Wednesday, September 25, 2013

တစ်နေ့ကို ဖူးလ်ဗားရှင်းဆော့ဝဲလ် တစ်ခု ဖရီးရနိုင်သော Giveaway Website















ဒီတစ်ခါတော့ အလန်းဇယား ဝက်ဆိုဒ်တစ်ခုကို ကျွန်တော် မျှဝေပါမယ်။

ပိုက်ဆံပေးဝယ်ရတဲ့ ဆော့ဝဲလ်တွေကို ဖရီးရနိုင်သော အခွင့်ရေးပဲ ဖြစ်ပါတယ်။

ခရက်တွေ ဘာတွေသုံးရတာမျိုး မဟုတ်ပါဘူး။

တကယ့်အစစ် ပိုက်ဆံပေးရသော ဆော့ဝဲလ်ကို ဖရီးကို လုံးဝရမှာပါ။

ဒါပေမဲ့လည်း တစ်နေ့မှာ ဆော့ဝဲလ်တစ်မျိုးပဲ ရမှာပါ။

ကိုယ့်ဘက်ကတော့ ရွေးချယ်ခွင့်မရှိပါဘူး။

အဲ့ဒီ ဝက်ဆိုဒ်က တစ်နေ့ကို ဆော့ဝဲလ်တစ်ခု ဖရီးဒေါင်းလုပ်ခ်ချခွင့်ပေးထားပါတယ်။

http://www.giveawayoftheday.com  ဆိုသော ဝက်ဆိုဒ်ပဲ ဖြစ်ပါတယ်။

သူ့ဆိုဒ်ကို သွားကြည့်လိုက်ရင် တစ်နေ့ကို ဆော့ဝဲလ်တစ်ခု ဖရီးပေးထားတာကို တွေ့မှာပါ။

ကိုယ်က ကြိုက်ရင် ဒေါင်းလုပ်ခ်ဖရီးရယူနိုင်ပါတယ်။

အဲ့ သူသတ်မှတ်ထားသော အချိန်ကျော်သွားရင်တော့ အဲ့ဒီဆော့ဝဲလ်ကို ဖရီးမပေးတော့ပါဘူး။ ပိုက်ဆံပေးပြီး ဝယ်ရမှာပါ။

ဆော့ဝဲလ်ကို ဒေါင်းလုပ်ဆွဲဖို့အတွက် လက်ကျန်အချိန်ကို ပြသပေးထားပါတယ်။

အဲ့ဒီဝက်ဆိုဒ်မှာ ကျွန်တော် အစစ်ဒေါင်းလုပ်ခ် ဆွဲပါတယ်။

အောက်က ပုံလေးတွေကို ကြည့်လိုက်ပါ။








 







**  ကိုကိုဇော် ( BE-EC )

0 comments:

Post a Comment