Tuesday, April 8, 2014

Y 220T ကို Error ကင်းကင်းနဲ့ Root လုပ်နည်းနှင့် ResearchDownload နှင့် PAC File အသုံးပြုနည်း























ကဲ့ ဒီတစ်ခါတော့ ကိုယ် Y 220T Root ဖောက်နည်းလေးနဲ့ PAC File အသုံးချနည်းလေးကို တွဲတင်ပေးလိုက်ပါမယ်။

Y 220T ကို အခြားသော ဖုန်းများကဲ့သို့ Root လုပ်တာ မဟုတ်ပဲ PAC File လေးနဲ့ Root လုပ်နည်းလေးပါ။

PAC File က တကယ်အသုံး၀င်ပါတယ်။

Root သာမက၊ Official , Error Fix စသော ဖိုင်များအဖြစ်နဲ့ အွန်လိုင်းမှာ ရရှိနိုင်ပါတယ်။

အဲ့ဒီအခါကျရင် PAC File လေးကို သုံးတက်အောင်ပါ ကျွန်တော် တွဲရေးပေးလိုက်ပါတယ်။

Y 220T ကို Root ဖောက်တာလေးနဲ့ ပုံစံပြပေးလိုက်မယ့်နော့်။

Y 220T လေးက အမှတ်တရပါ။ ကျွန်တော် ပထမဆုံး ဖုန်းကို ထိတွေ့ခဲ့တာလေးရဲ့ အစခြေလှမ်းတစ်ခုပဲ ဖြစ်ပါတယ်။

Y 220T က Root Tools တွေနဲ့ တိုက်ရိုက် Root တာ မရဘူး။ ကျွန်တော်ပေးထားတဲ့နည်းလမ်းလေးကို သုံးကြည့်လိုက်ပါ။ ရသွားပါလိမ့်မယ်။ စမ်းသပ် အောင်မြင်ပြီးသားပါခင်ဗျား။


ကဲ့လိုအပ်တာတွေကို စုဆောင်းရအောင်။

1) SPD driver

SPD driver ကို ကျွန်တော် ဒီနေရာလေးမှာ  တင်ပေးထားပါတယ်။  ဖိုင်ဆိုဒ်က 4MB ကျော်ကျော်ရှိပါတယ်။


2) RSDOWNLOADER

RSDOWNLOADER  ကို ကျွန်တော် ဒီနေရာမှာ  တင်ပေးထားပါတယ်။ ဖိုင်ဆိုဒ်က 1MB ကျော်ကျော်ပဲ ရှိပါတယ်။


3) လိုအပ်သော pac file ကို http://www.solidfiles.com/d/7bedf6e4ac/MMAS%26MMUG.pac  မှာ ဒေါင်းလုပ်ရယူနိုင်ပါတယ်။ 7 MB ကျော်ကျော်ပဲရှိပါတယ်။



အခု ပို့စ်က Y 220T ကို Root လုပ်မှာမို့ Y 220T Root PAC File လေးပေါ့နော့်။ ကျန်တာတွေဆိုရင်လည်း နံပါတ်သုံးမှာ လိုအပ်သော PAC File ကို ပြောင်းသုံးလိုက်ရုံပါပဲ။


ပြုလုပ်နည်း။   ။

ပထမဆုံး SPD driver  ကို ကွန်ပျူတာမှာ Install ပြုလုပ်ရပါမယ်။

SPD driver  ကို ကွန်ပျူတာမှာ တင်ပြီးသွားရင်တော့ RSDOWNLOADER  ကို Win Rar လိုမျိုး ဆော့ဝဲလ်ကို သုံးပြီး ဖြေထုတ်လိုက်ပါ။

RSDOWNLOADER  ဖိုလ်ဒါလေး အောက်မှာ ResearchDownload  ဆိုသော ဖိုင်လေးကို Double Click နဲ့ Run ပေးပါ။

အောက်က လိုမျိုး ပုံလေး ပေါ်လာပါတယ်။





ပုံမှာ ပြထားသည့်အတိုင်း နံပါတ် 1 နေရာလေးကို တစ်ချက် ကလစ်လိုက်ပါ။ အသုံးပြုမည့် pac file လေးကို ညွန်းပေးပြီး open ကို ကလစ်လုပ်လိုက်ပါ။

pac file လေးကို ညွန်းပြီးပါက ပုံမှာ ပြထားသည့် အတိုင်း နံပါတ် 2 လေးကို ကလစ်တစ်ချက် နှိပ်ပါ။


မိမိ ဖုန်းကို ပါဝါပိတ်၊ ဘက်ထရီဖြုတ်၊ ခဏနေရင် ဘက်ထရီ ပြန် တပ်၊ ဖုန်းမှ Vol Down ( Or ) Vol - ကို ဖိထားပြီး ဖုန်းကို USB ကြိုးတပ်ပြီး ကွန်ပျူတာနှင့် ချိတ်လိုက်ပါ။

အဲ့ဒီ အခါကျရင်တော့ ကွန်ပျူတာမှာ ဖွင့်ထားသော ResearchDownload  ဆော့ဝဲလ်လေးက Flashing လုပ်နေတာကို တွေ့နိုင်ပါတယ်။ အားလုံးပြီးသွားရင်တော့ Pass ဆိုပြီး အစိမ်းရောင်လေး ပေါ်လာမှာပါ။


အဲ့ဒီအခါကျရင်တော့ ကွန်ပျူတာနှင့် ချိတ်ဆက်မှုကို ဖြုတ်လိုက်နိုင်ပါပြီ။

ဖုန်းက ဘက်ထရီဖြုတ်၊ ခဏနေရင် ပြန်တပ်ပြီး ပြန်ဖွင့်လိုက်ပါ။

မိတ်ဆွေတို့ လိုအပ်သော အရာလေးတွေ အဆင်ပြေသွားတာကို တွေ့နိုင်ပါတယ်။

အဲ့ဒီ အခါကျမှ Y 220T လေးကို ကြိုက်တဲ့ Root Tool တစ်ခုခုနဲ့သာ ကစ်လိုက်ပါ။

VRoot ကို လိုချင်ရင် www.htarwaiethar.blogspot.com/2014/02/huawei-phone-root-root-master-or-vroot.html  မှာ သွားကြည့်နိုင်ပါတယ်။


Credit ::  MMAS and MMUG


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

0 comments:

Post a Comment