါတယ်..

ပြီးရင် ကွန်ပျူတာနဲ့ချိတ်ဆက်လိုက်ပြီး Device ကို Driver သိပြီဆိုရင် စလို့ရပါပြီ..

Windows OS သမားတွေကတော့ ဒေါင်းလို့ရလာတဲ့ဖိုင်ထဲက toolkit.exe ကို Administrator နဲ့ Run ပေးရမှာဖြစ်ပြီး Unix သမားတွေကတော့ chmod +x toolkit.sh ကိုသုံးရမှာဖြစ်ပါတယ်..

ပထမအနေနဲ့ CMD တက်လာမှာဖြစ်ပါတယ်..

မိမိ Device အမျိုးအစားကိုကြည့်ပြီး အမျိုးအစားရဲ့ ဘယ်ဘက်က ဂဏန်းကို ကီးဘုတ်ကနေ ရိုက်ထည့်ကာ Enter ခေါက်ပေးရပါမယ်..

ဒုတိယအဆင့်အနေနဲ့ Command ကိုရွေးပေးရမှာဖြစ်ပါတယ်..

Root လုပ်မယ်ဆိုရင် 1 ကို နှိပ်ပြီး Enter ခေါက်ပေးရပါမယ်..

Unroot ဆိုရင်တော့ 2 ကိုနှိပ်ပြီး Enter ခေါက်ပေးရပါမယ်.

ဒါလောက်ဆို အသုံးပြုတတ်လောက်ပြီထင်ပါတယ်..

ကွန်တော်ပြောပြခဲ့တာတွေဟာ ကွန်တော် ဒီကောင်နဲ့ Root မလုပ်ဖူးဘဲ Instruction ကိုကြည့်ပြီး ပြောပြတာဖြစ်ပါတယ်.. ဖြည့်စွက်ရမယ့်အချက်တွေရှိခဲ့ရင် Comment မှာ ဖြည့်ပေးခဲ့ကြပါလို့ တောင်းဆိုချင်ပါတယ်. ဒါမှ နောက်လူက ပိုသိနိုင်မှာဖြစ်ပါတယ်..



Download Here !  

အဆင်ပြေပါစေ

မောင်ပေါက် <Knowledge Note>

www.maungpauk.org


Posted From

ကိုမြတ် (BE Mechatronics)     http://mcmyatkyawthu.blogspot.com/

Wednesday, May 14, 2014

MMAS Root & Font Installer ( version 2.0 ) for Android

























Android ဖုန်းအသုံးပြုသူတွေအတွက် MMAS Root & Font Installer ဆော့ဝဲ version 2.0 ကိုထပ်မံရေးသားပေးလိုက်ပါတယ်။

ယခု version မှာဆိုရင် ဖုန်းကို root လုပ်ရန် ၊ မြန်မာဖောင့်ထည့်ရန် ၊ မြန်မာစာမှန်အောင်လုပ်ရန် ၊ မြန်မာကီးဘုတ်ထည့်ရန်

စသဖြင့် application များကိုတစ်ခုချင်းလိုက်လံရှာဖွေသွင်းစရာမလိုတော့ဘဲ MMAS Root & Font Installer တစ်ခုထဲနဲ့တင်

ဖုန်းကို root လုပ်နိုင် ၊ မြန်မာ Font ထည့်သွင်းနိုင် ၊ မြန်မာစာမှန်အောင်လုပ်နိုင် ၊ မြန်မာကီးဘုတ်ထည့်သွင်းနိုင်ပြီဖြစ်ပါတယ်။

MMAS Root & Font Installer v2.0 မှာပါ၀င်တဲ့ Application Tools တွေကတော့

- VRoot for Android (Dev- Mgyun)
-FramaRoot for Android (Dev- OP )
-Fepfz for Android (Dev- Dr.Kyaw Zaw Naing)
-MM AIO Font Changer for Android (Dev- Ko Phyo Chan)
-Bagan Keyboard Pro for Android (Dev- Bagan Innovation Technology)

စတဲ့ Root & Font Installer Toolkit တွေ MMAS Root & Font Installer ထဲမှာပါ၀င်ပြီးဖြစ်ပါတယ်။

ဒါကြောင့် ဖုန်းကို root လုပ်ချင်သူ ၊ မြန်မာ Font ထည့်ချင်သူ ၊ မြန်မာကီးဘုတ်ထည့်ချင်သူတွေအနေနဲ့

MMAS Root & Font Installer v2.0 ဆော့ဝဲကိုဖုန်းမှာသွင်းထားလိုက်ရင် အားလုံးပြည့်စုံသွားမှာဖြစ်ပါတယ်။

MMAS Root & Font Installer for Android ကို Android 4.0 နှင့်အထက်ဖုန်းတိုင်းမှာအသုံးပြုနိုင်ပါတယ်။

MMAS Root & Font Installer for Android ကို အောက်က link မှာရယူနိုင်ပါတယ်။



MMAS Root & Font Installer ( version 2.0 ) for Android အားရယူရန်

http://www.solidfiles.com/d/36955574dc/MMAS_Root_%26_Font_Installer-By_www.myanmarmobileapp.com.apk


(Download site ထဲရောက်သွားရင် “Direct Download Link ကိုနှိပ်၍ download ရယူပါ။)



သက်နိင်စိုး (Myanmar Mobile App Store)

https://www.facebook.com/thetnaing.mmas?ref=tn_tnmn


ကျွန်တော် နောက်ထပ် လင့်ခ်တစ်ခုတင်ပေးထားပါတယ်။

Download  



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Friday, May 9, 2014

Samsung Galaxy Ace မှာ မြန်မာ Font ထည့်နည်း


























 အကူညီတောင်းထားလို့ တင်ပေးလိုက်ပါတယ်..။

Samsung Galaxy Ace မှာ မြန်မာ Fonts ထည့်နည်း လေးတင်ပေးလိုက်ပါတယ်....လုပ်ပုံလုပ်နည်းက
တော့ ဘာမှမခက်ပါဘူး. အရင်ဆုံးအောက်က လိုအပ်တဲ့ဖိုင်လေးတွေဒေါင်းလိုက်ရအာင်.. ဒေါင်းပီး
တာနဲ့ ပါလာတဲ့ဖိုင်သုံးခုလုံးကို Install လုပ်ပေးလိုက်ပါ..

Download Here   

ပီးတာနဲ့ Setting>>Locale and Text ထဲကို ၀င်လိုက်ပြီး Frozen Keyboard ကိုအမှန်ခြစ်ပေးလိုက်ပါ..

ပီးတာနဲ့ Select Input Method >> မှာ FrozenKeyboard ကိုရွေးချယ် ပေးလိုက်ပါ..

ပြီးတာနဲ့ Setting ကိုပြန်သွားပြီး Display>>Screen Display >> Font Style မှာ ZawGyi One TTF
ကိုရွေးချယ်ပေးလိုက်ပါ.. ပီးရင် OK ပေ့ါ... စက်ကို Restart လုပ်ခိုင်းရင်လုပ်ပေးလိုက်ပါ..ပြန်တက်လာ
ရင်တော့.. မြန်မာ Fonts ထည့်သွင်းခြင်းပီးဆုံးပြီဖြစ်ပါတယ်ခင်မျာ..။


Ref :  http://konaungminkhant.blogspot.com



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )      www.htarwaiethar.blogspot.com

Tuesday, April 29, 2014

ဖုန်းပေါင်းစုံကို Firmware တင်နည်းစာအုပ်များ





















ကျွန်တော် မနေ့က ရထားသော ဖိုင်လေးတွေပါ။

ဒေါင်းတာကတော့ ကိုဝင်းဘလော့ဂ်ကပါပဲ။

အခုဟာက ကျွန်တော် ပြန်လည်တင်ပေးလိုက်တာပေါ့နော့်။

ဖိုင်ဆိုဒ်က နည်းပါတယ်။ 900 KB ကျော်ကျောပဲ ရှိပါတယ်။

မြန်မာဘလော့ဂ် အတော်များများက Firmware တင်နည်းတွေကို စုစည်းထားသော စာအုပ်လေးတွေပါ။

ကျွန်တော် မျှဝေသော ဖိုင်ထဲမှာ စုစုပေါင်း စာအုပ် ရှစ်အုပ်ပါဝင်ပါတယ်။

နာမည်ကြီး Huawei , Sansumg , HTC တို့အပြင် အခြားသော ဖုန်းပေါင်းစုံကို Firmware တင်နည်းလေးတွေပါ။

လိုအပ်သူများ ဒေါင်းလုပ်ခ်ရယူနိုင်ပါပြီခင်ဗျား။။။။။။



Download  




Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwiaethar.blogspot.com  

Wednesday, April 23, 2014

Android1.6 ကနေ 4.4 ထိ Root နိုင်တယ်ဆိုတဲ့ KingRoot For PC version 2.1


























 KingRoot for PC မှာ အစွမ်းထက်တဲ့ z4root , UniversalAndRoot, GingerBreak , Superoneclick root တွေနဲ့ အခြား အစွမ်းထက် Root Tool တွေရဲ့ လုပ်ဆောင်ချက်တွေကို စုစည်းပြီး ထုတ်လုပ်ထားတဲ့ Root Tool တစ်ခု ဖြစ်ပါတယ်... PC Version နဲ့ Android Version apk ဆိုပြီး ထွက်ပါတယ်.. ခုထွက်လာတဲ့ PC Version 2.1 မှာတော့ Pro Version ဆိုရင် Android 4.4 ထိ Root နိုင်တယ်လို့ ဆိုတားပါတယ်.. ကွန်တော်တင်ပေးမှာက Free Version ဖြစ်ပြီး Pro ကို ဘယ်လိုဝယ်ရလဲတော့ မသိပါဘူး.. Free Version အတွက် စွမ်းဆောင်ရည်ကိုလည်း လျော့ချထားတာ မရှိဘူးလို့ ဆိုပါတယ်.. မိတ်ဆွေများ အသုံးလိုရင် အောက်မှာ ဒေါင်းနိုင်ပါပြီ...


Download For PC  


Download For Phone   


Posted From

ကိုမြတ် (BE Mechatronics)     http://mcmyatkyawthu.blogspot.com/

Tuesday, April 22, 2014

တရုတ်ဖုန်းတွေကို အလွယ်တကူ Root နိုင်တဲ့ China Root Tool ( New )

























ဒီ Root Tool လေးက တရုတ်ဖုန်းတွေကို အလွယ်တကူ ကလစ်တစ်ချက်တည်းနဲ့ ကိုင်လိုက်လို့ရတယ်တယ်ဗျ။

တစ်ချို့သော ဘာတံဆိပ်မှန်း မသိတဲ့ ဖုန်းတွေကို ကစ်လို့ရတာပေါ့နော့်။

လိုချင်ရင် ဒေါင်းလုပ်ခ်ဆွဲလိုက်နော့်။

ဖိုင်ဆိုဒ်က 13 MB ကျော်ကျော်ပဲ ရှိပါတယ်။


Download  



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )   www.htarwaiethar.blogspot.com

Monday, April 21, 2014

Oppo Find 5 ကို Root လုပ်နည်း






















 Oppo Find 5  ကို Root လုပ်ချင်တဲ့ဘော်ဒါများအတွက် အရင်ဆုံးမိမိကွန်ပျူတာမှာ Oppo ရဲ့ USB Driver ကိုအရင်သွင်းပါ...


Driver ဖိုင်းကိုဒေါင်းရန်  

Root ဖိုင်းကိုဒေါင်းရန်   


ဒေါင်းလို့ ရလာတဲ့ Root Zip ဖိုင်းကို Zip ဖြည်လိုက်ပါ ဒီပုံအတိုင်းတက်လာပါမယ်..


ဒါဆို ဖုန်းကို USB Settings တွေဝင်ပြင်ပေးပြီ ဆိုရင် ဒါဆို USB ကြိုးချိတ်လိုက်ပါ ဒါဆိုစောစောက Root ဖိုင်းထဲက Root-bat ဆိုတဲ့နေရာမှာနှိပ်ပေးလိုက်ပါ ဒီအပုံတက်လာပါမယ်..



















ဒါဆို Enter နှိပ်ပေးလိုက်ရင်သူဟာသူ root လုပ်သွားပါမယ် ပြီရင် ဖုန်းက Reboot ကျပြီ ပြန်တက်လာရင်
Superuser app ကိုတွေ့ရပါမယ်  ဘော်ဒါတွေလဲ အဆင်ပြေပါစေ.........

Credit : http://kanbauktarr.blogspot.com


အဆင်မပြေသေးရင် အောက်က Link မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်..။
Click Here to Go 



ကိုဝင်း ဆီက ပို့စ်ကို မလာတာပါ။





Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

Sunday, April 20, 2014

Huawei C8813 GSM Network Changer



















Huawei C8813 အတွက် GSM Network ကို One Click Tool နဲ့ Change ပေးမယ့် Tool လေးပါ။

Root Access ရှိမှ GSM Network ကို ချိန်းလို့ရပါမယ်။GSM Network ချိန်းလိုက်လို့ CDMA Network မတက်တဲ့ ကိစ္စလည်းမဖြစ်ပါဘူးခင်ဗျာ။CDMA ရော GSM ရော နှစ်မျိုးသုံးလို့ရပါတယ်။

C8813 တစ်မျိုးတည်းမှာသာ အသုံးပြုလို့ရပါမယ်ခင်ဗျာ။တခြားဖုန်းတွေမှာ အသုံးပြုရင် Firmware ကျနို်င်ပါတယ်။

GSM Network ချိန်းမယ်ဆိုရင် 1 ကိုရိုက်ပြီးတော့ Enter ကိုနှိပ်လိုက်ပါ။စက်က Reboot ကျပြီးတော့ ပြန်တက်လာရင် GSM Network သုံးလို့ရနေတာကို တွေ့ရပါမယ်။

ပြန်ထွက်ချင်ရင်တော့ 2 ကိုနှိပ်ပြီးတော့ Enter ကိုနှိပ်လိုက်ပါ။

အောက်ကလင့်ခ်မှာ Download လုပ်နိုင်ပါတယ်။

အဆင်ပြေပါစေ။

Developed By :  Kyawminn Khant  


Download Link



Credit ::  ကိုဝင်း



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

Friday, April 18, 2014

Kingpad SM E239 Root and Myanmar Font ထည့်သွင်းနည်း


















ကျွန်တော် ဒီနေ့မှာ အုံးစားလိုက်သော ဖုန်းလေးပါ။

Kingpad SM E239  တဲ့ဗျ။

တစ်ခါမှ မမြင်ဖူးဘူး။ ဖုန်းက အဖြူရောင် Android 2.3.5 Version လေးနဲ့ ထုံးစံအတိုင်း ကျွန်တော့်ဆီ မြန်မာစာ ထည့်ဖို့ရောက်လာပါတယ်။

ကျွန်တော်လည်း အွန်လိုင်းမှာ ရှာကြည့်တာပဲ။

ဘယ်မှာမှ မတွေ့တာနဲ့ VRoot နဲ့ ရမ်းကစ်လိုက်တာ အဆင်ပြေသွားရော။


သူငယ်ချင်းတို့လည်း ကျွန်တော့်လိုမျိုး Kingpad SM E239  ဖုန်းလေးတွေ့ရင် ကူညီနိုင်အောင် ဒီပို့စ်လေးကို ရေးပေးလိုက်ပါတယ်။


၁) ဖုန်းကို Root လုပ်ဖို့ VRoot ကို   http://www.mgyun.com/vroot   မှာ ဒေါင်းလုပ်သွားရယူနိုင်ပါတယ်။

ဒီနေရာမှာ ကျွန်တော် VRoot Version 1.7.4 လေးနဲ့ ကစ်ထားတာ ဖြစ်ပါတယ်။ www.htarwaiethar.blogspot.com/2014/01/vroot-1744996-new-version.html  မှာ သွားယူနိုင်ပါတယ်။


၂) VRoot ကို ကွန်ပျူတာမှာ Install လုပ်ပြီးသွားရင်တော့ USB Debugging ကို On ထားဖို့ လိုအပ်ပါတယ်။

Phone > Setting > Applications > Develpement Options > USB Debugging လေးကို အမှန်ခြစ်တပ်ပေးလိုက်ပါ။ တပ်ပြီးသားဆိုရင်တော့ အဲ့ဒီအတိုင်း ထားလိုက်ပါ။


၃) ဖုန်းနှင့် ကွန်ပျူတာကို USB ကြိုးဖြင့်ချိတ်လိုက်ပြီး VRoot ကို RUN

ပြီးရင် Root ဆိုတာလေးကို ကလစ်လိုက်ရုံပါပဲ။

Root ပေါက်သွားရင် ဖုန်းက အော်တို Restart ကျသွားပါတယ်။

ဖုန်းပြန်တက်လာပါက ဖုန်းမှာ Super User လေးရှိနေပါက ဖုန်းက Root Access ကို ရသွားပြီးလို့ ဆိုနိုင်ပါတယ်။


၄) မြန်မာစာ ကိစ္စကတော့ Smart Zawgyi Pro လေးကိုသာ သုံးလိုက်ပါနော့်။

ပိုက်ဆံပေးရသော ဗားရှင်းပဲ ဖြစ်ပါတယ်။ Developer Ko Kyaw Swar Twin  ရေးထားသော ဆော့ဝဲလ်လေးပါ။

ဘယ်ဖုန်းမှာ မဆို မြန်မာစာကို မှန်ကန်အောင် ထည့်သွင်းနိုင်ပါတယ်။

ကျွန်တော်က တောထဲရောက်နေတာမို့ အဲ့ဒီဆော့ဝဲလ်လေးကို ပိုက်ဆံမပေးပဲ သုံးနေရတာ အားနာမိတာ တကယ်ပါ။ မြို့ ပြန်ရောက်မှ ဝယ်ပြီး အသုံးပြုပါမယ်။

မိတ်ဆွေတို့လည်း မြို့မှာ နေထိုင်သူဖြစ်ပါက အဲ့ဒီဆော့ဝဲလ်လေးကို ဝယ်သုံးလိုက်နော့်။

မဟုတ်ရင်တော့ http://htarwaiethar.blogspot.com/2014/02/android-version-100-smart-zawgyi-pro.html  မှာ Craed Version လေး တင်ပေးထားပါတယ်။ အဲ့ဒီကနေပြီးလည်း ရယူသုံးစွဲနိုင်ပါတယ်။

Smart Zawgyi Pro  လေးက သုံးရတာ မခက်ပါဘူး။

ဖုန်းကို ကွန်ပျူတာမှာ ချိတ်ဆက်လိုက်ပါ။ USB Debugging On ထားဖို့ လိုအပ်ပါတယ်။

ပြီးရင်တော့ Smart Zawgyi Pro  ဆော့ဝဲလ်လေးကို Run လိုက်ပါ။

ခဏစောင့်လိုက်ပါက ကိုယ့်ဖုန်းမှာ Root Access ရှိမရှိကို စစ်ဆေးပါတယ်။ Root Access Yes ဆိုရင်တော့ ဖုန်းမှာ မြန်မာစာ ထည့်သွင်းဖို့ ကီးဘုတ်မှ 1 ကို သာ ရိုက်ထည့်လိုက်ပါ။ ဆော့ဝဲလ်မှာ 1 = Install , 2 Uninstall

ဖုန်းမှာ မြန်မာစာ ထည့်သွင်းပြီးရင်တော့ အော်တို Restart ကျသွားပါတယ်။ ပြန်တက်လာရင်တော့ မြန်မာစာ ၁၀၀ ရာနှုန်း မှန်ကန်နေပါပြီ။


၅) မြန်မာစာ ဖုန်းမှာ ရှိသော်လည်း စာတော့ ရိုက်နိုင်အုံးမှာ မဟုတ်သေးပါဘူး။

မြန်မာစာ ရိုက်နိုင်အောင် ဖရီးရရှိသော Frozen Keyboard လေး သွင်းလိုက်ပါ။

ဒီနေရာလေး  မှာ Frozen Keyboard လေး တင်ပေးထားပါတယ်။ ကျွန်တော် တင်ပေးထားတာ ဖရီးဗားရှင်းပဲ ဖြစ်ပါတယ်။

ပရိုဗားရှင်ကို ကျွန်တော်မျှဝေမှာ မဟုတ်ပါဘူး။


၆) စာရိုက်နိုင်အောင် Phone > Keyboard and Language မှာ Frozen Keyboard လေးကို အမှန်ခြစ်လေး တပ်ပေးလိုက်ပါနော့်။


အဆင်ပြေပါစေနော်.................


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

Tuesday, April 8, 2014

Y 220T ကို Error ကင်းကင်းနဲ့ Root လုပ်နည်းနှင့် ResearchDownload နှင့် PAC File အသုံးပြုနည်း























ကဲ့ ဒီတစ်ခါတော့ ကိုယ် Y 220T Root ဖောက်နည်းလေးနဲ့ PAC File အသုံးချနည်းလေးကို တွဲတင်ပေးလိုက်ပါမယ်။

Y 220T ကို အခြားသော ဖုန်းများကဲ့သို့ Root လုပ်တာ မဟုတ်ပဲ PAC File လေးနဲ့ Root လုပ်နည်းလေးပါ။

PAC File က တကယ်အသုံး၀င်ပါတယ်။

Root သာမက၊ Official , Error Fix စသော ဖိုင်များအဖြစ်နဲ့ အွန်လိုင်းမှာ ရရှိနိုင်ပါတယ်။

အဲ့ဒီအခါကျရင် PAC File လေးကို သုံးတက်အောင်ပါ ကျွန်တော် တွဲရေးပေးလိုက်ပါတယ်။

Y 220T ကို Root ဖောက်တာလေးနဲ့ ပုံစံပြပေးလိုက်မယ့်နော့်။

Y 220T လေးက အမှတ်တရပါ။ ကျွန်တော် ပထမဆုံး ဖုန်းကို ထိတွေ့ခဲ့တာလေးရဲ့ အစခြေလှမ်းတစ်ခုပဲ ဖြစ်ပါတယ်။

Y 220T က Root Tools တွေနဲ့ တိုက်ရိုက် Root တာ မရဘူး။ ကျွန်တော်ပေးထားတဲ့နည်းလမ်းလေးကို သုံးကြည့်လိုက်ပါ။ ရသွားပါလိမ့်မယ်။ စမ်းသပ် အောင်မြင်ပြီးသားပါခင်ဗျား။


ကဲ့လိုအပ်တာတွေကို စုဆောင်းရအောင်။

1) SPD driver

SPD driver ကို ကျွန်တော် ဒီနေရာလေးမှာ  တင်ပေးထားပါတယ်။  ဖိုင်ဆိုဒ်က 4MB ကျော်ကျော်ရှိပါတယ်။


2) RSDOWNLOADER

RSDOWNLOADER  ကို ကျွန်တော် ဒီနေရာမှာ  တင်ပေးထားပါတယ်။ ဖိုင်ဆိုဒ်က 1MB ကျော်ကျော်ပဲ ရှိပါတယ်။


3) လိုအပ်သော pac file ကို http://www.solidfiles.com/d/7bedf6e4ac/MMAS%26MMUG.pac  မှာ ဒေါင်းလုပ်ရယူနိုင်ပါတယ်။ 7 MB ကျော်ကျော်ပဲရှိပါတယ်။



အခု ပို့စ်က Y 220T ကို Root လုပ်မှာမို့ Y 220T Root PAC File လေးပေါ့နော့်။ ကျန်တာတွေဆိုရင်လည်း နံပါတ်သုံးမှာ လိုအပ်သော PAC File ကို ပြောင်းသုံးလိုက်ရုံပါပဲ။


ပြုလုပ်နည်း။   ။

ပထမဆုံး SPD driver  ကို ကွန်ပျူတာမှာ Install ပြုလုပ်ရပါမယ်။

SPD driver  ကို ကွန်ပျူတာမှာ တင်ပြီးသွားရင်တော့ RSDOWNLOADER  ကို Win Rar လိုမျိုး ဆော့ဝဲလ်ကို သုံးပြီး ဖြေထုတ်လိုက်ပါ။

RSDOWNLOADER  ဖိုလ်ဒါလေး အောက်မှာ ResearchDownload  ဆိုသော ဖိုင်လေးကို Double Click နဲ့ Run ပေးပါ။

အောက်က လိုမျိုး ပုံလေး ပေါ်လာပါတယ်။





ပုံမှာ ပြထားသည့်အတိုင်း နံပါတ် 1 နေရာလေးကို တစ်ချက် ကလစ်လိုက်ပါ။ အသုံးပြုမည့် pac file လေးကို ညွန်းပေးပြီး open ကို ကလစ်လုပ်လိုက်ပါ။

pac file လေးကို ညွန်းပြီးပါက ပုံမှာ ပြထားသည့် အတိုင်း နံပါတ် 2 လေးကို ကလစ်တစ်ချက် နှိပ်ပါ။


မိမိ ဖုန်းကို ပါဝါပိတ်၊ ဘက်ထရီဖြုတ်၊ ခဏနေရင် ဘက်ထရီ ပြန် တပ်၊ ဖုန်းမှ Vol Down ( Or ) Vol - ကို ဖိထားပြီး ဖုန်းကို USB ကြိုးတပ်ပြီး ကွန်ပျူတာနှင့် ချိတ်လိုက်ပါ။

အဲ့ဒီ အခါကျရင်တော့ ကွန်ပျူတာမှာ ဖွင့်ထားသော ResearchDownload  ဆော့ဝဲလ်လေးက Flashing လုပ်နေတာကို တွေ့နိုင်ပါတယ်။ အားလုံးပြီးသွားရင်တော့ Pass ဆိုပြီး အစိမ်းရောင်လေး ပေါ်လာမှာပါ။


အဲ့ဒီအခါကျရင်တော့ ကွန်ပျူတာနှင့် ချိတ်ဆက်မှုကို ဖြုတ်လိုက်နိုင်ပါပြီ။

ဖုန်းက ဘက်ထရီဖြုတ်၊ ခဏနေရင် ပြန်တပ်ပြီး ပြန်ဖွင့်လိုက်ပါ။

မိတ်ဆွေတို့ လိုအပ်သော အရာလေးတွေ အဆင်ပြေသွားတာကို တွေ့နိုင်ပါတယ်။

အဲ့ဒီ အခါကျမှ Y 220T လေးကို ကြိုက်တဲ့ Root Tool တစ်ခုခုနဲ့သာ ကစ်လိုက်ပါ။

VRoot ကို လိုချင်ရင် www.htarwaiethar.blogspot.com/2014/02/huawei-phone-root-root-master-or-vroot.html  မှာ သွားကြည့်နိုင်ပါတယ်။


Credit ::  MMAS and MMUG


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Tuesday, March 25, 2014

C8815 Network Lock ကျနေသူများ အတွက်



















Huawei C8815 Netwrok Lock ကျနေတယ်ဆိုလို့ ကျွန်တော် Network Lock ကို ဖြေရှင်းနိုင်သော ဖိုင်လေးကို မျှဝေလိုက်ပါတယ်။

ဖိုင်ဆိုဒ်က သိပ်မရှိပါဘူး။

600 KB ကျော်ကျော်ပဲ ရှိပါတယ်။

ကျွန်တော်မျှဝေသော ဖိုင်လေးထဲမှ network unlock.bat  ဆိုသော ဖိုင်လေးကို Run ပေးလိုက်ရင် ရမှာပါ။


ယခု ဖော်ပြသော နည်းလမ်းဖြင့် အဆင်မပြေပါက Phone Sim Unlock နည်းလမ်းကို ဒီနေရာလေးမှာ ဆက်လက် လေ့လာနိုင်ပါတယ်။ 


Download   


Posted By

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

Saturday, March 22, 2014

Huawei Phone Root မှာ နာမည်ကြီးတဲ့ Root Master or VRoot


















Huawei Phone တွေကို Root လုပ်တဲ့နေရာမှာ နာမည်ကြီးပါတယ်ဆိုတဲ့ VRoot or Root Master Software လေးအကြောင်းကို ကျွန်တော် ဒီနေ့ရှာဖွေ မိပါတယ်။

VRoot ကို နေရာ အတော်များများ ( မြန်မာဘလော့ဂ်များစွာ ) မှာ ရရှိနိုင်ပါတယ်။

သို့သော်လည်း ကျွန်တော် VRoot ကို မူရင်းရရှိနိုင်သော နေရာလေးကို ရှာဖွေလာမိပါတယ်။

VRoot Official Website က http://www.mgyun.com/vroot ပဲ ဖြစ်ပါတယ်။

နောက်ဆုံးထွက်ရှိသမျှ ဗားရှင်းတွေကို http://www.mgyun.com/vroot  မှာ တိုက်ရိုက်ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်။

ကျွန်တော် ပို့စ်တင်ထားသော ပုံလေးမှာ Download ရယူနိုင်သော Get VRoot လေးကို ပြပေးထားပါတယ်။


အဲ့ဒီ Get VRoot ဆိုတာလေးကို ကလစ်လုပ်ပြီး ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်။

Huawei Phone အားလုံးကိုတောင် Root လုပ်နိုင်တယ်လို့ ဆိုလောက်ပါတယ်။

Root လုပ်မယ့်ဖုန်းက USB Debugging On ထားဖို့လိုပါတယ်။

ကွန်ပျူတာမှာ အင်တာနက်ရှိဖို့လိုအပ်ပါတယ်။

အဲ့ဒီအချက်နှစ်ခုရှိရင် Huawei Phone တွေကို VRoot နဲ့ အေးဆေး Root လုပ်နိုင်ပါပြီ။


အဆင်ပြေပါစေနော်...........



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Thursday, March 20, 2014

MMPlay Zaygyi Font Changer






















Myanmar Play Store ရဲ့ Product တစ်ခုဖြစ်တဲ့ MMPlay Zaygyi Font Changer လေးတင်ပေးလိုက်ပါတယ်။ Root လုပ်ထားသောဖုန်းများကို Click တစ်ချက်နှိပ်ရုံနဲ့ မြန်မာဖောင့်ပြောင်းပေးမှာဖြစ်ပြီး Android Version 4.2.2 မှာလည်း အဆင်ပြေတာကို တွေ့ရပါတယ်။


Download  

Posted From::

ကိုမြတ် (BE-Mechatronics)    http://www.mcmyatkyawthu.blogspot.com/

Huawei G730-U00 CWM Recovery (English) +SP Flash Tool






















Huawei G730-U00 CWM Recovery လေးပါ ။ English Version လေးဖြစ်ပါတယ်။

လိုအပ်မယ်ထင်တဲ့ သူငယ်ချင်း အောက်ကလင့်မှာ ဒေါင်းပါ။

CWM ထည့်သွင်းပုံကို ပုံနဲ့တကွ ပြထားပါတယ်။

အရင်ဆုံး လိုအပ်သည်များ ဒေါင်းပါ၊

DOWLOAD G730-U00 CWM

DOWLOAD SP Flash Tools

 Download ဆွဲလို့ ရလာတဲ့ အထဲက Flash Tool.exe ကို အောက်မှာ ပြထားတဲ့ ပုံ ထဲက အတိုင်း Run ပါ။

































အောက်က ပုံလေးထဲကအတိုင်း scatter.txt ကို ထည့်ရပါမယ်။




အောက်က ပုံလေးထဲကအတိုင်းပဲ CWM Recovery img လေးကို ထည့်ပေးရပါမယ်။






Download ဆိုတာကို နှိပ်ပါ။

ဒီအဆင့်ပြီးသွားရင်တော့ မိမိဖုန်းကို ပါ၀ါပိတ်ပါ။ ဘက်ထရီ ခနဖြုတ်ပြီး ပြန်တပ်။ ကွန်ပျူတာမှာ USB ထိုးလိုက်ပါ။ အလိုအလျောက်တင်ပေးသွားပါလိမ့်မယ်။



Posted From::

ကိုမြတ် (BE-Mechatronics)    http://www.mcmyatkyawthu.blogspot.com/