Showing posts with label (k) ကွန်ပျူတာ ဗဟုသုတများ. Show all posts
Showing posts with label (k) ကွန်ပျူတာ ဗဟုသုတများ. Show all posts

Saturday, January 31, 2015

Microsoft Windows OS Lists




















Microsoft Company မှ အဓိက ထုတ်ကုန်များကို သိသလောက်ဖော်ပြပေးလိုက်မယ်နော့်။


Microsoft Corporation v  Xenix (licensed version of Unix; licensed to SCO in 1987) v  MSX-DOS (developed by MS Japan for the MSX 8-bit computer) v  MS-DOS (developed jointly with IBM, versions 1.0-6.22)

    Windows 1.0 (Windows 1 - Based on Visi On) April 30, 1985

    Windows 2.0 (Windows 2) December9, 1987

    Windows 3.0 (Windows 3 - Is the first version of Windows to make substantial commercial impact) May 22, 1990

    Windows 3.1x (Windows 3.1) March 18, 1992

    Windows 3.2 (Chinese -only release) November 19, 1992

    Windows for Workgroups 3.11 January 21, 1993

    Windows 95 (Codename Chicago - Windows 4.0) August 24, 1995

    Windows 98 (Codename Memphis - Windows 4.1) June 25, 1998

    Windows Millennium Edition (Windows Me - Windows 4.9) September 14, 2000



Windows NT (Full 32-bit kernel, not dependent on MS-DOS)

    Windows NT 3.1 July 27, 1993

    Windows NT 3.5 September 21, 1994

    Windows NT 3.51 May 30, 1995

    Windows NT 4.0 July 31, 1996

    Windows 2000 (Windows NT 5.0), February 17, 2000

    Windows XP (Windows NT 5.1) October25, 2001

    Windows Server 2003 (Windows NT 5.1) April 24, 2003

    Windows Fundamentals for Legacy PCs (based on Windows XP) July 8, 2006

    Windows Vista (Windows NT 6.0) January 31, 2007

    Windows Azure (based on Windows Vista) 2009

    Windows Home Server (based on Windows Server 2003) February 28, 2008

    Windows Server 2008 (based on Windows Vista) February 28, 2008

    Windows 7 (Windows NT 6.1) October 22, 2009

    Windows Server 2008 R2 (based on Windows 7) October 22, 2009

    Windows Home Server 2011 (based on Windows Server 2008 R2) April 6,2011

    Windows Server 2012 (based on Windows 8) September 4, 2012

    Windows 8 (Windows NT 6.2) October 26, 2012



Windows CE (OS for handhelds, embedded devices, and real-time applications that is similar to other versions of Windows) November, 1996

    Windows CE 3.0 December 25, 2002

    Windows CE 5.0 February 27, 2004

    Windows CE 6.0 May 5, 2004

    Windows Mobile (based on Windows CE, but for a smaller from factor) April 14, 2005

    Windows Phone October 21, 2010

    Windows Phone 8 October 2012


Windows CE ကိုတော့ Touch Screen Computer, Tablet PC and Smart Phone တွေမှာ အသုံးပြုပါတယ်ခင်ဗျာ။


အခုနောက်ဆုံး Microsoft ထုတ်ကုန်ကတော့ Windows 10 ပေါ့ဗျာ။ ကျွန်တော်လည်း မသုံးကြည့်ရသေးပါဘူး။

Features အသစ်တွေနဲ့ လန်းတာက လန်းမှာပေါ့နော့်။



Credit: All Supporters



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )             www.htarwaiethar.org

Saturday, January 3, 2015

Sever အကြောင်း
























ဆာဗာ၊ ဆာဗာနဲ့ ပြောနေလိုက်ကြတာ တော်တော်များများ စိတ်ဝင်စားကြမှာ အမှန်ပါပဲ။ ဉပမာ ဝက်ဆိုဒ် တစ်ခုဝင်လို့ မရတဲ့အခါ လူတစ်ယောက်သွားမေးတော့ " အဲ့ဒါ ဆာဗာဒေါင်းနေတယ်ကွာ" လို့ ဖြေတယ်လေ။ နားမလည်တဲ့ အချိန်တုန်းက ဆာဗာဒေါင်းတယ်ဆိုတာ နားထဲကို ကန့်လန့် လိုက်ဝင်ပါတယ်။ ကဲ့ တည့်လိုက်ရအောင်။ အင်တာနက် အသုံးပြုတဲ့ လူတိုင်း နားလည်အောင် အလွယ်ကူဆုံးနည်းနဲ့ ရှင်းပြပါမယ်။ အဲ့ဒီဆိုဒ်တစ်ခု ဖွင့်မရတာ ဆာဗာဒေါင်းတယ်ဆိုတာက Web Sever ကို ပြောတာပါ။ ဆာဗာမှာတောင် အမျိုးမျိုး ကွဲသေးတယ်လေ။ စလိုက်ကြရအောင်။


Sever အဓိပ္ပါယ်
----
ကွန်ပျူတာကွန်ယက်များအား ချိတ်ဆက်၍ သတင်းအချက်အလက်ပေးပို့ပေးခြင်း၊ သိမ်းဆည်းထားပေးခြင်း တို့ ပြုလုပ်ပေးသော ကွန်ပျူတာ စနစ်ကို Sever လို့ ခေါ်ပါတယ်။ အလွယ်ကူဆုံး ပြောပြပါမယ်။ ခုနေ ရုံးအကြီးအစား တစ်ခုကို သွားရင် သူ့မှာ စာရွက်စာတန်းတွေ ထိန်းထားတဲ့ နေရာ တစ်ခုတော့ ရှိမှာပဲလေ။ ဂိုထောင်တစ်ခုနဲ့ သီးသန့် ထားကြပါတယ်။ ဆေးရုံမှာဆို ပိုအရေးကြီးပါတယ်။ အခန်းကြီးတစ်ခုထဲမှာ။ ဘယ်နေ့က ဘယ်လူနာ၊ ဘယ်နေ့က ဘယ်ဆေးတိုက်၊ ဘယ်သူဆင်း၊ ဘယ်သူသေ၊ ဘယ်သူတက်၊ ဆေးရုံအသုံးစရိတ် ဘယ်လောက်၊ ဝန်ထမ်းအင်အား ဘယ်လောက် အစရှိသဖြင့် အချက်လက်အားလုံးကို ဂိုဒေါင်တစ်ခုမှာ သိမ်းထားပါတယ်။ လိုအပ်တဲ့ အခါကျ ဂိုဒေါင်မှာ ဖိုင်စရင်း အတိအကျကို ထုတ်ယူလို့ရအောင် စနစ်တကျ သေသေသပ်သေပ် ထည့်ထားပါတယ်။ ဟုတ်ကဲ့။ အဲ့အချက်လက် အားလုံးကို ကွန်ပျူတာ တစ်ခုထဲမှာပဲ ထည့်ပြီး ကွန်ပျူတာကနေ လိုသလို ထုတ်သုံးမယ်။ နောက်ထပ် ကွန်ပျူတာ တစ်ခုစီ ရောက်အောင်လည်း ရုံတွင် Network နဲ့ ပို့ပေးနိုင်မယ်ဆိုရင် ယင်းကွန်ပျူတာ ဆာဗာအနေနဲ့ အလုပ်လုပ်နေပါပြီ။ ဒီတော့ သူ့ကို Database Sever လို့ အကြမ်းဖျဉ်း သတ်မှတ်နိုင်ပါတယ်။


Sever မှာ ဘယ်လို အလုပ်လုပ်လဲ
----
သာမာန် ဂိုဒေါင်းတစ်ခုမှာတောင် Store Keeper ဆိုပြီး သီးသန့်ခန့်ရတယ်လေ။ ဒိတော့ ဆာဗာ တန်းဝင်နိုင်ဖို့အတွက် ဆာဗာ လုပ်မယ့် ကွန်ပျူတာမှာ Sever Operating System ကို ထည့်ထားရပါတယ်။ အချို့ကျတော့ ဂိုဒေါင်ဝန်ထမ်းမထားချင်ဘူး။ အချက်လက်ကလည်းနည်းတော့ အဆင်ပြေသလိုထားတယ်။ ဟုတ်ကဲ့ ကွန်ပျူတာမှာလည်း ကိုယ်ထောက်ပံ့၊ မျှဝေ၊ သိမ်းဆည်းရမယ့် အချက်လက်တွေ သိပ်မများဘူးဆိုရင် အချို့ကျတော့ Sever Operating System မသုံးပါဘူး။ သုံးတယ်ဆိုရင် ရွေးစရာက အများကြီးပါ။ Linux Sever OS သုံးမလား၊ Windows လား၊ Mac လား အစရှိသဖြင့်ပေါ့ဗျာ။ Sever OS ဆိုလို့ ဘာများလည်းလို့ အတွေးနက်မသွားပါနဲ့။ သူက ဂိုဒေါင်တစ်ခုလို တာဝန်ထမ်းပေးမဲ့ ကွန်ပျူတာကို အကောင်းဆုံး ဝန်ဆောင်မှုပေးမဲ့ OS ပါ။ တော်ရုံ OS က မလုပ်နိုင်တာတွေ လုပ်ပေးသွားမှာလေ။


Sever အမျိုးအစားများ
----
Web Sever Website, Data and Information များအား သိမ်းဆည်းပေးနိုင်မှု၊ စေခိုင်းမှု ပြန်လည် အကြောင်းကြားပေးဖို့ အလုပ်လုပ်ပါတယ်။ ဉပမာ ကျွန်တော်က ဝက်ဆိုဒ်တစ်ခု ထောင်လိုက်ပါတယ်။ ထောင်တယ်ဆိုလို့ နို့ဆီဗူးထောင်သလိုမျိုး ထောင်လိုက်တာ မဟုတ်ဘူးနော့်။ ဆိုဒ်တစ်ခု ပရိုဂရမ်နဲ့ ဆွဲပြီး အင်တာနက်မှာ လွင့်ပါတယ်။ ဒီလိုလွင့်ဖို့အတွက် ယင်းအချက်အလက်တွေကို ဘယ်မှာ သိမ်းမလည်းက ရှိလာမယ်။ ဉပမာ ခုနေ စာဖတ်သူတို့ Facebook ပေါ်မှာ ပုံတွေ တင်ကြတယ်။ အဲ့ပုံတွေ ဘယ်ရောက်သွားလဲ့။ Facebook က အစ်ကိုတွေ၊ အစ်မတွေပဲ အလှဆုံးပုံတွေ ရွေးလို့ ဝိုင်းကြည့်နေကြမယ်လို့ ထင်နေလား။ အမှန်တော့ ပို့သမျှပုံတွေကို Sever မှာ ထည့်သိမ်းပါတယ်။ အချက်လက် သိမ်းဆည်းပြီး Hard Disk အကြီးစားပါပဲ။ Google ဆိုရင် ကမ္ဘာ့အကြီးဆုံး Data Centre တောင်ပိုင်ပါတယ်။ Web Sever အနေနဲ့ Website ရဲ့ အချက်လက်များကို သိမ်းဆည်းပေး၊ Command လက်ခံပေး ပြန်လည် အကြောင်းကြားပေး အစရှိသဖြင့် အလုပ်လုပ်ပါတယ်။ Web Sever အကြောင်းနောက်မှ သက်သက်ရှင်းပါမယ်။


Application Server – Software app များအား အလုပ်လုပ်ရန် ဝန်ဆောင်မှုပေးသော ဆာဗာ

Catalog Server – Network ပေါင်းများစွာမှာ အချက်လက်များကို အလွယ်တကူ စီးကူးစေရန် Central Search Point အဖြစ်ဝန်ဆောင်မှုပေးသော ဆာဗာ

Communication Server - တယ်လီဖုန်း တို့ကဲ့သို့သော ဆက်သွယ်ရေးအတွက် အသုံးပြုသော ဆာဗာ

Database server - ကွန်ပျူတာ ဂရိုဂရမ်နှင် ကွန်ပျူတာများအား သတင်းအချက်လက်များအား သိမ်းဆည်းပေးသော ဆာဗာ

Fax server – Fax ဝန်ဆောင်မှုပေးသော ဆာဗာ

File server - ဖိုင်များ အပေးအယူ၊ အကူးအပြောင်း ပြုလုပ်ပေးသော ဆာဗာ

Game server - ဗီဒီယိုဂိမ်း ဂရိုဂရမ်နှင့် User များအား ထောက်ပံ့ပေးသော ဆာဗာ

Home Server - အိမ်များအတွက် ဆာဗာ

Name Server - ဝက်ဆိုဒ်လိပ်စာ DNS များအား သိမ်းဆည်းဝန်ဆောင်မှုပေးသည် ဆာဗာ

Print Sever ( Printer ဝန်ဆောင်မှုအတွက် ဆာဗာ )၊ Proxy Sever ( မတူညီသော Sever များ ချိတ်ဆက်နိုင်ရန် ကြားခံ ဆက်သွယ်ပေးသော Sever, Sound Sever ( ရေဒီယိုတို့ကဲ့သို့ Multimedia broadcasting, Streaming များအတွက် အလုပ်လုပ်ပေးသော ဆာဗာ)၊ Stand-Alone Sever, Computer Sever အစရှိသဖြင့် အမျိုးမျိုး ထပ်ကွဲပါတယ်။ အချို့ကျတော့ Sever တစ်ခုချင်စီ မခွဲပဲ သုံးလေးမျိုးကို ဆာဗာ တစ်လုံးတည်းနဲ့ လုပ်လို့ရအောင် ဖန်တီးပေးပါတယ်။ နောက်မှ ဆာဗာ တစ်ခုချင်းစီအကြောင်း အသေးစိတ် ရှင်းပြပါမယ်။


Sever မှာ ဘာတွေပါလဲ
----
ဆာဗာမှာ ဂရိုဂရမ်အနေနဲ့ Sever OS ပါရမယ်လို့ ပြေားပြီးသွားပြီ။ ( မပါလည်း ကိစ္စမရှိဘူးနော့် )။ Hardware ပစ္စည်အနေနဲ့ကတော့ Memory ( အချက်လက် သိမ်းဆည်းထားမယ် ပစ္စည်း ) လိုအပ်ပါတယ်။ Google တို့လို ကုပ္မဏီကြီးကတော့ Data Centre ဟဲဗီးကြီးသုံးပြီး သူ့ကို Run ဖို့အတွက် သီးသန့် Data Centre Sever OS တောင် သက်သက် သုံးရပါတယ်။ အေးအောင်လည်း အမြဲလုပ်ပေးရပါတယ်။ ဒါမှ ဆာဗာ မဒေါင်းမှာလေ။ တစ်မိနှစ်ဒေါင်းရင် Google ဆုံးရှုံးမယ့် ငွေက ကန်ဒေါ်လာ သန်းထောင်ချီမှာပါ။
သူ့ကိုမှီနေတဲ့ ကုပ္မဏီတွေက နိုင်ငံတိုင်းမှာ ရှိနေလို့ ဖြစ်ပါတယ်။ ဟုတ်ကဲ့ ဒီတော့ Sever မှာ အချက်အလက် သိမ်းဆည်းပေးမဲ့ Hardware ၊ Sever အလုပ်လုပ်ရန် စီမံခန့်ခွဲပေးမဲ့ Software တို့ကို လိုအပ်ပါတယ်။


Sever တို့ ဘယ်လိုအလုပ်လုပ်လဲ
----
သာမာန်ကွန်ပျူတာပဲလေ။ Mail Sever ဆိုပါစို့။ ကျွန်တော်က Gmail တစ်စောင် ရေးလို့ ပို့လိုက်ပြီ။ Mail Sever ထဲရောက်ပြီး အဲ့အီးမေးလ်ကို စစ်ပေး၊ ဘယ်ကိုပို့ရမယ်ဆိုတာ သေသေချာချာ ပြန်ကြည့်ပြီး ပို့ရမဲ့ လိမ်စာ၊ နေရာ၊ နိုင်ငံ၊ အင်တာနက် လိုင်းကို စီးကူးပေးလိုက်ပါတယ်။ ဒါတွေအားလုံးက တစ်မိနှစ်အတွင်းမှာ ဖြစ်သွားတာနော့်။ အင်တာနက်မြန်ရင် စက္ကန့်နဲ့တောင် ဖြစ်တယ်။ Game Sever ဆိုရင်လည်း ဘယ်သူတွေ Login ဝင်ထားလဲ့။ ဘယ်သူတွေ ဘာလုပ်နေလဲ။ သူကတော့ ဘာအချက်လက်တွေ ပို့လိုက်ပါပြီ။ ဟိုဘက်ကို ဘာအချက်လက် ပြန်ပို့ပေးရမယ်။ အစရှိသဖြင့် တော်တော် အလုပ်ရှုပ်ပါတယ်။ သူ့ရဲ့ Data စီးဆင်းမှုကလည်း အတော်ကို မြန်ဆန်ပါတယ်။ Facebook ဆိုရင် Web Sever ပေါ့။ ကျွန်တော်တို့က LogIn ဝင်ရင် ဘယ်သူက ဘယ် IP နဲ့ ဝင်လာတယ်။ ဘယ်ဖိုလ်ဒါကို ပို့ပေးရမယ်။ ဘာတွေ ပြန်ပို့ပေးရမယ်။ အစရှိသဖြင့် အလုပ်ရှုပ်ပါတယ်။ဝက်ဆိုဒ်တစ်ခုအနေနဲ့ လူဘယ်နှစ်ယောက်ကြည့်ပြီးရင် ဒေါင်းတယ်ဆိုတာ Sever ကိုယ်ရတဲ့ Memory နဲ့ ဆိုင်ပါတယ်။ IP ဘယ်လောက်ပဲ ဝင်သုံးလို့ ရမယ်လို့ ကန့်သတ်ထားပါတယ်။ User များရဲ့ ဝင်ရောက်ကြည့်ရှု အသုံးပြုမှု အရေအတွက် တစ်ခုရောက်လို့ Memory ကျော်သွားရင် Sever အလုပ်လုပ်မှာ ရပ်ပါတယ်။ ပြီးတော့ မိမိ ဝက်ဆိုဒ်မှာ အချက်လက်တွေ တင်တာ သတ်မှတ်ချက်ထက် ကျော်လွန်သွားရင်လည်း ဒေါင်းပါတယ်။ အချက်လက် ဘယ်လောက်ပဲ ထည့်ဖို့ Sever မှာ Memory Space ဘယ်လောက် ဝယ်ထားတယ်ဆိုတာမျိုးပေါ့။ Domain Name Sever ဆိုရင်လည်း ဘယ်ဝက်ဆိုဒ် လိပ်စာ ဘယ် IP ကတော့ Register လုပ်လိုက်ပြီ။ ငါ ဒီ IP နဲ့ လိပ်စာကို အခြားလူပေးလို့ မရတော့ဘူး။ အစရှိသဖြင့် DNS က အလုပ်လုပ်ပါတယ်။ အခုနေ www.facebook.com နဲ့ ဆိုဒ်တစ်ခု ရလာ Register လုပ်ကြည့်လေ။ ယင်းအမည်ကို DNS မှာ Register လုပ်ထားပြီးပြီးမို့ နောက်လူတွေ လုပ်ယူလို့ မရတော့ပါဘူး။ ဒါက ရှင်းရရင် အများကြီး ရှိပါသေးတယ်။ နောက်မှ ရှင်းပါ့မယ်။ Sever ကို သာမာန်ကွန်ပျူတာနဲ့ မလုပ်ရခြင်းက အကြောင်းနှစ်ချက် ရှိပါတယ်။ တစ်ခုက ၂၄ နာရီ အလုပ်လုပ်ရန် သာမာန်ကွန်ပျူတာက မသင့်တော်ခြင်းနဲ့ သတင်းအချက်အလက် အမြောက်များစွာကို လုံခြုံစွာ သိမ်းဆည်းမပေးနိုင်ခြင်းတို့ကြောင့်ပါ။ ဒါကြောင့် Sever ဆိုပြီး သီးသန့် စက်ကြီးတွေနဲ့ Run ရပါတယ်။


နိဂုံးချုပ်။။။။။။။။။။။။။။။
----
ဒီလောက်ဆိုရင် Sever ဆိုတာ ဘာကို ခေါ်တယ်။ ဘယ်လိုကွဲတယ်။ ဘယ်လို အလုပ်လုပ်တယ်ဆိုတာ အကြမ်းဖျင်း သိပြီလို့ ယုံကြည်ပါတယ်။ နောက်မှပဲ လိုအပ်ရင် အချက်လက်တစ်ခုစီကို အသေးစိတ်ရှင်းပြသွားပါမယ်။


Credit::  Origin Writer/ Supporters


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )             www.htarwaiethar.org

AutoRun ဆိုတာဘာလဲ
























AutoRun ဆိုတာကတော့ လွယ်လွယ်ပြောရရင် Computer Program တစ်ခုကို အလိုအလျှောက်လုပ်ဆောင်နိုင်ရန် ရေးထားသော ဖိုင်တစ်ခု ဖြစ်ပါတယ်။ ဉပမာ A.exe ဆိုသော ပရိုဂရမ်ကို USB or CD/DVD တို့မှ ကွန်ပျူတာသို့ ချိတ်ဆက်လိုက်သော အခါ ထို Device များထဲမှ အသက်ဝင်စေချင်သော ဖိုင်များကို အကြမ်းဖျဉ်း Open=A.exe ဆိုပြီး ရေးသည့်အတွက်အကြောင့် ကွန်ပျူတာမှ AutoRun Services ဖွင့်ထားသည့်အခါ အလိုအလျှောက် လုပ်ဆောင်နိုင်ပါသည်။ အဲ့ဒီ AutoRun ဖိုင်တွေထဲမှာ

[autorun]
icon=H41.ico
label=H4RR15
open=A.exe
action=Click ok to run patch update for windows
shell\open\command=A.exe

(OR)

shell=start shell\start\command=path/A.exe
shell\start=Run Application
shell\read\command=notepad.exe files\readme.txt
shell\read=open readme.txt


စဖြင့် Shell Command များဖြင့် တွဲရေးထားတာမျိုးလည်း ရှိပါတယ်။ ဆိုလိုချင်တာက မည်သည့် Virus မဆို တစ်ဉီးတစ်ယောက်တည်း ( ဗိုင်းရပ်စ်) က ဘယ်လိုမှ မလုပ်ဆောင်နိုင်ပါဘူး။ သူ့ကို(ဗိုင်းရပ်စ်) အသက်ဝင်ဖို့အတွက် ဗိုင်းရပ်စ်ဖိုင်နှင့်အတူ AutoRun File တစ်တွဲတည်းထားမှ ( ကွန်ပျူတာမှာ AutoPlay Policy မှာလည်း AutoRun Services ပွင့်နေရမှာ ဖြစ်ပါတယ်။ ) USB/CD-DVD Devices များမှ တစ်ဆင့် ကွန်ပျူတာကို ချိတ်ဆက်လိုက်သော အခါမှာ အလိုလျှောက်လုပ်ဆောင်မှာ ဖြစ်ပါတယ်။

အဆုံးသတ်လိုရင်းကို ပြောရသော် ကွန်ပျူတာ အသုံးပြုသူတိုင်း မိမိကွန်ပျူတာမှာ Group Policy Editor ထဲမှာ AutoRun Services ကို ပိတ်ထားသင့်ပါတယ်။ ဒါမှလည်း သင့်စက်ထဲကို သင်ကိုယ်တိုင် ဗိုင်းရပ်စ်ကို Double Click မနှိပ်မချင်း ဗိုင်းရပ်စ် ဝင်နိုင်ဖို့ အခြေနေက 25 % လောက်သာရှိပါလိမ့်မည်။


Credit: Origin Writer/Supporters


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )         www.htarwaiethar.org

Wednesday, December 31, 2014

DirectX ဆိုတာ


























DirectX ဆိုတာဘာလဲတဲ့။ အခု မသိသေးသောသူများလဲ သိရလေအောင် ဒါကို သဘောပေါက်လောက်အောင် ပြောပေးလိုက်ပါတယ်။ DirectX ဆိုတာ Microsoft က ဖန်တီးပေးထားတဲ့ API ( Application Programming Interface ) အစုအဝေးတစ်ခုပါ။ Microsoft က Low-Level Programming အသေးစိတ်ကို လုပ်ဆောင်ပေးထားပြီး application programmer တွေက အဲ့ဒီ API တွေကို သူတို့ရဲ့ multimedia နဲ့ game program တွေမှာ စိတ်တိုင်ကျ ယူသုံးနိုင်ပါတယ်။ နာမည်ကြီး Microsoft Windows Operating System တွေမှာ DircetX ကို တစ်ခါတည်းထည့်ပေးလိုက်လေ့ရှိပါတယ်။ New Version ကိုလည်း နောက်ပိုင်းမှာ ထပ်ပြီး Install လုပ်လို့လည်း ရပါတယ်။ Direct API တွေက Multimedia and Game Application Developer တွေကို Hardware Devices တွေနဲ့ ဆက်သွယ် လုပ်ဆောင်ဖို့နေရာမှာ Low-Level Interface တွေရဲ့ အစားထိုးအနေနဲ့ အသုံးပြုခွင့်ပေးနိုင်ဖို့အတွက် Design လုပ်ထားတာ ဖြစ်ပါတယ်။ Game Developer ( Programmer ) တွေ အနေနဲ့ Hardware တွေရဲ့ အသေးစိတ်ကို သိစရာမလိုပဲ၊ Hardware Specific Codes တွေကို ရေးနေစရာမလိုပဲနဲ့ Direct API ကို သိရုံနဲ့ Hardware တွေနဲ့ တိုက်ရိုက်နီးပါ ချိတ်ဆက် အလုပ်လုပ်ရတာပေါ့။

DirectX က ဘာလို့ လိုအပ်လာရတာလဲလို့ ဆိုရင် DOS ခေတ်မှာကတည်းက Programmer တွေဟာ အမျိုးမျိုးသော Game တွေကို ရေးခဲ့ကြပါတယ်။ အဲ့ဒီအချိန်တုန်းက Game Developer တွေဟာ Hardware Device တစ်ခုခြင်းစီအတွက် အဲ့ဒီ Device ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို အပြည့်အဝ အသုံးချနိုင်ဖို့အတွက် အသေးစိတ် Hardware Specific Controlling Code တွေကို ရေးပေးဖို့ လိုပါတယ်။ ဒါမှလည်း Game ရဲ့ Performance က ကောင်းကောင်း ရမှာပါ။ အဲ့ဒီလို Hardware Specific Code တွေကို ရေးနိုင်ဖို့အတွက် Game Developer တွေဟာ Device တစ်ခုချင်းစီရဲ့ အချက်လက်တွေကို နားလည်သိနေဖို့လည်း လိုပါတယ်။ Game Developer တွေအတွက် အဲ့ဒီအချက်ဟာ အခက်အခဲ တစ်ခု ဖြစ်စေပါတယ်။ ဘာလို့လည်းဆိုတော့ အဲ့ဒီအချိန်တုန်းက Hardware Device ထုတ်လုပ်သူတွေ ( ဉပမာ Graphic Card , Sound Card ဆိုပါတော့ ) ကြားမှာ သတ်မှတ်ထားတဲ့ သဘောတူ ကိုက်ညီမှုရှိတဲ့ Standard ဆိုတာ မရှိသေးပါဘူး။ ဒီတော့ Game Developer တစ်ယောက်က သူ့ Game ကို စျေးကွက်ထဲမှာ ရှိနေသမျှ Hardware တွေနဲ့ အလုပ်လုပ်ဖို့ဆိုရင် Hardware အားလုံးအတွက် Specific Code အမျိုးမျိုးတွေကို သူ့ Game ထဲ့မှာ ထည့်ရေးပေးနိုင်ဖို့ လိုပါတယ်။ ဒါဟာလည်း Game Developer တစ်ယောက်အတွက် ကြီးမားတဲ့ အခက်ခဲ့ တစ်ခုဖြစ်စေပါတယ်။ ဒါပေမဲ့ ဒီနည်းပဲ ရှိတဲ့အတွက် သူတို့မှာ ရွေးချယ်စရာ လမ်းမရှိပါဘူး။ ဒါကြောင့် အဲ့ဒီအချိန်တုန်းက Game တစ်ခုဟာ Hardware အကန့်အသတ်နဲ့ပဲ အလုပ်လုပ်နိုင်လေ့ ရှိပါတယ်။ ဒါကြောင့် Game Developer တွေကြားမှာ အမျိုးမျိုးသော Hardware Brands တွေအတွက် အားလုံးနဲ့ အလုပ်လုပ်နိုင်မဲ့ Standard Interface တစ်ခုကို မျှော်လင့်ခဲ့ကြပါတယ်။ ဒါမှလည်း High-Level Application Programmer တွေအတွက် Hardware Specific Code တွေကို ရေးဖို့ ထွက်လာတဲ့ အဲ့ဒီ DirectX 1 မှာ ကန့်သတ်ချင်တွေ၊ အားနည်းချက်တွေ အများကြီးရှိနေပါတယ်။ ဒါပေမဲ့ DirectX 1 က Developer တွေအတွက် သူတို့ရဲ့ Application တွေနဲ့ ဆက်သွယ်လုပ်ဆောင်ရတာ အရမ်းကို လွယ်ကူသွားစေခဲ့ပါတယ်။ ဒါကြောင့် ပထမဆုံးထွက်လာတဲ့ DirectX 1 မှာ ကန့်သတ်ချက်တွေ Hardware တွေကို Support လုပ်တဲ့နေရာမှာ အားနည်းချက်တွေ ရှိတွေပေမဲ့ Microsoft ရဲ့ ဒီကြိုးပမ်းမှုဟာ Game နဲ့ Multimedia Industry အတွက် အရေးပါတဲ့ Point တစ်ခုဖြစ်လာခဲ့ပါတယ်။ အဓိက ကတော့ Game Developer တွေအတွက် အမျိုးမျိုး Hardware Devices တွေနဲ့ ဆက်သွယ်လုပ်ဆောင်တဲ့နေရာမှာ အရမ်းကို လွယ်ကူစေခဲ့ပါတယ်။

DirectX ကို ဖန်တီးတဲ့နေရာမှာ Microsoft က နောက်ပိုင်းမှာ ပိုပြီး အဆင့်မြင့်တဲ့ နည်းပညာတွေ ပေါ်လာရင် အသစ်သစ်တွေ ထပ်ပေါင်းထည့်နိုင်ဖို့၊ အဲ့လိုရှိပြီးသာ DirectX ပေါ်မှာနောက်ထပ် Function အသစ်တွေ ထပ်ပေါင်းထည့်တဲ့နေရာမှာ Backward Compatibility လို့ခေါ်တဲ့ အဟောင်းတွေနဲ့ ကိုက်ညီမှုလည်း ရှိစေဖို့အတွက် စဉ်းစားပေးခဲ့ပါတယ်။ သဘောက DirectX 7 ကို အသုံးပြုပြီး ဖန်တီးထားတဲ့ Game တစ်ခုကို အသစ်ပေါ်နေတဲ့ DirectX 9 နဲ့ အလုပ်လုပ်ရင် ဘာပြဿာနာမှ မရှိအောင်ပေါ့။ အဲ့ဒီလို ဖြစ်စေဖို့အတွက် Microsoft က DirectX ကို COM ( Component Object Model ) လို့ခေါ်တဲ့ နည်းပညာ အပေါ်မှာ အခြေခံ တည်ဆောက်ခဲ့ပါတယ်။ COM နဲ့ တည်ဆောက်ထားတာတဲ့ Software Object တွေဟာ တစ်ခြား Programmer တွေက သူတို့ကို အသုံးပြုနိုင်ဖို့အတွက် Interface တွေကို အသုံးပြုကြပါတယ်။ အဲ့ဒီ Interface တွေထဲမှာ Programmer တွေက ပါလာရင်တောင်မှာ အရင် Interface အဟောင်းတွေကို လုံးဝလုံးဝ အလုပ်လုပ်ပေးနိုင်ပါတယ်။ COM Object နည်းပညာကို အသုံးပြုတဲ့ နောက်ထပ်ကောင်းတဲ့ အချက်က COM Object တွေဟာ သူတို့ကို ဘယ် Programming Language ကနေမဆို လှမ်းခေါ်ပြီး သုံးလို့ရပါတယ်။ ကန့်သတ်ချက် မရှိပါဘူး။ ( COM အကြောင်းသိချင်ရင် စာအုပ်တွေရှိပါတယ်။ လေ့လာကြည့်ပါ )

လက်ရှိ DirectX နည်းပညာကို Layer နှစ်ခုနဲ့ တည်ဆောက်ထားပါတယ်။ API Layer နဲ့ HAL ( Hardware Abstraction Layer ) တွေလို့ ခေါ်ပါတယ်။ Game Developer တွေနဲ့ Programmer တွေနဲ့ ဆက်သွယ်ဖို့အတွက် API Layer နဲ့ပဲ ဆက်သွယ်ဖို့ လိုပါတယ်။ API Layer ကမှ HAL နဲ့ ဆက်သွယ်ပြီး Hardware တွေနဲ့ တိုက်ရိုက်ချိတ်ဆက်မှာ ဖြစ်ပါတယ်။ ဒီတော့ တွေးကြည့်ရင် HAL က Hardware တွေနဲ့ တိုက်ရိုက်ဆက်သွယ်ရမှာ ဆိုတော့ သူက Hardware တွေအတွက် DirectX HAL နဲ့ ကိုက်ညီမှုရှိတဲ့ Device Driver တွေကို ဖန်တီးပေးကြပါလိမ့်မယ်။ DirectX Compatible Hardware ဆိုတာ အဲ့ဒါမျိုးတွေပေါ့။ ဒါကြောင့် ကျွန်တော်တို့က DirectX Game တစ်ခုကို ဖန်တီးတော့မယ်ဆိုရင် HAL နဲ့ တိုက်ရိုက်ဆက်သွယ်စရာ မလိုပါဘူး။ DirectX Version အဟောင်းမှာတုန်းက HEL ( Hardware Emulation Layer ) ဆိုတာ သုံးခဲ့ပါသေးတယ်။ အခု နောက်ပိုင်း Version တွေမှာ မသုံးတော့ပါဘူး။ ဒါကြောင့် အဲ့ဒါအကြောင်းကို အသေးစိတ်မပြောတော့ဘူးနော့်။ နောက်ပိုင်း DirectX Version တွေမှာ HEL အစား Pluggable Software Device ဆိုတဲ့ နည်းပညာ အစားထိုးခဲ့ပါတယ်။ အဲ့ဒါနဲ့ ပက်သက်ပြီး အသေးစိတ်သိချင်ရင် DirectX Device Driver Kit ( DDK ) မှာပါတဲ့ Decoumentation ကိုပဲ ဖတ်ကြည့်ပါနော့်။ ဗားရှင်းမြင့်လာလေလေ ပေးအပ်ထားတဲ့ လုပ်နိုင်စွမ်းလည်း များများလာလေ ဖြစ်ပါတယ်။ နောက်ဆုံးထွက် DirectX Version နဲ့ အလုပ်လုပ်နိုင်ဖို့အတွက် အဲ့ဒီ DirectX ကို Support လုပ်တဲ့ Hardward တော့ ဖြစ်ရပါမယ်။ ဉပမာ- Nvidia Geforce 4 Ti နဲ့ Geforce Fx (5) က မြန်နှုန်းCore Speed အတူတူပါပဲ။ ဒါပေမဲ့ Geforce 4 Ti က DirectX 8 ကိုပဲ Support လုပ်ပြီး Geforce FX တွေက DirectX 9 Interface တွေကို ကောင်းကောင်း Support လုပ်ပါတယ်။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် DirectX 9 ကိုသုံးပြီး ဖန်တီးထားတဲ့ Application တွေကို Run မယ်ဆိုရင် Geforce FX က Geforce 4 ထက်ပိုကောင်း၊ ပိုတိကျတဲ့ ပုံရိပ်တွေကို ရမှာ အသေချာပါပဲ။ အဲ့လောက်ဆို သဘောပေါက်လောက်မယ် ထင်ပါတယ်နော့်။


Credit : Origin Writer



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )           www.htarwaiethar.org

Wednesday, October 1, 2014

Window 10 အကြောင်း သိထားသင့်သည့် အချက် (၉) ချက်























Windows 8 နှင့် ပတ်သက်ပြီး ဝေဖန်သံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပြီးနောက် Windows 10 ဟုခေါ်သည့် Windows operating system သစ်ကို အင်္ဂါနေ့က ပြုလုပ်ခဲ့သည့် ပွဲတစ်ခုတွင် Microsoft က မိတ်ဆက်ပေးခဲ့သည်။ ထို့ကြောင့် Microsoft ၏ နောက်ဆုံးခြေလှမ်းသစ်ဖြစ်သော Windows 10 နှင့် ပတ်သက်၍ သိရှိထားသင့်သည့် အချက်များကို ဖော်ပြလိုက်ပါသည်။
 
(၁) Windows 10 ကို ဘယ်အချိန် upgrade လုပ်နိုင်မလဲ။ ဘယ်လောက် ကုန်ကျမလဲ။

Microsoft သည် Windows 10 ကို ၂၀၁၅ ခုနှစ် ဧပြီလတွင် ကျင်းပမည့် Build developer conference နောက်ပိုင်း ဖြန့်ချိဖွယ်ရှိသည်။ အကယ်၍ Windows 10 ကို စမ်းသပ် အသုံးပြုလိုပါက အောက်တိုဘာ ၁ ရက်မှ စတင်ကာ Windows Insider Program (http://preview.windows.com) တွင် sign up လုပ်ပြီး preview build ကို အသုံးပြုနိုင်သည်။ လက်လီရောင်းချမည့် Windows 10 ဗားရှင်း၏ စျေးနှုန်းများကို မသိရှိရသေးပေ။

 


(၂) Windows 9 ကို ကျော်ပြီး Windows 10 ကို ဘာကြောင့် မိတ်ဆက်ခဲ့သလဲ။

သုံးစွဲသူများ အနေဖြင့် Windows အလုပ်လုပ်ပုံ အခြေခံ ပြောင်းလဲမှုများကို သိရှိစေရန်အတွက် ဗားရှင်းနံပါတ် တစ်ခုကို ကျော်ပြီး Windows 10 ကို မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။


(၃) Windows 10 ကို desktop ရော tablet မှာပါ အသုံးပြုနိုင်သလား။

Windows 10 ကို desktop ကွန်ပျူတာများတွင်သာမက စမတ်ဖုန်းများအထိ အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် user interface ကိုလည်း သင့်တော်သလို ပြောင်းလဲချိန်ညှိနိုင်သည်။


(၄) Widnows 10 တွင် App များ အလုပ်လုပ်နိုင်သလား။

Windows 10 တွင် app များကို အသုံးပြုနိုင်မည် ဖြစ်သော်လည်း အသေးစိတ် အလုပ်လုပ်ပုံကို Microsoft မှ ရှင်းပြခဲ့ခြင်း မရှိပေ။ သို့သော်လည်း Windows Store မှ ဝယ်ယူထားသည့် app တစ်ခုကို Windows 10 ထုတ်ကုန် အားလုံးတွင် အသုံးပြုနိုင်ဖွယ်ရှိသည်။ ထို့အတွက်ကြောင့် developer များအနေဖြင့် ထုတ်ကုန် အရွယ်အစားနှင့် လုပ်ဆောင်နိုင်စွမ်းအပေါ် မူတည်ပြီး အသွင်အပြင်နှင့် ခံစားမှုတို့ကို ချိန်ညှိပေးနိုင်မည့် universal app များကို ဖန်တီးရန် လိုအပ်မည် ဖြစ်သည်။


(၅) Full-screen “Modern” app များ ပါဝင်သေးသလား။

Windows 8 တွင် full-screen app များကို Metro သို့မဟုတ် Modern ဒီဇိုင်းဖြင့် မိတ်ဆက်ပေးခဲ့သော်လည်း Windows 10 တွင် full-screen app များကို ရွေးချယ်အသုံးပြုနိုင်ရန် ထောက်ပ့ပေးထားသည်။ ဥပမာအနေဖြင့် Surface Pro 3 ကဲ့သို့သော convertible 2-in-1 ထုတ်ကုန်တွင် keyboard ကို တပ်ဆင် အသုံးပြုသည့်အခါ Windows 10 တွင် ယခင် Start menu အဟောင်းဖြင့် တွေ့မြင်ရမည ်ဖြစ်သည်။ သို့ရာတွင် keyboard ကို ဖြုတ်လိုက်သည့်အခါ Windows 10 က လက်ချောင်းများဖြင့် အသုံးပြုနိုင်မည့် full screen mode အဖြစ် ပြောင်းလဲပေးမည် ဖြစ်သည်။


 


(၆) ဝယ်ယူထားသည့် Modern app များ Windows 10 တွင် ဆက်လက် အလုပ်လုပ်နိုင်သလား။

Windows 8 developer များအနေဖြင့် အပြောင်းအလဲများကို မည်ကဲ့သို့ တုံ့ပြန်မည် ဆိုခြင်းအတွက် ပြောရန် စောသေးသော်လည်း Microsoft အနေဖြင့် full-screen Modern app အချို့ကို window mode တစ်ခုဖြင့် အသုံးပြုနိုင်မည့် နည်းလမ်းအား ပြသသွားခဲ့သည်။

 
(၇) Windows 10 တွင် Start menu ပါဝင်သလား။

Windows 8 ၏ full-screen Start screen ကို မနှစ်သက်သူများ အနေဖြင့် ကံကောင်းသည်ဟု ဆိုရမည် ဖြစ်သည်။ Windows 10 တွင် ပါဝင်သည့် Start menu သစ်ကို screen ၏ ဘယ်ဘက်တွင် တွေ့မြင်ရမည် ဖြစ်ပြီး ၎င်းတွင် သုံးစွဲသူများနှင့် ရင်းနှီးပြီးသား ဖြစ်သော shortcut များကို တွေ့ရမည် ဖြစ်သည်။


(၈) Windows တွင် မည်သည့် အခြား အဆင့်မှင့်တင်မှုများ ပါဝင်သလဲ။

Windows 10 တွင် Snap function ကို အဆင့်မှင့်ထားသောကြောင့် app များကို ဘေးချင်းကပ်လျက် ယှဥ်ထားရာတွင် အလျင်အမြန် ပြုလုပ်နိုင်သလို quadrant layout သစ်ကြောင့် app လေးခုကို screen တစ်ခုတွင် အညီအမျခွဲခြားကာ ဖော်ပြပေးနိုင်သည်။ ထို့အပြင် multiple desktops ကို ထောက်ပ့ပေးထားသည့် အတွက် app များကို တစ်နေရာတည်းတွင် ထားကာ အလုပ်လုပ်နိုင်ပြီး desktop ထံသို့လည်း slide လုပ်ရုံဖြင့် အလျင်အမြန် သွားရောက်နိုင်သည်။ ထို့အပြင် taskbar တွင် task view button ပါဝင်လာသောကြောင့် ၎င်းကို click နှိပ်ရုံဖြင့် ဖွင့်ထားသည့် ဖိုင်များ၊ window များနှင့် desktop များကို အလျင်အမြန် ကြည့်ရှုနိုင်သည်။


(၉) Windows 10 ကို ဘယ် ထုတ်ကုန်တွေမှာ အသုံးပြုနိုင်သလဲ။

ဒီအကြောင်းကို ပြောရန် စောလွန်းနေသေးသည်။ Windows 8.1 ကို 64-bit ကွန်ပျူတာများ အတွက် မိတ်ဆက်ပေးခဲ့သော်လည်း အချို့ processor အဟောင်းများ အတွက် အထောက်အပ့မပေးခဲ့သောကြောင့် Windows 10 ကို ခေတ်ဟောင်း ကွန်ပျူတာများပေါ်တွင် အသုံးပြုနိုင်ဖွယ် မရှိပေ။


  Credit  : http://internetjournal.com


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )               www.htarwaiethar.org

Tuesday, June 24, 2014

အနာဂတ်ပြဿနာတစ်ခု (သို့) လျှပ်စစ်စွန့်ပစ်ပစ္စည်း
























အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံမှုနှင့် နည်းပညာဂျာနယ်၌ ဖော်ပြခဲ့သော သတင်းတစ်ပုဒ်အရ တစ်ကိုယ်ရေသုံး ကွန်ပျူတာများ၊ လက်တော့များ၊ မိုဘိုင်းဖုန်းများသုံးစွဲမှု၊ မြင့်တက် လာသည်နှင့်အမျှ ယင်းပစ္စည်းများ အသုံးမပြုနိုင်တော့သည့် အခြေအနေ၌ မည်ကဲ့သို့ စွန့်ပစ်ကြမည်။ မည်ကဲ့သို့ ပြန်သုံးကြမည်မှာ အရေးကြီးသော ပြဿနာတစ်ခုဖြစ်လာသည်ဟု သိရသည်။

 အိန္ဒိယမှ နာမည် ကြီး နည်း ပညာတက္ကသိုလ်များမှ လေ့လာသူများက အိန္ဒိယတွင် ယခုလက်ရှိ စံချိန်အတိုင်း ဆက်လက်စွန့် ပစ်နေပါက ယင်းလျှပ်စစ်စွန့်ပစ်ပစ္စည်းများမှ အဆိပ်အတောက်ဖြစ်နိုင်သည့် ဓာတုပစ္စည်းများမှာ နောက် ၁၀ နှစ် မှ ၁၅ နှစ်အတွင်း ကျန်းမာရေးကို အန္တရာယ်ပေးနိုင်လောက်သည့် ပမာဏထိ မြင့်တက်လာနိုင် သည်ဟု ခန့် မှန်းခဲ့သည်။

 ယခုလက်ရှိ၌ တစ်ကိုယ်ရေသုံး ပစ္စည်းအသုံးပြုသူမှာ ၁.၃ ဘီလီယံခန့်ရှိပြီး နောက် ၁၀ နှစ် ၁၅ နှစ်အကြာ၌ ယင်းပစ္စည်းများ၏ သက်တမ်းမှာ ကုန်ဆုံး၍ အသုံးမပြု နိုင်တော့မည်ဖြစ် သည်။ ခန့်မှန်းချေအားဖြင့် တစ်ကိုယ်ရေသုံး ကွန်ပျူတာ ၁၂၆ မီလီယံခန့်နှင့် နုတ်ဘုတ် ၉၀၀ သန်းခန့် တို့မှာ ၂၀၂၅တွင် စွန့်ပစ်ရမည့် အခြေအနေသို့ ရောက်ရှိမည်ဖြစ်သည်။

 Electronic Waste လျှပ်စစ်စွန့် ပစ်ပစ္စည်းများမှာ အာစမ်းနစ် Arsenic ၊ ကဒ်မီယမ် Cadmium ၊ ခဲ၊ မာကျူရီ၊ ပလတ်စတစ်၊ ပေါ်လီမာ စသည့် အဆိပ်အတောက်ဖြစ်သည့် ပစ္စည်းများနှင့် ဖွဲ့စည်းထားသည့်အတွက် အနာဂတ်တွင် ယင်းပစ္စည်း များအား စနစ်တကျ စွန့်ပစ်နိုင်ရန်၊ ပြန်လည် အသုံးပြုနိုင်ရန်တို့မှာ အနာဂတ်၏ ပြဿနာတစ်ခုပင် ဖြစ်လေ သည်။

ဖိုးသောကြာ
ref: Medindia


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )           www.htarwaiethar.blogspot.com

Wednesday, April 30, 2014

HDD ရဲ့ RAID များအကြောင်း























၁၉၈၇ ခုနှစ်တွင် Berkeley ၌ရှိသည့် University of California မှ ကွန်ပျူတာသိပ္ပံပညာရှင် အဖွဲ့တစ်ခုဟာ RAID နည်းပညာကို စတင်သတ်မှတ်ခဲ့ပါတယ်။ ပထမဆုံး ကွန်ပျူတာ သိပ္ပံကျောင်းသားတွေဟာ computer တစ်လုံးမှာ Device နှစ်ခုနဲ့စတင် စမ်းသပ်ကြတယ်။ နောက်တော့ Device တွေတိုးကြည့်ပြီး စမ်းသပ်ကြတယ်။ အဲဒီမှာ computer performance အမျိုးမျိုးနဲ့ စမ်းသပ်ခဲ့ပေမဲ့ သူတို့တွေက နှစ်လိုဖွယ် မဖြစ်ခဲ့ကြဘူး။ ယုံကြည့်စိတ်ချမှု မရှိကြဘူးဖြစ်နေကြတယ်။ အဲဒီနောက်  ကွန်ပျူတာသိပ္ပံပညာရှင်တွေက အမှားခံနိုင်တဲ့ Storage တစ်ခုအတွက် redundant architectures ဆိုတဲ့ နည်းပညာတစ်ခုကို အဆိုပြုကြေငြာခဲ့တယ်။ အဲဒီထဲမှာမှ RAID Level 1 ကနေ RAID 5 ထိ ပါ၀င်လာခဲ့ပါတယ်။ အဲဒီနောက် ကွန်ပျူတာ သိပ္ပံပညာရှင်တွေက Redundant Architectures မပါ၀င်ပဲ Storage Device နှစ်ခုကိုပေါင်းပြီး Data, File တွေ သိမ်းတဲ့နည်းပညာကိုတော့ RAID 0 ဆိုပြီး ခေါ်ဆိုခဲ့ရာကနေ နောက်ပိုင်း RAID 0 ဆိုပြီး ဖြစ်လာခဲ့ပါတယ်။ ဒီနည်းပညာမှာ Data ကို Protection မလုပ်နိုင်ပါဘူး။ နောက်ပိုင်း Data အသုံးပြုမှု မြင့်မှားတဲ့ Gammer တွေ၊ Digital Video Protection လုပ်ငန်းတွေမှာ အသုံးပြုလာခဲ့ကြပါတယ်။

ဒီ RAID Technology ကို ဘာကြောင့်အသုံးပြုကြလဲဆိုတော့ စာဖတ်သူ မြင်သာအောင် ပြောရမယ်ဆို အဓိကအားဖြင့် အချက် (၃) ချက်ရှိပါတယ်။

(1)  To Imptove Data Transfer Rate
ဒီအချက်ကတော့ ရှင်းပါတယ်။ Data Transfer Rate ကိုမြှင့်တင်ဖို့အတွက် အသုံးပြုကြပါတယ်။

(2)  To Expand Storage Volume
ဒုတိယ အချက်အနေနဲ့ကတော့ Data Storage ကို ချဲ့ထွင်ဖို့အတွက် အသုံးပြုကြပါတယ်။ အပေါ်မှာ ရေးခဲ့သလို Gammer တွေ၊ Digital Video Protection လုပ်ငန်းတွေအတွက် Data Storage ပမာဏ အရမ်းလိုအပ်ပါတယ်။ အဲဒီအတွက် တစ်ချို့ Enterprise လုပ်ငန်းတွေဟာ အသုံးပြုကြပါတယ်။

(3)  Fault Tolerance
ဒီအချက်ကတော့ အဓိက ကျပါတယ်။ လွယ်လွယ်ပြောရမယ်ဆိုရင် အမှားခံနိုင်ဖို့အတွက် အသုံးပြုပါတယ်။ ဥပမာ ကျွန်တော်တို့က Company တစ်ခုမှာ Hard Disk တစ်လုံးထဲမှာပဲ Data ကို အသုံးပြုခဲ့မယ်ဆိုရင် အဲဒီ Hard Disk ပျက်သွားခဲ့ရင် ဘယ်လို လုပ်မလဲ ။ Company လုပ်ငန်း တစ်ခုလုံး ရပ်သွားပြီပေါ့။ Company ပိတ်ပေါ့။ ဒီနေရာမှာ လယ်ဂျာစာအုပ်နဲ့ အလုပ်လုပ်နေတဲ့ Company တွေတော့ မပါဘူးနော်။ ဒါပေမဲ့ အခုခေတ်မှာ အဲလို Company တွေ သိပ်မရှိတော့ပါဘူး။ အကုန်လုံးက Centralize System နဲ့အသုံးပြုနေကြတာများပါတယ်။ အဲဒီတော့ Network Administrator တစ်ယောက်မှာလည်း တာဝန် အပြည့်အဝ ရှိလာတယ်။ Network သမားတိုင်းက Backup System ကိုနားလည်ထားဖို့ လိုအပ်ပါတယ်။ အဲဒီအတွက် RAID System ကို အသုံးပြုကြပါတယ်။ Data တွေကို Hard Disk တစ်လုံးထဲမှာ မသိမ်းပဲ ခွဲပြီး အသုံးပြုကြတယ်။ အဲဒီတော့ Hard Disk တစ်လုံးပျက်လည်း လုပ်ငန်းလည်ပတ်မှု နှုန်းကို မထိခိုက်တော့ဘူးပေါ့။ ကျန်တဲ့ Hard Disk နဲ့ ဆက်ပြီး လည်ပတ်နေမှာပဲလေ။ Administrator က နောက် Hard Disk တစ်လုံး အစားထိုးပေါ့။အခုဆိုရင် Server ကို Shutdown ချစရာတောင် မလိုတော့ဘူး။ SATA Hard Disk တွေမှာ hot-swap နည်းပညာတွေ ပါလာပြီ။ hot-swap နည်းပညာဆိုတာ System ကို Restart ချစရာ မလိုပဲ Auto Detect သိ့တဲ့ နည်းပညာပေါ့။ တစ်နည်းအားဖြင့် USB Stick လို ကောက်တပ်လိုက်ယုံပါပဲ။ အဲလောက်ဆိုရင် RAID Technology ကို ဘာကြောင့် အသုံးပြုကြလဲ ဆိုတာကို နားလည်မယ်လို့  ထင်ပါတယ်။ အောက်မှာဆက်ပြီးတော့ သူ့ကိုခွဲခြားထားတာတွေကိုဆက်လေ့လာကြပါ့မယ် ..

Type of RAID Technology

RAID Technology မှာ အမျိုးအစားအားဖြင့် Hardware RAID နဲ့ Software RAID ဆိုပြီး (2) မျိုးပဲ ရှိပါတယ်။ External Hardware RAID Controller Card ကိုထည့်ရင်တော့ (3) မျိုးပေါ့။ ဒါပေမဲ့ Hardware RAID ပဲဖြစ်တဲ့အတွက် ကျွန်တော်က(၂) မျိုးလို့ပဲ ရေးလိုက်တာပါ။

(1)  Software RAID

Software RAID ကို အဓိကအားဖြင့်တော့ NOS လို့ခေါ်တဲ Network Operating System တွေမှာ Build In ပါ၀င်ပါတယ်။ နောက်တစ်ခု Third Party Software တွေလဲ ရှိပါသေးတယ်။ ကျွန်တော်တို့က Software ကို အသုံးပြုခဲ့မယ်ဆိုရင် အားသာချက်အနေနဲ့ကတော့ Low Price ပါ။ ကုန်ကျစရိတ် အရမ်းသက်သာပါတယ်။ ဒါပေမဲ့ System Performance တော့ လိုအပ်ပါလိမ့်မယ်။ Software RAID ဖြစ်တဲ့အတွက် CPU နဲ့ RAM ကို အဓိက အလုပ်ရှုပ်စေပါလိမ့်မယ်။ အဲဒီအတွက်တော့ system ရဲ့ Performance ကို ကျစေပါလိမ့်မယ်။

(2)  Hardware RAID

Hardware RAID ဆိုမှတော့ သေချာတာတော့ လက်နဲ့တော့ ကိုင်လို့ရနေပြီ။ (:P) Hardware RAID ကိုတော့ Brandard Server တွေမှာ တွေ့နိုင်ပါတယ်။ နောက်တစ်ခု NAS လို့ခေါ်တဲ့ Network Attached Storage တွေမှာပါပါတယ်။ NAS ဆိုတာ  လွယ်လွယ်ပြောရရင် Router လိုမျိုး Network ထဲမှာ Configure လုပ်ပေးရပါတယ်။ Hardware RAID ကိုသုံးခြင်းအားဖြင့် Performance တော့ တက်လာပါမယ်။ low price တော့ မဖြစ်နိုင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ Brandard Server လိုမျိုးတွေမှာမှ ပါတယ်လေ။ နောက်တစ်ခုက RAID Controller Card ဆိုတာလဲ  ရှိပါသေးတယ်။ အဲဒီ card ကို သက်သက်ဝယ်သုံးမယ် ဆိုလဲ ရပါတယ်။ ကျွန်တော်ပြထားတဲ့ ပုံမှာဆိုလဲ RAID Controller Card ကိုတွေ့နိုင်ပါတယ်။ အဲဒီပုံမှာဆို Motehrboard ပေါ်က PCI Express 1x မှာအဲဒီ card ကို စိုက်ပြီးအသုံးပြုရပါတယ်။ အပေါ်ဘက်မှာ SATA Hard Disk  (၅) လုံးတက်လို့ ရပါတယ်။ ဒါက ကျွန်တော် ဥပမာ ပြထားတဲ့ Card အရပေါ့ဗျာ။

RAID Level

(1)  RAID 0
(2)  RAID 1
(3)  RAID 2
(4)  RAID 3
(5)  RAID 4
(6)  RAID 5
(7)  RAID 6
(8)  RAID 01 (0+1) and RAID 10 (1+0)

ဒါတွေက RAID Level သက်မှတ်ချက်တွေပါ။ တစ်ခုချင်းစီအလိုက် သူ့ရဲ့ အလုပ်လုပ်ဆောင်ပုံကလဲ မတူညီပါဘူး။ RAID နည်းပညာကို အသုံးပြုမဲ့ IT သမားတစ်ယောက်က အဲဒီအချက်တွေကိုလည်း နားလည်ထားမှသာရင်အဆင်ပြေနိုင်ပါလိမ့်မယ်။ အဲဒီထဲကမှ အခု ကျွန်တော်တို့ အသုံးအများဆုံး ဖြစ်တဲ့ RAID 0, RAID 1, RAID 4 , RAID 5 ကိုပဲ ကျွန်တော် ရေးပါ့မယ်။

နောက်တစ်ခုအနေနဲ့ RAID နည်းပညာကိုအသုံးပြုတော့မယ်ဆိုရင် မိမိအသုံးပြုမဲ့ Storage Device တနည်းအားဖြင့် Hard Disk က Size လည်းတူမယ်။ Brand လည်းတူမယ်ဆိုရင် ပိုကောင်းပါတယ်။ မတူဘူးဆိုရင်ရော မရဘူးလားဆိုတော့ ရပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက ဥပမာ - Hard Disk (၃) လုံး အသုံးပြုမယ်။ ပထမ Hard Disk က 500 GB ရှိတယ်၊ ဒုတိယ Hard Disk က 750 GB Size ရှိတယ်။ နောက်ဆုံး တတိယ Hard Disk က 1000 GB Size ရှိတယ်ဆိုပါတော့။ ဘယ် Hard Disk ရဲ့ ပမာဏ ကို ယူမယ်ထင်လဲ။ RAID ဖန်တီးလိုက်တဲ့ အခါမှာ အငယ်ဆုံး Hard Disk ရဲ့ ပမာဏ 500 GB ကိုပဲ ယူသွားမှာပါ။ အဲဒါဆို ကျန်နေတဲ့ Size အပိုတွေက အလကား ဖြစ်သွားပြီပေါ့။

RAID Level 0

သူကိုတော့ Striping Volume လို့ခေါ်ပါတယ်။ တနည်းအားဖြင့် Striping ဆိုတာ ခွဲခြမ်းစိတ်ဖြာ တယ်ပေါ့။ RAID 0 ကို ဘာအတွက် သုံးမလဲဆိုတော့ ဥပမာ - 250 HDD နှစ်လုံး ရှိနေတယ်ဗျာ။ အဲဒီ Hard Disk နှစ်လုံးကို Computer မှာ တက်လိုက်မယ်ဆိုပါတော့။ ပုံမှန်ဆိုရင် 250 GB ဆီ ရှိတဲ Partition 2 ခု My Computer အောက်မှာ ပေါ်နေမှာပေါ့။ အဲဒါကို RAID 0 နည်းပညာကို အသုံးပြုပြီး Striping လုပ်လိုက်မယ်ဆိုရင် 500 GB ရှိတဲ့ Partition 1 ခုထဲပဲ My Computer ထဲမှာ မြင်ရပါမယ်။ အဲဒီတော့ ဘယ်သူတွေ သုံးမလဲ ?? Gammer တွေ၊ Video Editor သမားတွေ Storage ပမာဏ များများ လိုအပ်တဲ့သူတွေ အသုံးပြုကြပါတယ်။ အဓိကကတော့ Data Transfer Rate ကို မြှင့်ဖို့အတွက် နဲ့ Storage Volume ကို ချဲ့ ဖို့အတွက် အသုံးပြုကြပါတယ်။ ဒီနည်းပညာကို သုံးမယ်ဆို အနည်းဆုံး Hard Disk (၂) လုံး လိုအပ်ပါတယ်။ Fault Tolerance မရပါဘူး။ တစ်ကယ်လို့ Hard Disk တစ်လုံး ပျက်ခဲ့မယ်ဆိုရင် ရှိသမျှ Data အကုန်ပျက်ပါ။ ဘာကြောင့်လဲဆိုတော့ သူက Data ကို Hard Disk (၂) လုံးကို မျှပြီး သိမ်းပါတယ်။ အဲလောက်ဆိုရင်တော့ RAID 0 နဲ့ ပတ်သက်ပြီး နားလည်မယ်လို့ ထင်ပါတယ်။

RAID Level 1

RAID 1 ကိုတော့ Mirror Volume လို့ခေါ်ပါတယ်။ RAID 1 ကို Configure လုပ်မယ်ဆိုရင်လဲ Minimum Hard Disk (2) လုံး လိုအပ်ပါတယ်။ သူကတော့ Data ကိုခွဲပြီး သိမ်းတဲ့အတွက် Fault Tolerance ရပါတယ်။ Hard Disk တစ်လုံးမှာ သိမ်းတဲ့ Data ကို တစ်ခြား Hard Disk တစ်လုံးမှာလဲ ထိုနည်းတူစွာပဲ သွားပြီးသိမ်းပါတယ်။ အဲဒါကြောင့် Hard Disk တစ်လုံး ပျက်သွားခဲ့မယ်ဆိုရင်လည်း မိမိရဲ့ Data ကတော့ ကျန်ရှိနေဦးမှာပါပဲ။ ဒါပေမဲ့ Storage ကတော့ ဥပမာ - 1000 GB ရှိတဲ့ Hard Disk 2 လုံးကို အသုံးပြုမယ်ဆိုရင် မိမိရဲ့ Storage က 1000 GB ပဲ ရမှာပါ။ ဘာကြောင့်လဲဆိုတော့ Data ကို Hard Disk (2) လုံးစလုံးမှာ တူညီစွာ သိမ်းတဲ့ အတွက်ကြောင့်ပါ။ အဲဒါဆိုရင် RAID 1 နဲ့ ပတ်သက်ပြီးလဲ နားလည်မယ် ထင်ပါတယ်။

RAID Level 4

RAID 4 ကိုတော့ Striping Volume with Dedicated Parity Device လို့ ခေါ်ဆိုနိုင်ပါတယ်။ RAID 3 ကို အသုံးပြုဖို့အတွက် minimum Hard Disk 3 လုံး လိုအပ်ပါတယ်။ RAID 3 မှာ သိ့စရာ တစ်ခု ပါလာပါတယ်။ အဲဒါကတော့ Parity ဆိုတာပါ။ အခု ကျွန်တော် ပြောခဲ့တယ်။ RAID 4 မှာ အနည်းဆုံး HDD 3 လုံးလိုအပ်တယ်။ အဲဒီ 3 လုံးထဲမှာမှ 2 လုံးက Data အတွက်ပါ။ ကျန်တဲ့ 1 လုံးကတော့ Parity တန်ဖိုးတွေ ထားရှိတာပါ။ Parity တန်ဖိုးဆိုတာ ဘယ်လိုမျိုးလဲဆိုတော့ လွယ်လွယ်ပြောရရင် Data Lost ဖြစ်သွားခဲ့ရင် Recover လုပ်ဖို့အတွက် သူက Parity တန်ဖိုးနဲ့ တွက်ထုတ်ပြီး သိမ်းပါတယ်။ အကြောင်းတခုခုကြောင့် Hard Disk တစ်လုံး ပျက်သွားခဲ့မယ်ဆိုရင် ကျန်ရှိနေသေးတဲ့ Data ကို Parity တန်ဖိုးနဲ့ တိုက်စစ်ပါတယ်။ လိုအပ်နေတဲ့ Data ကို ပြန် Recover လုပ်ပေးတယ်ပေါ့ဗျာ။ အဓိကက Parity အတွက် Spare Disk တစ်လုံးပါတယ်ဆိုတာ သိ့ရင် ရပါပြီ။ ဒီတန်ဖိုးတွေ ကျွန်တော်တို့ တွက်တက်ဖို့ မလိုအပ်သေးပါဘူး။ ဒီ RAID 4 မှာလဲ Hard Disk တစ်လုံး ပျက်ခွင့်ရှိပါတယ်။ အကယ်၍ HDD တစ်လုံး ပျက်သွားခဲ့ရင်လဲ Data တွေ မပျက်သွားနိုင်ပါဘူး။

RAID Level 5

RAID 5 ကိုတော့ Striping Volume with Distributed Parity လို့ခေါ်ပါတယ်။ RAID 4 နဲ့မတူဘူးနော်။ RAID 4 က Dedicated Parity ပါ။ RAID 5 မှာက Distributed Parity ပါ။ ပြောရင်  Distributed ဆိုတော့ ဖြန့်ကျက်ပြီး သိမ်းတယ်ပေါ့ဗျာ။ RAID 4 မှာတုန်းက Hard Disk တစ်လုံးက Parity တန်ဖိုးတွေ သိမ်းဖို့အတွက်တဲ့။ ဒီ RAID 5 မှာကျတော့ Parity တန်ဖိုးတွေကို ဖြန့်ကျက်ပြီး သိမ်းပါတယ်။ ပုံမှာကြည့်ရင်လဲ တွေ့နိုင်ပါတယ်။ P ဆိုတာ HDD တိုင်းမှာ ပါနေပါတယ်။ သူလဲပဲ minimum Hard Disk 3 လုံး လိုအပ်ပါတယ်။ အဲဒီ Hard Disk 3 လုံးစလုံးမှာ Parity တန်ဖိုးတွေ သိမ်းပါတယ်။ အဲဒါလေးပဲ ကွာသွားတာပါ။ ဒီ RAID 5 မှာလဲ Fault Tolerance ရပါတယ်။ Hard Disk တစ်လုံး ပျက်ခွင့်ရှိပါတယ်။ အကယ်၍ HDD တစ်လုံး ပျက်သွားခဲ့ရင် ကျန်တဲ့ HDD နဲ့ဆက်ပြီး Run နေပါလိမ့်မယ်။



Credit:: Unknown


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

FLAC သို့မဟုတ် High Definition MP3 အကြောင်း သိထားသမျှ






















၁၉၉၀ ခုနှစ်များရဲ့နောက်ပိုင်းမှာ MP3 ဟာမူရင်း portable music file format များထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ MP3 ရဲ့ကျော်ကြားမှုဟာ Napster sharing ဆိုက်ကြောင့် pirate format တစ်ခုဖြစ်သည်အထိ ကျော်ကြားခဲ့ပါတယ်။ MP3 ကို အရည်အသွေးမြင့် သီချင်းများအတွက် အကောင်းဆုံး ရွေးချယ်စရာတစ်ခုအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာတဲ့နောက်မှာတော့ ၎င်းရဲ့ လူကြိုက်များမှုဟာ ပိုမိုမြင့်တက်ခဲ့ပါတယ်။ FLAC ဆိုတာကတော့ music file format တစ်ခုဖြစ်ပါတယ်။ စီဒီတွေကို ကူးယူရာမှာ အရွယ်အစားတစ်ဝက်ခန့်ကို အကောင်းဆုံးအရည်အသွေးနဲ့ ကူးယူပေးနိုင်ပါတယ်။ ၎င်းကို app တစ်ခုနဲ့သုံးနိုင်တဲ့ iPhone အပါအဝင် ဖုန်းများ၊ MP3 player များနဲ့ hi-fi စက်တွေမှာ အသုံးပြုနိုင်ပါတယ်။ အွန်လိုင်းစတိုးများမှ ၀ယ်ယူရာမှာလည်း MP3 စျေးနှုန်းအတိုင်း ၀ယ်ယူနိုင်ပြီး အသံအရည်အသွေးကလည်း ပိုမိုကောင်းမွန်ပါတယ်။

- FLAC ဆိုတာဘာလဲ

FLAC ဟာ Free Lossiess Audio Codec ကို အတိုကောက် ခေါ်ဆိုထားတာပါ။ MP3 နဲ့ဆင်တူတဲ့ audio format တစ်ခုဖြစ်ပြီး အသံကို FLAC နဲ့ compress လုပ်တဲ့အခါမှာ အရည်အသွေး လျော့ကျသွားခြင်းမရှိဘဲ compress လုပ်ဆောင်မှုကို ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်တဲ့ lossless audio format တစ်ခုဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ open-source အနေနဲ့ ပထမဦးဆုံး ပေါ်ထွက်လာခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာပဲ Apple Lossless (ALAC), Microsoft WAV (Waveform Audio Format) နဲ့ WMA Lossless တို့အပါအဝင် lossless format များလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ အဆိုပါပြိုင်ဘက် format များမှာ အားနည်းချက်များရှိပါတယ်။ ALAC ကို iPod နဲ့ iPhone ထုတ်ကုန်များပေါ်မှာ အသုံးပြုသော်လည်း Apple မဟုတ်သည့် အမှတ်တံဆိပ်များတွင်မူ အသုံးပြုနိုင်ခြင်း မရှိပေ။ WAV format မှာ နာမည်ကျော်ပြီး iOS ထုတ်ကုန်များနှင့် တွဲဖက်အသုံးပြုနိုင်သော်လည်း ဖိုင်အရွယ်အစား ကြီးမားမှုမှာ အဓိကပြဿနာဖြစ်သလို အခြား format များတွင်ပါ၀င်သည့် အဆိုတော်အမည်၊ အယ်လ်ဘမ်အမည်၊ သီချင်းစာသားစသည့် "tag" အချက်အလက်များမှာလည်း WAV တွင်ပါ၀င်ခြင်းမရှိပေ။

- MP3 နှင့် FLAC အကြားခြားနားချက်

MP3 ဟာ lossy format ဖြစ်တဲ့အတွက် ဖိုင်အရွယ်အစား လျှော့ချတဲ့အခါမှာ သီချင်းရဲ့အရည်အသွေးကိုပါ လျော့ကျစေပါတယ်။ FLAC ကတော့ စီဒီအရည်အသွေးနဲ့ အရည်အသွေးမြင့် သီချင်းတွေကို လွှဲပြောင်းပေးနိုင်ပြီး MP3 လိုမျိုး အသံနဲ့သက်ဆိုင်တဲ့ ပြဿနာတွေလည်း မရှိပါဘူး။ FLAC ဟာ lossless format ဖြစ်ပြီး ZIP ဖိုင်တစ်ခုနဲ့ ပိုမိုဆင်တူပါတယ်။ Hi-Fi အသုံးအနှုန်းနဲ့ဆိုရရင်တော့ MP3 ဟာ လူသုံးမများတော့တဲ့ MiniDisc format ဖြစ်ပြီး FLAC ကတော့ CD format ဖြစ်ပါတယ်။ FLAC ဖိုင်များကို CD format CDA နဲ့ WAV တို့ဖြင့် နှိုင်းယှဉ်ရာတွင် FLAC နေရာယူမှုနည်းပြီး အဆိုပါ format များရဲ့ ထက်ဝက်နီးပါးခန့်သာရှိပါတယ်။ ဒါပေမဲ့ FLAC ဟာ MP3 ထက် နေရာယူမှု ခြောက်ဆပိုမိုပေမယ့် အချက်အလက်များ ပါ၀င်ခြင်းနဲ့ အသံအရည်အသွေး မြှင့်ပေးခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

- FLAC ဖိုင်တွေကို ဘယ်ကရနိုင်လဲ

FLAC ဖိုင်တွေကို CD ကို rip လုပ်ခြင်းနဲ့ ဒီဂျစ်တယ်စတိုးကနေ ၀ယ်ယူခြင်းစတဲ့ နည်းလမ်းနှစ်မျိုးနဲ့ ရရှိနိုင်ပါတယ်။ FLAC ဖိုင်တွေကို ၀ယ်ယူနိုင်မယ့် နာမည်ကျော်ဆိုက်ငါးခုကတော့ HDtracks.com, bandcamp.com, mergerecords.com, beggarsgroupusa.com နဲ့ linnrecords.com တို့ဖြစ်ပါတယ်။

- FLAC ဖိုင်တွေကို ဘယ်လိုဖွင့်ရမလဲ

iOS FLAC ကို Apple iPhone နဲ့အခြား iOS ထုတ်ကုန်တွေမှာ အပြည့်အဝ အထောက်အပံ့ မပေးထားပေမယ့် iTunes Store ပေါ်က Media-Connect, FLAC Player နဲ့ Capriccio တို့လို app တွေနဲ့ ဖွင့်နိုင်ပါတယ်။ ၎င်း app တွေဟာ FLAC ကို အထောက်အပံ့ပေးပြီး AirPlay နဲ့ကွန်ရက်ပေါ်ရှိ DLNA ထုတ်ကုန်များအကြား stream လုပ်ပေးနိုင်ပါတယ်။

- Android

Android အသုံးပြုသူများအနေနဲ့ကတော့ FLAC အထောက်အပံ့နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်စရာ မလိုပါဘူး။ Android 3.1 (Honeycomb) ကနေစပြီး FLAC ကို အထောက်အပံ့ပေးထားပါတယ်။ ယခင် ဗားရှင်းအဟောင်းများကို အသုံးပြုနေတယ်ဆိုရင်တောင်မှ HTC နဲ့ Samsung တို့လို ထုတ်ကုန်များရဲ့ media player တွေမှာ FLAC အထောက်အပံ့ ပေးထားတဲ့အတွက် ပူစရာမလိုပါဘူး။ ဒါမှမဟုတ် Google Play ကနေ Player Pro နဲ့ Bubble Upnp တို့လို app တွေနဲ့လည်း ဖွင့်နိုင်ပါသေးတယ်။

- Windows/Mac

Windows အသုံးပြုသူများအနေနဲ့လည်း FLAC ဖိုင်များကို Windows Media plug-in ကနေတစ်ဆင့် နားဆင်နိုင်သလို Media Money နဲ့ JRiver တို့လို ဆော့ဖ်ဝဲတွေနဲ့လည်း နားဆင်နိုင်ပါတယ်။ Mac အသုံးပြုသူများ အနေနဲ့ကတော့ Fluke (http://code.google.com/p/flukeformac) ကို download လုပ်ပြီး သုံးနိုင်ပါတယ်။ ၎င်းမှာ iTunes နဲ့ Songbird အတွက် FLAC အထောက်အပံ့ ပါ၀င်ပါတယ်။

- အခြား hardware များ

Samsung Galaxy Player နဲ့ Sony NWZ-Z1040 တို့အပါအဝင် Android MP3 Player များမှာ FLAC ကို အထောက်အပံ့ပေးထားပါတယ်။ ဒါ့အပြင် Creative Zen Player အများစုမှာလည်း FLAC ကို အထောက်အပံ့ ပေးထားပါတယ်။ FLAC ကိုအထောက်အပံ့ပေးတဲ့ အကောင်းဆုံး player များကတော့ Samsung Galaxy Player 4.2, SanDisk Sansa Clip Zip, Iriver P7, Iriver LPlayer နဲ့ Sony Walkman F800 တို့ဖြစ်ပါတယ်။ ဒါ့အပြင် Panasoic ရဲ့ DMP-BDT220 Blu-ray player နဲ့ Logitech Squeezebox နေရာမှာ အစားထိုးထုတ်လုပ်ထားတဲ့ Smart Radio လိုမျိုး Hi-Fi စနစ်တွေမှာလည်း FLAC အထောက်အပံ့ ပါ၀င်ပါတယ်။



Credit  ::  Unknown



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Monday, April 28, 2014

ကွန်ပျူတာနှင့် ပက်သက်ပြီး သတိမထားမိသော အချက်များ


























ယနေ့ခေတ်တွင် ကွန်ပျူတာသည် လုပ်ငန်းသုံးရော၊ ဖျော်ဖြေရေးအတွက်ပါ လွန်စွာအသုံးတွင်ကျယ်လာသော စက်ပစ္စည်းတစ်မျိုးဖြစ်သည်။ ကွန်ပျူတာနှင့်ပက်သက်သော      software များ၊ Hardware များ တွင်တွင်ကျယ်ကျယ် သိကြသော်လည်း လူသိနည်းသော ကွန်ပျူတာနှင့် ပက်သက်သည့် အကြောင်းအရာ အချို့ရှိပါသည်။

၁။ တစ်လလျှင် ကွန်ပျူတာ ဗိုင်းရက်စ် (Virus) ၆၀၀၀ ဝန်းကျင် ထွက်ရှိလျက်ရှိသည်။

၂။ ကွန်ပျူတာသုံး မော့စ် (mouse) ကို စတင်တီထွင်ခဲ့သူမှာ Doug Engelbart ဖြစ်ပြီး ၁၉၆၄ ခုနှစ်က ဖြစ်ရာ သစ်သားဖြင့် ဖန်တီးခဲ့သည်။

၃။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာ ဗိုင်းရက်စ် ကို ၁၉၈၆ ခုနှစ်က Farooq Alvi ညီအစ်ကိုတို့ စတင်တီထွင်ခဲ့ခြင်း ဖြစ်ပြီး a bood sector virus ဖြစ်သည်။ တီထွင်ခြင်း၏ ရည်ရွယ်ချက်မှာ ၄င်းတို့၏ သုတေသနလုပ်ငန်း များကို ကာကွယ်ရန်ဖြစ်သည်။

၄။ သာမန်လူတစ်ဦးသည် တစ်မိနစ်လျှင် မျက်တောင် အခါ နှစ်ဆယ် ခတ်သော်လည်း ကွန်ပျူတာသုံးသော အခါ တစ်မိနစ်လျှင် ရ ကြိမ်သာ မျက်တောင်ခတ်သည်။ ၅။ TYPEWRITER ဟူသော စာလုံးသည် ကီးဘုတ်၏ Row တစ်ခုပေါ်တွင် အရှည်ဆုံး ရိုက်နိုင်သည့် စာလုံး ဖြစ်သည်။

၆။ ရေဒီယို နားဆင်သူ သန်း ၅၀ ပြည့်ရန် ၃၈ နှစ်ကြာသည်။ တီဗီ အတွက် ၁၃ နှစ်ကြာသည်။ သို့သော် World Wide Web (www) အသုံးပြုသူ သန်း ၅၀ ပြည့်ရန် ၄ နှစ်သာကြာသည်။

၇။ ပထမဦးဆုံး Domain ၏ နာမည်မှာ Symbolics.com ဖြစ်သည်။

၈။ စာစီစာရိုက် သူတစ်ဦး၏ ပုံမှန် အလုပ်လုပ်သည့်တစ်ရက်အတွင်း လက်ချောင်းများ ၁၂.၆ မိုင်အထိ ခရီးသွားသည်။

၉။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာမှာ Z1 ဖြစ်ပြီး သိပ္ပံပညာရှင် Konrad Zuse မှ ၁၉၃၆ ခုနှစ်က တီထွင်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယမျိုးဆက် Z2 ကို ၁၉၃၉ ခုနှစ်က တီထွင်နိုင်ခဲ့ပြီး ကမ္ဘာ့ပထမဦးဆုံး electro-mechnical ကွန်ပျူတာအဖြစ် မှတ်တမ်းတင်ခဲ့သည်။

၁၀။ တစ်လလျှင် Domain name ပေါင်း တစ်သန်းကျော်ထက်မနည်း Register ပြုလုပ်လျက်ရှိသည်။

၁၁။ ဘီလ်ဂိတ်၏ အိမ်ကို Macintosh ကွန်ပျူတာဖြင့် ဒီဇိုင်းရေးဆွဲခဲ့သည်။

၁၂။ IBM PC ကို တီထွင်ခဲ့သည့် အင်ဂျင်နေယာ ၁၂ ဦးအဖွဲ့ကို The Dirty Dozen ဟု အမည်ပြောင် ပေးထားကြသည်။

၁၃။ ကမ္ဘာ့ကျော် ကွန်ပျူတာထုတ်လုပ်သည့်ကုမ္ပဏီတစ်ခုဖြစ်သည့် Hewlett Packard (HP) သည် ကွန်ပျူတာ အမြောက်အများထုတ်လုပ်မှုကို ၁၉၃၉ ခုနှစ်က ကယ်လီဖိုးနီးယားပြည်နယ် Palo Alto မြို့ရှိ ကားဂိုဒေါင်တစ်ခု တွင် စတင်ပြုလုပ်ခဲ့သည်။

၁၄။ ကမ္ဘာ့ပထမဦးဆုံး hard drive များသည် 20MB သာရှိပြီး အမေရိကန်ဒေါ်လာ ၈၀၀ ကုန်ကျသည်။ ယခုအခါ စျေးနှုန်း အဆတစ်ရာကျဆင်းပြီး သိုလောင်နိုင်စွမ်း Capacity အဆတစ်ရာမက တိုးတက်ခဲ့သည်။

၁၅။ ကွန်ပျူတာ mouse, windowing GUI, Laser printing နှင့် Network card များကို ကယ်လီဖိုးနီးယား ပြည်နယ်ရှိ Xerox ကုမ္ပဏီမှ တစ်ပြိုင်နက်တည်း ထုတ်လုပ်နိုင်ခဲ့သည်။

၁၆။ အွန်လိုင်း exchange တစ်ခုဖြစ်သည့် eBay တွင် တစ်စက္ကန့်၌ ပျမ်းမျှ ငွေ အမေရိကန်ဒေါ်လာ ၆၈၀ တန်ဖိုး အရောင်းအဝယ် ဖြစ်လျက်ရှိသည်။

၁၇။ ဆဲလ်ဖုန်းတွင် ပါဝင်သော ကွန်ပျူတာ Processing power သည် ကမ္ဘာ့ပထမဦးဆုံး လပေါ်သို့ သွားရောက်နိုင်ခဲ့သည့် အာကာသယာဉ် Apollo 11 Lunar Lander တွင် ပါဝင်သော ကွန်ပျူတာအားလုံး၏ Processor များထက် များစွာသာလွန်သည်။

၁၈။ Crash Course သည် Microsoft Window tutorials ၏ အခြား အမည်တစ်မျိုးဖြစ်သည်။

၂၀။ လူတိုင်း ကွန်ပျူတာ Virus များ မိမိကွန်ပျူတာသို့ ဝင်ရောက်တိုက်ခိုက်မည့် အန္တရာယ်ကို စိုးရိမ်သိရှိကြသည်။ သို့သော် ယင်း Virus မည်သို့မည့်ပုံ ပြန့်ပွားသည်ကို သိလျက်နှင့်မေ့နေကြသည်။ Virus ပါသော ဖိုင်ကို Dowload လုပ်ခြင်း (သို့မဟုတ်) Sharing လုပ်ခြင်း စသည့် နည်းလမ်းနှစ်မျိုးဖြင့် ကွန်ပျူတာ၏ system ကို ပျက်စီးစေသည်။

Window ပေါ်မှ တွေ့ရှိချက်တစ်ခု (ONE WINDOWS MAGIC TRICK)

အိန္ဒိယမှ လေ့သာသူတစ်ဦး၏ ရှားရှားပါးပါး တွေ့ရှိချက်တစ်ခုရှိသည်။ ၄င်းမှာ ကွန်ပျူတာ၏ မည်သည့် နေရာ( Desktop, Local Disk C, D, E, etc………………) တွင်မဆို Folder များဖန်တီးရာတွင် CON ဟူသော နာမည်ပေး၍မရပါ။ ယင်းသို့ con ဟု အမည်မပေးနိုင်ခြင်း၏ အကြောင်းအရင်းကိုလည်း Microsoft Team မှ ပြန်လည်မဖြေရှင်းနိုင်ပဲ လေ့လာဆဲသာဖြစ်သည်။ စာဖတ်သူတို့ Folder တစ်ခုကို con လို့အမည်ပေးပြီး ဖန်တီးကြည့်ပါ။ ယင်းကဲ့သို့ အမည်ပေးလို့မရနိုင်ကြောင်း တွေ့ရမည်ဖြစ်သည်။ အဲဒါတင် မကပါဘူး။ ဖိုဒါအမည်ကို အောက်ပါ အမည်များနှင့်လည်း ပေးလို့ မရပါဘူး။ မယုံကြည်က လက်တွေ့ စမ်းသပ်ပြီး Rename ပေးကြည့်ပါ။

CON
PRN
AUX
NUL
COM1
COM2
COM3
COM4
COM5
COM6
COM7
COM8
COM9
LPT1
LPT2
LPT3
LPT4
LPT5
LPT6
LPT7
LPT8
LPT9




Credit::  Unknown


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Friday, April 25, 2014

Direct X ဆိုတာ























DirectX ဆိုတာ ဘာလဲ တဲ့ အခု မသိသေးသူများလဲ သိရလေအောင် ဒါကို သဘောပေါက်လောက်အောင် ပြောပေးလိုက်ပါတယ် DirectX ဆိုတာMicrosoft က ဖန်တီးပေးထားတဲ့ API (Application Programming Interface) အစုအဝေးတစ်ခုပါ။

Microsoft က low-level programming အသေးစိတ်ကို လုပ်ဆောင်ပေးထားပြီး application programmer တွေက အဲဒီ API တွေကို သူတို့ရဲ့multimedia နဲ့ game program တွေမှာ စိတ်တိုင်းကျ ယူသုံးနိုင်ပါတယ်။
နာမည်ကြီး Microsoft Windows operating system တွေမှာDirectX ကို တစ်ပါထဲ ထည့်ပေးလိုက်လေ့ ရှိပါတယ်။

New versionကိုလည်း နောက်ပိုင်းမှာ ထပ်ပြီး install လုပ်လို့လည်း ရပါတယ်။

DirectX API တွေက multimedia နဲ့ game application developerတွေကို hardware devices တွေနဲ့ ဆက်သွယ် လုပ်ဆောင်ဖို့ တဲ့နေရာမှာlow-level interface တွေရဲ့ အစားထိုး အနေနဲ့ အသုံးပြုခွင့်ပေးနိုင်ဖို့ အတွက် design လုပ်ထားတာ ဖြစ်ပါတယ်။

ဒီတော့ game developer (programmer) တွေအနေနဲ့hardware တွေရဲ့ အသေးစိတ်ကို သိစရာမလိုပဲ၊ hardware specific codes တွေကို ရေးနေစရာ မလိုပဲနဲ့ DirectX API ကို သိရုံနဲ့ hardwareတွေနဲ့ တိုက်ရိုက်နီးပါး ချိတ်ဆက် အလုပ်လုပ်လို့ ရတာပေါ့။



DirectX က ဘာလို့ လိုအပ်လာရတာလည်း လို့ ဆိုရင် DOS ခေတ်မှာ ကထဲက programmer တွေဟာ အမျိုးမျိုးသော game တွေကို ရေးခဲ့ကြပါတယ်။

အဲဒီ အချိန်တုန်းက game developer တွေဟာ hardware device တစ်ခု ချင်းစီအတွက် အဲဒီ device ရဲ့ လုပ်ဆောင်နိုင်စွမ်း တွေကို အပြည့်အဝ အသုံးချနိုင်ဖို့ အတွက် အသေးစိတ်hardware specific controlling code တွေကို ရေးပေးဖို့ လိုပါတယ်။

ဒါမှလည်း game ရဲ့ performance က ကောင်းကောင်း ရမှာပါ။ အဲဒီလို hardware specific code တွေကိုရေးနိုင်ဖို့အတွက် game developer တွေဟာ device တစ်ခု ချင်းစီရဲ့ အချက်အလက်တွေကို နားလည် သိနေဖို့လည်း လိုပါတယ်။

Game developer တွေအတွက် အဲဒီ အချက်ဟာအခက်အခဲ တစ်ခု ဖြစ်စေပါတယ်။

ဘာလို့ လည်းဆိုတော့ အဲဒီအချိန်တုန်းက hardware device ထုတ်လုပ်သူတွေ (ဥပမာ- graphic card, sound card ဆိုပါတော့) ကြားမှာ သတ်မှတ်ထားတဲ့သဘောတူ ကိုက်ညီမှုရှိတဲ့ standard ဆိုတာ မရှိသေးပါဘူး။

ဒီတော့ game developer တစ်ယောက်က သူ့ game ကို စျေးကွက်ထဲမှာ ရှိနေသမျှ hardware တွေနဲ့ အလုပ်လုပ်ဖို့ ဆိုရင် hardware အားလုံးအတွက် specific code အမျိုးမျိုး တွေကို သူ့ game ထဲမှာထည့်ရေးပေးနိုင်ဖို့ လိုပါတယ်။

ဒါဟာလည်း game developer တစ်ယောက်အတွကကြီးမားတဲ့ အခက်အခဲ တစ်ခုဖြစ်စေပါတယ်။

ဒါပေမယ့် ဒီနည်းပဲ ရှိတဲ့အတွက် သူတို့မှာ ရွေးချယ်စရာ လမ်းမရှိပါဘူး။ ဒါကြောင့် အဲဒီ အချိန်တုန်းက game တစ်ခုဟာ hardware ပစ္စည်း အကန့်အသတ်နဲ့ပဲ အလုပ်လုပ်နိုင်လေ့ ရှိပါတယ်။

ဒါကြောင့် game developer တွေကြားမှာ အမျိုးမျိုးသော hardware brands တွေအတွက် အားလုံးနဲ့ အလုပ်လုပ်နိုင်မယ့် standard interface တစ်ခုကို မျှော်လင့်ခဲ့ကြပါတယ်။

ဒါမှလည်း high-level application programmer တွေအတွက် hardware specific codes တွေကို ရေးဖို့ မလိုတော့မှာပေါ့။

ပထမဆုံးအနေနဲ့ Microsoft ဟာ Game Software Development Kit (GSDK) ကို ဖန်တီး ပေးခဲ့ပါတယ်။

ဒါဟာ တစ်ကယ်တော့ DirectX 1 ပါပဲ။ ပထမဆုံး ထွက်လာတဲ့ အဲဒီ DirectX 1 မှာ ကန့်သတ်ချက်တွေ၊ အားနည်းချက်တွေ အများကြီး ရှိနေပါတယ်။

ဒါပေမယ့် DirectX 1 က developer တွေအတွက် သူတို့ရဲ့ application တွေနဲ့ hardware device တွေကြားမှာ common layer အလွှာ တစ်ခုအနေနဲ့ အလုပ်လုပ်ပြနိုင်ခဲ့ ပါတယ်။

ဒါကြောင့် developer တွေအတွက် hardware တွေနဲ့ ဆက်သွယ်လုပ်ဆောင်ရတာ အရမ်းကို လွယ်ကူ သွားစေခဲ့ ပါတယ်။

ဒါကြောင့်် ပထမဆုံး ထွက်လာတဲ့DirectX 1 မှာ ကန့်သတ်ချက်တွေ၊ hardware တွေကို support လုပ်တဲ့ နေရာမှာ အားနည်းချက်တွေ ရှိနေပေမယ့် Microsoft ရဲ့ ဒီ ကြိုးပမ်းမှုဟာ game နဲ့ multimedia industry အတွက် အရေးပါတဲ့ point တစ်ခု ဖြစ်လာခဲ့ပါတယ်။
အဓိက ကတော့ game developer တွေအတွက် အမျိုးမျိုးသော hardware devices တွေနဲ့ ဆက်သွယ် လုပ်ဆောင် တဲ့နေရာမှာ အရမ်းကို လွယ်ကူသွားစေခဲ့ပါတယ်။



DirectX ကို ဖန်တီးတဲ့ နေရာမှာ Microsoft က နောက်ပိုင်းမှာ ပိုပြီး အဆင့်မြင့်တဲ့ နည်းပညာ တွေ ပေါ်လာရင် အသစ်အသစ်တွေ ထပ်ပေါင်းထည့်နိုင်ဖို့၊ အဲဒီလို ရှိပြီးသား DirectX ပေါ်မှာနောက်ထပ် function အသစ်တွေကို ထပ်ပေါင်းထည့်တဲ့ နေရာမှာ backward compatibility လို့ခေါ်တဲ့ အဟောင်းတွေနဲ့ ကိုက်ညီမှုလည်း ရှိစေဖို့ အတွက် စဉ်းစားပေးခဲ့ပါတယ်။

သဘောက DirectX 7 ကိုသုံးပြီး ဖန်တီးထားတဲ့ game တစ်ခုကို အသစ်ပေါ်တဲ့DirectX 9 နဲ့ အလုပ်လုပ်ရင် ဘာပြဿနာမှ မရှိအောင်ပေါ့။

အဒီလို ဖြစ်စေဖို့အတွက် Microsoft က DirectX ကို COM (Component Object Model) ဆိုတဲ့ နည်းပညာ အပေါ်မှာ အခြေခံ တည်ဆောက်ခဲ့ ပါတယ်။

COM နဲ့ တည်ဆောက်ထားတဲ့ software object တွေဟာ တစ်ခြား programmer တွေကသူတို့ကို အသုံးပြု နိုင်ဖို့အတွက် Interface တွေကို အသုံးပြုကြပါတယ်။

အဲဒီ interfaceတွေထဲမှာ programmer တွေက လှမ်းခေါ်ပြီး ရယူ အသုံးပြုနိုင်တဲ့ methods (functions) တွေ အများကြီး ပါပါတယ်။

DirectX COM objects တွေဟာ အသစ် ထပ်ထည့်လိုက်လို့ interface အသစ်တွေ ပါလာရင်တောင်မှ အရင် interface အဟောင်း တွေကိုလည်းလုံးဝ အလုပ်လုပ် ပေးနိုင်ပါတယ်။

COM object နည်းပညာကို အသုံးပြုတဲ့ နောက်ထပ် ကောင်းတဲ့ အချက်က COM object တွေဟာ သူတို့ကို ဘယ် programming language ကနေမဆို လှမ်းခေါ်ပြီး သုံးလို့ရပါတယ်။

ကန့်သတ်ချက် မရှိပါဘူး။ (COM အကြောင်းကို အသေးစိတ် သိချင်ရင် စာအုပ်တွေ ရှိပါတယ်။ လေ့လာကြည့်ပါ။)



လက်ရှိ DirectX နည်းပညာကို layer နှစ်ခုနဲ့ တည်ဆောက်ထားပါတယ်။

API Layer နဲ့ HAL (Hardware Abstraction Layer) တွေလို့ ခေါ်ပါတယ်။

Game developer တွေနဲ့ programmer တွေက hardware တွေနဲ့ ဆက်သွယ်ဖို့အတွက် API layer နဲ့ပဲ ဆက်သွယ်ဖို့ လိုပါတယ်။

API Layer ကမှ HAL နဲ့ ဆက်သွယ်ပြီး hardware တွေနဲ့ တိုက်ရိုက် ချိတ်ဆက်မှာ ဖြစ်ပါတယ်။

ဒီတော့ တွေးကြည့်ရင် HAL က hardware တွေနဲ့ တိုက်ရိုက် ဆက်သွယ်ရမှာ ဆိုတော့ သူက hardware တွေ အကြောင်းကို သိဖို့ လိုတာပေါ့နော်။ ဒီအတွက် hardware deviceထုတ်လုပ်သူတွေက သူတို့ရဲ့ hardware တွေအတွက် DirectX HAL နဲ့ ကိုက်ညီမှုရှိတဲ့ device driver တွေကို ဖန်တီးပေးကြပါ လိမ့်မယ်။

DirectX compatible hardware ဆိုတာ အဲဒါမျိုးတွေပေါ့။

ဒါကြောင့် ကျွန်တော်တို့က DirectX game တစ်ခုကို ဖန်တီးတော့မယ် ဆိုရင် HAL နဲ့ တိုက်ရိုက် ဆက်သွယ် အလုပ်လုပ်ဖို့ မလိုပါဘူး။

API Layer ကပေးထားတဲ့ interface တွေ၊ function တွေနဲ့ပဲအလုပ်လုပ်နိုင်တယ်ဆိုရင် ရပါပြီ။

ဟိုးအရင် DirectX version အဟောင်းမှာတုန်းက HEL (Hardware Emulation Layer) ဆိုတာ သုံးခဲ့ပါသေးတယ်။

အခု နောက်ပိုင်းVersion တွေမှာ မသုံးတော့ပါဘူး။ ဒါကြောင့် အဲဒါ အကြောင်းကို အသေးစိတ် မပြောတော့ဘူးနော်။

နောက်ပိုင်း DirectX version တွေမှာ HEL အစားPluggable Software Device ဆိုတဲ့ နည်းပညာကို အစားထိုးခဲ့ပါတယ်။

အဲဒါနဲ့ ပတ်သက်ပြီး အသေးစိတ် သိချင်ရင် DirectX Device Driver Kit (DDK) မှာပါတဲ့ documentation ကိုပဲဖတ်ကြည့်ပါနော်။

Version မြင့်လာလေလေ ပေးအပ်ထားတဲ့လုပ်ဆောင်နိုင်စွမ်း တွေလည်းများများလာလေဖြစ်ပါတယ်။

နောက်ဆုံးထွက် DirectX versionနဲ့ အလုပ်လုပ်နိုင် ဖို့အတွက် အဲဒီ DirectX ကို support လုပ်တဲ့ hardware တော့ ဖြစ်ရပါမယ်။

ဥပမာ- Nvidia Geforce 4 Ti နဲ့ Geforce FX (5) နဲ့ က အမြန်နှုန်း core clock speed မှာအတူတူ ပါပဲ။

ဒါပေမယ့် Geforce 4 Ti က DirectX 8 ကိုပဲ support လုပ်ပြီး၊Geforce FX တွေက DirectX 9 interface တွေကို ကောင်းကောင်း support လုပ်ပါတယ်။ဒါကြောင့် ဘယ်လိုပဲ ဖြစ်ဖြစ် DirectX 9 ကိုသုံးပြီး ဖန်တီးထားတဲ့ application တွေကို run မယ်ဆိုရင် Geforce FX က Geforce 4 ထက် ပိုကောင်း၊ ပိုတိကျတဲ့ ပုံရိပ်တွေကို ရမှာ အသေအချာပါပဲ။ဒီလောက်ဆိုရင် သဘောပေါက်လောက်မယ်ထင်ပါတယ်နော်။



Crdeit ::  Unknown


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

Sunday, April 20, 2014

Firewall ဆိုတာဘာလဲ


















Introduction to Firewall

ကျွန်တော်တို့ကျောင်းတွေမှာ ဒါမှမဟုတ် ရုံးခန်းတွေမှာ အင်တာနက်အသုံးပြုတဲ့အခါမှာ အချို ့ website (အထူးသဖြင် ့ social site တွေဖြစ်တဲ့ Facebook ၊Twitter တို ့) တွေကို အသုံးပြုလို ့မရပါဘူး။အဲ့လို အသုံးပြုလို ့မရအောင် Firewall ကို အသုံးပြုပြီး block ထားကြတာပါ။ နောက်ပြီးတော့ Firewall ဟာ Hacker တွေရဲ ့ရန်ကလည်း ကာကွယ်ပေးပါတယ် (၁၀၀% တော့မဟုတ်ဘူးဗျ.. ဘာလို ့လဲဆိုတော့ firewall ကို ဖောက်လို ့ရတဲ့ နည်းတွေအများကြီးရှိလို ့ :P)ကဲ ဒါဖြင့် Firewall ဆိုတာ ဘာလဲ သိဖို့ ဆက်လေ့လာလိုက်ရအောင်။


What is Firewall?

Firewall ကို ဥပမာပေးပြီးပြောရမယ်ဆိုရင် ဘာနဲ ့တူလဲဆိုတော့ ရုံးခန်း အပြင်ဘက်မှာ စောင့်တဲ့ လုံခြုံရေးဝန်ထမ်း နဲ ့တူတယ်လို ့ပြောလို ့ရတယ်ဗျ။အဲ့ ရုံးခန်းက လုံခြံုရေး ၀န်ထမ်းတွေ ရဲ ့တာဝန်က ဘာလဲ ဆိုတာ အားလုံးသိကြတဲ့အတိုင်းပဲ ID card အထောက်အထားပြ နိုင်တဲ့သူကို တော့ ရုံးခန်းထဲ ပေးဝင်တယ် ID အထောက်အထားမပြနိုင်တဲ့ သူတွေကိုတော့ block လုပ်ထားပေးတယ်။ အဲ့သဘောတရားအတိုင်းပဲ Firewall ဟာ System ထဲကို ၀င်လာမယ့် unauthorized access တွေကို block လုပ်ပေးထားပါတယ်။ Firewall ဟာ Software လဲဖြစ်နိုင်သလို Hardware လဲဖြစ်နိုင်ပါတယ်။ သူက Administrator က define လုပ်လိုက်တဲ့ rule တွေအတိုင် set လုပ်ပြီးတော့ အလုပ်လုပ်ပါတယ်။ Firewall Administrator ကို အသုံးပြုပြီးတော့ website တစ်ခုချင်းစီကို access လုပ်လို ့မရအောင် block လို့ ရပါတယ်။

- Traffic အားလုံ ( အဝင်၊အထွက် ) ဟာ Firewall ကို ဖြတ်ပြီးသွားရပါတယ်။
- Admin က authorized ပေးတဲ့ traffic ပဲ ပေးဖြတ်ပါတယ်။ မဟုတ်ရင်တော့ block လုပ်လိုက်ပါတယ်။

Types of Firewall
• Packet Filtering
• Appliction level gate way
• Circuit level gate way


Packet Filtering ( Network Layer )

Packet Filtering Router ဟာ  incoming IP တစ်ခုချင်းစီကို admin က set လုပ်ထားတဲ့ rules တွေကို apply လုပ်ပါတယ်။ ပြီးတော့မှ forward လုပ်သင့်တာကို လုပ် discard လုပ်သင့်တာကို လုပ်တာပါ။ Router ကို အဝင်အထွက်တွေအတွက် filter လုပ်ဖို ့ config လုပ်ထားတဲ့သဘောပါပဲ။ဒီ  Packet Filtering မှာအဓိက သတိထားရမှာက IP Spoofing Attack ပါပဲ။ ဘယ်လို achieved လုပ်သွားလဲဆိုတော့ packet ရဲ ့IP source ကို change လုပ်ပြီး achieved လုပ်သွားတာပါ။


Appliction level gate way

ဒါကို proxy server လို့ လည်း လူသိများပါတယ်။ user က  TCP/IP layer ကို အသုံးပြုပြီးတော့ gateway နဲ communicate လုပ်တာပါ။ Gateway က connect လုပ်မယ့် remote host ရဲ ့နာမည်ကို မေးပါလိမ့်မယ်။User ကသာ valid ဖြစ်တဲ့ user ID ကို ထည့်လိုက်မယ်ဆိုရင် Gateway ကနေပြီးတော့ remote access ပြန်ပေးပါလိမ့်မယ်။ Packet Filtering နည်းထက်ပို ပြီး လုံခြံုမှုရှိပါတယ်။ incoming traffic တွေကို အလွယ်တကူ audit လုပ်လို ့ရပါတယ်။ Application-level filtering မှာ spam, virus တွေကို လည်းကာကွယ်ပေးပါတယ်။


Circuit level gate way

Circuit level gate way  ကတော့ OSI model တွေရဲ ့session layer မှာ အလုပ်လုပ်ပါတယ်။ Monitor TCP နဲ ့packets တွေကို legitimate ဖြစ်အောင် လုပ်ပေးပါတယ်။ Traffic filter ကတော့ session rules တွေပေါ်မှာပဲ အခြေခံပါတယ်။Circuit-level firewalls မှာတော့ network ကို hide လုပ်ပေးထားပါတယ်။ ဒီကောင်က denying access လုပ်တဲ့အခါမှာ အသုံးဝင်ပါတယ်။ ဒါပေမယ့် packet တစ်ခုချင်းစီကိုတော့ filter မလုပ်သင့်ပါဘူး။



Why Firewall?

Firewall ဟာ unauthorized users တွေကို block လုပ်ပေးပါတယ်။ network ထဲကို vulnerable services တွေ prohibits လုပ်ပေးပါတယ်။IP spoofing နဲ ့routing attack တွေရန်ကနေ ကာကွယ်ပေးပါတယ်။Remote login, Trojan backdoors, Session hijacking, cookie stealing စတာတွေကိုလည်း ကာကွယ်ပေးပါတယ်။ ဒါတွေကြောင့် Firewall ကို အသုံးပြုနေကြတာပါ။


Limitation of Firewalls

Firewall ဟာ  by pass firewall attack method ကို မကာကွယ်ပေးနိုင်ပါဘူး။ Internal threats တွေကိုလည်း မကာကွယ်ပေးနိုင်ပါဘူး။ Virus infected ဖြစ်နေတဲ့ progams (or) files ကို transfer လုပ်ခြင်းကိုလည်းမကာကွယ်နိုင်ပါဘူး။



Credit ::  Unknown


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Friday, April 18, 2014

Windows RT ဆိုတာ ဘာလဲ



















ယခင်က Windows on ARM လို့လူသိများတဲ့ Windows RT ရဲ့အခြားသော Windows operating system နဲ့ မတူညီတဲ့အချက်ကတော့ Microsoft ကအသိအမှတ်ပြုထားတဲ့ Windows Store ပေါ်က software များနဲ့သာ အသုံးပြုနိုင်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ARM အသုံးပြု ထုတ်ကုန်တွေပေါ်မှာသာ သုံးနိုင်မယ့် Windows RT နဲ့ပတ်သက်တဲ့ သိထားသင့်တာတွေကို စုစည်းဖော်ပြလိုက်ပါတယ်။

Windows RT ဆိုတာဘာလဲ။

အထက်မှာ ဆိုခဲ့တဲ့အတိုင်း Windows 8 နဲ့ Windows RT ဟာ ကွဲပြားခြားနားပါတယ်။ Microsoft ဟာ Windows 8 ဗားရှင်းတွေကို ယခင် Windows ဖြန့်ချိစဉ်ကထက် ဗားရှင်းများ လျှော့ချထုတ်လုပ်ရန် ရည်ရွယ်ထားတာနဲ့အမျှ Windows RT လို့ခေါ်တဲ့ ARM ပရိုဆက်ဆာတွေပေါ်မှာသာ အသုံးပြုနိုင်တဲ့ Windows 8 ဗားရှင်းကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။


Windows RT နဲ့ WinRT တို့ရဲ့အဓိပ္ပာယ်က တူပါသလား။

အတိုဆုံး ဖြေရမယ်ဆိုရင်တော့ မတူညီပါဘူး။ အကျယ်ချဲ့ပြီး ရှင်းပြရမယ်ဆိုရင်တော့ WinRT လို့ခေါ်တဲ့ Windows Runtime ကို Windows 8 နဲ့ Windows RT နှစ်မျိုးစလုံးပေါ်မှာ အသုံးပြုနိုင်ပါတယ်။ Runtime ဆိုတာဟာ Metro app သစ်များကို ထောက်ပံ့ပေးတဲ့ အင်ဂျင်အတွက် နည်းပညာဆိုင်ရာ အသုံးအနှုန်းဖြစ်ပါတယ်။ ဒါပေမဲ့ Windows Runtime ဆိုတဲ့အသုံးအနှုန်းကို အခုမှ စတင်အသုံးပြုတာ မဟုတ်ပါဘူး။ Hardware တွေနဲ့ အပြန်အလှန် အလုပ်လုပ်နိုင်မယ့် software ကို developer တွေရေးသားနိုင်စေမယ့် application programming interfaces (APIs) ကိုလည်း Runtime ကို ရည်ညွွှန်းခေါ်ဆိုပါတယ်။ Windows RT ကတော့ ARM ပေါ်မှာသုံးနိုင်မယ့် Windows 8 အတွက် Microsoft က ရိုးရိုးရှင်းရှင်း အမည်ပေးထားတာပါ။


Metro ဆိုတာဘာလဲ။

Metro ဆိုတာကတော့ Windows 8 ရဲ့ user interface သစ်ကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ Icon များအစား tile များကို အသုံးပြုထားပြီး အချက်အလက်တွေကို app ကနေ အချိန်နဲ့တစ်ပြေးညီ ဖော်ပြပေးပါတယ်။ ၎င်းတို့ကို WinRT နဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။


WinRT ဆိုတာဘာလဲ။

အခြေခံအားဖြင့် WinRT ဟာ Windows 8 ရဲ့ Metro အပိုင်းကို ကျောထောက်နောက်ခံ ပြုထားတာဖြစ်ပါတယ်။ ဒါပေမဲ့ ၎င်းဟာ Windows developer တွေအတွက် program ရေးဆွဲခြင်းကို ပိုမို ရိုးရှင်းစွာနဲ့ ပြုလုပ်နိုင်စေပါတယ်။ Metro အတွက် coding များဟာ Windows 7 နဲ့အစောပိုင်း Windows အတွက် program တစ်ခုကို ရေးဆွဲခြင်းထက် ပိုမိုလွယ်ကူတာကြောင့် Windows 8 ဟာ developer များကို် ဆွဲဆောင်နိုင်မယ့် နေရာတစ်ခုဖြစ်လာပါတယ်။


Windows 8 နဲ့ Windows RT ဘာတွေကွာခြားသလဲ။

Windows 8 နဲ့ Windows RT မှာ သိသာထင်ရှားတဲ့ ကွဲပြားခြားနားမှုတွေရှိပါတယ်။ ဒီအချက်တွေကပဲ Windows RT ကိုကျရှုံးနိုင်စေပြီး Windows 8 ကို အောင်မြင်မှုရရှိစေနိုင်ပါတယ်။ ကွာခြားချက်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။


- Windows RT ကို ARM အသုံးပြု ထုတ်ကုန်တွေပေါ်မှာသာ သုံးနိုင်ပါတယ်။
- Windows RT မှာ Desktop mode ပါ၀င်ပေမယ့် pre-install ကိုတော့ ကန့်သတ်ထားပါတယ်။ Pre-install အနေနဲ့ touch နဲ့သုံးနိုင်မယ့် Microsoft Office (Word, Excel, PowerPoint, OneNote) တို့ကို ထည့်သွင်းပေးထားပါတယ်။
- Windows RT မှာ device encryption ပါ၀င်ပါတယ်။
- x86/x64 program အဟောင်းတွေကိုတော့ Windows RT မှာ အသုံးပြုနိုင်ခြင်းမရှိပါဘူး။


Windows RT မှာ ဘယ်လို app အမျိုးအစားတွေကို အသုံးပြုနိုင်သလဲ

အင်တာနက်ချိတ်ဆက်မှု၊ cloud synchronization နဲ့တုံ့ပြန်နိုင်စွမ်းရှိတဲ့ Metro app တွေကို Windows RT ပေါ်မှာ သုံးနိုင်ပါတယ်။


ARM အသုံးပြု ထုတ်ကုန်အဟောင်းတွေပေါ်မှာ Windows RT ကို အသုံးပြုနိုင်ပါသလား။

အသုံးမပြုနိုင်ပါ။ Windows RT ကို pre-install အနေနဲ့သာ ရရှိနိုင်မှာ ဖြစ်တဲ့အတွက် ARM အသုံးပြုမှု ထုတ်ကုန်အဟောင်းတွေပေါ်မှာ အသုံးပြုနိုင်ခြင်းမရှိပါဘူး။


ARM ရဲ့ အကျိုးကျေးဇူးက ဘာတွေလဲ

ARM ပရိုဆက်ဆာတွေဟာ စျေးကွက်ထဲမှာရှိတဲ့ iOS, Android နဲ့ အခြားသော မိုဘိုင်းထုတ်ကုန်တွေမှာ အသုံးပြုထားပါတယ်။ ၎င်းဟာ ဘက်ထရီစွမ်းအင် ထိန်းချုပ်မှုအပိုင်းမှာ ကောင်းမွန်တဲ့အတွက် ကျယ် ကျယ်ပြန့်ပြန့် အသုံးပြုကြခြင်းဖြစ်ပါတယ်။


Windows RT မှာ အားနည်းချက်များရှိသလား။

Windows 8 မှာ အသုံးပြုတဲ့ core API တွေကို Microsft က Windows RT မှာအသုံးပြုမှု ကန့်သတ်ထားပါတယ်။ ဒီအချက်ဟာ browser ကုမ္ပဏီများအကြား အံ့အားသင့်ဖွယ်ရာဖြစ်ခဲ့သလို Microsoft အနေနဲ့လည်း Apple က iOS ကို ထိန်းချုပ်ထားသလိုမျိုး Windows RT ကိုထိန်းချုပ်ကာ browser ဆန်းသစ်တီထွင်မှုများကို လျှော့ချရန် ကြိုးပမ်းဖွယ်ရှိပါတယ်။ နောက်အားနည်းချက် တစ်ခုကတော့ Windows RT အတွက် OEM လိုင်စင်ဟာ အမေရိကန်ဒေါ်လာ ၈၀ ခန့် ကျသင့်ဖွယ်ရှိပါတယ်။ ဒီအချက်ဟာ WindowsRT ရဲ့စျေးနှုန်းကို အခြားသော Android ထုတ်ကုန်များထက် ကြီးမြင့်စေမယ့် အချက်ဖြစ်ပါတယ်။ ဒါ့အပြင် Windows RT tablet ဟာ Windows 8 tablet နဲ့အမြင်အားဖြင့် တူညီနိုင်တဲ့အတွက် ၀ယ်ယူသူများအနေနဲ့ စိတ်ရှုပ်ထွေးစရာဖြစ်နိုင်ပါတယ်။



Credit :: Unknown


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

Tuesday, April 8, 2014

USB 1.0 2.0 and 3.0 အကြောင်း


















USB (Universal Serial Bus) က External Device တွေအတွက် အဓိကရည်ရွယ်ပြီးထုတ်လုပ်ထားတာပါ။သူ့မှာအားသာချက်က USB Devices ကို Windows Run နေတဲ့အချိန်မှာတပ်ဆင်တဲ့အချိန် System ကို Restart လုပ်စရာမလိုပါဘူး။ length အရဆိုရင် Default အရ 5m (30ft) အရှည်ဆုံးရှိပါတယ်။ ဒီထက်ရှည်မယ်ဆိုရင် Data Transfer လုပ်တဲ့ အခါ Lostဖြစ်တတ်ပါတယ်။USB မှာ Version 4မျိုးရှိပါတယ်။

USB1X
၁၉၉၆ ခုနှစ်ကစတင်ပေါ်ပေါက်ခဲ့ပါတယ်။ Version 1.0 မှာ 1.5Mbps Data Transfer Rate ရှိပါတယ်။ Hight Speed လိုအပ်တဲ့ Drive တွေကိုဆိုရင် 12Mbps ထိ support လုပ်ပေးပါတယ်။ Bandwidth သေးငယ်တဲ့ဟာမျိုးဆိုရင်တော့ 1.5 Mbps ပဲ support လုုပ်ပါတယ်။

USB2X
၂၀၀၁-၂၀၀၂ ခုနှစ်လောက်မှာစတင်ပေါ်ပေါက်ခဲ့ပါတယ်။ Data Transfer Rate က Hight- speed ဖြစ်ပါတယ်။ Versio1.0 ထက်စာရင် Data Transfer Rate က အရမ်းများပါတယ်။ 480Mbpsလောက်ထိရှိပါ တယ်။

USB 3X
၂၀၁၀ နှစ်ဦးပိုင်းမာှ စတင်ပေါ်ပေါက်လာခဲ့ပါတယ်။ SATA နှင့် ESATA တို့ထက်တောင် ပိုမိုလျှင်မြန်ပါတယ်။ သူ့ ရဲ့ Data Transfer Rate က 5Gbps ထိရပါတယ်။

USB OTG
USB OTG (Universal Serial Bus On-the-Go) ကတော့ Computer မလိုပဲ OTG Support လုပ်တဲ့ Device တွေမှ တဆင့် Print ထုတ်ခြင်းစသည်တို့ကိုလုပ်ဆောင်နိုင်ပါတယ်။ Power Saving လည်းဖြစ်တဲ့အတွက်ကြောင့် Devices ရဲ့ Battery ကိုလည်းရေရှည် အသုံးပြုနိုင်ပါတယ်။


Credit ::  Unknown



Posted By

<< HTAR WAIE THAR >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Friday, April 4, 2014

Wireless Network သို့မဟုတ် Bluetooth ဆိုသည်မှာ

























bluetooth ဆိုသည်မှာ Personal Area Network (PANS)တွင်သုံးတဲ့ power အသုံးပြုမှု နည်းသည့် Short Range အကွာဝေး Wireless နည်းပညာတစ်ခုဖြစ်ပါတယ်။ Bluetooth ၏ Short Range Wireless ကို အစပြခဲ့တာက Swedish Telecom မှဖြစ်ပါတယ်။Bluetooth Technology မတူညီသောပစ္စည်းများကြားတွင် ပေါင်းစည်းအလုပ်လုပ်ပေးနိုင်ရန် လုပ်ဆောင်ခဲ့ကြပါတယ်။


Bluetooth Network

Bluetooth Network များသည် 2.45GHz ရှိသော Radio Frequency ကို အသုံးပြုထားသောကြောင့် Wifi Network, Cordless Phone,Microwave Oven များတွင်အသုံးပြုသော Frequency နှင့်ဆတူပင်ဖြစ်ပါတယ်။ Bluetoothပစ္စည်းများကိုမီတာ (၃၂ပေ) အတွင်း တွင်သာအသုံးပြုနိုင် Data Rate မှာ 300kbps ရရှိမည်ဖြစ်သည်။နံရံများကို ပါ ကျော်ဖြတ် သွားနိုင်သောကြောင့် မိမိပို့ ချင်သောDevice ရှိရာ အလွယ်တကူပို့နိုင်။ Bluetooth ပစ္စည်း တစ်ခုနှင့်တစ်ခုချိတ်ဆက်မိဖို့ရန်အတွက် High Level Protocols ဟုခေါ်သော Profiles များလိုအပ်ပါတယ်။
 
ဥပမာ- Mobile Phoneနှင့်Audio Headset တို့အချင်းချင်း ဆက်သွယ်နို်င်ရန်Headsetကိုသုံးဖို့လိုအပ်ပါတယ်။ Digital Camera မှဓါတ်ပုံကိုBluetoothနှင့်ထုတ်ရန်Printer နှင့် လှမ်းချိတ်တဲ့အခါ Printer Headset ကိုသုံးရ။ ထိုနည်းတူSmart Phone ,PDA, Camera,Computer များတွင် ဖိုင်အချင်းချင်းဖလှယ်ကြသောအခါ တွင် File Transfer Profiles ကိုသုံးရပါတယ်။

Bluetooth Network များသည် Ad Hoc Network များဖြစ်သည်။Bluetooth ပစ္စည်းများသည် Bluetooth Network Range အတွင်းမှပစ္စည်းများကိုအလိုအလျောက် သိရှိနိုင်သည်။ Ad Hoc Network ဆိုသည်မှာအလွယ်တကူသယ်ယူသွားနိုင်သော Wireless Network တစ်ခုပင်ဖြစ်သည်။ Bluetoothပစ္စည်းများသည် တစ်ခုနှင့် တစ်ခု Bridge လုပ်ကာချိတ်ဆက်တက်ကြပါတယ်။Bluetooth Network သည် Static မဟုတ်ပဲ Dynamic ဖြစ်သည်။ Bluetoothသုံးရာတွင် privacy နှင့် security မှာ အရေးပါသည်။ Authentication ဆိုတာdata ဖလှယ်သည့်အခါ ခွင့်တောင်းသည့်သဘောဖြစ်ပါတယ်။ဥပမာ-Bluetoothဖြင့်ဓါတ်ပုံပို့ရာတွင် အခြားတစ်ဖက်မှ လက်ခံ မလား ဟူသောအပိုင်းသည်(Authentication) ပင်ဖြစ်သည်။ Data ပမာဏ များများ ဖလှယ်ရမည်ဆိုရင်တော့ Authentication နှင့်မလုံလောက်တော့ပဲ Trust Relationship ဟုခေါ်သော pairing ပါလိုအပ်လာပါတယ်။ Pair လုပ်ချင်သူဘက်မှ အခြားသူ ၏ PIN(Personal Identification Number)ကို ရိုက်ထည့်ပေးရသည်။ထိုအခါ တခြားဘက်မှလက်ခံ ရရှိပြီး PIN မှန်လျှင်၄င်းပစ္စည်း (2)ခု pair ဖြစ်သွားမည်ဖြစ်သည်။


Bluetooth Network လုံခြုံရေး

Bluetooth များတွင် Blue Jacking နှင့် Blue snarling တို့ဖြင့်နှောက်ယှက်မှု များဖြစ် တက်ပါတယ်။ထိုအပြင့် mobile virus  အချို့သည် လည်း Bluetooth Networkမှတဆင့် ပျံ့နှံ့တက်ကြပါတယ်။ထိုသို့ဖြစ် ရခြင်း အကြောင်းကတော့ Bluetooth Network ထဲမှနီးရာပစ္စည်း များ ကု Detect လုပ်ကာ Virus များဝင်ရောက် ပျံ့နှံ့ခြင်းဖြစ်ပါတယ။် ၄င်း Virus များသည် Dataကိုသော်လည်းကောင်း၊ပစ္စည်း ကိုသော်လည်းကောင်း ဖျက်ဆီး တက်ကြပါတယ်။


Credit::  Unknown


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiehtar.blogspot.com

Tuesday, April 1, 2014

ကွန်ပျူတာနှင့် မိုဘိုင်းလ်ဖုန်းဆိုင်ရာ ဝေါ်ဟာရ အရည်ခေါ်များ





















ကျွန်တော်တို့တွေသုံးနေကြတဲ့ ကွန်ပျူတာနဲ့ မိုဘိုင်းဖုန်းနယ်ပယ်များ တွေ့နေရတဲ့ ဝေါဟာတွေရဲ့ အဓိပ္ပါယ်အရှည်တွေကို ပြန်လည်မျှဝေလိုက်ပါတယ်..

HTTP - Hyper Text Transfer Protocol.

HTTPS - Hyper Text Transfer Protocol Secure.

IP - Internet Protocol.

URL - Uniform Resource Locator.

USB - Universal Serial Bus.

VIRUS - Vital Information Resource Under Seized.

3G - 3rd Generation.

GSM - Global System for Mobile Communication.

CDMA - Code Divison Multiple Access.

UMTS - Universal Mobile TelecommunicationSystem.

SIM - Subscriber Identity Module.

AVI = Audio Video Interleave

RTS = Real Time Streaming

SIS = Symbian OS Installer File

AMR = Adaptive Multi-Rate Codec

JAD = Java Application Descriptor

JAR = Java Archive

JAD = Java Application Descriptor

3GPP = 3rd Generation Partnership Project

3GP = 3rd Generation Project

MP3 = MPEG player lll

MP4 = MPEG-4 video file

AAC = Advanced Audio Coding

GIF = Graphic InterchangeableFormat

JPEG = Joint Photographic ExpertGroup

BMP = Bitmap

SWF = Shock Wave Flash

WMV = Windows Media Video

WMA = Windows Media Audio

WAV = Waveform Audio

PNG = Portable Network Graphics

DOC = Document (Microsoft Corporation)

PDF = Portable Document Format

M3G = Mobile 3D Graphics

M4A = MPEG-4 Audio File

NTH = Nokia Theme (series 40)

THM = Themes (Sony Ericsson)

MMF = Synthetic Music Mobile Application File

NRT = Nokia Ringtone

XMF = Extensible Music File

WBMP = Wireless Bitmap Image

DVX = DivX Video

HTML = Hyper Text Markup Language

WML = Wireless Markup Language

CD - Compact Disk.

DVD - Digital Versatile Disk.

CRT - Cathode Ray Tube.

DAT - Digital Audio Tape.

DOS - Disk Operating System.

GUI - Graphical User Interface.

HTTP - Hyper Text Transfer Protocol.

IP - Internet Protocol.

ISP - Internet Service Provider.

TCP - Transmission Control Protocol.

UPS - UninterruptiblePower Supply.

HSDPA - High Speed Downlink Packet Access.

EDGE - Enhanced Data Rate for GSM [GlobalSystem for Mobile Communication] Evolution.

VHF - Very High Frequency.

UHF - Ultra High Frequency.

GPRS - General Packet Radio Service.

WAP - Wireless Application Protocol.

TCP - Transmission Control Protocol .

ARPANET - Advanced Research Project Agency Network.

IBM - International Business Machines.

HP - Hewlett Packard.

AM/FM - Amplitude/ Frequency Modulation.

WLAN - Wireless Local Area Network

AVI = Audio Video Interleave

RTS = Real Time Streaming

SIS = Symbian OS Installer File

AMR = Adaptive Multi-Rate Codec

JAD = Java Application Descriptor

JAR = Java Archive

JAD = Java Application Descriptor

3GPP = 3rd Generation Partnership Project

3GP = 3rd Generation Project

MP3 = MPEG player lll

MP4 = MPEG-4 video file

AAC = Advanced Audio Coding

GIF = Graphic Interchangeable Format

JPEG = Joint Photographic Expert Group

BMP = Bitmap

SWF = Shock Wave Flash

WMV = Windows Media Video

WMA = Windows Media Audio

WAV = Waveform Audio

PNG = Portable Network Graphics

DOC = Document (Microsoft Corporation)

PDF = Portable Document Format

M3G = Mobile 3D Graphics

M4A = MPEG-4 Audio File

NTH = Nokia Theme (series 40)

THM = Themes (SonyEricsson)

MMF = Synthetic Music Mobile Application File

NRT = Nokia Ringtone

XMF = Extensible Music File

WBMP = Wireless Bitmap Image

DVX = DivX Video

HTML = Hyper Text Markup Language

WML = Wireless Markup Language

CD - Compact Disk.

DVD - Digital Versatile Disk.

CRT - Cathode Ray Tube.

DAT - Digital Audio Tape.

DOS - Disk Operating System.

GUI - Graphical User Interface.

HTTP - Hyper Text Transfer Protocol.

IP - Internet Protocol.

ISP - Internet Service Provider.

TCP - Transmission Control Protocol.

UPS - Uninterruptible Power Supply.

URL - Uniform Resource Locator.

USB - Universal Serial Bus.

VIRUS - Vital Information Resource Under Seized.

3G - 3rd Generation.

GSM - Global System for Mobile Communication.

CDMA - Code Divison Multiple Access.

UMTS - Universal Mobile Telecommunication System.

SIM - Subscriber Identity Module.

HSDPA - High Speed Downlink Packet Access.

EDGE - Enhanced Data Rate for

GSM [ Global System for Mobile Communication] Evolution.

VHF - Very High Frequency.

UHF - Ultra High Frequency.

GPRS - General Packet Radio Service.

WAP - Wireless Application Protocol.

TCP - Transmission Control Protocol .

ARPANET - Advanced Research Project Agency Network.

IBM - Internation Business Machine Corporation.

HP - Hewlett Packard.

AM/FM - Amplitude/ Frequency Modulation.

WLAN - Wireless Local Area Network



Credit:: Unknow


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Friday, March 28, 2014

ကွန်ပျူတာ ကြည့်သူများအတွက်



















ခုခေတ်မှာကွန်ပြူတာသုံးတဲ့သူအရမ်းများပါတယ်။ကွန်ပြူတာနဲ့အလုပ်လုပ်နေရတဲ့သူတွေရှိသလို အင်တာနက်ခေတ်ကြီးမှာအလုပ်ကြောင့်ဖြစ်ဖြစ်အပျင်းပြေဖြစ်ဖြစ်အင်တာနက်သုံးရင်း အချိန်ကုန်နေ တဲ့သူတွေ ကလည်း အများကြီးပဲလေ။ ဂိမ်းကို စွဲစွဲလန်းလန်းကစားနေတဲ့သူတွေကလည်း ဒုနဲ့ဒေးပါပဲ။ အဲဒီတော့ ကွန်ပြူတာအသုံးများလွန်းပြီး မျက်စိပြဿနာတွေနဲ့ ကြုံရပြီပေါ့။

ကွန်ပြူတာအသုံးများလွန်းရင် မျက်စိကအများကြီးဒဏ်ခံရပါတယ်။ မျက်လုံးတွေဝေဝါးလာမယ်၊ ကြည့်ရတာလည်း အဆင်မပြေတော့ဘူး၊ မျက်လုံးအိမ်ခြောက်သွေ့လာမယ်၊ မျက်ရိုးကိုက်၊ မျက်ရည်ပူတွေကျမယ်၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ဇက်ကြောတွေလည်းတက်မယ််၊ မျက်မှန်သမားတွေဆိုရင်လည်း မျက်မှန်က ကြည့်ရတာ အဆင်မပြေတော့ဘူး။ ဒါဆိုရင်တော့ မျက်စိက အလုပ်လုပ်ရလွန်းလို့ ဒဏ်မခံနိုင်တော့ဘဲ ဆန္ဒပြလာပြီပေါ့။ မျက်စိပါ၀ါတိုးမှာကလည်း သေချာသလောက်ပဲနော်။ ကံကောင်းထောက်မစွာနဲ့ပဲဲ ဒီလို အခြေအနေတွေကို ရှောင်လွှဲနိုင်မယ့်နည်းလမ်းတွေ အများကြီးရှိပါတယ်။ အရမ်းလွယ်တယ်နော်။ လုပ်ကြည့်ကြရအောင်..။

Use Flat LCD Monitor
- အရင်သုံးနေတဲ့ Tube Monitor တွေအစား Flat LCD Monitor ကို ပြောင်းသုံးပါ။
- Flat LCD Monitor တွေမှာ အလင်းတာကိုလျှော့ချပေးနိုင်တဲ့ မျက်နှာပြင်ပါရှိလို့ မျက်စိကို ထိခိုက်မှုနည်းစေတယ်လေ။
- ဒါကြောင့် ကွန်ပြူတာကို အကြာကြီးသုံးနေရတဲ့သူတွေဟာ Flat LCD Monitor ကိုပဲ သုံးသင့်တယ်နော်။

Clean The Screen Regularly
- ကွန်ပြူတာမျက်နှာပြင်ပေါ်က ဖုန်မှုန့်လေးတွေကြောင့် သင့်မျက်စိထိခိုက်နိုင်တယ်ဆိုရင် အံ့သြသွားမှာပဲနော်။
- ကွန်ပြူတာမျက်နှာပြင်က အမြဲထုတ်လွှင့်နေတဲ့ လျှပ်စစ်လှိုင်းတွေရဲ့တွန်းကန်အားကြောင့်ကွန်ပြူတာမျက်နှာပြင်ပေါ်ကဖုန်မှုန့်လေးတွေက သင့်မျက်လုံးဆီကိုတန်းတန်းမတ်မတ်ကို ရောက်လာမှာပဲလေ။
- အဲဒီဖုန်မှုန့်လေးတွေ မျက်စိထဲဝင်သွားပြီဆိုရင် မျက်စိထဲမှာ ခိုးလိုးခုလုတွေဖြစ်မယ်။ မျက်စိကလည်း ပိုဒဏ်ခံရတာပေါ့။
- အဲဒီတော့ ကွန်ပြူတာမသုံးခင် ကွန်ပြူတာမျက်နှာပြင်ကို အရင်ဆုံး သေချာသုတ်လိုက်နော်။

Position Your Monitor At the Proper Distance & Angle
- ကွန်ပြူတာက သင့်ရှေ့တည့်တည့်မှာပဲရှိပါစေ။
- သင့်မျက်နှာနဲ့ ကွန်ပြူတာက ၂ပေလောက် ကွာနေရမယ်နော်။
- ပြီးတော့ ကွန်ပြူတာရဲ့မျက်နှာပြင်က သင့်မျက်လုံးနေရာထက် နိမ့်ရမယ်။
- ကွန်ပြူတာရဲ့အပေါ်ဘောင်က သင့်မျက်လုံးနဲ့တစ်တန်းတည်းဖြစ်နေရင်တော့ အကောင်းဆုံးပဲပေါ့။
- ဒါမှ သင့်မျက်လုံးနဲ့ လည်ပင်းက ပုံမှန်အနေအထားမှာရှိနေပြီး အားစိုက်စရာလည်းမလိုတော့ဘူးလေ။

Turn Down your Screen’s Brightness & Turn Up The Contrast
- ကွန်ပြူတာမျက်နှာပြင်က အရမ်းလင်းနေရင် မျက်စိကိုထိခိုက်နိုင်ပါတယ်။
- တကယ်လို့ အရောင်ကို အဖြူနဲ့အမည်းကြားမှာ သေချာစွာမချိန်ထားဘူးဆိုရင်တော့ အရောင်တွေကို သေချာခွဲခြားနိုင်ဖို့ အားစိုက်ကြည့်နေရတာနဲ့ မျက်စိကဒဏ်ဖြစ်လာတော့မှာပါ။
- ဒါကြောင့် ကွန်ပြူတာရဲ့ အလင်းရောင်နဲ့ အရောင်တွေကို ကြည့်လို့ကောင်းပြီးသင့်တော်တဲ့အနေအထားရအောင် သေချာလေးချိန်ပေးဖို့ လိုတယ်နော်။

Books And Papers Directly Next To Screen
- တကယ်လို့ စာရွက်တွေ၊ စာအုပ်တွေထဲက စာတွေကို ကွန်ပြူတာထဲ ကူးရိုက်ရမယ်ဆိုရင်တော့ လိုအပ်တဲ့စာရွက်စာတမ်းတွေကို ကွန်ပြူတာရဲ့ဘေးကပ်လျက်မှာ ထားသင့်ပါတယ်။
- သင့်မျက်လုံးတွေ များများလှုပ်ရှားစရာ မလိုအောင်ပေါ့။
- သင်ဟာ ကွန်ပြူတာကိုမကြည့်ဘဲ စာတွေကိုအလွတ်ရိုက်နိုင်လား။ ဒါဆိုရင်တော့ အကောင်းဆုံးပဲနော်။
- စာကူးရိုက်နေတုန်း စာအုပ်ကိုပဲကြည့်ပြီး အမှားစစ်မယ့်အချိန်လောက်ပဲ ကွန်ပြူတာကိုကြည့်ပါ။

Create An Environment That Has Lighting Similar To That Of Your Monitor
- အလုပ်လုပ်ဖို့ အဆင်အပြေဆုံးနေရာမှာ စူးရှတဲ့အလင်းရောင်တွေ မရှိရဘူး။
- သင့်တင့်တဲ့ သဘာဝအလင်းရောင် ရှိရမယ်။
- ရောင်ပြန်နိုင်တဲ့ပစ္စည်းတွေလည်း မရှိရဘူး။
- အခန်းရဲ့အလင်းရောင်ဟာလည်း ကွန်ပြူတာရဲ့အလင်းရောင်နီးပါး လင်းနေရမယ်နော်။
- ပြီးတော့ ပြတင်းပေါက် (သို့) အရမ်းလင်းနေတဲ့နေရာနဲ့ မျက်နှာခြင်းဆိုင် မနေမိစေဖို့လည်း သတိထားပါအုံး။

Take A Rest
- လူတွေတောင် အလုပ်အရမ်းလုပ်ရရင် ပင်ပန်းနွမ်းနယ်လာရောလေ။
- နူးညံ့တဲ့ မျက်လုံးလေးတွေဆိုရင်တော့ ပိုဆိုးပြီပေါ့။
- မျက်လုံးကို ခဏအနားပေးကြရအောင်နော်။
- ကွန်ပြူတာကို ၁၅မိနစ်ကြည့်ပြီးတိုင်း အဝေးတစ်နေရာကို တစ်မိနစ်လောက် စူးစိုက်ကြည့်ပါ။
- ၁နာရီကြာတိုင်းလည်း မျက်လုံးကိုခဏမှိတ်ထားပြီး အနားပေးလိုက်ပါ။

Blink More
- မျက်စိပြသနာတစ်ချို့ဟာ မျက်တောင်ခတ်နည်းရာကနေ မျက်လုံးအိမ်ခြောက်သွေ့လာလို့ ဖြစ်တာပါ။
- ကွန်ပြူတာ သို့မဟုတ် တစ်ခုခုကို စူးစိုက်ကြည့်နေစဉ်မှာ မျက်တောင်ခတ်ဖို့ မေ့နေတတ်ကြတယ်လေ။
- ဒါကြောင့် နာရီဝက်ကြာတိုင်း မျက်တောင်အခါ၂၀ ခတ်ပေးသင့်တယ်နော်။ Use Eyeglasses With The Proper Prescription
- သင်ဟာ မျက်မှန်တပ်ရသူဆိုရင်တော့ ကိုယ့်မျက်စိပါ၀ါနဲ့ကိုက်ညီတဲ့ မျက်မှန်ကိုပဲ တပ်ဆင်သင့်တယ်နော်။
- မျက်မှန်မှာ ရောင်ပြန်ပါတဲ့မှန်ကို အသုံးပြုပြီးတော့လည်း ကွန်ပြူတာကြောင့်မျက်စိထိခိုက်ခြင်းကနေ ကာကွယ်နိုင်ပါတယ်။
- မျက်မှန်တပ်စရာမလိုတဲ့ မျက်စိကောင်းသူတွေလည်း ပါ၀ါမပါဘဲ ရောင်ပြန်ပါတဲ့ မျက်မှန်လေးနဲ့ ကွန်ပြူတာကြောင့် မျက်စိထိခိုက်တဲ့ဒဏ်ကနေ ကာကွယ်နိုင်ပါတယ်။

Do Eye Exercise
- မျက်လုံးလေးတွေကို အားရပါးရ အသုံးချပြီးရင် မျက်လုံးလေးတွေလည်း ညောင်းနေမှာပဲလေ။
- အဲဒီတော့ မျက်လုံးကြွက်သားလေးတွေ အညောင်းပြေအောင် လေ့ကျင့်ခန်းလေးလုပ်ပေးကြရအောင်နော်။
- အလွယ်ဆုံးနဲ့ အကောင်းဆုံးလေ့ကျင့်ခန်းကတော့ ဖြေလျော့တဲ့လေ့ကျင့်ခန်းပါပဲ။
- လက်ဝါးနှစ်ဘက်ကို ပူနွေးလာတဲ့အထိ ပွတ်ပေးပါ။
- ပူနွေးလာရင် မျက်စိမှိတ်ပြီး မျက်လုံးလေးတွေပေါ် ဖွဖွလေးတင်လိုက်ပါ။
- အားနဲ့တော့ မဖိလိုက်နဲ့နော်။
- ပြီးတော့ လက်ချောင်းလေးတွေကြားကနေ အလင်းရောင်မဝင်နိုင်လောက်အောင်လည်း လက်ချောင်းလေးတွေကို ကပ်ထားရပါမယ်။
- ဒါဆိုရင်တော့ သင့်မျက်လုံးလေးတွေ အညောင်းပြေသွားလောက်ပြီနော်။

ကြာကြာဝါးမယ့်သွားက ဘာစားစား အရိုးကြည့်ရှောင်ရမယ်လေ။ ဒီလိုပဲ မျက်လုံးတွေကိုလည်း တသက်လုံး ကောင်းကောင်းသုံးနိုင်ဖို့ မျက်စိကို ဒဏ်ဖြစ်စေမယ့်အရာတွေကို ရှောင်မှဖြစ်မယ်နော်။ အဲဒီတော့ အထက်ပါနည်းလမ်းလေးတွေကိုလည်း လိုက်နာမယ်၊ မျက်စိအားကောင်းစေတဲ့အစားအစာတွေကိုလည်း အများကြီးစားသုံးပေးမယ်ဆိုရင် သင့်မျက်လုံးလေးတွေဟာ တစ်သက်လုံးအန္တရာယ်ကင်းနေမှာ သေချာပါတယ်။


Credit to All


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

Tuesday, March 25, 2014

ကွန်ပျူတာ အသုံးပြုမှု၏ အခြေခံအကျဆုံး အချက်လက်များ





















ကွန်ပျူတာ အသုံးပြုမှု၏ အခြေခံအကျဆုံး အချက်လက်များကို ကျွန်တော် တစ်စုတစ်စည်း ဖြစ်အောင် စာအုပ်လေး လုပ်ပြီး မျှဝေလိုက်ပါတယ်။

ကျွန်တော့် ဘလော့ဂ်မှာ ၁-၁၁ ခွဲရေးထားတာလေးကို ပြန်လည်း ပေါင်းစည်းလိုက်ခြင်း ဖြစ်ပါတယ်။

စာအုပ်မှာ ပါဝင်သော အကြောင်းအရာတွေက


၁။ ကွန်ပျူတာဆိုတာ ဘာကောင်လဲ

၂။ Hardware အစိတ်အပိုင်းများကို လေ့လာခြင်း

၃။ Input , Output , Stroage Device များကို လေ့လာခြင်း

၄။ Processing Device များကို လေ့လာခြင်း

၅။ Software များကို လေ့လာခြင်း

၆။ ကွန်ပျူတာ အလုပ်လုပ်ပုံကို လေ့လာခြင်း

၇။ ကွန်ပျူတာ အမျိုးအစားများ

၈။ ဆော့ဝဲလ်တွေကို ဘယ်နေရာက ရနိုင်သလဲ

၉။ စာရိုက်ရာတွင် အရေးပါသော ဖောင့်များ လေ့လာခြင်း

၁၀။ Stroage Devices နှင့် ဖိုင်သိမ်းသော ပုံစံ

၁၁။ ကွန်ပျူတာ စနစ်တစ်ခုကို အသုံးပြုဖို့ဆိုတာ


စတာတွေပဲ ဖြစ်ပါတယ်။ ဗဟုသုတရရုံ ကျွန်တော် သိသလောက်လေး ရေးသားထားတာပါ။

လိုအပ်သူများ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။

ဖိုင်ဆိုဒ်က 400 KB ကျော်ကျော်လေးပဲ ရှိပါတယ်။


Download  


::::  ကျွန်တော် ကလေး တစ်ယောက်ကို စာသင်တုန်းက မှတ်တမ်းယူထားတာလေး တစ်ခု သာလျှင် ဖြစ်ပါတယ်။



Posted By

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Sunday, March 23, 2014

ကွန်ပျူတာ စနစ်တစ်ခုကို အသုံးပြုဖို့ဆိုတာ ( No 11 Final )






















ဒီပို့စ်ကတော့ အနှစ်ချုပ်ပါ။

ကွန်ပျူတာ စနစ်တစ်ခုကို အသုံးပြုတော့မည်ဆိုပါက သိသင့်သော အကြောင်းအရာများကို နည်းနည်းလေ့လာရအောင်။
ကွန်ပျူတာ စနစ်တစ်ခုက Hardware , Software နှစ်ခုကို အခြေခံပြီး အသုံးပြုပါတယ်။

Hardware ဆိုတာလေးတွေက ကွန်ပျူတာမှာ တပ်ဆင်ထားသော ထိတွေ့နိုင်သော အစိတ်အပိုင်းများဖြစ်ပြီး သူတို့ကို အဓိက ထိန်းချုပ်သော အရာကိုတော့ Firmware လို့ခေါ်ပါတယ်။
Firmware ဆိုတာတော့ Hardware အစိတ်အပိုင်းတွေ ကွန်ပျူတာမှာ ချိတ်ဆက်ကာ အလုပ်လုပ်နိုင်အောင်ထည့်သွင်းထားသော ဆော့ဝဲလ်အသေးစားလေးတွေပါ။
Software ရဲ့ လုပ်ငန်းစဉ်တွေကို hardware ဖြစ်တဲ့ Read Only Memory (ROM) ထဲမှာ ထည့်သွင်းတာမျိုးကို Firmware လို့ခေါ်ပါတယ်။ RAM (Random Access Memory) နဲ့မတူတဲ့ အချက်က ROM တွေဟာ မီးပိတ်ခဲ့ရင်၊ ပါဝါပြတ်တောက်သွားခဲ့ရင် သူ့ထဲက အချက်အလက်တွေ ပျောက်ဆုံးသွားတာမျိုး မဖြစ်အောင် လုပ်ထားပေးပါတယ်။ ကွန်ပြူတာတစ်လုံးရဲ့ စတင်လုပ် ဆောင်ရမယ့် လုပ်ငန်းစဉ်တွေနဲ့ Low Level input/output instruction တွေကို Frimware ထဲမှာ ထည့်သိမ်းထားပါတယ်။ ကွန်ပြူတာမှာ BIOS (Basic Input/ Output System)လို့ ခေါ်တဲ့ ပစ္စည်းလေးဟာ Firmware ဖြစ်ပါတယ်။ CD ROM, DVD ROM, DVD Writer, CD Writer တွေမှာလည်း Firmware ထည့်သွင်းထားလေ့ရှိပြီး အဲဒီ Firmware ကိုပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လိုအပ်လို့ Update လုပ်တာမျိုးကို Firmware update လို့သုံးပြီး၊ Frimware ရဲ့ model အနိမ့်အမြင့်ကို သိရှိအောင် တစ်နည်းအားဖြင့် Version အနိမ့်အမြင့်ကို သိရှိအောင် နံပါတ်တွေနဲ့ ဖော်ပြထားလေ့ရှိပါတယ်။
Hard dirive တွေမှာလည်း Firmware ပါလေ့ရှိပြီး Version ဘယ်လောက်လဲဆိုတာ ရေးသားထားလေ့ရှိပါတယ်။ Hard drive တွေရဲ့ Firmware ကို Update လုပ်တာ မကြုံဖူးပေမယ့် CD, DVD တွေ Writer ကိုတော့ Firmware update လုပ်ဖို့လိုတာ သတိပြုမိပါတယ်။
သတိပြုရမှာတစ်ခုက ကွန်ပြူတာ System မှာ သုံးထားတဲ့ Firware ဖြစ်တဲ့ BIOS ကို Update လုပ်တာကို Firmware update လို့ သုံးလေ့မရှိပဲ Bio update လို့ပဲ ခေါ်ဝေါ်သုံးစွဲလေ့ရှိ ပါတယ်။
ကွန်ပျူတာမှာ Hardware ရှိသွားသော်လည်း အသုံးပြုလို့မရသေးပါဘူး။

Software ကို ကွန်ပျူတာမှာ တပ်ဆင်မှသာ ဆက်လက်အသုံးပြုလို့ရမှာပါ။
အဓိက ကျတာကတော့ ကွန်ပျူတာ လည်ပတ်မှုစနစ် ( Operating System ) ရှိမှသာ ကွန်ပျူတာ စနစ်တစ်ခုဖြစ်မှာပါ။
Operating System တွေကို ကျွန်တော်တို့ သိနိုင်တာက
Windows Platform , Linux Platform , Apple Platform စတာတွေပဲ ဖြစ်ပါတယ်။
သူနှင့် ကိုက်ညီသော Hardware အစိတ်အပိုင်များရှိပါက ကွန်ပျူတာ လည်ပတ်မှု စနစ်ကို တပ်ဆင်ကာ စတင်အသုံးပြုနိုင်ပါတယ်။
ကွန်ပျူတာ လည်ပတ်မှု စနစ်တွေကလည်း သူ့ကို ဆောင်ရွက်လုပ်ကိုင်နိုင်ဖို့အတွက် စနစ်ဆိုင်ရာ လုပ်ဆောင်ချက်ဖိုင်များ ထားဖို့ကို အဓိကအားဖြင့် Hard Disk Stroage ကို ယူသုံးတာများပါတယ်။
အသေးစာ Phone OS တွေကတော့ Firmware ( Flash ROM ) မှာ နေရာယူတက်ပါတယ်။ကွန်တော့်တို့ အသုံးမများပဲ စျေးအရမ်းကြီးသော SSD Drive ( Solid Stage Drive ) နှင့် Network Cloud Stroage တွေလည်းရှိပါတယ်။
ကွန်ပျူတာ စနစ်တစ်ခုမှာ အများဆုံးပါနိုင်သော ဆော့ဝဲလ်တွေကတော့
ကွန်ပျူတာ စနစ်မှာရှိသော ဖိုင်များကို ကြည့်နိုင် စီမံနိုင်သော File Manager,
ဓါတ်ပုံတွေ ကြည့်နိုင်သော Photo Viewer.
သီချင်း၊ဗွီဒီယိုတွေကြည့်နိုင်သော Media Player ,
Document File တွေ ဖန်တီးဖို့အတွက် Document Writer စတာတွေတော့ အနည်းဆုံးပါပါတယ်။
စနစ်က မပါသော ဆော့ဝဲလ်တွေကတော့ ကိုယ်ဘာသာ ပြန်တင်ရမှာပါ။
ကွန်ပျူတာ လည်ပတ်မှု စနစ်တွေက သူနှင့်သက်ဆိုင်သော ဆော့ဝဲလ်တွေကို ကိုယ်ဘာသာ တင်နိုင်သော အရည်အသွေးရှိပါတယ်။
ဆော့ဝဲလ်များ တင်ဖို့ အသုံးပြုသော ဖိုင်များကို Installer , Package လို့ခေါ်ပါတယ်။
အဲ့လို စနစ်မှာမပါသော ဆော့ဝဲလ်များကို Thirty Party Software လို့ခေါ်ပါတယ်။

Software Installer ( Package ) တွေက ကွန်ပျူတာ စနစ်အပေါ်မှုတည်ကာ ပြောင်းလဲမှုများရှိပါတယ်။
သက်ဆိုင်ရာ စနစ်အလိုက် ဖိုင်များကို အင်စတောလ် ပြုလုပ်ရမှာ ဖြစ်ပါတယ်။
အခုလော်လော်ဆယ် Windows Platform မှာဆိုရင် Installer Package တွေက *.exe , *.msi တို့ပဲဖြစ်ပါတယ်။
Android မှာဆိုရင် *.apk အဲ့လိုမျိုးပါ။သက်ဆိုင်ရာ စနစ်အလိုက် Software Installer File တွေ မတူပါဘူး။
ဆော့ဝဲလ်တစ်ခုကို စနစ်မှာ တင်ဖို့ဆိုရင်တော့ ကွန်ပျူတာ စနစ်က ခွင့်ပြုရဲ့လားဆိုတာက အဓိကကျပါတယ်။
ဆော့ဝဲလ်တစ်ခုတင်ဖို့ အတွက် ဆော့ဝဲလ်ရှိရုံနဲ့ မပြီးပါဘူး အဲ့ဒီဆော့ဝဲလ်ရဲ့ လိုအပ်ချက်ပြည့်စုံမှသာ တင်နိုင်မှာ ဖြစ်ပါတယ်။
Software System Requirement ပါ။ ဆော့ဝဲလ်တစ်ခုက သက်ဆိုင်ရာလိုအပ်ချက်တွေရှိပါတယ်။

System Requirement for Auto CAD 2007:
Operation System >> Windows XP , 7
CPU >> Al Least 2.0 GHz Dual
RAM >> Al Least 1GB
Video Memory >> 512 MB
အဲလိုမျိုးတွေပါ။
ကွန်ပျူတာ စနစ်တွေတိုင်းမှာ ဆော့ဝဲလ်တွေ တင်သုံးခွင့်ရှိသော်လည်း ဆော့ဝဲလ်ရဲ့ လိုအပ်ချက်များကို မဖြည့်ပါက အသုံးပြုလို့ရမှာ မဟုတ်ပါဘူး။
နောက် ဆော့ဝဲလ်ကို ထုတ်လုပ်သူတွေက နောက်ပိုင်းမှာ 32 Bit , 64 Bit ခွဲခြားကာ ထုတ်လုပ်လာပါတယ်။
PC OS တွေမှာ အရင်တုန်းက 32 Bit Version တွေဖြစ်သော်လည်း နောက်ပိုင်း ခွဲခွဲခြားခြားထုတ်လုပ်လာတာကို တွေ့နိုင်ပါတယ်။
ဘာထူးခြားလဲဆိုတော့ 32 Bit OS မှာ 32 Bit Software တွေ အလုပ်လုပ်ပြီး 64 Bit Software တွေ အလုပ်မလုပ်တာပဲ ဖြစ်ပါတယ်။
32 Bit ကို x86 လို့လဲ အသုံးပြုတာရှိပါတယ်။

ကျွန်တော်တို့ ကွန်ပျူတာ စနစ်တွေမှာ အသုံးပြုသော ဆော့ဝဲလ်ကို နေ့စဉ်သုံး ဆော့ဝဲလ်များနှင့် လုပ်ငန်အသုံးဆော့ဝဲလ်ဆိုပြီး ခွဲလို့ရပါတယ်။
နေ့စဉ်အသုံးပြုနေသော ဆော့ဝဲလ်တွေကတော့ စာအုပ်ဖတ်သော ဆော့ဝဲလ်များ၊ အသေးစားလုပ်ဆောင်ချက်များ လုပ်ဆောင်သော ဆော့ဝဲလ်များပါ။ Home Version Software တွေပေါ့ဗျာ။
CD/DVD Burning , Media Player , Internet Browser , PDF Reader , Video Editor (အသေးစားလေးတွေ)၊ ကွန်ပျူတာ ဂိမ်းတွေ အဲ့ဒါမျိုးတွေပါ။
အဲ့ဒါလေးတွေက ကွန်ပျူတာမှာ တပ်ဆင်ရတာလွယ်ကူသလို အသုံးပြုရတာလည်းလွယ်ပါတယ်။
နောက် Professional Software တွေဆိုတာတော့ Photo Shop လိုမျိုးဆော့ဝဲလ်တွေ၊နောက် Auto CAD လိုမျိုးဆော့ဝဲလ်တွေ၊ ရုံးသုံးလုပ်ငန်းမှာ အသုံးပြုသော Office လိုမျိုးဆော့ဝဲလ်တွေ၊ Video Editing Software အကြီးစားတွေ အဲ့လိုမျိုးတွေပါ။
ဆော့ဝဲလ်အကြီးများက ခဏလေးနဲ့ သင်ယူရတာ မလွယ်သလို နောက်ပြီး အနုပညာလုပ်ငန်းများမှာ အသုံးပြုသော Video , Music , Photo ပြုပြင်သော ဆော့ဝဲလ်တွေက အနုပညာအမြင်ရှိမှာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ကွန်ပျူတာ အသုံးပြုမှုမှာ ကျွမ်းကျင်တယ်ဆိုတာကတော့ ကွန်ပျူတာ ဗဟုသုတများတာ၊ ကွန်ပျူတာ လည်ပတ်မှုစနစ် အသုံးပြုမှု ကျွမ်းကျင်တာ၊ နောက် ဆော့ဝဲလ် အသုံးချနိုင်မှု ကျွမ်းတာများ၊ အင်တာနက်အသုံးပြုမှု အပေါ်မှုတည်ပါတယ်။
ကွန်ပျူတာ အသုံးပြုရင်း ကြုံတွေ့လာနိုင်တာများကတော့ ကွန်ပျူတာ ပြဿနာတွေ၊နောက် ကွန်ပျူတာဗိုင်းရပ်ဆိုင်ရာတွေ၊ မြန်မာမှာဆိုရင်တော့ မြန်မာစာ ဖောင့်တွေ မမြင်ရတာမျိုးတွေ၊ အင်တာနက်က ပြဿနာတွေ အများကြီးအများကြီးပါပဲ။
ပြဿနာတွေကို အလွယ်ကူဆုံးဖြေရှင်းနည်းကတော့ ကွန်ပျူတာ ပြုပြင်သူများကို အားကိုးခြင်းဖြစ်ပြီး ကိုယ့်ဘာသာပြုပြင်ထိန်းသိမ်မယ်ဆိုရင်တော့ လေ့လာမှုတွေ အားကောင်းဖို့လိုအပ်ပါတယ်။



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )      www.htarwaiethar.blogspot.com