Sunday, August 16, 2015

USB device is not recognized ကို ဖြေရှင်းနည်း
























 ဒါကတော့အကိုတစ်ယောက်မေးထားတာလေးပါ..။ကျွန်တော်တို့ကွန်ပျူတာမှ USB Drive ကိုတပ်လိုက်တဲ့
အခါမှာ USB device is not recognized ဆိုပြီးသတိပေး Box လေးပေါ်လာ ရင်ဘယ်လိုဖြေရှင်းရမ လဲဆိုတဲ့နည်းလမ်းလေးတွေ ကိုကျွန်တော်လေ့လာမိ သလောက်ပြန်ပြီးတော့မျှဝေပေး သွားပါမယ်..။

အရင်ဆုံးကီးဘုတ်မှ Windows + R ကိုနှိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ..။ပြီးရင် Run Box ထဲမှာ
Devmgmt.msc လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ..။ဒါဆိုရင် Device Manager လေးပွင့်လာ
ပါလိမ့်မယ်.. ။ပြီးရင် Menu နေရာလေးကို Right Click ပေးပြီး Scan for hardware changes
လေးပေးလိုက်ပါ..။ဒါဆိုရင်မိမိတို့ကွန်ပျူတာကနေပြီးတော့ USB Drive လေးကို Scan ဖတ်ပြီးရှာ ပေးခြင်းဖြင့်လည်းအဆင်ပြေနိုင်စေပါတယ်..။တကယ်လို့ဒီနည်းလမ်းနဲ့ အဆင်မပြေဘူးဆိုရင်အောက် ကနည်းလမ်းလေးကိုဆက်ပြီးသုံးကြည့်ပါ..။


 အပေါ်ကနည်းလမ်းလေးနဲ့အဆင်မပြေဘူးဆိုရင်တော့အောက်ကနည်းလမ်းလေးကိုဆက်ပြီးလုပ်ကြည့်လိုက်
ပါ..။အပေါ်မှာပြထားတဲ့နည်းလမ်းလေးအတိုင်း Drive Manager ကိုဖွင့်လိုက်ပါ..။
Universal Serial Bus controllers ကိုဆက်ပြီးသွားပါ..။


ပြီးရင် Universal Serial Bus controllers က USB Root Hub မှာ Right Click ထောက်ပြီး
Properties ကိုသွားပါ..။ပြီးရင်တော့အောက်ကပုံလေးတွေမှာပြထားတဲ့အတိုင်းအဆင့်ဆင့်လိုက်
လုပ်ပေးလိုက်ပါ..။

OK ပေးပြီးပြီဆိုရင်တော့ Menu နေရာလေးကို Right Click ပေးပြီး Scan for hardware
changes ပြန်လုပ်ကြည့်လိုက်ပါ..။

ဒါဆိုရင်တော့ Windows က USB Drive လေးကိုပြန်ပြီး recognizes ဖြစ်သွားပါလိမ့်မယ်..။ပြီးရင်တော့
Drive Manager လေးကိုပြန်ပြီးပိတ်လိုက်ယုံပါပဲ..။ဒီနည်းလမ်းနဲ့လဲအဆင်မပြေသေးဘူးဆိုရင်တော့အောက်
ကနည်းလမ်းလေးအတိုင်းလုပ်ကြည့်လိုက်ပါ..။

အရင်ဆုံး USB Drive ကိုဖြုတ်လိုက်ပါ..။ပြီးရင်ကွန်ပျူတာကို restart ပေးလိုက်ပါ..။5 second ,
6 second စောင့်ပြီး USB Drive ကိုပြန်တပ်လိုက်ပါ..။ဒါဆိုရင်အဆင်ပြေသွားပါလိမ့်မယ်..။



















Credit :  လွမ်း ( နည်းပညာ )  


Posted By

<<  Zaw Lay  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.org

0 comments:

Post a Comment