Thursday, May 29, 2014

Y325 T00 ကို Official Firmware ပြန်တင်မယ်၊ Root ၊ မြန်မာစာထည့်မယ်
























ကျွန်တော့်ဆီကို Huawei Y325 T00 လေး တစ်နေ့က ရောက်လာပါတယ်။ ဖုန်းက Root လုပ်ပြီးသားဆိုတော့ ကလေးက ဆော့လိုက်ပြီး ဘာဖိုင်တွေ ဖျက်လိုက်တယ် မသိ ကျွန်တော့်ဆီရောက်တော့ ဖုန်းက Logo မှာ လည်ပတ်နေတော့တာပဲ။

ထုံးစံအတိုင်း Official တင်ရတော့မှာပေါ့။

တကယ်ဆို တစ်ရက်တည်းနဲ့ ပြတ်ရမှာကို နှစ်ရက် ကြာသွားတယ်။

ဖိုင်က ၁၆၀ လောက်ပဲ ရှိပေမဲ့ ကျွန်တော် လေးခါတိတိကို ဒေါင်းရတယ်။

လေးခါမြောက်မှပဲ ဖိုင်အကောင်းကို ရသွားတယ်။

ကဲ့ လိုအပ်သော Official File ကို အောက်မှာ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။

ကျွန်တော် တင်ပေးထားတာ မဟုတ်ပါဘူး။

http://www.thitsankhant.com  က မလာတာပါ။


Download Y325 T00 Official Firmware   


တကယ်လို့ ဖိုင်လင့်သေသွားရင် ကျွန်တော်ပြန်တင်ပေးပါမယ်။

ဖိုင်ကို ဒေါင်းလို့ရလာရင်တော့ File Extension မရှိတဲ့ ဖိုင်တစ်ခု ရလာမှာပါ။ File Extension ဖျောက်ထားတာမျိုးပါ။

Start > Control Panel > Folder Options > View Tag မှာ Hide extensions for known file types ကို အမှန်ခြစ်ဖြုတ်ပြီး Apply , OK လုပ်လိုက်ပါ။

အဲ့လိုလုပ်လိုက်ရင် မိမိတို့နှစ်သက်သော ဖိုင်ကို File Extension Edit ပြုလုပ်ပေးနိုင်မှာပါ။

အဲ့လိုမျိုးပြုလုပ်ပြီးရင် ဒေါင်းလို့ရလာသော ဖိုင်လေးကို Right Click > Rename > ဖိုင်နာမည်အနောက်မှာ .zip ကိုပေါင်းရေးပေးလိုက်ပါ။

အဲ့ခါကျရင် ကျွန်တော်တို့ ဒေါင်းလို့ရလာသော ဖိုင်လေးသည် Zip File လေးပြောင်းသွားမှာ ဖြစ်ပြီး အဲ့ဖိုင်ကို Win RAR လိုမျိုး ဆော့ဝဲလ်တစ်ခုခု အသုံးပြုပြီး ပြန်ဖြေလိုက်ပါက dload ဆိုသော အမည်ဖြင့် ဖိုဒါလ်တစ်ခု နောက် တရုတ်လိုတွေရေးထားသော pdf file တစ်ခုရရှိပါတယ်။


ကဲ့စပါပြီ။

>> 2 GB အနည်းဆုံးရှိသော SD Card တစ်ခုကို Format ( FAT32 ) ဖြင့် Format ရိုက်လိုက်ပါ။

>> ဒေါင်းလို့ရလာသော ဖိုင်ထဲမှ dload folder ကို SD Card ထဲသို့ ကူးယူပါ။

>> ဖုန်းမှာ SD Card ထည့်လိုက်ပါ။

>> ပြီးရင် ဖုန်းကို ဘက်ထရီဖြုတ်၊ ပြန်တပ်လိုက်ပါ။

>> Official ကို Recovery Mode က တင်ရမှာပါ။ ဒါပေမဲ့ Y325 T00 Recovery Mode ဝင်နည်းလေးက တစ်မျိုးဖြစ်နေပါတယ်။

>> Power ကို သုံးစက္ကန့်လောက်နှိပ်၊ ပြီးရင် ပြန်လွတ်ပြီး Vol + , Vol -  ကို ပြိုင်နှိပ်ပါမှ Recovery Mode ကို ရောက်ပါတယ်။ အဲ့နည်းက လက်ဆ မမှန်ဘူးထင်ရင် အစကတည်းက Power , Vol + , Vol - သုံးခုလုံး ပြိုင်နှိပ်လည်း Recovery Mode ကို ရောက်ပါတယ်။

>> Recovery Mode က ဒုတိယ စာကြောင်း Install Update from SD Card ကို Vol - သုံးပြုပြီးရွေ့၊ ပါဝါကို တစ်ချက်နှိပ်ပါက Official ကို သူ့ဘာသာ တင်သွားပါတယ်။ ခဏပဲ ကြာတာပါ။ တစ်မိနှစ်လောက်ပဲ ကြာမယ်ထင်တယ်ဗျ။ ဖုန်းက သူ့ဘာသာ အော်တို Restart ကျသွားပြီး ပြန်တက်လာရင်တော့ ကောင်းမွန်သော တရုတ်စာများဖြင့် ဖုန်းကို မြင်နိုင်မှာပါ။



ဖုန်းက အဆင်ပြေသွားပြီဆိုတော့ မြန်မာစာမြင်နိုင်အောင် Root လုပ်ဖို့လိုအပ်ပါတယ်။

ဒီတစ်ခါမှာတော့ ကျွန်တော် MMAS Root & Font Installer ( version 2.0 ) for Android  လေးကို စမ်းသပ်လိုက်ပါတယ်။

အောက်မှာ ဒေါင်းလုပ်ရယူနိုင်ပါတယ်။


Download MMAS Root & Font Installer ( version 2.0 )     



Root ရတာ အတော်ကို လွယ်ပါတယ်။ Framaroot နဲ့ပဲ Root လုပ်လိုက်တာပါ။

ကီးဘုတ်ကတော့ ပုဂံကီးဘုတ်ကို ထည့်သွင်းထားပါတယ်။

မြန်မာစာတော့ သိပ်အဆင်မပြေဘူးဗျ။

မြန်မာစာအတွက်ကတော့  http://www.htarwaiethar.blogspot.com/2014/01/huwwei-y-320-y-325.html   က နည်းလမ်းကိုသာ သုံးလိုက်ပါနော့်။




အားလုံးအဆင်ပြေနိုင်ပါစေဗျာ။။။။။။။။။။။။။။။။။။။။။


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )       www.htarwaiethar.blogspot.com

0 comments:

Post a Comment