Tuesday, September 3, 2013

Disk Defragment ( ဖိုင်စီခြင်း ) Win XP and 7 Lesson 15


















Hard Disk ကို အခြေခံကာ ဝင်းဒိုးစ်ကို အသုံးပြုတာကြောင့် ကျွန်တော်တို့ အနေနဲ့ Disk Defragment လုပ်ငန်းစဉ်ကို သိဖို့ လိုအပ်ပါတယ်။

Hard Disk က သူ့ဆီမှာ ဖိုင်များကို သိမ်းဆည်သော စနစ်ကြောင့် ကျွန်တော်တို့ အနေနဲ့ ဖိုင်စီတာကို ပြုလုပ်ရတာပါ။

အကြဉ်းဖျဉ်းပြောရင် Hard Disk က ဖိုင်များကို အတန်းလိုက်ပုံစံသိမ်းတယ်လို့ မှတ်လို့ရပါတယ်။

ဥပမာ။  ။ Hard Disk က ဖိုင်များမှတ်ဖို့ကို အကန့်ဆယ်ကန့် ရှိတယ်ဆိုပါတော့။

သူက ဖိုင်များကို တစ်ကန့်စီအလိုက် အစီစဉ်တကျ သိမ်းပါတယ်။

ဖိုင်ဆယ်ခု သိမ်းလို့ရသော Hard Disk တစ်ခုက အသုံးပြုသူက ဖိုင်ငါးခုကို အသုံးပြုကာ သိမ်တယ်။

နောက် သုံးခုသိမ်းတယ်။ အဲ့ဒီ အထိကတော့ ကွန်ပျူတာက အသိနဲ့ အသုံးပြုသူ အသိကတူပါသေးတယ်။

နောက် ထပ် ဖိုင်နှစ်ခု သိမ်းဖို့ နေရာ ကျန်သေးတယ်ဆိုတာပါ။

အသုံးပြုသူက နောက်ထပ် နေရာမရှိမှာ ကြောက်လို့ ဖိုင်ငါးခုကို ဖျက်လိုက်ရင်တော့ ကွန်ပျူတာနဲ့ ကျွန်တော်တို့ အကြားက ကွာခြားမှုတွေ ဖြစ်လာပါတယ်။

ကျွန်တော်တို့ သိတာက ဖိုင်ရှစ်ခုမှာ ငါးခုကို ဖျက်လိုက်တာကြောင့် သုံးခုသာ နေရာရှိပြီး ခုနှစ်နေရာ ကျန်တယ်လို မှတ်တာပါ။ တကယ်လည်း ခုနှစ်နေရာ ကျန်တာပါပဲ။

ကွန်ပျူတာကတော့ ဖျက်လိုက်တဲ့ ဖိုင်ငါးဖိုင်ကို အသိမှတ်မပြုပါဘူး။ သူဆီမှာ နေရာအလွတ် နှစ်ခုသာ ကျန်ပါတယ်လို့ သတ်မှတ်ပါတယ်။

အဲ့လို ကွာတာကြောင့်လည်း ဖိုင်များ ဖျက်လိုက် ပြန်ထည့်လိုက် လုပ်တာများသော စက်တွေမှာ ဖိုင်ကူယူခြင်း လုပ်ငန်းစဉ်တွေ နှေးကွေးသွားတာ နောက် အဆိုးဆုံးကတော့ Hard Disk Space ရှိရဲ့နဲ့ နေရာ အလွတ်မရှိတော့ဘူးလို့တောင် အချက်ပြတာမျိုးတွေ ကြုံနိုင်ပါတယ်။

Disk Defragement လုပ်တယ်ဆိုတာလဲ အဲ့လို ကွန်ပျူတာနဲ့ အသုံးပြုသူများ ကြားကွာခြားချက်ကို ထိန်းပေးသော လုပ်ငန်းစဉ်ပါ။

Hard Disk က သက်မဲ့ဆိုတော့ သူသိသလိုပဲ ဆောင်ရွက်မှာပါ။

ကဲ့ ဒါဆိုရင်တော့ ကျွန်တော်တို့ ဖျက်လိုက်သော ဖိုင်များနေရာမှာ ကွန်ပျူတာက ပုံမှန် အသိရအောင် Disk Defragment လုပ်လိုက်ရအောင်။

ဝင်းဒိုးစ် စနစ်မှာ Disk Defragment ပြုလုပ်ဖို့ Tool ရှိပါတယ်။

ဆော့ဝဲလ် တခုခုကို အသုံးပြုကာလည်း ဖြေရှင်းချင်ပါက ရှင်းနိုင်ပါတယ်ခင်ဗျာ။

Disk Defragment ပြုလုပ်ဖို့ဆိုရင်တော့ My Computer > Hard Disk ( C: OR D: OR...)

Right Click > Properties > Tools > Defragment now... ကို ကလစ်ရမှာပါ။

အဲ့မှာ ကိုယ် ဖိုင်စီချင်သော Hard Disk ကို ရွေးပြီး ဖိုင်စီသင့် မစီသင့်ကို စစ်ဖို့ Analysis ကို ကလစ်ပါမယ်။

ပြီးသွားပါက ကိုယ့် Hard Disk အပိုင်းလေးမှာ ( ...% Fragmented ) ဆိုတာလေးကို သတိပြုပါ။

စစ်သင့်တာကတော့ 10 % ကျော်ရင် Defragment လုပ်သင့်ပါတယ်။ သူ့ထက် နည်းရင်တော့ မလုပ်လည်း ရတယ်လို့ ဆိုလိုပါတယ်။

Defragment လုပ်ချင်ရင်တော့ Defragment Disk ကိုပဲ ကလစ်ရမှာပါ။

တခုသတိပြုရမှာက Disk Defragment က အချိန်ပေးပြီး လုပ်ရပါတယ်။

အားလပ်သော နေ့များမှာ သာလုပ်သင့်ပါတယ်။

ကျွန်တော် Windows 7 Ultimate 32 Bit Version မှာ ပြထားတာပါ။ OS Version ကွာခြားတာ အနည်းငယ်ပြောင်းလဲ မှု ရှိသောလည်း သဘောတရား အတူတူပဲ ဖြစ်ပါတယ်။

Windows XP မှာတော့ Defragment ကို စစ်ရင် % နဲ့ မရပါဘူး။ Defragment လုပ်သင့်သည်ဆိုသော Sholuld defrag your drive ကဲ့သို့သော စာလေးပေါ်လာတက်ပါတယ်။ အဲ့ဒါ Hard Disk ကို Defragment လုပ်သင့်တယ်လို့ ကွန်ပျူတာ ပြောတာပါ။

ကဲ့ Defragment လေးကို ကိုယ်တိုင်ကိုယ်ကျ အသေးစိတ်ပြုလုပ်ချင်ရင်တော့ ကျွန်တော့်ကွန်ပျူတာပြုလုပ်ပုံလေးနဲ့ ဉပမာပေးကာ စာအုပ်ဖိုင်လေးပြုလုပ်ပေးထားပါတယ်။

အောက်မှာ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။

Download




**  ကိုကိုဇော် ( BE-EC )

0 comments:

Post a Comment