Friday, April 19, 2013

ဇော်ဂျီဘလော့ကို မြန်မာယူနီကုဒ်ဘလော့ အဖြစ်ပြောင်းနည်း


















ဒီနည်းကတော့ ကျွန်တော် ဟိုသွားဒီသွားရင်း နောက် ကျွန်တော်ကလည်း ဇော်ဂျီကို အသုံးပြုရာကနေ မြန်မာယူနီကုဒ်ကို ပြောင်းလဲအသုံးပြုဖို့ရှာရင်းနဲ့ တွေ့ခဲ့သော နည်းပါပဲ။

လိုအပ်ချက်ကတော့ သိပ်မရှိပါဘူး။

ဘလော့တခုလုံးက ဇော်ဂျီနဲ့ ရေးထားရင် မြန်မာယူနီကုဒ်ကို အလွယ်ပြောင်းလဲလို့ရပါတယ်။

ကျွန်တော်ကတော့ ဘလော့ကို ဇော်ဂျီကနေ မြန်မာယူနီကုဒ်ပြောင်းလဲဖို့ကို စာအုပ်တအုပ်နဲ့ ဆော့ဝဲလ်လေးတင်ပေးလိုက်ပါတယ် ။

သူတို့နှစ်ခုကို အသုံးပြုပြီး အလွယ်တကူ ဇော်ဂျီကနေပြီ မြန်မာယူနီကုဒ်ဘလော့ တခုဖြစ်အောင် ဖန်တီးနိုင်ပြီး နောက်များမှာ ဘလော့ပို့စ်တွေကို ယူနီကုဒ်နဲ့ ရေးနိုင်တာပေါ့ဗျာ။

ဇော်ဂျီကနေ ယူနီကုဒ်ပြောင်းနည်း စာအုပ်ကို ဒီ​နေရာ​က ဒေါင်းပါ ။

စာအုပ်တွင် အသုံးပြုမည့် ဆော့ဝဲလ်ကို ဒီ​နေရာ​မှာ ဒေါင်းနိုင်ပါတယ်ခင်ဗျား။

စာအုပ်မှာပါသော အနှစ်ချုပ်ကတော့ ဘလော့ကို ဒေါင်းလိုက်တာပါပဲ။

ပြီးတော့ ဘလော့မှာ ရှိရှိသမျှသော ပို့စ်တွေကို ဖျက်လိုက်ပါတယ်။

ဒေါင်းလို့ရလာသော xml file လေးကို ဆော့ဝဲလ်အကူနဲ့ ယူနီကုဒ်ဖြစ်အောင်ပြုလုပ်ပြီး ဘလော့ဂါမှာ ပြောင်းပြီးသား xml file ကို ပြန်လည် Import ( Restore ) လုပ်လိုက်ခြင်းအားဖြင့် ဇော်ဂျီနဲ့ ရေးထားသော ပို့စ်တွေအကုန်လုံး ယူနီကုဒ်ဖြစ်သွားတာပါပဲခင်ဗျား။

ဇော်ဂျီနဲ့ပဲ ဆက်ရေးမယ့်ဆိုသောသူများအတွက်တော့ မလိုအပ်ပေးမယ့် ယူနီကုဒ်ပြောင်းသုံးမယ်ဆိုသော သူများအတွက် လိုအပ်လို့ ပြန်လည်တင်ပေးလိုက်ပါတယ်။


**  Htar Waie Thar

0 comments:

Post a Comment