Showing posts with label (p) ဘလော့ရေးသားခြင်းဆိုင်ရာများ ( Blogger ). Show all posts
Showing posts with label (p) ဘလော့ရေးသားခြင်းဆိုင်ရာများ ( Blogger ). Show all posts

Monday, September 16, 2013

ဘလော့ဂ်ရေးသားသူများအတွက် Custom Font Embed ဖို့နည်းလမ်း
















ဒီပို့စ်ကတော့ ကျွန်တော် သိလွန်းတက်လွန်းလို့ ရေးသားတာ မဟုတ်ဘူးဆိုတာကို ပထမဆုံး ပြောပါရစေ။

ကျွန်တော်လည်း ဟိုနားရှာ၊ ဒီနားရှာ ကိုဂူဂယ်လ်ကို ဒုက္ခပေးလိုက်၊ မြန်မာဆိုဒ်တွေကို လိုက်ကြည့်လိုက် နည်းလမ်းတစ်ကာကို လိုက်စမ်းရင်းနဲ့ နဲနဲအဆင်ပြေသော နည်းလမ်းကို တွေ့မိလို ပြန်လည်း မျှဝေလိုက်ပါတယ်။

ဖောင့်နည်းပညာမှာ နာမည်ကြီးသော ကိုစေတန်ဆီလည်း ရောက်ခဲ့ပါတယ်။

နောက်ဆုံးတော့ ဘလော့ဂ်ဂါတစ်ယောက်အနေနဲ့ မိမိစိတ်ကြိုက် ဖောင့်ကို ဘလော့ဂ်မှာ တပ်ဆင်ဖို့နည်းလမ်းကို လိုအပ်လာနိုင်တာမို့ ကိုယ်ဘာသာ Font Embed ပြုလုပ်နိုင်သော နည်းလမ်းလေးကို ကျွန်တော်ရှာတွေလာပါတယ်။

ဘလော့ဂ်ဂါအတော်များများကို သိရှိသော Custom CSS ကို အသုံးပြုသော နည်းလမ်းပဲဖြစ်ပါတယ်။

ကျွန်တော်တွေ့ခဲ့သော နည်းလမ်းကတော့ ဘယ် Blogging Platform မှာပါ အဆင်ပြေနိုင်ပါလိမ့်မယ်လို့ထင်ပါတယ်။

ကျွန်တော်ကတော့ Blogspot  မှာပဲ စမ်းသပ်ထားပါတယ်။

Font Embed ပြုလုပ်ဖို့ Font Files လေးခု လိုအပ်ပါတယ်။

ဉပမာ။  ။ Myanmar3 Font အတွက်ဆိုရင်  Myanmar3.ttf , Myanmar3.eot , Myanmar3.woff  , Myanmar3.svg  တို့ပဲ ဖြစ်ပါတယ်။

ဇော်ဂျီအတွက်ဆိုရင်တော့ Zawgyi-One.ttf , Zawgyi-One.eot , Zawgyi-One.woff , Zawgyi-One.svg  တို့ပဲ ဖြစ်ပါတယ်။

ဒီနေ့အချိန်မှာဆိုရင် ကျွန်တော်တို့ မြန်မာတွေအတွက်က ဖောင့်အမျိုးအစား အတော်များများကို ရွေးချယ်သုံးနိုင်သလို ၊ အခြားတိုင်းရင်းသာ ဖောင့်တွေကိုပါ အင်တာနက်အပေါ်မှာ အဆင်ပြေပြေရေးနိုင်တာမို့ ဒီနည်းလမ်းလေးက အဆင်ပြေစေမှာပါ။

ကျွန်တော်တို့ Font Embed ပြုလုပ်ဖို့အတွက် မူရင်း Font File ( *.ttf ) တစ်ခုပဲ လိုအပ်ပါတယ်။ ကျန်သော File Types တွေကို ကျွန်တော်တို့ ပြန်လည် ဖန်တီးနိုင်သော နည်းလမ်းတွေရှိပါတယ်။

ကျွန်တော် Font Embed Code  ကို ပထမဆုံးကြည့်ရင် ဘာကြောင့် အဲ့လိုဖိုင်လေးဖိုင်လိုအပ်တာကို သိလာပါမယ်။


ကျွန်တော်ရလာသော CSS Codes တွေက :

@font-face {
font-family: ‘UndercoverRegular’;
src: url(‘UNDERCOV-webfont.eot’); /* IE9 Compat Modes */
src: url(‘UNDERCOV-webfont.eot?#iefix’) format(‘embedded-opentype’), /* IE6-IE8 */
url(‘UNDERCOV-webfont.woff’) format(‘woff’), /* Modern Browsers */
url(‘UNDERCOV-webfont.ttf’) format(‘truetype’), /* Safari, Android, iOS */
url(‘UNDERCOV-webfont.svg#UndercoverRegular’) format(‘svg’); /* Legacy iOS */
font-weight: normal;
font-style: normal;
}


ကျွန်တော် အဲ့ဒီနည်းအတိုင်း လုပ်ကြည့်တာ အဆင်ပြေသလို ကိုယ်တပ်ဆင်ထားသော ဖောင့်ကိုလည်း ဆိုဒ်ကို လေးလံခြင်းမရှိပဲ ကြည့်နိုင်တာကိုတွေ့ရပါတယ်။

ပထမဆုံးကျွန်တော်တို့ ဖောင့်ဖိုင်လေးဖိုင်လုံးမလိုသေးပါဘူး။ မူရင်း တစ်ဖိုင်ပဲလိုအပ်ပါတယ်။

ဉပမာ။  Myanmar3 Font ကို Font Embed ပြုလုပ်မယ်ဆိုပါတော့ လိုအပ်တာက Myanmar3.ttf  ဆိုတာလေးလိုအပ်ပါတယ်။ အင်တာနက်မှာ ဒေါင်းလုပ်ချနိုင်သလို တကယ်က ကိုယ်အသုံးပြုနေသော ဖောင့်ဖြစ်တာမို့ ကွန်ပျူတာမှာ အဆင်သင့်ရှိနေတက်ပါတယ်။


၁) *.ttf Font File to *.eot Font

ဒီကိစ္စအတွက်ဆိုရင် ကျွန်တော်လွယ်ကူသော Online Font Conventer  ကိုပဲ အသုံးပြုမှာပါ။ အဲ့လို ttf - eot  ပြောင်းလဲဖို့  http://www.kirsle.net/wizards/ttf2eot.cgi  မှာ လွယ်လွယ်ကူကူပြောင်းလဲနိုင်ပါတယ်။ အခြားကိုယ်ကြိုက်ရာဆိုဒ်၊ ဆော့ဝဲလ်ကိုလည်းပဲ အသုံးပြုနိုင်ပါတယ်။ အဲ့ဒီဆိုဒ်မှာ *.ttf File လေးကို Upload ခေါ်ယူပြီး အလွယ်တကူ eot file ပြောင်းလဲကာ ဒေါင်းလုပ်ချနိုင်ပါတယ်။


၂) *.ttf Font File to *.svg

သူ့အတွက်ကတော့ အွန်လိုင်ဖောင့်ပြောင်းပေးနိုင်တဲ့ဆိုဒ်ဖြစ်တဲ့ http://www.freefontconverter.com/  မှာ သွားရောက် ပြောင်းလဲနိုင်ပါတယ်ခင်ဗျား။


၃) *.ttf Font File to *.woff

သူ့အတွက်ကတော့ ကျွန်တော် Online Conventer  ကို မသုံးပါဘူး။ sfnt2woff   ဆိုသော ဆော့ဝဲလ်လေးကို သုံးပါမယ်။ http://people.mozilla.org/~jkew/woff/  မှာ ဒေါင်းလုပ်ရယူနိုင်ပါတယ်ခင်ဗျား။ အသုံးပြုပုံက မခက်ပါဘူး။ ဖောင့်တစ်ခုခုကို .woff  ပြောင်းဖို့ဆိုရင် ဖိုဒါတစ်ခု အရင်ဆောက်၊ အဲ့ဒီဖိုဒါထဲမှာ sfnt2woff  ဆော့ဝဲလ်လေးနဲ့ အတူ ttf File ကို အတူထား။ Windows Platform မှာတော့ ဖိုဒါတစ်ခုတည်းမှာ sfnt2woff.exe လေးနဲ့ ကိုယ်သုံးချင်သော ဖောင့် ဉပမာ Myanmar3.ttf  ကို အတူထား Command Line ကနေပြီး sfnt2woff.exe Myanmar3.ttf  လို့ရိုက်ထည့်ရင်ရပါတယ်။ Command Line မသုံးတက်ရင် Note Pad ကို ဖွင့် Command ကို ကူးထည့် *.bat နဲ့ Save  လုပ်။ *.bat လေးကိုပါ အဲ့ဒီ ဖိုဒါလေးထဲမှာထည့် ပြီး Double Click နဲ့ Run လိုက်ရင် *.woff file လေး အဲ့ဒီဖိုဒါလေးထဲမှာ အော်တိုထွက်လာတာကို တွေ့ရမှာပါ။ Command က မှာလို့မရပါဘူး sfnt2woff.exe Space နဲ့ Myanmar3.ttf ကြားမှာ Space တစ်ချက်ပါပါတယ်။ Myanmar3.ttf  နေရာမှာ ကိုယ်အသုံးပြုလိုသော ဉပမာ Zawgyi-One.ttf  ကို အသုံးပြုရင် Zawgyi-One.woff  ကို ရရှိမှာ ဖြစ်ပါတယ်။

ကဲ့ အခုဆိုရင် ကျွန်တော်တို့မှာ မူရင်းရှိသော ttf ရယ် နောက် ပြောင်းလဲထားသော eot , svg , woff  စုစုပေါင်း လေးဖိုင်ရှိသွားပါပြီ။

အဲ့ဒီလေးဖိုင်ကို Hosting တစ်ခုခုမှာ တင်ရပါမယ်။ ကျွန်တော်ကတော့ Dropbox ( https://www.dropbox.com )  ကို အသုံးပြုပါတယ်ခင်ဗျား။ Dropbox ( https://www.dropbox.com ) မှာ အကောင့် ပြုလုပ်၊ နောက် ဖိုင်လေးခုလုံးကို Upload ဆွဲတင်ပြီး Download Link တွေကို မှတ်သားပါ။

ဉပမာ ။  ။ လင့်တွေက https://www.dropbox.com/s/zrggd6upa2rewe/mm3.eot  အစရှိသဖြင့်ရရှိမှာ ဖြစ်ပါတယ်။ ဖိုင်လေးဖိုင်အတွက် လင့်က လေးခုရမှာပါ။


Blogspot  သမားများအတွက်ကတော့ Font Embed ပြုလုပ်ဖို့ဆိုရင် ပထမဆုံး www.blogger.com  မှာ Sign In ဝင်ရောက်ရမှာ ဖြစ်ပါတယ်။

နောက် Dashboard >  Template ကို ကလစ်လုပ်ရပါမယ်။

အဲ့မှာ Customize ဆိုတာလေးရှိပါတယ်။ သူ့ကို ကလစ်တစ်ချက်နှိပ်ရပါမယ်။

Customize  ရောက်ရင်တော့ အောက်ဆုံးက Advanced  ကို ကလစ်လုပ်ရမှာပါ။

Advanced ရဲ့ အောက်ဆုံးမှာ Add CSS  ဆိုတာလေးကို ကလစ်လုပ်ပါ။ အဲ့မှာ CSS  Code တွေ ထည့်သွင်းလို့ရသော နေရာလေးရှိပါတယ်။ အဲ့ဒီကုဒ်တွေထည့်သွင်းနိုင်သော နေရာမှာ အောက်က ပုံစံအတိုင်း ကုဒ်တွေ ထည့်သွင်းနိုင်ပါတယ်ခင်ဗျား။



****  Myanmar3 အတွက် ပုံစံပါ။

@font-face {
font-family: ‘Myanmar3’;
src: url(‘https://www.dropbox.com/s/nn89xr366qsuh/mm3.eot’); /* IE9 Compat Modes */
src: url(‘https://www.dropbox.com/s/nn89xr36lqsuh/mm3.eot?#iefix’) format(‘embedded-opentype’), /* IE6-IE8 */
url(‘https://www.dropbox.com/s/goobfl2tcs58bt/mm3.woff’) format(‘woff’), /* Modern Browsers */
url(‘https://www.dropbox.com/s/goobfl2tc8lxb/mm3.ttf’) format(‘truetype’), /* Safari, Android, iOS */
url(‘https://www.dropbox.com/s/zlcuoar1j8mmd/mm3.svg#UndercoverRegular’) format(‘svg’); /* Legacy iOS */
font-weight: normal;
font-style: normal;

}
body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'Myanmar3'!important;}

(  ကျွန်တော်က ပုံစံပြထားတာပါ။ အဲ့ဒီလင့်တွေမှာ ဖောင့်မရှိပါဘူး။ မိတ်ဆွေတိုတင်ထားသော လင့်ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ )



****  Zawgyi-One အတွက် ပုံစံ။

@font-face {
font-family: ‘Zawgyi-One’;
src: url(‘https://www.dropbox.com/s/ft923yrmqpl7g/Zawgyi-One.eot’); /* IE9 Compat Modes */
src: url(‘https://www.dropbox.com/s/ft923y9frpl7g/Zawgyi-One.eot?#iefix’) format(‘embedded-opentype’), /* IE6-IE8 */
url(‘https://www.dropbox.com/s/9d2su6ks4yaa9/Zawgyi-One.woff’) format(‘woff’), /* Modern Browsers */
url(‘https://www.dropbox.com/s/xauqf0d84tmod/Zawgyi-One.ttf’) format(‘truetype’), /* Safari, Android, iOS */
url(‘https://www.dropbox.com/s/2psu6wix90drs/zawgyione.svg#UndercoverRegular’) format(‘svg’); /* Legacy iOS */
font-weight: normal;
font-style: normal;

}
body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'Zawgyi-One'!important;}

(  ကျွန်တော်က ပုံစံပြထားတာပါ။ အဲ့ဒီလင့်တွေမှာ ဖောင့်မရှိပါဘူး။ မိတ်ဆွေတိုတင်ထားသော လင့်ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ )



ကျွန်တော် အသုံးပြုထားသော နည်းလမ်းများကို နှစ်သက်မှုမရှိပါက http://mmwebfonts.comquas.com  မှာ သွားရောက်လေ့လာနိုင်ပါတယ်။  http://mmwebfonts.comquas.com  ဆိုဒ်ကတော့ ကိုစေတန်းဖန်တီးထားသော ဆိုဒ် ဖြစ်ပါတယ်။

ဘလော့ဂ်ဂါများ မြန်မာယူနီကုဒ်၊ မွန် ၊ ရှမ်းစာများအတွက်ကတော့ http://mmuniembed.blogspot.sg/  မှာ သွားရောက်လေ့လာနိုင်ပါတယ်။


အခု ကျွန်တော်ရေးထားသော နည်းလမ်းသည် အခုလော်လော်ဆယ် ကျွန်တော် ဘလော့ဂ်အတွက် အသုံးပြုထားသော နည်းလမ်းလဲဖြစ်ပြီး ဘလော့ဂ်ဂါအတော်များများလည်း သိထားသော နည်းလမ်းပဲ ဖြစ်ပါတယ်။

Wordpree လိုမျိုး Local Host မှာ Run မယ်ဆိုရင်တောင် ဖောင့်တွေကို Local Host အပေါ်ဆွဲတင်ပြီး အသုံးပြုနိုင်သော နည်းလမ်းပဲ ဖြစ်ပါတယ်ခင်ဗျား။

နောက်ပြီး ကိုယ့်ပိုင်အကောင့်နဲ့ Dropbox  မှာ တင်ထားတာဖြစ်တာကြောင့် ဆိုဒ်ကလည်း ပေါ့ပေါ့ပါးပါးရှိပါတယ်။ အများသုံး လင့်ခ်ကို အသုံးပြုပါက ဆိုဒ်က ကိုယ့် Font Embed  လုပ်ထားသော ဖောင့်ကို မြင်ရဖို့ကို နည်းနည်းကြာမြင့်တက်ပါတယ်။



 ကျွန်တော် စမ်းသပ်ထားသော ဘလော့ဂ်နှစ်ခုကိုလည်း သွားရောက်ကြည့်နိုင်ပါတယ်ခင်ဗျား။

http://htarwaiethar-mmuni.blogspot.com/  က Myanmar3 Font ကို စမ်းသပ်ထားတာ ဖြစ်ပြီး၊

http://htarwaiethar-zawgyi.blogspot.com/   က Zawgyi-One Font ကို စမ်းသပ်ထားတာ ဖြစ်ပါတယ်။


*******   အမှားယွင်းများပါက ခွင့်လွတ်ထောက်ပြကြပါ ခင်ဗျား၊


**   ကိုကိုဇော် ( BE-EC )

Sunday, September 8, 2013

Website များစွာကို တစ်နေရာတည်းကနေ Submission လုပ်ကြမယ် ( လုံးဝ အလန်း )





















ကျွန်တော် အခု ရေးမယ်နည်းကတော့ ဘလော့ဂ် ၊ ဝက်ဆိုဒ် ရေးသူများအတွက် လုံးဝ အလန်းဇယားပါ။

တစ်နေရာတည်းကနေပြီး ဆိုဒ် ပေါင်းများစွာမှာ ကိုယ်ဘလော့ဂ်လေးကို Submission ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

လုပ်ရမှာ လွယ်ပါတယ်။

ပထမဆုံး http://www.rankontoponline.com/SearchEngineSubmission/   ကို သွားလိုက်ပါ။

အဲ့မှာ ကိုယ်ဘလော့ဂ် လိပ်စာလေးရိုက်ထည့်ဖို့ နေရာလေးမှာ ကိုယ်ဘလော့ဂ်လေရိုက်ထည့်ပါ။

နောက် Email Address လေးရိုက်ထည့်ပြီး Submit ဆိုတာလေးကို ကလစ်လိုက်ရင် အိုကေပါတယ်။

Submission ဆိုတာတော့ ဘလော့ဂ်တွေ ဆိုဒ်တွေ ရေးသူများအတွက် မစိမ်းသော စကားလုံးပါပဲ။

ကိုယ့်ဘလော့ဂ်တွေကို နာမည်ကြီး Search Engin တွေက သိသွားအောင် ကြေငြာတာမျိုးပါ။

သူတို့တွေက ကိုယ့်ဘလော့ဂ်လေးကို သိသွားရင်တော့ Search Engin တွေမှာ ကိုယ့်ဘလော့ဂ်လေးကို ရှာလို့ရှိရင် အဆင်ပြေသွားတာပေါ့နော့်။


**  ကိုကိုဇော် ( BE-EC )

Wednesday, September 4, 2013

Dot TK Domain Name Free တစ်နှစ်စာ ရယူနည်း ( မြန်မာစာအုပ် )

















Domain Name အကြောင်းကတော့ ဘလော့တွေ ဝက်ဆိုဒ်တွေ ရေးသားသော သူများအတွက် သိပ်ပြီးတော့ ပြောပြစရာ မလိုဘူးလို့ထင်ပါတယ်။

ကျွန်တော်တို့ အင်တာနက်အပေါ်မှာ ဘလော့ဂ်စာမျက်နှာ၊ ဝက်ဆိုဒ်တွေ ရေးသားဖို့အတွက် သက်ဆိုင်ရာ အမည်အလိုက် Domain Name တွေကို အသုံးပြုရပါတယ်။

အခု ကျွန်တော့် ဘလော့ဂ် www.htarwaietar.blogspot.com ဆိုရင် ကိုဂူဂယ်လ်က ဖရီးပေးထားသော .blogspot.com  ဆိုသော ဒိုးမိန်းအမည်ပဲ ဖြစ်ပါတယ်။

ဘယ်ဘလော့ဂ်၊ ဆိုဒ်မဆို ကိုယ့်ရဲ့ စာသားတွေ ဖော်ပြချက်တွေ အင်တာနက်မှာ ရှင်သန်ဖို့ ဒိုမိန်းတစ်ခုခုတော့ အသုံးပြုရမှာပါ။

ပိုက်ဆံတက်နိုင်သော ဘလော့ဂ်တွေကတော့ .net , .com , .org , .info , .edu , .com.mm  စသော ဒိုမိန်းအမည်များကို အခကြေးငွေပေးဝယ်ကာ အသုံးပြုကြတာကို မိတ်ဆွေတို့လည်း တွေ့မှာပါ။

အခုကတော့ .tk အမည်နဲ့ ဒိုမိန်းလေးကို တစ်နှစ်စာ လျှောက်ထားပြီး ကိုယ့်ဘလော့ဂ်လေးအတွက် အသုံးပြုသော နည်းလမ်းအကြောင်းစာအုပ်လေးရထားလို့ ကျွန်တော် ပြန်မျှလိုက်ပါတယ်ခင်ဗျား။

စာအုပ်ကို ရေးသားသူကတော့ Kiddo Monstar  ပဲ ဖြစ်ပါတယ်။ www.kiddomonstar.com ဆိုဒ် ပိုင်ရှင် ဖြစ်ပါတယ်။

စာအုပ်ကို လေ့လာလို့ရအောင် ကျွန်တော် အောက်မှာ ဒေါင်းလုပ်ခ်လင့်ပေးထားပါတယ်ခင်ဗျား။

စာအုပ်ဖိုင်ဆိုဒ်က 504 KB လောက်ပဲ ရှိပါတယ်။

စာအုပ်ထဲမှာ ဖရီးဒိုးမိန်းရယူနည်း၊ နောက် ဘလော့ဂါမှာ ပြန်လည် အသက်သွင်းနည်း စတာတွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။


Download


**  S Seven

Monday, June 3, 2013

Blogger မှာ Site Map ( သို့ ) ဘလော့မှာရှိသမျှ ပို့စ်လေးတွေကို ဖော်ပြတာလေး ပြုလုပ်နည်း






















ဒီနည်းလေးကတော့ ဘလော့အတွက် အတော်ကိုကောင်းပြီး အဆင်ပြေသောနည်းလမ်းလေးမို့ ကျွန်တော် ပြန်လည်မျှဝေလိုက်ပါတယ်။

ကျွန်တော်တို့ ဘလော့မှာ ရှိရှိသမျှသော ပို့စ်တွေကို Lebel လေးတွေအလိုက် ပို့စ်အားလုံးကို ဖော်ပြနိုင်အောင်ပြုလုပ်သောနည်းလမ်းလေး ဖြစ်ပါတယ်။

Site Map လေးပြုလုပ်တာပေါ့နော်။

ကျွန်တော့်ဘလော့မှာ လုပ်ထားပါတယ်။ Menu Bar လေးမှာ ကြည့်နိုင်ပါတယ်။

ဘလော့ပို့စ်တစ်ခုကို Html Code တွေ ဖြည့်သော နည်းလမ်းပဲ ဖြစ်ပါတယ်။

-ဘလော့ဂါကို ဝင်ပြီး ဘလော့ရေးသော နေရာမှာ Pages ဆိုသော နေရာကို ကလစ်လုပ်ပါ။

-New Page ကို ကလစ်လုပ်ပါ။ Blank Page ကို ရွေးပြီး ကလစ်လုပ်ပါ။

-Page မှာ စာလေးတွေ ရေးလို့ရသော နေရာကို ရောက်သွားပါတယ်။ Page Title မှာ ကြိုက်တာ ရေးလို့ရပါတယ်။ ဉပမာ ။  ။ ပို့စ်အားလုံး

-ဘလော့ပို့စ်တင်တာနဲ့ အတူတူဖြစ်တာကြောင့် Compose , HTML ဆိုတာနှစ်ခုကို ရှာပါ။ Post Title အောက်နားလေးမှာ ရှိပါတယ်။

-အဲ့မှာ Compose ဆိုတာလေးကို အထင်းနဲ့ မြင်ရပါတယ်။ သူ့ကို မသုံးပါဘူး။ HTML ကို ကလစ်လုပ်ပါ။ အောက်က ကုဒ်တွေကို ကူးထည့်လိုက်ပါ။



<style type="text/css">
    #toc{

    width:99%;

    margin:5px auto;

    border:1px solid #2D96DF;
    -webkit-box-shadow:4px 4px 8px 2px rgba(0,0,0, 0.2);
    -moz-box-shadow:4px 4px 8px 2px rgba(0,0,0, 0.2);
    box-shadow:4px 4px 8px 2px rgba(0,0,0, 0.2);

    }
    .labl{

    color:#FF5F00;

    font-weight:bold;

    margin:0 -5px;

    padding:1px 0 2px 11px;
    background:-moz-linear-gradient(right,#C2EAFE 0%,#055A85 40%);
    background:-webkit-gradient(linear,left 10,right 80,color-stop(0.20,#055A85),color-stop(1,#C2EAFE));
    border:1px solid #2D96DF;

    border-radius:4px;-moz-border-radius:4px;
    -webkit-border-radius:4px;box-shadow:3px 3px 1px #bbb;
    -moz-box-shadow:3px 3px 1px #bbb;-webkit-box-shadow:3px 3px 1px #bbb;display:block;

    }
    .labl a{

    color:#fff;

    }
    .labl:first-letter{t

    ext-transform:uppercase;

    }
    .new{

    color:#FF5F00;

    font-weight:bold;

    font-style:italic;

    }
    .postname{

    font-weight:normal;

    background:-moz-linear-gradient(right,#C2EAFE 0%,#fff 40%);
    background:-webkit-gradient(linear,left 80,right 10,color-stop(0.60,#fff),color-stop(1,#C2EAFE));

    }
    .postname li{

    border-bottom: #ddd 1px dotted;

    margin-right:5px

    }
    </style>
    <div id="toc"><script type="text/javascript" src="http://bloggerprofessionals.googlecode.com/files/MyTOC.js"></script>
    <script src="http://www.htarwaiethar.blogspot.com/feeds/posts/default?max-results=9999&amp;alt=json-in-script&amp;callback=loadtoc">
    </script></div>




www.htarwaiethar.blogspot.com ဆိုသော နေရာမှာ ကိုယ့်ဘလော့ Address ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ ဘလော့အမည်ကို www. ပါအောင် ရေးပေးပါ။

ပြီးရင်တော့ Publish ကိုသာ ကလစ်လုပ်ပါ။

ကိုယ်တင်လိုက်သော ဘလော့ Page ကိုတော့ ဘလော့မှာ အဆင်ပြေသော နေရာမှာ ဖော်ပြလို့ရပါတယ်။

ကျွန်တော့်ဘလော့မှာတော့ Page ပြုလုပ်လို့မရဘူးဗျ။ ကျွန်တော်က ရိုးရိုးဘလော့ပို့စ် တစ်ခုအနေနဲ့ တင်ထားတာပါ။

ရိုးရိုးပို့စ်တစ်ခုလိုမျိုး တင်လိုက်လည်းရပါတယ်။ အချိန်ကိုတော့ နောက်ကိုသာ ဆုတ်လိုက်ပေါ့နော့်။

နောက်မှ ကိုယ်တင်လိုက်သော ပို့စ်ကို Link List , Menu တွေမှာ ထည့်ပေးလိုက်တာပေါ့ဗျာ။


#  ကိုအိုင်တီမုဆိုး ဘလော့မှ ရလာသော နည်းလမ်းဖြစ်ပါတယ်။


**  ကိုကိုဇော် ( BE-EC )

Tuesday, May 14, 2013

Html ဝင်နည်း ( Blogger Html အသစ် )



















ကျွန်တော်လည်း ရေးမယ်ရေးမယ်နဲ့ တော်တော်နဲ့ မရေးဖြစ်ပါဘူး။

ကျွန်တော်တို့ အသုံးပြုနေသော ဘလော့ဂါက Html ပြင်ဆင်ခြင်းကို အသစ်ပြုလုပ်လိုက်တာကို ဘလော့ရေးသူတိုင်း သိပြီးသွားပါပြီ။

အရင်လိုမျိုး Html တွေကို ပြင်လို့မရသော်လည်း ပိုကောင်းလာသော အနေအထားမှာ ရှိနေပါတယ်။

ဘလော့ဂါမှာ Html ကို ဝင်ရောက်ဖို့ဆိုရင်

ဘလော့ဂါမှာ မိမိအကောင့်နဲ့ ဝင်ရောက်ပါ။
Dashboard ကို ဆက်သွားပါ။
Template ကို ကလစ်ပါ။
Edit Html ကို ကလစ်ပါ။

အဲ့လို အဆင့်ဆင့်သွားရင် ကိုယ့်ဘလော့ရဲ့ Template Html ကိုရောက်ပါပြီ။

ကိုယ်က စိတ်ကြိုက်ပြုပြင်မှုတွေ လုပ်တော့မယ်ဆိုရင်တော့ Template ကို Backup လုပ်ထားရင် ပိုကောင်းပါတယ်။ ဒါမှ မှားသွားတော့လည်း Restore လုပ်လို့ရတာပေါ့ဗျာ။

ဘလော့ Template ကို Backup လုပ်ချင်ရင်တော့ Template ကို ကလစ်သော အဆင့်မှာတည်းက Backup and Restore ကို ကလစ်က ဘလော့ Template ကို ဒေါင်းလို့ရပါတယ်။ ပြန်လည် Restore လုပ်ချင်ရင်လည်း အဲဒီနေရာမှာပဲ ပြုလုပ်နိုင်ပါတယ်။

ဘလော့ဂါ Html ထဲရောက်လို့ တစ်ခုခုသော စာကြောင်းတွေရှာချင်ရင်တော့ Ctrl+F တစ်ခုတည်းနဲ့ မရတော့ပါဘူး။ Edit Template ကို ကလစ်မှသာ Ctrl+F က အလုပ်လုပ်ပါတယ်။
နောက်ကောင်းလာတာတွေက ကျွန်တော်တို့ ပြုပြင်ထားသော Html Code တွေကို အလွယ်တကူ
Jump to Wideget ကနေပြီးသွားရောက်နိုင်တာပဲ ဖြစ်ပါတယ်။ကဲ့ ပိုပြီးကောင်းလာတယ်နော့် ။ သုံးကြည့်လိုက်ပါ။ အဆင်ပြေပါလိမ့်မယ်။

ဒါကျွန်တော် ထင်သလိုမျိုးပါ။ ကျွန်တော်ကတော့ ပိုလွယ်သွားတယ်လို့ ထင်တာပါပဲ။ ဘလော့ခရီးသည်မှာလည်း Html အသစ်ဝင်နည်းကို တွေ့မိပါတယ်။
တူတာကတော့ မတူပါဘူး။

http://aungsanmks.blogspot.com/2013/04/html.html  လင့်မှာ သွားကြည့်လို့ရပါတယ်။

**  Htar Waie Thar

Blogger မှာ Font Embed ပြုလုပ်ခြင်း



















Font Embed တယ်ဆိုတာတော့ ကျွန်တော်သိတာ ဖောင့်ကို ဘလော့မှာ တစ်ခါတည်း တပ်ထားလိုက်တာမျိုးပါ။

ဘာတွေကောင်းလဲဆိုရင်တော့ အခုကျွန်တော်တို့ ဘလော့ရေးတဲ့ လူတွေက အင်တာနက်မှာ မြန်မာလို မြင်ရဖို့ မြန်မာယူနီကုဒ်ဖောင့် ( သို့ ) ဇော်ဂျီ အစသဖြင့် တစ်ခုခုကို အသုံးပြုကာ ရေးသားပါတယ်။

ဒီတော့ သုံးစွဲသူတွေအတွက် ပြဿနာရှိတာက ဘလော့ရေးသူနဲ့ ဘလော့ကို လာလည်သူနှစ်ယောက်က ဖောင့်အသုံးပြုတာ တူတာမျိုးဆိုရင် ပြဿနာမရှိပါဘူး။

အဲ့ ဘလော့ရေးသူက မြန်မာယူနီကုဒ်ကို အသုံးပြုတယ် ဘလော့ကိုလာလည်သူက ဇော်ဂျီသုံးရင်တော့ တိုင်ပတ်တာပေါ့ဗျာ။

ဒီတော့ အဲ့လိုမျိုးတိုင်မပတ်အောင် ဘလော့ရေးသူက ဘလော့မှာ ဖောင့်ကိုတစ်ခါတည်း တပ်ထားလိုက်ရင်တော့ ဘလော့ကိုလာလည်သူက ဘာဖောင့်ကို သုံးသုံး ကိုယ်ဖော်ပြချင်တာကို ဖတ်နိုင်တာပေါ့ဗျာ။

ဖောင့်ကို ဘလော့မှာ တစ်ခါတည်းတပ်ဆင်ဖို့ကို ကျွန်တော်သိတာတော့ http://mywebfont.appspot.com/    ဆိုသော ဝက်ဆိုဒ်ပါ။

အဲ့မှာ ဘလော့မှာ ဖောင့်တစ်ခါတည်းတပ်ဆင်ဖို့ နည်းလမ်းကို ရေးထားတာတွေ့မိပါတယ်။

ဒီတော့ ကျွန်တော်လည်း စမ်းကြည့်တာ အဆင်ပြေပါတယ်။

Blogger Html ထဲမှာ CSS Code လေးတွေ ကြေငြာလိုက်ရင်ရပါတယ်။

ကျွန်တော်က မြန်မာယူနီကုဒ် Myanmar3 Font ကို အသုံးပြုကာ ဘလော့ကို ရေးသားပါတယ်။အရင်ကတော့ ဇော်ဂျီ၊မြန်မာယူနီကုဒ် အသုံးပြုသူနှစ်ဉီးလုံး အဆင်ပြေအောင် ဖောင့်ပြောင်းသော အရာလေးတပ်ထားပေးပါတယ်။

အခုကတော့ ဘလော့မှာ ဖောင့်တစ်ခါတည်းပဲ တပ်ဆင်လိုက်ပါတော့တယ်။

ပထမဆုံး ကိုယ့်ဘလော့မှာ ဖောင့်ကိုတပ်ဆင်လိုပါက http://mywebfont.appspot.com/    သို့သွားရောက်ကာ ကိုယ်နဲ့ သက်ဆိုင်သော ဖောင့်ကိုဒ်ကို ရယူနိုင်ပါတယ်။

Myanmar3 အတွက် CSS Link က
<link href='http://mywebfont.appspot.com/css?font=myanmar3' rel='stylesheet' type='text/css'/>

Font Family က
font-family:Myanmar3,Yunghkio,'Masterpiece Uni Sans';

သူတို့နှစ်ခုကို ဘလော့မှာ ကြေငြာလိုက်ရင် အိုကေသွားပါမယ်။
ပြုလုပ်နည်းက

Blogger ကို မိမိအကောင့်နဲ့ Sign In ဝင်ရောက်ပါ။
Dashboard ကို သွားရောက်ပါ။
Template ကို ကလစ်ပါ။
Edit Html ကို ကလစ်ပါ။
Html ထဲသို့ရောက်သွားပါက Edit Template ကို ကလစ်ပါ။

ကီးဘုတ်ကနေပြီး Ctrl+F အကူနဲ့ <head> ဆိုတာကို ရှာပါ။
သူ့အောက်မှာ CSS Link ကို ထားပေးပါ။

<head>
<link href='http://mywebfont.appspot.com/css?font=myanmar3' rel='stylesheet' type='text/css'/>

အပေါ်ကလို ပုံစံမျိုးပါ။မပြီးသေးပါဘူး။ Font Family ထည့်ပေးရပါမယ်။

Ctrl+F အကူနဲ့ font-family ကိုရှာပါ။ တွေ့ပါက သူ့တို့မူရင့်ဖောင့်နေရာမှာ

font-family:Myanmar3,Yunghkio,'Masterpiece Uni Sans';

ဆိုတာကို အစားထိုးပေးပါ။
ကျွန်တော့်ဘလော့မှာတော့ Font Family က တစ်နေရာပဲ ရှိပါတယ်။ ပြီးတော့ Save လုပ်လိုက်ပေါ့ဗျာ။

ကျွန်တော်က မြန်မာယူနီကုဒ် Myanmar3 တစ်ခုတည်းကိုပဲ ပြောသွားပါတယ်။ တကယ်က ဇော်ဂျီ နှင့် ကျန်သော ဖောင့်တွေကိုလည်း ဘလော့မှာ တစ်ခါတည်း ဖောင့်တပ်ထားလို့ရပါတယ်။

တကယ်က ဘလော့ဂါမှာ ဖောင့်တပ်တာက <head> အောက်မှာ CSS Link တစ်ခုကို ကြေငြာပါတယ်။

နောက် font-family:….. စသော မူရင်းဖောင့်နေရာမှာ ကျွန်တော်တို့ CSS မှာ ကြေငြာခဲ့သော ဖောင့်လေးပြောင်းလိုက်တာပဲ ဖြစ်ပါတယ်။
















**  ကိုကိုဇော် ( BE-EC )

Thursday, May 9, 2013

ဘလော့ပို့စ်တွေကို တစ်ခါတည်း Label သတ်မှတ်ကာ တင်မယ်















 ဒီနည်းလေးကတော့ သိပြီးသားဖြစ်မှာပါ။ ကျွန်တော်ကတော့ အခုမှ သိတာဗျ။

အရင်က ကျွန်တော် ဘလော့မှာ ပို့စ်တွေ တင်ရင် တစ်ခါတည်းပဲ တင်ပြီး နောက်မှ Label လိုက်တပ်ပါတယ်။

နောက်မှ ကျွန်တော် ပို့စ်တွေတင်တဲ့နေရာမှာ သတိထားမိတာ Label တစ်ခါတည်း တပ်ပေးလို့ရတယ်ဆိုတာ သိလိုက်ပါတော့ တယ်။

လုပ်ရမှာက လွယ်ပါတယ်။

ကိုယ့်ပို့စ်တင်နေသော နေရာလေးဘေးကို ကြည့်လိုက်ပါ။

အဲ့မှာ Label ဆိုတာလေးရှိပါတယ်။

ပို့စ်ကို Publish မလုပ်ခင်မှာ Label ဆိုတာလေး ကလစ်ပြီး ကိုယ့်ဘလော့မှာ ရှိပြီးသား Label ကို ရွေးနိုင်သလို အသစ်ဆိုရင် အသစ်ရိုက်ထည့်ကာ Done ကို ကလစ်လိုက်ရုံပါပဲ။

















** Htar Waie Thar

#  တစ်ခါတစ်လေ လွယ်လွယ်လေးတွေက သတိမေ့သွားတာမျိုးတွေပါ။ ဟဲဟဲ ။

Sunday, April 28, 2013

ဘလော့ပို့စ်တွေကို အီးမေးလ်ပို့ပြီး တင်နည်း




























Blogger မှာ ပို့စ်တွေကို အီးမေးလ်ကနေပြီး မေးလ်ပို့သော ပုံစံနဲ့ တင်လို့ရသော နည်းလေးရှိပါတယ်။

သိပြီးသော သူတွေကတော့ သိမှာပါ ကျွန်တော်ကတော့ မနေ့ကမှ သိတာပါ။

ပို့စ်တင်နိုင်တာမှာ အဲ့ဒီမေးလ်လိပ်စာကို ဘယ်သူက ပို့ပို့ ကိုယ့်ဘလော့မှာ ပို့စ်တစ်ခုအနေဖြင့် ဖော်ပြမှာပါ။

တစ်နည်းအား ကိုယ့်ဘလော့ကို အီးမေးလ်လိပ်စာတခု ဖန်တီးပြီး အဲ့ဒီမေးလ်ကို စာရောက်တာနဲ့ အော်တိုပို့စ်တင်သော နည်းလေးပါ။

အီးမေးလ်လိပ်စာကို ဘလော့ရေးသော သူက ဖန်တီးပေးရမှာပါ။

ပြုလုပ်ပုံက

- Blogger ကို Sign In ။

- Dashboard  ကို သွားပါ ။

- Setting ကို ကလစ်ပါ ။

- Setting အောက်မှာ Mobile and Email ကို ကလစ်ပါ။

Email ခေါင်းစဉ်မှာ Posting Using Email ဆိုတာရှိပါတယ်။ အဲ့မှာ Publish email immediately  ကို Check လုပ်ရင် ကိုယ့်အီးမေးလ် လိပ်စာလေးနဲ့ အနောက်မှ အလွတ် ပြီးရင် @blogger.com ဆိုတာလေးရှိပါတယ်။

ကျွန်တော်တို့ရလာနိုင်တာက ဥပမာ ။ ။ xxx.xxx@blogger.com ဆိုတာပါ။

အဲ့လိုလုပ်ပြီးရင် Save လုပ်လိုက်ရင် ကျွန်တော်တို့ ဖန်တီးထားသော မေးလ်လိပ်စာကို ကြိုက်တဲ့လူက အီးမေးလ်ပို့တာနဲ့ ဘလော့မှာ ပို့စ် အသစ်တခုတင်လိုက်တာနဲ့ အတူတူပါပဲ။

ကိုယ်တိုင်လည်း မေးလ်ပို့စ်ကာ တင်နိုင်သလို အခြားသူများ တင်နိုင်ဖို့ မေးလ်လိပ်စာပေးရင်တော့ ရပါတယ်။

**  Htar Waie Thar

Tuesday, April 23, 2013

ဘလော့ပို့စ် တခုကို အမြဲတမ်း ရှေ့ဆုံကို ရောက်စေချင်လျှင်







Blogger မှာ ပေါ့ဗျာ ။

ပို့စ်တွေတင်ပြီး အဲဒီထဲမှာမှ ကိုယ့်ဘလော့ပို့စ်တခုကို အမြဲတမ်း ရှေ့ဆုံးမှာ မြင်ရအောင်လုပ်လို့ရတယ်ဗျ။

ဒီအကြောင်းက ကျွန်တော် ဘလော့တခုမှာ ဒေါင်းလုခ်လုပ်နည်းများပို့စ်ကို ကျွန်တော် သူ့ဘလော့မှာ တွေ့လိုက်တာက စတာဗျ။

တခါသွားလည်း အဲဒီပို့စ်လေးက သူ့ဘလော့မှာ အမြဲရှိတယ်ဗျ။

အဲလို ဘယ်လိုလုပ်လို့ရလဲ စဉ်းစားတော့ သိပ်မခက်တာတွေ့ရပါတယ်။

ကျွန်တော်တို့ ပို့စ်တွေ တင်လိုက်တာနဲ့ ပို့စ်တွေကို အချိန်အတိအကျမှတ်ပြီး နောက်နေ့တွေမှာ ပို့စ်အသစ်တွေ တင်ပါက အသစ်နောက်ကနေပြီး ဖော်ပြပါတယ်။

အဲဒါ ဘလော့မှာ ပို့စ်တွေကို အချိန်နာရီအလိုက် ပို့စ်များကို စီတယ်လို့ ဆိုလိုတာပါ။

အဲ့တော့ ကျွန်တော့်တို့က အဲဒီ အချိန်လေးကို ပြင်နိုင်ရင် ရပါပြီ။

တကယ်လည်း ပို့စ်တွေကို ကိုယ်ကြိုက်ရာ အချိန်သတ်မှတ်လို့ရပါတယ် ။

ပြုလုပ်ပုံက


-  Blogger မှာ Sign In ဝင်

-  Dashboard  ကို သွားပါ

-  ပို့အသစ်ကို အချိန်သတ်မှတ်ချင်ပါက New Post , ရှိပြီးသာ ပို့စ်ကို အချိန်ပြင်ချင်ပါက Post ခေါင်းစဉ်အောက်က ကိုယ်ပြင်ချင်သော

ပို့စ်လေးကို ကလစ် ( Editing)

-  အဲ့မှာ ပို့စ်တင်တဲ့ အကောင်ဘေးက ပို့စ် Setting ကို တချက်ရှိုးလိုက်ပါ။

-  Publish On ဆိုတာလေးရှိပါတယ် အဲ့ဒါကို ကလစ်ပါ။

-  Automatic and Set Date and Time နှစ်ခုရှိပါတယ်။


-  ကျွန်တော်တို့က ကိုယ်ကြိုက်ရာ အချိန်လေးနဲ့ ပို့စ်ကို တင်မှာ မို့ Set Date and Time ကို ကလစ်ပြီး ကြိုက်ရာအချိန် ပို့စ်ကို

အပေါ်ဆုံးမှာ ထားချင်တာဆိုတော့ အခုလောလောဆယ် အချိန်ထက် အချိန်ကို ထားလိုက်ရင် အိုကေပေါ့ဗျာ။

ဥပမာ ၂၀၁၅ ပေါ့နော့် ။

ပြီးရင် Done ကို ကလစ် ။



-  ပို့စ်ကို Publish လုပ်လိုက်တာနဲ့ ကိုယ်သတ်မှတ်ထားသော အချိန်မကျော်မခြင်း ကိုယ့်ဘလော့မှာ အမြဲလိုလို အရှေ့ဆုံးမှာ မြင်ရပါပြီ။


တကယ်က ပို့စ်တင်မည် အချိန်လေးကို ပြောင်းပေးလိုက်တာပါပဲနော်။


**  Htar Waie Thar

Monday, April 22, 2013

ဘလော့မှာ နာရီချိန်မယ်


















ကျွန်တော်က နာရီချိန်မယ်လို့သာ ပြောတာ တကယ်က Time Zone Change တာပါ။

အင်တာနက်မှာက နာရီက လုံးဝမှန်တော့ ကျွန်တော်ကတော့ Time Zone လေးပြောင်းတာပဲ ပြောပါမယ် ။

သိတဲ့လူတွေ များသော်လည်း ကျွန်တော်ကတော့ သိပ်မကြာသေးခင်ကမှ သိတာဗျ။

ကျွန်တော် ဘလော့ရေးတော့ ကျွန်တော် Time Zone ကို သတိမထားမိလိုက်ဘူး ။ အဲ့လို အရမ်းကိုတော်တာလေ ။

ကျွန်တော် စပြီးသတိထားမိတာက ဘလော့က Visitors Gadget လေးကြောင့်ပဲ။

ဘလော့ရေးရင်း Visitors တွေက ည ၁၂ ကျော်သွားလည်း တကယ်ဆိုရင် အရင်နေ့က လူတွေက မပြောင်းသွားတာ နောက်ပြီး နေ့လည်လောက်ရောက်တော့ နောက်တရက်လိုမျိုးတွေ ကူးပြောင်းသွားတာက စတာဗျ။

ကျွန်တော်လည်း ဒါက ပုံမှန်မှ မဟုတ်တာ တခုခုလွဲနေပြီဆိုတာတော့ သိတာနဲ့ ဘလော့ဂါ Setting ထဲ ဝင်ကြည့်တော့ တွေ့တာပဲဗျ။

ကျွန်တော်က Time Zone ကို ကိုယ်နိုင်ငံ မပေးထားတော့ အချိန်တွေလွဲကုန်တာပါပဲ။

Blogger မှာ Time Zone ချိန်ချင်ရင်


-  Blogger မှာ Sign In ဝင်

-  Dashboard  ကို သွားပါ ။

-  Setting ကို ကလစ်ပါ ။

-  Setting အောက်မှာ Language and Formatting ကို ကလစ်ပါ။
















-  Formatting ဆိုတာလေး အောက်မှာ Time Zone ဆိုတာရှိပါတယ် ။ အဲ့မှာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်တော့ ( GTM+6:30)  Rangoon  ဖြစ်ပါက အမှန်ဖြစ်ပါတယ် ။

မဟုတ်ရင်တော့ သူ့ဘေးက မြှားလေးကို ကလစ်ပြီး နိုင်ငံ Time Zone လေးကို ရွေးပြီး Save လုပ်ရင် ဘလော့မှာ အချိန်တွေ မှန်မှန်ကန်ကန် ဖြစ်ပါပြီ။

ကျွန်တော့ဘလော့မှာတော့ အစက Time Zone က UK ရောက်နေပါတယ် ။အခုတော့ အမှန်ပြန်ပြင်လိုက်ပါပြီ။

**  Htar Waie Thar

Friday, April 19, 2013

ဇော်ဂျီဘလော့ကို မြန်မာယူနီကုဒ်ဘလော့ အဖြစ်ပြောင်းနည်း


















ဒီနည်းကတော့ ကျွန်တော် ဟိုသွားဒီသွားရင်း နောက် ကျွန်တော်ကလည်း ဇော်ဂျီကို အသုံးပြုရာကနေ မြန်မာယူနီကုဒ်ကို ပြောင်းလဲအသုံးပြုဖို့ရှာရင်းနဲ့ တွေ့ခဲ့သော နည်းပါပဲ။

လိုအပ်ချက်ကတော့ သိပ်မရှိပါဘူး။

ဘလော့တခုလုံးက ဇော်ဂျီနဲ့ ရေးထားရင် မြန်မာယူနီကုဒ်ကို အလွယ်ပြောင်းလဲလို့ရပါတယ်။

ကျွန်တော်ကတော့ ဘလော့ကို ဇော်ဂျီကနေ မြန်မာယူနီကုဒ်ပြောင်းလဲဖို့ကို စာအုပ်တအုပ်နဲ့ ဆော့ဝဲလ်လေးတင်ပေးလိုက်ပါတယ် ။

သူတို့နှစ်ခုကို အသုံးပြုပြီး အလွယ်တကူ ဇော်ဂျီကနေပြီ မြန်မာယူနီကုဒ်ဘလော့ တခုဖြစ်အောင် ဖန်တီးနိုင်ပြီး နောက်များမှာ ဘလော့ပို့စ်တွေကို ယူနီကုဒ်နဲ့ ရေးနိုင်တာပေါ့ဗျာ။

ဇော်ဂျီကနေ ယူနီကုဒ်ပြောင်းနည်း စာအုပ်ကို ဒီ​နေရာ​က ဒေါင်းပါ ။

စာအုပ်တွင် အသုံးပြုမည့် ဆော့ဝဲလ်ကို ဒီ​နေရာ​မှာ ဒေါင်းနိုင်ပါတယ်ခင်ဗျား။

စာအုပ်မှာပါသော အနှစ်ချုပ်ကတော့ ဘလော့ကို ဒေါင်းလိုက်တာပါပဲ။

ပြီးတော့ ဘလော့မှာ ရှိရှိသမျှသော ပို့စ်တွေကို ဖျက်လိုက်ပါတယ်။

ဒေါင်းလို့ရလာသော xml file လေးကို ဆော့ဝဲလ်အကူနဲ့ ယူနီကုဒ်ဖြစ်အောင်ပြုလုပ်ပြီး ဘလော့ဂါမှာ ပြောင်းပြီးသား xml file ကို ပြန်လည် Import ( Restore ) လုပ်လိုက်ခြင်းအားဖြင့် ဇော်ဂျီနဲ့ ရေးထားသော ပို့စ်တွေအကုန်လုံး ယူနီကုဒ်ဖြစ်သွားတာပါပဲခင်ဗျား။

ဇော်ဂျီနဲ့ပဲ ဆက်ရေးမယ့်ဆိုသောသူများအတွက်တော့ မလိုအပ်ပေးမယ့် ယူနီကုဒ်ပြောင်းသုံးမယ်ဆိုသော သူများအတွက် လိုအပ်လို့ ပြန်လည်တင်ပေးလိုက်ပါတယ်။


**  Htar Waie Thar

Saturday, April 6, 2013

Blogger မှာ အရေးပါသော Import , Export
















ကျွန်တော်တို့ ဘလော့ဂါမှာ ဘလော့ရေးတဲ့အခါမှာပေါ့ တကယ့်ကို အရေးပါသော Import , Export Function လေးတွေ ရှိပါတယ်။

ကျွန်တော်တို့ ဘလော့တခုလုံးကို Backup , Restor ပြုလုပ်တာပေါ့ဗျာ။

ကိုယ့်ဘလော့ကို Backup လုပ်ထားသော မှားယွင်းစွားပဲဖြစ်ဖြစ် တခုခုကြောင့်ပဲ ဖြစ်ဖြစ် ပို့စ်တွေ ဖျက်တယ် ဘလော့ကို ဖျက်ပြီးမှ ပြန်ရေးချင်ရင် Backup File လေးရှိတော့ အလွယ်တကူ ပြန်လည် Restore လုပ်နိုင်တာပေါ့ဗျာ ။

ပြုလုပ်ပုံက 

-  Blogger Singin ဝင်ရောက်ပါ ။
-  Dashboard  ကို သွားပါ ။
-  Setting ကို ကလစ်ပါ ။
-  Setting အောက်က Other ကို ကလစ်ပါ ။
-  အပေါ်ဆုံးမှာ Blog Tools ဆိုတာရှိပါတယ် ။
-  အဲ့မှာ Export Blog ဆိုတာ ဘလော့တခုလုံးကို ဒေါင်းတာပါ၊ Import ကတော့ Download Backup (*.xml) ကို Restore လုပ်တာပါ ။  Delete ဆိုတာတော့ ဘလော့ကို ဖျက်မည်ဆိုပါက သုံးတာပါ။

ကျွန်တော်တို့က Backup လုပ်ချင်ပါက Export ကို ကလစ်ပြီး  Download ကို ကလစ်တာနဲ့ ဒေါင်းပါတယ် ။ ခဏပဲဒေါင်းရတယ်ဆို ပေမဲ့ Import ပြုလုပ်သော အချိန်မှာတော့ ပို့စ်တွေ ၊ Page တွေ ၊ Comments တွေ အကုန်လုံးပြန်ရတာကို တွေ့ရမှာပါ ။


**  Htar Waie Thar

Tuesday, April 2, 2013

ဘလော့မှာ Zawgyi to Unicode Font Changer လေးထည့်သွင်းနည်း















ကျွန်တော်တို့ ဘလော့တွေမှာပေါ့ဗျာ ။

အတော်များများကတော့ ဇော်ဂျီကို အသုံးပြတာပါပဲ သို့သော်လည်း မြန်မာယူနီကုဒ်ကို အသုံးပြုတဲ့ သူတွေလည်း ရှိပါတယ် ။

နောက်ပြီ ဘလော့ကို လာရောက်ကြည့်သူတွေကလည်း ကွန်ပျူတာမှာ မြန်မာစာတွေ မြင်ရဖို့ ဇော်ဂျီ (သို့) မြန်မာယူနီကုဒ်ကို အသုံးပြုရတာပါပဲ ။

ဘလော့ရေးတဲ့လူကလည်း ဇော်ဂျီ လာရောက်ကြတဲ့ သူကလည်း ဇော်ဂျီဆိုရင်တော့ ပြဿနာမရှိဘူးပေါ့ဗျာ။

နောက်မို့ ဘလော့ရေးတဲ့သူ အသုံးပြုတာနဲ့ လာကြည့်တဲ့သူ ဖောင့်တွေမတူတော့ တိုင်ပတ်တာပေါ့ဗျာ ။

ကျွန်တော်ကတော့ မြန်မာယူနီကုဒ်ကို အသုံးပြုပြီးရေးတာပါ ။

သို့သော်လည်း ဇော်ဂျီဖောင့် အသုံးပြုသူများ အဆင်ပြေဖို့ ဘလော့မှာ Zawgyi to Unicode Font Changer လေးထည့်သွင်းပေးထားပါတယ် ။

ဘလော့လာကြည့်တဲ့ သူတွေ အဆင်ပြေရာ ဖောင့်ပြောင်းပြီကြည့်တော့ အဆင်ပြေတာပေါ့ဗျာ ။

ပြုလုပ်ပုံကလွယ်ပါတယ် ။

-  Blogger Singin ဝင်ရောက်ပါ ။
-  Dashboard  ကို သွားပါ ။
-  Layout ကို ကလစ်ပါ ။
- ကြိုက်နှစ်သက်ရာ နေရာမှာ Add Gadget ကို ရွေးပါ ။
- Gadget ထဲမှာ Add Html/ Java Script ဆိုတာကို ရွေးပေးပါ ။

အောက်ကကုဒ်လေးတွေ ကူးထည့်ပါ ။

<script type="text/javascript" src="http://yourjavascript.com/11301670185/kyaysarlay-unicode-zawgyi.txt.js"></script>


နောက်ပြီး Save ပေါ့ဗျာ ။

ဘလော့မှာ ဇော်ဂျီရော ယူနီကုဒ်ပါ ဖောင့်လေးပြောင်းပြီး ကြည့်လို့ရသွားပါတယ်ခင်ဗျား ။

**  Htar Waie Thar

Sunday, March 24, 2013

Website Design လက်တွေ့သင်ခန်းစာများ




















ကျွန်တော် ဦးသောင်းဝင်း (ပန်းချယ်ရီ) ရေးသားသော Web Design လက်တွေ့သင်ခန်းစာများ စာအုပ်ကို တင်ပေးလိုက်ပါတယ် ။

ဝက်ဆိုဒ် အကြောင်းလေ့လာ လိုသူများ အသုံးတည့်မှာပါ ။

ဖိုင်ဆိုဒ်က 2.5 MB လောက်ရှိပါတယ် ။

Download 

**  ကိုကိုဇော် ( BE-EC )

ဘလော့ဂါများနှင့် ဆိုက်ဘာသမားများလက်စွဲ






















ကျွန်တော် ဘလော့ဂါ နှင့် ဆိုက်ဘာအတိုက်ခံသမားများ လက်စွဲဆိုသော စာအုပ်လေးတင်ပေးလိုက်ပါတယ် ။

စာအုပ်ကတော့ အဟောင်းလေးပါ ။

သီအိုရီများပါဝင်သော ဘလော့ဂါ အကြောင်းစာအုပ်လေးမို့ ပြန်တင်ပေးလိုက်ပါတယ်နော့် ။

စာအုပ်ကို နည်းစည်းမခြား သတင်းထောက်များ အဖွဲ့က ၂၀၀ရ ခုနှစ်မှာ ရေးသားခဲ့တာပါ ။

ဖိုင်ဆိုဒ်က 3.2 MB လောက်ရှိပါတယ် ။

Download  

**  Htar Waie Thar

Saturday, March 16, 2013

Reported Attack Page အဖြစ် မိမိဆိုဒ် သတ်မှတ်ခံခဲ့ရလျှင် ဖြေရှင်းနည်း














ကျွန်တော် ကိုအောင်အောင် (ဘလော့ခရီးသည်) မှာ တင်ထားတာတွေ့မိပြီး အခြားသူများ လိုအပ်သူများ သိအောင် ပြန်လည်မျှဝေခြင်းဆန္ဒ သက်သက်ဖြင့် မူရင်းပို့စ်အတိုင်း ကူးယူဖော်ပြလိုက်ရပါတယ် ။

မိတ်ဆွေဟာ ဘလော့ရေးနေသူ တစ်ယောက် ဆိုကြပါစို့ တစ်နေ့ ကိုယ့်ဘလော့လေး ကိုဝင်လိုက်တဲ့ အချိန်မှာ အဲလို အနီရောင် ဆိုင်းဘုတ်ကြီးနဲ့ Reported Attack Page ဆိုပြီး သတိပေးစာကြီး ပေါ်လာရင် ဘယ်လိုများ ခံစားရမလဲ...
ဟုတ်ကဲ့ ခံစားရသူတွေ ခံစားပြီးကုန်ပါပြီဗျာ သေပြီပေါ့ ဧည့်သည်တွေ လာရင် ကိုယ့်ဘလော့ကပဲ ဧည့်သည်တွေကို ဗိုင်းရပ်စ် တွေ လွှတ်နေသလိုလို ဝင်ဖတ်ရင်ပဲ ကွန်ပြူတာကြီး ပျက်သွားတော့ မလိုလို ဆိုတော့ အကုန် ပြန်ပြေးကြပြီပေါ့...
ဟို တစ်နေ့က မိတ်ဆွေ တစ်ယောက်ရဲ့ ဘလော့ အဲလို ဖြစ်သွားပါတယ် ကျွန်တော့်ကို အကူအညီ တောင်းတာနဲ့ ဟိုလိုက်ဖတ် ဒီလိုက်ဖတ် နဲ့လုပ်သင့်တာ လုပ်ပေးလိုက်တာ ဟော ဒီည လုပ်လိုက်တယ် မနက်ကျတော့ အဲဒီ ဆိုင်းဘုတ်ကြီး ပျောက်သွားပါလေရောဗျာ....
ဖြစ်တာက ဒီလိုပါ ဂူဂယ်က ဝဘ်ဆိုဒ်တွေကို သူတို့ လိုက်ပြီး စစ်ပါတယ် အဲဒီမှာ တစ်ချို့ ဆိုဒ်တွေက လင့်သေ နေတာတွေကို သူတို့ ဆိုဒ်မှာ ချိတ်ထားခြင်း embed နဲ့ သုံးရတဲ့ ဗီွဒီယို လင့်တွေ PDF ဖိုင်တွေ သီချင်း ဖိုင်တွေ များပြားစွာ သုံးထားပြီး လင့်များ သေနေခြင်း နောက် Js ဖိုင်များ Script များ လင့်တွေ သေနေခြင်း အစရှိသဖြင့်ပေါ့ဗျာ တွေ့ရင် သူတို့က ကိုးပတ် တိတိ ကြည့်ပါတယ် နောက်ပြီးရင်တော့ ခုနက ပြောသလို Black list ထဲ့ ထည့်လိုက်ပြီး အဲဒီ အနီရောင် သတိပေးစာကြီးက ပေါ်လာပါတော့တယ်..
ကဲ ဒီတော့ အဲဒါကို ဘယ်လို ပြန်ဖြေရှင်းမလ ဲ ဂူဂယ်က White listed ထဲ ပြန်ထည့်ပေးအောင် ဘယ်လို လုပ်ရမလဲ ???? ဘလော့ဂါ ညီက ို မောင်နှမတွေ
အတွက် ဝေမျှ ပေးပါရစေ..။
ကိုယ်မဖြစ်ဘူး လို့တော့ မတွက်ပါနဲ့ ခြိမ်းခြောက်တာ မဟုတ်ပါဘူး ကျွန်တော် သူများ ဘလော့လင့်တွေ ထည့်ပြီး လိုက်စမ်းပြီးပါပြီ နာမည်ကြီး ဘလော့
တစ်ချို့ အပါ အဝင် အတော်များများ black list ထဲ မဝင်သေးပေမယ့် Malware လို့ ခေါ်တဲ့ လင့်အသေတွေ ချိတ်ထားတာ အများကြီး တွေ့နေပါတယ်..
ကဲ ဖြစ်လာခဲ့ရင် လတ်တလော ဖြစ်နေခဲ့ရင် အောက်က အဆင့်လေးများ အတိုင်း လိုက်လုပ်လိုက်ပါ..။

၁/ဟောဒီလင့်ကို http://sitecheck.sucuri.net/scanner/ သွားပြီး ကိုယ့်ဘလော့ လိပ်စာ (http://www များ ထည့်ရန်မလိုပါ) ထည့်ပြီး Verify လုပ်လိုက်ပါ။













 ၂/အဲလို ပေါ်လာပြီဆိုရင် ကိုယ့်ဆိုဒ်မှာ လင့်ချိတ်ထားတဲ့ အထဲက အဲဒီ အနီပြနေတဲ့ လင့်တွေကို ပြန်ဖျက် ထုတ်ပေးပါ.. အကောင်းဆုံးနည်းကတော့
ဆိုဒ်ဘားမှာ ရှိတဲ့ လင့်တွေ widged တွေကို အကုန် ဖြုတ်ပစ်လိုက်တာ အကောငး်ဆုံးပါ ပြီးရင် တစ်ခေါက် ထပ်စမ်းကြည့်ပါ အောက်က ပုံလို ပေါ်လာတဲ့
အထိပေါ့


သူ့မှာ အကုန် ရှင်းလင်းပြီးသွားပြီ ဘာမှ Malware တွေ မရှိတော့ပါဘူး ဒါပေမယ့် ဆိုဒ်ကတော့ Blacklisted ဝင်နေတုန်းပါပဲ.
ကိုယ့်ဆိုဒ်ဟာ အလည်လာသူတွေ ကိုဘာမှ မထိခိုက် စေတော့ဘူး ဆိုတာကို ဂူဂယ်ကို သတင်းပို့ပြီး စစ်ခိုင်းရပါမယ် ဒါမှ သူတို့ စစ်ပြီး ကိုယ့်ဆိုဒ်ကို
Whitelisted ထဲ ပြန်ထည့်ပေးမှ အဲဒီ အနီရောင် သတိပေးစာတန်းကြီး ပျောက်မှာပါ..အဲဒါ လုပ်ဖို့ကတော့

၃/ ဟောဒီလင့်ကို https://www.google.com/webmasters/tools/home သွားလိုက်ပါအုံးဗျာ.. ပြီးရင် ကိုယ့်ဘလော့ကို အကောင့်ဖွင့်ထားတဲ့ Gmail
လိပ်စာနဲ့ ပက်စ်ဝပ် ပေးပြီး ဝင်လိုက်ရင် အောက်က ပုံမှာ ပြထားတဲ့ နေရာကို ရောက်ပါမယ်..


အခု မြင်ရတဲ့ ပုံမှာ ကျွန်တော့် လိပ်စာနှစ်ခုကို မြင်ရမှာပါ မိတ်ဆွေ အနေနဲ့ ပထမဦးဆုံး ဝင်တာ ဆိုရင်တော့ အောက်က လင့်နှစ်ခုလိုမျိုး မြင်ရအုံးမှာ
မဟုတ်ပဲ အပေါ်မှာ မြင်ရသလို ကိုယ့်မှာ ရှိတဲ့ ဘလော့တွေကို ပြနေတာပဲ မြင်ရမှာပါ ကိုယ်လုပ်ချင်တဲ့ ဘလော့ကို Tip လုပ်ပေးပြီး Add selected sites
ဆိုတာလေး နှိပ်လိုက်ရင် Sites ဆိုတဲ့ နေရာမှာ ကိုယ် ခုနက Add လိုက်တဲ့ ဆိုဒ်ဒိုမိန်း နာမည် ပေါ်လာမှာပါ..

၄/အဲ နောက်တစ်ချက်ကတော့ ကိုယ်ပေးလိုက်တဲ့ ဘလော့လိပ်စာဟာ ကိုယ့်ရဲ့ ဘလော့ဂ် ဟုတ်မဟုတ် ပိုင်ရှင် ဟုတ်မဟုတ်ပေါ့လေ
စစ်ပါသေးတယ် အောက်က ပုံလေး အတိုင်းပါပဲ ပထမဆုံး Add a meta tag to your site's home page ဆိုတာကို Tip ပေးလိုက်ရင် Instructions:
ဆိုတာလေး အောက်မှာ ထပ်ပွင့်လာပါမယ် အဲဒီက ကုဒ်ကို ယူပြီး ကိုယ့် ဘလော့ရဲ့ HTML ကုဒ်တြွေကားထဲ ထည့်ရမှာပါ ..


ဘယ်လို ထည့်မလဲ ဆိုတာက ကိုယ့် ဘလော့ထဲ Login ဝင်လိုက်ပါ ပြီးရင်တော့ Design ထဲကနေ Edit Html ကို ဆက်ဖွင့်ပါ ပြီးရင် <head>
ရဲ့ အောက်နား သို့မဟုတ် <body>ရဲ့ အပေါ်မှာ ခုနက ရထားတဲ့ ကုဒ်ကို ထည့်ပေးလိုက်ပါ ပြီးရင် Verify ခလုတ်လေး နှိပ်ပေးလိုက်ပါ..

၅/ ပြီးရင်တော့ ကိုယ်ပြဿနာ ဖြစ်နေတဲ့ ခုနက အောက်ကို Add လိုက်တဲ့ ဒိုမိန်းကို နိှပ်လိုက်ပါ ဒါဆို နောက်ထပ် စာမျက်နှာ တစ်ခု ပေါ်လာပါမယ် အဲဒီ
စာမျက်နှာရဲ့ ဘယ်ဘက်ဆိုဒ်ဘားမှာ Diagnostics ဆိုတာလေးကို နှိပ်လိုက်ပါ နောက်ထပ် လေဘယ်တွေ အများကြီး ထွက်လာပါမယ် အဲဒီထဲက
Malware ကို ဆက်နှိပ်ပြီး Request a review. လုပ်ပေးလိုက်ပါ

တစ်ခုရှိတာကတော့ ကိုယ့်ဆိုဒ်ကို စကင် ဖတ်ပြီး အကုန်ရှင်းလင်းပြီ Blacklisted ဝင်နေတာပဲ ကျန်တော့တယ် ဆိုမှ အဆင့် ၃ ၊ ၄ နဲ့ ၅
ကိုလုပ်ပါ ပြီးသွားရင်တော့ ပစ်သာ ထားလိုက်ဗျာ (ကျွန်တော့် မိတ်ဆွေကို လုပ်ပေးတုန်းကတော့ သိပ်မကြာလိုက်ဘူးဗျ လေးငါးခြောက် နာရီ လောက်ပဲ
ကြာ လိုက်တယ် ထင်တာပဲ )သတိရလောက်မှ ကိုယ့်ဘလော့လေး ပြန်ဖွင့်ကြည့်လိုက်ရင် အနီရောင် သတိပေးစာကြီး မရှိတော့တဲ့ လာလည်တဲ့
ဧည့်သည်တွေ ရဲ့ ဘရောက်စ်ဇာတွေ ကွန်ပြူတာတွေကို ဟမ်းစေတဲ့ အန္တရာယ်ကို မဖြစ်စေတော့တဲ့ ကိုယ့်ဘလော့လေးကို စိတ်ချမ်းသာစွာ မြင်တွေ့ရမှာပါ..
အားလုံး အဆင်ပြေကြပါစေ.

From http://www.linhtet.net

**  Htar Waie Thar

Sunday, March 10, 2013

ကိုယ်ပိုင်ဘလော့များ ဆိုဒ်များအတွက် Android Application ရေးနည်း



















ကျွန်တော် ဒီစာအုပ်ကို Myanmar IT Helper ဘလော့မှာ တင်ပေးထားတာတွေ့မိလို့ လိုအပ်သူများ ရှိပါက အသုံးပြုနိုင်အောင် ပြန်မျှဝေပါတယ် ။

ကျွန်တော် မူရင်းလင့်ကိုပဲ ညွန်းမှာပါ ။

စာအုပ်က Myanmar IT Helper အတွက်ပဲ ရေးသားကာပေးပို့သည့်အတွက် မူရင်းဆိုဒ်မှာသာ သွားရောက်ဒေါင်းနိုင်ပါတယ်ခင်ဗျား။

စာအုပ်ရေးသားသူက ကိုမင်းသော်ခိုင်လို့ သိရပါတယ် ။

မူရင်းလင့်က

http://mmithelper.blogspot.com/2013/03/website-online-offline-android.html?showComment=1362843150034#c5338904795318554967

** Htar Waie Thar

Friday, March 8, 2013

ဘလော့ဂါတိုင်းအတွက် ဘလော့ခရီးသည်













ကျွန်တော် အမြဲလိုလိုသွားကြည့်ဖြစ်သော ဘလော့နည်းပညာ ဖြန့်ဝေသော ဆိုဒ်တခုပါ ။

များစွာသော နည်းပညာများကို တွေ့ရမှာပါ ။

ကျွန်တော်ကတော့ အဲလိုမျိုးဆိုဒ်ကို စောစော မတွေ့တာကြောင့် ဘလော့ကို ရေးဖို့ မနည်းကြိုးစားအားထုတ် ၊ သူများ ဘလော့တွေမှာ ရှိတာလေးတွေကို ကိုယ့်ဘလော့မှာလည်း ရှိစေချင်ရင် ကြိုးစားစွာနဲ့ English Blog Tech Site တွေမှာ သွားဖတ်ပြီး လုပ်တာပေါ့ ။

နောက်ဆုံး ဘလော့တခုရေးတာ အတော်ကြာသွားမှ ကိုအောင်အောင် (ဘလော့ခရီးသည် ) ကို တွေ့ပါတယ် ။

စောစောသာ တွေ့ရင် ကျွန်တော်လွယ်လွယ်ကူကူနဲ့ ဘလော့ရေးနိုင်မှာပါ ။

အဲ့ဒါကြောင့် ဘလော့ရေးသားခြင်းကို စိတ်ဝင်စားသူများအတွက် ကျွန်တော်လိုမဖြစ်အောင် ကိုအောင်အောင် ဆိုဒ်ကို ညွန်းလိုက်ပါမယ် ။

Address  :  http://aungsanmks.blogspot.com/

**  Htar Waie Thar

Friday, February 15, 2013

Blog ကို Reflesh လုပ်ပေးသော Code အချို့ထည့်သွင်းခြင်း


















ကျွန်တော်တို့ဘလော့တွေကို Reflesh လေးလုပ်ခိုင်းလို့ရပါတယ် ။

အော်တို Reflesh ပေါ့ဗျာ ။

ပြုလုပ်ပုံက

►1-  Blogger Singin ၀င်လိုက်ပါ။
►2-  Dashboard  ကိုသွားလိုက်ပါ။
►3-  Template    ကိုကလစ်ပါ..။
►4-  Edit  Html   ကိုဝင်ပါ.. Process ကိုကလစ်ပြီးဆက်ဝင်လိုက်ပါ။
►5-  Expand  Widget  Template  ကိုအမှန်ခြစ်ပေးဖို့မမေ့ပါနဲ့နော်...။
►6-  Ctrl+F  (သို့မဟုတ်) F3  အကူညီဖြင့် ပေးထားတဲ့ ကုဒ်ကို ရှာလိုက်ပါ။

</head>  ကိုရှာအောက်မှာကပ်ထည့်
<meta content='300' http-equiv='refresh'/>

300 ဆိုတာက စက္ကန့်ကို ပြောတာပါ ကြိုက်သလိုပြန်ပြင်နိုင်ပါတယ် ။ 200, 100, 10000 အစရှိသလိုပေါ့ဗျာ ။

ကျွန်တော့်ဘလော့မှာ အသုံးပြုထားပါတယ် ။

ကျွန်တော် Code တွေကိုတော့ ကိုအောင်အောင်(ဘလော့ခရီးသည်) မှာ တင်ပေးထားတာ တွေ့လို စမ်းကြည့်တာ အဆင်လည်းပြေ ကြိုက်လည်းကြိုက်တာမို့ ပြန်ရှယ်တာနော် ။

               **  Htar Waie Thar  **

Monday, February 11, 2013

Blog တွေကို ကြည့်ရှု့စစ်ဆေးမယ်

















Blogger မှာ ဘလော့ရေးသော အခါ ပို့စ်တွေမတင်ခင် ကျွန်တော်တို့ လုပ်သင့် ကြည့်သင့်တာလေးတွေ နည်းနည်းရှိတယ်လို့ထင်ပါတယ် ။

၁) Comments

Comments တွေကို စစ်ဆေးသင့်ပါတယ် ။

ဘယ်သူတွေ ဘာတွေများရေးသွားတာလဲ ပြန်ဖြေပေးသင့်လား ဖျက်ရမလား စတာတွေ စဉ်းစားပေးနိုင်တာပေါ့ဗျာ ။

Comments တွေကို စစ်ဆေးဖို့ကတော့ ကိုယ်ဘလော့ရေးသော နေရာမှာ Comments ဆိုတာလေးကို နှိပ်ပြီး ကြည့်လို့ရပါတယ် ။


၂) ဘလော့ Page တြွေကည့်ရှု့မှု

ကိုယ့်ဘလော့မှာ Pages တွေကို လာရောက်ကြည့်ရှု့မှုကိုလည်း စစ်ဆေးသင့်ပါတယ် ။

Stats ဆိုတာလေးကနေ စစ်ဆေးလို့ရပါတယ် ။

အဲ့မှာ ဘယ်ကနေလာကြည့်တယ် ။

ဘယ်ပို့စ်ကို ကြည့်တာများတယ် အစသဖြင့် ခွဲခြားပေးထားပေးပါတယ် ။

ကြည့်ရှု့သော လမ်းကြောင်းတွေကို လည်းပြသပေးထားတဲ့အတွက် အဆင်ပြေမှာပါ ။

                     **  Htar Waie Thar  **