Showing posts with label Online Knowledge. Show all posts
Showing posts with label Online Knowledge. Show all posts

Tuesday, August 25, 2015

Clash Of Clans Account ရဲ့ ID Gmail Change နည်း



                အကြောင်းအမျိုးမျိုးကြောင့် မိမိ COC Account ID ရဲ့ Gmail ကို ပြောင်းပြီး တခြား Gmail အသစ်ဖြင့် ချိတ်ဆက် အသုံးပြုချင်သူများအတွက် အဆင်ပြေမဲ့ နည်းလမ်းလေးပါ။  မိမိရဲ့ လက်ရှိ ပြောင်းမဲ့ COC Account ကို ဖုန်းဖြင့် ချိတ်ဆက်ပြီး COC Game ကို ၀င်လိုက်ပါ။
 
            အောက်တွင်ပြထားသည့်အတိုင်း COC ရဲ့ Settings ထဲသို့ဝင်ရန် Settings အား နှိပ်လိုက်ပါ။
 

    ဒါဆိုရင် အောက်တွင် ပြထားသည့်အတိုင်း Settings ထဲရောက်ရှိသွားပါမည်။ ပြီးရင်တော့ Help and Support သို့ ၀င်လိုက်ပါ။


          နောက်တစ်ဆင့်အနေဖြင့် Account ဆိုင်ရာ Setting သို့သွားရန် ပြထားသည့် My Account သို့ဝင်ပါ။
 
   
  ဒီအဆင့်ကတော့ Gmail နှင့်ဆိုင်သော လုပ်ဆောင်ချက်အတွက် Save your progress with Google Play ကို ရွေးချယ်လိုက်ပါ။ 

    
 သင့် COC Account ID ရဲ့ Gmail ကိုပြောင်းရန် ပြထားသည့်အတိုင်း Message icon လေးကို နှိပ်လိုက်ပါ။
 
     
  နောက်တစ်ဆင့်အနေဖြင့် Clash Of Clans ကို Mail Message ပို့ရန် အောက်ပါအတိုင်း Box ပေါ်လာပါမည်။
 
          
   ကျွန်တော်ရိုက်ထားသလို့မျိုး ရိုက်ပြီး အောက်က COC ID Gmail ထည့်ပြီး Send ခလုပ်ကို နှိပ်ပေးရပါမည်။
 
   
        Message ပို့ပြီး တစ်ရက်၊ နှစ်ရက်လောက် စောင့်လိုက်ပါ။ ပြထားသည့်အတိုင်း Clash of Clans ရဲ့ Help And Support မှ စာပြန်ပို့သော Notification ပြနေပါလိမ့်မည်။

           
      ထို Setting ထဲဝင်လိုက်ပြီး အောက်တွင် ပြထားသည့် Help And Support သို့ဝင်ပါ။
 
             
          အောက်တွင်တွေ့ရသည့်အတိုင်း Clash Of Clans ရဲ့ Help and Support မှ သင့်ကို ပို့ပေးထားသော Message ကို တွေ့ရပါမည်။
 
 
         ကဲ ကျွန်တော်ပြထားတဲ့ Clash of Clans ရဲ့ မေးခွန်းတွေပါတဲ့ စာသားများကို လိုက်ရှာလိုက်ပါ။

မေးထားတဲ့ မေးခွန်းတွေကတော့
(၁) ဒီအကောင့်ကို ဘယ်အချိန်မှာ စပြီး ကစားတာလဲ?
(၂) ဒီအကောင့်ကို ဘယ်နေရာ (ဘယ်မြို့)မှာ ပြုလုပ်ခဲ့တာလဲ?
(၃) ဒီအကောင့်ကို ၀င်ရောက် အသုံးပြုခဲ့သည့် Device သို့ Devices များကဘာလဲ?
          ဒီမေးခွန်းတွေကို ဖြေဖို့ဆိုရင်တော့ မေးခွန်း (၁)အတွက် ဒီအကောင့် COC ကို သင့်စပြီး ကစားခဲ့တဲ့ ရက်စွဲကို အနီးစပ်ဆုံး ဖြေပေးရပါမည်။ အနည်းဆုံးတော့ လ နှင့် နှစ် မှန်ရန်လိုအပ်ပါသည်။
        မေးခွန်း (၂) အတွက် စပြီးကစားခဲ့တဲ့ မြို့အမည်ပါ။ သင်က ရန်ကုန်မှာ ကစားခဲ့တယ်ဆိုရင်တော့ Rangoon ပေါ့။ မန္တလေးမှာ ဆိုရင်တော့ Mandalay ပေါ့။
       မေးခွန်း (၃) အတွက်ကတော့ သင့် ဒီအကောင့်ကို ၀င်ရောက်ကစားခဲ့သော ဖုန်းတစ်လုံးဆိုလျှင် တစ်လုံး၊ တစ်လုံးထပ်မက အများကြီးမှာ ကစားခဲ့ရင် အားလုံး ထည့်ရေးဖို့လိုအပ်ပါသည်။ ဥပမာ Huawei C8813, Acer Z210, Samsung Galaxy Grand Duos အစရှိသည်ဖြင့် အတိအကျ Model No ကိုပါ ရေးသားပေးပြီး Send ကို နှိပ်လိုက်ပါ။
      နောက်ထပ် တစ်ရက်လောက်နေရင် Clash Of Clans မှ ထပ်ပြီး Message ပို့ပေးပါလိမ့်မည်။ သင်ဖြေဆိုမှု အောင်မြင်ရင်တော့ သင့်ရဲ့ အကောင့်ကို လက်ရှိ ID Gmail မှ အောက်ပါအတိုင်း Disconnected ဖြစ်သွားပါလိမ့်မည်။

ကဲ အဲဒါဆိုရင်တော့ သင့်စိတ်ကြိုက် မချိတ်ဆက်ထားရသေးသော Gmail Account တစ်ခုခုဖြင့် ချိတ်ဆက်ဖို့ Disconnected ကို နှိပ်ပြီး ချိတ်ဆက်နို်င်ပါပြီ။
                                                                                                                                                                                                  
                                                                                      ကိုမြတ် (MICT Garden)
    
    ကျွန်တော်ရဲ့ Techspace Journal Volume.4, Issue.20/ August 25, 2015 (Tuseday) နေ့ထုပ်တွင် 
 
ရေးသားထားသော စာမူလေးပါ။

အဆင်မပြေမှုတစ်စုံတစ်ရာ၊ ဝေဖန် အကြံပြုမှု တစ်စုံတစ်ရာ ရှိပါက Comment ဖြင့် မှာခဲ့နိုင်ပါသည်။

အားလုံးကို ကျေးဇူးတင်ပါသည်။

 

Tuesday, August 11, 2015

Clash Of Clans (COC) Gem ကို PayPal Account ဖြင့်ဝယ်ယူနည်း

Clash Of Clan (COC) Game ရဲ့ Gem ကို PayPal Online Payment Account ဖြင့် ၀ယ်ယူနိုင်မည့်  နည်းလမ်းလေးပဲ ဖြစ်ပါသည်။ 
          COC Gem ကို ၀ယ်ယူလို့ရတဲ့နည်းလမ်းများအနေဖြင့် လူသိများတဲ့နည်းစနစ်ကတော့ Android အတွက်ဆို Google Play Store Gift Card ဖြင့်ဝယ်ယူနည်းနှင့် iOS Device များအတွက်ဆိုရင် iTunes Gift Card ဖြင့်ဝယ်ယူနည်းတို့ပဲဖြစ်ပါသည်။ ဒါကတော့ COC Gem ကို PayPal Online Payment Account ဖြင့် Gem ၀ယ်နည်းလေးပါ။ Google Play Store က ခွင့်ပြုထားတဲ့ လူသိနည်းတဲ့ Payment Method လေးပါ။ လိုအပ်ချက်အနေဖြင့် သင့်ရဲ့ Google Play Store Application ကို Version 5.0 ထက် မြှင့်ဖို့လိုအပ်ပါသည်။ ဒါမှသာ PayPal Payment Method ကို လက်ခံမှာဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံသည် Google မှ တရားဝင် လက်ခံထားခြင်း မရှိသည့်အတွက်ကြောင့် VPN Apk ဖြင့် US IP (သို့မဟုတ်) အခြားသော Google လက်ခံသော IP သို့ ပြောင်းလဲပြီး ၀ယ်ယူရမှာဖြစ်ပါသည်။ ဒါကြောင့် VPN Apk တစ်ခုခုဖြင့် VPN ပြောင်းလဲဖို့ လိုအပ်ပါမည်။
အဲဒါတွေအားလုံးအဆင်သင့်ဖြစ်ပြီးဆိုရင်တော့ VPN ပြောင်းပြီး COC Game ကိုဖွင့်လိုက်ပါ။ Shop ကိုဝင်ပြီး Gem ၀ယ်ရန် Treasure Box သို့ အောက်တွင်တွေ့ရသည့်အတိုင်း ၀င်လိုက်ပါ။

        ၀ယ်ယူမည့် Gem အရေအတွက်ကို ရွေးချယ်ပါ။ ကျွန်တော်ကတော့ 2500 Gem ဒေါ်လာ $19.99 တန်ကို အောက်တွင် ပြထားသည့်အတိုင်း ရွေးချယ်လိုက်ပြီး Continue ကိုနှိပ်လိုက်ပါ။

နောက်ထပ်အဆင့်အနေဖြင့် PayPal ဖြင့် ငွေချေစနစ်ရွေးချယ်ရန် အောက်တွင် တွေ့ရသည့် Payment Options ကို ရွေးချယ်လိုက်ပါ။
        Payment Options ပေါ်လာပါက အောက်ဆုံးရှိ Add PayPal ကိုရွေးချယ်ပေးပါ။
        ယခုအဆင့်ကတော့ PayPal Account ရဲ့ အဓိကအချက်အလက်ဖြစ်သည့် PayPal Account ဖွင့်ထားသည့် Email နှင့် Password ရိုက်ပေးရပါမည်။
PayPal Email နှင့် Password ရိုက်ပြီးပါက Confirm နှိပ်ပြီး ရှေ့ဆက်သွားနိုင်ပါသည်။ ဒီအဆင့်မှာ PayPal Email နှင့် Password မှားနေပါက ပြန်ရိုက်ခိုင်းပါမည်။ နောက်ပြီး PayPal Account ထဲတွင် အနည်းဆုံး $19.99 မရှိပါက ရှေ့ဆက်သွားခိုင်းမည်မဟုတ်ပါ။
နောက်ဆုံးအဆင့်အနေဖြင့် Google Play Store တွင် Sign In လုပ်ထားသော Gmail Password ကို ရိုက်ခိုင်းခြင်းဖြစ်ပါသည်။ Password မှန်ကန်မှသာလျှင် ၀ယ်ခွင့်ပြုမည်ဖြစ်ပါသည်။
  အားလုံးသော အထက်ကအဆင့်များ မှန်ကန်ခဲ့ပါက အောက်တွင်ပြထားသည့် နောက်ဆုံး ၀ယ်ယူခြင်း လုပ်ဆောင်ချက်အတွက် Buy ပေါ်လာပါမည်။ ဒီမှာ Buy နှိပ်လိုက်ရုံဖြင့် သင့်ရဲ့ Clash Of Clans (COC) Game ထဲမှာ Gem အရေအတွက် 2500 ထည့်ပေါင်း ပေးပါလိမ့်မည်။

ဒါကတော့ ကျွန်တော်ရဲ့ Clash Of Clan (COC) Account လေးပါ။ မဝယ်ခင်က Gem အရေအတွက် 627 ပဲရှိပါသည်။ အခုတော့ Gem အရေအတွက် 3127 ဖြစ်သွားပါပြီ။ 5th Builder လေးဝယ်ဖို့လုံးဝ အဆင်ပြေသွားခဲ့ပါပြီ။
                                                                                                 ကိုမြတ် (MICT Garden)
August 11, 2015 ဒီနေ့ ထုတ် TechSpace Journal, Volume.4, Issue.18 တွင် ရေးသားခဲ့သော ကျွန်တော်ရဲ့ Post လေးပါ။

Thursday, July 30, 2015

Kaspersky Internet Security 2015 အတွက် ၃ နှစ် လိုင်စင် Keys ကို 12000 ကျပ်

Kaspersky Internet Security ၃ နှစ်လိုင်စင် Keys ကို 12000 ကျပ်ဖြင့် ရောင်းချပေးနေပါသည်။
Hong Kong ဗားရှင်းဖြစ်တဲ့အတွက် တရုတ်စာရယ်၊ English စာရယ်ကို ကြိုက်နှစ်သက်ရာ ရွေးချယ်အသုံးပြုနိုင်ပါသည်။ Cracked Version မဟုတ်ပါဘူး။ လုံးဝ Keys ကို ရောင်းပေးခြင်းဖြစ်ပါသည်။ ၃ နှစ်လိုင်စင် ဖြစ်သည့်အတွက် 31-12-2017 အထိ လိုင်စင်ဖြစ်ပါသည်။
Kaspersky အတွက်တင်မဟုတ်ပါဘူး အားလုံးသော Online ငွေချေစနစ်ဖြင့် ၀ယ်ယူရသော Application များ၊ စာအုပ်များ၊ သီးချင်း၊ Movies အားလုံးအလုံးသော Online ငွေချေစနစ်အားလုံးကို မြန်မာငွေဖြင့် ဒေါ်လာပေါက်စျေးအတိုင်းတွက်ပြီး ၀န်ဆောင်ခ အနည်းငယ်သာယူပြီး ငွေချေပေးသော Online Market တစ်ခုပဲဖြစ်ပါသည်။

စိတ်ဝင်စားရင်တော့ အောက်က Link မှဝင်ရောက်ပြီး ကြည့်နိုင်ပါသည်။

www.ucapay.com





UCAPAY မှ ကုန်ပစ္စည်းများအကြောင်း သိရှိလို့သည်များနှင့် မေးမြန်းဆက်သွယ်ရမည့်လိပ်စာ


အမှတ် (6)မြေညီထပ်, အမှတ် (8/A) ပထမထပ်၊ အမှတ် (10/B)မြေညီထပ်
(၃)ရက်ကွပ်


Hot Lines Only for Market

09-263704051
09-263704052
09-263704053
09-263704054
09-263704055
09-263704056

Office Lines -

01-502094
01-523695
01-516973

UCAPAY Online Market နှင့် သိရှိလိုသိများရှိပါက ကျွန်တော်(ကိုမြတ် (MICT Garden)နှင့် တိုက်ရိုက်တွေ့လိုပါက 09-263704051 သို့ ဆက်သွယ်နိုင်ပါသည်။


အဆင်မပြေမှုတစ်စုံတစ်ရာ၊ ဝေဖန် အကြံပြုမှု တစ်စုံတစ်ရာ ရှိပါက Comment ဖြင့် မှာခဲ့နိုင်ပါသည်။

အားလုံးကို ကျေးဇူးတင်ပါသည်။


ကိုမြတ် (MICT Garden)

www.mictgarden.com

Saturday, July 25, 2015

Online ပေါ်မှာတင် Zawgyi ကနေ Unicode အပြန်အလှန်ပြောင်းပေးမည့် Website

   ဒီ Webpage ကတော့ Zawgyi Font ဖြင့် ရေးထားသည့်စာများကို Unicode Font ဖြင့် လုံးဝတိကျစွာပြောင်းပေးသောစနစ်ဖြစ်ပါသည်။ ထိုအတူပဲ Unicode ဖြင့် ရေးသားထားသော စာများကိုလည်း Zawgyi Font ဖြင့် အတိအကျ ပြောင်းပေးသော စနစ်ဖြစ်ပါသည်။
          ဒါလေးကိုသွားတွေ့ဖြစ်တာကလည်း ကျွန်တော်ရဲ့ ဘော်ဘော်ကြီးကြောင့်ပါ။ သူကတော့ 2007 က နည်းပညာတက္ကသိုလ်(တောင်ငူ) မှာ အတူတူကျောင်းတက်ဖြစ်ရင်း Java အကြောင်း၊ ကွန်ပျူတာအကြောင်း၊ Bill Gate အကြောင်း၊ Steve Job အကြောင်း လူအမြင်ကပ်ဖွယ် အလုအငြင်းပြောဆိုခဲ့ကြရင်း၊ www.webs.com မှာ Blog တွေရေးရင်း၊ Circuit များ၊ PLC များထဲမှာ ခေါင်းခြင်းဆိုင် နေလာခဲ့ကြတဲ့ သူငယ်ချင်း အရင်းကြီးပေါ့။ အခုတော့လည်း တစ်ယောက် တစ်နေရာနဲ့ လူချင်း မတွေ့ဖြစ်ခဲ့သည်မှာ 5 နှစ်တောင်ရှိပါပြီ။ Online ပေါ်မှာကတော့ အမြဲတွေ့ဖြစ်၊ စုံဖြစ်ပါသည်။
            သူကလည်း သူရဲ့ www.htarwaithar.org လေးကို ကိုကိုဇော် (BE EC) အမည်ဖြင့်ရေး၊  ကျွန်တော်ကလည်း ကျွန်တော်ဟာတွေနဲ့ ကျွန်တော်ပေါ့ လုံးချာလိုက်လို့။ သူ Page မှာ Post တင်ဖို့ပြောတိုင်း အဆင်မပြေဘူးဖြစ်နေတယ်။ ကျွန်တော်က Zawgyi Font သုံးတယ်၊ သူကတော့ Unicode Font သုံးတော့ စဉ်းစားသာကြည့်ပေတော့ Post တစ်ခုကို နှစ်ခါရိုက်ရမဲ့ဘဝ မသေးလှဘူး။ အခုတော့ တော်တော်ကြာပါပြီ ကျွန်တော် ရှာဖွေကြည့်တော့ ဒီ Page လေးကြောင့်ပဲ အဆင်ပြေ သွားခဲ့ပါသည်။ ဒါလေးနဲ့ပဲ သူ့ရဲ့ Page ကိုကျွန်တော် Post တွေ တင်ပေးဖြစ်တယ်ပေါ့ဗျာ။

Page လိပ်စာကတော့

www.mrdba.info



အပေါ်က Highlight လုပ်ထားသော Unicoder Convertor နှင့် Zawgyi Convertor တွင် Zawgyi သို့ ပြောင်းမည်ဆိုပါက Zawgyi Convertor ရွေးပါ။ အပေါ် အကွက်တွင်က ပြောင်းမည့် Unicode Font ဖြင့်စာကိုထည့်ပြီး အလည်ရှိ အစိမ်းရောင်ဖြင့် ရေးထားသော Convert ကိုနှိပ်ခြင်းဖြင့် အောက်အကွက်တွင် Zawgyi Font ဖြင့် စာများရရှိလာမည်ဖြစ်ပါသည်။ Unicoder သို့ပြောင်းမည်ဆိုကလည်း ထိုနည်းအတိုင်း ပြောင်းပြန်ရွေးသွားရင် ရပါမည်။


အဆင်မပြေမှုတစ်စုံတစ်ရာ၊ ဝေဖန် အကြံပြုမှု တစ်စုံတစ်ရာ ရှိပါက Comment ဖြင့် မှာခဲ့နိုင်ပါသည်။

အားလုံးကို ကျေးဇူးတင်ပါသည်။


ကိုမြတ် (MICT Garden)

www.mictgarden.com