Saturday, May 17, 2014

Acer Iconia A1, B1 တွေကို Root ဖို့ Acer Iconia Toolkit v0.7.0























Acer Iconia Toolkit 0.7.0 ဆိုတဲ့ Root Toolkit က Acer Iconia အုပ်စုဝင် A1-810, B1-A71, B1-710 အမျိုးအစားတွေကို Root နိုင်တယ်လို့ဆိုပါတယ်..

ကွန်တော် မသုံးဖူးပေးမယ့် သုံးတတ်သူတွေ၊ သုံးလိုတဲ့သူတွေရအောင် တင်ပေးလိုက်ပါတယ်..

Windows နဲ့ Unix တွေကို Support ပေးထားပါတယ်..

Driver မှန်ကန်အောင်သွင်းထားပြီး မိမိရဲ့ Device ကို USB Debugging on ထားပေးဖို့လိုပါတယ်..

ပြီးရင် ကွန်ပျူတာနဲ့ချိတ်ဆက်လိုက်ပြီး Device ကို Driver သိပြီဆိုရင် စလို့ရပါပြီ..

Windows OS သမားတွေကတော့ ဒေါင်းလို့ရလာတဲ့ဖိုင်ထဲက toolkit.exe ကို Administrator နဲ့ Run ပေးရမှာဖြစ်ပြီး Unix သမားတွေကတော့ chmod +x toolkit.sh ကိုသုံးရမှာဖြစ်ပါတယ်..

ပထမအနေနဲ့ CMD တက်လာမှာဖြစ်ပါတယ်..

မိမိ Device အမျိုးအစားကိုကြည့်ပြီး အမျိုးအစားရဲ့ ဘယ်ဘက်က ဂဏန်းကို ကီးဘုတ်ကနေ ရိုက်ထည့်ကာ Enter ခေါက်ပေးရပါမယ်..

ဒုတိယအဆင့်အနေနဲ့ Command ကိုရွေးပေးရမှာဖြစ်ပါတယ်..

Root လုပ်မယ်ဆိုရင် 1 ကို နှိပ်ပြီး Enter ခေါက်ပေးရပါမယ်..

Unroot ဆိုရင်တော့ 2 ကိုနှိပ်ပြီး Enter ခေါက်ပေးရပါမယ်.

ဒါလောက်ဆို အသုံးပြုတတ်လောက်ပြီထင်ပါတယ်..

ကွန်တော်ပြောပြခဲ့တာတွေဟာ ကွန်တော် ဒီကောင်နဲ့ Root မလုပ်ဖူးဘဲ Instruction ကိုကြည့်ပြီး ပြောပြတာဖြစ်ပါတယ်.. ဖြည့်စွက်ရမယ့်အချက်တွေရှိခဲ့ရင် Comment မှာ ဖြည့်ပေးခဲ့ကြပါလို့ တောင်းဆိုချင်ပါတယ်. ဒါမှ နောက်လူက ပိုသိနိုင်မှာဖြစ်ပါတယ်..



Download Here !  

အဆင်ပြေပါစေ

မောင်ပေါက် <Knowledge Note>

www.maungpauk.org


Posted From

ကိုမြတ် (BE Mechatronics)     http://mcmyatkyawthu.blogspot.com/

0 comments:

Post a Comment