Monday, April 28, 2014

Python Programming Basic Lesson 4




















ဒီတစ်ခါတော့ ကျွန်တော် မနေ့က အဆက် input function , raw_input function နှစ်ခုနဲ့ Comparison Operator အကြောင်းကို လေ့လာဖြစ်ပါတယ်။

ကျွန်တော် လေ့လာထားတာလေးကို ပြန်လည်ရေးသားလိုက်မိတယ်ပေါ့နော့်။

input function ကတော့ သင်ခန်းစာ(၃) က Variables တည်ဆောက်မှုများပါဝင်သွားပြီး လုပ်ဆောင်ချက် အနေနဲ့ အသုံးပြုသူ User ရိုက်ထည့်တာကို သိုလှောင်တာပဲ ဖြစ်ပါတယ်။

raw_input function ကလည်း input function လိုပဲ အသုံးပြုသူ ရိုက်ထည့်တာကို သိုလှောင်တာပဲ ဖြစ်ပါတယ်။

သူတို့ နှစ်ခုမှာ ခြားနားတာက input function က ကိန်းဂဏန်းတန်ဖိုးတွေကို သိုလှောင်တာ ဖြစ်ပြီး၊ raw_input function က စာသား Text String တန်ဖိုးကို သိုလှောင်တာပဲ ဖြစ်ပါတယ်။ စာသားတန်ဖိုးနဲ့ ကိန်းဂဏန်းတန်ဖိုး သိုလှောင်တာ ကွဲပြားတာပေါ့ဗျာ။

Comparison Operators တွေက အတော်ကို လွယ်ကူပါတယ်။ နှိုင်းယှဉ်ကိန်းတွေပေါ့ဗျာ။ အမှန်၊အမှားတွေကို နှိုင်းယှဉ်တာမျိုးပါ။

ကိန်းဂဏန်းတွေသာ မက စာသားတန်ဖိုးတွေကိုပါ နှိုင်းယှဉ်နိုင်ပါတယ်။

ဉပမာဗျား ၆ က ငါးထက်ကြီးတယ် ဒါဆို ကျွန်တော် ရေးတာမှားတယ်ပေါ့။ တကယ်လို့များ ငါးက ငါးနဲ့ တူညီတယ် ဒီလိုဆို မှန်တယ်ပေါ့ အဲ့လိုမျိုးတွေပါ။



ကဲ့ လိုအပ်သူများ ဒေါင်းလုပ်ရယူနိုင်ပါတယ်ခင်ဗျား။

ဖိုင်ဆိုဒ်က 116 KB.


Download  



မိဘ၊ သင်ဆရာ မြင်ဆရာ အားလုံးကို ဒီ Tutorial က ကန့်တော့အပ်ပါသည်ခင်ဗျား။

ကျွန်တော့်ကို ဒီလိုမျိုး သင်ခန်းစာတွေ လေ့လာဖြစ်အောင် တိုက်တွန်းပေးသော အချစ်ဆုံးသူငယ်ချင်း တစ်ယောက်အားလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျား။



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

0 comments:

Post a Comment