Showing posts with label Python Programming Basic. Show all posts
Showing posts with label Python Programming Basic. Show all posts

Wednesday, May 7, 2014

Python Programming Lesson 11

























အခု သင်ခန်းစာ ၁၁ မှာတော့ ကျွန်တော် Sequence and Lists တွေကို လေ့လာပါမယ်။

Lists ဆိုတာက ဒေလ်တာတွေကို စနစ်တကျ သိုလှောင်ပြီး လိုအပ်သော အခြေနေမှာ ယူသုံးတာမျိုးကို ဆိုလိုပါတယ်။

နောက်ထပ်တစ်ခုအနေနဲ့ ကျွန်တော်တို့ Python Programming Language က tuple ဆိုတာလေးကို ထပ်လေ့လာပါမယ်။

Tuple ဆိုတာကလည်း တန်ဖိုးတွေကို သိုလှောင်တာပဲ ဖြစ်ပါတယ်။ ထူးခြားတာက tuple က စာသား၊ ကိန်းဂဏန်းတန်ဖို: သာမက ကိန်းဂဏန်းနှင့် စာသားအရေထွေး၊ နောက်ဆုံး Video , Music စတာတွေကို တစ်ပြိုင်နက် သိုလှောင်နိုင်တာပဲ ဖြစ်ပါတယ်။ အားနည်းချက်ကတော့ သူက တန်ဖိုးကို အသေသတ်မှတ်တာပဲ ဖြစ်ပြီး တန်ဖိုးကို ပြောင်းလဲလို့မရပါဘူး။

နောက်ထပ်တစ်ခု အနေနဲ့ သင်ခန်းစာ ၁၀ မှာလိုမျိုး Shell မှာ မရေးပဲ ကုဒ်တွေကို ဖိုင်တစ်ခုမှာ သိမ်းပြီး အလုပ်လုပ်ခိုင်းတာကို Module မှာ Run နိုင်ပုံလေးကိုလည်း ထပ်မံရေးပေးထားပါတယ်ခင်ဗျား။

ကဲ့ လိုအပ်သူများ ကျွန်တော် ရေးထားတာလေးကို ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။



Download  




အားလုံး အဆင်ပြေနိုင်ကြပါစေနော့်။။။။။။။။။။။။။။။။

မိဘ၊ သင်ဆရာ မြင်ဆရာ ကြားဆရာ အားလုံးကို ဒီနေရာလေးက ကန့်တော့အပ်ပါတယ်ခင်ဗျား။

အချစ်ဆုံး သူငယ်ချင်းတစ်ယောက် အားလည်း အထူးပင် ကျေးဇူးတင်မိပါတယ်ခင်ဗျား။



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )      www.htarwaiethar.blogspot.com 

Monday, May 5, 2014

Python Programming Basic Lesson 10



















ကျွန်တော် ဒီတစ်ခါတော့ Python Programming က Length Function အသုံးပြုနည်းနဲ့ Python Code တွေကို Shell မှာ မရေးပဲ အပြင်မှာ ဖိုင်ကို တည်ဆောက်ပြီး ခေါ်သုံးသော နည်းလမ်းလေးကို သင်ယူလေ့လာ ဖြစ်ပါတယ်။

ကျွန်တော် လေ့လာထားတာလေးကို ပြန်လည် ရေးသားလိုက်ပါတယ်ခင်ဗျား။

Length Function ကို Python မှာ len() ဆိုပြီး အသုံးပြုနိုင်ပါတယ်။ လုပ်ဆောင်ချက်က စာလုံးတွေ အရေအတွက် ကို ဖော်ပြတာပဲ ဖြစ်ပါတယ်။

နောက်ထပ်လေ့လာစရာက အခုဆိုရင် ကျွန်တော်က အရင်သင်ခန်းစာများကို Python Shell မှာပဲ တိုက်ရိုက်ရေးပြခဲ့တာပါ။ အဲ့လိုမျိုး မဟုတ်ပဲ ကုဒ်တွေကို ဖိုင်တစ်ခုအနေနဲ့ သိမ်းပြီး ပြန်ပြီး အသုံးပြုနည်းလေးကိုပါ ထပ်မံလေ့လာကြတာပေါ့ဗျာ။


ကဲ့ ကျွန်တော်လေ့လာထားတာလေးကို ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။

Download 



အားလုံး အဆင်ပြေပါစေနော့်။


မိဘ၊ သင်ဆရာ မြင်ဆရာ အားလုံးကို ဒီသင်ခန်းစာလေးက ကန်တော့အပ်ပါတယ်ခင်ဗျာ။

အချစ်ဆုံး သူငယ်ချင်း တစ်ယောက်အားလည်း အထူးပင် ကျေးဇူးတင်မိပါတယ်ခင်ဗျား။




Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )      www.htarwaiethar.blogspot.com

Saturday, May 3, 2014

Python Programming Basic Lesson 9






















ဒီတစ်ခါတော့ ကျွန်တော် For Looping ကို လေ့လာဖြစ်ပါတယ်။

ကျွန်တော်လေ့လာထားတာလေးကို ပြန်လည်ပြီး ရေးသားလိုက်ရပါတယ်။

For Looping ကို မပြောခင် For Loop မှာ ရေးပါတဲ့ Range Function လေးနဲ့ စကြတာပေါ့နော့်။ Range Function ဆိုတာက ကိန်းဂဏန်းတွေကို မှတ်စဉ်အနေနဲ့ ဖော်ပြနိုင်သော လုပ်ဆောင်ချက် တစ်ခုပဲ ဖြစ်ပါတယ်။


ကဲ့ ကျွန်တော်ရေးထားတာလေးကို ဒေါင်းလုပ်ခ်ရယူနိုင်ပါပြီခင်ဗျား။

Download



မိဘ၊ သင်ဆရာ မြင်ဆရာ အားလုံးကို ဒီသင်ခန်းစာလေးက နေပြီး ကန်တော့အပ်ပါတယ်ခင်ဗျား။

အချစ်ဆုံး သူငယ်ချင်း တစ်ယောက်အားလည်း အထူးပင် ကျေးဇူးတင်မိပါတယ်ခင်ဗျား။




Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )      www.htarwaiethar.blogspot.com

Friday, May 2, 2014

Python Programming Basic Lesson 8






















ဒီတစ်ခါတော့ ကျွန်တော် Python Programming Language က Logical Operators အကြောင်းလေး လေ့လာဖြစ်ပါတယ်။

ကျွန်တော် လေ့လာဖြစ်တာလေးကို ပြန်လည် ရေးသားလိုက်တာပေါ့နော့်။

Logical Operators သုံးမျိုးရှိတယ်ဗျ။

and , or , not ဆိုပြီး သုံးမျိုး ရှိပါတယ်။ အခုလောလောဆယ်တော့ ကျွန်တော် and , or နှစ်မျိုးကိုပဲ လေ့လာမှာပါ။ not က နည်းနည်းခက်တာမို့ နောက်မှပဲ လေ့လာပါမယ်။

အဲ့ ကျွန်တော် Logical Operators ကို နည်းနည်းတော့ ပြန်ရှင်းလိုက်မယ်နော့်။

Logical Operator and ဆိုတာက အခြေနေနှစ်ခုမှာ နှစ်ခုလုံး မှန်ကန်မှ အလုပ်လုပ်ပါတယ်။ အဲ့ဆို or ကတော့ အခြေနေနှစ်ခုမှာ တစ်ခုပဲ မှန်ရင် အလုပ်လုပ်တာကို ဆိုလိုတာမျိုးပါပဲ။ ကျောင်းတွေမှာ Logical Gates တွေ သင်လာခဲ့ရင်တော့ ကျွန်တော် ရှင်းပြတာက နည်းနည်းလေးလို့တောင် ပြောရမှာပါ။


ကျွန်တော် ရေးထားတဲ့ သင်ခန်းစာ (၈) လေးကို ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။


Download



အားလုံး အဆင်ပြေနိုင်ကြပါစေနော့်။။။။။။။။

မိဘ၊ သင်ဆရာ မြင်ဆရာ အားလုံးကို ဒီသင်ခန်းစာလေးကနေပြီး ကန်တော့အပ်ပါတယ်ခင်ဗျား။
အချစ်ဆုံး သူငယ်ချင်း တစ်ယောက်ကိုလည်း အထူးပင်ကျေးဇူးတင်မိပါတယ်ခင်ဗျား။



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

Thursday, May 1, 2014

Python Programming Basic Lesson 7
























ဒီတစ်ခါတော့ ကျွန်တော် Python Programming Language က Increasement နဲ့ While Loop ကို လေ့လာမိပါတယ်။

ကျွန်တော် လေ့လာထားတာလေးကို ပြန်လည် ရေးသားလိုက်တာပေါ့နော့်။

Increasement ဆိုတာက ဆတိုးကိန်းပေါ့ဗျာ။ While Loop နဲ့ တွဲရေးမှာမို့ Increasement ကို နည်းနည်းလေ့လာရအောင်။

ကျွန်တော် ရေးထားတာလေးကို ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်။

ဖိုင်ဆိုဒ်က 94 KB.


Download





မိဘ၊ သင်ဆရာ မြင်ဆရာ အားလုံးကို ဒီ သင်ခန်းစာလေးကနေပြီး ကန့်တော့အပ်ပါတယ်ခင်ဗျား။

အချစ်ဆုံး သူငယ်ချင်း တစ်ယောက်ကိုလည်း အထူးပင်ကျေးဇူးတင်မိပါတယ်ခင်ဗျား။




Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

Wednesday, April 30, 2014

Python Programming Basic Lesson 6




















ဒီတစ်ခါတော့ ကျွန်တော် Python Programming မှာ if elif else Statement ကို လေ့လာဖြစ်ပါတယ်။

if else Statement အဆက်ပေါ့ဗျာ။

ကျွန်တော် လေ့လာဖြစ်တာလေးကို ပြန်လည်ရေးပေးလိုက်ပါတယ်နော့်။

if else Statement က ရှင်းပါတယ်။ အခြေနေတစ်ခုမှာ စမ်းသပ်ချက်တစ်ခုကို နှိုင်းယှဉ်ပြီး အဖြေကို ထုတ်ယူသော ပုံစံတစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်တော် အခုလေ့လာတဲ့ if elif else Statement ကလည်း if else နဲ့ ဆင်ပါတယ်။ မတူတာက အခြေနေတစ်ခုမှာ စမ်းသပ်ချက် များစွာကို တစ်ပြိုင်နက် စမ်းသပ်နိုင်တာ ဖြစ်တာတစ်ခုပဲ ကွဲပြားတာမျိုးပါ။

မေ့သွားလို့ elif ဆိုတာ else နဲ့ if ပေါင်းထားတာပဲ ဖြစ်ပါတယ်။

ကဲ့ လေ့လာလိုသူများ သင်ခန်းစာ ၆ ကို ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။

ဖိုင်ဆိုဒ်က 110 KB.



Download  


မိဘ၊ သင်ဆရာ မြင်ဆရာ အားလုံးကို ဒီ Tutorial လေးကနေ ကန်တော့အပ်တယ်ခင်ဗျား။

အချစ်ဆုံး သူငယ်ချင်း တစ်ယောက်ကိုလည်း အထူးပင် ကျေးဇူးတင်မိပါတယ်။

အားလုံး အဆင်ပြေနိုင်ကြပါစေ...............



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Tuesday, April 29, 2014

Python Programming Basic Lesson 5





















ဒီတစ်ခါတော့ ကျွန်တော် if နဲ့ else if conditional statement အကြောင်းလေ့လာဖြစ်ပါတယ်။

ကျွန်တော်လေ့လာ ဖြစ်တာလေးကို ပြန်ရေးပေးထားလေးပေါ့နော့်။

If ဆိုတာတော့ အကယ်၍သာပေါ့ဗျာ။ ပရိုဂရမ် အနေနဲ့ ပြောရရင် မောင်မောင်သည် မဖြူရဲ့ အစ်ကိုယ်ဖြစ်လျှင်ပေါ့ တကယ်မှန်ရင် ပရိုဂရမ်က ဆက်အလုပ်လုပ်ပေါ့ မဖြစ်ခဲ့ရင် တစ်မျိုး အဲ့လိုမျိုးတွေပါ။ အဲ့လိုမျိုး အခြေနေကို ရေးသားသော Conditional Statement တွေပဲ ဖြစ်ပါတယ်။

else ဆိုတာတော့ အင်္ဂလိပ်စာမှာတော့ Else If ပေါ့။ နာမည်ကြီးပါပဲ။ if နဲ့ ရေးတာကို အဖြေထုတ်မယ် တကယ်လိုမဟုတ်ခဲ့ရင် else က နောက် အဖြေတစ်ခုကို ထုတ်ပေးနိုင်တယ် အဲ့လိုမျိုးပါ။


ကဲ့ ကျွန်တော် ရေးသားထားသော Tutorial လေးကို လိုအပ်သူများ ဒေါင်းလုပ်ရယူနိုင်ပါပြီး ခင်ဗျား။


Download  



မိဘ၊ သင်ဆရာ မြင်ဆရာ အားလုံးကို ဒီ Tutorial လေးကနေ ကန်တော့အပ်တယ်ခင်ဗျား။

အချစ်ဆုံး သူငယ်ချင်း တစ်ယောက်ကိုလည်း အထူးပင် ကျေးဇူးတင်မိပါတယ်။



အားလုံး အဆင်ပြေနိုင်ကြပါစေဗျာ……….



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Monday, April 28, 2014

Python Programming Basic Lesson 4




















ဒီတစ်ခါတော့ ကျွန်တော် မနေ့က အဆက် input function , raw_input function နှစ်ခုနဲ့ Comparison Operator အကြောင်းကို လေ့လာဖြစ်ပါတယ်။

ကျွန်တော် လေ့လာထားတာလေးကို ပြန်လည်ရေးသားလိုက်မိတယ်ပေါ့နော့်။

input function ကတော့ သင်ခန်းစာ(၃) က Variables တည်ဆောက်မှုများပါဝင်သွားပြီး လုပ်ဆောင်ချက် အနေနဲ့ အသုံးပြုသူ User ရိုက်ထည့်တာကို သိုလှောင်တာပဲ ဖြစ်ပါတယ်။

raw_input function ကလည်း input function လိုပဲ အသုံးပြုသူ ရိုက်ထည့်တာကို သိုလှောင်တာပဲ ဖြစ်ပါတယ်။

သူတို့ နှစ်ခုမှာ ခြားနားတာက input function က ကိန်းဂဏန်းတန်ဖိုးတွေကို သိုလှောင်တာ ဖြစ်ပြီး၊ raw_input function က စာသား Text String တန်ဖိုးကို သိုလှောင်တာပဲ ဖြစ်ပါတယ်။ စာသားတန်ဖိုးနဲ့ ကိန်းဂဏန်းတန်ဖိုး သိုလှောင်တာ ကွဲပြားတာပေါ့ဗျာ။

Comparison Operators တွေက အတော်ကို လွယ်ကူပါတယ်။ နှိုင်းယှဉ်ကိန်းတွေပေါ့ဗျာ။ အမှန်၊အမှားတွေကို နှိုင်းယှဉ်တာမျိုးပါ။

ကိန်းဂဏန်းတွေသာ မက စာသားတန်ဖိုးတွေကိုပါ နှိုင်းယှဉ်နိုင်ပါတယ်။

ဉပမာဗျား ၆ က ငါးထက်ကြီးတယ် ဒါဆို ကျွန်တော် ရေးတာမှားတယ်ပေါ့။ တကယ်လို့များ ငါးက ငါးနဲ့ တူညီတယ် ဒီလိုဆို မှန်တယ်ပေါ့ အဲ့လိုမျိုးတွေပါ။



ကဲ့ လိုအပ်သူများ ဒေါင်းလုပ်ရယူနိုင်ပါတယ်ခင်ဗျား။

ဖိုင်ဆိုဒ်က 116 KB.


Download  



မိဘ၊ သင်ဆရာ မြင်ဆရာ အားလုံးကို ဒီ Tutorial က ကန့်တော့အပ်ပါသည်ခင်ဗျား။

ကျွန်တော့်ကို ဒီလိုမျိုး သင်ခန်းစာတွေ လေ့လာဖြစ်အောင် တိုက်တွန်းပေးသော အချစ်ဆုံးသူငယ်ချင်း တစ်ယောက်အားလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျား။



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Sunday, April 27, 2014

Python Programming Basic Lesson 3



















ဒီတစ်ခါတော့ ကျွန်တော် Python Programming မှာ Variables တည်ဆောက်တာကို လေ့လာပါမယ်။

ကျွန်တော် လေ့လာထားတာလေးကို ပြန်လည်း ရေးထားတာပေါ့နော့်။

Variables ဆိုတာက တန်ဖိုးတွေကို သိုလှောင်တာကို ဆိုလိုပါတယ်။

ဘယ်လိုမျိုး တန်ဖိုးလည်းဆိုတော့ ကိန်းဂဏ္ဏန်းဆိုင်ရာ တန်ဖိုးများ၊ စာသားတန်ဖိုးတွေကို ကို ကိုယ်စားပြု တည်ဆောက်တာမျိုးပဲ ဖြစ်ပါတယ်။

ဉပမာဗျား။။။

x=3
y=5  လိုမျိုး ကျွန်တော်တို့က သတ်မှတ်လိုက်မယ့်ဆိုရင်

x+y=8   x နဲ့ y ကို ပေါင်းတဲ့ တန်ဖိုးက 8 ရတယ်ပေါ့ဗျာ။

ဒါက ကျွန်တော် နမူနာ ပြပေးတာပါ။ တကယ်တမ်း အနေနဲ့ Program တစ်ခုကို တည်ဆောက်ရင် ကျွန်တော်ပြသလိုမျိုး အသေးစားလေးတွေ မဟုတ်ပဲ ကျွန်တော်တို့ တည်ဆောက်ထားတဲ့ Variables တွေမှာ စာသားတန်ဖိုးတွေကိုပါ ထည့်သွင်းနိုင်တာမို့ Variables တည်ဆောက်တာက အရေးပါလာတာကို သိလာမှာပါ။


ကဲ့လိုအပ်သူများ ဒေါင်းလုပ်ရယူနိုင်ပါတယ်နော့်။

ဖိုင်ဆိုဒ်က 126KB.

Download  




မိဘ၊ သင်ဆရာ မြင်ဆရာ အားလုံးကို ဒီစာအုပ်လေးက နေပြီး ကန်တော့ပါတယ်ခင်ဗျား။။။။။

ကျွန်တော့်ကို ဒီသင်ခန်းစာတွေ လေ့ကျင့်ဖြစ်အောင် ဖန်တီးပေးခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်း တစ်ယောက်ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျား။



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Saturday, April 26, 2014

Python Programming Basic Lesson 2



















ဒီနေ့တော့ ကျွန်တော် Python Programming က Math Operator အကြောင်းလေးကို ရေးသားလိုက်ပါတယ်။

ကျွန်တော် လေ့ကျင့်ထားတာကို မှတ်တမ်းယူထားတာ သက်သက်ပဲ ဖြစ်ပါတယ်။

သင်္ချာဆိုင်ရာ တွက်ချက်မှုတွေကို Python နဲ့ ရေးကြည့်တာပေါ့ဗျာ။

အပေါင်း၊နှုတ်၊မြောက်၊စား တို့အပြင် ပါဝါကိန်းကို Python နဲ့ ရေးကြည့်မိတာလေးပါ။

လိုအပ်သူများ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်။

ဖိုင်ဆိုဒ်က 139KB.


Download  



မိဘ၊ သင်ဆရာ မြင်ဆရာ အားလုံးကို ကန့်တော့ပါတယ်ခင်ဗျား။

PS:: Programming ကို လေ့ကျင့်ဖြစ်အောင် တွန်းအားပေးခဲ့သော အချစ်ဆုံး သူငယ်ချင်း တစ်ယောက်အားလည်း အထူးပင်ကျေးဇူးတင်မိပါတယ်။



Posted By

<< HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )   www.htarwaiethar.blogspot.com

Friday, April 25, 2014

Python Programming Basic Lesson 1




















ကျွန်တော် အခု လော်လော်ဆယ် Python Programming Basic လေးကို လက်လှမ်းမှီသလောက် အင်တာနက်မှ ဆရာသမားများ ထံမှ လေ့လာနေပါတယ်။

အခု ကျွန်တော် ရေးသားမည့်အရာလေးက ကျွန်တော် သင်ယူနေသော အကြောင်းအရာကို မှတ်တမ်းယူထားတဲ့ သဘောပဲ ဖြစ်ပါတယ်။

ဒီနေ့တော့ ထုံးစံအတိုင်း ခြေတစ်လှမ်းကပဲ စတင်ရမှာပေါ့လေ။

ကျွန်တော် ဒီနေ့ Python Installer ကို ကွန်ပျူတာမှာ ဘယ်လို ထည့်သွင်းရတယ်၊ နောက် Python Programming Language ကို နည်းနည်း စမ်းထားတာလေးကို စတင်ကာ ရေးသားလိုက်ပါတယ်။

ကျွန်တော်က လေ့လာစ လူတစ်ယောက်သာ ဖြစ်တာမို့ အမှားယွင်းများရှိပါက ထောက်ပြစေလိုပါတယ်ခင်ဗျား။


ကျွန်တော် ဒီနေ့ Python Basic Lesson 1 လေးကို မျှဝေပေးလိုက်ပါတယ်။

ဖိုင်ဆိုဒ်က 600 KB ကျော်ကျော်ပဲ ရှိပါတယ်။

လေ့လာလိုသူများ ဒေါင်းလုပ်ခ်ရယူနိုင်ပါပြီခင်ဗျား။


Download   



Python Programming Language ကို လေ့လာဖြစ်အောင် ကူညီပေးခဲ့သော မိဘနှစ်ပါး၊ သင်ဆရာ၊ မြင်ဆရာ များ အားလုံးကို ဒီစာအုပ်လေးမှ ကန့်တော့ပါတယ်ခင်ဗျား။

PS::  ကျွန်တော့် အချစ်ဆုံး သူငယ်ချင်း တစ်ယောက်ကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com