Tuesday, September 24, 2013

Folder Options ကိုလေ့လာခြင်း ( Win Xp and 7 Lesson 17 )




















Folder Options ဆိုတာတော့ ဝင်းဒိုးစ်စနစ်မှာ ဖိုင်၊ဖိုဒါတွေကို အဓိက ထိန်းချုပ်သော နေရာ တစ်ခုပါ။

သူ့ဆီကနေပြီး ဘာတွေ ထိန်းချုပ်လဲဆိုတော့ Hidden , System , File Extension စတာတွေကို အဓိက ထိန်းချုပ်ပါတယ်။

Hidden File , Folder ဆိုတာက ကွယ်ဖျောက်ထားသော ဖိုင်၊ဖိုဒါများကို ဆိုလိုပါတယ်။တကယ်က အဲ့ဒီ ဖိုင်၊ဖိုဒါတွေက ရှိပေမဲ့ မမြင်ရပါဘူး။ Folder Options ကနေပြီး ထိန်းချုပ်ကာ ကွယ်ဖျောက်ထားလို့ပါ။

System Files ဆိုတာကတော့ စနစ်တစ်ခုလုံး အသက်ဝင်ဖို့ လုပ်ဆောင်နေသော ဖိုင်များကို ဆိုလိုပါတယ်။ သူတို့ကတော့ ပိုတောင် အရေးကြီးပါတယ်။ သူတို့မရှိရင် ကွန်ပျူတာက ဆက်လက်လည်ပတ်တော့မှာ မဟုတ်ပါဘူး။

ဒါကြောင့်လည်း Folder Options ကနေပြီး ကွယ်ဖျောက်ပေးထားတာပါ။

File Extension  ကတော့ ဖိုင်လို့ဆိုလိုက်တာနဲ့ ဖိုင်တစ်ခုက သူအမည်ရှိသလို သူက ဘာဖိုင်လည်းဆိုတာ သက်သေပြဖို့ File Extension ဆိုတာရှိပါတယ်။

သို့သော်လည်း File တစ်ခုကို Rename လုပ်ဖို့ လုပ်လိုက်ရင် File Name ကို သာ မြင်ရပြီး File Extension ကိုတော့ မမြင်ရပါဘူး။

တကယ်လို့သာ ကျွန်တော်တို့ File Extension ကို သာ မြင်ရပါက File Extension ကိုပါ ပြောင်းလိုက်ရင် ဘာဖိုင်မှန်းကို ကွန်ပျူတာက လုံးဝမသိတော့ပါဘူး။ ဒါကြောင့်လည်း Folder Options က ပိတ်ထားတာပါ။

ကဲ့အဲ့လိုမျိုးအရေးကြီးတဲ့ Folder Options အကြောင့်ကို သိချင်ရင်တော့ ကျွန်တော်သိသလောက်လေး နည်းနည်းရေးထားတာရှိပါတယ်။

အောက်မှာ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။


Download 


**  ကိုကိုဇော် ( BE-EC )

0 comments:

Post a Comment