Saturday, August 15, 2015

ဘလော့ဂါမှာ Myanmar Unicode Font Embed ပြုလုပ်ခြင်း ( Android ၊ ပန်းသီး မိုဘိုင်း အပေါ်မှာ ဖတ်နိုင်သည် )

















ကျွန်တော် ဒီနည်းလမ်းကို လိုက်ရှာနေတာ အတော်ကို ကြာနေပါပြီ။

အရင်က ကျွန်တော့်ကို မေးတဲ့လူတစ်ယောက်လည်း ရှိပေမဲ့ ကျွန်တော် မဖြေနိုင်ခဲ့ပါဘူး။

အခုတော့ အဆင်ပြေသွားပါပြီ။

ကျွန်တော်တို့ ဘလော့ဂါမှာ မြန်မာယူနီကုဒ်ကို ကွန်ပျူတာမှာ သာမက စက်ရုပ်တွေမှာတောင် ဖတ်နိုင်အောင် ပြုလုပ်နိုင်သော နည်းလမ်းရှိပါတယ်ခင်ဗျား။

ကျွန်တော့် ဘလော့ဂ်မှာ အရင်တစ်ခါက ရေးသားသော Font Embed System   က ကွန်ပျူတာ ဘလောက်ဇာတွေမှာတော့ အဆင်ပြေပေမဲ့ စက်ရုပ်မှာတော့ စာတွေကို ဖတ်နိုင်မှာ မဟုတ်ပါဘူး။

ဘယ်လိုလုပ်ရမလဲ ဆိုတာတော့ ပထမဆုံး သတိထားရမှာက အရင်က ကျွန်တော့် ဘလော့ဂ်မှာ ဖော်ပြထားသော Font Embed System  ကို ယူနီကုဒ်ကို အသုံးပြုထားပါက အဆင်ပြေမှာ မဟုတ်ပါဘူး။ ဘာမှကို မပြုပြင်ရသေးသော Template အသစ်ဆိုရင်တော့ အဆင်ပြေပါတယ်။

နည်းလမ်းအဟောင်းကို သာ အသုံးပြုထားရင်တော့ နည်းလမ်းအဟောင်းကို အရင်ဖြုတ်ပြီးမှာ အခုနည်းလမ်းကို တစ်ခုတည်း သီးသန့် အသုံးပြုရမှာ ဖြစ်ပါတယ်။



ပြုလုပ်ပုံက

၁) Blogger ကို ဝင်ရောက်ပါ။

၂) Template ကို ကလစ်လုပ်ရပါမယ်။

၃) Customize ကို ကလစ်လုပ်ရပါမယ်။

၄) Advanced ကို ကလစ်လုပ်ရပါမယ်။

၅) Advanced က Add CSS ကို ကလစ်နိုပ်ရပါမယ်။

၆) Add CSS ကို ကလစ်လုပ်လိုက်ပါက CSS Code တွေ ရိုက်ထည့်ဖို့နေရာ လေးကို သတိထားမိမှာပါ။

အဲ့ဒီနေရာလေးမှာ အောက်က ကုဒ်တွေ ကူးထည့်ပေးပါ။



@font-face {
font-family:'MON3 Anonta 1';
src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf');
}
body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}


အဲ့ဒီကုဒ်တွေ ထည့်ပြီးရင်တော့ Apply to blog ကို ဆက်ပြီ ကလစ်လိုက်ရင် ကိုယ့်ဘလော့မှာ မြန်မာယူနီကုဒ်ကို ဖောင့်ရှိရှိ၊ မရှိရှိ ဖတ်နိုင်မှာ ဖြစ်ပါတယ်။

အဲ့မှာ တစ်ခု သတိထားစရာက တစ်ခါတစ်လေမှာ CSS Code တွေ ထည့်ပြီးပေမဲ့ Apply to blog Buttom လေးက မှိန်ပြီး နှိပ်မရ ဖြစ်တက်ပါတယ်။ ကုဒ်တွေနောက်မှာ Enter တွေ သာခေါက်သွားပါ။ တစ်နေရာရာ ရောက်တာနဲ့ Apply to blog Buttom လေးကို နှိပ်လို့ရပါတယ်ခင်ဗျား။


အခုက ယူနီကုဒ်ကို ဘလော့မှာ ထည့်သွင်းတာပဲ ဖြစ်ပါတယ်။

စက်ရုပ်၊ ပန်းသီးတွေမှာ စာတွေ ဖတ်ချင်ရင်တော့ Blogger > Template > Mobile Theme ကို Disable ပြုလုပ်ရပါအုံးပါမယ်ခင်ဗျား။ ဒါမှာ စက်ရုတ်တွေမှာ မြန်မာယူနီကုဒ်ကို ဖတ်နိုင်မှာ ဖြစ်ပါတယ်။



နည်းလမ်းက လွယ်ပါတယ်။

Template မှာ Mobile ဆိုတာလေးကို တွေ့မှာပါ။ သူ့အောက်မှာ စက်သွားပုံလေးရှိပါတယ်။ စက်သွားလေးကို တစ်ချက် ကလစ်လုပ်လိုက်ပါ။

Template > Choose Mobile Template ဆိုသော ခေါင်စဉ်နဲ့ ပုံတစ်ပုံပေါ်လာပါတယ်။

အပေါ်ဆုံးက Yes. Show mobile template on mobile devices.

သူ့အောက်မှာက No. Show desktop template on mobile devices.

မူရင်းကတော့ Yes ဖြစ်နေပါတယ်။ သူ့ကို No လို့ ပြောင်းပေးပါ။

ပြီးရင် Save လုပ်လိုက်ရင် အိုကေသွားပါပြီ။


ကျွန်တော့် ဘလော့ဂ်ကို စက်ရုပ်က မီးမြေခွေ ( Firefox Browser ) မှာ ဖတ်ကြည့်တာတော့ အဆင်မပြေပေမဲ့ ကျွန်တော် စမ်းသပ်ထားသော ဘလော့ဂ်မှာ အဆင်ပြေလို့ ပြန်မျှဝေလိုက်တာ ဖြစ်ပါတယ်။

ကျွန်တော်က Font Embed နည်းလမ်းကို နှစ်ခုလုံး အသုံးပြုထားတာကြောင့် စက်ရုပ်မှာ စာတွေ အပြည့်အဝ မပေါ်တာပါ။ ရက်အနည်းအငယ်အတွင်းမှာ Template ကို ပြောင်းဖို့ အစီစဉ်ရှိပါတယ်။ ကျွန်တော့် ဘလော့ကို စက်ရုပ်မှာ မြင်နိုင်တော့မှာ ဖြစ်ပါတယ်။

ကျွန်တော် ဒီနည်းလမ်းကို ကိုစေတန် ရဲ့ ပို့စ် http://mmuniembed.blogspot.sg/  က နည်းလမ်းကို စမ်းသပ်ပြီး ပြန်လည် မျှဝေလိုက်ပါတယ်ခင်ဗျား။

အဆင်ပြေတာမှာ လုံးဝအဆင်ပြေပါတယ်။ အခုနည်းလမ်း တစ်ခုတည်းနဲ့ Font Embed ရင် ပြောတာပါ။ နည်းတွေ ရောသွားရင်တော့ မရပါဘူး ။ ဒါကြောင့်လည်း ကျွန်တော်လည့် ကျွန်တော့်ဘလော့ဂ်ကို နည်းနည်း ပြင်ဆင်ပါအုံးပါမယ်။

ကျွန်တော် ဒီနည်းကို စမ်းကြည့်တာတော့ ကိုယ့်ဘလော့ဂ်မှာ ဘာနည်းလမ်းကိုမှ မသုံးသေးတဲ့ Blog Template တွေ ဆိုရင် အိုကေပါတယ်။ မဟုတ်ရင်တော့ မရပါဘူး။ ကျွန်တော့် ဘလော့ဂ်ကို စမ်းကြည့်ပြီးပါပြီ။ ဒါနဲ့ ဘလော့ဂ် အသစ်တစ်ခု လုပ်ပြီး စမ်းကြည့်တော့ အဆင်ပြေတာကို တွေ့မိပါတယ်။

နောက် လုံးဝ အဆင်ပြေသော နည်းလမ်းများရှိပါက တင်ဆက်ပေးပါမယ်ခင်ဗျား။


**  S Seven

0 comments:

Post a Comment