Tuesday, January 21, 2014

တက္ကသိုလ်ဝင်တန်း စာများကို အွန်လိုင်းမှာလေ့လာနိုင်မည်။















ကျွန်တော် ဒီနေ့မှ ရှာတွေ့ခဲ့သော ဝက်ဆိုက်ဖြစ်ပါတယ်။

Link :::   http://www.mmcloudschooling.com 

တက္ကသိုလ်ဝင်တန်းဘာသာရပ်များ ဖြစ်သော

1.   Myanmar
2.   English
3.   Mathematics
4.   Chemistry
5.   Physics
6.   Biology
7.   Geography
8.   History
9.   Economy

စသော ဘာသာရပ်များကို လေ့လာနိုင်မှာပါ။

ဝက်ဆိုဒ်မှာ အသင်းဝင်ခြင်းကိုလည်း လက်ခံဆောင်ရွက်ပေးတာကို တွေ့မိပါတယ်။

ကျွန်တော် မူရင်းရရှိသော အချက်လက်မှာ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

တက်္ကသိုလ်ဝင်တန်းဖြေဆိုမည့်သူများအတွက် ဘာသာရပ်ဆိုင်ရာများကို လေ့လာနိုင်သည့်ဝက်ဘ်ဆိုဒ် တစ်ခုကို လွှင့်တင်ထားပြီး ၀င်ရောက်လေ့လာမှုများ ပြုလုပ်နိုင်ပြီဖြစ်သည်ဟု ယင်းဝက်ဘ်ဆိုဒ်ကို ရေး ဆွဲခဲ့သည့် Jupiter Online Education Service မှ Chief Executive officer ကိုအောင်ကျော်မျိုးက မဇ္ဈိမကို ပြောသည်။

အဆိုပါ၀က်ဘ်ဆိုဒ်မှာ www.mmcloudschooling.com ဖြစ်ပြီး တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်သူများ အတွက် ဘာသာရပ်အလိုက် လေ့လာနိုင်မည်ဖြစ်ကာ လေ့ကျင့်ခန်းများ ပြုလုပ်လိုပါကမူ ငွေဖြည့်ကတ် ဖြည့်သွင်း၍ ကြည့်ရှုနိုင်မည်ဖြစ်သည်။

ကိုအောင်ကျော်မျိုးက “ကလေးတွေအတွက် သင်ရိုးညွှန်းတမ်းကို အလွတ်ကျက်မှတ်တာကနေ ကျော် လွန်နိုင်မှာပါ။ နာမည်ကြီးစာရေးဆရာတွေဆီကနေ စာမူလည်း တောင်းထားပါတယ်။ နောက်ပိုင်းကို လေ့ကျင့်ခန်းတွေပါ ၀င်ရောက်ပြုလုပ်နိုင်အောင် စီစဉ်ထားပါတယ်”ဟု ဆိုသည်။

ယင်းဝက်ဘ်ဆိုဒ်ကို ၂၀၁၃ ခုနှစ် မတ်လကပင် စတင်ရေးဆွဲခဲ့ကာ တက္ကသိုလ်ဝင်တန်းကျောင်းသားများ ကို အလွတ်ကျက်သည့်အလေ့အထမှ ကျော်လွန်နိုင်စေရန် ရည်ရွယ်ရေးဆွဲခဲ့ခြင်းဖြစ်သည်ဟုလည်း ကိုအောင်ကျော်မျိုးက ဆိုသည်။ လက်ရှိတွင် သင်ခန်းစာများကို စုဆောင်းနေသည့် အဆင့်တွင်သာရှိနေ သေးပြီး ယင်းဝက်ဘ်ဆိုဒ်တွင် လေ့ကျင့်ခန်းပြုလုပ်လိုသူများအတွက် နှစ်စဉ်ကြေး ကျပ် ၅၀၀၀ ပေးသွင်း ရမည်ဖြစ်သည်။ ငွေဖြည့်ကတ်ကိုလည်း နောက်ပိုင်းတွင် ရောင်းချပေးသွားမည် ဖြစ်သည်။

၎င်းက “ကျွန်တော်တို့က သင်ရိုးညွှန်းတမ်းတွေကို ဖော်ပြထားတာမဟုတ်ပါဘူး။ သင်ရိုးညွှန်းတမ်းကို အခြေခံပြီး တွေးခေါ်စဉ်းစားနိုင်စွမ်းရှိအောင် လုပ်ပေးတဲ့ဝက်ဘ်ဆိုဒ်ပါ”ဟု ပြောသည်။

လေ့ကျင့်ခန်းပြုလုပ်သည့် ကျောင်းသားများ၏ လေ့ကျင့်မှုများကို မှတ်တမ်းထားရှိ၍ နှစ်ကုန်တွင် အထူး ချွန်ဆုံးကျောင်းသားများအား ရွေးချယ်ကာ ဆုများပေးအပ်သွားမည်ဖြစ်သည်။ လေ့ကျင့်ခန်း စတင်လုပ် ဆောင်ရာတွင် ကြာမြင့်သည့်အချိန် နှင့် အဖြေမှန်ကန်မှုများ စသည့်အချက်အလက်များဖြင့် ရွေးချယ်ကာ ဆုပေးအပ်မည်ဖြစ်သည်။





<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

0 comments:

Post a Comment