Showing posts with label (k) ကွန်ပျူတာ ဗဟုသုတများ. Show all posts
Showing posts with label (k) ကွန်ပျူတာ ဗဟုသုတများ. Show all posts

Saturday, March 1, 2014

ကွန်ပျူတာက မဖတ်တဲ့ CD DVD များကို ငှက်ပျော်သီးနဲ့ ဖတ်အောင်လုပ်မယ်



















Thursday, February 27, 2014

တကယ်ကို ကောင်းတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ တစ်ချို့ CD / DVD တွေဟာ အသစ်ထပ်မထွက်
တော့ဘူး ခွေကလည်း မဖတ်ဖြစ်နေတယ်ဆိုရင် ဒီနည်းလမ်းလေးကို သုံးလိုက်ပါ။ သင်၏ CD / DVD
ဟာ ကောင်းမွန် သွားပါလိမ့်မယ်။

အသုံးပြုပုံလေးကတော့

ငှက်ပျော်သီး အခွံနွှာပြီးသား တစ်လုံးကို ယူပါ။ ထို့နောက် တစ်ပိုင်းပိုင်းကာ CD / DVD ကို ၃ မီးနစ် ၄ မီးနစ်လောက်
ပြောင်စင်အောင် တိုက်ချွတ်ပါ။ အစင်းကြောင်းတွေကို ကုန်စင်အောင် တိုက်ပါ။ ပြီးနောက် သန့်ရှင်းသော
အဝတ်စဖြင့် သုတ်လိုက်ပါက အသစ်ကဲ့သို့ ကောင်းမွန်ပြီး ကြည့်လို့ ရပါပြီ။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

ကို၀င်း  မှာ တင်ထားတာတွေ့မိလို မလာမိပါတယ်။


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Sunday, February 16, 2014

Cache Memoryဆိုတာ





















Cache memory ဆိုသည်မှာ မကြာခဏ အသုံးပြုလေ့ရှိသည့် program code သို့မဟုတ် data များကို ယာယီ ထိန်းသိမ်းပေးထားနိုင်သည့်နေရာ ဖြစ်သည်။

ပရိုဆက်ဆာမှတစ်ခုခုကို ရယူသုံးစွဲမည်ဆိုပါက အလျင်မြန်ဆုံး တုန့်ပြန်မှုပေးနိုင်ရန်အတွက် ယာယီ ထိန်းသိမ်းပေးထားခြင်း ဖြစ်သည်။ Cache memory သည်ပုံမှန်အသုံးပြုနေကြ သည့် RAM ထက်ပို၍ မြန်ဆန်သည်။

စျေးလည်းပို၍ကြီးသည်။ System သည် RAM ထဲတွင် data များကို သွားရောက်သိမ်းဆည်းသလို သူအသုံးပြုလိုသည့် data များကို အမြန်ဆုံးရယူနိုင်ရန်အတွက် cache memory ၏ အထောက်အကူကိုလည်း များစွာ ယူရသည်။

ယနေ့ခေတ် ထွက်ပေါ်နေသော ပရိုဆက်ဆာများတွင် cache memory ကို ပူးတွဲထည့်သွင်းပေးထားတတ်သည်။ Level 1 cache ဟူ၍ လူသိများသည်။

ပရိုဆက်ဆာအတွင်း ပူးတွဲထည့်သွင်းရသည့် cache memory ကို Integrated cache ဟူ၍လည်းခေါ်သည်။ ပရိုဆက်ဆာအတွင်း မပါ၀င်ဘဲ မားသားဘုတ်တစ်နေရာတွင် ထည့်သွင်းပေးထား ရသည့် nonintegrated cache လည်းရှိသည်။ ၎င်းကို External
cache ဟုခေါ်သည်။

Cache ကို အောက်ပါအတိုင်း အမျိုးအစား ခွဲခြားနိုင်သည်။

• L1 (level-1) cache
(ပရိုဆက်ဆာအတွင်း ပူးတွဲထည့်သွင်းထားသည်။)

• L2 (level-2) cache
(ပရိုဆက်ဆာပြင်ပ မားသားဘုတ်ပေါ်တွင်ရှိသည်။)

မားသားဘုတ်အဟောင်းများတွင် cache memory ကို DPI (dual inline package) လိုင်းအလိုက် ချစ်ပ်များအဖြစ် တန်းစီထည့်သွင်းပေးထားသည်။ ထိုချစ်ပ်များ
တန်းစီးထားသည့်လိုင်းနေရာကိုပင် “cache” ဟူ၍ သတ်မှတ်လိုက် ကြသည်။

အချို့သော System board များတွင် cache memory ကို module ကတ်များအနေဖြင့် ထည့်သွင်းပေးကြရသည်။ သို့ဖြစ်ရာ အချို့သော မားသားဘုတ်များပေါ်တွင် SIMM slot များကဲ့သို့ လိုင်းအလွတ်များ ပါလာတတ်သည်ကို သတိပြုရမည်။
သို့သော်ထိုလိုင်းတွင် RAM ကတ်ကို ထည့်သွင်း၍မရနိုင်ပေ။

L2 cache သည်မားသားဘုတ်အပေါ်တွင် သီးခြားစိုက်ရပြီး ပရိုဆက်ဆာအနီးတွင် ရှိသည်။ ပရိုဆက်ဆာမှ အတိုတောင်းဆုံး data များကို ရယူနိုင်ရန်အပြင် အကောင်းဆုံး Performance ကိုပါ တိုးမြင့်စေလိုသဖြင့် အနီးဆုံး
ထားပေးရခြင်းဖြစ်သည်။


Source::  http://www.mawcity.com


အခုချိန်မှာတော့ L3 Cache တောင်ရှိနေပြီဖြစ်ပါတယ်။ ကျွန်တော့်လက်ပ်တော့မှာတော့ L3 Cache 2MB ပါ။



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Saturday, February 15, 2014

Computer connector များအကြောင်း























အထက်ကပုံမှာဆိုရင် သာမှန်အားဖြင့် Desktop computer တစ်လုံးရဲ့ Case နောက်ဖက်မှာမြင်တွေ့ ရမည့် connector များဖြစ်ပါတယ်…ဒီ connector တွေဟာ built in connector တွေဖြစ်ပြီး သူတို့မှာ standard color နဲ့ standard size လေးတွေရှိပါတယ်..ဥပမာအားဖြင့် ps/2 keyboard connector သည် အပြာရောင် သတ်မှတ်ထားပြီး pin အားဖြင့် 6pin mini din connector ဖြစ်ပါတယ်..ဒါက desktop ကွန်ပျူတာရဲ ့ဘယ် motherboard မဆို ဒီအတိုင်းသတ်မှတ်ထားတာဖြစ်ပါတယ်..ဒါမှလည်း ကီးဘုတ်ထုတ်တဲ့ company တွေ mouse ထုတ်တဲ့ company တွေအလုပ်ဖြစ်မှာပေါ့..နို့မိုဆို သူတို့ထုတ်ချင်တဲ့ design ကိုသာထုတ်မယ်ဆိုရင် motherboard တွေက အမျိုးမျိုးရှိတဲ့အတွက် အရွယ်အစား ကိုက်ညီမှာမဟုတ်ဘူးလေ..ဒါကြောင့် company တွေက သတ်မှတ်ထားတဲ့ standard color နဲ့ size ကိုလိုက်နာပြီး ဒီဇိုင်းထုတ်ကြရပါတယ်..user အနေတွေ ဖက်ကအနေနဲ့ကြည့်မယ်ဆိုရင်လည်း ဒီလို color လေးတွေကို မှတ်သားခြင်းအားဖြင့် ဘယ် motherboard အမျိုးအစားမဆို color ကိုကြည့်လိုက်တာနဲ့ဘယ် connector ကတော့ ဘယ် color ဆိုပြီး အလွယ်တကူ တပ်ဆင်နိုင်ပါတယ်..

PS/2 port(keyboard)
အပြာရောင်နဲ့pin ၆ pin ပါတဲ့ connector ဟာ PS/2 keyboard connector ဖြစ်ပါတယ်..mini din keyboard connector လို့လည်းခေါ်ပါတယ်..

PS/2 port(mouse)
အစိမ်းရောင်နဲ့pin ၆ pin ပါတဲ့ connector ဟာ PS/2 mouse connector ဖြစ်ပါတယ်..mini din mouse connector လို့လည်းခေါ်ပါတယ်..

USB port
USB port တွေဟာ 4 pin flat connector (ခေါင်းအပြား)ဖြစ်ပြီး အနည်းဆုံး နှစ်ခုပါလေ့ရှိပါတယ်..USB connector သုံးထားတဲ့ device မှန်သမျှ computer နဲ ့ချိတ်ဆက်ဖို ့ဒီ USB connector ကို လာတပ် ရပါတယ်..

Ethernet port(network)
Ethernet port ကို RJ-45 port လို့လည်းခေါ်ပါတယ်..Desktop မှာ ရော laptop မှာပါ ဒီ RJ-45 port ကိုအသုံးပြုပါတယ်..မိမိကွန်ပျူတာကို network/internet ချိတ်ဆက်သည့်အခါ ဒီ port မှာလာတပ်ရပါတယ်..

Serial port(dial-up modem)
Phone line နဲ့internet ချိတ်ဆက်သည့်အခါ အသုံးပြုတဲ့ modem port ဖြစ်ပါတယ် serial port connector တွေဟာ male connector ဖြစ်ပါတယ်..pin အရေတွက်အားဖြင့် 9 pin ပါရှိပါတယ်..

LPT1 printer port(printer)
Printer နဲ့ကွန်ပျူတာ ချိတ်ဆက်ဖို့ဒီ connector မှာ လာတပ်ပေးရပါတယ်..DB 25 connector လို့ လည်းခေါ်ပါတယ်..printer တွေကို USB port နဲ ့ အသုံးပြုတာများပါတယ်..USB connector က printer မှာမပါဘူးဆိုရင်တော့ DB 25 printer port ကိုအသုံးပြုရမှာဖြစ်ပါတယ်…..

VGA port(monitor)
VGA DB connector ဟာ 3 row15 pin အပြာရောင် ဖြစ်ပါတယ်..motherboard တွေမှာ built in ပါလေ့ရှိပါတယ် တစ်ချို ့ဘုတ်တွေ မှာတော့ မပါဘူး အဲဒီလိုမပါခဲ့ရင် VGA card ကို ၀ယ်စိုက်ရပါတယ်..

Speakers port
သီးချင်းနားထောင်ဖို ့ speaker သုံးပြီးဖွင့်မယ်ဆိုရင် jack plug ကို ဒီ အစိမ်းနုရောင် connector မှာ လာတပ်ရပါတယ်

Line in
Line in ဆိုတာ အပြင်က tape ,recorder တွေကို ကွန်ပျူတာထဲကို သွင်းချင်တယ်ဆိုရင် ဒီ အပြာနုရောင် line in connector မှာလာတပ်ပြီးတော့သွင်းလို့ရပါတယ်..

Microphone
Microphone ကတော့ စကားပြောဖို့အတွက် အသံသွင်းဖို့အတွက် jack plug ကို ဒီ ပန်းနုရောင် connector မှာ လာတပ်ရပါတယ်..ဒီ connector တွေရဲ ့ဘေးနားလေးတွေမှာ microphone ဆိုလည်း microphone ပုံစံ speaker ဆိုလည်း speaker ပုံလေးတွေ case cover(I/O frame cover ) မှာပြထားပေးတတ်ကြပါတယ်..

Game port(joystick)
Joystick 2 row 15 pin connector ကို game ဆော့တဲ့အခါ အသုံးပြုတဲ့ connector ဖြစ်ပါတယ်..ခုနောက်ပိုင်းတော့ joystick ကို USB connector ကို အသုံးပြုတာများပါတယ်..ဒါပေမဲ့ backward compatible ဖြစ်အောင်ထည့်ပေးထားပါတယ်..တစ်ချို့motherboard တွေမှာတော့ မပါပါဘူး..



Motherboard ပေါ်ရှိ Switch panel



Motherboard ပေါ်မှာ ရှိတ့ switch panel တွေဖြစ်ပါတယ်..သူကဘာလုပ်ပေးလဲဆိုတော့ စက်ကို power on ဖို့Hard disk မီးလုံးလေးတွေလင်းစေဖို ့ Restart ခလုပ်တွေ လာရောက်ချိတ်ဆက်ဖို ့အတွက် panel လေးတွေ ပါပါတယ်…ဒါအပြင် system beep အသံထုတ်ပေးဖို ့အတွက် speaker အသေးလေးပါရှိပါတယ်(ဒီ speaker က သီချင်းနားထောင်တဲ့ speaker မဟုတ်ပါ)ပုံမှာဆိုရင် switch panel ရဲ ့ connector ငုတ်လေးတွေ တွေ ့ရမှာဖြစ်ပါတယ်..Hard disk LED ကိုတော့ ဘယ်ငုတ်မှာ တပ်ရမယ် power LED ကိုတော့ ဘယ်ငုတ်မှာ တပ်ရမယ်ဆိုတာ အဲဒီ panel ရဲ့ဘေးနားမှာ ငုတ် အနေအထားရဲ့ပုံစံအတိုင်း စာလေးနဲ့ရေးပြထား ပါတယ်.. အဲဒီအတိုင်း တပ်ဆင်နိုင်တယ်..တကယ်လို ့မှ ဘယ် connector ကဘယ်ငုတ်မှာတပ်ရမှန်း မသေချာဘူးဆိုရင် motherboard မှာ manual book ကနေ ကြည့်ပြီးတပ်ဆင်နိုင်တယ်(manual စာအုပ်ပျောက်နေရင် motherboard model နဲ့manual book ကို အင်တာနက်မှာ ရှာနိုင်တယ်)



RESET SW - ဆိုတာ restart ခလုတ်ပါပဲ ကျွန်တော်တို့ကွန်ပျူတာကို restart ချချင်တယ်ဆိုရင် case က restart ခလုတ်ကို နိုပ်ရတယ်မလား..SW ဆိုတာ switch ကိုအတိုကောက်ရေးထားတာဖြစ်ပါတယ်..
H.D.D LED(IDE LED) - ဆိုတာ ကျွန်တော်တို့hard disk ပုံမှန်အလုပ်လုပ်တဲ့အနေထားကို LED ကနေ ကြည့်ရင်သိနိုင်တယ် တစ်ခါတရံ စက်ကလေးလံနေပြီး ဘာမှလုပ်လို့မရတော့တဲ့အခြေအနေမှာ Hard disk lED ကိုကြည့်လိုက်ပါ အနီရောင်ဖြစ်နေပြီး အကြာကြီးလင်းနေတတ်ပါတယ်..တစ်ခါတစ်ရံ HDD LED လို့ရေးတတ်သလို IDE LED လို့လည်းရေးတတ်ကြပါတယ်..motherboard company တစ်ခုနဲ့တစ်ခု မတူပါ..





 

POWER SW(PWR)- ဆိုတာ ကျွန်တော်တိုစက်ကို စတင်ပြီး ခလုတ်ဖွင့်ဖို့အတွက် ချိတ်ထားတဲ့ connector ပဲဖြစ်ပါတယ်…သူက motherboard မှတစ်ဆင့် power supply အလုပ်လုပ်စေဖို့အတွက် စတင်စက်နိုးပေးတဲ့သူဖြစ်ပါတယ်..
POWER LED - ဆိုတာ power ပုံမှန်အလုပ်လုပ်မှု အနေထားတိုင်းရှိမရှိ LED ကနေသတိထား ကြည့်ရှု ့ နိုင်ပါတယ်..power LED ကိုတပ်မထားလည်း ကိတ်စတော့မရှိပါ..သို့သော် power ပိုင်းနဲ ့ ပတ်သက်လာလျင်ခန့်မှန်းရလွယ်ကူအောင်တပ်ဆင်ပေးသင့်ပါတယ်..

Speaker - ဆိုတာ computer စက်စတက်တက်ချင်း တီ ဆိုတဲ ့ post သံတွေ Error beep သံတွေ ပေးဖို့ အတွက် panel မှာ speaker ဆိုတဲ့နေရာမှာ တပ်ဆင်ပေးရပါတယ်….ဒီ RESET SW တို့ H.D.D LED connector တို ့ကို motherboard ပေါ်မှာ ရှိတဲ့switch panel မှာ လာတပ်ပေးရပါတယ်..အခု switch panel တွေရဲ ့ငုတ်အနေအထားဟာ motherboard ထုတ်တဲ့ ကုမ္ပဏီတွေ တစ်ခုနဲ့တစ်ခု မတူညီနိုင်ပါဘူး..ဒါကြောင့် manual ကြည့်တတ်ရမယ် motherboard ပေါ်မှာရှိတဲ့ panel ရဲ ့ဘေးမှာ ရေးထားတဲ့ စလုံးအတိုကောက်တွေ panel ရဲ့အနေအထားပုံစံတွေကို သိဖို့လိုပါတယ်..power LED တို့Hard disk LED တို့ဆိုတာ ဒီ connector တွေက case(computer casing) တိုင်းမှာ ပါရှိတဲ့ connector တွေဖြစ်ပါတယ်..

ကိုစံငြိမ်း(မြန်မာမိသားစုဖိုရမ်)


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Wednesday, February 12, 2014

Windows 7 operation system edition အမျိုးမျိုး

























Windows 7 operation system ကို edition အမျိုးမျိုးနဲ့ တွေ့နိုင်ပါတယ်။


ကိုယ်လိုအပ်မဲ့အနေအထား ကိုယ်သုံးမဲ့ငွေပမာဏပေါ်မူတည်ပြီး အမျိုးမျိုးရွေးချယ်နိုင်တာပေါ့။ Windows 7 edition အမျိုးမျိုးပေါ် မူတည်ပြီး ကွဲပြားတဲ့ Feature တွေ Function တွေ တွေ့ရမှာပါ။ Windows 7 အမျိုးအစား ၆ မျိုးရှိပါတယ်။


- - Windows 7 Starter

- - Windows 7 Home Basic

- - Windows 7 Home Premium

- - Windows 7 Professional

- - Windows 7 Enterprise

- - Windows 7 Ultimate စတာတွေပဲ ဖြစ်ပါတယ်။

Windows XP မှာတုန်းကတော့ … XP

Prefessional & Home Edition နှစ်မျိုးကိုပဲ အများအားဖြင့်တွေ့ရပါတယ်။

သို့သော် XP မှာလဲ Starter version ရှိပါတယ်။ ဒါ့အပြင် Media Center

Edition နဲ့ Tablet Edition တွေပါရှိပါတယ်။- - Windows XP Starter

- - Windows XP Home Edition

- - Windows XP Professional Edition

- - Windows XP Media Center Edition

- - Windows XP Tablet Edition တွေဆိုပြီးရှိပါတယ်။


Windows 7 Starter

Windows 7 Starter ကို အသုံးပြုတာအရမ်းနည်းပါတယ်။ လက်လီအရောင်းတစ်ချို့နဲ့ ကွန်ပြူတာထုတ်လုပ်သူတစ်ချို့က ကွန်ပြူတာအသစ်ထဲမှာ တစ်ခါတည်းထည့်ပေးလိုက်တဲ့ အခါမျိုးတွေမှာ တွေ့ရတတ်ပါတယ်။ ဒီ version မှာ Aero user interface, DVD playback, Windows Media Center, Internet connection sharing တွေမရနိုင်ပါဘူး။


Domain system ကိုလဲ ဒီ version သုံးထားရင် join နိုင်မှာမဟုတ်ပါဘူး။ Enterprise Feature တွေဖြစ်တဲ့ …

Encryption File System (EFS), AppLocker, DirectAccess, BitLocker, Remote

Desktop Host, BranchCache စတာတွေလဲမရနိုင်ပါဘူး။ နောက် … အသုံးဝင်တဲ့ IIS Web Server ကိုလဲ သုံးလို့ရမှာ မဟုတ်ပါဘူး။

( Windows XP မှာလဲ IIS ပါပါတယ်။

များသောအားဖြင့်တော့ IIS သုံးချင်ရင် Windows Server versions တွေမှာပဲ

သုံးတာများပါတယ်။ Windows 7 မှာလဲ IIS ကိုတစ်ခါတည်းထည့်ပေးထားပါတယ်။ Web

Developer တွေအတွက်တော့ သိပ်အသုံးဝင်မှာပါ။ Windows 7 Professional,

Enterprise, Ultimate versions တွေမှာ IIS ပါ၀င်ပါတယ်။ )

Windows 7 Starter edition မှာ Physical Processor (CPU) တစ်လုံးပဲ တပ်လို့ရပါတယ်။

core ကတော့ unlimited ပါပဲ။ eg. Windows 7

version အားလုံးက dual core, quad core … ဘာ ကိုး … ညာကိုး … အားလုံး

support လုပ်ပါတယ် …



Windows 7 Home Basic Windows

7 Home Basic version တွေကို Emerging Market တွေလို့ဆိုတဲ့ ဖွံ.ဖြိုးစ
နိုင်ငံတွေရဲ့ စျေးကွက်မှာပဲတွေ့ရလေ့ ရှိပါတယ်။ ဒီ version မှာလဲ Aero user
interface, DVD

playback, Windows Media Center, Internet connection sharing

တွေမရနိုင်ပါဘူး။

Domain system ကိုလဲ Home Basic

version သုံးထားရင် join နိုင်မှာမဟုတ်ပါဘူး။ Enterprise Feature

တွေဖြစ်တဲ့ … Encryption File System (EFS), AppLocker, DirectAccess,

BitLocker, Remote Desktop Host, BranchCache စတာတွေလဲမရနိုင်ပါဘူး။ IIS

Web Server ကိုလဲ သုံးလို့ရမှာမဟုတ်ပါဘူး။

Windows 7 Home Basic edition မှာ

Physical Processor (CPU) တစ်လုံးပဲ တပ်လို့ရပါတယ်။ 32bit version မှာ

memory 4GB ထိ အများဆုံးသုံးနိုင်ပြီးတော့ … 64bit version မှာ memory 8GB

ထိ အများဆုံးသုံးနိုင်ပါတယ်....



Windows 7 Home Premium Windows

7 Starter ကို လက်လီအရောင်းတစ်ချို့နဲ့ ကွန်ပြူတာထုတ်လုပ်သူတစ်ချို့က
ကွန်ပြူတာအသစ်ထဲမှာ တစ်ခါတည်း ထည့်ပေးလိုက်တဲ့ အခါမျိုးတွေမှာ
တွေ့ရတတ်ပါတယ်။ (

မြန်မာနိုင်ငံမှာ computer ကို licensed windows နဲ့ရောင်းတဲ့အခါ Home

Premium version တွေနဲ့ပဲ ရောင်းတာများပါတယ်)။

Windows 7 Starter & Home Basics တွေနဲ့ မတူတဲ့အချက်က … Home Premium

edition မှာ .. Windows Aero UI, DVD playback, Windows Media Center,

Internet connection sharing, IIS Webserver တွေပါလာတာပါပဲ။ ဒါပေမဲ့ Domain

ကိုတော့ Join နိုင်မှာမဟုတ်ပါဘူး။ Enterprise Feature တွေဖြစ်တဲ့

Encryption File System (EFS), AppLocker, DirectAccess, BitLocker, Remote

Desktop Host, BranchCache စတာတွေလဲမရနိုင်ပါဘူး။

32bit version Windows 7 Home Premium က Memory 4GB ထိ အများဆုံး support လုပ်ပါတယ်။

64bit version Windows 7 Home Premium က Memory 16GB ထိ အများဆုံး support လုပ်မှာဖြစ်ပါတယ်။

Windows 7 Home Premium က Physical Processors 2 လုံးထိ support လုပ်ပေးနိုင်ပါတယ်။



Windows 7 Professional


Windows
7 Professional version မှာ Home Premium version မှာရတဲ့ Feature
တွေအကုန်ရနိုင်ပါတယ်။ ဒါ့အပြင် Domain system ကိုလဲ join
နိုင်မှာဖြစ်ပါတယ်။ EFS (Encryption File System), Remote Desktop Host
စတာတွေလဲ ရပါတယ်။ သို့သော် … Enterprise

Feature တွေဖြစ်တဲ့ AppLocker, DirectAssess, BitLocker, BranchCache

စတာတွေ တော့ မရနိုင်ပါဘူး။ Windows 7 Professional က Physical Processors 2လုံးထိ support လုပ်ပေးနိုင်ပါတယ်။


Windows 7 Enterprise and Ultimate Editions

တကယ်တမ်းမှာတော့ ယေဘုံယျအားဖြင့် … Windows 7 Enterprise Edition နဲ့ Ultimate Edition ဟာ

အတူတူပါပဲ။ Windows 7 Ultimate Edition ကိုလက်လီအရောင်းတစ်ချို့နဲ့

ကွန်ပြူတာထုတ်လုပ်သူတစ်ချို့က ကွန်ပြူတာအသစ်ထဲမှာ တစ်ခါတည်းထည့်ပေးလိုက်တဲ့

အခါမျိုးတွေမှာ ရရှိနိုင်ပါတယ်။ Windows 7 Enterprise Edition ကိုတော့

Microsoft’s volume licensing customer တွေအတွက်ပဲထုတ်ပေးပါတယ်။ Windows 7

Enterprise & Ultimate Editions တွေမှာ တခြား Windows 7 Editions

တွေမှာရရှိနိုင်တဲ့ Feature တွေတင်မကပါဘူး … Enterprise Feature တွေဖြစ်တဲ့

… Encryption File System (EFS), AppLocker, DirectAccess, BitLocker,

Remote Desktop Host, BranchCache စတာတွေအပြင် Boot from VHD

ကိုပါရနိုင်ပါတယ်။ Windows 7 Enterprise & Ultimate Editions တွေဟာ Physical Processors 2လုံးထိ support လုပ်ပေးနိုင်ပါတယ်။





Note :
MCTS ( Windows 7, 70-680 ) ဖြေမဲ့သူတွေအတွက် … 70-680 မှာ test လုပ်တဲ့

feature အများစုဟာ Enterprise & Ultimate Editions တွေက features

တွေဖြစ်ပါတယ်။
Windows 7 Hardware Requirementsဒီမှာ Windows 7 တင်ရင်
အနိမ့်ဆုံးလိုအပ်မဲ့ Hardware Requirements တွေကို ရေးသွားမှာပါ။ Operation

System (OS) တစ်ခုဟာ သူ့အတွက်အနိမ့်ဆုံးလိုအပ်မဲ့ Hardware Requirements

တွေပြည့်မှီမှသာ ကောင်းကောင်း Operate လုပ်မှာ ဖြစ်ပါတယ်။ တစ်ခုသတိထားရမှာက

…. အနိမ့်ဆုံးလိုအပ်တဲ့ Hardware Requirement ဆိုတာဟာ Windows

အတွက် သီးသန့်လိုအပ်တာဖြစ်ပြီး သူ့ပေါ်မှာ Run မဲ့ Application

တစ်ခုချင်းစီဟာလဲ သူတို့ရဲ့ Memory နဲ့ Storage လိုအပ်ချက်တွေ

ရှိနေသေးတယ်ဆိုတာပါပဲ။ ကိုယ်က စက်တစ်ခုဝယ်တော့မယ်ဆိုရင် (သို့မဟုတ်)

Windows Version တစ်ခုခုကို ကိုယ့်စက်ထဲ ထည့်တော့မယ်ဆိုရင် ကိုယ်အသုံးပြုမဲ့

Application တွေအတွက်ပါ Hardware Requirement ကို

စဉ်းစားဖို့လိုမှာဖြစ်ပါတယ်။
Hardware Requirements for Windows 7 Starter & Home Basic Editions

Windows 7 Starter & Home Basic Editions တွေအတွက် အောက်ပါ Hardware Requirements တွေလိုအပ်မှာဖြစ်ပါတယ်။

- 1GHz 32-bit (x86) or 64-bit (x64) Processor

- 512MB of System Memory

- 20GB (64-bit) or 16GB (32-bit) HDD

with at least 15 GB of free space (ဆိုလိုတာကတော့ … 64-bit version

ဆိုရင် 20GB HDD ဖြစ်ရမှာဖြစ်ပြီး၊ အဲဒီ HDD မှာ အနည်းဆုံး 15GB free space

ရှိနေရမယ်လို့ဆိုလိုတာပါ။)

- 32MB of Graphics Memory with DirectX9 support

တို့ဖြစ်ပါတယ်။

Hardware Requirements for Windows 7 Home Premium, Professional, Ultimate and Enterprise Editions






Windows 7 Home Premium,

Professional, Ultimate and Enterprise Editions တွေအတွက် အောက်ပါ

Hardware Requirements တွေလိုအပ်မှာဖြစ်ပါတယ်။

- 1GHz 32-bit (x86) or 64-bit (x64) Processor

- 1GB of System Memory

- 40GB of HDD with at least 15 GB of free space

- 128MB of Graphics Memory with DirectX9 support

တို့ဖြစ်ပါတယ်။
x86 & x64Processor Architecture တွေမှာ 32-bit version ကို (x86) လို့ label တပ်ပြီး 64-bit version ကို (x64) လို့ label တပ်ပြီးဖော်ပြလေ့ရှိပါတယ်။ Windows
7 က Processor Architectures နှစ်မျိုးလုံးကို support လုပ်ပါတယ်။ Pentium

IV နဲ့ အစောပိုင်း Processor တွေဟာ x86 တွေများပါတယ်။ ပြီးတော့

အသစ်ထွက်တဲ့ Netbook သေးသေးလေးတွေရဲ့ Processor တွေရောပေါ့။ x64 Processor

သုံးတဲ့စက်မှာ x64 version Windows 7 & x64 version Applications

တွေတင်ပြီး Run နိုင်သလို၊ x86 versoin Windows 7 & x86 version

Applications တွေလဲ Run နိုင်ပါတယ်။

( အရင်ကတော့ x64 Processor သုံးတဲ့စက်မှာ x64 version OS &

Application တွေပဲ Run နိုင်တယ်လို့ကျနော်ထင်ခဲ့တာ။ OS နဲ့ Application

တွေရှားနိုင်လို့ x64 Processor သုံးထားတဲ့စက်တွေ

မသုံးသင့်ဘူးလို့ထင်ခဲ့တာ။ ခုမှ မှားမှန်းသိတယ် … )

x86 Processor & OS

X86 version Windows 7 တွေဟာ Memory (RAM) အမြင့်ဆုံး 4GB ထိပဲ support လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ Windows 7 x86 version ကို x64 Processor သုံးတဲ့စက်မှာတင်လို့ရပါတယ်။

သို့သော် OS ကတော့ Memory 4GB ထိပဲ အများဆုံးသိမှာဖြစ်ပါတယ်။

(အဲထက်ပိုနေလဲ သူမသိပါဘူး။ 4GB ထိပဲ support လုပ်ပေးနိုင်မှာဖြစ်ပါတယ်။)
x64 Processor & OS

x64 version Windows 7 ကိုတော့ x64 Processor သုံးထားတဲ့ စက်မှာပဲတင်လို့ရမှာပါ။
x64 version Windows 7 Professional, Enterprise, Ultimate Edition တွေမှာ
System Memory (RAM) 128GB (တစ်ရာနှစ်ဆယ့်ရှစ်) ထိ support လုပ်ပါတယ်။ x64
version Windows 7 Home Basic က 8GB ထိ support လုပ်ပါတယ်။ x64 version
Windows 7 Home Premium ကတော့ 16GB ထိ support လုပ်ပါတယ်။

http://phpcrazy-mm.blogspot.com/

Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Monday, February 10, 2014

Stroage Devices နှင့် ဖိုင်သိမ်းသော ပုံစံ ( No 10 )
















Storage Devices တွေဆိုရင်တော့ ကျွန်တော်သိတာ Hard Disk , Flash Disk , CD/DVD Disc တို့ပဲ ဖြစ်ပါတယ်။

သူတို့ကို ကွန်ပျူတာ စနစ်တွေက ဖိုင်များ သိမ်းဆည်းဖို့ အသုံးပြုပါတယ်။

Stroage Drive တစ်ခု အဓိက လုပ်ဆောင်တာတော့ ဖိုင်တွေကို သိမ်းထားပေးနိုင်တာပဲ ဖြစ်ပါတယ်။အဲ့မှာ ဖိုင်သိမ်းတယ်ဆိုတာ ဘယ်လောက်အထိသိမ်းနိုင်လဲဆိုတာပါ။

ဟုတ်ပါတယ် Stroage Device တွေက ဖိုင်တွေကို သိမ်းနိုင်တယ်ဆိုတာ အကန့်အသတ်ရှိပါတယ်။

Stroage Device တွေက သူ့ရဲ့ မှတ်ညဏ်တန်းဖိုးရှိပါတယ်။ သူမှတ်နိုင်တာထက် ပိုမှတ်သားနိုင်ခြင်းမရှိပါဘူး။

Stroage Device တွေရဲ့မှတ်ညဏ်ကို Bytes ( B ) ဖြင့်ဖော်ပြပါတယ်။

Hard Disk ဆိုရင်အတွေ့များတာက 40 BB , 80 GB , 100 GB , 1TB , 2 TB

Flash Drive တွေကိုတော့ 512 MB , 1GB , 2GB , 8 GB , …, 1TB

CD Disc ဆိုရင် 700 MB ဝန်းကျင် ဖြစ်ပြီး DVD Disc ဆိုရင် 4GB ကျော်ကျော်လောက်ရှိပါတယ်။

ဘာလို့သူတို့ကို မှတ်ညဏ်တွေကွဲပြားတာလဲဆိုတော့ သူ့မှာ သိမ့်မည့်ဖိုင်တွေကလည်း ကိုယ်ပိုင်ဖိုင်ဆိုဒ်လေးတွေရှိလို့ပဲ ဖြစ်ပါတယ်။

အဲ့လိုဖိုင်လေးတွေမှာ ဖိုင်ဆိုဒ်ရှိလို့လည်း သူတို့ကို သိမ်းဆည်းမယ့် Drive တွေက အကန့်အသတ် Memory တွေရှိနေရပါတယ်။

ကျွန်တော်တို့ Stroage Drives က မှတ်ညဏ်အတိုင်းအတာကို အလွယ်တွက်လို့ရပါတယ်။( CD/DVD မပါ။)

သူ့စနစ်က ၁၀၀၀ ဆပွားစနစ်မျိုးပါ။
1000 B  = 1kB
1000 kB= 1MB
1000 MB= 1GB
1000GB= 1TB
အဲ့လိုမျိုးပါ။အဲ့မှာ B= Bytes , k= Kilo , M=Mega , G=Giga , T=Tetra

နောက် Memory တွေက ၂ ပါဝါပုံစံနဲ့ အလုပ်လုပ်ပါတယ်။

သူ့ကို ကျွန်တော်တို့တွေ့ရသော ကိန်းများမှာ 1 , 2, 4, 8, 16, 32, 64, 128, 512, 1024

အစရှိသော ကိန်းတွေပဲမြင်ရမှာပါ။ Memory အခေါ်မှာ ကြားကိန်းများဖြစ်သော 3, 5 , 7 လိုမျိုးတွေမရှိပါဘူး။

နောက်တခုက ကျွန်တော် အပေါ်ဆုံးမှာ တွက်ပြသော မှတ်ညဏ် ၁၀၀၀ ပွားကိန်းဆိုတာက အလွယ်တွက်တာမျိုးပါ။ တကယ်က ၂ ပါဝါအသုံးကိုပဲ ကွန်ပျူတာက မှတ်သားပါတယ်။

ဉပမာ။ ။ 1024 B =1kB လိုမျိုးပါ။ကျွန်တော်တို့က အလွယ်သာမှတ်တာများတော့ ကွန်ပျူတာမှတ်ညဏ်များကိုဆိုရင် ဉပမာ 1GB ကို ကွန်ပျူတာက 960 MB လိုမျိုးတွေ ဖော်ပြပါတယ်။တကယ်က အလွယ်တွက်သော စနစ်နဲ့ ကွန်ပျူတာက နားလည်သော စနစ်နည်းနည်းလွဲသွားတာမျိုးပါ။အဲ့လိုမျိုး အနေအထားမှာ ကျွန်တော်တို့ သိလိုက်တာက မှတ်ညဏ်များကို အနည်းစပ်ဆုံးယူသော စနစ်ကို အသုံးပြုပါတယ်။

ဉပမာ ။  ။ 102 MB ဆိုရင် 128 MB , 490 MB ဆိုရင် 512 MB , 960 MB ဆိုရင် 1GB အဲလိုမျိုးပါ။

Stroage Drive မှာ သိမ်းမည့်ဖိုင်ကတော့ ဆိုဒ်များရင်များ သလို နည်းရင်နည်းသလို အခေါ်လည်း ပုံသေမရှိပါဘူး။ တစ်ချို့ဖိုင်လေးတွေဆိုရင် သေးငယ်ပြီး တစ်ချို့ကတော့ ဖိုင်ဆိုဒ်အရမ်းများပါတယ်။



ဖိုင်ဆိုတာလေးများ

ဖိုင်ဆိုတာကို က သူက သူ့ကို လက်ခံသိမ်းနိုင်သော Stroage Device တစ်ခုအပေါ်မှာနေပါတယ်။ဖိုင်တစ်ခုကို မြင်လိုက်ရင် သိနိုင်တာက *.Extension ပုံစံပါ။

* ဆိုတာက Any မည်သည့်စကားလုံးကို မဆိုကိုယ်စားပြုပါတယ်။ ဖိုင်အမည်နေရာပါ။ဉပမာ * ဆိုတာ ၁ ၊က ၊ ၁၂၊ we ကြိုက်ရာဖြစ်ခွင့်ရှိတယ်လို့ဆိုလိုပါတယ်။ ဖိုင်အမည်များက အသုံးပြုသူစိတ်ကြိုက်ပေးတာဖြစ်တာကြောင့် အသုံးပြုသော ပုံစံပါ။

Extension ကတော့ ဖိုင်အမျိုးအစားကို ဖော်ပြပေးသော ပုံစံပါ။

ဉပမာ wolker.mp3 ဆိုသော ဖိုင်ဆိုရင် worker ဆိုတာက ဖိုင်အမည်ပါ။ ကိုယ်ဘာသာ ကြိုက်ရာ ပြင်နိုင်ပါတယ်။ .mp3 ဆိုတာက MP3 Music File ဖြစ်ကြောင်း သက်သေပြတာမျိုးပါ။ သူ့ကို ပြင်လိုက်လို့မရတဲ့ အပြင် ကွန်ပျူတာက Rename System တွေအသုံးပြုရင် ဖိုင်အမည်ကိုပဲ ပြောင်းနိုင်တာမျိုးကို တွေ့မှာပါ။

ကွန်ပျူတာမှာ အသုံးပြုသော ဖိုင်အတော်ကို များပါတယ်။

အတွေ့များမှာကတော့

Music ( *.mp3 , *.wma , *.aac…)

Video ( *.avi , *.mpg , *.vob , *.dat …)

Compressed File ( *.zip , *,rar , *.7z , *.iso )

Software Installer ( *.exe , *.msi Windows OS System )

Document File ( *.pdf(Ebook) , *.docx ( Offic Word 2007)…)

သူတို့က Stroage Device အပေါ်မှာ ကိုယ်ပိုင် ဖိုင်ဆိုဒ်လေးတွေနဲ့နေပါတယ်။ သူ့ကို နောက်တစ်နည်းနဲ့ တွေ့နိုင်တာက ဖိုဒါတစ်ခုရဲ့အောက်မှာလည်းရှိနိုင်ပါတယ်။ကြိမ်းသေတာတော့ Hard Disk အပေါ်မှာရှိသော အရာလေးတွေက ဖိုင်ဆိုတာတွေပဲ ဖြစ်ပြီး သူတို့က ဖိုင်ဆိုဒ်ရှိတယ်။ဖိုင်ပုံစံရှိတယ်ဆိုတာပါပဲ။


Hard Disk

Hard Disk ကိုတော့ ကျွန်တော်တို့ အသုံးများသော ဝင်းဒိုစ်းစနစ်မှာ စနစ်ပိုင်းဆိုရာ အချက်အလက်တွေကို အဓိကအားထားအသုံးပြုသော Stroage Device ပါ။

Stroage Device ဆိုရင် ပထမဆုံးသိရမှာက မှတ်ညဏ်ပမာဏဖြစ်ပါတယ်။ သူ့ကို သိမှ ကျွန်တော်တို့ ဖိုင်တွေဘယ်လောက် သိမ်းလို့ရမယ်ဆိုတာ တွက်နိုင်မှာပါ။ မလောက်တော့လည်း နောက် ပိုပြီးမှတ်နိုင်တာ ဝယ်ရမှာမျိုးပါ။

Hard Disk တွေကို ကွန်ပျူတာ စနစ်တွေမှာ Drive C: , D: အစရှိသလိုမျိုးတွေ့ရပါတယ်။

တကယ်က အဲ့လိုမျိုးတွေ့တယ်ဆိုတာ Hard Disk နှစ်လုံးရှိတယ်လို့ အလွယ်ပြောလို့မရပါဘူး။Partition တွေလည်းဖြစ်နိုင်ပါတယ်။

Stroage Drive တွေက မူရင်းဝယ်ခါစက ဖိုင်တွေကို သိမ်းလို့မရပါဘူး။ ဖိုင်စနစ်ထည့်သွင်းမှ ဖိုင်တွေသိမ်းလို့ရမှာပါ။ Stroage Device တွေမှာ ကိုယ်ပိုင်ဖိုင်စနစ်တွေရှိပါတယ်။ကျွန်တော်တို့ အခေါ် Format ချတယ်လို့ဆိုလိုပါတယ်။ ပုံစံသွင်းယူတာမျိုးပါ။

Hard Disk မှာတော့ မှတ်ညဏ်ပမာဏက များတာကြောင့် Hard Disk ကို ပိုင်သော နည်းကို အသုံးများပါ။ Partition Technology ပါ။ Hard Disk တစ်လုံးတည်းကိုပဲ နှစ်ခုပုံစံ သုံးခုပုံစံမျိုးနဲ့ တွေ့ရတာမျိုးပါ။

တကယ်လည်း Hard Disk ကို Partition ပိုင်းကာ အသုံးပြရမှာပါ။ တစ်ပိုင်တည်းရှိတယ်ဆိုလည်း Partition ကို တစ်ပိုင်းတည်းပိုင်းတည်လို့ဆိုလိုပါတယ်။နောက်ပြီးရင်တော့ Format ချရပါတယ်။ ဒါမှ Hard Disk က ဖိုင်တွေသိမ်းလို့ရမှာပါ။

File System ( Format ) တွေက စနစ်တခုနဲ့ တခုမတူပါဘူး။ Windows Platform မှာဆိုရင် File System ကို NTFS ဆိုပြီး အသုံးပြုပါတယ်။အခြားသော စနစ်တွေမှာတော့ သူတို့ကိုယ်ပိုင် ဖိုင်စနစ်တွေကို အသုံးပြုပါတယ်။

Hard Disk ကို နောက်ခေါ်နိုင်တာက Read , Write Access Drive လို့လည်းခေါ်နိုင်ပါတယ်။ဖိုင်တွေ သိမ်းရုံတင်မက နောက်ထပ်လည်း ထပ်သိမ်းနိုင်၊ ဖိုင်တွေကိုလည်း ဖျက်နိုင် ဖတ်နိုင်သော Stroage မျိုးမို့ပါ။


Flash Drive

Flash Drive ကလည်း Hard Disk လိုမျိုး Read , Write Access Memory အမျိုးအစားပါ။သူ့မှာလည်း ကိုယ်ပိုင် File System ( Format ) ရှိပါတယ်။ အတွေ့များတာကတော့ FAT and FAT32 ပဲဖြစ်ပါတယ်။

သူကတော့ Partition တွေပိုင်းပြီးတွေ့ရလေ့ သိပ်မရှိပါဘူး တွေ့လိုက်ရင် တစ်ပိုင်းတည်းပဲ တွေ့တာများပါတယ်။Partition ပိုင်းချင်ပါကလည်း ပိုင်းလို့ရသော ဆော့ဝဲလ်တွေရှိပါတယ်။

Flash Drive လို့ပြောတဲ့ အထဲမှာ Memory Card (SD) တွေလည်းပါပါတယ်နော့်။ သူတို့မှာ ခဏခဏပြဿနာတက်တာက Format ကိစ္စပဲဖြစ်တာများပါတယ်။Format ဆိုတာက ပုံစံချတာ ဖိုင်စနစ်ထည့်သွင်းတာ ဖြစ်တာကြောင့် Format ဆိုတာလေးကို ကလစ်နှိပ်ပါက ကောင်းနေသော အသုံးပြုနေသော စက်ဆိုရင် ဒေလ်တာတွေ အကုန်ပျောက်ကုန်မှာ ဖြစ်ပါတယ်။ တကယ်က ဖိုင်တွေကို အကုန်ဖျက်ပြီးမှ ဖိုင်စနစ်ထည့်သွင်းရတာ ဖြစ်လို့ပါပဲ။



CD/DVD Disc

CD/DVD Disc ကို နှစ်မျိုးခွဲလို့ရပါတယ်။ တစ်ခုက RW ( Read and Write Access ) နဲ့ နောက်တစ်ခု R ( Read Only Memory ) ဆိုပြီးတော့ပါ။

ကျွန်တော်တို့ အသုံးများသော အခွေတွေက ကြိမ်းသေးပါတယ်။ Read Only Disc တွေပါ။ဖိုင်ကို တစ်ခါပဲ ရေးလို့ရပြီး နောက်တကြိမ်ပြန်ရေးခွင့် မရှိပဲ ဖတ်ပဲဖတ်နိုင်တာမျိုးပါ။

RW Drive ကတော့ Flash Drive တို့လို လုပ်အပ်ပါက ပြန်ဖျက်နိုင် ဖိုင်များနောက်တကြိမ်ကူးခွင့် ရှိတာမျိုးပါ။

DVD/CD Disc တွေက သူဆီကို ဒေလ်တာတွေ ကူးယူဖို့ သိမ်းဖို့ကို တိုက်ရိုက် Flash Memory တို့လိုမျိုးသိမ်းလို့မရပါဘူး။ ဖိုင်တွေ သိမ်းချင်ပါက Burn ဘမ်းမှ ရမှာပါ။

ဘမ်းဖို့ကို ကွန်ပျူတာမှာ CD/DVD Burning Software တစ်ခုခုတင်ထားမှ အသုံးပြုနိုင်မှာပါ။

အခွေဘမ်းဖို့ကို ဆော့ဝဲလ်နဲ့တင် မပြီးပါဘူး သူ့ကို ဖွင့်နိုင်သော DVD Drive ကလည်း RW ဖြစ်မှကို ဘမ်းလို့ရမှာပါ။

ကိုယ့် DVD က ဘမ်းလို့ရမရကို စက်မှာ RW ကဲ့သို့သော စာတန်းပါပါက ဘမ်းလို့ရမှာ သေချာပါတယ်။ ROM လို့တွေ့ရင်တော့ သေချာပါတယ် အခွေတွေကို ဖတ်ရုံပဲ ဖတ်နိုင်မှာပါ။ ဘမ်းလိုမရပါဘူး။


ဖိုင်တွေကို Stroage Drive တွေထဲ အဆင်ပြေပြေထည့်သွင်းဖို့ဆိုတာ ကိုယ်သိမ်းမည့် Stroage က RW ( Hard Disk , Flash ) ဆိုရင် ကွန်ပျူတာ စနစ်မှာပါသော File Manager Software ကို အသုံးပြုကာ ကူးယူသိမ်းဆည်းဖျက်လိုက်နိုင်မှာပါ။

DVD အတွက်ဆိုရင်တော့ RW Drive ဟုတ်မဟုတ်သာစစ် အခွေဘမ်းလို့ရတယ်ဆိုရင်တော့ အခွေလွတ်ဝယ်ပြီး ဒေလ်တာတွေ သိမ်းလို့ရပါတယ်။

နောက်တစ်ခုက ဖိုင်တွေရဲ့ ဆိုဒ်ကို သိမှ သိမ်းရတာ အဆင်ပြေမှာမို့ ဖိုင်ဆိုဒ်ကို သိဖို့ကို Right Click > Properties ကနေပြီး ဖိုင်ဆိုဒ်ကို လေ့လာပါ။

ဖိုင်ဆိုဒ်ကို သိမှသာ ကိုယ်သိမ်းချင်သော မှတ်ညဏ်က နေရာလောက်မလောက်သိမှာဖြစ်ပါတယ်။

Hard Disk , Flash Disk တွေကို 100% Data တွေ အကုန်ထည့်သွင်းတာ မကောင်းပါဘူး အကောင်းဆုံးက 70% လောက်ဆိုရင် အဆင်ပြေပါတယ်။ သေချာပါတယ် ဒေလ်တာတွေ 80% လောက်ထည့်ထားရင် Stroage က Memory ပြသော ဘားလေးက အနီရောင်လေးဖြစ်သွားပါတယ်။ ဒေလ်တာတွေ အရမ်းများသွားတာလို့ ပြောနေတာပါ။



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

ကွန်ပြူတာပရိုဂရမ် ဆိုသည်မှာ

















ကွန်ပြူတာပရိုဂရမ် ဆိုသည်မှာ


အလုပ်တစ်ခုခုကို လုပ်ဆောင်နိုင်ရန်အတွက်ညွန်ကြား ချက်များကိုစုစည်းထား သော ညွန်ကြားချက် အစုအဝေးကို ခေါ်ဆိုပါသည်။ အဆိုပါညွန်ကြားချက် အစုအဝေများပေါင်း စုထားသော ပရိုဂရမ်အစုအဝေးကို ကွန်ပြူတာဆော့ဝဲဟု ခေါ်ဆိုပါသည်။ ကွန်ပြူတာပရိုဂရမ်များသည် ယခုအချိန်ဆိုလျင် စတုတ္ထမျိုးဆက်သို့ တိုင်ရောက်လာခဲ့ပြီဖြစ်သည်။ ကွန်ပြူတာ ပရိုဂရမ်တစ်ခု အခုအလုပ်လုပ်နိုင်ရန်အတွက် စက်မှ နားလည်နိုင်ရန်အတွက် ပြောင်းလဲပေးသော ကြားခံပရိုဂရမ်တစ်ခု လိုအပ်ပြန်ပါသည်။



ပရိုဂရမ် ဆိုသည်မှာ အမိန့်စာကြောင်းများစွာ (Instructions) ပါဝင်သော (သို့)ကွန်ပြူတာကို ခိုင်းစေနိုင်သော အမိန့်စာကြောင်းများ ပါဝင်သော ကွန်ပြူတာက နားလည်နိုင်တဲ့ ဘာသာစကား တစ်မျိုး ဖြစ်သည်။ ကွန်ပြူတာရဲ့ လုပ်ဆောင်မှု အားလုံးကို ထိန်းချုပ်ကိုယ်တွယ် ခိုင်းစေနိုင်စွမ်းရှိသော ဘာသာရပ် ဖြစ်သည်။ ကွန်ပြူတာနည်းပညာတွင် ပရိုဂရမ်ဘာသာရပ် မြောက်များစွာ ရှိသည်။

လူတစ်ယောက် ၏ တွေးခေါ်မှု ၊ စိတ်ပုံဖော်မှု များကို ကွန်ပြူတာ နားလည်နိုင်သော command word (or) instruction (အမိန့်စာကြောင်း) များဖြင့် ပုံဖေါ်ခြင်း နည်းပညာ ဖြစ်သည်။ သင်္ချာနည်းပညာ တွက်ချက်မှုများအား မဏ္ဍုဍိင်ထား၍ လုပ်ဆောင်မှု အမျိုးမျိုး တွက်ချက်မှု အမျိုးမျိုး၊ ရုပ်ပုံအမျိုးမျိုးကို ဖန်တီးနိုင်ခြင်းများ လုပ်ဆောင်နိုင်သော Language ဟုလည်း အကြမ်းအားဖြင့် သိရှိနိုင်သည်။ Programming of Computer ကို အသုံးပြုသည့်နယ်ပယ်များမှာ အမြောက်အများ ရှိသည်။ မည်သည့်နယ်ပယ်တွင် အသုံးပြုသည် ကိုတော့ အောက်တွင် ဖေါ်ပြထားသော ကွန်ပြူတာ သိပ္ပံနယ်ပယ် မှ ရွေးထုတ် ဖော်ပြရမည် ဖြစ်သည်။

1.Theoretical computer science( သီအိုရီ ပိုင်းဆိုင်ရာ)

2. Algorithms and data structures(သင်္ချာနည်းပညာများအား ပုံစံချ ရေးဆွဲခြင်း)

3.Programming methodology and languages(ပရိုဂရမ် လုပ်ရိုးလုပ်စဉ်နှင့် ၎င်း တို့၏ ဘာသာရပ် များ)

4.Computer elements and architecture(ကွန်ပြူတာ ၏ အီလက်ထရောနစ်ဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံ နှင့်၎င်းတို့၏ လုပ်ဆောင်ချက်များ)

5.Numerical and symbolic computation(သင်္ချာဂဏန်း နှင့် သင်္ကေတများကို အသုံးပြုပြီး သိပ္ပံဘာသာရပ်များတွင် တွက်ချက်မှုစနစ် မှတဆင့် ပုံဖော်ရေးဆွဲခြင်း)

6.Applications(ကွန်ပြူတာတွင် အများပြည်သူသုံး အဖြစ် အသုံးချ ဆော့ဖ်ဝဲများ ရေးဆွဲတည်ဆောက်ခြင်း)

အထက်ပါ နယ်ပယ်များ အားလုံး သည် field of Computer Science (ကွန်ပြူတာ သိပ္ပံနယ်ပယ်) ၌ ပါဝင် ပါသည်။ သို့ဖြစ်၍ ကွန်ပြူတာ ပရိုဂရမ်သမား တစ်ယောက်သည် အီလက်ထရောနစ် နည်းပညာ၊ ယုတ္တိ တန်သော တွေးခေါ်မှု ပိုင်းဆိုင်ရာ နှင့် သင်္ချာနည်းပညာ ကို အခြေခံ နှင့် အထက် တတ်မြောက်ထား မှ သာလျှင် အထစ်အငှော့ မရှိ အဆင်ချော မည်သာ ဖြစ်သည်။


လူ၏ စိတ်ခံစားမှု စဉ်းစားတွေးခေါ်မှုများကို ပုံဖော်ခြင်း ဖြစ်သည့်အတွက် လူ့စိတ်ကဲ့ သို့ ပြောင်းလွယ် ပြင်လွယ် ဖြစ်နိုင်စွမ်း ရှိသည်။ ဆိုလိုသည်မှာ ပရိုဂရမ်အား စတင်လေ့လာ လိုက်စားသည်နှင့် တပြိုင်နက် မိမိသင်ထားသော အကြောင်းအရာများကို ပုံသေ မမှတ်စေလိုခြင်း ဖြစ်သည်။
ထပ်မံ၍ ရှင်းလင်းရသော် ဥပမာ။ ။ ပရိုဂရမ် တစ်ပုဒ် ၌ a=100; ဟု ရေးထားလျှင် a ၏ တန်ဖိုးသည် တစ်ရာ နှင့် ညီသည်။ သို့သော် a ၏ တန်ဖိုးသည် အမြဲတမ်း တစ်ရာ နှင့် မညီကြောင်း သိရှိထားရမည်။ a သည် ပထမ အခြေအနေတွင် တစ်ရာ နှင့် ညီထားသောလည်း ပရိုဂရမ်အရ ဒုတိယ အခြေအနေတွင် တစ်ထောင် ၊တစ်သောင်း ၊တစ်သိန်း၊ တစ် စသည့် တန်ဖိုးများအဖြစ်လည်း ရောက်ရှိသွားနိုင်သည်။ ပရိုဂရမ် ၏ လိုလားချက် အရ ကိန်းရှင် ဖြစ်သော a ၏ တန်ဖိုးကို လိုအပ်သလို လှည့်စားပြောင်းလဲတွက်ချက်နိုင် ခြင်းကို ဆိုလိုသည်။


ပရိုဂရမ်သဒ္ဒါ

programming language များလည်း သဒ္ဒါဆိုတာ ရှိသည်။ ဆိုလိုသည်မှာ ပရိုဂရမ်၏ အမိန့်စာကြောင်းများကို ရေးသားရာတွင် စည်းစနစ်မှန်ကန်မှု အဓိကလိုအပ်ပါသည်။ မိမိရေးသားသော ပရိုဂရမ်တွင် စဉ်းစားတွက်ချက်နည်းစနစ်မှန်ကန်သော်လည်း မိမိအသုံးပြုသောပရိုဂရမ်၏ သဒ္ဒါစည်းစနစ်မှန်ကန်မှုမရှိခဲ့ပါက မိမိ၏ ခိုင်းစေသော အမိန့်စာကြောင်းပါ အမိန့်များအတိုင်း ကွန်ပြူတာက အလုပ်လိုက် လုပ်ပေးမည်မဟုတ်ပါ။ Programming Language များစွာထဲမှ C++(C double plus) ဟုခေါ်သော programming Language တစ်ခုကိုကျနော်တို့စပြီးလေ့လာကြ ရအောင်။

C++ programming language ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကိုတော့ မရေးပေးတော့ပါဘူး။ သမိုင်းကြောင်းကို လေ့လာခြင်း မဟုတ်သည့်အတွက် အဓိကထားပြီး မရှင်းပြ နိုင်ခြင်း ဖြစ်ပါတယ်။

ပထမဦးစွာ ကျနော်တော်တို့ programming language တွင် အသုံးအများဆုံး စကားလုံးများကို နားလည်အောင် ဖတ်ရှုပါ့မယ်။သတိပြုရန်- အမိန့်စာကြောင်းများ မဟုတ်။ အခေါ်အဝေါ်များသာဖြစ်သည်။

•Data types(မိမိအသုံး အပြု လိုသော အချက်အလက်များ အမျိုးအစားများ။ ဥပမာ (ကိန်းဂဏန်းအမျိုးအစားလား(သို့)ဗျည်းအက္ခရာလား စသည်ဖြင့်)။

• Keyword (အရေးပါသော စကားလုံး(သို့) ၎င်း Language တွင် လိုအပ်သလို ထည့်သွင်းသုံးစွဲခွင့် ရှိသော စကားလုံး။၎င်းစကားလုံးများတွင် ကိုယ်ပိုင်လုပ်ဆောင်မှုများ စွမ်းဆောင်နိုင်မှုများ ရှိသည်။

• Operator (ပရိုဂရမ်အတွင်းသုံး သင်္ချာပိုင်းဆိုင်ရာ တွက်ချက်မှု သင်္ကေတ အသုံးအနူန်းများ)။

• Expression (အသုံးအနှုံးများသတ်မှတ်ခြင်း (သို့) အတိအလင်း ဖြစ်ခြင်း)။

• Logical (ယုတ္တိတန်သော။(သို့) အမှား၊အမှန် ခွဲခြားနိုင်သော)။

• Bitwish (ကွန်ပြူတာသုံး အသေးဆုံးယူနစ်တွက်နည်းများ)။

• Arithmetic (ဂဏန်းသင်္ချာနှင့်ဆိုင်သော)။

• Relational (ဆက်သွယ်မှု၊ ဆက်စပ်မှု၊နှိုင်းယှဉ်ခြင်း)။

• Assignment (ရေးပုံရေးနည်းစနစ်)။

• Single quote (အဖွင့်အပိတ်(‘a’))။

• Double quote (အဖွင့်အပိတ်(“a”))။

• Conditional (အခြေ အနေတစ်ရပ်ကို မူတည်သော။ အခြေအနေအရ ဖြစ်သော။)။

• Statement ( ရေးသားပုံ။စာကြောင်း)။

• Syntax (ပရိုဂရမ်၏ အမိန့်စာကြောင်းများ ရေးသားတည်ဆောက်ပုံ(သို့) စာကြောင်း အထားအသိုပုံစံ)။

• Variable (ပြောင်းလဲနိုင်သောအရာ။ ကိန်းရှင်။)။

• Identifier (ရွေးထုတ်သည်။ ခွဲခြားနိုင်သည်။ဖော်ထုတ်နိုင်သည်။)

• Expression (ကိန်းသေများ၊ ကိန်းရှင်များနှင့် အခြားသော အချက်အလက်များကို operator နှင့် ဆက်စပ်ထား ခြင်းဖြစ်သည်၎င်း အနေအထားအား ဖြေရှင်းလိုက်ပါက တန်ဖိုးတစ်ခုခု (သို့)အခြေအနေတစ်ရပ် ဖြစ်ပေါ်စေမှာ ဖြစ်သည်။ တနည်းအားဖြင့် အဖြေတစ်ခုရအောင် Program နည်းလမ်းကျကျ ဖွဲ့စည်းတည်ဆောက်ထားသော ဖေါ်မြူလာ ပုံသေနည်းဖြစ်သည်။

• Default (အတိအကျ(သို့)ပြောင်းလဲနိုင်စွမ်းမရှိ)

Credit : အ.ထ.က မုတ္တမ  


ကိုဝင်းဘလော့ဂ်က သမလာတာ ဖြစ်ပါတယ်။  




Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Sunday, February 9, 2014

DVD အချပ်ပေါင်း ရသောင်းခွဲရဲ ့ သိမ်းဆည်းအားနဲ့ ညီမျှတဲ့ Disc
















ပုံမှာ မြင်တွေ့နေရတဲ့ ဖန်ပြား အဝိုင်းလေး တစ်ခုပမာ ပစ္စည်း ဖြစ်ပြီး ဗြိတိန်နဲ့ နယ်သာလန် Scientist တို့ တီထွင် ဖန်တီးထားတဲ့ ပစ္စည်း ဖြစ်ပါတယ်။ ယင်းဖန်ပြားငယ်လေးက 4.7 GB ဝန်းကျင်ရှိတဲ့ Standard DVD အချပ်ပေါင်း ရသောင်းခွဲရဲ ့ သိမ်းဆည်းအားနဲ့ ညီမျှကြောင်း ဆိုပါတယ်။


အတိအကျအားဖြင့် 360 TB (Terabytes) ဖြစ်ပါတယ်။ နောက်ထပ် ထူးခြားမှု တစ်ခုက အသိမ်းခံခြင်း ဖြစ်ပါတယ်။ နှစ်ပေါင်း ၁ သန်းကျော်တောင် မပျက်ဆီး မဆုံးရှုံးနိုင်အောင် ထိန်းသိမ်း၊ သိမ်းဆည်း ထားနိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ လက်ရှိ ထွက်ပေါ်နေတဲ့ အချက် အလက် သိမ်းဆည်း ပစ္စည်းများထက် အဆပေါင်းများစွာ သာလွန်နေတာ ကို တွေ့မြင်ရ ပါတယ်။ ဒါကြောင့် သူ့ကို "Superman Memory Crystal" လို့ အမည်ပေးထားပါတယ်။ သေးငယ်လှတဲ့ အချက်ပြားက အမှန်တော့ အထပ်ပေါင်းများစွာ ခံထားပြီး အတွင်းသို့ အချက်အလက်များကို လေဆာနဲ့ အသုံးပြုလို့ သိမ်းဆည်း စေခြင်း ဖြစ်ပါတယ်။

အပူချိန် ၁၀၀၀ ဒီဂရီ စင်တီဂရိတ်ရှိတဲ့ လေထုပတ်ဝန်းကျင်မှာတောင် ဘာမှ မပျက်ဆီးအောင် သူ့အလိုအလျောက် ထိန်းသိမ်းထားနိုင်တဲ့ ပစ္စည်း ဖြစ်ပါ တယ်။ 2013 Conference of Lasers and Electro-Optics မှာ ဝင်ရောက် မိတ်ဆက်သွားတဲ့ နည်းပညာ ဖြစ်ပြီး နှစ်အနည်းငယ်အတွင်း အများအသုံးပြု နိုင်ရန် ထုတ်လုပ်သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: piysicsworld.com
အောင်ခမ်း ( www.innewsmyanmar.com )


<< HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Friday, February 7, 2014

စာရိုက်ရာတွင် အရေးပါသော ဖောင့်များ လေ့လာခြင်း ( No 9 )


















ကွန်ပျူတာ အသုံးပြုသူများ ဖြင့်ဖောင့်ဆိုသော စကားကို ကြားဖူးမှာပါ။

ဖောင့်ဆိုတာတော့ ရှင်းရှင်းလင်းလင်း အဓိပ္ပါယ်ပြန်ရရင် ကျွန်တော်တို့ စာရိုက်နေသော စာလုံးပုံလေးတွေပါပဲ ။

ကွန်ပျူတာ စနစ်တွေမှာ မူရင်းသက်ဆိုင်ရာဖောင့်များ တစ်ခါတည်းကို ထည့်ပေးလိုက်ပါတယ်။နောက် အဲ့ဒီဖောင့်ကို စာအဖြစ်ရိုက်နိုင်သော ကီးဘုတ်လက်ကွက်ကိုပါတခါတည်းထည့်ပေးလိုက်ပါတယ်။

မရှိသော ဖောင့်နဲ့ လက်ကွက်ပုံစံတွေကိုတော့ ကိုယ်ဘာသာ သွင်းယူရမှာပါ။

ဖောင့်ဖိုင်များကို တွေ့ရတာတွေကတော့ Font Files များကို *.ttf (True Type Font) , *.fon (Open Font ) , *.pfm ( Type One Font ) and ... စသော ဖိုင်ပုံစံများဖြင့်တွေ့နိုင်ပါတယ်။

အတော်များသော ဖောင့်ဖိုင်ပုံစံကတော့ *.ttf (True Type Font ) ပါပဲ ။

ကွန်ပျူတာမှာ ကျွန်တော်တို့ စာလေးတွေ မြင်နေရတာ စာတွေရိုက်လို့ရတယ်ဆိုတာ အဲ့ဒီဖောင့်တွေက လုပ်နေတာဖြစ်ပြီး တစ်ခါတစ်လေမှာ စာတွေက လေးထောင့်အကွက်တွေ ဖြစ်နေတာတော့ ကွန်ပျူတာ စနစ်မှာ အဲ့ဒီဖိုင်က ဖောင့်မရှိလို့ဖြစ်တာမျိုးပါ။

ဖောင့်လို့ပြောလိုက်တာနဲ့ ကွန်ပျူတာက ဖောင့်ကို သိသော ပုံစံကို လေ့လာရအောင်။

ကွန်ပျူတာ စနစ်တွေက သူ့စနစ်မှာ ဖောင့်တစ်ခုကို မြင်ရဖို့အတွက်ကို နည်းလမ်းနှစ်မျိုးနဲ့ နားလည်ပါတယ်။

1)    ASCII System and
2)    Unicode System ပဲဖြစ်ပါတယ်။

ASCII စနစ်ဆိုတာတော့ အင်္ဂလိပ်စာတွေ ရိုက်နိုင်သော စနစ်ပါ။
Unicode စနစ်ကတော့ အင်္ဂလိပ်မဟုတ်သော အခြားနိုင်ငံက လူမျိုးများ အသုံးပြုသော စနစ်ဖြစ်ပါတယ်။


။  ။ကွန်ပျူတာမှာ ဖောင့်တစ်ခုကို မြင်ရဖို့ဆိုရင်တော့ အဲ့ဒီဖောင့်ကို ကွန်ပျူတာ စနစ်မှာ ထည့်သွင်းလိုက်ရင် မြင်ရပါပြီ။ ကိုယ်က အဲ့ဒီဖောင့်ကို အသုံးပြုကာ စာသားတွေ ရိုက်ဖို့ဆိုရင်တော့ ကီးဘုတ်လက်ကွက်ပါ ရှိမှ စာရိုက်လို့ရမှာ ဖြစ်ပါတယ်။

ကွန်ပျူတာ စနစ်တွေမှာ ကီးဘုတ်ကို ထိတွေ့ကာ ကိုင်နိုင်သော်လည်း သူ့ဆီမှာပါသော ကီးများက ဖောင့်အပေါ်မူတည်ကာ ပြောင်လဲပါတယ်။ ဉပမာ ကီဘုတ်က A ဆိုသော ကီးကို တရုတ်ဖောင့်နဲ့ စာရိုက်ပါက တရုတ်လိုပဲ ပေါ်မှာပါ။

အဲ့ဒါ ဘာဆိုလိုတာလဲဆိုတော့ ကျွန်တော်တို့ မြင်ရ ထိတွေ့နိုင်သော ကီးဘုတ်ကတော့ ကွန်ပျူတာ တိုင်းလိုလို အတူတူပဲ ဖြစ်ပြီး သူ့နောက်ကွယ်က စာရိုက်ရင် ပေါ်တာကတော့ ကီးဘုတ်လက်ကွက်နဲ့ အဲ့ဒီလက်ကွက်က အသုံးပြုသော ဖောင့်အပေါ်မူတည်ကာ ပြောင်းလဲသော သဘာဝပါ။


။  ။System Default Font and Default Keyboard ဖြင့်စာရိုက်ခြင်း

သူကတော့ လွယ်ပါတယ်။ စာစီ၊စာရိုက် ဆော့ဝဲလ်မှာပဲ ဖြစ်ဖြစ် စနစ်မြင်ကွင်းက ဖိုင်များအမည်ပေးတာပဲ ဖြစ်ဖြစ် စနစ်က အော်တိုပါတာမို့ ကိုယ်ဘာသာ ဖောင့်လေးပြောင်းက စာရိုက်နိုင်ပါတယ်။ကွန်ပျူတာ စနစ်မှာ အတော်များများကတော့ US English Keyboard ကိုပဲ အသုံးပြုတာများပါတယ်။ နောက် ကိုယ့်နိုင်ငံအသုံးအတွက်တော့ ကိုယ်နိုင်ငံနဲ့ဆိုင်သော Unicode Keyboard လေးကို ပြောင်းပြီး အသုံးပြုရမှာပါ။


။  ။ဒုတိယကတော့ ကျွန်တော်တို့ အရင်က ရိုက်ခဲ့ရသော မြန်မာစာများပါ ။

ဒီနေ့အထိလူသုံးများသော Win Inwa , Win Yangon , CE , King , Marix စသော မြန်မာစာ ဖောင့်များပါ ။

သူတို့ကို စာစီစာရိုက်ဆော့ဝဲလ်များ ဖြစ်သော Offic Words , Excel , Page Maker စတာတွေမှာ မြန်မာစာဖောင့်များ ထည့်သွင်း ပြောင်းပေးပြီး ရိုက်နိုင်မြင်နိုင်ပါတယ်။

သူတို့ကို ရိုက်နိုင်သော Keyboard ကတော့ Original English Keyboard ပါပဲ ။

သူတို့ကို English ASCII Text Encoding ကို အခြေခံပြီး တည်ဆောက်ထားတာ ကြောင့် English စာများရိုက်သော Keyboard မှာ ရိုက်နိုင်တာပါ ။

သူတို့ကို စာစီစာရိုက်ဆော့ဝဲလ်များမှာသာ မြန်မာလိုရိုက်လို့ရပြီး ဖိုင်အမည်များကိုတော့ မြန်မာလိုပေးလို့မရတာ သိမှာပါ ။

ဘာလို့မရလဲဆိုတော့ ကျွန်တော်တို့ မြန်မာလိုရိုက်သမျှကို ကွန်ပျူတာက English စာများဖြစ်တယ်လို့ အသိမှတ်ပြုပါတယ် ။ စာရိုက်သော ဆော့ဝဲလ်၏ ဖောင့်ပြောင်းတာနဲ့ စာလုံးပုံစံ ပြောင်းသွားသော အထားလေးကို အခြေခံပြီး ထုတ်လုပ်ထားတာမို့ ကွန်ပျူတာက မသိတာပါ။

မြန်မာဖောင့်ဖြင့် ရိုက်ထားသော စာကို English Font သို့ ပြောင်းကြည့်ပါ သိပါလိမ်မည် ။

အင်္ဂလိပ်စာကို အခြေခံကာ ရေးသားထားတာ ကြောင့် ကိုယ့်စက်မှာ မြန်မာဖောင့် ဥပမာ Win Inwa ဖြင့်ရိုက်သော စာများကို အခြားစက်မှာ Win Inwa Font ရှိမှ ဖတ်နိုင်သော ပြဿနာ ရှိပါတယ် ။

အဲတော့ ကျွန်တော်တို့တွေ လူအသုံးများသော ဖောင့်များ ကွန်ပျူတာမှာ ထည့်သွင်းထာမှ အဆင်ပြေမှာပါ ။


။  ။Unicode Fonts ဖြင့် မြန်မာစာ ရိုက်ရင်တော့ အကောင်းဆုံးပါပဲ ။

Unicode ဆိုတာဘာလဲပေါ့နော် ။

ဟုတ်ကဲ့ ကျွန်တော် Text Encoding ကို ပြောရာမှာ ကွန်ပျူတာက စာသားများ ဘာသာပြန်ဖို့ English ASCII Encoding System ကို အသုံးပြုတယ်လို့ပြောခဲ့ပါတယ် ။

Unicode ဆိုတာလည်း English ASCII Code လိုပဲ ကွန်ပျူတာက စာသားများ ဘာသာပြန်ရန် အသုံးပြုသော နည်းစနစ်တခုပါ ။

ရှင်း⁠ရှင်းပြောရရင် အင်္ဂလိပ်စာ မဟုတ်ပဲ အခြားသော ဘာသာစကားများ အတွက် ကွန်ပျူတာ အသိအမှတ်ပြုသော စနစ်တခုပါ ။

ဟိုးအရင်ကတော့ ကွန်ပျူတာ ASCII Code တခုနဲ့ပဲ အလုပ်လုပ်ပါတယ် ။ နောက်ပိုင်းမှာတော့ ကွန်ပျူတာ နည်းပညာတွေ မြင့်မာလာတာနဲ့ အမျှ ကမ္ဘာမှာက အင်္ဂလိပ်လူမျိုး တခုတည်းရှိတာ မဟုတ်တာကြောင့် Unicode System ကို ထည့်သွင်း အသုံးချနိုင်လာပါတယ် ။

ကွန်ပျူတာမှာ Unicode ကို နာလည်ဖို့ Unicode Language အတွက် Code များ Memory များ ထပ်မံတိုးချဲ့တာကြောင့် ကွန်ပျူတာ စာရိုက်သော ဆော့ဝဲလ်များတွင်သာမက ကွန်ပျူတာ မြင်ကွင်း ဖိုင်အမည်များကိုပါ အင်္ဂလိပ်လို မဟုတ်ပဲ Unicode ကို အသုံးချကာ အခြားသော ဘာသာစကားများကို မြင်တွေ့လာနိုင်ခဲ့ပါတယ် ။

Unicode ကို စာရိုက်ဖို့ သက်ဆိုင်ရာ Unicode Language Keyboard ကို ကွန်ပျူတာမှာ ထည့်သွင်းရမှာပါ ။

Unicode ရဲ့ထူးခြားချက်ကတော့ ကွန်ပျူတာမှာ ကိုယ်ဘာသာစကားဖြင့် စာရိုက်နိုင်ရုံသာမက Unicode Font တခုတည်းမှာပဲ Keyboard ပြောင်းသုံးကာ အင်္ဂလိပ်စာ နှင့် အခြားသော Unicode များကို ပြောင်းရိုက်နိုင်တာပါပဲ ။

အခြားသော ASCII Font များလို ပုံစံတခုတည်း မြင်တွေ့ရတာမဟုတ်ပဲ ဖောင့်တခုတည်းမှာပဲ မူရင်း English Language Keyboard ဖြင့်ရိုက်ပါက English စာ မြန်မာ Unicode Keyboard ဖြင့်ရိုက်ပါက မြန်မာစာ အခြားသော Unicode Keyboard များဖြင့်ရိုက်ပါက သက်ဆိုင်ရာစာများကို တွေ့နိုင်ပါတယ် ။

Unicode Font ဆိုတာ နိုင်ငံကို ကိုယ်စားပြုတာကြောင့် ကိုယ်နိုင်ငံမှာ Unicode Font ဆယ်ခုရှိလည်း ကိုယ်က တခုသော ဖောင့်ကို အသုံးပြုကာ စာရိုက်ပြီး အခြားသော Unicode Font အသုံးပြုသူ ကွန်ပျူတာမှာ မူရင်းဖောင့်မရှိလည်း ဖတ်နိုင်ပါတယ် ။
English Fonts များကို ကြိုက်သလို ပြောင်းသုံးသော ပုံစံနဲ့ တူပါတယ် ။


။  ။Zawgyi Unicode ဖြင့်စာရိုက်ခြင်း

ဇော်ဂျီ မြန်မာဖောင့်ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နာမည်ကြီးသော Unicode Font ပါ ။

အင်တာနက်များ ခေတ်စားလာချိန်မှာ အွန်လိုင်းမှာ မြန်မာစာ အသုံးပြုဖို့ အဆင်ပြေသော ဖောင့်ပါ ။

ကျွန်တော်တို့ စသိခါစကတော့ မြန်မာယူနီကုဒ်လို့ ပဲသိတာပါ ။

တကယ်တော့ Semi Unicode တခုပါပဲ ။

သို့သော်လည်း အသုံးပြုရတာ အဆင်ပြေသလို Free လည်းရ စာရိုက်တာကလည်း အရင် မြန်မာစာများ ( Win Inwa , Matrix ) ရိုက်သလိုပဲ ရိုက်ရတာမို့ အသုံးပြုသူအတော်များပါတယ် ။

သူ့ကို အသုံးပြုဖို့ Zawgyi Installer Download လုပ်ပြီး ကွန်ပျူတာမှာ Install လုပ်ပါက Zawgyi Keyboard ကော် ဖောင့်ပါ တခါတည်း ထည့်သွင်းပေးပါတယ် ။

အင်တာနက်တို့ ဖိုင်အမည်ပေးတာတို့ဆိုရင်တော့ Zawgyi to English ကို Ctrl+Shift ကို အသုံးပြုနိုင်ပါတယ် ။

စာရိုက်သော ဆော့ဝဲလ်များမှာတော့ ဖောင့်ကို ဇော်ဂျီပြောင်းထားမှ Zawgyi-English ကို Ctrl+Shift ဖြင့်အသုံးပြုနိုင်မှာပါ ။


။  ။Myanmar Unicode Fonts ကို အသုံးပြုကာ စာရိုက်ခြင်း

မြန်မာယူနီကုဒ်ဖောင့်ဆိုတာလည်း ရှိပါသေးတယ် ။

လူသုံးများသော Myanmar 3 , TharLon , ThanLwin ... စသော ဖောင့်များပါ ။

ZawGyi က Semi Unicode  လို့ ပြောရလဲဆိုတော့ ကျွန်တော်တို့ မြန်မာစာလက်ကွက်မှာ ရရစ်တွေ တခုမက တချောင်းငင်တွေ တခုမက ရှိနေတာကို သတိထားမိမှာပါ ။

တကယ်က မြန်မာစာ Code အစစ်က တခုပဲရှိပါတယ် ။

ဘာလို့ဇော်ဂျီက နှစ်ခုသုံးခုရှိနေတာလဲဆိုရင် အခြားသော တိုင်းရင်းသာ ဘာသာများအတွက် နေရာများမှာ Code များကို ရယူထားလို့ပါ ။

ကျွန်တော်ပြောသော Unidcode ( Myanmar 3 , Ayer ... ) စသော ဖောင့်တခု⁠ခုကို အသုံးပြုပြီး စာရိုက်ပါက အခြားသော စက်မှာ ကိုယ်စာရိုက်သော ဖောင့်မရှိလည်း အခြားသော Unicode Font တခု⁠ခုရှိပါက စာဖတ်လို့ရတာ တွေ့မြင်နိုင်ပါတယ် ။

ဥပမာ ကိုယ်က Myanmar 3 နဲ့ ရိုက်တယ် Ayer နဲ့ ပြန်ဖတ်နိုင်တယ် စတာမျိုးပါ ။Zawgyi နဲ့တော့ မရပါဘူး သူက Semi Code တွေမို့ စာတွေ ကမှောက်ကမ ဖြစ်နေပါလိမ့်မယ်။

Unicode Font ကို ရိုက်နိုင်သော Keyboard ကတော့ နှစ်မျိုးသုံးမျိုးရှိသော်လည်း ကျွန်တော်ကတော့ Akaya Keyboard ကို အသုံးပြုပါတယ် ။

Win Inwa တို့ ဇော်ဂျီတို့နဲ့ စာရိုက်သော လူများကတော့ မြန်မာယူနီကုဒ်နဲ့ စာရိုက်ရင် ပုံမှန်မဟုတ်ပါဘူး ။သူ့မှာ စာရိုက်ရင် ဖတ်တဲ့အသံအတိုင်းရိုက်ရပါတယ် ။

ဥပမာ ။ ကြ  ဆိုရင်  ကကြီးကို ရိုက် ပြီးမှ ရရစ်ကို ရိုက်ရတာမျိုးပါ နည်း⁠နည်းတော့ အဆန်းဖြစ်နေပါလိမ့်မယ် ။


။  ။မြန်မာစာများ အားလုံးဖတ်နိုင်ဖို့ ရေးနိုင်ဖို့

ကျွန်တော်တို့ မြန်မာမှာက အရင်ကထုတ်ခဲ့သော မြန်မာဖောင့်များ ၊ Zawgyi ၊ Unicode အစရှိသလို သုံးမျိုးရှိတာကြောင့် ကိုယ်စက်မှာ မြန်မာစာအားလုံးဖတ်ဖို့ဆိုရင်တော့ အကောင်းဆုံး အလွယ်ဆုံးနည်းကတော့ လူသုံးများသော မြန်မာဖောင့်များ အကုန်ထည့်ထားပါ ၊ နောက်ဇော်ဂျီကိုလည်း ထည့်သွင်းပါ ၊ Unicode ကို ထည့်ပေးထားပါက အဆင်ပြေသွားပါမယ် ။

ကျွန်တော်ကတော့ သုံးမျိုးလုံးထည့်သွင်းထားပါတယ် ။

အသုံးချ OS အကြီးတွေမှာတော့ ဖောင့်များကို အလွယ်တကူ အင်စတောလ်လုပ်လို့ရသော်လည်း သေးစား OS ( Eg. Android OS ) လိုမျိုးတွေမှာ တိုက်ရိုက်အသုံးပြုလို့မရပါဘူး။ Root Access ရမှ အသုံးပြုနိုင်တာမျိုးရှိပါတယ်။

တကယ်က ကွန်ပျူတာ စနစ်တွေမှာ ဘာသာစကားက အော်တိုပါဝင်လာနိုင်သော အမျိုးအစားပါ။ဘာမှကို ဖောင့်တွေကို မတင်ပဲ အသုံးပြုနိုင်တာမျိုးဖြစ်ရမှာပါ။အော်တို မပါတာက စက်ပစ္စည်းထုတ်ဝေသော သူများက မြန်မာစာကို မသိသေးသော ပုံစံပါ။နောက်ဆိုရင်တော့ မြန်မာစာက တရားဝင်ဖြစ်တော့မှာမို့ စက်တိုင်းမှာ မြန်မာလိုများ အော်တို အခြားဘာသာလိုမျိုး Language လေးပြောင်းပြီး အသုံးပြုလာနိုင်မှာဖြစ်ပါတယ်။အခု Windows 8 မှာတော့ မြန်မာယူနီကုဒ်ကို တရာ:ဝင်တခါတည်းထည့်ပေးထားတာမျိုးရှိလာပါပြီ။



<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )   www.htarwaiethar.blogspot.com

ကွန်ပြူတာ ပိတ်ထားလဲ အချိန်က ဘာကြောင့် မှန်နေလဲ
















ဘယ်သူတွေများ စဉ်းစားမိကြလဲ မသိဘူး။ ကွန်ပြူတာ၊ လပ်တော့တွေကို Power off လုပ်လိုက်ပေ မယ့် ပြန်ဖွင့်လိုက်တဲ့အခါတိုင်း အချိန်နဲ့ နေ ့စွဲတွေ၊ နှစ်တွေက သူ့အချိန်နဲ့ သူ မှန်နေတာကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။

အကြောင်းအရင်းကတော့ CMOS ကြောင့်ပေါ့။ အရှည်အားဖြင့် Complementary metal oxide semiconductor လို့ ခေါ်ပါတယ်။ သူက Microprocessor, microcontroller, Static RAM တို့အပြင် အခြားသော ဆားကစ်တွေအတွက်လည်း အသုံးပြုပါတယ်။ ရှင်းရင်နဲ့ မရှုပ်စေချင်လို့ လိုရင်းပဲ ပြောပါမယ်။ CMOS မှာ Energy store လုပ်နိုင်တဲ့ Battery ပါဝင်ပါတယ်။ CMOS Baterry လို့ ခေါ်ပါတယ်။ CMOS ဘက်ထရီက ဘာလုပ်သလဲဆို အထက်က ပြောခဲ့တဲ့ အချိန်၊နေ့စွဲ၊ နှစ်သက္ကရာဇ် တို့ကို မပြောင်းလဲအောင် ထိန်းသိမ်းပေးပြီး အခြားသော ကွန်ပြူတာကို ပိတ်လိုက်ပေမယ့် ဆက်တိုက် Run ဖို့လိုအပ်နေတဲ့ Program and Chip တွေကို ဆက်မောင်းပေးပါတယ်။

CMOS ဘက်ထရီ ကို စက်ရုံက ထုတ်ကတည်းက သွင်းပြီးသားပါ။ စွမ်းအင် အသုံးပြုမှုကလည်း မထင်ရ လောက်အောင် အင်မတန် နည်းပါးပါတယ်။ ဒါကြောင့် နှစ်လရှည်ကြာ အတော်ခံပါတယ်။ အချို ့ ဆို ကွန်ပြူတာ ပျက်တဲ့အထိ Life Time တောင် အာမခံတာ ရှိပါတ်။ အကယ်၍ ကွန်ပြူတာရဲ ့ Time and Date က မှားနေပြီဆိုရင် CMOS ဘက်ထရီ ပျက်နေပြီ သို့မဟုတ် အားကုန်နေပြီဆိုတာကို သိနိုင်ပါတယ်။ သူပျက်တယ်ဆိုရင် ကွန်ပြူတာ ဖွင့်တိုင်း CMOS မှာ အချိန်၊နေ့စွဲကို setup လုပ်ပေးနေရမှာ ဖြစ်ပါတ်။ ဒီတော့ CMOS ဘက်ထရီကို ပြန်လှဲရမှာပါ။

အများအားဖြင့် ကွန်ပြူတာ စဖွင့်ပြီး Boot တက်ချိန်မှာ Delet ကီးနှိပ်ပြီး CMOS ကို စိတ်ကြိုက် ဝင်ရောက် Option ပေး၊ Edit လုပ်နိုင်ပါတယ်။

Ref: hardwarelearning, wiki

Special Trick –

ကွန်ပြူတာ Time and Date ကို အမှားပေးပြီး Location ကိုပါ အမှာပေးထားရင် Log in လုပ်ရတဲ့ ဆိုဒ်အတော်များများ ဝင်လို့ မရပါဘူး။ ဥပမာ - Facebook, Google Mail တို့ကို ဝင်လို့ရမရ ကိုယ်တိုင် စမ်းသပ်ကြည့်နိုင်ပါတယ်။ ယင်း ဆိုဒ် Server များက Client ရဲ ့ ကွန်ပြူတာ ဟာ ဘယ်ဒေကလာတယ်။ ဘယ် OS သုံးတယ်၊ ဘယ်အချိန် အစရှိသဖြင့် အခြေခံအချက်အလက်ကို ယူသုံးပါတယ်။ ဒါကြောင့် အဲဒါတွေ အမှာပေးထားရင် DNS တောင် Response မပေးပါဘူး။ Security ထိခိုက်နိုင်လို့ Log in ဆိုဒ် အများစုက set up လုပ်ထားတဲ့ Policy ဖြစ်ပါတယ်။

အားလုံး ဗဟုသုတ တိုးပွားစေဖို့ မျှဝေ ပေးလိုက် ရပါတယ်။


<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

Thursday, February 6, 2014

ဆော့ဝဲလ်တွေကို ဘယ်နေရာက ရနိုင်သလဲ ( No 8 )
















ကျွန်တော်တို့ ကွန်ပျူတာမှာ အသုံးပြုနေသော ဆော့ဝဲလ်တွေ ( OS အပါအဝင် ) ကို ဘယ်ကရလာလဲ ဆိုတာလေးကို ကျွန်တော် သိသလောက်ရေးလိုက်မယ့်နော့်။
ဆော့ဝဲလ်ကို အခကြေးငွေပေးရသော ဆော့ဝဲလ်များနှင့် ဖရီးရသော ဆော့ဝဲလ်ဆိုပြီး နှစ်ခု အကြမ်းခွဲလို့ရပါတယ်။


၁။ အခကြေးငွေပေးသုံးရသော ဆော့ဝဲလ်များ

အခကြေးငွေပေးသုံးရသော ဆော့ဝဲလ်များကို ကျွန်တော်တို့ နိုင်ငံမှာရော အခြားသော နိုင်ငံများမှာပါ အသုံးပြုကြပါတယ်။

နိုင်ငံရပ်ခြားမှာ ဆော့ဝဲလ်များ ရယူသုံးစွဲမှု

နိုင်ငံရပ်ခြားမှာ ဆော့ဝဲလ်များကို ဆော့ဝဲလ်ရောင်းချသော Software Market များ၊ Local Software Company များမှာ အခကြေးငွေပေးကာ ပေးဝယ်နိုင်တယ်လို့ သိရပါတယ်။
ပေးရသော ပိုက်ဆံကတော့ မနည်းလှပါဘူး။

တချို့ဆိုရင် ဒေါ်လာ ၄ ၊၅ ရာ တချို့ဆို တစ်ထောင်လောက်ပေးရသော ဆော့ဝဲလ်တွေရှိပါတယ်။

ဆော့ဝဲလ်အရောင်းဆိုင်တွေမှာ ဝယ်ယူသုံးစွဲသည့် အတွက် ဆော့ဝဲလ် လိုင်စင်များ ဆော့ဝဲလ်အခွေတွင်ပါဝင်လာမှာ ဖြစ်ပြီး အွန်လိုင်းက Register လုပ်ရသော ဆော့ဝဲလ်တွေကိုတော့ Register ပြုလုပ်ကာ သုံးစွဲတာပေါ့ဗျာ။

တချို့သော သူများကတော့ ဆော့ဝဲလ်အရောင်းဆိုင်တွေမှာ ဝယ်ယူခြင်းမရှိပဲ အင်တာနက်က တဆင့်ဝယ်ယူတာလည်း ရှိပါတယ်။

ဆော့ဝဲလ်တွေရဲ ဝက်ဆိုဒ်တွေကို သွားယူပြီး အွန်လိုင်ငွေပေးချေမှု စနစ်တွေနဲ့ ဝယ်ယူလို့လည်း ရနိုင်ပါတယ်။

နောက်တခု ရွေးစရာ ရှိတာက အခကြေးငွေပေးကာ ဝယ်ယူနိုင်သော ဆော့ဝဲလ်တွေက သူတို့ ဆော့ဝဲလ်တွေကို အမြည်းသဘောနဲ့ပေးသုံးတာလေးတွေကို ဒေါင်းပြီး ကြိုက်မှာ အွန်လိုင်းငွေချေစနစ်နဲ့ သုံးစွဲတာပါ။


အမြည်းပေးသုံးသော ဆော့ဝဲလ်တွေကတော့

Trialware ( အချိန်အကန့်သတ်ဖြင့် ဖရီးပေးသုံးကာ ဖရီးပေးသော အချိန်ကုန်ပါက အသုံးပြုလို့မရသော ဆော့ဝဲလ်)

Shareware ( သူကတော့ တချို့က အချိန်ကိုပဲ ကန့်သတ်တာဖြစ်ပြီး တချို့က ဆော့ဝဲလ်လုပ်ဆောင်ချက်များကိုပါ ကန့်သတ်တက်ပါတယ်။

Demo Version ( သူကတော့ ဆော့ဝဲလ်လုပ်ဆောင်ချက်များကို ကန့်သတ်ထားသော ဆော့ဝဲလ်ပါ တချို့ဆိုရင် ဆော့ဝဲလ်ရဲ့ ဖိုင်အပြည့်အစုံကို မထည့်ပေးတာရှိပါတယ်။ )

သူတို့ကို အင်တာနက်မှာ ဖရီးဒေါင်းခွင့်ပေးထားပါတယ် ။ အသုံးပြုလို့ကြိုက်မှာ ဝယ်ဆိုသော နေအထားပါ။

ဆော့ဝဲလ်တွေကို တရားဝင်ဝယ်သုံးခြင်းအားဖြင့် ဆော့ဝဲလ် Company တွေက အသုံးပြုသူများကို ဆော့ဝဲလ်ပြဿနာများ ဖြေရှင်းပေးခြင်း ၊ ဆော့ဝဲလ် Update ပြုလုပ်ခြင်းတို့ကို ဖရီးဝန်ဆောင်မှုပေးခြင်းတွေ ရှိသလို ဆော့ဝဲလ်ကို ဗားရှင်းမြှင့်ချင်ပါက စျေးလျှော့ပေးတာတွေလည်း ရှိပါတယ်။


မြန်မာမှာ ဆော့ဝဲလ်များရယူသုံးစွဲပုံ ( အခုလောလောဆယ် 2013 အထိ)

ကျွန်တော်တို့ နိုင်ငံမှာလည်း ဆော့ဝဲလ်အရောင်းဆိုင်များရှိပါတယ်။

သို့သော်လည်း ကွာတာကတော့ တရားဝင် ဆော့ဝဲလ် Company များက လာရောက်ကာ ဖွင့်ထားတာတော့ မဟုတ်ပါဘူး။

ဆော့ဝဲလ် အခွေတွေကို ကျွန်တော်သိသလောက်ဆိုရင် CD ဆို ၅၀၀ ကျပ်၊ DVD ဆိုရင် ၁၀၀၀ ကျပ်နဲ့ရပါတယ်။

အခွေဆိုင်က ဝယ်ယူတာကြောင့် ဆော့ဝဲလ် လိုင်စင်များကိုလည်း ဆော့ဝဲလ်အခွေမှာ တခါတည်းရလာမှာ ဖြစ်ပါတယ်။

ရလာတာတွေကိုတော့ On Line Register လုပ်လို့တော့မရပါဘူး။ ရလာသော လိုင်စင်တွေက Crack File , Key File , Keygen , Patch စတာမျိုးတွေရလာမှာပါ။

သူတို့ကို အသုံးပြုပြီး တကယ်ဆော့ဝဲလ်ကို ဝယ်သုံးသလို ဖူးလ်ဗားရှင်းအဖြစ် အသုံးပြုနိုင်ပါတယ်။

ကျွန်တော်တို့ ဆီမှာတော့ တရားဝင်ဝယ်နိုင်တာဆိုလို့ AntiVirus Software တွေကိုတော့ တစ်နစ်ကို ၁၀၀၀၀ ကျပ်လောက်နဲ့ဝယ်နိုင်ပါတယ်။

ကျန်သော ဆော့ဝဲလ်တွေကတော့ တစ်ချိန်ချိန်မှာ တရားဝင်းဝယ်ယူနိုင်မှာပါ။

နောက်တစ်နည်းနဲ့ ဆော့ဝဲလ်ရလာနိုင်တာကတော့ Crack များပါပေးသော ဆော့ဝဲလ်ဖြန့်ဝေသော ဝက်ဆိုဒ် ဘလော့များမှာ ရလာနိုင်ပါတယ်။

ဆော့ဝဲလ်များကို ဖြန့်သော ဘလော့ ဝက်ဆိုဒ်တွေကတော့ မြန်မာဆိုဒ်တွေလည်း ရှိသလို နိုင်ငံခြားဆိုဒ်တွေလည်း ရှိပါတယ်။ ကိုယ်ကြိုက်ရာ ဆိုဒ်ကနေဒေါင်းနိုင်တာပေါ့ဗျာ။


နောက်ဆုံးတနည်းကတော့ မူရင်းဆော့ဝဲလ်ဖြန့်သော ဆိုဒ်တွေက Trial , Shareware , Demo Version တွေကို ရယူကာ စမ်းသပ်ကြိုက်မှာ Crack များရနိုင်သော ဆိုဒ်တွေကနေပြီး Crack ကို ဒေါင်းပြီး အသုံးပြုတာပါ။

ကျွန်တော်တို့ကတော့ အခုလောလောဆယ် Cracked Version တွေကို အသုံးပြုနေရတော့ ဆော့ဝဲလ် ပြဿနာတွေဆိုရင်ဆိုလည်း ကိုယ့်ဘာသာရှင်း နောက်ပြီး ဆော့ဝဲလ်ပိုင်ရှင်ဆီကလည်း Update တွေ ဒေါင်းလို့တော့ မရတာတွေတော့ ရှိပါတယ်။

တစ်ချိန်ချိန်တော့ ကျွန်တော်တို့လည်း ဆော့ဝဲလ်တွေကို တရားဝင်ဝယ်လို့ရလာနိုင်ပါတယ်။

အခုလောလောဆယ်တော့ အွန်လိုင်ကနေပြီ ငွေချေလို့မရနိုင်သလို ဆော့ဝဲလ် Company တွေကလည်း မြန်မာမှာ လာမရောင်းသေးပါဘူး။


၂။ Free Version များရယူသုံးစွဲပုံ

ဆော့ဝဲလ်ကို ဖရီးဖြန့်ပြီး အသုံးပြုပုံကတော့ ကျွန်တော်တို့ မြန်မာနဲ့ နိုင်ငံခြားက ကွာခြားမှုမရှိပါဘူး။

ဆော့ဝဲလ်က ဖရီးဖြန့်တာမို့ အွန်လိုင်ကနေပဲ ဆော့ဝဲလ်ကို ဖြန့်တာများပါတယ်။

Free OS ( Linux Ubuntu ) and Other Software တွေကို အင်တာနက်ကနေပြီး ဖရီးဒေါင်းကာ အဆင်ပြေပြေနဲ့ ကွန်ပျူတာ အသုံးပြုနိုင်ပါတယ်။

တချို့ဆိုရင် ဖရီးဆော့ဝဲလ်တွေက စွမ်းအားမြှင့်တာကို တွေ့နိုင်ပါတယ်။

ဆော့ဝဲလ်များကို မူရင်းဆိုဒ်များမှာ ဖရီးဒေါင်းနိုင်သလို အခြားဖရီးဆော့ဝဲလ်တွေ ဖြန့်သော ဝက်ဆိုဒ် www.softpedia.com  တို့လိုမျိုးမှာ ဒေါင်းနိုင်ပါတယ်။

ဖရီးထဲမှာ နာမည်ကြီးတာတော့ Open Source Version တွေပါ။ သူတို့ကတော့ ဆော့ဝဲလ်ကို ဖရီးပေးရုံသာမက Program Code တွေကိုပါ Programmer တွေ လေ့လာနိုင်အောင် ဒီထက်ပိုကောင်းအောင် ထုတ်လုပ်နိုင်အောင် ထုတ်သော ဆော့ဝဲလ်တွေမျိုးပါ။ဆော့ဝဲလ်တွေ ထဲမှာ နောက်တခု ကျွန်တော်တို့ တွေ့နိုင်တာက Beta Version ပါ။

Beta Version ဆိုတာတော့ ဆော့ဝဲလ်ကို စမ်းသပ်နေဆဲမှာ အသုံးပြုသူများ ကြိုက်မကြိုက်ဖြန့်သော ဆော့ဝဲလ်အမျိုးအစားပါ။ အတော်များများကတော့ ဖရီးပေးတာများပါတယ်။



<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

Professional ဖြစ်လိုသူများ Internet မှ လေ့လာနည်း
















ပြီးခဲ့တဲ့ တစ်ပါတ်က ပြုလုပ်ခဲ့တဲ့ MZ 3rd Anniversary အထိမ်းအမှတ်ပွဲရဲ့ နောက်ဆုံးပိုင်းမှာ Open Discussion ဆိုတဲ့ အစီအစဉ်လေးတစ်ခု ပါခဲ့ပါတယ်... အဲ့ဒီ အစီအစဉ်မှာ အဓိကထား ဆွေးနွေးခဲ့ကြတာကတော့ "Beginner ကနေ Professional ဖြစ်အောင် ဘာတွေလုပ်ရမလဲ" ဆိုတဲ့ ခေါင်းစဉ်ဖြစ်ပါတယ်...

Professional ဆိုတာ ဘယ်လိုလူမျိုးကိုခေါ်တာလဲ ဆိုတာကနေ စတင်ဆွေးနွေးလိုက်ကြတာ အတော် စိတ်ဝင်စားဖို့ကောင်းပါတယ်... Professional ဖြစ်အောင် ဘာတွေလုပ်ရမယ်ဆိုတဲ့ အတိအကျအဖြေတစ်ခုကို မပေးနိုင်ခဲ့ပေမယ့် တက်ရောက်လာသူများအတွက် အကျိုးရှိခဲ့တဲ့ စကားဝိုင်းလေးတစ်ခုဖြစ်ခဲ့ပါတယ်...

Professional ဖြစ်အောင် လုပ်ရမယ့် အချက်တွေထဲမှာ "စဉ်ဆက်မပြတ် လေ့လာနေရမယ်" ဆိုတဲ့အချက်တစ်ချက် ပါ၀င်ပါတယ်... အမြဲမပြတ် တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာတွေကြောင့် "စဉ်ဆက်မပြတ် လေ့လာနေရမယ်" ဆိုတာဟာ Beginner တွေသာမကပါဘူး၊ မိမိကိုယ်ကို ကျွမ်းကျင်သူလို့ ယူဆထားတဲ့ Professional များအတွက်ပါ လိုအပ်တယ်ဆိုတာကို အားလုံး သိပြီးသားပါ...

ဒီ Post မှာ ထိရောက်တဲ့ "စဉ်ဆက်မပြတ်လေ့လာမှု" တွေကို ပြုလုပ်နိုင်ဖို့ Internet ကို ဘယ်လို အသုံးချရမလဲ ဆိုတာကို အဓိကထား တင်ပြသွားချင်ပါတယ်...

ကျွန်တော်တို့ ကွန်ပြူတာစတင်လေ့လာစအချိန်က လေ့လာဖို့အတွက် Resource ဆိုတာ အတော်လေးရှားပါးပါတယ်... ကိုးကားစရာရဖို့အတွက် သင်တန်းတွေမှာ ဆရာသင်သမျှတစ်လုံးမကျန် လိုက်လံမှတ်သားထားရပါတယ်... Programming နဲ့ပက်သက်တဲ့ စာအုပ်အထူကြီးတွေကိုတွေ့မိရင် လိုချင်လွန်းလို့ ရင်တွေဘာတွေတောင် တုန်ပါတယ်... ဒါပေမယ့် အဲ့လိုစာအုပ်တွေက စျေးသိပ်ကြီးလို့ အနားတောင်မကပ်နိုင်ပါဘူး... စာအုပ်တစ်အုပ်လောက် ရလိုက်ပြီဆိုရင်လည်း ရွှေမန်ကျည်းတောင့်ရသလောက်ကို ၀မ်းသာရပါတယ်... စာအုပ်က သိပ်ရှားပါးတော့ ကိုယ့်မှာရှိရင် သူများကို မပေးချင်ပါဘူး... ကိုယ်တောင်မှ ခက်ခက်ခဲခဲ ရထားရတာကိုး... သူများစာအုပ်ဆိုရင်လည်း တစ်ရက်လောက်ခဏလို့ ငှားပြီး တစ်အုပ်လုံးကို မိတ္တူကူးယူထားရတာတွေ ရှိပါတယ်... အဲ့ဒီလောက်ထိ ကိုးကားစရာ၊ လေ့လာစရာ စာအုပ် နဲ့ Resource ရှားပါးပါတယ်...

နောက်ပိုင်း အင်တာနက်ကွန်နက်ရှင် အလွယ်တစ်ကူရလာတော့ အင်တာနက်ကို လေ့လာဖို့အတွက် အသုံးပြုခဲ့ပါတယ်... အစပိုင်းမှာ လိုချင်တာတောင်မှ မရှာတက်ဆိုတော့ သိပ်မထိရောက်ပါဘူး... နောက်ပိုင်း သုံးတက်လာတဲ့အခါ အင်တာနက်ဟာ သိပ်ကောင်းတဲ့ လေ့လာစရာ Resource ဖြစ်သွားပြီး အများကြီး အထောက်အကူပြုခဲ့ပါတယ်... အခုချိန်မှာ အင်တာနက်မရှိပဲ အလုပ်လုပ်ဖို့ ဆိုတာနဲ့၊ အင်တာနက်မရှိပဲ လေ့လာဖို့ဆိုတာကို တွေးကြည့်လို့တောင် မရတော့ပါဘူး...

MZ 3rd Anniversary ပွဲနေ့က အများကို မေးခွန်းတစ်ခုမေးခဲ့ပါတယ်... "မိမိကိုယ်ကို စဉ်ဆက်မပြတ်တိုးတက်နေတယ်လို့ ထင်သလား? နေ့စဉ်တိုးတက်တာက မမြင်သာရင်တောင်မှ ပြီးခဲ့တဲ့လကထက် ဒီလ ပိုမိုတိုးတက်လာတယ်လို့ ထင်သလား?" ဆိုတဲ့ မေးခွန်းကိုမေးခဲ့ပါတယ်... "တိုးတက်နေပါတယ်" ဆိုတဲ့အဖြေကို ဖြေရဲတဲ့သူ တစ်ယောက်တောင်မှ မရှိတဲ့အတွက် အံ့အားသင့်မိပါတယ်... လူကြားထဲမှာ တိုးတက်နေပါတယ်လို့ ဖြေဖို့ မဝံ့ရဲတာဖြစ်နိုင်သလို၊ အမှန်တကယ်ကို မိမိကိုယ်ကို တိုးတက်နေတယ်လို့ "မထင်" တာလည်း ဖြစ်နိုင်ပါတယ်... အဲ့ဒီမှာ ပြန်ပြောဖြစ်တာက "ကနေ့ခေတ်လို အင်တာနက် ရှိပြီး လေ့လာဖို့ Resource မရှားပါးတဲ့ အချိန်မှာမှ မိမိကိုယ်ကို ပုံမှန်တိုးတက်နေတယ်လို့ မထင်ဘူးဆိုရင်တော့၊ ကျွန်တော်တို့ တစ်ခုခုမှားနေပါပြီ"...

"ငါ... ပုံမှန် တိုးတက်နေရဲ့လား" ဆိုတဲ့ မေးခွန်းကို လေ့လာနေသူးတိုင်း မိမိကိုယ်ကို အမြဲမေးနေသင့်ပါတယ်...

နောက်ထပ် ထပ်မေးတဲ့ "ဒါဆိုရင် အင်တာနက်မှာ လေ့လာတဲ့အချိန်နဲ့ အချိန်ဖြုန်းတဲ့အချိန် ဘယ်ဟာကများလဲ? ကိုယ့်ကိုယ့်ကို ဘယ်အပိုင်းမှာ များနေတယ်ထင်လဲ?" ကိုတော့ တစ်ညီတစ်ညွတ်တည်း "အချိန်ဖြုန်းနေတာက များနေတယ်" လို့ ဖြေတာကို တွေ့ရပါတယ်...

အင်တာနက်မှာ အချိန်ဖြုန်းတာကို လုံးဝအကျိုးမရှိတဲ့ အချိန်ဖြုန်းခြင်းလို့တော့ မပြောလိုပါဘူး... ဥပမာ Social Network တွေမှာ အချိန်ကုန်နေခြင်းဟာ တစ်နည်းအားဖြင့် အချိန်ဖြုန်းသလိုဖြစ်နေပေမယ့်၊ တစ်နည်းအားဖြင့်လည်း အပေါင်းအသင်းမိတ်ဆွေ တိုးတဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပညာရေး အခွင့်အလမ်းသစ်တွေ ရနိုင်တာပဲဖြစ်ပါတယ်...

အင်တာနက်ကို လေ့လာဖို့ချည်းသက်သက် သုံးရမယ်လို့ ဇွတ်ပြောလိုခြင်းမဟုတ်ပါဘူး... နှစ်သက်သလို သုံးလို့ရပါတယ်... ဟိုလိုပဲသုံးရမယ် ဒီလိုပဲသုံးရမယ်လို့ လိုက်ပြီး တာမြစ်ပိတ်ပင်နေလို့လည်း ဘယ်သူကမှ နားထောင်မှာ မဟုတ်ပါဘူး... ဒါပေမယ့် ကျွန်တော်တို့ရဲ့ လက်တစ်ကမ်းမှာရှိနေတဲ့ အခွင့်အရေးကို မယူတက်လို့၊ အသုံးမချတက်လို့ (လူငယ်များအတွက်) အကျိုးမရှိသလို ဖြစ်နေမှာကိုတော့ စိုးရိမ်မိပါတယ်... ဒါကြောင့် ကျွန်တော်လက်ရှိအသုံးပြုနေတဲ့ နည်းလမ်းတစ်ချို့ကို အခုလို ဝေမျှရခြင်းဖြစ်ပါတယ်...

ကျွန်တော်က Web Developer တစ်ယောက်ဖြစ်တဲ့အတွက် ကျွန်တော်ပေးတဲ့နည်းလမ်းတွေကလည်း Web Developer တွေအတွက်ပဲ အဆင်ပြေတာမျိုးလည်း ဖြစ်နိုင်ပါတယ်... တစ်ခြားနယ်ပယ်တွေကို အဓိကထားလေ့လာနေသူများအနေနဲ့ သင့်သလို ပြောင်းလဲအသုံးပြုနိုင်ပါတယ်...

၁.) နေ့စဉ်ဖတ်ရမည့်စာရင်းတစ်ခု ထားပါ
တစ်ချို့ Tutorial Web Site တွေနဲ့ နည်းပညာ Blog တွေဟာ နေ့စဉ်နဲ့အမျှ Update အသစ်တွေ တက်လေ့ရှိပါတယ်... ကိုယ့်အတွက်အကျိုးရှိတဲ့ အဲ့ဒီလို Web Site တွေကို စာရင်းတစ်ခု ပြုစုထားပြီး နေ့စဉ်ဖတ်ဖို့လိုအပ်ပါတယ်...

Web Developer တွေအတွက်ဆိုရင် Smashing Magazine လို Site မျိုးနဲ့ Sitepoint လို Site မျိုးတွေဟာ နေ့စဉ် မဖြစ်မနေ ဖတ်ရှုသင့်တဲ့ Site တွေ ဖြစ်ပါတယ်... အဲ့ဒီ Site တွေဟာ Multi Author Blog တွေဖြစ်ပြီး နေ့စဉ်နဲ့အမျှ (Web Development ကို အသားပေးတဲ့) နည်းပညာ Article တွေတင်ပေးနေတဲ့ Site တွေဖြစ်ပါတယ်... ဒီလို Site မျိုးက Article တွေဟာ အကြောင်းအရာတစ်ခုကို ထဲထဲဝင်ဝင် သိဖို့ ကူညီပေးလေ့ရှိပါတယ်... သူတို့ Article တွေက ရှည်ပြီး တစ်ခါတစ်ရံ လေးနက်တဲ့ အကြောင်းအရာတွေ ဖြစ်တက်တဲ့အတွက် စာဖတ်မပျင်းဖို့တော့ လိုပါတယ်...

Nettuts လို Site မျိုးကတော့ Tutorial Site တစ်ခုဖြစ်ပြီး နေ့စဉ်နဲ့အမျှ Free Tutorial လေးတွေ တင်ပေးလေ့ရှိပါတယ်... သူတို့တင်ပေးသမျှ Tutorial တွေက တစ်ခုမှ ပစ်ရက်စရာမရှိပါဘူး... ကိုယ့်အတွက် အသုံးဝင်တာချည်းပါပဲ...

OS News တို့ CNet တို့လို သတင်း Site တွေကလည်းပဲ နေ့စဉ် ကြည့်ရှု့နေဖို့ လိုအပ်တာပဲဖြစ်ပါတယ်... အဲ့ဒီ Site တွေက ကိုယ့်ကို ပြောင်းလဲတိုးတက်နေတဲ့ နည်းပညာတွေနဲ့ အဆက်ပြတ်မသွားစေဖို့ အကူအညီပေးပါလိမ့်မယ်...

ကိုယ့်မှာ အဲ့ဒီလို နေ့စဉ်ဖတ်သင့်ပါတယ်လို့ ယူဆတဲ့ Web Site စာရင်းတစ်ခုမရှိသေးဘူးဆိုရင်လည်း အခြားသူတွေကို အကူအညီတောင်းလို့ ရပါတယ်...

သူတို့ရေးသမျှ နေ့စဉ် တစ်လုံးမကျန် လိုက်ဖတ်နေရမယ်လို့ မဆိုလိုပါဘူး... Update တွေကိုကြည့်ပြီး ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာ၊ ကိုယ်နဲ့ ကိုက်ညီတဲ့အကြောင်းအရာဆိုရင်ဖတ်ပြီး ကိုယ့်အတွက် အလှမ်းဝေးနေတဲ့အရာ သို့မဟုတ် လုံးဝစိတ်မဝင်စားတဲ့ အကြောင်းအရာဆိုရင်တော့ ဖတ်ဖို့မလိုပါဘူး... နေ့စဉ်ဖတ်ရမယ့် Site ၁၀ခုလောက်ထားပြီး အနည်းဆုံး ခေါင်းစဉ်တွေလောက် ရွေးဖတ်ရင်ကို မဆိုးပါဘူး...

၂.) RSS Reader တစ်ခု သုံးပါ
အထက်မှာ နေ့စဉ် ဖတ်ရမယ့် Site စာရင်းထားပါလို့ ပြောခဲ့ပါတယ်... ဒါပေမယ့် တစ်ချို့ Site တွေက ဖတ်ရတာ အကျိုးရှိပေမယ့် နေ့စဉ် Update မဖြစ်ပါဘူး... ပြီးတော့ ကြည့်ချင်တဲ့ Site တွေများလာတဲ့အခါ အဲ့ဒါတွေကို နေ့တိုင်းသာ အကုန်သာလျှောက်ကြည့်ရရင် စာဖတ်တဲ့စခန်းကိုမရောက်ပဲ Web Site တွေ လိုက်ဖွင့်နေရာတာနဲ့တင် အချိန်ကုန်ပါလိမ့်မယ်...

ဖတ်ချင်သမျှ Web Site တွေအားလုံးရဲ့ Update တွေကို တစ်နေရာတည်းမှာ စုစုစည်းစည်း ဖတ်ဖို့အတွက် RSS Reader တွေကို အသုံးပြုလို့ရပါတယ်... RSS Reader သုံးခြင်းအားဖြင့် ကိုယ် Subscribe လုပ်ထားတဲ့ Web Site တွေမှာ Content Update ဖြစ်မဖြစ် တစ်ခုခြင်း လျှောက်ကြည့်နေစရာ မလိုအပ်တော့ပါဘူး... Content Update ဖြစ်တာနဲ့ Update တွေအားလုံးဟာ ကိုယ့်ရဲ့ RSS Reader ထဲမှာ တစ်စုတစ်စည်းထဲ ရောက်ရှိနေမှာဖြစ်ပါတယ်...

ကနေ့ခေတ်မှာ RSS Feed Support မလုပ်တဲ့ Web Site ဆိုတာ အတော်လေး နည်းသွားပါပြီ...

Reader အနေနဲ့ Google Reader ကို Recommend ပေးချင်ပါတယ်... လူတိုင်းနီးပါးမှာ Google Account ရှိနေတဲ့အတွက် ထပ်ပြီးတော့လည်း Register လုပ်ဖို့မလိုအပ်တော့ပါဘူး... RSS Reader မသုံးဖူးသူတွေအတွက် Feed တွေ ဘယ်လို Subscribe လုပ်ရမလဲဆိုတာ မရှင်းပြတော့ပါဘူး... Google Reader ကိုသာ ၀င်လိုက်ပါ... Google ရဲ့ Usable ဖြစ်တဲ့ အသွင်အပြင်ကြောင့် အလိုလို နားလည်သွားလိမ့်မယ်လို့ ထင်ပါတယ်... Alternate Reader အဖြစ်နဲ့ Bloglines ကိုလည်း စမ်းကြည့်လို့ရပါတယ်...

RSS Reader လက်ရှိသုံးနေပါတယ်ဆိုတဲ့သူတွေကိုလည်း အကြံပေးချင်ပါတယ်... ကိုယ်ဖတ်နိုင်သလောက်သာ Subscribe လုပ်ပါ... လောဘတစ်ကြီး Site တွေအများကြီးကို Subscribe လုပ်မထားပါနဲ့... Subscribe လုပ်ထားပြီး မဖတ်နိုင်ရင်အလကားပါပဲ... Feed Update တွေကိုလည်း နေ့စဉ် ဖတ်ဖို့လိုပါတယ်... မဖတ်ချင်တဲ့ Feed တွေ၊ မဖတ်နိုင်တဲ့ Feed ကို ထားမနေပါနဲ့ Un-Subscribe သာလုပ်ပစ်ပါ... နေ့စဉ်ဖတ်တယ်ဆိုတဲ့နေရာမှာလည်း အထက်မှာ ပြောခဲ့သလိုပဲ တစ်လုံးမကျန် လိုက်ဖတ်နေဖို့မလိုပါဘူး... အနည်းဆုံး ခေါင်းစဉ်တွေလောက် လိုက်ဖတ်သွားနိုင်ရင်တောင် မဆိုးပါဘူး... ကိုယ်တစ်ကယ်စိတ်ဝင်စားတဲ့ အကြောင်းအရာမှ အသေးစိတ်ဖတ်လို့ရပါတယ်...

၃.) တစ်နေ့ အနည်းဆုံး (၁)နာရီ စာဖတ်ပါ
ဘယ်လောက်ပဲ အလုပ်များများ တစ်နေ့ကို (၁)နာရီလောက်တော့ စာဖတ်ဖို့ အချိန်ပေးသင့်ပါတယ်... ပြီးတော့ ဘယ်အချိန်ကနေ ဘယ်အချိန်ထိ စာဖတ်မယ်ဆိုပြီး တိတိကျကျ သတ်မှတ်ထားသင့်တယ်လို့ ထင်ပါတယ်... ဒီလိုအချိန်ပေးလိုက်ခြင်းအားဖြင့် ကိုယ့်အတွက်လည်း အလေ့အကျင့်လေးတစ်ခုဖြစ်သွားပြီး စာဖတ်ရတာ ပိုမိုအဆင်ပြေလာနိုင်ပါတယ်...

ကျွန်တော်ကတော့ နေ့စဉ် အလုပ်တွေမစခင် (၉)နာရီကနေ (၁၀)နာရီအထိကု စာဖတ်ဖို့ သက်သက်ပဲ အသုံးပြုပါတယ်... အဲ့ဒီအချိန်အတွင်းမှာ RSS Reader ထဲမှာ ရောက်နေသမျှ Update တွေကုန်အောင်ဖတ်ပါတယ်... တစ်နေ့ကို Update (၁၂၀) လောက် ရလေ့ရှိပြီး (၁၀၀) လောက်ကို အကြမ်းဖျင်းသာ ဖတ်ဖြစ်ပါတယ်... (၂၀) လောက်ကိုတော့ အသေးစိတ် ဖတ်ဖြစ်ပါတယ်...

အဲ့ဒီလို နေ့စဉ် (၁)နာရီလောက်ပဲ မဖြစ်မနေ အချိန်ပေးသွားပါ... (၆) လလောက်ကြာတဲ့အချိန် ကိုယ့်ကိုယ်ကို ပြန်စမ်းစစ်ကြည့်ရင် အများကြီးတိုးတက်လာတာကို တွေ့လိမ့်မယ်လို့ အာမခံပါတယ်...

၄.) Online Forum တွေမှာ ပါ၀င်ဆွေးနွေးပါ
Online Forum တွေမှာ တက်တက်ကြွကြွ ၀င်ရောက်ဆွေးနွေးခြင်းဟာလည်း ကိုယ့်ရဲ့အရည်အချင်းကို တိုးမြှင့်တဲ့ဖို့အတွက် အများကြီးအထောက်အကူဖြစ်ပါတယ်... သိချင်တာရှိရင်လည်း မေးလို့ရသလို၊ သူများတွေ ဆွေးနွေးတိုင်ပင်တာတွေကနေ ကိုယ့်အတွက် စိတ်ဝင်စားစရာအသစ်တွေ ရနိုင်သလို မသိသေးတာတွေလည်း အများကြီး သိလာနိုင်ပါတယ်...

ကိုယ်သိထားတာတစ်ခုရှိလို့ သူများမေးတာကိုဖြေတော့မယ်ဆိုရင်လည်း စကားပြောတာမဟုတ်ပဲ စာနဲ့ရေးတာဖြစ်လို့ တိတိကျကျ ရေးသားဖို့လဲလိုအပ်လာပါတယ်... အဲ့ဒီအတွက်လည်း သိထားပြီးသားကို ဖြေပေးတာဖြစ်ပေမယ့် စာပြန်ဖတ်ဖို့ လိုအပ်တက်ပါတယ်... ပြန်ဖတ်ပြီး သေချာတော့မှ အသေးစိတ်ဖြေပေးရတာဖြစ်လို့ ကိုယ်ကိုယ်တိုင်လည်း အဲ့ဒီအကြောင်းအရာကို နဂိုကထက်ပိုပြီး အသေးစိတ် သိရှိသွားတက်ပါသေးတယ်...

ဒီလို Online Forum တွေမှာ တက်တက်ကြွကြွ ပါ၀င်ဆွေးနွေးတာဟာ အရည်အချင်းတိုးမြှင့်ရာမှာ အထောက်အကူဖြစ်ယုံမက အသိမိတ်ဆွေတိုးပွားပြီး အလုပ်အကိုင်အခွင့်အလမ်းပါတိုးပွားလာတက်ပါတယ်...

၅.) Social Bookmark Site တွေသုံးပါ
ဘယ် Site တွေကို ဖတ်ရမှန်းမသိဖြစ်နေသူတွေအနေနဲ့ Digg တို့ Reddit တို့လို Social Bookmark Site တွေကနေ စကြည့်သင့်ပါတယ်... Web Site တစ်ခု ဒါမှမဟုတ် Blog Post တစ်ခုကို ကြိုက်တယ်ဆိုရင် Link ကို Social Bookmark Site တွေမှာ တင်ပေးလို့ရပါတယ်... အဲ့ဒီလို တင်ပေးလို့ရတဲ့အတွက် ကမ္ဘာတစ်ဝှမ်းက လူတွေက Link တွေ တင်ပေးနေပါတယ်...

ဒါကြောင့် Social Bookmark Site တွေဟာ ဒီနေ့အတွက် ကမ္ဘာမှာ ဘာတွေလူကြိုက်များနေလဲဆိုတာကို စုစည်းပေးထားတဲ့ Collection ကြီးတွေလို ဖြစ်နေပါတယ်... ဘာကောင်းလဲ ကိုယ်လိုက်ရှာနေစရာမလိုပဲ အကောင်းတစ်ကာ့အကောင်းဆုံးတွေကို Social Bookmark Site တွေမှာ စုစည်းထားပြီးသား ရနိုင်ပါတယ်... Popular အဖြစ်ဆုံးနဲ့ Latest အဖြစ်ဆုံးက Home Page မှာ ရှိနေပါလိမ့်မယ်...

Link တွေက သိပ်များလွန်းလို့လည်း စိတ်ညစ်စရာမလိုပါဘူး... ကိုယ်လိုချင်တဲ့ Category ပဲရွေးပြီး ကြည့်လို့ရပါတယ်... ဒါကြောင့် Social Bookmark Site တွေဟာလည်း နေ့စဉ် ကြည့်ရမယ့် စာရင်းထဲမှာ ပါ ပါတယ်...

၆.) Google ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတက်အောင် လုပ်ပါ
Online ကို လေ့လာဖို့အတွက် အသုံးပြုလိုသူတွေအတွက် လိုအပ်တဲ့ အရည်အချင်းတစ်ရပ်ကတော့ Google ကို ထိထိရောက်ရောက် အသုံးပြုတက်ဖို့ပါပဲ...

ကနေ့ခေတ်မှာ လေ့လာစရာတွေက များလွန်းလှပါတယ်... Professional တစ်ယောက်အတွက်ဆိုရင်လည်း တစ်မျိုးတည်း တစ်ခုတည်းကို တက်နေလို့ မရတော့တဲ့ခေတ်ဖြစ်ပါတယ်... ဒီလောက်များတဲ့လေ့လာစရာတွေထဲမှာ ဘယ်သူကမှ အားလုံးကို တစ်ခုမကျန် မှတ်ထားနိုင်မှာ မဟုတ်ပါဘူး...

Web Developer တစ်ယောက်အတွက်ဆိုရင် HTML လေ့လာဖို့လိုသလို CSS လည်း ကျွမ်းကျင်ဖို့လိုပါတယ်... Javascript ကို လေ့လာဖို့လိုသလို jQuery ကိုလည်း သိထားရပါဦးမယ်... Web 2.0 တို့ Ajax တို့လို နည်းပညာတွေကို သိထားဖို့လိုအပ်သလို HTML5 မှာပါ၀င်လာတဲ့ Feature အသစ်တွေကိုလည်း သိဖို့လိုအပ်ပါတယ်... PHP လို Server Side Technology ကို သိထားဖို့လိုအပ်သလို MySql လို Database Server တွေအကြောင်းသိဖို့လည်း လိုအပ်ပါတယ်... MVC လို Pattern မျိုးကို နားလည်ထားဖို့လိုသလို Web Development Framework တွေအကြောင်းလည်း သိထားရပါဦးမယ်... ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး... နောက်ထပ် အများကြီး အများကြီး ကျန်ပါသေးတယ်... ဒီလောက်အများကြီး သိထားဖို့လိုအပ်နေတဲ့အချိန်မှာ CSS မှာ ရှိသမျှ Property တွေကို အကုန်အလွတ်ကျက်ဖို့ ကြိုးစားနေမယ်ဆိုရင် အချိန်တွေ ကုန်သွားပါလိမ့်မယ်... အလွတ်မှတ်နေဖို့မလိုပါဘူး... သဘောတရားပဲ နားလည်ထားဖို့လိုပြီး အသေးစိတ်ကို လိုအပ်လာတော့မှ လိုအပ်သလို ရှာဖွေအသုံးပြုတက်ဖို့လိုပါတယ်...

Google ဟာ ရှာဖွေတက်သူအတွက် အမှန်တစ်ကယ်အကျိုးရှိတဲ့ Tool တစ်ခုဖြစ်ပါတယ်... သိချင်တာတစ်ခုကို စာအုပ်ထဲမှာရှာရင် တစ်မျိုးပဲသိရပါတယ်... Google မှာ ရှာရင်တော့ နည်းလမ်းပေါင်းစုံနဲ့ ပုံစံစုံ ရှင်းပြထားတဲ့ အဖြေတွေကို ရနိုင်ပါတယ်...

Google မှာ ရှာတက်ဖို့ကလည်း အရေးပါတဲ့ အရည်အချင်းတစ်ရပ်ဖြစ်ပါတယ်...

ဒါတွေဟာ Professional ဖြစ်လိုသူတစ်ယောက်အတွက် အင်တာနက်ကို ထိထိရောက်ရောက် အသုံးပြုပြီး ဘယ်လို လေ့လာရမလဲဆိုတဲ့ နည်းလမ်းတွေထဲက တစ်ချို့ဖြစ်ပါတယ်... ကျွန်တော်က Web Developer တစ်ယောက်ဖြစ်လို့ ကျွန်တော်ပြောတဲ့ နည်းလမ်းတွေက Professional Web Developer ဖြစ်လိုသူတွေနဲ့သာ ကိုက်ညီတာမျိုးဖြစ်နိုင်ပါတယ်...

ဒါကြောင့် တစ်ခြားနယ်ပယ်က Professional များကိုလည်း သက်ဆိုင်ရာနယ်ပယ်အလိုက် အင်တာနက်ကို လေ့လာဖို့အတွက် ဘယ်လို ထိထိရောက်ရောက် အသုံးချရမလဲဆိုတဲ့ အချက်လေးတွေကို ဝေမျှပေးစေချင်ပါတယ်...

--
ကျေးဇူး...
[ Ei Maung ]

(Myanmar IT Pro မှ ပြန်လည်တင်ပြအပ်ပါသည်။)





Ko Ko Zaw ( BE-EC )        www.htarwaiethar.blogspot.com

Sunday, November 24, 2013

Genuine Windows ( သို့ ) လိုင်စင် ဝင်းဒိုးစ်ကို ထိတွေ့ခြင်း


















ယခုပို့စ်ကတော့ ကျွန်တော့် အတွေ့အကြုံသက်သက်ကိုပဲ ရေးသားထားတာ ဖြစ်ပါတယ်။

လိုင်စင်ဝင်းဒိုးစ်ကိုတော့ ကျွန်တော်တို့ မြန်မာမှာ သိပ်သုံးလေ့မရှိပါဘူး။ ( ပိုက်ဆံပေးရတာကိုးဗျ။ :p )

ကျွန်တော်ကိုယ်တိုင်လည်း Gneuine Windows ကို ဝယ်သုံးတာ မဟုတ်ပါဘူး။ Cracked Version Windows 7 Ultimate 32 Bit Versions ကို အသုံးပြုတာ ဖြစ်ပါတယ်။

သို့သော်လည်း ကျွန်တော်တို့ စက်ရုံမှာတော့ လိုင်စင်ဝင်းဒိုးစ်ကို အသုံးပြုပါတယ်။

ကျွန်တော်တို့ စက်ရုံက ကွန်ပျူတာ Windows XP SP2 Genuine Version ဖြစ်ပါတယ်။

ကွန်ပျူတာကို ဆွီဒင်က သယ်လာလို့ လိုင်စင် ဖြစ်နေတာပါ။

PLC Control ပြုလုပ်ဖို့ အသုံးပြုသော စက်ဖြစ်ပါတယ်။

ယခုတော့ အဲ့ဒီ ကွန်ပျူတာကြီးလည်း ဗိုင်းရပ်တွေ ကိုက်ပြီး PLC Software လည်း ပျက်သွားပါပြီ။

သူ့နှင့် ပက်သက်တော့ ပြဿနာလေးတွေကို နည်းနည်းရေးပေးပါမယ်။


၁) လိုင်စင်ဝင်းဒိုးစ် ဖြစ်သော်လည်း ကျွန်တော်တို့ကို Recovery CD လည်း မပေးပါဘူး။ တကယ်လို့များ ရှိခဲ့မည်ဆိုရင်တောင် ဘယ်သူသိမ်းသွားတာလဲ မသိလို့ ဝင်းဒိုးစ် ကြောင်သွားပါက ဘယ်လိုမှ ပြန်ပြင်လို့မရပါ။

၂) နောက် ကျွန်တော်တို့ အသုံးပြုတာ တစ်နှစ်ကြာပြီးနောက်မှာ ကွန်ပျူတာက ပြဿနာတက်လို့ ဝင်းဒိုးစ်က မတက်တော့ပါ။ ဒါနဲ့ ကျွန်တော်လည်း ဝင်းဒိုးစ် ( မြန်မာမှ အခွေ ) အခွေနှင့် တက်ကြည့်တာ လုံးဝကို မရဘူးဗျ။

၃) ဒါနဲ့ ကျွန်တော်လည်း ဘယ်ရမလဲ။ ကွန်ပျူတာက Brand ဖြစ်နေလို့ ပြဿနာတက်တယ်ထင်ပြီး တစ်ခြားသော ကွန်ပျူတာကို Hard Disk သယ်ပြီး ဝင်းဒိုးစ်ကို ပြန်ပြင်ရန် ကြိုးစားပါတယ်။
ဟဲဟဲ မရဘူးဗျ။ Hard Disk ကို တပ်ဆင်ပြီး နောက်ကွန်ပျူတာကို ဖွင့်လိုက်တော့ ဘာမှကို မတက်ဘူးဗျ။ သူ့ မူရင်း ကွန်ပျူတာမှာတော့ Windows OS Welcome အပေါ်တက်ပြီးမှ ပြန်ကျသွားတာမျိုးပါ။
သူ့မူရင်း ကွန်ပျူတာမှာ Hard Disk ပြန်တပ်တော့ ပြန်အဆင်ပြေတယ်ဗျ။ ဘယ်လိုမှန်းကို မသိဘူး။ ကျွန်တော်တို့ စက်က Dell Branded Desktop PC ပဲ ဖြစ်ပါတယ်။

၄) ဒီလိုနဲ့ ကျွန်တော် နည်းနည်းတော့ တိုင်ပတ်လာပါတယ်။ ဒါနဲ့ မထူးဘူးဆိုပြီး Hard Disk အသစ်တစ်လုံးဝယ်ပြီး Windows XP တင်ဖို့ ကြံစည်တော့လည်း ဝင်းဒိုးစ် တင်နေစဉ်မှာ Error Messages  တွေပေါ်လာပြီး Widnows တင်လို့ မရဘူးဗျ။ အတော်ကို လန်းတယ်။

၅) ဒါနဲ့ ကျွန်တော် နောက်တစ်နည်း အနေနဲ့ Hard Disk အသစ်ကို အခြားသော ကွန်ပျူတာမှာ Windows XP တင်ပြီး Dell မှာ ပြန်ချိတ်တော့လည်း ဝင်းဒိုးစ်မတက်နိုင်ဘူးဗျ။

၆) ကျွန်တော် လက်တော့ မလျှော့ပါဘူး။ Hard Disk အသစ်ကို Dell မှာ ချိတ် ၊ Windows 7 တင်တော့ အံမယ်ဒါကျတော့ အဆင်ပြေသွားပါတယ်။ ဒီလိုနဲ့ ကျွန်တော်လည်း အဲ့ဒီ Hard Disk ကို အခြားသော ကွန်ပျူတာမှာ ချိတ်ကြည့်တာ ဝင်းဒိုးစ်များ တက်မလာ စမ်းတာ လုံးဝအဆင်မပြေပါဘူး။ Computer Branded , Genuine Windows အဲ့နှစ်ခု ပေါင်းပြီး ဘယ်လို ချိတ်ထားမှန်းကို မသိဘူးဗျ။

၇) ကျွန်တော် ဒါနဲ့ မူရင် Hard Disk ကို နည်းနည်းတော့ စိုးရိမ်လာပါတယ်။ သူ့ဆီမှာက PLC ထိန်းချုပ်ဆော့ဝဲလ်ရှိတာကိုး။ သို့သော်လည်း ကောင်းအောင်လည်း ပြင်ရမှာဆိုတော့ ကျွန်တော် Hard Disk အဟောင်းကို Clone ရိုက်ဖို့ စဉ်းစားမိပါတယ်။ ဒါဆိုရင် ကျွန်တော့် အနေနဲ့ Clone Hard Disk ကို စိတ်ကြိုက် ပြင်ဆင်နိုင်မှာကိုး။ ဒါနဲ့ ကျွန်တော် Hard Disk အဟောင်းကို Clone ရိုက်လိုက်ပါတယ်။ အဲ့လို လုပ်လိုက်တော့ ဘာဖြစ်သွားလဲဆိုတော့ Clone Hard Disk ကတော့ အဆင်ပြေပေမဲ့ Clone အရိုက်ခံရတဲ့ မူရင်း အဟောင်း Hard Disk ကတော့ ဒေလ်တာတွေ ပျက်သွားတယ်ဗျ။ ကျွန်တော်လည်း ဘာမှကို မလုပ်လိုက်ရဘူး။ သူ့ဘာသာကို ပျက်သွားတာ။ Hard Disk ပျက်သွားတာ မဟုတ်ဘူးဗျ။ ဒေလ်တာတွေပဲ ပျက်သွားတာမျိုး။

၈) ကျွန်တော် တော်တော်ကို တိုင်ပတ်သွားပါတယ်။ ဒါနဲ့ ကျွန်တော် ပွားယူထားသော Hard Disk လေးကိုပဲ အခြေပြုပြီး တက်စွမ်းသလောက် လိုက်ပြင်လိုက်တာ နောက်ဆုံးတော့ အဆင်ပြေသွားပါတယ်။ ပြဿနာက Registry Error ပြဿာနာပဲ ဖြစ်ပါတယ်။ ကံကောင်းတာက Windows OS က အရင်ကတည်းက အော်တို Registry တွေကို Backup လုပ်ပေးထားလို့ ကျွန်တော် အဆင်ပြေသွားပါတယ်။ ကျွန်တော် ကွန်ပျူတာက ဝင်းဒိုးစ်မတက်လို့ Hiren's BootCD  နဲ့ လိုက်ရှိုင်းတာပါ။

၉) ဘလော့ဂ်တွေ၊ ဖိုရမ်တွေ ပေါင်းစုံ၊ စာအုပ်တွေ ပေါင်းစုံ စုစည်းပြီး ကျွန်တော် သုံးရက်လောက် အချိန်ပေးလိုက်တာ နောက်ဆုံးတော့ အဆင်ပြေသွားပါတယ်။ သို့သော်လည်း ထူးခြားချက်က အဲ့ဒီ Hard Disk ကို Dell Computer တစ်ခုမှာပဲ တပ်ဆင်နိုင်တာ ဖြစ်ပြီး Clone ရိုက်လိုက်ပါက Clone Hard Disk ပဲ ကောင်းပြီး Clone အရိုက်ခံရသော Hard Disk မှ ဒေလ်တာတွေ ဆုံးရှုံးသွားတယ်ဗျ။ ဘယ်လိုလုပ်လုပ်မရဘူး။


ကျွန်တော်ပြောချင်တာက တကယ်လို့များ မိတ်ဆွေတို့ဆီမှာ အရေးကြီးသော Genuine Version Windows OS အသုံးပြုပါက သတိထားပြီး အသုံးပြုစေလိုတာကိုပါပဲ။

လိုင်စင်ဝင်းဒိုးစ်တွေက Cracked Windows တွေနဲ့ ကွားခြားပါတယ်။ သုံးဖူးသူတိုင်း သိမှာပါ။

ကွန်ပျူတာ စနစ်တွေထဲမှာ သူတို့ လိုင်စင်ကို ထိန်းချုပ်ထားတာမျိုးရှိတာမျိုးပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့တော့ သိသွားပါပြီ။ အဲ့လို အရေးကြီးသော စက်မျိုးကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ကိုင်ဖို့ကိုပဲ အားပေးမိပါတယ်။ ကျွန်တော်တို့ Cracked Version Windows တွေလိုမျိုး ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။


**  ကိုကိုဇော် ( BE-EC )

Friday, November 22, 2013

32 Bits and 64 Bits ဘာတွေ ကွာခြားသလဲ

















ကျွန်တော် ကွန်ပျူတာ စနစ်တွေထဲက 32 Bits and 64 Bits ကွာခြားချက်လေးကို သိရှိအောင်လို့ မြန်မာမိသားစု ဖိုရမ်မှ ဆွေးနွေးချက်ကို ကျွန်တော့် ဘလော့ဂ်မှတစ်ဆင့် ပြန်လည်မျှဝေပါမယ်ခင်ဗျား။

ရေးသားချက်များကတော့ မြန်မာမိသားစုဖိုရမ်မှ

KznT  နှင့်  ကိုမင်းသီဟထွန်း ရေးသားချက်များကို ပြန်လည်ဖော်ပြမှာ ဖြစ်ပါတယ်။


KznT ၏ ရေးသားချက်များ

တကယ်လို့ ကျွန်တော်တို့တွေဟာ လတ်တလော အခြေအနေမှာ ရှိနေတဲ့ operating system တွေရဲ့ 64-bit နဲ့ 32-bit အကြောင်းကို တိတိကျကျ သိရှိမထားလို့ သူတို့ ( ၂ ) ဦးမှာ ဘယ်ဟာက ဘယ်သူ့ထက်ပိုကောင်းသလဲ ဆိုတာ ခွဲခြားရခက်နေမယ့် အခြေအနေမျိုး ရှိနေပြီဆိုရင် ဒီ မရေရာနဲ့ အသိစိတ်နဲ့ အတူ တဆက်တစပ်တည်း ပူးတွဲခံစားလာရတဲ့ မေးခွန်းတစ်ခုက " 64-bit version Windows ကို တကယ်ရော ကျွန်တော်တို့ အသုံးပြုသင့်ရဲ့လား ? " ဆိုတဲ့ မေးခွန်းပါ။ တကယ်လို့ အသုံးပြုသင့်ပြီ ဆိုရင်ရော " ဘာကြောင့် 64-bit version Windows ကို အသုံးပြုသင့်တာလဲ ? " ။ ဒီမေးခွန်းတွေအတွက် သင့်တော်မယ့် အဖြေတစ်ခုဆီ ကျွန်တော်တို့ချဉ်းကပ်ကြည့်ပါမယ်။

လတ်တလော အခြေအနေမှာ Users တွေ အတော်များများကတော့ operating system အတွက်ရွေးချယ်တဲ့ နေရာမှာ အရင်က အသုံးများခဲ့ကြတဲ့ 32-bit version ကိုကျော်လွန်ပြီး အခုဆိုရင် 64-bit version ကိုပဲ သူတို့ရဲ့ စက်တွေမှာ ထည့်သွင်းဖို့ ရွေးချယ်လာကြပါပြီ။ ဒါပေမယ့် အတော်များများကတော့ 64-bit နဲ့ 32-bit နှစ်ခုမှာ သူတို့ ( ၂ ) ခုက ဘယ်လိုကွာခြားလဲဆိုတာ ခုချိန်ထိ ရေရေရာရာ မသိရှိကြသေးပါဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့တွေ ခုဒီ Thread မှာ တကယ်လို့ ကျွန်တော်တို့ရဲ့ OS အတွက် 64-bit version ကိုရွေးချယ်ခဲ့မယ် ဆိုရင် အဓိက အကျဆုံး အရေးကြီးဆုံး ဘယ်ကွာခြားချက်တွေ ကျွန်တော်တို့အတွက် ရရှိနိုင်မလဲ ဆိုတာ အလွယ်ကူဆုံးနားလည်နိုင်ဖို့ ကြိုးစားကြည့်ပါမယ်။


ဘယ်လို Version မျိုးများ ကျွန်တော်တို့ဆီမှာ ရှိနေပါသလဲ ??

ကျွန်တော်တို့ ကွန်ပြူတာမှာ ဘယ်လို Version မျိုး Run နေသလဲဆိုတာသိရှိနိုင်ဖို့ Control Panel ထဲက System properties မှာ သွားရောက်ကြည့်ရှုနိုင်သလို တစ်ခြားနည်းအားဖြင့်လည်း start menu ဒါမှမဟုတ် Desktop ပေါ်မှာ ရှိနေတဲ့ Computer icon ပေါ်မှာ Right-click ထောက်ပြီး Menu မှာ ပါဝင်နေတဲ့ Properties ကနေ တဆင့်လည်း ကြည့်ရှုလို့ ရပါတယ်။ Windows 7 နဲ့ Vista Users တွေကတော့ System type ရဲ့အောက်မှာ ကြည့်ရှု့လို့ ရပါတယ်။

ဒီနေရာမှာ မဖြစ်မနေသိထားသင့်တာ တစ်ခုက ကျွန်တော်တို့ရဲ့ ကွန်ပြူတာမှာ 64-bit operating system Run နိုင်ဖို့ အတွက် ကျွန်တော်တို့့ရဲ့ CPU ဟာ 64-bit ကို Suppot ဖြစ်ဖို့ လိုတယ်ဆိုတာပါ။ တကယ်လို့ ကျွန်တော်တို့တွေဟာ အရည်အသွေးမြင့်တဲ့ modern CPU တွေကို သုံးမယ် ဆိုရင်တော့ 64-bit operating system ကို Run နိုင်ဖို့ အတွက် အထူးအထွေ ပြဿနာ မရှိပါဘူး။ ဒါပေမယ့် တစ်ချို့ ဈေးနှုန်းချိုသာပြီး Quality ချထားတဲ့ ကွန်ပြူတာတွေမှာတော့ 64-bit ကို support မလုပ်တဲ့ processor တွေ ရှိနေတတ်တာတွေလည်း တွေ့ရတတ်ပါတယ်။



32-bit မှာ တကယ်ပဲ Memory Limit ကန့်သတ်ချက် ရှိနေသလား ??


ဘယ် 32-bit operating system မှာ မဆို ကျွန်တော်တို့တွေ အတွက် RAM ပမာဏကို 4096MB ထိပဲ နောက်ဆုံး တိုးမြှင့်နိုင်ဖို့ ကန့်သတ်ထား ပါတယ်။ ဘာကြောင့်လဲ ဆိုတာ အလွယ်ကူဆုံး ပြောရမယ် ဆိုရင်တော့ 32-bit မှာ ကန့်သတ်ထားတဲ့ တန်ဖိုးပမာဏ အရ သူဟာ နောက်တိုး ပမာဏကို လက်မခံနိုင်တော့လို့ ပါပဲ။ နားလည်တတ်ကျွမ်းတဲ့ စာဖတ်သူတစ်ချို့ကတော့ ဒီနေရာမှာ PAE ( PAE ဆိုတာ processor technology တစ်ခု ဖြစ်ပြီး လက်ရှိသုံးနေတဲ့ OS မှာ Memory ကို အနည်းငယ် ထပ်မံတိုးမြှင့်ပြီး သုံးနိုင်အောင် စွမ်းဆောင်နိုင်တဲ့ နည်းပညာကို ခေါ်ပါတယ်။ ) ကို Support ပေးတဲ့ Modern Chips တွေကို ထောက်ပြပြီး စောဒက တက်စရာ ရှိပါတယ်။ ဒါပေမယ့်လည်း အဲလို သုံးမယ်ဆိုရင် ကျွန်တော်တို့ သုံးနေကျ applications တော်တော်များများကနေ အတည်မပြုကြသေးတဲ့ ရှာရခက်ခဲမယ့် special application support မျိုးတွေ အရေးတကြီး လိုအပ်လာမှာ ဖြစ်ပါတယ်။ Windows, Linux နဲ့ Mac OS X တွေမှာ အသီးသီး မတူညီကြတဲ့ ပြဿနာ ရပ်တစ်ခု ရှိပါတယ်။ အဲတာကတော့ Windows-specific problem ပါ။ 32-bit Linux နဲ့ Mac OS X မှာလည်း သူတို့အတွက် တူညီတဲ့ ကန့်သတ်ချက်တွေ ဆိုတာ ရှိနေပါတယ်။ 32-bit Linux က extra memory ကို ထပ်မံတိုးမြှင့် အသုံးနိုင်ဖို့ လမ်းညွှန်မှု တွေကြည့်ပြီး သွားနေရတဲ့ အချိန်မှာ Mac ရဲ့ OS X Snow Leopard ကလည်း older systems တွေမှာပါတဲ့ default 32-bit kernel မှာ Memory ထပ်တိုးနိုင်ဖို့ ကြိုးစားနေဆဲပါပဲ ၊ ဒါပေမယ့်လည်း လုပ်ဆောင်နေရင်းနဲ့ ခုချိန်မှာတော့ သူ့ရဲ့ OS ကို 64-bit Run နိုင်ဖို့ကိုပဲ ဦးတည်နေတာ တွေ့ရပါတယ်။


32-bit နှင့် အခြားသော ပြဿနာရပ်များ

32-bit မှာ Memory တိုးနိုင်ဖို့ ကန့်သတ်ချက် တစ်ခုတည်း ရှိတာတင် ပြဿနာ မဟုတ်ပါဘူး သူ့မှာ တခြား ပြဿနာရပ်တွေလည်း ရှိနေပါသေးတယ်။ အဲတာကတော့ ကျွန်တော်တို့ရဲ့ video card နဲ့ motherboard BIOS တွေက သူတို့ရဲ့ Space ကို 4GB ထိရောက်အောင် နေရာယူနိုင်တယ် ဆိုတဲ့ ပြဿနာပါ ဒီပြဿနာကြောင့် ဘာဖြစ်လာနိုင်သလဲ ဆိုရင် operating system ကနေ အမှန်တကယ် သုံးရမယ့် RAM ပမာဏက လက်ရှိ မိမိစက်မှာ ရှိနေတဲ့ RAM ပမာဏထက် လျော့နည်း လာနိုင်တယ် ဆိုတာပါပဲ။

ဒီအကြောင်းအရာနဲ့ ဆက်စပ်ပြီး ဥပမာပေးရရင် Windows ပိုင်းဆိုင်ရာမှာ ကျွမ်းကျင်တဲ့ Mark Russinovich က သူ့ရဲ့ 32-bit Windows မှာ RAM 4 GB နဲ့ 1 GB Video cards ၂ ခု စိုက်ထားခဲ့ပေမယ့် သူ့ကွန်ပြူတာကို သူ ပြန်လေ့လာကြည့်တော့ OS အတွက် ပေးနိုင်မယ့် RAM ပမာဏက 2.2 GB ကျန်တော့တယ် ဆိုတာကို သူရှာဖွေသိရှိခဲ့ပါတယ်။ ဒါဟာ ဘာကို ဆိုလိုတာလဲ ဆိုရင် ကျွန်တော်တို့ machine မှာ Quality ကောင်းကောင်းနဲ့ စွမ်းဆောင်ရည် မြင့်တဲ့ video cards တွေရှိလာတာ နဲ့ အမျှ မိမိ operating system ကနေ အမှန်တကယ်သုံးရမယ့် RAM ပမာဏဟာ 32-bit system မှာ လျော့နည်းလာနိုင်မယ် ဆိုတဲ့ အချက်ပါပဲ။


64-bit က ဘာတွေများ ကွာခြားသလဲ ??

32-bit က RAM ပမာဏ 4 GB ကိုပဲ လက်ခံနိုင်တယ်လို့ ပြောခဲ့ပြီးတဲ့ နောက်မှာ 64-bit machine တွေကရော system memory ဘယ်လောက်များများ လက်ခံနိုင်ပါသလဲ။ ဟုတ်ကဲ့ 64-bit machine တွေက 17.2 BILLION gigabytes ထိ လက်ခံနိုင်ပါတယ်။ အနာဂတ်မှာဆို ဒီ့ထက်ပိုပြီးတောင် ကျယ်ပြန့်လာဦးမှာပါ။ ဒါက ဘာကို ဖြေရှင်းပေးနိုင်သလဲ ဆိုရင် အပေါ်မှာ ပြောခဲ့တဲ့ video cards နဲ့ အခြားသော devices တွေကနေ OS က သုံးရမယ့် memory space ကို ခိုးယူစရာ မလိုတော့ဘူးဆိုတဲ့ သဘောနဲ့ တူတူပါပဲ။ ဒီနေရာမှာ တစ်ခု ရှိတာက Windows 64-bit Home editions တွေမှာ Licensing ကန့်သတ်ချက်ကြောင့် RAM ပမာဏကို အများဆုံး 16 GB ထိ ကန့်သတ်ထားတယ် ဆိုတာပါ။ ဒါပေမယ့်လည်း တခြားသော Professional နဲ့ Ultimate versions တွေမှာတော့ RAM ပမာဏကို 192 GB ထိ တိုးမြှင့် အသုံးချပိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် RAM ပမာဏ သုံးစွဲမှု များတဲ့ video editing လို virtual machines တွေလို Applications မျိုးတွေကို အသုံးချတဲ့ အချိန်မှာ 64-bit Windows က virtual memory ကို 8 TB ထိ တိုးမြှင့် အသုံးချနိုင်တာမို့လို့ ကိုယ် အသုံးပြုချင်တဲ့ Applications တွေကို ပိုပြီး သက်တောင့် သက်သာနဲ့ အသုံးချနိုင်မှာ ဖြစ်ပါတယ်။


32-bit Applications များ 64-bit တွင် အလုပ်လုပ်ပါ သလား ??

ကြီးမားတဲ့ ပြောင်းလဲမှု တစ်ရပ်အနေနဲ့ကတော့ ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ 32-bit applications တွေဟာ 64-bit Windows မှာလည်း အဆင်ပြေစွာနဲ့ ဆက်လက် ရှင်သန်နေဦးမယ် ဆိုတာပါ။ ဘာဖြစ်လို့လဲ ဆိုရင် 64-bit Windows မှာပါတဲ့ WoW64 လို့ ခေါ်တဲ့ compatibility layer ကနေပြီး ကျွန်တော်တို့ရဲ့ Processor ကို 32-bit ရှိရာဆီ နောက်ပြန်ဆွဲခေါ်သွားပြီး 32-bit နဲ့ 64-bit ကြားမှာ ဘယ်လိုအချိန်းအပြောင်း လုပ်ဆောင်ရမယ် ဆိုတာ သူက စီမံပေးနိုင်ပါတယ်။ ဒါကြောင့်မို့လို့ 64-bit environment တွေမှာ 32-bit software တွေကိုလည်း ကျွန်တော်တို့ အဆင်ပြေပြေနဲ့ Run နိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီနေရာမှာ တစ်ချို့ ချွင်းချက်လေးတွေတော့ ရှိနေပါသေးတယ်။ 32-bit device drivers တွေနဲ့ low-level system applications တွေဖြစ်တဲ့ Antivirus လိုမျိုး နောက်ပြီး တခြား Windows မှာရှိနေတဲ့ software မျိုးတွေ ၊ တစ်ချို့ media applications တွေကတော့ 64-bit နဲ့ အလုပ်လုပ်နိုင်မှာ မဟုတ်ပါဘူး။

ဒီပြဿနာအတွက်ကတော့ ကျွန်တော်တို့ 64-bit version ကို မသုံးခင်မှာ ကျွန်တော်တို့ မဖြစ်မနေ အသုံးပြုရမယ့် favorite applications တွေကို ကျွန်တော်တို့ အသုံးပြုမယ့် 64-bit version မှာ အသုံးပြုလို့ ရမရ ဆိုတာ ကျွန်တော်တို့ ကြိုတင်စစ်ဆေးလေ့လာ ပြီးမှ အသုံးပြုသင့်မသင့် ဆုံးဖြတ်သင့်ပါတယ်။


64-bit က RAM ကို နှစ်ဆ အသုံးပြုတယ်ဆိုတာ ဟုတ်ပါသလား ??

64-bit Windows တွေမှာ RAM တစ်ခုရဲ့ လုပ်ဆောင်မှုပေါ်မူတည်ပြီး လွဲမှားနေကြတဲ့ အခြေခံအယူအဆ တစ်ချို့ ရှိပါတယ်။ အဲတာကတော့ -
တစ်ချို့ကတော့ 64-bit Windows တွေဟာ 32-bit Windows တွေထက် နှစ်ဆလောက် ပိုမြန်တယ်လို့ ယူဆနေကြတဲ့ အချိန်မှာ တစ်ချို့ သူတွေက 64-bit Windows တွေဟာ RAM ကို နှစ်ဆတိုးပြီး အသုံးပြုတယ်လို့ယူဆနေကြ ပါတယ်။

ဒီယူဆချက်ကို အတွက် ရှင်းရရင် 64-bit Windows တွေဟာ extra memory ကို နဲနဲ ပိုယူတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဒီလိုပိုယူတယ်ဆိုတာကလည်း များပြားလှတဲ့ RAM ပမာဏ အတွက် ညွှန်းဆိုနိုင်ဖို့ memory pointers က နဲနဲ ပိုယူထားတဲ့ သဘောပါပဲ .. နှစ်ဆလောက် သုံးတယ်ရယ်လို့တော့ မဟုတ်ပါဘူး။ ဘာနဲ့ သဘောတရားတူမလဲ ဆိုရင် ရှေးကျတဲ့ စာကြည့်တိုက် တစ်ချို့ဆီ ကျွန်တော်တို့ သွားကြည့်တဲ့ အခါ ( ကျွန်တော် ဌားရမ်းခဲ့ဖူးတဲ့ မြန်မာနိုင်ငံက စာကြည့်တိုက်တွေမှာတော့ ဤစနစ်မျိုး မကြုံခဲ့ဖူးပါ။ ) library ထဲက ဘယ်နေရာတွေမှာ ဘယ်စာအုပ်တွေထားရှိတယ်ဆိုတာ ညွှန်းဆို ဖော်ပြတဲ့ ကဒ်တွေ ထည့်သွင်းထားတဲ့ ဖိုင်မျိုးတွေ ရှိတတ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့ လက်ထဲမှာ အဲလိုကဒ်ပေါင်း တစ်ခုမက ရာနဲ့ချီရှိနေလည်း library ဆိုတာကြီးက နှစ်ဆပိုကြီး မသွားဘူး မလား။ ကိုယ့်ဆီမှာ အဲလိုကဒ်ပေါင်း ရာနဲ့ ချီရှိနေရင် library ထဲက ဘယ်နေရာမှာ ဘယ်စာအုပ်ကို ဘယ်လို သွားရောက်ဖတ်ရှုလို့ ရပြီ ဆိုတာ အလွယ်တကူ ပိုပြီးတော့တောင် သိနိုင်ပါသေးတယ်။ ဆိုလိုတာက RAM ဆိုတဲ့ ကဒ် ပမာဏ များလာလို့ Extra memory ဆိုတဲ့ Library ကြီးက ၂ ဆတိုး ကြီးမသွားပါဘူး။ ကွန်ပြူတာ သဘောအရ extra memory ကို နဲနဲ ပိုယူတယ် ဆိုပေမယ့် အသုံးချဖို့ ပိုပြီး လွယ်ကူလာစေပါတယ်။ ဒီသဘောပါပဲ။


64-bit Windows တွေဟာ operating system အတွက် drive space ပမာဏ ပိုတိုးယူဖို့ လိုမယ် ဆိုတာရော ဖြစ်နိုင်ရဲ့လား။

အဲတာတော့ ဟုတ်ပါတယ်။ 64-bit Windows ရဲ့ လိုအပ်ချက်အရ သူ့ရဲ့ အခြေခံ OS လည်ပတ်နိုင်ဖို့ အတွက် GBs ပမာဏ အနည်းငယ် ထပ်မံတိုးမြှင့် အသုံးချပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ခုနောက်ပိုင်း ကာလတွေမှာ သိုလှောင်နိုင်စွမ်းပမာဏ အရမ်းများတဲ့ HD တွေ ရှိနေတာ မှန်ပေမယ့် မိမိလည်ပတ်နေရတဲ့ ဝင်ငွေပမာဏနဲ့ ချိန်ဆပြီး ဒီအကြောင်းအရာကိုလည်း ထည့်သွင်းစဉ်းစားရပါလိမ့်မယ်။


ဆိုတော့ ... အခြေခံအားဖြင့် 64-bit Windows နဲ့ 32-bit Windows နှစ်မျိုးမှာ ကျွန်တော်တို့ ဘယ်ဟာကို သုံးသင့်ပါသလဲ ??

တကယ်လို့ ကျွန်တော်တို့ဟာ PC အသစ် တစ်လုံးကို RAM 4GB နှင့်အထက် ကျော်လွန်ပြီး မှာယူမယ် နောက်ပြီး စက်မှာ video card ကောင်းကောင်းကိုလည်း ဆင်မယ်လို့ စိတ်ကူးထားမယ် ဆိုရင်တော့ စက်မှာ တပ်ဆင်ထားတဲ့ Memory ရဲ့ စွမ်းပကားကို အပြည့်အဝ အသုံးချခွင့် ရနိုင်ဖို့ အတွက် ကျွန်တော်တို့ရဲ့ Windows မှာ 64-bit version ကို အသုံးပြုသင့်တယ်လို့ အကြံပြုလိုပါတယ်။ ဒါပေမယ့် တစ်ခုတော့ မှတ်ထားပေးပါ 64-bit မှာမှ Home versions ကို အသုံးပြုမယ် ဆိုရင် RAM ပမာဏကို 16GB ထိပဲ support ပေးမှာ ဖြစ်ပါတယ်။ ( အတော်များများ အတွက်တော့ 16GB ဆိုတာလည်း နဲတော့ မနဲလှပါဘူး။ )


Processor က 32-bit လား 64-bit လား ??
လတ်တလော 32-bit ဆိုတာ သိထားရင် မိမိ Processor က 64-bit ကိုရော Capable ဖြစ်သလား ဆိုတာ ဘယ်လို သိနိုင်မလဲ ??


ပထမမေးခွန်း အတွက် အကြောင်းအရာက ပြည့်စုံစေချင်လို့ ထည့်သွင်းလိုက်ပေမယ့် အတော်များများတော့ မိမိကွန်ပြူတာဟာ x86 (32-bit) လား x64 (64-bit) ဆိုတာ ခွဲခြားတဲ့နည်းကို သိကြပါတယ်။ Windows XP မှာတော့ တော်ယုံ ဘယ်သူမှ 64-bit ကို သုံးတာ သိပ်မတွေ့ရပါဘူး။ နောက်ပိုင်း Windows Vista ပေါ်လာတော့မှ drivers တွေ Compatibility ပြဿနာရပ်တွေနဲ့ အတူ 64-bit Processor ကို သတိပြုမိလာကြပြီး ခုနောက်ပိုင်း Windows 7 ခေတ်မှာတော့ လူအတော်များများ 64-bit processing ကို ကူးပြောင်းဖို့ စဉ်းစားနေကြပါပြီ။
တကယ်လို့ ကျွန်တော်တို့တွေဟာ Windows XP ကနေ Vista ကို ပဲ ဖြစ်ဖြစ် Windows XP ကနေ Windows 7 ကိုပဲ ဖြစ်ဖြစ် ကူးပြောင်းတော့မယ် လို့ ဆုံးဖြတ်မိတဲ့ အခါမှာ ကျွန်တော်ကတော့ 64-bit ကို အသုံးပြုဖို့ အကြံပေးချင်ပါတယ်။ ဘာကြောင့်လဲ ??

ပထမဆုံး အနေနဲ့ 32 နဲ့ 64 ဆိုတဲ့ ဂဏန်းတွေက ဘာတွေလဲ ဆိုတာ ကျွန်တော်တို့ တိတိကျကျ လေ့လာကြည့်ရအောင်။ ဒီ 32-bit နဲ့ 64-bit ဆိုတဲ့ ဂဏန်းတွေက Memory ( RAM ) နဲ့ Processor ကြားမှာ ရှိနေတဲ့ Data Bus Width ကို ကိုယ်စားပြုပါတယ်။ ဆိုလိုတာက ကျွန်တော်တို့ မြင်နေရတဲ့ အတိုင်း 64-bit ရဲ့ စွမ်းဆောင်ရည်ဟာ Data တွေကို Transfer လုပ်တဲ့ အခါမှာ 32-bit ထက် ၂ ဆလောက်နီးပါး စွမ်းဆောင်နိုင်ရည်ပိုရရှိမှာ ဖြစ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့တွေ 32-bit Vista ဒါမှမဟုတ် တစ်ခြား ဘာပဲ သုံးသုံး ၊ Memory ကို ထပ်မြှင့်ချင်မယ် ဆိုရင် အများဆုံး 3 GB ထိ ( ကိုယ့်စက်မှာ 4 GB ရှိမယ် ဆိုရင်တောင် ) ပဲ တိုးမြှင့်လို့ ရမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာက အပေါ်မှာ ပြောခဲ့ပြီးသားပါ။ 64-bit Windows တွေမှာတော့ Memory ကို 128 GB ထိ တိုးမြှင့်ပိုင်ခွင့်ရှိပါတယ်။ ( ခြွင်းချက်တွေတော့ ရှိပါတယ် အပေါ်မှာ ဖော်ပြပြီးသားမို့ မဖော်ပြတော့ပါ။ ) Standard Users တွေ Developers တွေ နောက်ပြီး Service providers တွေဆိုတာလည်း 64-bit processors တွေအတွက် drivers တွေနဲ့ တစ်ခြား support တွေကို ခုမျက်မှောက်ခေတ်မှာ ဦးစားပေးလုပ်ဆောင်လာကြပါပြီ။ ဒါကြောင့် 64-bit processor ဆိုတာ မရှေးမနှောင်းမှာ ပိုပြီး ကျယ်ပြန့်လာနိုင်စရာ အလားအလာ များစွာ ရှိနေပါတယ်။


ဒါကြောင့် လတ်တလောမှာ ကျွန်တော်တို့ရဲ့ ကွန်ပြူတာဟာ old Windows XP ဒါမှမဟုတ် Vista နဲ့ ဖြစ်နေခဲ့မယ် ဆိုရင် ကျွန်တော်တို့ရဲ့ processor တွေဟာ 64-bit ကို capable ဖြစ်မဖြစ် ဘယ်လို ရှာဖွေသိရှိနိုင်ပါမလဲ ??

ကျွန်တော်တို့ရဲ့ ကွန်ပြူတာဟာ 64-bit ကို capable ဖြစ်မဖြစ် သိရှိနိုင်မယ့် နည်းလမ်းပေါင်း မနည်း ရှိနေပါတယ်။


နည်းလမ်း ( ၁ ) - လွယ်ကူသော နည်းလမ်း။

Start > Computer ပေါ်တွင် Right-click > Properties . အဲ့နောက်မှာ Windows Experience Index ကို click ပေးပါ။ ခုလိုပုံ မြင်ရပါလိမ့်မယ်။

အဲကနေမှ တဆင့် View and Print detailed performance and system information ဆိုတာကို click ပေးပါ။

ဒီနေရာမှာ ကျွန်တော်တို့ စက်ရဲ့ လတ်တလော system type ကို မြင်ရပါပြီ။ ကျွန်တော် အနီရောင်နဲ့ ဝိုင်းပြထားတဲ့ နေရာမှာ 64-bit capable ကို Yes လို့ ပြထားတာ မြင်ပါလိမ့်မယ်။ တကယ်လို့ ကျွန်တော်တို့ဟာ လတ်တလော အခြေအနေမှာ 64-bit ကို သုံးနေပြီးသား ဆိုရင်တော့ System type မှာပဲ 64-bit operating system ဆိုပြီး ဖော်ပြထားမှာ ဖြစ်ပြီး 64-bit ကို capable ဖြစ်လား မဖြစ်ဘူးလား ဆိုတာတော့ ဖော်ပြထားပါရှိမှာ မဟုတ်ပါဘူး။

ဒီနည်းနဲ့ အဆင်မပြေသေးဘူး ဆိုရင် နောက်ထပ်နည်းတွေလည်း ကျန်ရှိပါသေးတယ်။


နည်းလမ်း ( ၂ ) - Regedit အား အသုံးပြုခြင်း။

Start > regedit ကို ရိုက်ပြီး Registry Editor ကို သွားပါ။
HKEY_LOCAL_MACHINE\HARDWARE\DESCRIPTION\System\CentralProcessor\0 ရှိရာဆီ တဆင့်ပြီး တဆင့် ဝင်ပါ။ ProcessorNameString ကျွန်တော်တို့ Processor ရဲ့ Name ကို မြင်နိုင်ပြီး Identifier မှာတော့ 64 ဆိုပြီး ပြနေရင် ဒါ 64-bit ကို Run နေတယ် တစ်နည်းအားဖြင့် ဆိုရရင် 64-bit capable ဆိုတာ သိသာပါပြီ။

ဒီနည်းက တကယ်လို့ လတ်တလော ကိုယ့်စက်မှာ 32-bit run နေတာ ဆိုရင်တော့ Identifier မှာ x86 Family ဘာညာ ဆိုပြီးပဲ ပြပါလိမ့်မယ်။ 64 ဆိုပြီး ပြမှာ မဟုတ်ပါဘူး။ ဒီနည်းက သိပ်အဆင်မပြေဘူး ထင်ပါတယ်။ နောက်တစ်နည်း ကို ဆက်သွားကြရအောင်။



နည်းလမ်း ( ၃ ) - MSINFO32 အား အသုံးပြုခြင်း။

ဒီနည်း အတွက်ကတော့ Start > msinfo32.exe ဆိုပြီး ရိုက်လိုက်ပါ။ System Information page ပေါ်လာပါလိမ့်မယ်။ အဲ့ဒီ့ထဲက System Type ဆိုတာမှာ x64 ကို Run နေသလား x86 ကို Run နေသလား ဆိုတာ ဖော်ပြထားပါတယ်။ ဒီနည်းကလည်း အပေါ်မှာ ပြောခဲ့သလို မိမိစက်မှာ 32-bit လား 64-bit လား သေသေချာချာ ကွဲကွဲပြားပြား မသိသူတွေ အတွက် ကြည့်ရှုနိုင်ဖို့ပါ။ 64-bit capable ဖြစ်မဖြစ်ဆိုတာ အတွက်တော့ အဆင်မပြေပြန်ပါဘူး။ အဲတာကြောင့် ကျွန်တော်တို့ နောက် တစ်နည်းကို ဆက်သွားကြည့်ပါဦးမယ်။



နည်းလမ်း ( ၄ ) CPUZ အား အသုံးပြုခြင်း

CPUZ ဆိုတာ ပေါ့ပါးတဲ့ utility တစ်ခု ဆိုပေမယ့် ကျွန်တော်တို့ စက်မှာ ရှိနေတဲ့ CPU (Processor), Cache, Mainboard, Memory, SPD စတာတွေနဲ့ ပတ်သတ်ပြီး တိကျတဲ့ အချက်အလက်တွေကို ပေးနိုင်ပါတယ်။ CPU tab အောက်မှာ ရှိနေတဲ့ instruction ကနေ တဆင့် EM64T ဒါမှမဟုတ် AMD64 ဆိုတဲ့ စာလုံးတွေ ပါမပါရှာပါ့မယ်။ တကယ်လို့ ကျွန်တော်တို့ Processor က Intel Processor ဖြစ်မယ် ဆိုရင် EM64T လို့ ဖော်ပြပြီး AMD ဖြစ်မယ် ဆိုရင်တော့ AMD64 ဆိုပြီး ပြပါလိမ့်မယ်။ ဒီလိုပြထားတာ တွေ့ရင် ကျွန်တော်တို့ Processor က 64-bit ကို Capable ဖြစ်ပါပြီ။

CPUZ ကို http://www.cpuid.com/softwares/cpu-z.html  မှာ သွားရောက်ဒါင်းလုပ်ခ် ရယူနိုင်ပါတယ်ခင်ဗျား။

ခု ကျွန်တော် ဆွေးနွေးခဲ့သလောက်ဆို 64 bits နဲ့ 32 bits OS တွေရဲ့ စွမ်းဆောင်ရည်တွေကိုလည်း သိပြီ ၊ ကွာခြားချက်တွေကိုလည်း သိနိုင်ပြီ။ ကိုယ့်ကွန်ပြူတာက CPU ဟာ 64-bit Capable ဖြစ်လား မဖြစ်ဘူးလား ဆိုတာလည်း သိနိုင်ပြီ။ နောက်ဆုံး တစ်ခု စဉ်းစားဖို့ပဲ ကျန်ပါတော့တယ်။ ဒါကတော့ ကိုယ်တိုင် ဆုံးဖြတ်ရမှာပါ။ 

ကျွန်တော်တို့ရော 64-bit operating system ကို ကူးပြောင်းဖို့ သင့်ပြီလား ??


****  KznT


ကိုမင်းသီဟထွန်း၏ ရေးသားချက်

32-bit နဲ့ 64-bit တို့ရဲ့ ခြားနားချက်က ကွန်ပြူတာရဲ့ CPU (central processing unit) က သတင်းအချက်အလက် (information) တွေကို တွက်ချက်နိုင်တဲ့ပမာဏ (အလုပ်လုပ်နိုင်တဲ့ ပမာဏ) ခြားနားချက်ပဲ ဖြစ်ပါတယ်.... 64-bit processor က တစ်ကြိမ် အလုပ်လုပ်ရင် 64 bit (2^64= 18,446,744,073,709,551,616) ပမာဏ data တွေကို အလုပ်လုပ်နိုင်ပြီးတော့ 32-bit processor ကတော့ 32 bit(2^32= 4,294,967,296 )ပမာဏ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်... ဒါပေမယ့် 64-bit စနစ်က လုပ်ငန်းတိုင်းကို 32-bit ထက် ပိုအလုပ်လုပ်နိုင်တာမဟုတ်ပါ... ကျန်တဲ့ computer တစ်ခုလုံးရဲ့ အလုပ်လုပ်နိုင်တဲ့ speed တွေအပေါ်မှာလည်း မူတည်ပါတယ်.... (ဥပမာ CPU ရဲ့ speed ကဘယ်လောက်မြန်မြန် အလုပ်လုပ်နိုင်တယ်ပေါ့)...နောက်ပြီးတော့ အသုံးပြုတဲ့ application တွေရဲ့ designed ပေါ်မှာလည်း မူတည်ပါတယ်... အသုံးပြုတဲ့ application က 32-bit အတွက်ပဲ designed လုပ်ထားတယ်ဆိုရင် 64-bit မှာလည်း ပိုပြီး ထူးခြား မမြန်လာနိုင်ပါဘူး.... အခြေခံကျတဲ့ အချက်ကတော့ အချို့သော CPU ကို ခက်ခဲရှုပ်ထွေးစွာ အလုပ်လုပ်စေသော CAD(computer-aided design) ကဲ့သို့သော application တွေက 64-bit စနစ်အတွက် ပြုလုပ်ထားပြီး 32-bit ထက်ပိုမိုလျှင်မြန်စွာ အလုပ်လုပ်နိုင်ပါတယ်...

64-bit စနစ်က RAM (Random Access Memory) ကို 32-bit ထက်ပိုပြီး အသုံးပြုပါတယ်... 32-bit စနစ်မှာ RAM ကို 4 G အထိတပ်ဆင်နိုင်ပါတယ်(သို့သော် 4 G အပြည့်သုံး၍ မရပါ.. 3.4 G လောက်သာ အသုံးပြုနိုင်ပါတယ်..) 64-bit မှာတော့ RAM ကို များစွာ အသုံးပြုနိုင်ပါတယ်... (OS အလိုက် Version အလိုက် အများဆုံး အသုံးပြုနိုင်သော RAM ပမာဏ ကွာခြားပါသည်...ဒီနေရာ မှာ လေ့လာနိုင်ပါတယ်..) RAM ကို များစွာ အသုံးပြုနိုင်တဲ့အတွက် 64-bit က 32-bit ထက် ပိုမြန်မြန်အလုပ်လုပ်နိုင်ပါတယ်....

64-bit ကို အသုံးပြုမယ်ဆိုရင်တော့ hardware တွေနဲ့ လိုက်ဖက်ဖို့ (compatible) ဖြစ်ဖို့လိုအပ်ပါတယ်... အလယ်လတ်တန်း နဲ့ အထက်တန်း computer တွေဟာ 64-bit အတွက် ကိုက်ညီကြပါတယ်... အကယ်၍ 64-bit ကို အသုံးပြုချင်တယ်ဆိုရင်တော့ မိမိ computer နဲ့ ကိုက်ညီမှု ရှိမရှိ စစ်ဆေးနိုင်ပါတယ်....windows 7 အတွက်ဆိုရင်တော့ Control Panel\All Control Panel Items\Performance Information and Tools ကိုသွားပါ View and print detailed performance and system information ကို click ပေးပြီးတော့ ရလာတဲ့ Text ဖိုင်ကို filename.html နာမည်နဲ့ html ဖိုင်အဖြစ် save လုပ်ပါ... အဲဒီ html ဖိုင်ကို ဖွင့်လိုက်ရင် System ရဲ့အောက်မှာ 64-bit capable ဆိုတာ ရှိပါတယ် Yes ဖြစ်နေရင်တော့ 64-bit ကို သုံးလို့ရပါတယ်...

Applications အများစုဟာ 32-bit အတွက် designed လုပ်ထားတာဖြစ်ပြီးတော့ 64-bit မှာလည်း အသုံးပြုနိုင်ပေမယ့် Anti-virus programs တော်တော်များများနဲ့ Hardware Driver တွေကတော့ သုံးလို့မရပါဘူး.... အဲဒါကြောင့် printer သို့မဟုတ် အခြားသော hardware တွေကို အသုံးပြုမယ်ဆိုရင် Drivers တွေကို 64-bit Drivers တွေသာ အသုံးပြုရမှာ ဖြစ်ပါတယ်...Windows 7 (64-bit) မှာ အသုံးပြုနိုင်တဲ့ Anti-virus programs တွေကို ဒီမှာ သွားရောက်လေ့လာနိုင် သလို အသုံးပြုလိုတဲ့ Software နဲ့ Hardware တွေကိုလည်း Windows 7 Compatibility Center မှာ သွားရောက်လေ့လာနိုင်ပါတယ်။

***  ကိုမင်းသီဟထွန်း



##  ယခုပို့စ်အတွက် မြန်မာမိသားစု ဖိုရမ်ကို အထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျား။


***  ကိုကိုဇော် ( BE-EC )