Tuesday, May 14, 2013

Blogger မှာ Font Embed ပြုလုပ်ခြင်း



















Font Embed တယ်ဆိုတာတော့ ကျွန်တော်သိတာ ဖောင့်ကို ဘလော့မှာ တစ်ခါတည်း တပ်ထားလိုက်တာမျိုးပါ။

ဘာတွေကောင်းလဲဆိုရင်တော့ အခုကျွန်တော်တို့ ဘလော့ရေးတဲ့ လူတွေက အင်တာနက်မှာ မြန်မာလို မြင်ရဖို့ မြန်မာယူနီကုဒ်ဖောင့် ( သို့ ) ဇော်ဂျီ အစသဖြင့် တစ်ခုခုကို အသုံးပြုကာ ရေးသားပါတယ်။

ဒီတော့ သုံးစွဲသူတွေအတွက် ပြဿနာရှိတာက ဘလော့ရေးသူနဲ့ ဘလော့ကို လာလည်သူနှစ်ယောက်က ဖောင့်အသုံးပြုတာ တူတာမျိုးဆိုရင် ပြဿနာမရှိပါဘူး။

အဲ့ ဘလော့ရေးသူက မြန်မာယူနီကုဒ်ကို အသုံးပြုတယ် ဘလော့ကိုလာလည်သူက ဇော်ဂျီသုံးရင်တော့ တိုင်ပတ်တာပေါ့ဗျာ။

ဒီတော့ အဲ့လိုမျိုးတိုင်မပတ်အောင် ဘလော့ရေးသူက ဘလော့မှာ ဖောင့်ကိုတစ်ခါတည်း တပ်ထားလိုက်ရင်တော့ ဘလော့ကိုလာလည်သူက ဘာဖောင့်ကို သုံးသုံး ကိုယ်ဖော်ပြချင်တာကို ဖတ်နိုင်တာပေါ့ဗျာ။

ဖောင့်ကို ဘလော့မှာ တစ်ခါတည်းတပ်ဆင်ဖို့ကို ကျွန်တော်သိတာတော့ http://mywebfont.appspot.com/    ဆိုသော ဝက်ဆိုဒ်ပါ။

အဲ့မှာ ဘလော့မှာ ဖောင့်တစ်ခါတည်းတပ်ဆင်ဖို့ နည်းလမ်းကို ရေးထားတာတွေ့မိပါတယ်။

ဒီတော့ ကျွန်တော်လည်း စမ်းကြည့်တာ အဆင်ပြေပါတယ်။

Blogger Html ထဲမှာ CSS Code လေးတွေ ကြေငြာလိုက်ရင်ရပါတယ်။

ကျွန်တော်က မြန်မာယူနီကုဒ် Myanmar3 Font ကို အသုံးပြုကာ ဘလော့ကို ရေးသားပါတယ်။အရင်ကတော့ ဇော်ဂျီ၊မြန်မာယူနီကုဒ် အသုံးပြုသူနှစ်ဉီးလုံး အဆင်ပြေအောင် ဖောင့်ပြောင်းသော အရာလေးတပ်ထားပေးပါတယ်။

အခုကတော့ ဘလော့မှာ ဖောင့်တစ်ခါတည်းပဲ တပ်ဆင်လိုက်ပါတော့တယ်။

ပထမဆုံး ကိုယ့်ဘလော့မှာ ဖောင့်ကိုတပ်ဆင်လိုပါက http://mywebfont.appspot.com/    သို့သွားရောက်ကာ ကိုယ်နဲ့ သက်ဆိုင်သော ဖောင့်ကိုဒ်ကို ရယူနိုင်ပါတယ်။

Myanmar3 အတွက် CSS Link က
<link href='http://mywebfont.appspot.com/css?font=myanmar3' rel='stylesheet' type='text/css'/>

Font Family က
font-family:Myanmar3,Yunghkio,'Masterpiece Uni Sans';

သူတို့နှစ်ခုကို ဘလော့မှာ ကြေငြာလိုက်ရင် အိုကေသွားပါမယ်။
ပြုလုပ်နည်းက

Blogger ကို မိမိအကောင့်နဲ့ Sign In ဝင်ရောက်ပါ။
Dashboard ကို သွားရောက်ပါ။
Template ကို ကလစ်ပါ။
Edit Html ကို ကလစ်ပါ။
Html ထဲသို့ရောက်သွားပါက Edit Template ကို ကလစ်ပါ။

ကီးဘုတ်ကနေပြီး Ctrl+F အကူနဲ့ <head> ဆိုတာကို ရှာပါ။
သူ့အောက်မှာ CSS Link ကို ထားပေးပါ။

<head>
<link href='http://mywebfont.appspot.com/css?font=myanmar3' rel='stylesheet' type='text/css'/>

အပေါ်ကလို ပုံစံမျိုးပါ။မပြီးသေးပါဘူး။ Font Family ထည့်ပေးရပါမယ်။

Ctrl+F အကူနဲ့ font-family ကိုရှာပါ။ တွေ့ပါက သူ့တို့မူရင့်ဖောင့်နေရာမှာ

font-family:Myanmar3,Yunghkio,'Masterpiece Uni Sans';

ဆိုတာကို အစားထိုးပေးပါ။
ကျွန်တော့်ဘလော့မှာတော့ Font Family က တစ်နေရာပဲ ရှိပါတယ်။ ပြီးတော့ Save လုပ်လိုက်ပေါ့ဗျာ။

ကျွန်တော်က မြန်မာယူနီကုဒ် Myanmar3 တစ်ခုတည်းကိုပဲ ပြောသွားပါတယ်။ တကယ်က ဇော်ဂျီ နှင့် ကျန်သော ဖောင့်တွေကိုလည်း ဘလော့မှာ တစ်ခါတည်း ဖောင့်တပ်ထားလို့ရပါတယ်။

တကယ်က ဘလော့ဂါမှာ ဖောင့်တပ်တာက <head> အောက်မှာ CSS Link တစ်ခုကို ကြေငြာပါတယ်။

နောက် font-family:….. စသော မူရင်းဖောင့်နေရာမှာ ကျွန်တော်တို့ CSS မှာ ကြေငြာခဲ့သော ဖောင့်လေးပြောင်းလိုက်တာပဲ ဖြစ်ပါတယ်။
















**  ကိုကိုဇော် ( BE-EC )

0 comments:

Post a Comment