Sunday, May 25, 2014

Android 4.x.x အထက် မြန်မာစာမှန်စေတဲ့ Fepfz Apk Update ထွက်ရှိလို့လာပါပြီ






















 Fepfz Apk @ Update V2.0 ထွက်ရှိ ။ Android 4.x.x အထက် မြန်မာစာမှန်စေတဲ့ Fepfz Apk Update ထွက်ရှိလို့လာပါပြီ ။

""" အရင်ဗားရှင်းမှာ မရသောဖုန်းများအတွက် Updade ထွက်လာတိုင်း ထိုဖုန်းများအတွက် ထပ်ပ့ပိုးပေးသွားတာဖြစ်ပါတယ် """

မြန်မာစာရှိပြီး စာတွေမမှန်ဘူးဆိုပါက ထို Apk လေးကို အင်စတောလုပ်ပေးလိုက်ပါ 100% မြန်မာစာမှန်သွားတာကို သင်တွေ့ရပါမယ် ။

ထို Fepfz . apk ဆိုတဲ့ဆော့ဝဲကို လိုချင်သူများ ဒီလင့်မှာသွားရောက်ဒေါင်းယူပါ ဆိုဒ်က 276 KB နည်းနည်းလေးပဲရှိပါတယ်

Version 2.0 အဖြစ် Update လုပ်ပေးလိုက်ပါတယ်။ အခု update မှာ code segment တွေအပေါ်
 မမှီခိုတော့ဘဲ ELF file structure အတိုင်းလိုက်ပြီး ပြုပြင်ပေးသွားမှာဖြစ်ပါတယ်။ ဖုန်းအားလုံးနီးပါးနဲ့
အဆင်ပြေလိမ့်မယ်လို့ မျော်လင့်ပါတယ်။

Myanmar Unicode system ကို တစ်စိတ်တစ်ပိုင်း ပြုပြင်တာတင်မဟုတ်ဘဲ စနစ်တစ်ခုလုံးကို
အလုပ်မလုပ်နိုင်အောင်လုပ်လိုက်မှာဖြစ်ပါတယ်။

ဖုန်းဘောင်နောက်မှာ စာတွေကွယ်နေတဲ့ပြဿနာကိုလည်း ဖြေရှင်းနိုင်ပါပြီ။
အဲဒီပြဿနာပေါ်နေတဲ့ဖုန်းတွေလည်း update နဲ့ patch ပြန်လုပ်လို့ရပါတယ်။
အဲဒီပြဿနာမရှိတဲ့ဖုန်းတွေ
(Sony) တွေကတော့ လုပ်စရာမလိုပါဘူး။ လုပ်လိုက်ရင် တစ်ချို့နေရာတွေ ပြန်မှားသွားပါတယ်။
အပေါ်ဆုံးမှာရေးထားသလိုပဲ MORE POWERFUL and MORE RISKY ပါ။ အားလုံးမှန်ပြီးသားဖုန်းတွေ၊
လက်ရှိလောက်မှန်ရုံနဲ့တင် ကျေနပ်တယ်ဆိုတဲ့ဖုန်းတွေ ထပ်မစမ်းပါနဲ့တော့။

ကွန်တော်ပြောခဲ့သလို၊ နောက်ပြီး တစ်ချို့ comment တွေမှာ ရေးထားကြသလိုပါပဲ။
ကွန်တော့်ရဲ့နည်းလမ်းဟာ ရေတိုနည်းလမ်းပဲဖြစ်ပါတယ်။ ဆေးမြီးတိုပဲဖြစ်ပါတယ်။ ကွန်တော်တို့အားလုံး
ရည်မှန်းချက်ထားရမှာက တစ်ကမ္ဘာလုံးစံပြုထားတဲ့ Unicode System အဖြစ်
ပီပီပြင်ပြင်ပေါ်ထွက်လာဖို့ဖြစ်ပါတယ်။

- ရရစ်ဆိုတာ တစ်ခုတည်း ရှိတော့မယ့်အချိန်

- အောက်ကမြစ် တစ်ခုတည်း ရှိတော့မယ့်အချိန်

- အီလက်ထရောနစ်မျက်နှာစာတိုင်းမှာ မြန်မာစာလွယ်လွယ်ကူကူမှန်မှန်ကန်ကန်ပေါ်မယ့်အချိန်

- Click တစ်ချက်နှိပ်လိုက်ရုံနဲ့ အက္ခရာစဉ်ကို ၁၀၀ ရာခိုင်နှုန်း မှန်အောင် စဉ်ပေးနိုင်မဲ့အချိန်

- ဝလုံး 'ဝ' နဲ့ သုည '၀' မှားရိုက်မိတာနဲ့ ကွန်ပျူတာက မင်နီတားပေးမယ့်အချိန်

အဲလိုအချိန်မျိုးတွေကို ကွန်တော်တို့မျော်လင့်ရမှာဖြစ်ပါတယ်။

အဲဒီရည်မှန်းချက်အတွက် ကွန်တော့်ရဲ့ဆေးမြီးတိုက အဟန့်အတားဖြစ်မနေစေဖို့ Unpatch feature တွေ

 ထည့်သွင်းပေးထားပါတယ်။ Patch မလုပ်ခင် မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိစေနိုင်ပါတယ်။
အကိုတစ်ယောက်တောင်းထားလို့ပါ
အဆင်ပြေပါစေ..

    Download Here   

    Admin ....ရေနီသားဖြိုးလေး



Posted From

ကိုမြတ် (BE Mechatronics)

0 comments:

Post a Comment