Monday, September 16, 2013

Task Manager ၏ အသုံးဝင်ပုံ ( Win XP and 7 Lesson 16 )




















Windows XP , 7 မှာတော့ Task Manager က အတော်ကို အသုံးဝင်သော လက်နက်တစ်ခုပဲ ဖြစ်ပါတယ်။

ကွန်ပျူတာ စနစ်မှာ လုပ်ဆောင်နေသော ပရိုဂရမ်တွေ၊ နောက် ကိုယ့်ကွန်ပျူတာရဲ့ စွမ်းဆောင်ရည်တွေကို ဖော်ပြကြည့်ရှု့နိုင်သော နေရာတစ်ခုပဲ ဖြစ်ပါတယ်။

Task Manager ကနေပြီး ကွန်ပျူတာ စနစ်မှာ အသုံးပြုနေသော ပရိုဂရမ်လုပ်ဆောင်ချက်များကို ထိန်းချုပ်နိုင်သော အနေအထားမှာ ရှိပါတယ်။

ဒါကြောင့်လည်း ကွန်ပျူတာ ဗိုင်းရပ်တွေ ဝင်လာပါက Task Manager ကို အရင်ဆုံးပိတ်လိုက်တာများပါတယ်။

Task Manager ကို ခေါ်သုံးဖို့ဆိုရင် Task Bar မှာ Right Click > Start Task Manager ဆိုပြီးခေါ်သုံးနိုင်ပါတယ်။

Keyboard Shortcut အနေနဲ့ Ctrl+Alt+Del ကို အသုံးပြုကာလည်း ဖွင့်နိုင်ပါတယ်။

တကယ်လို့များ Task Bar > Right Click မှာ Start Task Manager လေးက မှိန်နေရင်တော့ ကွန်ပျူတာမှာ ဗိုင်းရပ်ရှိနေတာ သေချာသလောက်ရှိနေပါပြီ။

ကျွန်တော်ကတော့ Task Manager ကို ခေါ်သုံးဖို့အတွက် Keyboard Command ကို သဘောကျပါတယ်။ကဲ့သူ့ကို ခေါ်သုံးလိုက်ရအောင် Ctrl+Alt+Del ကီးသုံးခုကို တွဲနှိပ်နိုင်ပါတယ်။

ကဲ့ အသုံးပြုပုံ အသေးစိတ်သိချင်ရင်တော့ အောက်က စာအုပ်လေးကို ဒေါင်းလုပ်ချပြီး ဖတ်ရှု့လေ့လာနိုင်ပါတယ်ခင်ဗျား။



Download


**  ကိုကိုဇော် ( BE-EC )

0 comments:

Post a Comment