Showing posts with label (s) ဝက်ဆိုဒ်အကောင်းစားများ. Show all posts
Showing posts with label (s) ဝက်ဆိုဒ်အကောင်းစားများ. Show all posts

Friday, February 7, 2014

Java Programming ကို စိတ်ဝင်းစားသူများအတွက်
























ကျွန်တော် Java Programming ကို စိတ်ဝင်စားသူများအတွက် စိတ်ကြေနပ်စရာ လင့်ခ်လေးတစ်ခု ရှာဖွေလာပါတယ်။

Myanmar Java User ဆိုသော ဘလော့ဂ်လေးပါ။

လေ့လာသင့်သော ဘလော့ဂ်အကောင်းစား တစ်ခုပဲ ဖြစ်ပါတယ်။

Java Programming ကို မြန်မာလို စိတ်ဝင်းစားစွာ လေ့လာနိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော်လည်း အခု လေ့လာနေပါတယ်။

မိတ်ဆွေတို့လည်း လေ့လာနိုင်အောင် ကျွန်တော် မျှဝေလိုက်တာနော့်။


ဒီနေရာလေးက နေပြီး သွားရောက်လေ့လာနိုင်ပါတယ်ခင်ဗျား။



အဆင်ပြေပါစေ...


<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Android Programming Video Tutorials 200















ကဲ့ စက်ရုပ် Android Programming ကို စိတ်ဝင်စားသော သူငယ်ချင်းများအတွက် ကျွန်တော် ဖေ့ဘုတ်က Video Tutorials လေးတွေတွေ့လို ပြန်လည် မျှဝေလိုက်တယ်နော့်။

စုစုပေါင်း နှစ်ရာရှိပါတယ်။

စိတ်ဝင်းစားသူများ သွားရောက်လေ့လာနိုင်ပါတယ်ခင်ဗျား။

ဒီနေရာလေး ကနေပြီး သွားရောက်လေ့လာနိုင်ပါတယ်။


အဆင်ပြေပါစေ...


<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )  www.htarwaiethar.blogspot.com

Thursday, February 6, 2014

နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင်ကြားရေး














နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင်ကြားရေး ဝဘ်ဆိုဒ်များ တကယ် အခမဲ့ပါ။

မယုံလို့ တစ်ခုလောက် ဝင်ကြည့်လိုက်တာ ဗီဒီယိုဖိုင် ယူမလား၊ PDF လား၊ သင်ခန်းစာ Note ယူမလား အစရှိသဖြင့် စာသင်ခန်းမှာ ဆရာနဲ ့မတွေ့ရပေမယ့် တကယ့် သင်ရသလိုပါပဲ။

သို့ပေမယ့် နိုင်ငံတကာ ဆိုဒ်ဖြစ်တဲ့အတွက် အားလုံးက အင်္ဂလိပ်လိုချည်း ဖြစ်ပါတယ်။

အခြေခံအင်္ဂလိပ်စာ ဖတ်အား၊ ရေးအား၊ မှတ် အားလေးတော့ ရှိမှ အဆင်ပြေမယ် ထင်ပါတယ်။

ခု ပေးမယ့် ဆိုဒ်များက ကမ္ဘာ့ ထိပ်တန်း အွန်လိုင်း အခမဲ့ ပညာသင်ကြားရေး ဝဘ်ဆိုဒ်တွေချည်း ဖြစ်ပါတယ်။

အချို့ဆို အွန်လိုင်းကနေပဲ သင်၊ အွန်လိုင်းကနေပဲ စာမေးပွဲဖြေလို့ ဒီပလိုမာတွေ တောင် ယူတယ်လို့ ကြားတယ်။

မြန်မာပြည်ကနေ ဆိုရင်တော့ လွယ်အုံးမယ် မထင်ပါဘူး။ ဒီတော့ အိမ်မှာ ကွန်ပြူတာရှိမယ်၊ အင်တာနက်လိုင်းရှိမယ်ဆိုရင် သင်လို့ ရပါ ပြီ။ လိုင်းအရမ်းကောင်းဖို့ မလိုပါဘူး။

သို့ပေမယ့် ဗီဒီယိုကြည့်ပြီးမှ သင်ချင်တယ် ဆိုတော့ နည်းနည်းစောင့်ရမယ့် သဘော ရှိပါတယ်။

သင်ခန်းစာတွေကို ကိုယ်ကြိုက်ရာ ရွေးလို့ရပါတယ်။

Science, engineering, art, economics, law, language များအပြင် အခြားအခြားသော ပညာရပ်ပေါင်း မြောက်များစွာလည်း ပါဝင်ပြီး ကိုယ်ကြိုက်ရာ ရွေးနိုင်ပါတယ်။

တကယ် လေ့လာနိုင်၊ မှတ်ယူနိုင်ရင် တကယ် ရပါတယ်။ ဒါကြောင့် အားလုံး အသုံးပြုလို့ရအောင် အခမဲ့ ပညသင် ကြားပေးတဲ့ ဝဘ်ဆိုဒ် လခ့်များအား မျှဝေ ပေးလိုက် ရပါတယ်။

➤ Massachusetts Institute of Technology (MIT)/OpenCourseWare ✤ Link: http://is.gd/0pm1n1

➤ Udacity / Free interactive College Classes ✤ Link: http://is.gd/xiFMtf

➤ Open Yale Courses / Freely Downloadable ✤ Link: http://is.gd/74Xwb4

➤ Coursera Free Online Courses ✤ Link : http://is.gd/LIDgMa

➤ ALISON Database / Free Online Diplomas ✤ Link: http://is.gd/cqkuBQ

➤ Khan Academy / Free Online Education ✤ Link : http://is.gd/qpJwVP

➤ Johns Hopkins OpenCourseWare ✤ Link: http://is.gd/YWSx0O

➤ Academic Earth Free Online Courses ✤ Link: http://is.gd/BIZJQz

➤ UC Berkeley Free Online Lectures ✤ Link: http://is.gd/mNyFEM

➤ Open University LearningSpace ✤ Link: http://is.gd/84CXnA

➤ Carnegie Mellon Open Learning Initiative ✤ Link: http://is.gd/ADEBmj

➤ University of Washington Video Lectures ✤ Link: http://is.gd/ePO5Me

➤ Tufts OpenCourseWare ✤ Link: http://is.gd/8ABGyb

➤ UC San Diego Podcast Lectures ✤ Link: http://is.gd/oGOjth

➤ AMSER (Applied Math and Science Education Repository) ✤ Link: http://is.gd/N51Mvh

➤ Utah State OpenCourseWare ✤ Link: http://is.gd/ZRew6t

➤ Free Video Lectures.com ✤ Link: http://is.gd/ObsSL5

➤ How-Stuff-Works / Free Online Science-Related Courses ✤ Link: http://is.gd/XEHory

➤ Wolfram Demonstrations Project ✤ Link: http://is.gd/0vbMWk

➤ Free Science and Video Lectures Online! ✤ Link: http://is.gd/JoOFQg

➤ LearningScience.org ✤ Link: http://is.gd/te9NqS 

➤ Science.gov Databases ✤ Link: http://is.gd/g4ZK7B

➤ Connexions - Open-Content Library ✤ Link: http://is.gd/C9Inr5

➤ Sophia Free Online Courses ✤ Link: http://is.gd/JBsj55

➤ Honorable Mention: Peoi.org ✤ Link: http://is.gd/QbtScO

For more - http://is.gd/y7Fukg


Aung Kham (TSJ team) From : Techspace





 << HTAR WAIE THAR >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

Tuesday, January 21, 2014

တက္ကသိုလ်ဝင်တန်း စာများကို အွန်လိုင်းမှာလေ့လာနိုင်မည်။















ကျွန်တော် ဒီနေ့မှ ရှာတွေ့ခဲ့သော ဝက်ဆိုက်ဖြစ်ပါတယ်။

Link :::   http://www.mmcloudschooling.com 

တက္ကသိုလ်ဝင်တန်းဘာသာရပ်များ ဖြစ်သော

1.   Myanmar
2.   English
3.   Mathematics
4.   Chemistry
5.   Physics
6.   Biology
7.   Geography
8.   History
9.   Economy

စသော ဘာသာရပ်များကို လေ့လာနိုင်မှာပါ။

ဝက်ဆိုဒ်မှာ အသင်းဝင်ခြင်းကိုလည်း လက်ခံဆောင်ရွက်ပေးတာကို တွေ့မိပါတယ်။

ကျွန်တော် မူရင်းရရှိသော အချက်လက်မှာ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

တက်္ကသိုလ်ဝင်တန်းဖြေဆိုမည့်သူများအတွက် ဘာသာရပ်ဆိုင်ရာများကို လေ့လာနိုင်သည့်ဝက်ဘ်ဆိုဒ် တစ်ခုကို လွှင့်တင်ထားပြီး ၀င်ရောက်လေ့လာမှုများ ပြုလုပ်နိုင်ပြီဖြစ်သည်ဟု ယင်းဝက်ဘ်ဆိုဒ်ကို ရေး ဆွဲခဲ့သည့် Jupiter Online Education Service မှ Chief Executive officer ကိုအောင်ကျော်မျိုးက မဇ္ဈိမကို ပြောသည်။

အဆိုပါ၀က်ဘ်ဆိုဒ်မှာ www.mmcloudschooling.com ဖြစ်ပြီး တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်သူများ အတွက် ဘာသာရပ်အလိုက် လေ့လာနိုင်မည်ဖြစ်ကာ လေ့ကျင့်ခန်းများ ပြုလုပ်လိုပါကမူ ငွေဖြည့်ကတ် ဖြည့်သွင်း၍ ကြည့်ရှုနိုင်မည်ဖြစ်သည်။

ကိုအောင်ကျော်မျိုးက “ကလေးတွေအတွက် သင်ရိုးညွှန်းတမ်းကို အလွတ်ကျက်မှတ်တာကနေ ကျော် လွန်နိုင်မှာပါ။ နာမည်ကြီးစာရေးဆရာတွေဆီကနေ စာမူလည်း တောင်းထားပါတယ်။ နောက်ပိုင်းကို လေ့ကျင့်ခန်းတွေပါ ၀င်ရောက်ပြုလုပ်နိုင်အောင် စီစဉ်ထားပါတယ်”ဟု ဆိုသည်။

ယင်းဝက်ဘ်ဆိုဒ်ကို ၂၀၁၃ ခုနှစ် မတ်လကပင် စတင်ရေးဆွဲခဲ့ကာ တက္ကသိုလ်ဝင်တန်းကျောင်းသားများ ကို အလွတ်ကျက်သည့်အလေ့အထမှ ကျော်လွန်နိုင်စေရန် ရည်ရွယ်ရေးဆွဲခဲ့ခြင်းဖြစ်သည်ဟုလည်း ကိုအောင်ကျော်မျိုးက ဆိုသည်။ လက်ရှိတွင် သင်ခန်းစာများကို စုဆောင်းနေသည့် အဆင့်တွင်သာရှိနေ သေးပြီး ယင်းဝက်ဘ်ဆိုဒ်တွင် လေ့ကျင့်ခန်းပြုလုပ်လိုသူများအတွက် နှစ်စဉ်ကြေး ကျပ် ၅၀၀၀ ပေးသွင်း ရမည်ဖြစ်သည်။ ငွေဖြည့်ကတ်ကိုလည်း နောက်ပိုင်းတွင် ရောင်းချပေးသွားမည် ဖြစ်သည်။

၎င်းက “ကျွန်တော်တို့က သင်ရိုးညွှန်းတမ်းတွေကို ဖော်ပြထားတာမဟုတ်ပါဘူး။ သင်ရိုးညွှန်းတမ်းကို အခြေခံပြီး တွေးခေါ်စဉ်းစားနိုင်စွမ်းရှိအောင် လုပ်ပေးတဲ့ဝက်ဘ်ဆိုဒ်ပါ”ဟု ပြောသည်။

လေ့ကျင့်ခန်းပြုလုပ်သည့် ကျောင်းသားများ၏ လေ့ကျင့်မှုများကို မှတ်တမ်းထားရှိ၍ နှစ်ကုန်တွင် အထူး ချွန်ဆုံးကျောင်းသားများအား ရွေးချယ်ကာ ဆုများပေးအပ်သွားမည်ဖြစ်သည်။ လေ့ကျင့်ခန်း စတင်လုပ် ဆောင်ရာတွင် ကြာမြင့်သည့်အချိန် နှင့် အဖြေမှန်ကန်မှုများ စသည့်အချက်အလက်များဖြင့် ရွေးချယ်ကာ ဆုပေးအပ်မည်ဖြစ်သည်။





<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Sunday, December 22, 2013

မြန်မာ CNN Website လေးကို ကြည့်ရအောင်။


















ဒါလေးကတော့ ဝက်ဆိုဒ်ကြေငြာလေးပါ။

ဟိုးတစ်နေ့က အင်တာနက်သုံးရင်းတွေ့လာသော ဆိုဒ်ကောင်းတစ်ခုပဲဖြစ်ပါတယ်။

CNN  ဆိုတာတော့ သတင်းလောကမှာ နာမည်ကြီးပဲ ဖြစ်ပါတယ်။

နာမည်ကြီး နိုင်ငံခြား သတင်းဌာနတစ်ခုပဲ ဖြစ်ပါတယ်။

အခုကတော့ နိုင်ငံခြား CNN  မဟုတ်ပါဘူး။

မြန်မာ CNN သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။


မြန်မာသတင်း၊ နိုင်ငံခြားသတင်း၊ မှုခင်းသတင်း၊ နိုင်ငံရေး၊ CELEBRITY၊ ကျန်းမားရေး၊ ဟာသ၊ အားကစား၊

အိုင်တီ၊ ထူးဆန်းထွေလာ၊ ရာသီဉတု၊ နှင့် အခြားသော သတင်းများကို အချိန်နှင့် တစ်ပြေးညီဖတ်ရှု့နိုင်မှာ ဖြစ်ပါတယ်။

လိပ်စာကတော့  http://www.myanmarcnn.com/  ပဲ ဖြစ်ပါတယ်။

စိတ်ဝင်းစားရင်တော့ သွားကြည့်လိုက်နော့်။


**  ကိုကိုဇော် ( BE-EC )   www.htarwaiethar.blogspot.com

Sunday, December 8, 2013

ဖေ့ဘုတ်မှာ ကွန်ပျူတာ အကြောင်း ဆွေးနွေးလိုလျှင်














ဒါလေးကတော့ ကြေငြာလေးပါ။

ကျွန်တော်တို့တွေ အင်တာနက်မှာ ဖေ့ဘုတ်ကို အသုံးပြုရင်း ကွန်ပျူတာ ဆိုင်ရာ၊ နည်းပညာဆိုင်ရာ အကြောင်းအရာလေးတွေကို စိတ်ကြေနပ်အောင်ဆွေးနွေးနိုင်သော အင်တာနက် စာမျက်နှာလေးကို ကျွန်တော် မျှလိုက်ပါတယ်။

ကျွန်တော် ကိုယ်တိုင်လည်း ဝင်ရောက်ဆွေးနွေးပါတယ်ခင်ဗျား။

မိတ်ဆွေတို့လည်း ကွန်ပျူတာ ဆိုင်ရာ ဗဟုသုတများကို ဖေ့ဘုတ်အသုံးပြုရင် ပိုမိုတိုးတက်အောင် ကျွန်တော်ဘလော့ဂ်မှ တစ်ဆင့် ကြေငြာလိုက်ပါတယ်။

အမည်လေးက " ကွန်ပျူတာနှင့် နည်းပညာဆိုင်ရာ အမေးအဖြေ ဆွေးနွေးခန်း "

လိပ်စာက  " https://www.facebook.com/groups/talks.IT/ "


မိတ်ဆွေများ ဖေ့ဘုတ်အသုံးပြုရင် နည်းပညာဗဟုသုတ တိုးပွားပါစေဗျား။


**  ကိုကိုဇော် ( BE-EC )

Wednesday, November 27, 2013

မြန်မာ Data Traveller Website
















ကျွန်တော် နည်းပညာပေါင်းစုံ ဖန့်ဝေနေသော ဆိုဒ်လေးတစ်ခုကို မျှဝေပါမယ်ခင်ဗျား။

http://www.khtnetpc.webs.com/   ဆိုသော ဝက်ဆိုဒ်လေးပါ။

သူ့ဆိုဒ်မှာ ကျွန်တော်တို့ အမှန်တကယ်လေ့လာလိုသော ကွန်ပျူတာဆော့ဝဲလ်များ၊ နည်းပညာများ၊ စာအုပ်များ၊ နောက် အင်ဂျင်နီယာ နှင်ဆိုင်သော အကြောင်းအရာများ၊ ပရိုဂရမ်ရေးသားခြင်းဆိုင်ရာအများအထိ လေ့လာလို့ မဆုံးနိုင်အောင် တွေ့နိုင်ပါတယ်။

ဆိုဒ်က ကွန်ပျူတာက အသုံးပြုမည်ဆိုပါက ကွန်ပျူတာဆိုတာကို ကလစ်လုပ်ကာ ကြည့်နိုင်မှာ ဖြစ်ပြီး၊ အခြားသော Smart Phone များ ဖြစ်သော Android , iDevice တို့မှ ကြည့်မည်ဆိုပါကလည်း ကြည့်နိုင်ပါတယ်ခင်ဗျား။

နည်းပညာလောကမှာ ခေတ်နောက်မကျအောင် http://www.khtnetpc.webs.com/  ဆိုသော ဆိုဒ်လေးကို သွားကြည့်လိုက်ကြရအောင်နော့်။



**  ကိုကိုဇော် ( BE-EC )

Friday, November 22, 2013

MRTV 4 အစီစဉ်များ အင်တာနက်မှာ အချိန်နဲ့ တပြေးညီ ကြည့်မယ်။


















ကဲ့ အခု သတင်းကတော့ သိတဲ့လူတွေက သိပြီးပါပြီ။

ကျွန်တော်ကတော့ မနေ့ကတော့ သိတာပါ။ သိသိချင်း တင်ပေးချင်ပေမဲ့ လိုင်းက မကောင်းတာမို့ ဒီနေ့မှ တင်ပေးလိုက်တယ်နော့်။

Sky Net , 5 Network တွေမှာ ပြသသော MRTV 4 အစီစဉ်များကို အင်တာနက်မှာ ဖရီးကြည့်လို့ရလာပါပြီ။

လိုင်းကတော့ အသင့်တင့်ကောင်းဖို့ လိုအပ်ပါတယ်ခင်ဗျား။

ကျွန်တော် မနေ့က ကြည့်တာတော့ မဆိုးဘူးလို့ ပြောလို့ရပါတယ်။

အတော်များများကို ကြည်ရှု့နိုင်တာကို တွေ့ရပါတယ်။

နော်တစ်ခုက Channel 7 ကိုပါ နောက်ပိုင်းမှာ ကြည့်နိုင်လိမ့်မည်လို့ ထင်ပါတယ်။

ဆိုဒ်က အသစ်ဆိုတော့ စမ်းသပ်နေတာ ဖြစ်ပါလိမ့်မယ်။

ကြည့်ချင်သူများ  www.mrtv4.tv  မှာ သွားရောက်ကြည့်နိုင်ပါတယ်ခင်ဗျား။


***  ကိုကိုဇော် ( BE-EC )

Wednesday, September 25, 2013

တစ်နေ့ကို ဖူးလ်ဗားရှင်းဆော့ဝဲလ် တစ်ခု ဖရီးရနိုင်သော Giveaway Website















ဒီတစ်ခါတော့ အလန်းဇယား ဝက်ဆိုဒ်တစ်ခုကို ကျွန်တော် မျှဝေပါမယ်။

ပိုက်ဆံပေးဝယ်ရတဲ့ ဆော့ဝဲလ်တွေကို ဖရီးရနိုင်သော အခွင့်ရေးပဲ ဖြစ်ပါတယ်။

ခရက်တွေ ဘာတွေသုံးရတာမျိုး မဟုတ်ပါဘူး။

တကယ့်အစစ် ပိုက်ဆံပေးရသော ဆော့ဝဲလ်ကို ဖရီးကို လုံးဝရမှာပါ။

ဒါပေမဲ့လည်း တစ်နေ့မှာ ဆော့ဝဲလ်တစ်မျိုးပဲ ရမှာပါ။

ကိုယ့်ဘက်ကတော့ ရွေးချယ်ခွင့်မရှိပါဘူး။

အဲ့ဒီ ဝက်ဆိုဒ်က တစ်နေ့ကို ဆော့ဝဲလ်တစ်ခု ဖရီးဒေါင်းလုပ်ခ်ချခွင့်ပေးထားပါတယ်။

http://www.giveawayoftheday.com  ဆိုသော ဝက်ဆိုဒ်ပဲ ဖြစ်ပါတယ်။

သူ့ဆိုဒ်ကို သွားကြည့်လိုက်ရင် တစ်နေ့ကို ဆော့ဝဲလ်တစ်ခု ဖရီးပေးထားတာကို တွေ့မှာပါ။

ကိုယ်က ကြိုက်ရင် ဒေါင်းလုပ်ခ်ဖရီးရယူနိုင်ပါတယ်။

အဲ့ သူသတ်မှတ်ထားသော အချိန်ကျော်သွားရင်တော့ အဲ့ဒီဆော့ဝဲလ်ကို ဖရီးမပေးတော့ပါဘူး။ ပိုက်ဆံပေးပြီး ဝယ်ရမှာပါ။

ဆော့ဝဲလ်ကို ဒေါင်းလုပ်ဆွဲဖို့အတွက် လက်ကျန်အချိန်ကို ပြသပေးထားပါတယ်။

အဲ့ဒီဝက်ဆိုဒ်မှာ ကျွန်တော် အစစ်ဒေါင်းလုပ်ခ် ဆွဲပါတယ်။

အောက်က ပုံလေးတွေကို ကြည့်လိုက်ပါ။








 







**  ကိုကိုဇော် ( BE-EC )

Sunday, May 19, 2013

ခရက်များ ဖြန့်သော ဝက်ဆိုဒ် ၉၀

This summary is not available. Please click here to view the post.

Saturday, May 11, 2013

Cracked Version Software တွေ အများ​ကြီး​ဒေါင်း​နိုင်​သော Plus Crack












Website အမည်က Puls Crack ။

Link :  http://www.pluscrack.com/

ဆော့ဝဲလ်တွေကတော့ အတော်ကို များပါတယ်။

ကျွန်တော်တို့ ရိုးရိုးသုံးဆော့ဝဲလ်တွေ အပြင် ပညာရေးနဲ့ဆိုင်သော ဆော့ဝဲလ်တွေလည်း မနည်းတာကို တွေ့မိပါတယ်။

နောက် ဆိုဒ်မှာ ဗွီဒီယိုရှင်းပြချက်တွေပါ တင်ပေးထာတာကို တွေ့မိပါတယ်။

Video Tutorials တွေကတော့ Software Cracking , Hacking , Programming ... မနည်းဘူးဗျ။

စိတ်ဝင်စားသူများ သွားရောက်လေ့လာနိုင်ပါတယ်။

Download ချဖို့ မှတ်ပုံမတင်ပဲ ဒေါင်းနိုင်ပါတယ်။ နောက် ဒေါင်းဖို့လင့်တွေကလည်း Hosting Sites ပေါင်းစုံမှာတင်ပေးထားတာတွေ့မိပါတယ်။


**  Htar Waie Thar

Thursday, April 4, 2013

မိမိသေဆုံးမည့်ရက် ကိုတွက်ချက်နိုင်သော ဝက်ဆိုဒ်




















ဒီဝက်ဆိုဒ်ကတော့ အဆန်းဗျ ။

ကျွန်တော် ဒီဆိုဒ်ကို မြန်မာမိသားစုဖိုရမ်ကနေ တွေ့မိတာပါ။

Address က http://www.deathclock.com/

လန့်တော့ မသွားပါနဲ့နော့် ။

ဆိုဒ်မှာ ကိုယ့်အသက်ရယ် ဆေးလိပ်သောက်ပါသောက်တယ် မသောက်ရင် မသောက်ဘူးလေး ထည့်ပေးရုံနဲ့ သေသေချာချာကို တွက်ပေးတာကို သိရမှာပါ ။

ကျွန်တော်တွက်ကြည့်တော့ အောက်က ရလဒ်ကို ရပါတယ်။

Thursday, April 16, 2054 

အကြာကြီးနေရအုံးမှာဗျ အေးဆေးပဲ။

မှတ်ချက် ။ ။ ကျွန်တော်က ဆေးလိပ်သောက်ပါတယ် ။


**  Htar Waie Thar

Tuesday, March 5, 2013

မြန်မာဂျာနယ်တွေကို ဒေါင်းနိုင်သော Websites ကောင်းတခု















ကျွန်တော်တို့ အပါတ်စဉ်ထွက် ရှိနေသော မြန်မာ ဂျာနယ်များကို ဒေါင်းနိုင်သော ဝက်ဆိုဒ်ကို သိသောသူများရှိသလို မသိသူများကလည်း မသိသေးတာမို့ ပြန်လည်မျှဝေပါမယ့်


အင်တာနက် ဂျာနယ် ၊ အခြားနည်းပညာ ဂျာနယ် ၊ Weekly Eleven ၊ The Voice ၊ ဘောလုံးဂျာနယ် အင်တာနက်က ဒေါင်းလို့ရနိုင်သော ဂျာနယ်များကို တစုတစည်းနဲ့ website တခုတည်းမှာ တင်ဒေါင်းလို့ရပါတယ် ။

Up to Date များအပြင် နောက် ခေတ်ဟောင်းဂျာနယ်များ၊ နောက် ကိုယ်မဖတ်ရသေးသော အရင်းရင်ကထုတ်သော ဂျာနယ်များကို ပါ ဒေါင်းနိုင်ပါတယ် ။

http://www.myanmarjournaldownload.com/   ဆိုသော ဝက်ဆိုဒ်ပါ ။

အတော်ကို အဆင်ပြေသော ဝက်ဆိုဒ်လို့ ပြောလို့ရပါတယ် ။

**  Htar Waie Thar

Friday, February 15, 2013

စကြဝဠာကြီးတစ်ခုလုံးအကြောင်းကို လေ့လာနိုင်သော Website















အဲဒီ Website မှာ ကျွန်တော်တို့နေထိုင်တဲ့ စကြဝဠာကြီးတစ်ခုလုံးအကြောင်းကို
စိတ်ဝင်စားစရာလေ့လာနိုင်မှာ ဖြစ်ပါတယ် ...
စကြဝဠာကြီးကို အဝေးတစ်နေရာကနေ လှမ်းကြည့်လို့ မြင်ရမယ့် အနေအထားကနေ
တဖြည်းဖြည်း စကြဝဠာထဲ တိုးတိုးပြီးဝင်သွားလိုက်တာ .. လမ်းတလျှောက်မှာရှိတဲ့
ဂြိုလ်တွေအကြောင်းကိုလည်း လေ့လာမှတ်သားသွားနိုင်ပါတယ် ..

အဲဒီလို တဖြည်းဖြည်းတိုးဝင်သွားရင်းနဲ့ ဘယ်လောက်ထိအောင် လေ့လာခွင့်ရမလဲဆိုရင်
မိုက်ခရိုစကုပ်နဲ့တောင် ကြည့်လို့မရတော့လောက်အောင် သေးငယ်တဲ့ အခြေအနေအထိရှိတဲ့
အရာတွေအကြောင်းကိုပါ လေ့လာကြည့်ရှုနိုင်မှာ ဖြစ်ပါတယ် ..
ကျွန်တော်တောင် ခဏတဖြုတ်ဆိုပြီး ၀င်ကြည့်လိုက်တာ နေ့တစ်ပိုင်းလောက်
အချိန်ကုန်သွားတယ်ဗျို့ ..
အဲ .. ကျွန်တော်လေ့လာခဲ့တဲ့ထဲက တစ်ခုအကြောင်းကို အမြည်းသဘော ပြောပြမယ်နော်
ကျွန်တော်က လူအကြောင်းကို ဗဟုသုတဖြစ် မှတ်သားခဲ့တာပါ ..

ကမ္ဘာဂြိုလ်ပေါ်မှာ လူဦးရေဟာ သန်းပေါင်းခုနစ်ထောင်ကျော်ရှိပါတယ်တဲ့
ကျွန်တော်တို့ဟာ တစ်စက္ကန့်ကို လူတစ်ယောက်နှုန်းနဲ့ တွေ့ဆုံလိုက်မယ်ဆိုရင်တောင်
ပထမဆုံးတွေ့ဆုံခဲ့တဲ့လူကို ဒုတိယတစ်ကြိမ်ပြန်ဆုံဖို့ နှစ်ပေါင်းနှစ်ရာကျော် ကြာမယ်လို့
ဆိုပါတယ် ...

အဲဒီလိုပေါ့ဗျာ .. အများကြီးမှ အများကြီးပါ .. လေ့လာလို့လည်း ကုန်ပါ့မလားမသိဘူး ..
စကြ်ဝဠာကြီးတစ်ခုလုံးအကြောင်းဆိုတော့လေ ..
ကဲ .. သွားရောက်လေ့လာကြည့်ချင်တယ်ဆိုရင်တော့ ...
http://htwins.net/scale2/

အောက်ကပုံအတိုင်း Website ကိုရောက်သွားပါ့မယ် ...














အဲဒီမှာ Loading ကို ပြည်အောင်စောင့်ပေးလိုက်ပါ ..
Loading ပြည့်သွားရင် Start ဆိုတာပေါ်လာပါမယ် .. Start ကိုနှိပ်လိုက်ရင်
အောက်ကပုံအတိုင်း စကြဝဠာခရီးစဉ်ကြီး စတင်ရုံပါပဲ ..













မောက်မှာပါတဲ့ Scroll ဘီးလေးကို ရှေ့တိုးနောက်ဆုတ်လုပ်ပြီး ခရီးဆက်လိုက်ပါ ..
လမ်းမှာတွေ့သမျှ အရာတွေအားလုံးထဲက ကိုယ်သိချင်တဲ့ အရာလေးများတွေ့ရင်
အဲဒီနေရာလေးကို ကလစ်နှိပ်လိုက်ပါ .. အဲဒီအရာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို
ဖော်ပြပေးမှာ ဖြစ်ပါတယ် ...
ခရီးဆက်မယ်ဆိုရင်တော့ မောက်က Scroll Wheel ကို လက်ညှိုးလေးနဲ့ထိပြီး လီဗာတင်လိုက်ပေါ့ဗျာ
ကဲ .. အပေါ်ကလင့်ကိုသာ Click တစ်ချက်နှိပ်လိုက် စကြဝဠာကြီးတစ်ခုလုံး
သူငယ်ချင်းရဲ့ရှေ့ကို ဒူးထောက်ရောက်ရှိလာလိမ့်မယ်

**  Htar Waie Thar  **

#  ကျွန်တော် ကိုအိုင်တီမုဆိုးမှ ပို့စ်ကို တိုက်ရိုက်ကူးယူကာ မျှဝေခြင်းဖြစ်ပါတယ် ။

Monday, January 21, 2013

Football Goal Score and Information တွေကို Up to Date သိစေရန်















ဘောလုံး ပရိပ်သတ်များအတွက် Up to Date Goal Score , ပွဲစဉ်ဇယား တွေကို Online မှာ ကြည့်ရှုနိုင်သော Website တစ်ခုတွေလို့ Share လိုက်မယ်နော် ။

ဘောလုံပွဲစဉ်တွေက အတော်များတယ်ဗျ ။

ပရီမီးယား ၊ စီရီးအေ ၊ လာလီဂါ နှင့် World Cup , India တို့ဘာတို့တောင်ပါပါတယ် ။

ကျွန်တော်ပြောသော Website ကို သွားချင်ပါက ဒီမှာ Click ပါ ။

                                                                              **  Htar Waie Thar  **

တခုခုပြောခဲ့ချင်ပါက Comment , CBox ကနေ ပြောခဲ့နိုင်ပါတယ် ။

Tuesday, November 13, 2012

ONLINE မှာ ကလေးမွေးကြည့်ကြရအောင်...













ကိုယ်နဲ့ကိုယ့်ချစ်သူတို့လက်ထပ်ပြီးတဲ့အခါ
မွေးလာမယ့်မိမိတို့ကလေးရဲ့ပုံကိုကြည့်ချင်ပါသလား
ဒီကို သွားလိုက်ပါ....

http://www.makemebabies.com/

အရင်ဆုံး Browse ကနေမိမိပုံကိုတင်လိုက်ပါ
ပြီးရင် go ကိုနှိပ်လိုက်ပါ
ပြီးရင်မိမိပုံကို edit လုပ်ပြီး next ကိုပေးလိုက်ပါ

upload Partner's Photo ဆိုတာကိုကလစ်ပေးလိုက်ပါ
Browse ကနေမိမိ ချစ်သူပုံကိုထည့်လိုက်ပါ
next ပေးပါ
ြ့ပီးရင် ကောင်လေးပုံပေါ်စေချင်တာလား
ကောင်မလေးပုံပေါ်စေချင်တာလား ဆိုတာရွေးပါ
Baby name မှာနာမည်ထည့်ပါ
proceed ကိိုပေးလိုက်ပါ

အဲဒါဆိုရင်တော့ မိမိတို့ရဲ့ baby ပုံလေးကိုတွေ့ရမှာဖြစ်ပါတယ်

အခုတလော europe မှာရေပန်းစားနေတဲ့ site လေးပါ
အနီးစပ်ဆုံးတူတယ်လို့တော့ညွန်းကျတာပဲ....
စမ်းကြည့်ကြပေါ့