Saturday, July 25, 2015

Online ပေါ်မှာတင် Zawgyi ကနေ Unicode အပြန်အလှန်ပြောင်းပေးမည့် Website

   ဒီ Webpage ကတော့ Zawgyi Font ဖြင့် ရေးထားသည့်စာများကို Unicode Font ဖြင့် လုံးဝတိကျစွာပြောင်းပေးသောစနစ်ဖြစ်ပါသည်။ ထိုအတူပဲ Unicode ဖြင့် ရေးသားထားသော စာများကိုလည်း Zawgyi Font ဖြင့် အတိအကျ ပြောင်းပေးသော စနစ်ဖြစ်ပါသည်။
          ဒါလေးကိုသွားတွေ့ဖြစ်တာကလည်း ကျွန်တော်ရဲ့ ဘော်ဘော်ကြီးကြောင့်ပါ။ သူကတော့ 2007 က နည်းပညာတက္ကသိုလ်(တောင်ငူ) မှာ အတူတူကျောင်းတက်ဖြစ်ရင်း Java အကြောင်း၊ ကွန်ပျူတာအကြောင်း၊ Bill Gate အကြောင်း၊ Steve Job အကြောင်း လူအမြင်ကပ်ဖွယ် အလုအငြင်းပြောဆိုခဲ့ကြရင်း၊ www.webs.com မှာ Blog တွေရေးရင်း၊ Circuit များ၊ PLC များထဲမှာ ခေါင်းခြင်းဆိုင် နေလာခဲ့ကြတဲ့ သူငယ်ချင်း အရင်းကြီးပေါ့။ အခုတော့လည်း တစ်ယောက် တစ်နေရာနဲ့ လူချင်း မတွေ့ဖြစ်ခဲ့သည်မှာ 5 နှစ်တောင်ရှိပါပြီ။ Online ပေါ်မှာကတော့ အမြဲတွေ့ဖြစ်၊ စုံဖြစ်ပါသည်။
            သူကလည်း သူရဲ့ www.htarwaithar.org လေးကို ကိုကိုဇော် (BE EC) အမည်ဖြင့်ရေး၊  ကျွန်တော်ကလည်း ကျွန်တော်ဟာတွေနဲ့ ကျွန်တော်ပေါ့ လုံးချာလိုက်လို့။ သူ Page မှာ Post တင်ဖို့ပြောတိုင်း အဆင်မပြေဘူးဖြစ်နေတယ်။ ကျွန်တော်က Zawgyi Font သုံးတယ်၊ သူကတော့ Unicode Font သုံးတော့ စဉ်းစားသာကြည့်ပေတော့ Post တစ်ခုကို နှစ်ခါရိုက်ရမဲ့ဘဝ မသေးလှဘူး။ အခုတော့ တော်တော်ကြာပါပြီ ကျွန်တော် ရှာဖွေကြည့်တော့ ဒီ Page လေးကြောင့်ပဲ အဆင်ပြေ သွားခဲ့ပါသည်။ ဒါလေးနဲ့ပဲ သူ့ရဲ့ Page ကိုကျွန်တော် Post တွေ တင်ပေးဖြစ်တယ်ပေါ့ဗျာ။

Page လိပ်စာကတော့

www.mrdba.info



အပေါ်က Highlight လုပ်ထားသော Unicoder Convertor နှင့် Zawgyi Convertor တွင် Zawgyi သို့ ပြောင်းမည်ဆိုပါက Zawgyi Convertor ရွေးပါ။ အပေါ် အကွက်တွင်က ပြောင်းမည့် Unicode Font ဖြင့်စာကိုထည့်ပြီး အလည်ရှိ အစိမ်းရောင်ဖြင့် ရေးထားသော Convert ကိုနှိပ်ခြင်းဖြင့် အောက်အကွက်တွင် Zawgyi Font ဖြင့် စာများရရှိလာမည်ဖြစ်ပါသည်။ Unicoder သို့ပြောင်းမည်ဆိုကလည်း ထိုနည်းအတိုင်း ပြောင်းပြန်ရွေးသွားရင် ရပါမည်။


အဆင်မပြေမှုတစ်စုံတစ်ရာ၊ ဝေဖန် အကြံပြုမှု တစ်စုံတစ်ရာ ရှိပါက Comment ဖြင့် မှာခဲ့နိုင်ပါသည်။

အားလုံးကို ကျေးဇူးတင်ပါသည်။


ကိုမြတ် (MICT Garden)

www.mictgarden.com

0 comments:

Post a Comment