Friday, April 18, 2014

Kingpad SM E239 Root and Myanmar Font ထည့်သွင်းနည်း


















ကျွန်တော် ဒီနေ့မှာ အုံးစားလိုက်သော ဖုန်းလေးပါ။

Kingpad SM E239  တဲ့ဗျ။

တစ်ခါမှ မမြင်ဖူးဘူး။ ဖုန်းက အဖြူရောင် Android 2.3.5 Version လေးနဲ့ ထုံးစံအတိုင်း ကျွန်တော့်ဆီ မြန်မာစာ ထည့်ဖို့ရောက်လာပါတယ်။

ကျွန်တော်လည်း အွန်လိုင်းမှာ ရှာကြည့်တာပဲ။

ဘယ်မှာမှ မတွေ့တာနဲ့ VRoot နဲ့ ရမ်းကစ်လိုက်တာ အဆင်ပြေသွားရော။


သူငယ်ချင်းတို့လည်း ကျွန်တော့်လိုမျိုး Kingpad SM E239  ဖုန်းလေးတွေ့ရင် ကူညီနိုင်အောင် ဒီပို့စ်လေးကို ရေးပေးလိုက်ပါတယ်။


၁) ဖုန်းကို Root လုပ်ဖို့ VRoot ကို   http://www.mgyun.com/vroot   မှာ ဒေါင်းလုပ်သွားရယူနိုင်ပါတယ်။

ဒီနေရာမှာ ကျွန်တော် VRoot Version 1.7.4 လေးနဲ့ ကစ်ထားတာ ဖြစ်ပါတယ်။ www.htarwaiethar.blogspot.com/2014/01/vroot-1744996-new-version.html  မှာ သွားယူနိုင်ပါတယ်။


၂) VRoot ကို ကွန်ပျူတာမှာ Install လုပ်ပြီးသွားရင်တော့ USB Debugging ကို On ထားဖို့ လိုအပ်ပါတယ်။

Phone > Setting > Applications > Develpement Options > USB Debugging လေးကို အမှန်ခြစ်တပ်ပေးလိုက်ပါ။ တပ်ပြီးသားဆိုရင်တော့ အဲ့ဒီအတိုင်း ထားလိုက်ပါ။


၃) ဖုန်းနှင့် ကွန်ပျူတာကို USB ကြိုးဖြင့်ချိတ်လိုက်ပြီး VRoot ကို RUN

ပြီးရင် Root ဆိုတာလေးကို ကလစ်လိုက်ရုံပါပဲ။

Root ပေါက်သွားရင် ဖုန်းက အော်တို Restart ကျသွားပါတယ်။

ဖုန်းပြန်တက်လာပါက ဖုန်းမှာ Super User လေးရှိနေပါက ဖုန်းက Root Access ကို ရသွားပြီးလို့ ဆိုနိုင်ပါတယ်။


၄) မြန်မာစာ ကိစ္စကတော့ Smart Zawgyi Pro လေးကိုသာ သုံးလိုက်ပါနော့်။

ပိုက်ဆံပေးရသော ဗားရှင်းပဲ ဖြစ်ပါတယ်။ Developer Ko Kyaw Swar Twin  ရေးထားသော ဆော့ဝဲလ်လေးပါ။

ဘယ်ဖုန်းမှာ မဆို မြန်မာစာကို မှန်ကန်အောင် ထည့်သွင်းနိုင်ပါတယ်။

ကျွန်တော်က တောထဲရောက်နေတာမို့ အဲ့ဒီဆော့ဝဲလ်လေးကို ပိုက်ဆံမပေးပဲ သုံးနေရတာ အားနာမိတာ တကယ်ပါ။ မြို့ ပြန်ရောက်မှ ဝယ်ပြီး အသုံးပြုပါမယ်။

မိတ်ဆွေတို့လည်း မြို့မှာ နေထိုင်သူဖြစ်ပါက အဲ့ဒီဆော့ဝဲလ်လေးကို ဝယ်သုံးလိုက်နော့်။

မဟုတ်ရင်တော့ http://htarwaiethar.blogspot.com/2014/02/android-version-100-smart-zawgyi-pro.html  မှာ Craed Version လေး တင်ပေးထားပါတယ်။ အဲ့ဒီကနေပြီးလည်း ရယူသုံးစွဲနိုင်ပါတယ်။

Smart Zawgyi Pro  လေးက သုံးရတာ မခက်ပါဘူး။

ဖုန်းကို ကွန်ပျူတာမှာ ချိတ်ဆက်လိုက်ပါ။ USB Debugging On ထားဖို့ လိုအပ်ပါတယ်။

ပြီးရင်တော့ Smart Zawgyi Pro  ဆော့ဝဲလ်လေးကို Run လိုက်ပါ။

ခဏစောင့်လိုက်ပါက ကိုယ့်ဖုန်းမှာ Root Access ရှိမရှိကို စစ်ဆေးပါတယ်။ Root Access Yes ဆိုရင်တော့ ဖုန်းမှာ မြန်မာစာ ထည့်သွင်းဖို့ ကီးဘုတ်မှ 1 ကို သာ ရိုက်ထည့်လိုက်ပါ။ ဆော့ဝဲလ်မှာ 1 = Install , 2 Uninstall

ဖုန်းမှာ မြန်မာစာ ထည့်သွင်းပြီးရင်တော့ အော်တို Restart ကျသွားပါတယ်။ ပြန်တက်လာရင်တော့ မြန်မာစာ ၁၀၀ ရာနှုန်း မှန်ကန်နေပါပြီ။


၅) မြန်မာစာ ဖုန်းမှာ ရှိသော်လည်း စာတော့ ရိုက်နိုင်အုံးမှာ မဟုတ်သေးပါဘူး။

မြန်မာစာ ရိုက်နိုင်အောင် ဖရီးရရှိသော Frozen Keyboard လေး သွင်းလိုက်ပါ။

ဒီနေရာလေး  မှာ Frozen Keyboard လေး တင်ပေးထားပါတယ်။ ကျွန်တော် တင်ပေးထားတာ ဖရီးဗားရှင်းပဲ ဖြစ်ပါတယ်။

ပရိုဗားရှင်ကို ကျွန်တော်မျှဝေမှာ မဟုတ်ပါဘူး။


၆) စာရိုက်နိုင်အောင် Phone > Keyboard and Language မှာ Frozen Keyboard လေးကို အမှန်ခြစ်လေး တပ်ပေးလိုက်ပါနော့်။


အဆင်ပြေပါစေနော်.................


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

2 comments:

  1. smkingpad e329 cdma က simcard ကိုမသိဘူးဖြစ်နေတယ်firmwareကလည်းdownမရဘူးကူညီပါဦးအစ်ကို

    ReplyDelete
  2. Please Wait! I will try to you................

    Thank your support!

    ReplyDelete