Tuesday, August 11, 2015

Clash Of Clans (COC) Gem ကို PayPal Account ဖြင့်ဝယ်ယူနည်း

Clash Of Clan (COC) Game ရဲ့ Gem ကို PayPal Online Payment Account ဖြင့် ၀ယ်ယူနိုင်မည့်  နည်းလမ်းလေးပဲ ဖြစ်ပါသည်။ 
          COC Gem ကို ၀ယ်ယူလို့ရတဲ့နည်းလမ်းများအနေဖြင့် လူသိများတဲ့နည်းစနစ်ကတော့ Android အတွက်ဆို Google Play Store Gift Card ဖြင့်ဝယ်ယူနည်းနှင့် iOS Device များအတွက်ဆိုရင် iTunes Gift Card ဖြင့်ဝယ်ယူနည်းတို့ပဲဖြစ်ပါသည်။ ဒါကတော့ COC Gem ကို PayPal Online Payment Account ဖြင့် Gem ၀ယ်နည်းလေးပါ။ Google Play Store က ခွင့်ပြုထားတဲ့ လူသိနည်းတဲ့ Payment Method လေးပါ။ လိုအပ်ချက်အနေဖြင့် သင့်ရဲ့ Google Play Store Application ကို Version 5.0 ထက် မြှင့်ဖို့လိုအပ်ပါသည်။ ဒါမှသာ PayPal Payment Method ကို လက်ခံမှာဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံသည် Google မှ တရားဝင် လက်ခံထားခြင်း မရှိသည့်အတွက်ကြောင့် VPN Apk ဖြင့် US IP (သို့မဟုတ်) အခြားသော Google လက်ခံသော IP သို့ ပြောင်းလဲပြီး ၀ယ်ယူရမှာဖြစ်ပါသည်။ ဒါကြောင့် VPN Apk တစ်ခုခုဖြင့် VPN ပြောင်းလဲဖို့ လိုအပ်ပါမည်။
အဲဒါတွေအားလုံးအဆင်သင့်ဖြစ်ပြီးဆိုရင်တော့ VPN ပြောင်းပြီး COC Game ကိုဖွင့်လိုက်ပါ။ Shop ကိုဝင်ပြီး Gem ၀ယ်ရန် Treasure Box သို့ အောက်တွင်တွေ့ရသည့်အတိုင်း ၀င်လိုက်ပါ။

        ၀ယ်ယူမည့် Gem အရေအတွက်ကို ရွေးချယ်ပါ။ ကျွန်တော်ကတော့ 2500 Gem ဒေါ်လာ $19.99 တန်ကို အောက်တွင် ပြထားသည့်အတိုင်း ရွေးချယ်လိုက်ပြီး Continue ကိုနှိပ်လိုက်ပါ။

နောက်ထပ်အဆင့်အနေဖြင့် PayPal ဖြင့် ငွေချေစနစ်ရွေးချယ်ရန် အောက်တွင် တွေ့ရသည့် Payment Options ကို ရွေးချယ်လိုက်ပါ။
        Payment Options ပေါ်လာပါက အောက်ဆုံးရှိ Add PayPal ကိုရွေးချယ်ပေးပါ။
        ယခုအဆင့်ကတော့ PayPal Account ရဲ့ အဓိကအချက်အလက်ဖြစ်သည့် PayPal Account ဖွင့်ထားသည့် Email နှင့် Password ရိုက်ပေးရပါမည်။
PayPal Email နှင့် Password ရိုက်ပြီးပါက Confirm နှိပ်ပြီး ရှေ့ဆက်သွားနိုင်ပါသည်။ ဒီအဆင့်မှာ PayPal Email နှင့် Password မှားနေပါက ပြန်ရိုက်ခိုင်းပါမည်။ နောက်ပြီး PayPal Account ထဲတွင် အနည်းဆုံး $19.99 မရှိပါက ရှေ့ဆက်သွားခိုင်းမည်မဟုတ်ပါ။
နောက်ဆုံးအဆင့်အနေဖြင့် Google Play Store တွင် Sign In လုပ်ထားသော Gmail Password ကို ရိုက်ခိုင်းခြင်းဖြစ်ပါသည်။ Password မှန်ကန်မှသာလျှင် ၀ယ်ခွင့်ပြုမည်ဖြစ်ပါသည်။
  အားလုံးသော အထက်ကအဆင့်များ မှန်ကန်ခဲ့ပါက အောက်တွင်ပြထားသည့် နောက်ဆုံး ၀ယ်ယူခြင်း လုပ်ဆောင်ချက်အတွက် Buy ပေါ်လာပါမည်။ ဒီမှာ Buy နှိပ်လိုက်ရုံဖြင့် သင့်ရဲ့ Clash Of Clans (COC) Game ထဲမှာ Gem အရေအတွက် 2500 ထည့်ပေါင်း ပေးပါလိမ့်မည်။

ဒါကတော့ ကျွန်တော်ရဲ့ Clash Of Clan (COC) Account လေးပါ။ မဝယ်ခင်က Gem အရေအတွက် 627 ပဲရှိပါသည်။ အခုတော့ Gem အရေအတွက် 3127 ဖြစ်သွားပါပြီ။ 5th Builder လေးဝယ်ဖို့လုံးဝ အဆင်ပြေသွားခဲ့ပါပြီ။
                                                                                                 ကိုမြတ် (MICT Garden)
August 11, 2015 ဒီနေ့ ထုတ် TechSpace Journal, Volume.4, Issue.18 တွင် ရေးသားခဲ့သော ကျွန်တော်ရဲ့ Post လေးပါ။

1 comment:

  1. PAYMENT ACC ဘယ်လိုလုပ်ရမလဲဗျ GEMဝယ်သုံးချင်လို့ပါ ကျေးဇူးပြု၍ ဖုန်းနံပါတ်လေးတချက်လောက်ပါ

    ReplyDelete