Showing posts with label Windows XP and 7 ကို လေ့လာခြင်း. Show all posts
Showing posts with label Windows XP and 7 ကို လေ့လာခြင်း. Show all posts

Sunday, September 29, 2013

System Restore ကို အသုံးပြုခြင်း ( Win XP and 7 Lesson 19 )


















ပထမဆုံး System Restore ဆိုတာ ဘာလဲပေါ့နော့်။

ဝင်းဒိုစ် ကွန်ပျူတာ အသုံးပြုမှု စနစ်မှာ စနစ်ပိုင်းဆိုင်ရာ အချက်အလက်တွေ မပျောက်ပျက်သွားအောင် ကာကွယ်သော စနစ်တစ်ခုရှိပါတယ်။

သူက ဘာတွေ လုပ်တာလဲဆိုတော့ ကွန်ပျူတာ စနစ်မှာ ပြုပြင်မှုတွေလုပ်တာ၊ ဆော့ဝဲလ်တွေ တင်တာ၊ အကောင့်အသစ်တွေ လုပ်တာကို အော်တိုမှတ်သားသော စနစ်ပါ။

ဝင်းဒိုးစ်နှင့် သက်ဆိုင်သော Windows Setting , Softwares , Users Account တွေရဲ့ အချက်အလက်တွေကို နေ့ရက်များ အလိုက်အော်တိုသတ်မှတ်ပေးသော စနစ်ကို System Restore Service လို့ခေါ်ပါတယ်။

သူက အများအားဖြင့် စနစ်ကို ဆော့ဝဲလ်အသစ်တင်တာ ၊ ပြန်ဖြုတ်သော အချိန်နှင့် တစ်ပါတ်တစ်ခါလောက်ကို စနစ်နှင့် ပက်သက်သော လုပ်ဆောင်ချက်များကို အော်တိုမှတ်ထားနိုင်ပါတယ်။

ဒီတော့ System Restore Service က ဘာတွေလုပ်နိုင်လဲ ဘာတွေကောင်းလဲ။

သူ့ရဲ့လုပ်ဆောင်ချက်ကိုက စနစ်ကရှိသမျှသော အချက်အလက်တွေကို နေ့စွဲအလိုက် မှတ်ထားတာကြောင့် တကယ်လို့များ ကွန်ပျူတာ စနစ်မှာ ဆော့ဝဲလ်တစ်ခုခုကို တင်ပြီးမှ ပြဿနာတွေတက်တာ၊ နောက် မက်စ်ဆေ့တွေ ဟိုနေရာကပေါ် ဒီနေရာကပေါ်၊ ပြဿနာတွေကလည်း ဖြစ်နေရင် System Restore က ကျွန်တော်တို့ကို ကယ်နိုင်ပါတယ်။

ဘယ်လိုကယ်နိုင်လဲဆိုတော့ အဲ့လိုပြဿနာမဖြစ်သော နေရက်ကို ကျွန်တော်တို့က ပြန်ဆုတ်ခြင်းကို System Restore က လုပ်နိုင်လို့ပါပဲ။

တကယ်က System Restore ဆိုတာ ကွန်ပျူတာ စနစ်ကို ပြောင်းလဲမှုများသော နေ့ရက်များကို အော်တိုမှတ်ပေးတယ်။ တကယ်လို့များ လက်ရှိမှာ ကွန်ပျူတာ ပြဿနာတက်လာပါက ပြဿနာမတက်ခင်က အချိန်ကို ပြန်ရွေ့ပေးနိုင်သော လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။

သူ့ကို အသုံးပြုမည်ဆိုပါက သူက ကွန်ပျူတာ စနစ်ကို နေ့စွဲအလိုက်ပြောင်းလဲလိုက်မှာမို့ အဲ့ဒီနေ့စွဲမှာ ရှိသော ကွန်ပျူတာ ဆော့ဝဲလ်တွေ၊ ဝင်းဒိုးစ်ပြုပြင်မှုတွေ ၊ အသုံးပြုသူ အကောင့်ဆောင်ရာ အချက်အလက်တွေက လောလောဆယ်နေ့ရက်က အရာများ ပြန်မရနိုင်တော့ပါဘူး။ ကိုယ် Restore ပြုလုပ်လိုက်သော အချိန်က လုပ်ဆောင်ချက်တွေကိုပဲ ပြန်ရမှာပါ။ စနစ်ကို အခုလက်ရှိအချိန်ကနေ တစ်နေ့နေ့သော နေ့ရက်ကို ပြန်ရွေ့ပေးသော လုပ်ဆောင်ချက်ပါပဲ။
သူက Windows XP , 7 နှစ်ခုလုံးမှာ ပါဝင်ပြီး အသုံးပြုရတာ သိပ်မကွာပါဘူး။

Windows XP ကတော့ System Restore က ပြန်အသက်သွင်းနိုင်သော နေ့ရက်များကို ပြက္ခဒိန်ပုံစံနဲ့ ပြသပေးပြီး ပြန်အသက်သွင်းနိုင်သော နေ့ရက်များက စာလုံးအထင်းနဲ့မြင်ရမှာ ဖြစ်ပါတယ်။

Windows 7 ကတော့ တစ်ခါတည်း ပြန်အသက်သွင်းနိုင်သော နေ့ရက်များကို သီးသန့်ဖော်ပြပေးပါတယ်။

သူ့ကို အသုံးပြုဖို့ဆိုရင် Start> All Programs > Accessories > System Tools > System Restore ဆိုပြီးခေါ်သုံးနိုင်ပါတယ်။

အသုံးပြုပုံအသေးစိပ်ကို ကျွန်တော် စာအုပ်လေးလုပ်ထားပါတယ်။ အောက်မှာ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။


Download  


****  အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ ကျွန်တော် ဒီ Windows XP and 7 အသုံးပြုမှု Tutorial လေးက နောက်ဆုံး အဆုံးသတ်ဖြစ်ပါတယ်။
ကျွန်တော့် ဒီသင်ခန်းစာတွေက ညီးမငယ်တစ်ယောက်ကို သင်ကြားစဉ်က အကြောင်းအရာလေးတွေကို ပြန်လည်းမှတ်တမ်းရယူထားတာ ဖြစ်ပါတယ်။
ကျွန်တော်လည်း အတွေ့ကြုံနုသေးတာကြောင်း အမှားများရှိပါက ဝေဖန်ထောက့်ပြနိုင်ပါတယ်ခင်ဗျား။ ****


***  ကိုကိုဇော် ( BE-EC )

Wednesday, September 25, 2013

Word Pad ကို အသုံးပြုခြင်း ( Win XP and 7 Lesson 18 )

















Word Pad ဆိုတာတော့ ဝင်းဒိုးစ် စနစ်မှာ စာစီစာရိုက်ဖို့ အတွက် ထည့်သွင်းပေးထားသော ဆော့ဝဲလ်ပါပဲ။

အကောင်းစား ဆော့ဝဲလ်မဟုတ်သော်လည်း စာစီစာရိုက်သော နေရာမှာတော့ Office Word , Adobe Pagemaker , Open Office , Adobe CS တို့လို လုပ်ဆောင်ချက်သိပ်မများပဲ အသေးစားစာစီ စာရိုက်နိုင်သော ဆော့ဝဲလ်တစ်ခုပါ။

စနစ်မှာ အခြားသော စာစီစာရိုက်ဆော့ဝဲလ်မရှိသော အချိန်မှာတော့ အသုံးပြုလို့အဆင်ပြေပါတယ်။

သူ့ကို အသုံးပြုပုံလေးကို ကျွန်တော်နည်းနည်းလေး ရေးထားပါတယ်။

လိုအပ်သူများ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။

Download  


***  ကိုကိုဇော် ( BE-EC )

Tuesday, September 24, 2013

Folder Options ကိုလေ့လာခြင်း ( Win Xp and 7 Lesson 17 )




















Folder Options ဆိုတာတော့ ဝင်းဒိုးစ်စနစ်မှာ ဖိုင်၊ဖိုဒါတွေကို အဓိက ထိန်းချုပ်သော နေရာ တစ်ခုပါ။

သူ့ဆီကနေပြီး ဘာတွေ ထိန်းချုပ်လဲဆိုတော့ Hidden , System , File Extension စတာတွေကို အဓိက ထိန်းချုပ်ပါတယ်။

Hidden File , Folder ဆိုတာက ကွယ်ဖျောက်ထားသော ဖိုင်၊ဖိုဒါများကို ဆိုလိုပါတယ်။တကယ်က အဲ့ဒီ ဖိုင်၊ဖိုဒါတွေက ရှိပေမဲ့ မမြင်ရပါဘူး။ Folder Options ကနေပြီး ထိန်းချုပ်ကာ ကွယ်ဖျောက်ထားလို့ပါ။

System Files ဆိုတာကတော့ စနစ်တစ်ခုလုံး အသက်ဝင်ဖို့ လုပ်ဆောင်နေသော ဖိုင်များကို ဆိုလိုပါတယ်။ သူတို့ကတော့ ပိုတောင် အရေးကြီးပါတယ်။ သူတို့မရှိရင် ကွန်ပျူတာက ဆက်လက်လည်ပတ်တော့မှာ မဟုတ်ပါဘူး။

ဒါကြောင့်လည်း Folder Options ကနေပြီး ကွယ်ဖျောက်ပေးထားတာပါ။

File Extension  ကတော့ ဖိုင်လို့ဆိုလိုက်တာနဲ့ ဖိုင်တစ်ခုက သူအမည်ရှိသလို သူက ဘာဖိုင်လည်းဆိုတာ သက်သေပြဖို့ File Extension ဆိုတာရှိပါတယ်။

သို့သော်လည်း File တစ်ခုကို Rename လုပ်ဖို့ လုပ်လိုက်ရင် File Name ကို သာ မြင်ရပြီး File Extension ကိုတော့ မမြင်ရပါဘူး။

တကယ်လို့သာ ကျွန်တော်တို့ File Extension ကို သာ မြင်ရပါက File Extension ကိုပါ ပြောင်းလိုက်ရင် ဘာဖိုင်မှန်းကို ကွန်ပျူတာက လုံးဝမသိတော့ပါဘူး။ ဒါကြောင့်လည်း Folder Options က ပိတ်ထားတာပါ။

ကဲ့အဲ့လိုမျိုးအရေးကြီးတဲ့ Folder Options အကြောင့်ကို သိချင်ရင်တော့ ကျွန်တော်သိသလောက်လေး နည်းနည်းရေးထားတာရှိပါတယ်။

အောက်မှာ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။


Download 


**  ကိုကိုဇော် ( BE-EC )

Monday, September 16, 2013

Task Manager ၏ အသုံးဝင်ပုံ ( Win XP and 7 Lesson 16 )




















Windows XP , 7 မှာတော့ Task Manager က အတော်ကို အသုံးဝင်သော လက်နက်တစ်ခုပဲ ဖြစ်ပါတယ်။

ကွန်ပျူတာ စနစ်မှာ လုပ်ဆောင်နေသော ပရိုဂရမ်တွေ၊ နောက် ကိုယ့်ကွန်ပျူတာရဲ့ စွမ်းဆောင်ရည်တွေကို ဖော်ပြကြည့်ရှု့နိုင်သော နေရာတစ်ခုပဲ ဖြစ်ပါတယ်။

Task Manager ကနေပြီး ကွန်ပျူတာ စနစ်မှာ အသုံးပြုနေသော ပရိုဂရမ်လုပ်ဆောင်ချက်များကို ထိန်းချုပ်နိုင်သော အနေအထားမှာ ရှိပါတယ်။

ဒါကြောင့်လည်း ကွန်ပျူတာ ဗိုင်းရပ်တွေ ဝင်လာပါက Task Manager ကို အရင်ဆုံးပိတ်လိုက်တာများပါတယ်။

Task Manager ကို ခေါ်သုံးဖို့ဆိုရင် Task Bar မှာ Right Click > Start Task Manager ဆိုပြီးခေါ်သုံးနိုင်ပါတယ်။

Keyboard Shortcut အနေနဲ့ Ctrl+Alt+Del ကို အသုံးပြုကာလည်း ဖွင့်နိုင်ပါတယ်။

တကယ်လို့များ Task Bar > Right Click မှာ Start Task Manager လေးက မှိန်နေရင်တော့ ကွန်ပျူတာမှာ ဗိုင်းရပ်ရှိနေတာ သေချာသလောက်ရှိနေပါပြီ။

ကျွန်တော်ကတော့ Task Manager ကို ခေါ်သုံးဖို့အတွက် Keyboard Command ကို သဘောကျပါတယ်။ကဲ့သူ့ကို ခေါ်သုံးလိုက်ရအောင် Ctrl+Alt+Del ကီးသုံးခုကို တွဲနှိပ်နိုင်ပါတယ်။

ကဲ့ အသုံးပြုပုံ အသေးစိတ်သိချင်ရင်တော့ အောက်က စာအုပ်လေးကို ဒေါင်းလုပ်ချပြီး ဖတ်ရှု့လေ့လာနိုင်ပါတယ်ခင်ဗျား။



Download


**  ကိုကိုဇော် ( BE-EC )

Tuesday, September 3, 2013

Disk Defragment ( ဖိုင်စီခြင်း ) Win XP and 7 Lesson 15


















Hard Disk ကို အခြေခံကာ ဝင်းဒိုးစ်ကို အသုံးပြုတာကြောင့် ကျွန်တော်တို့ အနေနဲ့ Disk Defragment လုပ်ငန်းစဉ်ကို သိဖို့ လိုအပ်ပါတယ်။

Hard Disk က သူ့ဆီမှာ ဖိုင်များကို သိမ်းဆည်သော စနစ်ကြောင့် ကျွန်တော်တို့ အနေနဲ့ ဖိုင်စီတာကို ပြုလုပ်ရတာပါ။

အကြဉ်းဖျဉ်းပြောရင် Hard Disk က ဖိုင်များကို အတန်းလိုက်ပုံစံသိမ်းတယ်လို့ မှတ်လို့ရပါတယ်။

ဥပမာ။  ။ Hard Disk က ဖိုင်များမှတ်ဖို့ကို အကန့်ဆယ်ကန့် ရှိတယ်ဆိုပါတော့။

သူက ဖိုင်များကို တစ်ကန့်စီအလိုက် အစီစဉ်တကျ သိမ်းပါတယ်။

ဖိုင်ဆယ်ခု သိမ်းလို့ရသော Hard Disk တစ်ခုက အသုံးပြုသူက ဖိုင်ငါးခုကို အသုံးပြုကာ သိမ်တယ်။

နောက် သုံးခုသိမ်းတယ်။ အဲ့ဒီ အထိကတော့ ကွန်ပျူတာက အသိနဲ့ အသုံးပြုသူ အသိကတူပါသေးတယ်။

နောက် ထပ် ဖိုင်နှစ်ခု သိမ်းဖို့ နေရာ ကျန်သေးတယ်ဆိုတာပါ။

အသုံးပြုသူက နောက်ထပ် နေရာမရှိမှာ ကြောက်လို့ ဖိုင်ငါးခုကို ဖျက်လိုက်ရင်တော့ ကွန်ပျူတာနဲ့ ကျွန်တော်တို့ အကြားက ကွာခြားမှုတွေ ဖြစ်လာပါတယ်။

ကျွန်တော်တို့ သိတာက ဖိုင်ရှစ်ခုမှာ ငါးခုကို ဖျက်လိုက်တာကြောင့် သုံးခုသာ နေရာရှိပြီး ခုနှစ်နေရာ ကျန်တယ်လို မှတ်တာပါ။ တကယ်လည်း ခုနှစ်နေရာ ကျန်တာပါပဲ။

ကွန်ပျူတာကတော့ ဖျက်လိုက်တဲ့ ဖိုင်ငါးဖိုင်ကို အသိမှတ်မပြုပါဘူး။ သူဆီမှာ နေရာအလွတ် နှစ်ခုသာ ကျန်ပါတယ်လို့ သတ်မှတ်ပါတယ်။

အဲ့လို ကွာတာကြောင့်လည်း ဖိုင်များ ဖျက်လိုက် ပြန်ထည့်လိုက် လုပ်တာများသော စက်တွေမှာ ဖိုင်ကူယူခြင်း လုပ်ငန်းစဉ်တွေ နှေးကွေးသွားတာ နောက် အဆိုးဆုံးကတော့ Hard Disk Space ရှိရဲ့နဲ့ နေရာ အလွတ်မရှိတော့ဘူးလို့တောင် အချက်ပြတာမျိုးတွေ ကြုံနိုင်ပါတယ်။

Disk Defragement လုပ်တယ်ဆိုတာလဲ အဲ့လို ကွန်ပျူတာနဲ့ အသုံးပြုသူများ ကြားကွာခြားချက်ကို ထိန်းပေးသော လုပ်ငန်းစဉ်ပါ။

Hard Disk က သက်မဲ့ဆိုတော့ သူသိသလိုပဲ ဆောင်ရွက်မှာပါ။

ကဲ့ ဒါဆိုရင်တော့ ကျွန်တော်တို့ ဖျက်လိုက်သော ဖိုင်များနေရာမှာ ကွန်ပျူတာက ပုံမှန် အသိရအောင် Disk Defragment လုပ်လိုက်ရအောင်။

ဝင်းဒိုးစ် စနစ်မှာ Disk Defragment ပြုလုပ်ဖို့ Tool ရှိပါတယ်။

ဆော့ဝဲလ် တခုခုကို အသုံးပြုကာလည်း ဖြေရှင်းချင်ပါက ရှင်းနိုင်ပါတယ်ခင်ဗျာ။

Disk Defragment ပြုလုပ်ဖို့ဆိုရင်တော့ My Computer > Hard Disk ( C: OR D: OR...)

Right Click > Properties > Tools > Defragment now... ကို ကလစ်ရမှာပါ။

အဲ့မှာ ကိုယ် ဖိုင်စီချင်သော Hard Disk ကို ရွေးပြီး ဖိုင်စီသင့် မစီသင့်ကို စစ်ဖို့ Analysis ကို ကလစ်ပါမယ်။

ပြီးသွားပါက ကိုယ့် Hard Disk အပိုင်းလေးမှာ ( ...% Fragmented ) ဆိုတာလေးကို သတိပြုပါ။

စစ်သင့်တာကတော့ 10 % ကျော်ရင် Defragment လုပ်သင့်ပါတယ်။ သူ့ထက် နည်းရင်တော့ မလုပ်လည်း ရတယ်လို့ ဆိုလိုပါတယ်။

Defragment လုပ်ချင်ရင်တော့ Defragment Disk ကိုပဲ ကလစ်ရမှာပါ။

တခုသတိပြုရမှာက Disk Defragment က အချိန်ပေးပြီး လုပ်ရပါတယ်။

အားလပ်သော နေ့များမှာ သာလုပ်သင့်ပါတယ်။

ကျွန်တော် Windows 7 Ultimate 32 Bit Version မှာ ပြထားတာပါ။ OS Version ကွာခြားတာ အနည်းငယ်ပြောင်းလဲ မှု ရှိသောလည်း သဘောတရား အတူတူပဲ ဖြစ်ပါတယ်။

Windows XP မှာတော့ Defragment ကို စစ်ရင် % နဲ့ မရပါဘူး။ Defragment လုပ်သင့်သည်ဆိုသော Sholuld defrag your drive ကဲ့သို့သော စာလေးပေါ်လာတက်ပါတယ်။ အဲ့ဒါ Hard Disk ကို Defragment လုပ်သင့်တယ်လို့ ကွန်ပျူတာ ပြောတာပါ။

ကဲ့ Defragment လေးကို ကိုယ်တိုင်ကိုယ်ကျ အသေးစိတ်ပြုလုပ်ချင်ရင်တော့ ကျွန်တော့်ကွန်ပျူတာပြုလုပ်ပုံလေးနဲ့ ဉပမာပေးကာ စာအုပ်ဖိုင်လေးပြုလုပ်ပေးထားပါတယ်။

အောက်မှာ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။

Download




**  ကိုကိုဇော် ( BE-EC )

Wednesday, July 24, 2013

ကွန်ပျူတာမှာ မလိုအပ်သော ဖိုင်များရှင်းလင်းခြင်း ( Lesson 14 , Windows XP , 7 )


















ကျွန်တော့်အတွက်က နံပါတ် ၁၃ ကို မကြိုက်တာကြောင့် သင်ခန်းစာ ၁၄ ဆိုပြီး ရေးလိုက်တာနော့်။

တစ်ခု ကျော်ရေးတာ မဟုတ်ပါဘူး။

အခု ကျွန်တော် ရေးသားထားသော နည်းလေးကတော့ နည်းနည်းလေး ကွန်ပျူတာ စသုံးခါစ လူများအတွက် အဆင်ပြေစေသော နည်းလမ်းလေး ဖြစ်ပါတယ်။

ကွန်ပျူတာမှာ မလိုအပ်သော ဖိုင်များကို ရှင်းလင်းဖို့အတွက် ဆော့ဝဲလ်များစွာရှိသော်လည်း တစ်ခါတစ်လေမှာ ကိုယ်မှာ ဆော့ဝဲလ်မရှိတာများနှင့် ကြုံရပါက ဝင်းဒိုးစ်က သက်သက်ဖြစ် ကွန်ပျူတာမှာ မလိုအပ်သော ဖိုင်များကို ရှင်းလင်းနိုင်သော နည်းလမ်းလေးကို ရေးသားထားတာလေးပါ။

ကျွန်တော် ရေးထားသော ဖိုင်လေးက 2.5 MB လောက်ရှိပါတယ်။

လိုအပ်သူများ အောက်မှာ ဒေါင်းလုပ်ရယူနိုင်ပါတယ်ခင်ဗျား။

Download

**  ကိုကိုဇော် ( BE-EC )

Sunday, July 7, 2013

မြင်ကွင်းပိုင်းဆိုင်ရာ ပြင်ဆင်မှုများ ( Win XP, 7 Lesson 12 )




















Windows XP , 7 စနစ်က မြင်ကွင်းပိုင်းဆိုင်ရာ ပြင်ဆင်မှုလေးကို ကျွန်တော်ရေးသားပြီးတင်ပေးလိုက်ပါတယ်။

သိပြီးသာလူများအတွက် မရည်ရွယ်ပါဘူး။

ကျွန်တော်လေ့လာထားတာလေးကိုပဲ ဗဟုသုတရရုံလေးရေးထားတာပါ။

ဖိုင်ဆိုဒ်က 2MB နီးပါးရှိပါတယ်။

အောက်မှာ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။

Download

**  ကိုကိုဇော် ( BE-EC )

Wednesday, June 26, 2013

Windows User Account အကြောင်း ( XP, 7 Lesson 11 )















Windows XP , 7 System အပေါ်မှာ အကောင့်တွေဖွင့်တာ ၊ နောက် အကောင့်အမျိုးအစားတွေအကြောင်းကို သိသလောက် ပြန်ရေးပေးလိုက်ပါတယ်။

ကျွန်တော်ရေးထားတာက ဖိုင်ဆိုဒ် 1.5 MB လောက်ရှိပါတယ်။

လိုအပ်သူများ အောက်မှာ ဒေါင်းနိုင်ပါတယ်ခင်ဗျား။

Download

**  ကိုကိုဇော် ( BE-EC )

Saturday, June 22, 2013

Windows XP, 7 Using Lesson 6,7,8,9,10

















ကျွန်တော် ဘလော့ပို့စ်တွေ မတင်ဖြစ်တာ နည်းနည်းတော့ ကြာမြင့်နေပါပြီ။

လာရောက်လေ့လာသူများကို တောင်းပန်ပါတယ်ခင်ဗျား။

အခု ကျွန်တော် ပျက်ကွက်တာကို စုပေါင်းပြီး ဝင်းဒိုးစ် အသုံးချနည်း စမ်းသပ်ချက်များကို ၅ ခုပေါင်းပြီး တင်ပေးလိုက်တယ်နော်။

စိတ်ဝင်စာရင် အောက်မှာသာ ဒေါင်းလိုက်ပါခင်ဗျား။

Properties Box များကိုလေ့လာခြင်း ( Lesson 6 )    
Download                         


Photo Viewer ကိုလေ့လာခြင်း (သို့) ဓါတ်ပုံများဖွင့်ကြည့်ခြင်း ( Lesson 7 )                                    Download


Windows Media Player ကိုလေ့လာခြင်း ( Lesson 8 )                
Download


MS Paint Program ကိုလေ့လာခြင်း ( Lesson 9 ) 
Download


Notepad ကို အသုံးပြုခြင်း ( Lesson 10 )               
Download


**  ကိုကိုဇော် ( BE-EC )

Friday, June 7, 2013

File Manager ( or ) My Computer ကို လေ့​လာ​ခြင်း ( XP , 7 Lesson 5 )


















ကျွန်တော်နည်းနည်းလေ့လာထားတာလေးပါ။

ဘာရယ်မဟုတ်ပေမဲ့လည်း တစ်ခါတစ်လေ လိုအပ်သူများရှိလို့ ကျွန်တော်စမ်းသပ်တာလေးတွေကို တင်ပေးလိုက်တယ်နော့်။

ကျွန်တော် ရေးထားတာလေးက ဖိုင်ဆိုဒ် 7 MB ကျော်ကျော်ရှိပါတယ်။

အောက်မှာ ဒေါင်းလိုက်နော့်။

Download


**  ကိုကိုဇော် ( BE-EC )

Thursday, June 6, 2013

Start Buttom ကို လေ့​လာ​ခြင်းXP and 7 ( Lesson 4 )
















Windows XP and 7 မှာတော့ Start Buttom အတော်ကို အရေးပါသော အနေအထားမှာ ရှိတာမို့ ကျွန်တော့် နည်းနည်းလေးရေးဖြစ်ပါတယ်။

ကျွန်တော်ရေးထားတာလေးက ဖိုင်ဆိုဒ် 500 KB လောက်ပဲရှိပါတယ်။

အောက်မှာ ဒေါင်းလိုက်နော့်။

Download

**  ကိုကိုဇော် ( BE-EC )

Tuesday, June 4, 2013

Windows OS Files တည်ဆောက်​မှု စနစ် ( XP , 7 ) Lesson 3


















ဝင်းဒိုးစ် စနစ်က ဖိုင်တည်ဆောက်မှုကို ကျွန်တော်လေ့လာထားတာလေးကို ပြန်မျှလိုက်တာ ဖြစ်ပါတယ်။

ဘာရယ်မဟုတ်ပါဘူး။ ဝင်းဒိုးစ် စနစ်က အမှားမခံသော ဖိုဒါတွေကို ကျွန်တော် သိသလောက်ပြန်လည်ကာ ရေးသားလိုက်တာ ဖြစ်ပါတယ်။

ကျွန်တော် ရေးထားတာလေးက ဖိုင်ဆိုဒ် 1.5 MB လောက်ရှိပါတယ်။

လိုအပ်သူများ အောက်မှာ ဒေါင်းနိုင်ပါတယ်ခင်ဗျား။

Download

**  ကိုကိုဇော် ( BE-EC )

System Properties ကို လေ့​လာ​ခြင်း XP , 7 ( Lesson 2 )
















ဒီနည်းလေးက လွယ်ပါတယ်။

ကွန်ပျူတာမှာ တပ်ဆင်ထားသော CPU , RAM , OS Type လေးတွေ စုစမ်းသော နည်းလေးပါ။

စုံစမ်းနည်းက လွယ်လွယ်လေးပါ။

My Computer > Right Click > Properties ဆိုပြီး ကြည့်နိုင်ပါတယ်။

ကျွန်တော် Windows XP , 7 နှစ်မျိုးလုံးမှာ စမ်းထားတာလေးကို ဒေါင်းလို့ရအောင် အောက်မှာ ဖော်ပြလိုက်ပါတယ်။

ဖိုင်ဆိုဒ်က 1.5 MB လောက်ရှိပါတယ်။

Download

**  ကိုကိုဇော် ( BE-EC )

Monday, June 3, 2013

Windows XP , 7 အပေါ်​က အခြေ​ခံ​အခေါ်​များ( Lesson 1 )

















ကျွန်တော် Windows XP , 7 တို့ဆီက အသုံးပြုနည်းလေးတွေကို ဘလော့မှာ နေ့စဉ်ပြီးဆုံးတဲ့ အထိတင်ပေးပါမယ်။

အခုပို့စ်ကတော့ ပထမဆုံး ပို့စ်ပါ။

ကွန်ပျူတာ အသုံးပြုမှုမှာ အမှတ်မထင်မိတာလေးတွေကို အခြေခံသမားများအတွက် ရေးသားလိုက်မိပါတယ်။

ကျွန်တော် စာအုပ်ဖိုင်ကိုပဲ မျှပေးပါမယ်။

စာအုပ်ဖိုင်ဆိုဒ်က 2.6 MB လောက်ရှိပါတယ်။

ဝင်းဒိုးစ်က အခေါ်အဝေါ်အသေးစားလေးတွေကို ရေးသားထားတာ ဖြစ်ပါတယ်ခင်ဗျား။

Download


**  ကိုကိုဇော် ( BE-EC )