Sunday, September 29, 2013

System Restore ကို အသုံးပြုခြင်း ( Win XP and 7 Lesson 19 )


















ပထမဆုံး System Restore ဆိုတာ ဘာလဲပေါ့နော့်။

ဝင်းဒိုစ် ကွန်ပျူတာ အသုံးပြုမှု စနစ်မှာ စနစ်ပိုင်းဆိုင်ရာ အချက်အလက်တွေ မပျောက်ပျက်သွားအောင် ကာကွယ်သော စနစ်တစ်ခုရှိပါတယ်။

သူက ဘာတွေ လုပ်တာလဲဆိုတော့ ကွန်ပျူတာ စနစ်မှာ ပြုပြင်မှုတွေလုပ်တာ၊ ဆော့ဝဲလ်တွေ တင်တာ၊ အကောင့်အသစ်တွေ လုပ်တာကို အော်တိုမှတ်သားသော စနစ်ပါ။

ဝင်းဒိုးစ်နှင့် သက်ဆိုင်သော Windows Setting , Softwares , Users Account တွေရဲ့ အချက်အလက်တွေကို နေ့ရက်များ အလိုက်အော်တိုသတ်မှတ်ပေးသော စနစ်ကို System Restore Service လို့ခေါ်ပါတယ်။

သူက အများအားဖြင့် စနစ်ကို ဆော့ဝဲလ်အသစ်တင်တာ ၊ ပြန်ဖြုတ်သော အချိန်နှင့် တစ်ပါတ်တစ်ခါလောက်ကို စနစ်နှင့် ပက်သက်သော လုပ်ဆောင်ချက်များကို အော်တိုမှတ်ထားနိုင်ပါတယ်။

ဒီတော့ System Restore Service က ဘာတွေလုပ်နိုင်လဲ ဘာတွေကောင်းလဲ။

သူ့ရဲ့လုပ်ဆောင်ချက်ကိုက စနစ်ကရှိသမျှသော အချက်အလက်တွေကို နေ့စွဲအလိုက် မှတ်ထားတာကြောင့် တကယ်လို့များ ကွန်ပျူတာ စနစ်မှာ ဆော့ဝဲလ်တစ်ခုခုကို တင်ပြီးမှ ပြဿနာတွေတက်တာ၊ နောက် မက်စ်ဆေ့တွေ ဟိုနေရာကပေါ် ဒီနေရာကပေါ်၊ ပြဿနာတွေကလည်း ဖြစ်နေရင် System Restore က ကျွန်တော်တို့ကို ကယ်နိုင်ပါတယ်။

ဘယ်လိုကယ်နိုင်လဲဆိုတော့ အဲ့လိုပြဿနာမဖြစ်သော နေရက်ကို ကျွန်တော်တို့က ပြန်ဆုတ်ခြင်းကို System Restore က လုပ်နိုင်လို့ပါပဲ။

တကယ်က System Restore ဆိုတာ ကွန်ပျူတာ စနစ်ကို ပြောင်းလဲမှုများသော နေ့ရက်များကို အော်တိုမှတ်ပေးတယ်။ တကယ်လို့များ လက်ရှိမှာ ကွန်ပျူတာ ပြဿနာတက်လာပါက ပြဿနာမတက်ခင်က အချိန်ကို ပြန်ရွေ့ပေးနိုင်သော လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။

သူ့ကို အသုံးပြုမည်ဆိုပါက သူက ကွန်ပျူတာ စနစ်ကို နေ့စွဲအလိုက်ပြောင်းလဲလိုက်မှာမို့ အဲ့ဒီနေ့စွဲမှာ ရှိသော ကွန်ပျူတာ ဆော့ဝဲလ်တွေ၊ ဝင်းဒိုးစ်ပြုပြင်မှုတွေ ၊ အသုံးပြုသူ အကောင့်ဆောင်ရာ အချက်အလက်တွေက လောလောဆယ်နေ့ရက်က အရာများ ပြန်မရနိုင်တော့ပါဘူး။ ကိုယ် Restore ပြုလုပ်လိုက်သော အချိန်က လုပ်ဆောင်ချက်တွေကိုပဲ ပြန်ရမှာပါ။ စနစ်ကို အခုလက်ရှိအချိန်ကနေ တစ်နေ့နေ့သော နေ့ရက်ကို ပြန်ရွေ့ပေးသော လုပ်ဆောင်ချက်ပါပဲ။
သူက Windows XP , 7 နှစ်ခုလုံးမှာ ပါဝင်ပြီး အသုံးပြုရတာ သိပ်မကွာပါဘူး။

Windows XP ကတော့ System Restore က ပြန်အသက်သွင်းနိုင်သော နေ့ရက်များကို ပြက္ခဒိန်ပုံစံနဲ့ ပြသပေးပြီး ပြန်အသက်သွင်းနိုင်သော နေ့ရက်များက စာလုံးအထင်းနဲ့မြင်ရမှာ ဖြစ်ပါတယ်။

Windows 7 ကတော့ တစ်ခါတည်း ပြန်အသက်သွင်းနိုင်သော နေ့ရက်များကို သီးသန့်ဖော်ပြပေးပါတယ်။

သူ့ကို အသုံးပြုဖို့ဆိုရင် Start> All Programs > Accessories > System Tools > System Restore ဆိုပြီးခေါ်သုံးနိုင်ပါတယ်။

အသုံးပြုပုံအသေးစိပ်ကို ကျွန်တော် စာအုပ်လေးလုပ်ထားပါတယ်။ အောက်မှာ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။


Download  


****  အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ ကျွန်တော် ဒီ Windows XP and 7 အသုံးပြုမှု Tutorial လေးက နောက်ဆုံး အဆုံးသတ်ဖြစ်ပါတယ်။
ကျွန်တော့် ဒီသင်ခန်းစာတွေက ညီးမငယ်တစ်ယောက်ကို သင်ကြားစဉ်က အကြောင်းအရာလေးတွေကို ပြန်လည်းမှတ်တမ်းရယူထားတာ ဖြစ်ပါတယ်။
ကျွန်တော်လည်း အတွေ့ကြုံနုသေးတာကြောင်း အမှားများရှိပါက ဝေဖန်ထောက့်ပြနိုင်ပါတယ်ခင်ဗျား။ ****


***  ကိုကိုဇော် ( BE-EC )

0 comments:

Post a Comment