Wednesday, April 30, 2014

HDD ရဲ့ RAID များအကြောင်း























၁၉၈၇ ခုနှစ်တွင် Berkeley ၌ရှိသည့် University of California မှ ကွန်ပျူတာသိပ္ပံပညာရှင် အဖွဲ့တစ်ခုဟာ RAID နည်းပညာကို စတင်သတ်မှတ်ခဲ့ပါတယ်။ ပထမဆုံး ကွန်ပျူတာ သိပ္ပံကျောင်းသားတွေဟာ computer တစ်လုံးမှာ Device နှစ်ခုနဲ့စတင် စမ်းသပ်ကြတယ်။ နောက်တော့ Device တွေတိုးကြည့်ပြီး စမ်းသပ်ကြတယ်။ အဲဒီမှာ computer performance အမျိုးမျိုးနဲ့ စမ်းသပ်ခဲ့ပေမဲ့ သူတို့တွေက နှစ်လိုဖွယ် မဖြစ်ခဲ့ကြဘူး။ ယုံကြည့်စိတ်ချမှု မရှိကြဘူးဖြစ်နေကြတယ်။ အဲဒီနောက်  ကွန်ပျူတာသိပ္ပံပညာရှင်တွေက အမှားခံနိုင်တဲ့ Storage တစ်ခုအတွက် redundant architectures ဆိုတဲ့ နည်းပညာတစ်ခုကို အဆိုပြုကြေငြာခဲ့တယ်။ အဲဒီထဲမှာမှ RAID Level 1 ကနေ RAID 5 ထိ ပါ၀င်လာခဲ့ပါတယ်။ အဲဒီနောက် ကွန်ပျူတာ သိပ္ပံပညာရှင်တွေက Redundant Architectures မပါ၀င်ပဲ Storage Device နှစ်ခုကိုပေါင်းပြီး Data, File တွေ သိမ်းတဲ့နည်းပညာကိုတော့ RAID 0 ဆိုပြီး ခေါ်ဆိုခဲ့ရာကနေ နောက်ပိုင်း RAID 0 ဆိုပြီး ဖြစ်လာခဲ့ပါတယ်။ ဒီနည်းပညာမှာ Data ကို Protection မလုပ်နိုင်ပါဘူး။ နောက်ပိုင်း Data အသုံးပြုမှု မြင့်မှားတဲ့ Gammer တွေ၊ Digital Video Protection လုပ်ငန်းတွေမှာ အသုံးပြုလာခဲ့ကြပါတယ်။

ဒီ RAID Technology ကို ဘာကြောင့်အသုံးပြုကြလဲဆိုတော့ စာဖတ်သူ မြင်သာအောင် ပြောရမယ်ဆို အဓိကအားဖြင့် အချက် (၃) ချက်ရှိပါတယ်။

(1)  To Imptove Data Transfer Rate
ဒီအချက်ကတော့ ရှင်းပါတယ်။ Data Transfer Rate ကိုမြှင့်တင်ဖို့အတွက် အသုံးပြုကြပါတယ်။

(2)  To Expand Storage Volume
ဒုတိယ အချက်အနေနဲ့ကတော့ Data Storage ကို ချဲ့ထွင်ဖို့အတွက် အသုံးပြုကြပါတယ်။ အပေါ်မှာ ရေးခဲ့သလို Gammer တွေ၊ Digital Video Protection လုပ်ငန်းတွေအတွက် Data Storage ပမာဏ အရမ်းလိုအပ်ပါတယ်။ အဲဒီအတွက် တစ်ချို့ Enterprise လုပ်ငန်းတွေဟာ အသုံးပြုကြပါတယ်။

(3)  Fault Tolerance
ဒီအချက်ကတော့ အဓိက ကျပါတယ်။ လွယ်လွယ်ပြောရမယ်ဆိုရင် အမှားခံနိုင်ဖို့အတွက် အသုံးပြုပါတယ်။ ဥပမာ ကျွန်တော်တို့က Company တစ်ခုမှာ Hard Disk တစ်လုံးထဲမှာပဲ Data ကို အသုံးပြုခဲ့မယ်ဆိုရင် အဲဒီ Hard Disk ပျက်သွားခဲ့ရင် ဘယ်လို လုပ်မလဲ ။ Company လုပ်ငန်း တစ်ခုလုံး ရပ်သွားပြီပေါ့။ Company ပိတ်ပေါ့။ ဒီနေရာမှာ လယ်ဂျာစာအုပ်နဲ့ အလုပ်လုပ်နေတဲ့ Company တွေတော့ မပါဘူးနော်။ ဒါပေမဲ့ အခုခေတ်မှာ အဲလို Company တွေ သိပ်မရှိတော့ပါဘူး။ အကုန်လုံးက Centralize System နဲ့အသုံးပြုနေကြတာများပါတယ်။ အဲဒီတော့ Network Administrator တစ်ယောက်မှာလည်း တာဝန် အပြည့်အဝ ရှိလာတယ်။ Network သမားတိုင်းက Backup System ကိုနားလည်ထားဖို့ လိုအပ်ပါတယ်။ အဲဒီအတွက် RAID System ကို အသုံးပြုကြပါတယ်။ Data တွေကို Hard Disk တစ်လုံးထဲမှာ မသိမ်းပဲ ခွဲပြီး အသုံးပြုကြတယ်။ အဲဒီတော့ Hard Disk တစ်လုံးပျက်လည်း လုပ်ငန်းလည်ပတ်မှု နှုန်းကို မထိခိုက်တော့ဘူးပေါ့။ ကျန်တဲ့ Hard Disk နဲ့ ဆက်ပြီး လည်ပတ်နေမှာပဲလေ။ Administrator က နောက် Hard Disk တစ်လုံး အစားထိုးပေါ့။အခုဆိုရင် Server ကို Shutdown ချစရာတောင် မလိုတော့ဘူး။ SATA Hard Disk တွေမှာ hot-swap နည်းပညာတွေ ပါလာပြီ။ hot-swap နည်းပညာဆိုတာ System ကို Restart ချစရာ မလိုပဲ Auto Detect သိ့တဲ့ နည်းပညာပေါ့။ တစ်နည်းအားဖြင့် USB Stick လို ကောက်တပ်လိုက်ယုံပါပဲ။ အဲလောက်ဆိုရင် RAID Technology ကို ဘာကြောင့် အသုံးပြုကြလဲ ဆိုတာကို နားလည်မယ်လို့  ထင်ပါတယ်။ အောက်မှာဆက်ပြီးတော့ သူ့ကိုခွဲခြားထားတာတွေကိုဆက်လေ့လာကြပါ့မယ် ..

Type of RAID Technology

RAID Technology မှာ အမျိုးအစားအားဖြင့် Hardware RAID နဲ့ Software RAID ဆိုပြီး (2) မျိုးပဲ ရှိပါတယ်။ External Hardware RAID Controller Card ကိုထည့်ရင်တော့ (3) မျိုးပေါ့။ ဒါပေမဲ့ Hardware RAID ပဲဖြစ်တဲ့အတွက် ကျွန်တော်က(၂) မျိုးလို့ပဲ ရေးလိုက်တာပါ။

(1)  Software RAID

Software RAID ကို အဓိကအားဖြင့်တော့ NOS လို့ခေါ်တဲ Network Operating System တွေမှာ Build In ပါ၀င်ပါတယ်။ နောက်တစ်ခု Third Party Software တွေလဲ ရှိပါသေးတယ်။ ကျွန်တော်တို့က Software ကို အသုံးပြုခဲ့မယ်ဆိုရင် အားသာချက်အနေနဲ့ကတော့ Low Price ပါ။ ကုန်ကျစရိတ် အရမ်းသက်သာပါတယ်။ ဒါပေမဲ့ System Performance တော့ လိုအပ်ပါလိမ့်မယ်။ Software RAID ဖြစ်တဲ့အတွက် CPU နဲ့ RAM ကို အဓိက အလုပ်ရှုပ်စေပါလိမ့်မယ်။ အဲဒီအတွက်တော့ system ရဲ့ Performance ကို ကျစေပါလိမ့်မယ်။

(2)  Hardware RAID

Hardware RAID ဆိုမှတော့ သေချာတာတော့ လက်နဲ့တော့ ကိုင်လို့ရနေပြီ။ (:P) Hardware RAID ကိုတော့ Brandard Server တွေမှာ တွေ့နိုင်ပါတယ်။ နောက်တစ်ခု NAS လို့ခေါ်တဲ့ Network Attached Storage တွေမှာပါပါတယ်။ NAS ဆိုတာ  လွယ်လွယ်ပြောရရင် Router လိုမျိုး Network ထဲမှာ Configure လုပ်ပေးရပါတယ်။ Hardware RAID ကိုသုံးခြင်းအားဖြင့် Performance တော့ တက်လာပါမယ်။ low price တော့ မဖြစ်နိုင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ Brandard Server လိုမျိုးတွေမှာမှ ပါတယ်လေ။ နောက်တစ်ခုက RAID Controller Card ဆိုတာလဲ  ရှိပါသေးတယ်။ အဲဒီ card ကို သက်သက်ဝယ်သုံးမယ် ဆိုလဲ ရပါတယ်။ ကျွန်တော်ပြထားတဲ့ ပုံမှာဆိုလဲ RAID Controller Card ကိုတွေ့နိုင်ပါတယ်။ အဲဒီပုံမှာဆို Motehrboard ပေါ်က PCI Express 1x မှာအဲဒီ card ကို စိုက်ပြီးအသုံးပြုရပါတယ်။ အပေါ်ဘက်မှာ SATA Hard Disk  (၅) လုံးတက်လို့ ရပါတယ်။ ဒါက ကျွန်တော် ဥပမာ ပြထားတဲ့ Card အရပေါ့ဗျာ။

RAID Level

(1)  RAID 0
(2)  RAID 1
(3)  RAID 2
(4)  RAID 3
(5)  RAID 4
(6)  RAID 5
(7)  RAID 6
(8)  RAID 01 (0+1) and RAID 10 (1+0)

ဒါတွေက RAID Level သက်မှတ်ချက်တွေပါ။ တစ်ခုချင်းစီအလိုက် သူ့ရဲ့ အလုပ်လုပ်ဆောင်ပုံကလဲ မတူညီပါဘူး။ RAID နည်းပညာကို အသုံးပြုမဲ့ IT သမားတစ်ယောက်က အဲဒီအချက်တွေကိုလည်း နားလည်ထားမှသာရင်အဆင်ပြေနိုင်ပါလိမ့်မယ်။ အဲဒီထဲကမှ အခု ကျွန်တော်တို့ အသုံးအများဆုံး ဖြစ်တဲ့ RAID 0, RAID 1, RAID 4 , RAID 5 ကိုပဲ ကျွန်တော် ရေးပါ့မယ်။

နောက်တစ်ခုအနေနဲ့ RAID နည်းပညာကိုအသုံးပြုတော့မယ်ဆိုရင် မိမိအသုံးပြုမဲ့ Storage Device တနည်းအားဖြင့် Hard Disk က Size လည်းတူမယ်။ Brand လည်းတူမယ်ဆိုရင် ပိုကောင်းပါတယ်။ မတူဘူးဆိုရင်ရော မရဘူးလားဆိုတော့ ရပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက ဥပမာ - Hard Disk (၃) လုံး အသုံးပြုမယ်။ ပထမ Hard Disk က 500 GB ရှိတယ်၊ ဒုတိယ Hard Disk က 750 GB Size ရှိတယ်။ နောက်ဆုံး တတိယ Hard Disk က 1000 GB Size ရှိတယ်ဆိုပါတော့။ ဘယ် Hard Disk ရဲ့ ပမာဏ ကို ယူမယ်ထင်လဲ။ RAID ဖန်တီးလိုက်တဲ့ အခါမှာ အငယ်ဆုံး Hard Disk ရဲ့ ပမာဏ 500 GB ကိုပဲ ယူသွားမှာပါ။ အဲဒါဆို ကျန်နေတဲ့ Size အပိုတွေက အလကား ဖြစ်သွားပြီပေါ့။

RAID Level 0

သူကိုတော့ Striping Volume လို့ခေါ်ပါတယ်။ တနည်းအားဖြင့် Striping ဆိုတာ ခွဲခြမ်းစိတ်ဖြာ တယ်ပေါ့။ RAID 0 ကို ဘာအတွက် သုံးမလဲဆိုတော့ ဥပမာ - 250 HDD နှစ်လုံး ရှိနေတယ်ဗျာ။ အဲဒီ Hard Disk နှစ်လုံးကို Computer မှာ တက်လိုက်မယ်ဆိုပါတော့။ ပုံမှန်ဆိုရင် 250 GB ဆီ ရှိတဲ Partition 2 ခု My Computer အောက်မှာ ပေါ်နေမှာပေါ့။ အဲဒါကို RAID 0 နည်းပညာကို အသုံးပြုပြီး Striping လုပ်လိုက်မယ်ဆိုရင် 500 GB ရှိတဲ့ Partition 1 ခုထဲပဲ My Computer ထဲမှာ မြင်ရပါမယ်။ အဲဒီတော့ ဘယ်သူတွေ သုံးမလဲ ?? Gammer တွေ၊ Video Editor သမားတွေ Storage ပမာဏ များများ လိုအပ်တဲ့သူတွေ အသုံးပြုကြပါတယ်။ အဓိကကတော့ Data Transfer Rate ကို မြှင့်ဖို့အတွက် နဲ့ Storage Volume ကို ချဲ့ ဖို့အတွက် အသုံးပြုကြပါတယ်။ ဒီနည်းပညာကို သုံးမယ်ဆို အနည်းဆုံး Hard Disk (၂) လုံး လိုအပ်ပါတယ်။ Fault Tolerance မရပါဘူး။ တစ်ကယ်လို့ Hard Disk တစ်လုံး ပျက်ခဲ့မယ်ဆိုရင် ရှိသမျှ Data အကုန်ပျက်ပါ။ ဘာကြောင့်လဲဆိုတော့ သူက Data ကို Hard Disk (၂) လုံးကို မျှပြီး သိမ်းပါတယ်။ အဲလောက်ဆိုရင်တော့ RAID 0 နဲ့ ပတ်သက်ပြီး နားလည်မယ်လို့ ထင်ပါတယ်။

RAID Level 1

RAID 1 ကိုတော့ Mirror Volume လို့ခေါ်ပါတယ်။ RAID 1 ကို Configure လုပ်မယ်ဆိုရင်လဲ Minimum Hard Disk (2) လုံး လိုအပ်ပါတယ်။ သူကတော့ Data ကိုခွဲပြီး သိမ်းတဲ့အတွက် Fault Tolerance ရပါတယ်။ Hard Disk တစ်လုံးမှာ သိမ်းတဲ့ Data ကို တစ်ခြား Hard Disk တစ်လုံးမှာလဲ ထိုနည်းတူစွာပဲ သွားပြီးသိမ်းပါတယ်။ အဲဒါကြောင့် Hard Disk တစ်လုံး ပျက်သွားခဲ့မယ်ဆိုရင်လည်း မိမိရဲ့ Data ကတော့ ကျန်ရှိနေဦးမှာပါပဲ။ ဒါပေမဲ့ Storage ကတော့ ဥပမာ - 1000 GB ရှိတဲ့ Hard Disk 2 လုံးကို အသုံးပြုမယ်ဆိုရင် မိမိရဲ့ Storage က 1000 GB ပဲ ရမှာပါ။ ဘာကြောင့်လဲဆိုတော့ Data ကို Hard Disk (2) လုံးစလုံးမှာ တူညီစွာ သိမ်းတဲ့ အတွက်ကြောင့်ပါ။ အဲဒါဆိုရင် RAID 1 နဲ့ ပတ်သက်ပြီးလဲ နားလည်မယ် ထင်ပါတယ်။

RAID Level 4

RAID 4 ကိုတော့ Striping Volume with Dedicated Parity Device လို့ ခေါ်ဆိုနိုင်ပါတယ်။ RAID 3 ကို အသုံးပြုဖို့အတွက် minimum Hard Disk 3 လုံး လိုအပ်ပါတယ်။ RAID 3 မှာ သိ့စရာ တစ်ခု ပါလာပါတယ်။ အဲဒါကတော့ Parity ဆိုတာပါ။ အခု ကျွန်တော် ပြောခဲ့တယ်။ RAID 4 မှာ အနည်းဆုံး HDD 3 လုံးလိုအပ်တယ်။ အဲဒီ 3 လုံးထဲမှာမှ 2 လုံးက Data အတွက်ပါ။ ကျန်တဲ့ 1 လုံးကတော့ Parity တန်ဖိုးတွေ ထားရှိတာပါ။ Parity တန်ဖိုးဆိုတာ ဘယ်လိုမျိုးလဲဆိုတော့ လွယ်လွယ်ပြောရရင် Data Lost ဖြစ်သွားခဲ့ရင် Recover လုပ်ဖို့အတွက် သူက Parity တန်ဖိုးနဲ့ တွက်ထုတ်ပြီး သိမ်းပါတယ်။ အကြောင်းတခုခုကြောင့် Hard Disk တစ်လုံး ပျက်သွားခဲ့မယ်ဆိုရင် ကျန်ရှိနေသေးတဲ့ Data ကို Parity တန်ဖိုးနဲ့ တိုက်စစ်ပါတယ်။ လိုအပ်နေတဲ့ Data ကို ပြန် Recover လုပ်ပေးတယ်ပေါ့ဗျာ။ အဓိကက Parity အတွက် Spare Disk တစ်လုံးပါတယ်ဆိုတာ သိ့ရင် ရပါပြီ။ ဒီတန်ဖိုးတွေ ကျွန်တော်တို့ တွက်တက်ဖို့ မလိုအပ်သေးပါဘူး။ ဒီ RAID 4 မှာလဲ Hard Disk တစ်လုံး ပျက်ခွင့်ရှိပါတယ်။ အကယ်၍ HDD တစ်လုံး ပျက်သွားခဲ့ရင်လဲ Data တွေ မပျက်သွားနိုင်ပါဘူး။

RAID Level 5

RAID 5 ကိုတော့ Striping Volume with Distributed Parity လို့ခေါ်ပါတယ်။ RAID 4 နဲ့မတူဘူးနော်။ RAID 4 က Dedicated Parity ပါ။ RAID 5 မှာက Distributed Parity ပါ။ ပြောရင်  Distributed ဆိုတော့ ဖြန့်ကျက်ပြီး သိမ်းတယ်ပေါ့ဗျာ။ RAID 4 မှာတုန်းက Hard Disk တစ်လုံးက Parity တန်ဖိုးတွေ သိမ်းဖို့အတွက်တဲ့။ ဒီ RAID 5 မှာကျတော့ Parity တန်ဖိုးတွေကို ဖြန့်ကျက်ပြီး သိမ်းပါတယ်။ ပုံမှာကြည့်ရင်လဲ တွေ့နိုင်ပါတယ်။ P ဆိုတာ HDD တိုင်းမှာ ပါနေပါတယ်။ သူလဲပဲ minimum Hard Disk 3 လုံး လိုအပ်ပါတယ်။ အဲဒီ Hard Disk 3 လုံးစလုံးမှာ Parity တန်ဖိုးတွေ သိမ်းပါတယ်။ အဲဒါလေးပဲ ကွာသွားတာပါ။ ဒီ RAID 5 မှာလဲ Fault Tolerance ရပါတယ်။ Hard Disk တစ်လုံး ပျက်ခွင့်ရှိပါတယ်။ အကယ်၍ HDD တစ်လုံး ပျက်သွားခဲ့ရင် ကျန်တဲ့ HDD နဲ့ဆက်ပြီး Run နေပါလိမ့်မယ်။



Credit:: Unknown


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

0 comments:

Post a Comment