Tuesday, June 24, 2014

အနာဂတ်ပြဿနာတစ်ခု (သို့) လျှပ်စစ်စွန့်ပစ်ပစ္စည်း
























အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံမှုနှင့် နည်းပညာဂျာနယ်၌ ဖော်ပြခဲ့သော သတင်းတစ်ပုဒ်အရ တစ်ကိုယ်ရေသုံး ကွန်ပျူတာများ၊ လက်တော့များ၊ မိုဘိုင်းဖုန်းများသုံးစွဲမှု၊ မြင့်တက် လာသည်နှင့်အမျှ ယင်းပစ္စည်းများ အသုံးမပြုနိုင်တော့သည့် အခြေအနေ၌ မည်ကဲ့သို့ စွန့်ပစ်ကြမည်။ မည်ကဲ့သို့ ပြန်သုံးကြမည်မှာ အရေးကြီးသော ပြဿနာတစ်ခုဖြစ်လာသည်ဟု သိရသည်။

 အိန္ဒိယမှ နာမည် ကြီး နည်း ပညာတက္ကသိုလ်များမှ လေ့လာသူများက အိန္ဒိယတွင် ယခုလက်ရှိ စံချိန်အတိုင်း ဆက်လက်စွန့် ပစ်နေပါက ယင်းလျှပ်စစ်စွန့်ပစ်ပစ္စည်းများမှ အဆိပ်အတောက်ဖြစ်နိုင်သည့် ဓာတုပစ္စည်းများမှာ နောက် ၁၀ နှစ် မှ ၁၅ နှစ်အတွင်း ကျန်းမာရေးကို အန္တရာယ်ပေးနိုင်လောက်သည့် ပမာဏထိ မြင့်တက်လာနိုင် သည်ဟု ခန့် မှန်းခဲ့သည်။

 ယခုလက်ရှိ၌ တစ်ကိုယ်ရေသုံး ပစ္စည်းအသုံးပြုသူမှာ ၁.၃ ဘီလီယံခန့်ရှိပြီး နောက် ၁၀ နှစ် ၁၅ နှစ်အကြာ၌ ယင်းပစ္စည်းများ၏ သက်တမ်းမှာ ကုန်ဆုံး၍ အသုံးမပြု နိုင်တော့မည်ဖြစ် သည်။ ခန့်မှန်းချေအားဖြင့် တစ်ကိုယ်ရေသုံး ကွန်ပျူတာ ၁၂၆ မီလီယံခန့်နှင့် နုတ်ဘုတ် ၉၀၀ သန်းခန့် တို့မှာ ၂၀၂၅တွင် စွန့်ပစ်ရမည့် အခြေအနေသို့ ရောက်ရှိမည်ဖြစ်သည်။

 Electronic Waste လျှပ်စစ်စွန့် ပစ်ပစ္စည်းများမှာ အာစမ်းနစ် Arsenic ၊ ကဒ်မီယမ် Cadmium ၊ ခဲ၊ မာကျူရီ၊ ပလတ်စတစ်၊ ပေါ်လီမာ စသည့် အဆိပ်အတောက်ဖြစ်သည့် ပစ္စည်းများနှင့် ဖွဲ့စည်းထားသည့်အတွက် အနာဂတ်တွင် ယင်းပစ္စည်း များအား စနစ်တကျ စွန့်ပစ်နိုင်ရန်၊ ပြန်လည် အသုံးပြုနိုင်ရန်တို့မှာ အနာဂတ်၏ ပြဿနာတစ်ခုပင် ဖြစ်လေ သည်။

ဖိုးသောကြာ
ref: Medindia


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )           www.htarwaiethar.blogspot.com

0 comments:

Post a Comment